တပေါင်းလပြည့်နေ့ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြှော်သူအလွန်များပြား

ယနေ့ မတ် ၂ ရက်(တပေါင်းလပြည့်နေ့)ညနေပိုင်းက ရန်ကုန်မြို့၌တည်ထားသည့် ကမ္ဘာ့အထင်ကရ ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များထွန်းညှိပူဇော်ကာ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်နေကြသူများဖြင့် အလွန်စည်ကားများပြားလျက်ရှိသည်ကို ကြည်နူးဖွယ်မြင်တွေ့ရသည့် မြင်ကွင်းပုံရိပ်များ-
🙏2210👍3👏1🎉1
ဦးမင်းသူ၊ ဒေါ်တာမျိုးအောင်၊ဒေါ်မိုးမိုးစုကြည်တို့ ပြန်လွတ်လာ

ယခင်အစိုးရလက်ထက်က အစိုးရယန္တာရားတွင် တာဝန်ယူ ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမင်းသူ အပါအဝင် ဒေါ်တာမျိုးအောင်၊ဒေါ်မိုးမိုးစုကြည်တို့ ယနေ့ လွတ်ငြိမ်းဖြင့် ပြန်လည်လွ တ် မြောက်လာကြောင်း သိရသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်သည် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာခြင်း ဖြစ်သည်။

ထို့အတူ ပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်(CEC)ဖြစ်သူ နေပြည်တော်မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်နှင့်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ မန္တလေး တိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်လာသည်ဟုသိရသည်။
7👍6🕊4🤔1🤬1
ဗဟန်း(၃)လမ်းထိပ်နှင့် ဘုရင့်နောင်ပွဲရုံတို့အတွင်း နာရီပိုင်းသာခြားပြီး ကား(၂)စီးမီးလေ-ာင်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ယနေ့ မတ် ၂ ရက်က နာရီပိုင်းသာခြား၍ YBS ၁၁၆ နှင့် ကုန်တင်ကားတို့မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဗဟန်းမြို့နယ်၊ ဗဟန်း(၃)လမ်းထိပ်တွင် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က YBS ၁၁၆ မီးလေ-ာင်မှုဖြစ်ပွား၍ စမ်းချောင်းမြို့နယ်မီးသတ်စခန်း၊ တာမွေမြို့နယ်မီးသတ်စခန်း၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၁၈ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီ ၃၃ မိနစ်ခန့်ကလည်း မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ထွန်းရွှေဝါလမ်းရှိ ဘုရင့်နောင်ပွဲ ရုံဝင်းအတွင်း၌ ကုန်တင်ကား(၁)စီးမီးလေ-ာင်မှုဖြစ်ပွား ၍ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
😢5👍4🕊31😱1
Media is too big
VIEW IN TELEGRAM
အခေါက်ပေါင်းများစွာ လေ့ကျင့်ပြီးမှ ဆုရရှိတဲ့ ကလေးတွေအတွက် ဝမ်းသာဂုဏ်ယူပါတယ်လို့ ပြောလာတဲ့ အကဲဖြတ်ဒိုင် ဦးတင်ဦး

"ဆန်ခါတင်ရွေးချယ်ထားတဲ့ ပန်းချီးကား ၆ ထောင်ကျော်မှာ ၁၁၇ ကားရှိပါတယ်။ ဒီပြိုင်ပွဲတွေကျင်းပခြင်းအားဖြင့် ဘဝမှာ အမှတ်တရတစ်ဖြစ်ပါတယ်။ ပန်းချီအပေါ် အရမ်းစိတ်ဝင်စားတဲ့ကလေးတွေကိုလည်း အရမ်းကြိုဆိုပါတယ်။ တချို့သော ကလေးငယ်တွေဟာ ဒီပြိုင်ပွဲလာဖို့အတွက် အခေါက်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတဲ့ ကလေးတွေရှိပါတယ်။ အဲဒီကလေးတွေအတွက်လည်း ဆုတဲ့အပေါ်မှာ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ပန်းချီပညာကို ဆက်ပြီးလေ့လာဖို့လည်း တိုက်တွန်းချင်ပါတယ်" - ပန်းချီ ဦးတင်ဦး(အကဲဖြတ်ဒိုင်)
8👍8🥰1👏1🎉1
အစိုးရအဖွဲ့ဝင်များကို ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့်

မြန်မာနိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာ နေရာဒေသအသီးသီးတွင် နိုင်ငံ့တာဝန်များထမ်းဆောင်လျက်ရှိသည့် အစိုးရအဖွဲ့ဝင်များကို နိုင်ငံတော် ယာယီသမ္မတမှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသဖြင့် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များဖြစ်သည့် "သရေစည်သူ"ဘွဲ့အား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်၊ "စည်သူ"ဘွဲ့အား ကချင်၊ ကရင်၊ ချင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေးတို့၏ အစိုးရအဖွဲ့ဝန်ကြီးချုပ်များနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌတို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။

သတင်းအပြည့်အစုံ‌ဖတ်ရန်>>

https://www.popularmyanmar.com/အစိုးရအဖွဲ့ဝင်များကို-ဂ/
👍105👏1🎉1