ထိုင်းနိုင်ငံ သံရုံစက်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား လုပ်ငန်းခွင်မတော်တဆမှုကြောင့် ‌ေ-သဆုံး

၎င်း‌ေ-သဆုံးမှုအတွက် စက်ရုံပိုင်ရှင်ကတာဝန်ယူ ဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်ဖီမြို့နယ်ရှိ သံရုံစက်ရုံတွင်အလုပ်လုပ်နေသော မြန်မာအလုပ်သမား မခိုင်သ ဇင်ဝင်း(၂၂)နှစ်သည် မေ ၆ ရက်နေ့လည် ၁ နာရီခွဲကျော်ခန့်က လုပ်ငန်းခွင်မတော်တဆဖြစ်၍ ‌ေ-သဆုံးသွားခဲ့ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။

မခိုင်သဇင်ဝင်းသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် သံစည်းနှင့်ရိုက်မိရာမှ ပြင်းထန်ဒ-ဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား ဘန်ဖီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

‌ေ-သဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များ၏ အကူအညီတောင်းခံမှုကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့က ယနေ့ မေ ၇ ရက်တွင် ကူညီမှုများကိုစတင်ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံပိုင်ရှင်ဖြစ်သူမှလည်း ဖြစ်စဥ်အတွက်တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မခိုင်သဇင်ဝင်းသည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ကျိုက်ကော်မြို့၊ သ‌‌ရက်တောရပ်ကွက်တွင်နေထိုင်သူဖြစ် ကြောင်း သိရသည်။
😢15👍31😁1😨1
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုနှင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ်မှတ်တမ်း

နှစ်တစ်ရာ ကြာမြင့်နေပြီဖြစ်သော ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အငြင်းပွားမှုသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ကျော့ပြန် တင်းမာလာခဲ့ရာ တရုတ်နိုင်ငံက အဓိက ကြားဝင်စေ့စပ်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်အကျဉ်းနှင့် အချက်အလက်များ

ပဋိပက္ခသက်တမ်း: နှစ်ပေါင်း ၁၀၀ ကျော် (ကိုလိုနီခေတ် မြေပုံအငြင်းပွားမှုမှ အစပြု)။

သံတမန်ဆက်ဆံရေးသက်တမ်း: ၇၅ နှစ်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု: ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်

ထိခိုက်မှု: ကမ္ဘောဒီးယားဘက်မှ ၁ ဦး ‌ေ-သဆုံး။

တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ဆောင်ရွက်ချက် Timeline

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ကမ္ဘောဒီးယား-ထိုင်း-နယ်-2/
7👎2👏2🤔1
ရွေးကောက်ပွဲသည် သန့်ရှင်းပြီး သိက္ခာရှိသော အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ခဲ့ဟု နိုင်ငံတော်သမ္မတ ပြော”

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့အတွင်း၌ အပိုင်း(၃)ပိုင်းခွဲကာအောင်မြင်စွာကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပြီး အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ်ကျင်းပနိုင်ခဲ့သည်ဟု ပြောသည်။

" တစ်နိုင်ငံလုံးအနေနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၄ ဒသမ ၂၃)သန်းအနက် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၃)သန်းကျော်ရှိခဲ့ပါတယ်။ ဆန္ဒမဲပေးမှုရာခိုင်နှုန်းက (၅၄ ဒသ မ ၂၂)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဆန္ဒမဲပေးရာမှာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအများစုဖြစ်ပါတယ်။ အသက်အပိုင်းအခြားအရဆိုရင် မဲပေးသူအများစုက အသက် (၁၈)နှစ်ကနေ(၅၀)နှစ်ကြားဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ရွေးကောက်ပွဲသည်-သန့်ရှင/
8👍4👎2👏1
ချောင်းမငယ်ဆည်မှ နေပြည်တော်သို့ တစ်ရက် ရေဂါလန် ၉၄ သိန်းပေးဝေ၊ နွေစပါးစိုက်ဧက ၄၇၀၀ ကျော် အောင်မြင်စွာစိုက်ပျိုးပြီးစီး

ချောင်းမငယ်ဆည် ရေသောက်စနစ်အတွင်းရှိ ဆင်အုံကန်မှတစ်ဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ရက်လျှင် မြို့ပြသောက်သုံးရေ ဂါလန် ၉၄ သိန်း ပေးဝေလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ချောင်းမငယ်ဆည်ရေသောက်ဧရိယာအတွင်း (၂၀၂၅-၂၀၂၆) ခုနှစ် နွေစပါးနှင့် နွေသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မတ် ၁ ရက်မှစတင်ကာ တူးမြောင်းမကြီးနှင့် လက်တံမြောင်းများမှ ရေအလေအလွင့်နည်းပါးစွာဖြင့် စနစ်တကျ စီမံကာ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် နွေစပါး ၄၂၆၆ ဧကနှင့် နွေသီးနှံ ၄၄၁ ဧက၊ စုစုပေါင်း စိုက်ဧက ၄၇၀၇ ဧက စိုက်ပျိုးပြီးစီးထားကြောင်း သိရသည်။

ချောင်းမငယ်ရေလှောင်တမံ၏ မေ ၆ ရက်အထိ သိုလှောင်ရေပမာဏမှာ ၇၅၂၅၄ ဧကပေရှိပြီး နွေစပါးနှင့် နွေသီးနှံစိုက်ဧကများအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ချောင်းမငယ်ဆည်မှ-နေပြည်/
👍126👏1
“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု ဆို”

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" နိုင်ငံတော်ကနစ်နာဆုံးရှုံးခဲ့ရတဲ့ ငွေကြေးပမာဏအ နေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ(၁၃ ဒသမ ၃၄၄)သန်းနဲ့ ငွေကျပ်(၂၂၆ ဒသမ ၁၀၇)ဘီလီယံဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုမဖြစ်စေဖို့အတွက် မိမိတို့အနေနဲ့ လုပ် ငန်းဆောင်ရွက်မှုအားလုံးကို လုပ်ထုံးလုပ်နည်းနဲ့အညီစဉ်းစားဆင်ခြင်ဆောင်ရွက်ရပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/အဂတိနှင့်-မဆင်မခြင်စီမ/
👍125😁4💯1
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌ အခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန်ပြင်ဆင်နေ

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊ ကျောင်းဝင်းများအတွင်း ခြုံနွယ်များ၊ အမှိုက်သရိုက်များကို လုံခြုံရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ပြုပြင်ရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

" စစ်ရေးပဋိပက္ခတွေဖြစ်တဲ့အချိန်မှာ ကော့ကရိတ်မြို့ပေါ်က စာသင်ကျောင်း(၁၀)ကျောင်းလောက်ဘဲဖွင့်နိုင်တယ်။ ကျေးရွာတွေက ကလေးတွေဆိုရင် သူတို့စစ်ရှောင်နေရတဲ့နေရာဒေသတွေမှာ ပြည်နယ်အစိုးရကစစ်ဘေးရှောင်ကျောင်းသားတွေ ကျောင်းတက်နိုင်အောင်သက်ဆိုင်ရာပညာရေးဌာနနဲ့ချိတ်ဆက်ထားပေးတယ်။ အဲ့ဒီမှာတက်ကြရတယ်"ဟု ကော့ကရိတ်မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်က ပြော သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/၂၀၂၆-၂၀၂၇-ပညာသင်နှစ်တွင်/
👍105👏1🎉1
မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယနေ့ ယှဉ်ပြိုင်မည်

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့ ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ ရီအချိန်မှာ ဂုဏ်သိက္ခာပိုင်းအရရော၊ ရ လဒ်ပိုင်းအရပါ အရေးကြီးတဲ့ ပွဲစဉ်ကို ရင်ဆိုင်ယှဉ်ပြိုင်ကစားသွားရတော့မှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ကွာတားဖိုင်နယ် တက်ရောက်ဖို့ မျှော်လင့်ချက် နည်းပါးနေပြီ ဖြစ်ပေမဲ့၊ ဒီနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် "အကောင်းဆုံး အုပ်စုတတိယ" နေရာကို ရယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/မြန်မာ-ယူ-၁၇-အမျိုးသမီးအ-2/
👍104👏1
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ် လက် မှတ်ရစာမေးပွဲများ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို ယနေ့တွင် တစ်ပြိုင်နက်တည်း စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား/သူ စုစုပေါင်း (၁,၄၆၇) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာန (၂၂) ဌာနဖွင့်လှစ်ပညာသင်ကြားနေပြီး
သင်တန်းသားများမှာ ၂၀၂၃ ပညာသင် နှစ်တွင် တက်ရောက်သင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။

စာမေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်ဖြစ်ရာ ရေးဖြေစာမေးပွဲကို မေလ (၆) ရက်မှ (၁၂) ရက်နေ့အထိလည်းကောင်း၊ လက်တွေ့နှုတ်ဖြေ စာမေးပွဲကို မေလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိလည်းကောင်း ဖြေဆိုကြရမည်ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/တစ်နိုင်ငံလုံးအတိုင်း-12/
👍129👏1