နိုင်ငံတော်‌သမ္မတအား ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌမှ ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မ တအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့တက်ရောက်ခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL သည် ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ နိုင်ငံတော်သမ္မတအား လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ အနေ ဖြင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ ကျမ်း သစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်ခဲ့မှု၊ မြန်မာ နိုင်ငံနှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများတိုး တက်ကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံလွှတ်တော်များကြား ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရေး၊ နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊  နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင် ရွက်သွားရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။
👍133🤝1
နိုင်ငံတော်သမ္မတအား ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင်တို့မှဂါရဝပြုတွေဆုံ

 မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ပူးပေါင်း ဆောင် ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆွေး နွေး

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်
အားကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် H.E.Mr. Kitti Settha Pandita CHAM Prasidh တို့မှ ယနေ့ ဧပြီ ၁၀ ရက်က နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက် ဂါရဝပြုတွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်း သစ္စာကျိန်ဆိုပွဲအခမ်းအနားတက်ရောက်ခဲ့မှု၊ မြန်မာ- ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
👍106🤝1
နိုင်ငံတော်‌သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက ဂါရဝပြုတွေ့ဆုံ

နယ်စပ် ဒေသ ကုန်သွယ်ရေးအပါအဝင် နှစ်နိုင်ငံကြား အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံတော်‌သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Dr. Parnpree Bahiddha – Nukar မှ ယနေ့ ဧပြီ ၁၀ ရက်မွန်းလွဲပိုင်းက လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် ထိုင်းနိုင်ငံကိုယ်စား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအ နားတက်ရောက်ခွင့်ရရှိခဲ့၍ ဝမ်းမြောက်ဂုဏ်ယူမှု၊ နှစ်နိုင်ငံကြား အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားရေး၊ နယ်စပ်ဒေသကုန် သွယ်ရေးကဏ္ဍ၊ ရင်နှီးမြှုပ်နှံမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများပပျောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံ ယခင်ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန် ကြီး H.E. Dr. Parnpree Bahiddha – Nukar ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်သမ္မတ ဦး မင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။
5👍5🤝1
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရှေ့မှောက်တွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ မိန့်ခွန်းနာခံပြီးကတိသစ္စာပြု

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ရှေ့မှောက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးများ၊ ဒု-စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် နေပြည် တော်ကောင်စီအဖွဲ့ဝင်များအဖြစ်ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသောပုဂ္ဂိုလ်များ ယနေ့ ဧပြီ ၁၀ ရက်က မိန့်ခွန်းနာခံပြီးကတိသစ္စာပြုခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုမြင်း စီးတပ်ဖွဲ့ကကြိုဆိုပြီး ဂုဏ်ပြုခံစင်မြင့်၌ ဂုဏ်ပြုတပ်ဖွဲ့ ၏အလေးပြုခြင်းကိုခံယူစဥ် ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက်(၂၁)ချက်ကို စစ်ရေးပြအခမ်းအနားဖြင့် ဂုဏ်ပြုပစ်ဖောက်ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးပြီး ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံ တော်သမ္မတအား စစ်ကြောင်းပုံဖြင့်ချီတက်အလေးပြုခဲ့ကြသည်။

ထို့နောက် ကတိသစ္စာခံယူမည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးများ၊ ဒု-စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များအ ဖြစ် ခန့်အပ်တာဝန်ပေးရန် ရွေးချယ်ထားသူများက နိုင်ငံတော်သမ္မတရှေ့မှောက်တွင်နေရာယူပြီး ကတိသစ္စာပြုခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားပြီးနောက် နိုင်ငံတော်သမ္မတ၏မိန့်ခွန်းကို မှတ်တမ်းတင်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကတက်ရောက်လာကြသူများအား သမ္မတအိမ်တော်၊ Banquet Hall ၌ ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့်တည်ခင်းဧည့်ခံကာတက်ရောက်လာကြသူများအားနှုတ်ဆက်ခဲ့သည်။
4👍4👏2