နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခမ်းအနားတက်ရောက်မည့် ပြည်ပအစိုးရကိုယ်စားလှယ်များ နေပြည်တော်ရောက်ရှိ
မနက်ဖြန် ဧပြီ ၁၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် နိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခမ်းအနားတက်ရောက်မည့် ပြည်ပနိုင်ငံအစိုးရကိုယ်စားလှယ်များ ယနေ့ ဧပြီ ၉ ရက်ညနေပိုင်းက နေပြည်တော်သို့ အထူးလေယာဉ်ဖြင့်ရောက်ရှိလာခဲ့ကြသည်။
၎င်းတို့အား နေပြည်တော်တပ်မတော်လေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

❤9👍7👏1
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ဆဌမနေ့ ကျင်းပ
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ဆဌမနေ့ကို ယနေ့ ဧပြီလ (၉) ရက် နံနက်ပိုင်းက မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ဆဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၈၅)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၄)ဦးရှိကာ စုစုပေါင်း(၈၁)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်းကြေညာသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/တတိယအကြိမ်-စစ်ကိုင်းတိ-2/

👍5❤4👏1
မနက်ဖြန် ကျင်းပမည့် လွှတ်တော်တွင် နိုင်ငံတော်သမ္မတ မိန့်ခွန်းပြောကြားမည်
မနက်ဖြန် ဧပြီလ (၁၀) ရက်၌ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဟု သိရသည်။
ယင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခံရသူများက ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုမည်လည်း ဖြစ်သည်။
ထိုနည်းတူ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်ကြသည့် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်း နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြမည်လည်းဖြစ်သည်။

👍17❤5👏1
🌏🌏 9.4.2026 သတင်းအပြည့်အစုံ🌏🌏
👉(၇၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး
👉ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်မည့် ပုဂ္ဂိုလ်များအမည်စာရင်းကိုအတည်ပြုမည်
👉နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင် အပူဒ_ဏ်အန္တာရာယ်ကုသရေးအတွက် ပြင်ဆင်ထား
👉အရှေ့အလယ်ပိုင်း၌သောင်တင်နေသောရေနံတင်သင်္ဘောထိုင်းရောက်
👉မြန်မာသမ္မတသစ်နှင့် အိန္ဒိယနိုင်ငံက ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်း
👉နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတသစ္စာပြုအခမ်းအနားတက်ရောက်မည့် အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ပရေးရာဝန်ကြီး ဌာနဝန်ကြီး မြန်မာနိုင်ငံရောက်ရှိလာ
👉အစိုးရအဖွဲ့သစ်တွင်ပါဝင်မည့် ဝန်ကြီးဌာန(၃၁)ခုတွင်ခန့်အပ်မည့် ပြည်ထောင်စုဝန်ကြီး(၃၀)ဦးအား ပြည် ထောင်စုလွှတ်တော်အတည်ပြု

👍8❤3🥰1
👉ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ အဂတိ လိုက်စားမှုတို-က်ဖျ-က်ရေး ကော်မရှင်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု
👉မြစ်ကြီးနားတွင် ဆီဘောက်ဆာကားမှ အခြားဆီတိုင်ကီအတွင်းကို ဆီလှယ်ချိန် မီးလေ-ာင်မှုဖြစ်ပွား
လူထိခိုက်ေ-သဆုံးမှုမရှိ
👉စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချမှု ကြီး ကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
👉ICCR ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တွင် ကျင်းပ
👉တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးဆဋ္ဌမနေ့မှာ ရေးရာကော်မတီ ( ၆ ) ရပ် ဖွဲ့စည်း
👉နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲကို တရုတ်နိုင်ငံသမ္မ တ၏ အထူးကိုယ်စားလှယ်တက်ရောက်မည်
👉ဧပြီ ၁၃ ရက်တွင် ပြုလုပ်မည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ နှင့် လမ်းလျှောက်သင်္ကြန် ပြင်ဆင်နေသည့်မြင်ကွင်း
👉ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ကျမ်းသစ္စာကျန်ဆိုမည်ဟု လွှတ်တော်ဥက္ကဌပြော

👍8❤2🥰2
ရေလက်ကြားဖြတ်သန်းခ ကောက်မည့်ကိစ္စလက်မခံနိုင်--ဂရိဝန်ကြီးချုပ်
အီရန်က အကြံပြုထားသော ရေလက်ကြားကို ဖြတ်သန်းမည့်သင်္ဘောများ အခကြေးငွေပေးဆောင်ရန်ဆိုသည့်ကိစ္စကို လက်မခံနိုင်ကြောင်းနှင့် ယင်းလုပ်ရပ်သည် လွတ်လပ်စွာရေကြောင်းသွားလာခွင့်အတွက် အန္တရာယ်ရှိသော နမူနာတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ဂရိဝန်ကြီးချုပ် ကိုင်ရီယာကော့စ် မစ်ဆိုတာကစ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
အီရန်စစ်ပွဲသည် ပင်လယ်ကွေ့ဆိပ်ကမ်းများကို ခြိမ်းခြောက်ခဲ့ပြီး ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်၏ ငါးပုံတစ်ပုံခန့် ပုံမှန်ဖြတ်သန်းသယ်ဆောင်လေ့ရှိသော ရေလက်ကြားမှတဆင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။
ဂရိသည် ကုန်တင်သင်္ဘောဖြင့် သယ်ယူပို့ဆောင်နိုင်စွမ်းတွင် ကမ္ဘာအကြီးဆုံး ကုန်သင်္ဘောအုပ်စုများထဲမှ တစ်ခုကို ထိန်းချုပ်ထားသည်။
အမေရိက၊ အစ္စရေးတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွင်း ရေလက်ကြားကို ဘေးကင်းကင်းဖြင့် ဖြတ်သန်းခွင့်ရရန်အတွက် သင်္ဘောများကို အခကြေးငွေ သို့မဟုတ် အခွန်ကောက်ခံရန် အဓိကဝင်ထွက်ပေါက်ကို ထိန်းချုပ်ထားသော တေရန်က အဆိုပြုထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကနှင့် အီရန်တို့၏ ပူးတွဲလုပ်ငန်းတစ်ခုဖြင့် အခွန်ကောက်ခံမှုဖြစ်နိုင်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အကြံပြုခဲ့ပြီး ဦးစားပေးကိစ္စသည် ကန့်သတ်ချက်မရှိ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ရေလက်ကြားတွင် အစဉ်အမြဲလွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ရှိခဲ့ပြီး ထိုအတိုင်း ဆက်ရှိရန်လိုအပ်ကြောင်း မစ်ဆိုတာကစ်က ပြောကြားခဲ့သည်။
“အီရန်က ရေလက်ကြားကိုဖြတ်တဲ့ သင်္ဘောတိုင်းအတွက် အခွန်ကောက်ခံရေးဂိတ်တစ်ခု ဆောက်လုပ်တာကို နိုင်ငံတကာအသိုက်အဝိုင်းက လက်ခံဖို့ အသင့်ဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု မစ်ဆိုတာကစ်က စီအင်န်အင်န်ကို ပြောကြားခဲ့သည်။ “ကျွန်တော့်အမြင်ကတော့ ဒါက လုံး၀ လက်မခံနိုင်စရာပါပဲ” ဟု ဆိုခဲ့သည်။
ရေလက်ကြားနှင့် ပတ်သက်၍ သီးခြားနိုင်ငံတကာသဘောတူညီချက်တစ်ခု လိုအပ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သို့သော်လည်း ထိုသဘောတူညီချက်တွင် သင်္ဘောများ ရေလက်ကြားကို ဖြတ်သန်းတိုင်း ပေးဆောင်ရမည့် အခကြေးငွေမျိုး ပါဝင်၍ မရကြောင်းကို ထပ်ပြောလိုကြောင်း၊ စစ်ပွဲမဖြစ်ခင်ကလည်း ထိုကိစ္စမရှိခဲ့သကဲ့သို့စစ်ပွဲအပြီးတွင်လည်း ထိုသို့မဖြစ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဒါမျိုးဖြစ်လာခဲ့ရင် ရေကြောင်းသွားလာရေးလွတ်လပ်ခွင့်အတွက် အန္တရာယ်များတဲ့ ရှေ့ပြေးနမူနာတစ်ခု ဖြစ်သွားမှာပါ” ဟု ၎င်းက ပြောဆိုခဲ့သည်။
Ref: သယ်စထရိတ်တိုင်းမ်စ်

👍16❤6🤣5🤬1
အစ္စရေးဆက်တိုက်နေ၍ငြိမ်းချမ်းရေးဆွေးနွေးမှုအဓိပ္ပာယ်မရှိ--အီရန်
အစ္စရေးသည် ဗုဒ္ဓဟူးနေ့တွင် လက်ဘနွန်ကို စစ်ပွဲတလျှောက် အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့သောကြောင့် လူရာနှင့်ချီ၍ ေ-သဆုံးခဲ့သည်။ ထိုတိုက်ခိုက်မှုများအတွက် လက်တုန့်ပြန်သွားမည်ဟု အီရန်က ခြိမ်းခြောက်ခဲ့ပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် အမေရိကနှင့် ဆွေးနွေးမှုများလုပ်ဆောင်ရေးသည် ကျိုးကြောင်းဆီလျော်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အီရန်၏ ဦးဆောင်ညှိနှိုင်းရေးမှူး လွှတ်တော်ဥက္ကဌ မိုဟာမက် ဘာဂါ ကာလီဘတ်၏ သတိပေးချက်သည် သမ္မတဒေါ်နယ်ထရမ့်ပ်၏ အင်္ဂါနေ့က အပစ်အခတ်ရပ်စဲရေးကြေညာပြီးနောက်တွင် ဒေသတွင်း မတည်ငြိမ်မှုများဆက်လက်ဖြစ်ပေါ်နေသည်ကို ပေါ်လွင်စေခဲ့သည်။ စနေနေ့တွင် စတင်ရန် စီစဉ်ထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် သိသိသာသာကွဲလွဲသော အစီအစဉ်များကို နှစ်ဖက်စလုံးက ချမှတ်ထားသော်လည်း သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသည် ထိုအချိန်အထိ တည်တံ့မည်လားဆိုသည်မှာ မသေချာပေ။
အစ္စရေးသည် အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့ကို စစ်ဆင်နွှဲခြင်းဖြင့် ထိုအပစ်အခတ်ရပ်စဲရေး၏ စည်းကမ်းချက်များစွာကို ချိုးဖောက်ခဲ့ပြီးဖြစ်ကြောင်းနှင့် အမေရိကသည်လည်း အီရန်၏ နျူကလီးယားရည်မှန်းချက်များကို စွန့်လွှတ်ရန် အတင်းအကျပ်ပြုလုပ်ခြင်းဖြင့် သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ကာလီဘတ်က ပြောကြားခဲ့သည်။
ထိုကဲ့သို့သော အခြေအနေတွင် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ညှိနှိုင်းမှုများသည် ကျိုးကြောင်းသင့်လျော်မှုမရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ၎င်းက ပြောကြားခဲ့သည်။
နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုတွင် လက်ဘနွန်အကျုံးမဝင်ကြောင်း အစ္စရေးနှင့် အမေရိက နှစ်ဖက်စလုံးက ပြောကြားခဲ့ပြီး လက်ဘနွန်တွင် တိုက်ခိုက်မှုများ ဆက်လုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။
"အီရန်တွေက အပစ်အခတ်ရပ်စဲရေးမှာ လက်ဘနွန်ပါဝင်တယ်လို့ ထင်ကြတယ်၊ ဒါပေမဲ့ မပါဝင်ပါဘူး" ဟု အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ဘူဒါပက်စ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref: ရို-က်တာ

👍11😨3👏1😁1💯1
ကမ္ဘောဒီးယားက တရုတ်ခရီးသွားများကို လေးလဗီဇာ ကင်းလွတ်ခွင့်ပြု
ကမ္ဘောဒီးယားနိုင်ငံသည် ခရီးသွားလာရေး ပြန်လည်ကောင်းမွန်လာစေရန်အတွက် ယခုနှစ်နွေရာသီမှစတင်၍ တရုတ်ခရီးသွားများအတွက် ဗီဇာလိုအပ်ချက်များကို လေးလ လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဝန်ကြီးချုပ် ဟွန်မာနက်က အတည်ပြုထားသော ယာယီကင်းလွတ်ခွင့်သည် ဇွန်လ ၁၅ ရက်မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဖြစ်သည်။ မူဝါဒအရ ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတို့မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများသည် ဗီဇာမလျှောက်ဘဲ သို့မဟုတ် ဗီဇာကြေမပေးဘဲ ၁၄ ရက်အထိ နိုင်ငံအတွင်း နေထိုင် နိုင်သည်။
အဆိုပါ ကင်းလွတ်ခွင့်မှာ ထိုင်ဝမ်မှ ခရီးသွားများနှင့် မသက်ဆိုင်ပါ။
အရည်အချင်းပြည့်မီသောဧည့်သည်များသည် ဒစ်ဂျစ်တယ် “ကမ္ဘောဒီးယား အီး-ဆိုက်ရောက်” ကတ်ကို ဖြည့်သွင်းရမည်။ ၎င်းတို့သည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာသည်ဖြစ်စေ၊ တတိယနိုင်ငံမှ ရောက်ရှိလာသည်ဖြစ်စေ ဗီဇာအတွက် ကြိုတင်လျှောက်ထားရန် မလိုပါ။
လေးလ အစမ်းကာလ အတွင်း အကြိမ်ကြိမ် ဝင်ထွက်မှုကို ခွင့်ပြုသည်။
ကမ္ဘောဒီးယားစီးပွားရေး၏ အရေးကြီးသောမဏ္ဍိုင်အဖြစ် ရှိနေဆဲဖြစ်သည့် ခရီးသွားကဏ္ဍ၏ တိုးတက်မှုအရှိန်မြှင့်ရန် ရည်ရွယ်သည်။
တာဝန်ရှိသူများက ကမ္ဘောဒီးယားကို ဒေသတွင်း ထိပ်တန်း နေရာတစ်ခုအဖြစ် သတ်မှတ်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် မူဝါဒအသစ်ကို မြှင့်တင်ရန် ခရီးသွားလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိက အကျိုးစီးပွားသက်ဆိုင်သူများကို တိုက်တွန်းထားကြောင်းသိရှိရသည်။
Ref ခမာတိုင်မ်းစ်

👍9❤3👏1
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍတိုးချဲ့ရန် ရေးထိုးထားပြီးဖြစ်သည့် MOU အား(၅)နှစ်သက်တမ်းထပ်တိုး
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍတိုးချဲ့ရန် ရေးထိုးထားပြီးဖြစ်သည့် MOU အား ၂၀၃၁ ခုနှစ်အထိ(၅)နှစ်သက်တမ်းထပ်မံတိုးမြှင့်ခဲ့ကာ ကုန်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမင်းမင်းရှေ့မှောက်တွင် ကုန်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က သက်တမ်းတိုးသည့်စာလွှာအား လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
အဆိုပါ MOU အရ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာကဏ္ဍတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။

❤8👍7👏3
မြန်မာနိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခမ်းအနားတက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ
ယနေ့ ဧပြီ ၁၀ ရက်နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်၌ကျင်းပမည့် မြန်မာနိုင်ငံတော်သမ္မတသစ် ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ယူခြင်းအခမ်းအနားတက်ရောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ်များ အသီးသီးရောက်ရှိလာသည်။
ဓာတ်ပုံ - ပေါ်ပြူလာနယူးစ်

👍11❤7👏2