ရန်ကုန်အပါအဝင် တောင်ပိုင်းဒေသများတွင် UV11+ ခရမ်းလွန်ရောင်ခြည်ပြင်းထန်၊ ကျန်းမာရေးအန္တရာယ် သတိပေး

မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ခရမ်းလွန်ရောင်ခြည် (UV Index) ၁၁ အထက်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်များအရ သိရသည်။

UV11+ အဆင့်ထိရောက်နိုင်သော ဒေသများတွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း တာမွေ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ မရမ်းကုန်း၊ မင်္ဂလာဒုံနှင့် ထောက်ကြန့် စသည့် မြို့နယ်များတွင် ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်နေကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ရန်ကုန်အပါအဝင်-တောင်ပို/
👍132😱1🕊1
လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက်  ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ ဧပြီလ မှ စတင်ကောက်ခံမည်

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများကောက်ခံ ခြင်းမပြုဘဲ ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန ) က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပရောဂျက်ကာလသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့်  လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက်  ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို ဧပြီလ ၁ရက်မှ  စတင်ကောက်ခံမည် ဖြစ်ကြောင်း ကညန မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့မှ စ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များ ကို မော်တော်ယာဥ်အမျိုးအစားနှင့်ဘက်ထရီ စွမ်းဆောင်ရည်အလိုက် မူလတန်ဖိုးဈေးနှုန်းအပေါ်  ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို  စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

အမျိုးအစားအလိုက် ရာခိုင်နှုန်းအားဖြင့် ၃ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။
👍10😨52👏1🕊1
လူငယ်(၁၄၀)ကျော်လာရောက်ရွေးချယ်ခံခဲ့သည့် ရတနာပုံဘောလုံးအသင်း၏ ယူ-၂၀ လူရွေးပွဲ

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည့် မန္တလေးမြို့အခြေစိုက် ရတနာပုံဘောလုံးအသင်းမှ ယူ-၂၀ အသင်းအတွက် လူရွေးပွဲကို ယနေ့ ဧပြီ ၆ ရက်က မန္တလေးမြို့ရှိ ဗထူးအားကစားကွင်း၌ပြု လုပ်ခဲ့ကြောင်း သိရသည်။

ရတနာပုံဘောလုံးအသင်း၏ မျိုးဆက်သစ်လူငယ်များစုဖွဲ့နိုင်ရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ရာ မန္တလေးမြို့ခံလူငယ်များအပြင် ပုလိပ်၊ စစ်ကိုင်းနှင့် မန္တလေးမြို့အနီးတဝိုက်ရှိ မြို့နယ်များမှ လူငယ်အားကစားသမား(၁၄၀) ကျော်လာရောက်ရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။

ပထမနေ့ရွေးချယ်မှုအပြီးတွင် သတ်မှတ်အရည်အ ချင်းနှင့်ကိုက်ညီသည့် လူငယ်ကစားသမားများအား ပမာဏအဆင့်ရွေးချယ်ထားကာ မနက်ဖြန် ဧပြီ ၇ ရက်တွင်လည်း လူရွေးချယ်ပွဲကို ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
👍164👏1
GDSSCF မှထောက်ပံ့ပြီး၊ UNICEF ကအကောင်အ ထည်ဖော်သည့် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းစတင်

Global Development and South-South Cooperation Fund (GDSSCF)မှထောက်ပံ့ပြီး UNICEF ကအကောင်အထည်ဖော်သည့် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းစတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။

အဆိုပါ စီမံကိန်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့၌ ဧပြီ ၂ ရက်ကကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်၍ တရုတ်သံရုံးသည် UNICEF အသင်းနှင့်အတူ နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးလုပ်ဆောင်ကာ စီမံကိန်းကို ပိုမိုကြီးမားသောအောင်မြင်မှုရလဒ်များရရှိစေရေး တွန်းအားပေးလုပ်ဆောင်ပြီး ဘေးဒ-ဏ်သင့်ဒေသမှ ကလေးသူငယ်များပိုမိုအကျိုးခံစားရစေရေးအတွက် လုပ်ဆောင်သွားရန်ဆန္ဒရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/gdsscf-မှထောက်ပံ့ပြီး၊-unicef-ကအကော/
14👍8🥰3👏1
ကာဇက်စတန်သမ္မတ၊ ကမ္ဘောဒီးယားဘုရင်မင်းမြတ်၊ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူးတို့က နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် နိုင်ငံတော်လုံ ခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် နိုင်ငံတကာခေါင်း ဆောင်များမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

ကာဇက်စတန်နိုင်ငံ သမ္မတ မစ္စတာ ကာစင်ဂျိုမတ် တိုခါယက်ဗ်၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန်းဒါး ဘယ်ဂ်လော့တို့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ကာဇက်စတန်သမ္မတ၊-ကမ္ဘောဒ/
👍1615👏1