MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း(ပထမအသုတ်)သင်တန်းဆင်း
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ အခမဲ့ဖွင့်လှစ်ခဲ့သည့် "MFF Summer Football Skills Course 2026" (ပထမအသုတ်) သင်တန်းဆင်းပွဲကို ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအ ကယ်ဒမီ၌ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံရှိလူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် မျိုးဆက်သစ်ဘောလုံးသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းကို အသက်(၁၀)နှစ်မှ (၁၅)နှစ်အတွင်းရှိ ကလေးငယ်များအား မတ် ၉ ရက်မှ ဧပြီ ၈ ရက်အထိ တစ်လကြာဖွင့်လှစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန် ကုန်တိုင်းတွင်(၇၀၀)ဦး၊ မန္တလေးတိုင်းတွင်(၄၀၀) ဦး၊ တောင်ကြီးမြို့တွင်(၂၀၀)ဦး၊ ပုသိမ်မြို့တွင်(၂၀၀)ဦး၊ မော်လမြိုင်မြို့တွင် (၂၀၀)ဦး(စုစုပေါင်း ၁,၇၀၀ ဦး)ကို အခြေခံဘောလုံးနည်းစနစ်များ စနစ်တကျသင်ကြားပေးပြီး လေ့ကျင့်ရေးဝတ်စုံများကိုလည်း အခမဲ့ထောက်ပံ့ပေးခဲ့သည်။
သင်တန်းဒုတိယအသုတ်ကိုလည်း ဧပြီ ၂၀ ရက်မှ မေ ၂၀ ရက်အထိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင်တို့တွင် ထပ်မံ၍အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

👍9❤4👏1
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ လမ်းလျှောက်သင်္ကြန်ကျင်းပမည်
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ညောင်ဦးမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်၌ လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်အတွက် ညောင်ဦးမြိုနယ်၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာအနီး သရပါတံခါးမှ ဗူးဘုရားလမ်းဆုံအထိ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များဆောက်လုပ်လျက်ရှိရာ ရေကစားမ ဏ္ဍပ်များတည်ဆောက်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောက်လုပ်နေရာ၌ အမိုးပိုက်စိမ်းစများအုပ်မိုးခြင်း၊ ပုဂံထီး/ပုသိမ်ထီးအလှဆင်ခြင်းတို့ကို ညောင်ဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

👍10❤7👏1
မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံ၌ ဆွမ်းတော်ဆက်ကပ်ခြင်းနှင့် မင်္ဂလာအခမ်းအနားများ ပြုလုပ်မည်
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် မြန်မာနှစ်သစ်မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ အခမ်းအနားကို ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပမည်ဖြစ်ပြီး မနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။
ထို့နောက် မနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး မနက် ၆ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/မြန်မာနှစ်ဆန်းတစ်ရက်နေ/

🙏17👍5👏1
ဗီယက်နမ်လွှတ်တော်ကဒုတိယဝန်ကြီးချုပ် (၆) ဦး ခန့်အပ်မှုကို အတည်ပြု
ဟနွိုင်း၊ ဧပြီလ ၈ ရက်
ဗီယက်နမ်နိုင်ငံ၏ (၁၆) ကြိမ်မြောက် အမျိုးသားလွှတ်တော်သည် ၂၀၂၆-၂၀၃၁ သက်တမ်းအတွက် ဒုတိယဝန်ကြီးချုပ် (၆) ဦး၊ ဝန်ကြီး (၁၇) ဦးနှင့် အခြားအစိုးရအဖွဲ့ဝင်များ ခန့်အပ်မှုကို အတည်ပြုသည့် ဆုံးဖြတ်ချက်များကို ဗုဒ္ဓဟူးနေ့တွင် ချမှတ်ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။
ခန့်အပ်ခံရသော ဒုတိယဝန်ကြီးချုပ် (၆) ဦးမှာ Pham Gia Tuc၊ Phan Van Giang၊ Pham Thi Thanh Tra၊ Ho Quoc Dung၊ Nguyen Van Thang နှင့် Le Tien Chau တို့ ဖြစ်ကြသည်။
Phan Van Giang သည် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ပူးတွဲ တာဝန်ယူမည်ဖြစ်သည်။
အခြားအစိုးရအဖွဲ့ဝင်များထဲတွင် ပြည်သူ့လုံခြုံရေးဝန်ကြီးအဖြစ် LuongTam Quang၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် Le Hoai Trung၊ ကျန်းမာရေးဝန်ကြီးအဖြစ် Dao Hong Lan နှင့် ဗီယက်နမ်နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် Pham Duc An တို့ ပါဝင်ကြသည်။
Ref: ဆင်ဟွာ

👎5👍3❤1👏1
အီဂျစ်မှာ ည ၉ နာရီ ဆိုင်ပိတ်ခြင်းဖြင့် လောင်စာဆီသုံးစွဲမှုလျှော့ချ
ဧပြီလ ၇ ရက်
အမေရိက-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်။ အီရန်၏ ပိတ်ဆို့မှုအောက်တွင် ရှိနေသော ဟော်မုဇ်ရေလက်ကြား၏ ဘေးတစ်ဖက်တစ်ချက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသည့် သင်္ဘောပေါင်းထောင်ချီ၍ သောင်တင်နေသည်။
စနေနေ့တွင် အီဂျစ်အစိုးရက ၎င်းတို့သည် လောင်စာဆီချွေတာရန် အစီအမံများကို အကောင်အထည်ဖော်ခြင်းနှင့် အဆိုပါအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် "အကောင်းဆုံးစွမ်းဆောင်နိုင်သည့်" နိုင်ငံများထဲ၌ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲ သည် ရက်သတ္တ ခြောက်ပါတ်မြောက်ထဲသို့ ရောက်ရှိလာချိန်တွင် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုများ သည် လုံးဝနီးပါး ရပ်တန့်သွားခြင်းနှင့် ပင်လယ်ကွေ့ဒေသရှိ အဓိကစွမ်းအင်စက်ရုံများအနီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ရေနံနှင့် ဓာတ်ငွေ့ဈေးကွက်အပေါ် ဖိအားများ မြင့်တက်လာနေသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/အီဂျစ်မှာ-ည-၉-နာရီ-ဆိုင်ပ/

❤9👍6👏1😁1