ဘားအံမြို့၌ ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်စတင်ဖွင့်လှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ပထမအကြိမ် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်အား ဘားအံမြို့ ကမ်းနားည ဈေးအနီးရှိ သံလွင်မြစ်ကမ်းဘေးတွင် ယနေ့ ဧပြီ ၇ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ဧပြီ ၂၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်တွင် ဒေသထွက်ကုန်နှင့် စားသောက်ကုန်ဆိုင်ခန်း(၅၀)ကျော်၊ ရေဆော့က စားရန်နှင့်နားနေရန်တို့အတွက် ရေကူးဘောကွင်းများ၊ အန္တရာယ်ကင်းစွာရေကစားနိုင်ရန် မြစ်ရေကြောင်းအရံ အတားများ၊ ရေချိုးခန်းနှင့် အဝတ်လဲခန်းများ၊ သောင် ပြင်အမိုးတဲများ၊ မြန့်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ရန်နေရာနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်ကြောင်း သိရသည်။
ဘားအံမြို့၌ သင်္ကြန်ပွဲတော်အား သီရိကွင်းဗဟိုမဏ္ဍပ်၊ ကမ်းနားလမ်းတစ်လျှောက် ဝန်ကြီးဌာနမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်၊ ချစ်သူလမ်းကြားတစ်လျှောက် သင်္ကြန်နှင့် ပြည်နယ်လွှတ်တော်ရှေ့တွင် လမ်းလျှောက်သင်္ကြန်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Photo- NRC-Hpa-An

👍11❤6👏1
🌏🌏 7.4.2026 သတင်းအပြည့်အစုံ🌏🌏
👉စက်သုံးဆီဖြန့်ဖြူးမှုတည်ငြိမ်လာပြီး သုံးစွဲမှုလျှော့ချနိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာလာ
👉ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုဝန်ကြီး အမည်စာရင်း လွှတ်တော်သို့တင်မည်
👉ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ရေသန့်ဘူးများကိုလည်း ထိုင်းအစိုးရ ထည့်သွင်း
👉ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပ
👉ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု
👉ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့အစည်းအဝေးတွင် တာဝန်အပ်နှင်းရေးအဆိုများ ဆွေးနွေးဆုံးဖြတ်
👉အစိုးရသစ်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခု ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု
👉အစိုးရသစ်အတွက် လျာထားသည့် ပြည်ထောင်စုဝန်ကြီးများကို နိုင်ငံတော်သမ္မတက အဆိုပြု
👉ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီး (၉) ဦးခန့်အပ်ရာ လက်ရှိဝန်ကြီး (၃) ဦး ပြန်ပါလာ
👉မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု ဝန်ကြီး (၁၀) ဦးဖြင့် ဖွဲ့စည်း

👍7❤3🥰1
👉တပ်မတော်က သဖန်းဆိပ်ရေလှောင်တမံနှင့် အင်တိုင်းကျေးရွာတို့အား ပြည်လည်ထိန်းချုပ်သိမ်းပိုက်
👉ဧရာဝတီတိုင်း ဥပဒေချုပ်၊ စာရင်းစစ်ချုပ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများခန့်အပ်
👉ရန်ကုန်တွင် သောက်သုံးရေအခက်အခဲဖြစ်သည့် မြို့နယ်များကို မီးသတ်တပ်ဖွဲ့မှ ကူညီပေးနေ၊ အခက်အခဲဖြစ်သည့် မြို့နယ် (၁၄) မြို့နယ်ထိရှိလာ
👉ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာန (၁၀) ခု အတွက် တိုင်းဒေသကြီးဝန်ကြီးများခန့်အပ်
👉ဝန်ကြီးဌာန (၁၀) ခုဖွဲ့စည်းခဲ့သည့် ကရင်ပြည်နယ်အစိုးရ အဖွဲ့သစ်
👉ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကအတည်ပြုပေးခဲ့သည့် တိုင်းအစိုးရအဖွဲ့သစ်
👉သဘောမတူလျှင်အီရန်ကိုတစ်ညတည်းဖြင့်ဖျက်ဆီးပစ်နိုင်--ထရမ့်ပ်
👉နီပေါက ပြန်ခေါ်သော သံမတ်ကြီးများ (၁၇) ဦးရှိလာပြီဖြစ်
👉ချက်ချင်းအပစ်ရပ်ရေး အဆိုပြုချက်ကိုယူအက်စ်နှင့်အီရန်တို့ရရှိထား
👉မည်သည့်သဘောတူညီချက်မဆိုဟော်မုဇ်အသုံးပြုခွင့်အာမခံရမည်-ယူအေအီး
👉ရှားပါးေသာကြယ်ပေါက်ကွဲမှုပုံစံသစ်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
👉တရုတ်၏ဟိုက်ဒရိုဂျင်စွမ်းအင်သုံးလေယာဉ်ထုတ်လုပ်မှုရှေ့တစ်လှမ်းတိုး
👉စင်ကာပူတွင်လက်လီရောင်းချမှု ပြန်ကောင်းေနရာမှအီရန်စစ်ကြောင့် အလားအလာများ ပြန်လည်ေမှးမှိန်
👉ကမ္ဘောဒီးယားနှင့် စင်္ကာပူတို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လျက်ရှိ
👉အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာကွန်ရက် ဖြစ်နိုင်ခြေလေ့လာ
👉ရုရှားရေတပ်သေင်္ဘာဆိပ်ကမ်းကပ်ခြင်းသည် 'ရွှေရောင်အခွင့်အလမ်း' ဖြစ်ဟုဆို

👍10❤1🥰1
အီရန်ကို တိုက်ခိုက်မှုများအား နှစ်ပတ်ကြာ ဆိုင်းငံ့မည်ဟု ထရမ့်ဆိုပြန်
အီရန်တို့က ညှိနှိုင်းမှုအပေါ် သဘောတူညီမှုမရှိပါက အီရန်နိုင်ငံ၏ လက်ရှိ မြို့ပြစနစ်တစ်ခုလုံး ပျက်သုဉ်းသွားသည်အထိ တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ ယမန်နေ့က ပြောကြားခဲ့သော်လည်း၊ ယနေ့တွင်မူ အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို နှစ်ပတ်ကြာ ဆိုင်းငံ့ရန် သဘောတူကြောင်း သူ၏ Truth လူမှုကွန်ရက် အကောင့်တွင် ရေးသားထုတ်ပြန်လာသည်။
သူ၏ ရေးသားထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
"ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ဇ်ရှရစ်ဖ်(Shehbaz Sharif) နှင့် ဖီးလ်မာရှယ် အာဆင်မွန်နီယာ(Asim Munir) တို့နှင့် ဆွေးနွေးမှုများအပေါ် အခြေခံ၍လည်းကောင်း၊ ယနေ့ည အီရန်နိုင်ငံသို့ စေလွှတ်မည့် ဖျက်အားပြင်း စစ်အင်အားစုများကို ရပ်တန့်ပေးရန် သူတို့၏တောင်းဆိုမှုအပေါ် အခြေခံ၍လည်းကောင်း၊ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံအနေဖြင့် ဟော်မုဇ် ရေလက်ကြားကို အပြည့်အဝ၊ ချက်ချင်းနှင့် ဘေးကင်းလုံခြုံစွာ ဖွင့်လှစ်ပေးမည် သဘောတူညီချက်ရရှိရေးအပေါ် မူတည်လျှက် အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို ရက်သတ္တနှစ်ပတ်ကြာ ဆိုင်းငံ့ရန် ကျွန်ုပ်အနေဖြင့် သဘောတူပါသည်။
ယင်းသည် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဖြစ်လိမ့်မည်။ ဤသို့ဆောင်ရွက်ရခြင်း အကြောင်းရင်းမှာ ကျွန်ုပ်တို့အနေဖြင့် စစ်ရေးရည်မှန်းချက်အားလုံးကို ပြည့်မီရုံသာမက ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် အီရန်နိုင်ငံနှင့် ရေရှည်ငြိမ်းချမ်းရေး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးတို့အတွက် အတည်ပြု သဘောတူညီချက်တစ်ခုရရှိရန် အလွန်နီးစပ်နေခြင်းကြောင့်လည်း ဖြစ်သည်။
ကျွန်ုပ်တို့သည် အီရန်နိုင်ငံထံမှ အချက် ၁၀ ချက်ပါဝင်သော အဆိုပြုချက်ကို လက်ခံရရှိထားပြီး ၎င်းသည် ညှိနှိုင်းဆွေးနွေးရန်အတွက် လက်တွေ့ကျသော အခြေခံမူများဖြစ်သည်ဟု ယုံကြည်ပါသည်။ အမေရိကန်နှင့် အီရန်အကြား ယခင်က အငြင်းပွားခဲ့ကြသော အချက်အားလုံးနီးပါးကို သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သော်လည်း ယခု နှစ်ပတ်တာကာလသည် သဘောတူညီချက်ကို အပြီးသတ် အတည်ပြုနိုင်ရန် အချိန်ပေးခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏ သမ္မတအနေဖြင့်လည်းကောင်း၊ အရှေ့အလယ်ပိုင်း နိုင်ငံများကိုယ်စားပြု၍လည်းကောင်း ဤရေရှည်ပြဿနာကို ဖြေရှင်းနိုင်ရန် နီးစပ်လာခြင်းမှာ ဂုဏ်ယူစရာပင် ဖြစ်သည်။ ဤကိစ္စရပ်အား အလေးထားဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါသည်။
သမ္မတ ဒေါ်နယ် ဂျေ ထရမ့်"

❤20😁11👍5👏1
အီရန်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထရမ့်အတွက် ယာယီအောင်ပွဲဟုဆိုသော်လည်း ပေးဆပ်မှုများရှိလာနိုင်
ဝါရှင်တန်စံတော်ချိန် ၁၈:၃၂ နာရီတွင် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အမေရိကန်နှင့် အီရန်တို့သည် "ပြတ်သားသည့်" ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိရန် "အလွန်နီးစပ်နေပြီ" ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နိုင်ရန် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို ၎င်းက သဘောတူညီခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။
ယခုသဘောတူညီချက်သည် နောက်ဆုံးမိနစ်ကျမှ ရရှိခဲ့ခြင်းမျိုး မဟုတ်သော်လည်း အီရန်၏ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများကို အမေရိကန်က အကြီးအကျယ် တိုက်ခိုက်တော့မည်ဟု ထရမ့်သတ်မှတ်ထားသည့် အင်္ဂါနေ့ည ၂၀:၀၀ (ဂရင်းနစ်စံတော်ချိန် ဗုဒ္ဓဟူးနေ့ ၀၀:၀၀) နောက်ဆုံးအချိန်မတိုင်မီ အချိန်ကပ်ပြီးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/အီရန်အပစ်အခတ်ရပ်စဲရေး-သ/

👍7❤5🤔3💯1
ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်များကျင်းပမည်
လာမည့် ရက်ပိုင်းအတွင်းကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ရန်ကုန်တိုင်း၌ လမ်းလျှောက်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန်များကို တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမပေါ်၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မဈေးကြီးရှေ့၊ မရမ်းကုန်းမြို့နယ်၊ မြကျွန်းသာ အပန်း ဖြေဥယျာဉ်ရှေ့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလလမ်းနှင့် ကုန် သည်လမ်းကြား မဟာဗန္ဓုလပန်းခြံလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ပတ်လမ်း၊ သိမ်ဖြူလမ်းထိပ်မှ ဦးအောင်မြတ်လမ်းထိပ်အထိ၊ ဒဂုံမြို့နယ်၊ ဦးဝိစာရအ ဝိုင်းမှ အလုံလမ်းတစ်လျှောက် ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိတို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရန်ကုန်တိုင်း၌-လမ်းလျှေ/

❤7👍3👏1