နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပထမဆုံးလာရောက်တွေ့ဆုံသည့် တရုတ်သံအမတ်ကြီး
"အဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ကိုယုံကြည်ဟု ပြောကြားခဲ့
နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia မှ ယနေ့ ဧပြီ ၆ ရက်မွန်းလွဲပိုင်းက လာရောက်တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတမှ မိမိအားနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်းကြေညာပြီးနောက်ပိုင်း ပြည်ပနိုင်ငံသံတမန်များအနက် ပထမဆုံး လာရောက်တွေ့ဆုံသည့်သံအမတ်ကြီးဖြစ်၍ ဝမ်းမြောက်ကာ တရုတ်နိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်သည်လည်း မိမိကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့မှုကိုလည်း အထူးပင်ကျေးဇူးတင်သည်ဟု ပြောကြားသည်။
ထို့ပြင် အိမ်နီးနားချင်း မိတ်ဆွေကောင်းနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံမှုပြသခြင်းဖြစ်၍ ကျေးဇူးတင်သည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသံအမတ်ကြီးမှလည်း အဆွေတော်အား နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရမှုကို ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်ခဲ့မှုများကိုလည်းကျေးဇူးတင်ကာ အဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံအနေဖြင့် တည် ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ် လာမည်၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်လာမည်ကိုယုံကြည်သည်ဟုပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကုန် သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများပြန်လည်ဆောင်ရွက်နိုင်ရေး၊ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပေးပို့သည့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လက်ရောက်ပေးအပ်ခဲ့သည်။

👍15❤13👏2
🌏🌏 6.4.2026 သတင်းအပြည့်အစုံ🌏🌏
👉သာကေတမြို့နယ်ရှိ ဇိနမာရ်အောင်စေတီတော်မြတ်ကြီးနှင့်အရန်စေတီ(၈)ဆူအား ဘက်စုံပြုပြင်ပြီး ရွှေသင်္ကန်းကပ်လှူပူဇော်မည်
👉တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်လာ
👉ယနေ့ကျင်းပမည့် ပြည်တော်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့အသစ်ကို လွှတ်တော်သို့ တင်ပြမည်
👉တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့သို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်လာ
👉ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရွေးချယ်ရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ အစည်းအဝေးကျင်းပ
👉ဒုရဲချုပ်(ငြိမ်း) ဦးအောင်နိုင်သူအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတမှ အဆိုပြုထား
👉ပြည်ထောင်စု အစိုးရအဖွဲ့ကို ဝန်ကြီး ဌာန (၃၁) ခုဖြင့် ဖွဲ့စည်းမည်
👉ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် လက်ရှိ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကို နိုင်ငံတော်သမ္မတက အဆိုပြု
👉ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့နယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော် ဖြစ်လာ

👍9❤4🥰1
👉ကချင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လက်ရှိ ကချင်ဝန်ကြီးချုပ်ကိုပင် သမ္မတက အမည်စာရင်းအဆိုပြုထား
👉ဒုရဲချုပ်(ငြိမ်း) ဦးအောင်နိုင်သူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာ
👉မွန်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းကို သမ္မတအဆိုပြု

👍12❤2🥰1
စက်သုံးဆီဖြန့်ဖြူးမှုတည်ငြိမ်လာပြီး သုံးစွဲမှုလျှော့ချနိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာလာ
လက်ရှိတွင် စက်သုံးဆီလုံလောက်မှုအနေဖြင့် ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီစဉ်
နိုင်ငံတော်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများကို စနစ်တကျ ထိန်းကျောင်းနိုင်လာပြီး နေ့စဉ်သုံးစွဲမှုနှုန်း လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သိသာစွာ သက်သာလာကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိက အသုံးပြုလျက်ရှိသည်။
ထိုကဏ္ဍတွင် အသုံးပြုနေသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသဖြင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာသည့်အချိန်တွင် တင်သွင်းမှုအပေါ် အားထားရသည့် နိုင်ငံများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့သော အခြေအနေများကို ဖြေရှင်းရန် နိုင်ငံတော်အနေဖြင့် စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဒီဂျစ်တယ်နည်းပညာအခြေပြု ရောင်းချစနစ်များကို အသုံးပြုကာ စက်သုံးဆီတင်သွင်းမှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျ ထိန်းကျောင်းလာခဲ့ရာ လက်ရှိတွင် စည်းကမ်းပြည့်ဝသော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ယနေ့အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃ဒသမ၅၄ သန်းဂါလန်မှ ၂ဒသမ၅ သန်းဂါလန်သို့ ကျဆင်းလာခဲ့ပြီး ၂၉ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့သည်။
ယင်းသို့ လျှော့ချနိုင်မှုကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေပြီး ဆီအရံသိုလှောင်နိုင်မှုကိုလည်း ၁၀ ရက်စာ ထပ်မံတိုးမြှင့်နိုင်မည်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် နှစ်စဉ် စက်သုံးဆီ တန်ချိန် ၅ သန်းခန့် တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာ ၅၀၀၀ သန်းကျော် သုံးစွဲရသဖြင့် စနစ်တကျ သုံးစွဲနိုင်ပါက နှစ်စဉ် ဒေါ်လာ ၂၀၀၀ သန်းခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စက်သုံးဆီလုံလောက်မှုအနေဖြင့် ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီစဉ်ထားသည်။
ထို့ပြင် မိတ်ဖက်နိုင်ငံများမှ ရေရှည်တင်သွင်းနိုင်ရေး အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။
စွမ်းအင်ဝန်ကြီးဌာနက ပြည်သူများအား တရားဝင် ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်လိုက်နာရန် တိုက်တွန်းထားပြီး မမှန်ကန်သော သတင်းများ ဖြန့်ချိမှုကြောင့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရန် သတိပြုရန်လည်း ပြောကြားထားသည်။
ထို့ပြင် စက်သုံးဆီဝယ်ယူရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် QR Code စနစ်ဖြင့် ရောင်းချမှုများကို ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း အသိပေးထားသည်။အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

👍17❤8👏4😱1💯1
ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုဝန်ကြီး အမည်စာရင်း လွှတ်တော်သို့တင်မည်
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ အစည်းဝေးတွင် နိုင်ငံတော်သမ္မအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ခံယူခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်က သဘောတူကြောင်းကြေညာခြင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ချက်များ နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ရယူခြင်းများလည်း လုပ်ဆောင်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးရေသတ်မှတ်ချက်နှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်းလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမယ့် အမည်စာရင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဌ နှင့် ဒါရို-က်အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အမည်စာရင်း၊အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်အတွက် ခန့်အပ်မည့် အမည်စာရင်းကို လွှတ်တော်သို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။

❤13👍9👏2
ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ရေသန့်ဘူးများကိုလည်း ထိုင်းအစိုးရ ထည့်သွင်း
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်ဖိအားများကြောင့် မလိုလားအပ်သော ဈေးနှုန်းမြင့်တက်မှုများမဖြစ်စေရန်အတွက် ပလပ်စတစ်အလုံးများနှင့်အတူ ရေသန့်ဘူးနှင့် အရသာမှုန့်တို့ကိုလည်း ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထိုင်းအစိုးရက ထည့်သွင်းခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန်လက်မှတ်ရေးထိုးပြီး စနေနေ့တွင် တော်ဝင်ပြန်တမ်း၌ ထုတ်ပြန်ခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီ၏ ကြေညာချက်အရ ဈေးနှုန်းထိန်းချုပ်မှုများသည် တစ်နှစ်ကြာ အကျိုးသက်ရောက်မည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းပဋိပက္ခကို တွက်ဆအကဲဖြတ်ပြီးနောက် မတ်လ ၂၅ ရက်နေ့တွင် ကော်မတီက ဆုံးဖြတ်ချက်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ဈေးနှုန်းထိန်းချုပ်မှု/

👍10❤8👏1🕊1
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေး ဆက်လက်ကျင်းပ
ယနေ့ ဧပြီလ (၇) ရက်တွင် တတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့အစ ည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ အဆိုပြုတင်ပြထားသ ည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုထားသည့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တရားသူကြီးများကို ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်သည်။

👍7❤6👏1

❤8👏4👍1