ဝန်ကြီးဌာန(၇)ခုဖြင့်ဖွဲ့စည်းထားသော မကွေးတိုင်းအစိုးရအဖွဲ့ကို တိုင်းဒေသကြီးလွှတ်တော်အတည်ပြု
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီ ၇ ရက်နံ နက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော်ရုံး၌ကျင်းပခဲ့ပြီးနောက် ဝန်ကြီးဌာန(၇)ခုဖြင့်ဖွဲ့စည်းထားသော မကွေးတိုင်းအစိုးရအဖွဲ့ကိုအတည်ပြုပေးခဲ့သည်။
မကွေးတိုင်းအစိုးရအဖွဲ့၌ တိုင်းဝန်ကြီးချုပ်အဖြစ်ဦးတင်ကိုကိုက တာဝန်ယူ၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအ ဖြစ် ဦးစန်းလွင်၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်နွယ်နီနိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဆန်းညွန့်အောင်တို့မှ တာဝန်ယူသွားမည်ဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဝန်ကြီးဌာန၇ခုဖြင့်ဖွဲ့/

👍8❤2👏1
ချက်ချင်းအပ-စ်ရပ်ရေး အဆိုပြုချက်ကိုယူအက်စ်နှင့် အီရန်တို့ ရရှိထား
အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ယနေ့ပင် အသက်ဝင်နိုင်သည့် ရန်လိုမှုများကို အဆုံးသတ်ရေးနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးတို့အတွက် အစီအစဉ်တစ်ရပ်ကို လက်ခံရရှိထားသည်ဟု အဆိုပြုချက်များကို သိရှိသော သတင်းရင်းမြစ်တစ်ခုက ရို-က်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ရန်လိုမှုများ အဆုံးသတ်ရေး မူဘောင်တစ်ခုကို ပါကစ္စတန်က ရေးဆွဲခဲ့ပြီး အီရန်၊ အမေရိကတို့နှင့် ညတွင်းချင်း ဖလှယ်ခဲ့ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့ပြီး ချက်ချင်းအပ-စ်အခတ်ရပ်စဲရန်နှင့်အတူ အဆင့်နှစ်ဆင့်ပါသော ချဉ်းကပ်မှုကို ပြုလုပ်ပြီးနောက်တွင် ကျယ်ပြန့်သောသဘောတူညီချက်ရယူရန်ဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ချက်ချင်းအပ-စ်ရပ်ရေး-အဆိ/

👍14🤔2👏1
မည်သည့်သဘောတူညီချက်မဆို ဟော်မုဇ်အသုံးပြုခွင့် အာမခံရမည်-ယူအေအီး
အမေရိက-အီရန်စစ်ပွဲ ပြေငြိမ်းရေး၏ မည်သည့်ဖြေရှင်းမှုမဆိုတွင် ဟော်မုဇ်ရေလက်ကြားမှတဆင့် ဖြတ်သန်းခွင့်ကို အာမခံရမည်ဖြစ်ဟု အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အစိုးရအရာရှိတစ်ဦးဖြစ်သူ အန်ဝါ ဂါးဂက်ရှ်က ပြောကြားခဲ့ပြီး အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ၎င်း၏ ဒုံးကျည်နှင့် ဒရုန်းများကို ထိန်းကွပ်နိုင်မှုမပါရှိသော သဘောတူညီချက်မျိုးသည် ပိုမိုအန္တရာယ်များပြီး ပို၍ မတည်ငြိမ်သော အရှေ့အလယ်ပိုင်းဖြစ်လာရန် လမ်းခင်းပေးလိမ့်မည်ဟု သတိပေးခဲ့သည်။
ကမ္ဘာ့အရေးကြီးဆုံး ရေနံလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြားသည် အသုံးချစရာလက်နက်တစ်ခုဖြစ်၍မရဟု ယူအေအီးသမ္မတ၏ သံတမန်ရေးရာ အကြံပေး ဂါးဂက်ရှ်က စနေနေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး ၎င်း၏ လုံခြုံရေးသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအရ မရှိမဖြစ်လိုအပ်ပြီး ဒေသတွင်း အပေးအယူလုပ်ရမည့်အရာမဟုတ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/မည်သည့်သဘောတူညီချက်မဆိ/

❤5👍4👏1🤔1
ယုဇနပလာအနီးရှိ တိုက်ခန်းတစ်ခန်းတွင်မီးလောင်မှုဖြစ် နာရီဝက်ခန့်ကြာငြှိမ်းသတ်ခဲ့ရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီးရှိ တိုက်ခန်းတစ်ခန်းတွင် ယနေ့ ဧပြီ ၇ ရက်နေ့လည် ၃ နာရီ ၄၉ မိနစ်ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာအနီးရှိ တိုက်ခန်းတစ်ခန်းတွင်မီးလောင်မှုဖြစ် ပွား၍ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်း၊ ဒေါပုံမြို့နယ်မီးသတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အဖြူရောင်ကမ်းလက်ပရဟိတအသင်းတို့က ငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၄ နာရီ ၂၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးလျက်ရှိကြောင်း သိရသည်။

❤6👍6😱1
ရှားပါးသောကြယ်ပေါက်ကွဲမှုပုံစံသစ်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မဲလ်ဘန်း၊ ဧပြီလ ၆ ရက်
သြစတြေးလျနိုင်ငံက ဦးဆောင်သည့် လေ့လာမှုတစ်ခုအရ စကြဝဠာအတွင်း အပြင်းထန်ဆုံးသော ဖြစ်ရပ်တစ်ခုဖြစ်သည့် ရှားပါးကြယ်ပေါက်ကွဲမှုပုံစံသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းက ကြယ်တို့၏ နိဂုံးချုပ်ပုံကို ပိုမိုနားလည်စေရန် ရှင်းပြလိုက်သည်။
သြစတြေးလျနိုင်ငံ၊ မိုနာ့ရှ် တက္ကသိုလ်၏ သတင်းထုတ်ပြန်ချက်အရ နေးချားဂျာနယ်တွင် ဖော်ပြထားသော အဆိုပါလေ့လာမှုသည် ဒြပ်ထုအလွန်ကြီးမားသော ကြယ်ကြီးများ၏ အဆုံးသတ်ကို လေ့လာရန် “ဆွဲငင်အားလှိုင်း”များကို အသုံးပြုထားသည်။ ၎င်းက ကာလရှည်ကြာ ခန့်မှန်းခဲ့ကြသော တွင်းနက်ဒြပ်ထုများအကြားရှိ “တားမြစ်ထားသော ကွာဟချက်” ကို ပိုမိုခိုင်မာစေခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရှားပါးသောကြယ်ပေါက်ကွ/

❤8🤔1😱1
တရုတ်၏ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ်ထုတ်လုပ်မှု ရှေ့တစ်လှမ်းတိုး
ဧပြီလ ၅ ရက်
ဟိုက်ဒရိုဂျင်လောင်စာသုံး အင်ဂျင်တပ်ဆင်ထားသည့် တရုတ်ကုန်တင်လေယာဉ်တစ်စင်းသည် ၎င်း၏ ပထမဆုံးသော စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလေကြောင်းကဏ္ဍအတွက် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည်။
အလေးချိန် ၇.၅ တန်ရှိသော အဆိုပါ လူမဲ့မောင်းနှင်သည့် လေယာဉ်တွင် စွမ်းအင် ၁ မဂ္ဂါဝပ်ကျော် ထုတ်လွှတ်နိုင်သည့် ကမ္ဘာ့အစွမ်းထက်ဆုံး ဟိုက်ဒရိုဂျင် တာဗိုပရော့အင်ဂျင်ကို တပ်ဆင်ထားခြင်း ဖြစ်သည်။
စနေနေ့က ပြုလုပ်ခဲ့သည့် ၁၆ မိနစ်ကြာ စမ်းသပ်ပျံသန်းမှုတစ်လျှောက်တွင် အင်ဂျင်သည် ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့ပြီး ကောင်းမွန်သောအခြေအနေတွင်ရှိနေကြောင်း အဆိုပါအင်ဂျင်ကို ထုတ်လုပ်သည့် Aero Engine Corporation of China (AECC) ကို ကိုးကား၍ ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/တရုတ်၏-ဟိုက်ဒရိုဂျင်စွမ/

👍9❤7👏1
စင်ကာပူတွင်လက်လီရောင်းချမှု ပြန်ကောင်းနေရာမှအီရန်စစ်ကြောင့် အလားအလာများ ပြန်လည်မှေးမှိန်
စင်္ကာပူ--ဇန်နဝါရီလတွင် အရောင်းကျဆင်းပြီးနောက် တရုတ်နှစ်သစ်ကူး ကာလဈေးဝယ်သုံးစွဲမှုအခြေအနေမှာ ဖေဖော်ဝါရီလအတွင်း စရိတ်တိုးမြှင့်မှုကြောင့် လက်လီ ရောင်းချမှု ပြန်လည်ကောင်းမွန်လာသော်လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခများ အရှိန်အဟုန် ပြင်းပြင်းထန်ထန်မြင့်တက့်လာပါက ကြာရှည် ပျော်ရွှင်ရ မည် မဟုတ်ပေ။
ဇန်နဝါရီလတွင် ဝ.၅ ရာခိုင်နှုန်းပြင်ဆင်ထားသည်ကို ပြန်လည်လျှော့ချပြီးနောက် ဖေဖော်ဝါရီတွင် တစ်နှစ်ထက် တစ်နှစ် ၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စင်ကာပူ စာရင်းအင်းဌာန (DOS) က ဧပြီလ ၆ ရက်တွင် ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။
မော်တော်ယာဉ်များနှင့် စက်အစိတ်အပိုင်းများနှင့် ဆက်စပ် ပစ္စည်းများမှလွဲ၍ လက်လီရောင်းချမှုသည် တစ်နှစ်ထက် တစ်နှစ် 11.2 ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဇန်နဝါရီလတွင် 2.9 ရာခိုင်နှုန်း ကျဆင်းမှုမှ ပြန်လည်ကောင်း မွန်လာခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/စင်ကာပူတွင်လက်လီရောင်း/

❤10🤔1😨1
ကမ္ဘောဒီးယားနှင့် စင်္ကာပူတို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လျက်ရှိ
ကမ္ဘောဒီးယားနိုင်ငံ အလုပ်သမားနှင့် အသက်မွေးဝမ်းကြောင်း လေ့ကျင့်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Heng Sour မှ စင်ကာပူနိုင်ငံ ITE Education Services Singapore (ITEES) အမှုဆောင် အရာရှိချုပ် Suresh Natarajan ကို ယမန်နေ့က ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘောဒီးယားနိုင်ငံရှိ သက်မွေးဝမ်းကျောင်း သင်တန်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများ မြှင့်တင်ရန် ရည်ရွယ်၍ "နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှု (TVET)" ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။
သဘောတူညီချက်သည် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှု၊ ခေါင်းဆောင်မှု၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်၊ သင်ရိုးညွှန်းတမ်းနှင့် အသိအမှတ်ပြု စံချိန်စံညွှန်းများ အပါအဝင် TVET စနစ်၏ အဓိက အစိတ်အပိုင်းများကို အားကောင်းစေရေးအပေါ် အာရုံစိုက်ထားသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ကမ္ဘောဒီးယားနှင့်-စင်္က/

❤7👍5👏1
အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာကွန်ရက် ဖြစ်နိုင်ခြေလေ့လာ
ပေကျင်း၊ ဧပြီလ ၅ ရက်
တရုတ်နိုင်ငံသည် အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာတွက်ချက်မှု ကွန်ရက်တစ်ခုအတွက် ဘက်စုံဖြစ်နိုင်ခြေလေ့လာမှုနှင့် စီမံကိန်းမတိုင်မီ အကဲဖြတ်မှုများကို စတင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်ကာကွယ်ရေး သိပ္ပံ၊ နည်းပညာနှင့် စက်မှုစီမံခန့်ခွဲရေးဌာနအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါဌာန၏ ကော်မာရှယ်အာကာသကဏ္ဍ ဒုတိယညွှန်ကြားရေးမှူး ယူဂေါင်ဘင် က ပြီးခဲ့သည့်သောကြာနေ့တွင် ပေကျင်း၌ ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် အာကာသကွန်ပျူတာလုပ်ငန်းဆိုင်ရာ ညီလာခံတွင် ပြောကြားရာ၌ ၎င်းတို့ဌာနအနေဖြင့် စီမံကိန်းစတင်ခြင်း အစည်းအဝေးများနှင့် ကျွမ်းကျင်သူအဖွဲ့များ၏ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးခဲ့ပြီး လုပ်ငန်းစဉ်များမှာ အစီအစဉ်တကျ ရှေ့ဆက်နေပြီဖြစ်ကြောင်း Science and Technology Daily သတင်းစာက ဖော်ပြခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/အာကာသအခြေပြု-ဉာဏ်ရည်တု-က/

👍10👏1
ရုရှားရေတပ်သင်္ဘောဆိပ်ကမ်းကပ်ခြင်းသည် 'ရွှေရောင်အခွင့်အလမ်း' ဖြစ်ဟုဆို
ဧပြီလ ၆ ရက်
ကမ္ဘောဒီးယားနိုင်ငံ၏ သီဟာနုဗေးလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိပ်ကမ်းသို့ ရောက်ရှိလာသော ရုရှားရေတပ် ပစိဖိတ်ရေတပ်မဟာ၏ ခရီးစဉ်သည် ကမ္ဘောဒီးယားအတွက် ရုရှားနှင့် ကဏ္ဍပေါင်းစုံ၊ အထူးသဖြင့် ကာကွယ်ရေးကဏ္ဍတွင် ဆက်ဆံရေးခိုင်မာစေရန် "ရွှေရောင်အခွင့်အလမ်း" တစ်ခုဖြစ်ကြောင်း ကင်ဖီရာ ပြောကြားခဲ့သည်။ ရုရှားရေတပ်မဟာမှ တိုက်ခိုက်ရေးသင်္ဘောငယ်များဖြစ်သည့် “Sovershenny” နှင့် “Rezky” တို့ ပါဝင်သော အဆိုပါရေတပ်သည် ဧပြီလ ၆ ရက်နေ့တွင် ရောက်ရှိလာပြီး ဧပြီလ ၈ ရက်အထိ ရှိနေမည်ဖြစ်သည်။
ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီမှ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ကင်ဖီရာ က အဆိုပါဆိပ်ကမ်းကပ်ခြင်းသည် ယူကရိန်းပဋိပက္ခအပေါ် သဘောထားကွဲလွဲမှုများရှိသော်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ ခိုင်မာမြဲမြံနေဆဲဖြစ်ကြောင်း ပြသနေသည်ဟု ဆိုသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ရုရှားရေတပ်သင်္ဘောဆိပ/

👍6❤3💯1
ဆွေးနွေးရေးအဖွဲ့တွင် ဝစ်ကော့ဖ်အစား ဂျေဒီဗန့်စ်နှင့် အစားထိုးရန် အမေရိကန်က အဆိုပြုကြောင်း အီရန် ထုတ်ဖော်ပြောကြား
အီရန်နိုင်ငံအနေဖြင့် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် အမေရိကန်ထံမှ ကမ်းလှမ်းချက်တစ်ခုကို လက်ခံရရှိထားကြောင်း၊ ထိုကမ်းလှမ်းချက်တွင် အခြားအချက်များစွာအပြင် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နေရာတွင် ဒုတိယသမ္မတ ဂျေဒီဗန့်စ်နှင့် အစားထိုးလဲလှယ်ရန် ပါဝင်ကြောင်း တီဟီရန်မြို့ရှိ အရာရှိတစ်ဦးကို ကိုးကား၍ Fars သတင်းဌာနက ဖော်ပြခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဆွေးနွေးရေးအဖွဲ့တွင်-ဝစ/

👍10❤6👏1
မိတ္ထီလာမြို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ ပျ-က်စီးမှုများဖြစ်ပေါ်
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ယနေ့ ဧပြီ ၇ ရက်နေ့လည်ပိုင်းက မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
" ဖြစ်စဥ်က တစ်နာရီလောက်ဘဲကြာတယ်။ ဒါပေမယ့် အဲဒီအချိန်လေးအတွင်းမှာကို အိမ်တွေပျက်စီးတာ၊ သစ်ပင်တွေလဲပြိုတာ၊ တစ်ချို့နေရာတွေမှာဆိုရင် ကားတွေပေါ်သစ်ပင်တွေလဲကျနေတာတွေအထိရှိတယ်။ အတော်ကြမ်းကြမ်းတိုက်သွားတာပါလေပြင်းက"ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။
လက်ရှိအချိန်၌ နေအိမ်ပျ-က်စီးမှုများ၊ သစ်ပင်လဲပြိုမှုများကြောင့်ပျ-က်စီးမှုများ၊ လမ်းပိတ်ဆို့နေမှုများ၊ လျှပ်စစ်ဓာတ်အားပေးတိုင်ပျ-က်စီးမှုများ၊ လျှပ်စစ်မီးကြိုးပျ-က်စီးမှုများအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းဖယ်ရှားပေးလျက်ရှိကာ ထိခိုက်ဒ-ဏ်ရာရသူအချို့လည်းရှိခဲ့ကြောင်း သိရသည်။

👍7😱6❤3😢1