ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်များကျင်းပမည်

လာမည့် ရက်ပိုင်းအတွင်းကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်သင်္ကြန်များကို တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ်၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မဈေးကြီးရှေ့၊ မရမ်းကုန်းမြို့နယ်၊ မြကျွန်းသာ အပန်း ဖြေဥယျာဉ်ရှေ့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလလမ်းနှင့် ကုန် သည်လမ်းကြား မဟာဗန္ဓုလပန်းခြံလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ပတ်လမ်း၊ သိမ်ဖြူလမ်းထိပ်မှ ဦးအောင်မြတ်လမ်းထိပ်အထိ၊ ဒဂုံမြို့နယ်၊ ဦးဝိစာရအ ဝိုင်းမှ အလုံလမ်းတစ်လျှောက် ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိတို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ရန်ကုန်တိုင်း၌-လမ်းလျှေ/
7👍3👏1

ရတနာပုံအသင်း တိုက်စစ်ပိုင်းအတွက် အားဖြည့်ရန် တိုက်စစ်မှူး ဆွင်းလမ်မန်ကိုခေါ်ယူ

ရတနာပုံအသင်း၏ တိုက်စစ်ပိုင်းအတွက် အားဖြည့်ရန် မြန့်မာ့လက်ရွေးစင်ဟောင်း တိုက်စစ်မှူး ဆွင်းလမ်မန်ကိုအသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆွင်းလမ်မန်သည် ပြည်တွင်းနှင့် ပြည်ပကလပ်အသင်းများတွင် ကစားခဲ့သည့် အတွေ့အကြုံရင့်သူဖြစ်သလို ဂိုးသွင်းယူနိုင်စွမ်း မြင့်မားပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ကစားတတ်သည့် ကစားသမားတစ်ဦး ဖြစ်သည်ဟု အသင်းက ဖော်ပြထားသည်။

ရတနာပုံအသင်းအနေဖြင့် နည်းပြချုပ် ဦးမင်းထွန်းလင်းကို ခန့်အပ်ခဲ့ပြီးနောက် ပထမဆုံး ကစားသမားခေါ်ယူမှုအဖြစ် ဒဂုံစတားယူနိုက်တက် အသင်းခေါင်းဆောင် ဆွမ်လန်မန်ကို ခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။

ဆွမ်လန်မန်သည် လက်ရွေးစင်ဟောင်း တစ်ဦးဖြစ်သလို ထိုင်းလိဂ်ကလပ်များတွင် ကစားခဲ့သူဖြစ်ကာ မြန်မာနေရှင်နယ်လိဂ်ကလပ်များဖြစ်သည့် ဇွဲကပင်၊ ချင်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက် စသည့်အသင်းများတွင် ကစားခဲ့ဖူးသည့် ဝါရင့်ကစားသမား တစ်ဦးလည်း ဖြစ်သည်။
6👍3👏1
ASEAN Futsal Championship 2026 ပြိုင်ပွဲ လက်ရွေးစင်ဖူဆယ်အသင်း (၂) ပွဲဆက်တိုက် ရှုံးနိမ့်

ASEAN Futsal Championship 2026 ပြိုင်ပွဲ လက်ရွေးစင်ဖူဆယ်အသင်းသည် အိမ်ရှင်ထိုင်းအသင်းနှင့် ဗီယက်နန် အသင်းကို (၂) ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

မြန်မာ့လက်‌ရွေးစင် ဖူဆယ်အသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲကို တီမောအသင်းဖြင့် ဧပြီ (၉) ရက်၌ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ASEAN Futsal Championship 2026 ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်စု (က) တွင် အိမ်ရှင်ထိုင်း ၊ ဗီယက်နမ်နှင့် အရှေ့တီမောအသင်းတို့ဖြင့် တစ်အုပ်စုတည်းတွင် ကျရောက်နေခြင်းလည်းဖြစ်သည်။
👍5👎21👏1😱1😢1
CNG မော်တော်ယာဉ်များ စစ်ဆေးမှု မဖြစ်မနေလိုက်နာရန် စွမ်းအင်ဝန်ကြီးဌာန အသိပေး

စည်းကမ်းမလိုက်နာသည့် ယာဉ်များကို ဓာတ်ငွေ့ရောင်းချပေးမှုမှ ရပ်ဆိုင်းမည်

စွမ်းအင်ဝန်ကြီးဌာန၏ အောက်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံရေးနှင့် စနစ်တကျ အသုံးပြုနိုင်ရေးအတွက် CNG မော်တော်ယာဉ်များအား စည်းကမ်းများကို တိတိကျကျလိုက်နာရန် အသိပေးထုတ်ပြန်လိုက်သည်။

ဌာန၏ အဆိုအရ ရန်ကုန်၊ မန္တလေး၊ ပလိပ်နှင့် မကွေးတိုင်းဒေသကြီးရှိ ချောက်နှင့် ရေနံချောင်းမြို့များတွင် CNG အရောင်းဆိုင်များကို ပိတ်ရက်မရှိ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

CNG သည် ဖိအားမြင့်ဖြင့် ဆလင်ဒါအိုးအတွင်း ဖိသိပ်ထားသော ဓာတ်ငွေ့ဖြစ်သဖြင့် အိုး၊ ပိုက်နှင့် စနစ်များ မလုံခြုံပါက ယိုစိမ့်၍ မီးလေ-ာင်ပေ-ါက်ကွဲနိုင်သော အန္တရာယ်ရှိကြောင်း ဌာနက သတိပေးထားသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/cng-မော်တော်ယာဉ်များ-စစ်ဆေ/
👍97👏1