ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ်

တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမပုံမှန် အစည်း အဝေးများလည်း ယနေ့ ဧပြီလ (၈) ရက်တွင် ပြီးဆုံးပြီ ဖြစ်သည်။

ယနေ့ကျင်းပခဲ့သော အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် မိမိတို့ရွေးကောက်ခံရသော နယ်မြေအလိုက် ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့အကျိုးကို ဦးတည်ဆောင်ရွက်ကြရန် အလေးပေးမှာကြားခဲ့သည်။

ထို့ပြင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန်နှင့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ (၁၆) ရက်တွင် စတင်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
👍32👏1
ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်း ကျင်းပမည်

ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မဟာသင်္ကြန်ကို ကမ်းနားလမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ် ၅ ခုဖြင့် ပေ၃၀၀၀အရှည်ရှိ လမ်းလျှောက်သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ပုသိမ်မြို့မဟာသင်္ကြန်/
👍61👏1
တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ်

တတိယအကြိမ် အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ်သည်။

အမျိုးသားလွှတ်တော်ကို (မတ်၁၈ ရက်) က စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးကာလအတွင်း လွှတ်တော်ဥက္ကဌ၊ ဒုတိယ ဥက္ကဌ၊ ဒုတိယသမ္မတများကို ရွေးချယ်ခဲ့ကာ အမြဲတမ်းကော်မတီ (၄) ရပ်လည်း ဖွဲ့စည်းခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးများအဖြစ် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် သုံးဦးလည်း ရွေးချယ်ခံခဲ့ရသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများကိုမူ ဇွန်လ ပထမပတ်အတွင်း၌ ပြန်လည် ကျင်းပဖွယ်ရှိကြောင်းလည်း သိရသည်။
👍41👏1
ဒလသို့ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်း လမ်းကြောင်း တိုးချဲ့

ဗိုလ်တထောင်မှ ဒလသို့ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းကို လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

"ပျော်ဘွယ်ကြီးထိ ရောက်မယ်၊ ဂိတ်ဖျားက ပျော်ဘွယ်ကြီး ဖြစ်သွားပြီ" ဟု ယာဉ်လိုင်းမောင်းနှင်သူတစ်ဦးက ပြောသ ည်။

ထို့ကြောင့် ဗိုလ်တထောင်ဘုရားကို ဂိတ်ရင်းထား၍ ဒလမြို့၊ ပျော်ဘွယ်ကြီး အထိပြေးဆွဲပေးမည် ဖြစ်ကာ နှစ်ဘက်လုံးမှ နံနက် (၆) မှ ည (၆) အဖြစ် ထွက်ခွာပေးမည်ဟု သိရသ ည်။

ဒလမြို့အတွက် ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်း (၂) လိုင်းရှိကာ ဗိုလ်တထောင်ဘုရားမှ ပျော်ဘွယ်ကြီးထိ တစ်လိုင်း၊ ဆူးလေ- ဒလ (ဝန်ထမ်းအိမ်ရာ) ထိ တစ်လိုင်းဖြစ်သည်ဟု သိရသည်။
👍171👏1
အပစ်ရပ်ရေးကိုထောက်ခံသော်လည်းလက်ဘနွန်မပါ--နေတန်ယာဟု


အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများကို ရပ်ဆိုင်းမည့် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ရုံးက ဖော်ပြခဲ့သော်လည်း သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲမှုတွင် လက်ဘနွန်၌ အစ္စရေး၏ လက်ရှိစစ်ဆင်ရေးများ ပါဝင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အမေရိက၊ အစ္စရေး၊ အီရန်၏ အာရပ်အိမ်နီးချင်းများနှင့် ကမ္ဘာကို အီရန်က နျူကလီးယား၊ ဒုံးကျည်နှင့် အကြမ်းဖက်တိုက်ခိုက်မှု ခြိမ်းခြောက်မှုများ ထပ်မလုပ်နိုင်စေရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်၏ လုပ်ဆောင်ချက်များကို အစ္စရေးက ထောက်ခံကြောင်း ဗုဒ္ဓဟူးနေ့က X ပေါ်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ နေတန်ယာဟုက ပြောကြားခဲ့သည်။

သို့သော် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးတွင် “လက်ဘနွန် မပါဝင်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/အပစ်ရပ်ရေးကိုထောက်ခံသေ/
😁132🤬2👎1😢1😡1
ထိုင်ဝမ်အတိုက်အခံခေါင်းဆောင်ကတရုတ်နှင့်ပြန်လည်ပေါင်းစည်းရေးကို ကတိပြု


ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် ချန်လီဝမ်က ပါတီတည်ထောင်သူ ဆွန်ယက်ဆင်၏ စိတ်ဆန္ဒ အတိုင်း တရုတ်နိုင်ငံနှင့် ပြန်လည်သင့်မြတ်ရေးကို ရှာဖွေရန် ဗုဒ္ဓဟူးနေ့တွင် ကတိပြုခဲ့ပြီး ကွန်မြူနစ်တော်လှန်အပြီးတွင် နိုင်ငံ၏ အောင်မြင်မှုများအတွက် သူ၏ ဂူဗိမာန်တွင် ချီးကျူးဂုဏ်ပြုခဲ့သည်။

ပေကျင်းက ၎င်းပိုင်နယ်မြေဟု ရှုမြင်သော ထိုင်ဝမ်အပေါ် ပေကျင်း၏စစ်ရေးဖိအားများတိုးမြင့်လာနေချိန်နှင့် အတိုက်အခံလွှမ်းမိုးသော လွှတ်တော်တွင် အစိုးရက တင်ပြသော အပိုကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၄၀ ဘီလျံကိစ္စကို ဆိုင်းငံ့ထားချိန်တွင် ထိုင်ဝမ်၏ အကြီးဆုံးအတိုက်အခံပါတီဖြစ်သော ကူမင်တန်ပါတီဥက္ကဌ ချန်သည် တရုတ်နိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန်>>


https://www.popularmyanmar.com/ထိုင်ဝမ်အတိုက်အခံခေါင်-2/
15👍3👏1😁1
အပစ်ရပ်ရေးသဘောတူညီချက်ကြောင့်ရေနံစိမ်းဈေးကျ၊ စတော့ဈေးများ ပြန်တက်


အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို တေရန်က ဖွင့်ပေးရမည့်အချက်ပါဝင်သည့် အမေရိကနှင့် အီရန်အကြား သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူနိုင်ခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ပြီး စတော့ရှယ်ယာဈေးများ ပြန်လည်မြင့်တက်ခဲ့သည်။

အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့် ရေလက်ကြားကို ပြန်ဖွင့်လျှင်ဖွင့် မဖွင့်လျှင်ချေမှုန်းခံရမည်ဆိုသော ဒေါ်နယ်ထရမ့်ပ်၏ နောက်ဆုံးသတ်မှတ်ချိန်နီးကပ်လာချိန်တွင် တိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့ကာ လက်တွေ့ကျသော အချက် ၁၀ ချက်ပါ သည့် အဆိုပြုချက်ကို လက်ခံရရှိထားကြောင်း ပြောဆိုခဲ့သည်။

အီရန်ဘက်ကလည်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့၏ ငါးပုံတစ်ပုံခန့်ဖြတ်သန်းသယ်ဆောင်ရာ ရေလမ်းကြောင်းကို ဘေးကင်းလုံခြုံစွာဖြတ်သန်းနိုင်ရေး သဘောတူခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်>>


https://www.popularmyanmar.com/အပစ်ရပ်ရေးသဘောတူညီချက်/
11👍9👏1😱1
လေဆိပ်တွင် ပြည်တွင်းပြည်ပထွက်ခွာမည့်ခရီးစဉ်များအတွက် ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်မည်

လာမည့်ဧပြီလ ၉ ရက်နေ့မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ပြည်တွင်းနှင့် ပြည်ပထွက်ခွာမည့် ခရီးစဉ်များအားလုံးအတွက် သက်ဆိုင်ရာလေဆိပ်အာဏာပိုင်များမှ ခရီးသည်အချက်အလက် စစ်ဆေးမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ကြောင်း Myanmar Airways International (MAI)က ယနေ့တွင် အသိပေးထုတ်ပြန်သည်။

ထိုကြောင့်  Myanmar Citizen ခရီးသည်များအနေဖြင့်  လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း မေတ္တာရပ်ခံထားသည်။

လေယာဥ်လက်မှတ် booking ပြုလုပ်ရာတွင် မှတ်ပုံံတင် အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်းပေးပါရန်၊ Check-in ကောင်တာ၌ Check-in ပြုလုပ်ရာတွင် မှတ်ပုံတင် အချက်အလက်စစ်ဆေးမှုများ အသေးစိတ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကြောင့်  ခရီးစဥ်နှောင့်နှေးမှုကြန့်ကြာမှုများ မဖြစ်စေရန် နှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များအတွက် လုံလောက်သော အချိန်ရရှိစေရန်အတွက် သတ်မှတ်ချိန်ထက် ကြိုတင်ရောက်ရှိစေရန် လိုအပ်ကြောင်းလည်း MAI က အသိပေးထုတ်ပြန်ထားသည်။
👍16😱31👏1
ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မြတ်စွယ်တော်တိုက်အသစ်တည်ဆောက်မည်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ မြတ်စွယ်တော်တိုက်ကိုအသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တည်ဆောက်ရန် မြေသန့်ပန္နက်တော်တင်မင်္ဂလာအား ယနေ့ ဧပြီ ၈ ရက်နံနက်ပိုင်းကကျင်းပရာ စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများကြွရောက်တော်မူ၍ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက မြတ်စွယ်တော်တိုက်တည်ဆောက်ရန် ပန္နက်တော်တင်ခဲ့ကြကြောင်း သိရသည်။
10🙏5👍1🥰1