မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေ မြင့်တက်လာ
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးများစွာရွာသွန်းခဲ့မှုကြောင့် ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သိသိသာသာမြင့်တက်လာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေအမှတ်သည် ၂၄ နာရီအတွင်း ၁၇၃ စင်တီမီတာ မြင့်တက်ခဲ့ပြီး လက်ရှိတွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၆ ပေကျော် လိုအပ်နေသေးကြောင်း သိရသည်။
ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သဖြင့် မြစ်ရေအခြေအနေကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း မိုးဇလက သတိပေးထားသည်။
မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ပဲခူးမြစ်ရေသည် ဇွန် ၆ ရက်နောက်ပိုင်းမှစတင်၍ သိသိသာသာမြင့်တက်လာကြောင်းနှင့် ဇွန် ၁၄ ရက်မှ ၁၆ ရက်အတွင်း ယခုမိုးရာသီ၏ ပထမဆုံး အမြင့်ဆုံးရေစီးဆင်းမှုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
ထို့ပြင် မိုးဇလက ပဲခူးတိုင်းဒေသကြီးအပါအဝင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဇွန် ၇ ရက်တွင် ထုတ်ပြန်ထားသည်။

👍10😱2❤1🕊1
ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေး ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်များ ဆောင်ရွက်ရန်လိုဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ပြော
တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာများ မပျောက်ပျက်စေရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် ဒြပ်မဲ့ယဉ်ကျေးမှုပွဲတော်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြောကြားသည်။
ဝန်ကြီးချုပ်သည် ထားဝယ်ယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ရှေးဟောင်းပစ္စည်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများ၊ သမိုင်းဝင်အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများနှင့် လက်မှုအနုပညာများကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြတိုက်အတွင်း ပြသထားသည့် ပစ္စည်းများကို ပြတိုက်လုပ်ထုံးလုပ်နည်းများနှင့်အညီ အချက်အလက်ဖော်ပြထားသည့် ကြေးပြားများဖြင့် စနစ်တကျ ပြန်လည်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရိုးရာအစဉ်အလာများ-မပျော/

👍5❤4👏1
ရုပ်သေးရုပ်ပြုလုပ်ခြင်းအတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူ
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖွင့်လှစ်မည့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) အတွက် သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၆ ရက်မှ စတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ အနုပညာသင်တန်းကျောင်းဝင်း၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်သည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများအား အခြေခံသင်ခန်းစာများ၊ ရုပ်စုံဖန်တီးရေးဆိုင်ရာ နည်းပညာများနှင့် လုပ်ငန်းခွင်လေ့လာရေးအစီအစဉ်များကို အခမဲ့သင်ကြားပို့ချပေးမည်ဖြစ်သည်။ သင်တန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရုပ်သေးရုပ်ပြုလုပ်ခြင်/

👍11❤7🥰1👏1
ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်နေ
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတားကို လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) တို့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါတံတား တည်ဆောက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဆိပ်ကြီးခနောင်တို (တွံတေးတူးမြောင်း) တံတား တည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများအနေဖြင့် ရန်ကုန်မြို့တွင်းသို့ မိနစ် ၁၅ ခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းတံတားသည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူများ၏ သွားလာရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

👍21❤4🥰1👏1
ဒဂုံဆိပ်ကမ်း ဧရာဝဏ်လမ်းတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက် Light Truck ကားမောင်းသူသေဆုံး
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဧရာဝဏ်လမ်းပေါ်၌ Light Truck ကားက ကွန်တိန်နာကားနောက် ပိုင်းကိုဝင်တိုက်မိခဲ့မှု ယနေ့ ဇွန် ၇ ရက်ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ ဧရာ ဝဏ်လမ်း၊ ဧရာချမ်းသာကွန်ဒိုအနီးတွင် Light Truck ကားက ကွန်တိန်နာကားနောက်ပိုင်းကိုဝင်တိုက်မိခဲ့၍ Light Truck ကားမောင်းသူမှာ ခေါင်းခန်းအတွင်းညပ် ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကားအတွင်းမှသယ်ထုတ်ပေးခဲ့ကြပြီးနောက် ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းက ရုပ်အလောင်းအား မြောက်က္ကလာပဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

😢9👍8❤2😱1🕊1