ကျွန်မသိပ်ပျော်တယ်မောင်
မောင်နဲ့ မောင်ချစ်ရတဲ့ကောင်မလေးနဲ့ အတူတူ ပျော်နေတာ မြင်ရလို့
ကျွန်မပြောခဲ့တယ်မလား မောင်ရယ်
မောင်ပျော်တာမြင်နေရရင် ကျွန်မရင်ထဲမှာ
ငရဲကျနေရင်တောင် လိုက်ပျော်ပေးရဲပါတယ်လို့
#Pwint_4who
မောင်နဲ့ မောင်ချစ်ရတဲ့ကောင်မလေးနဲ့ အတူတူ ပျော်နေတာ မြင်ရလို့
ကျွန်မပြောခဲ့တယ်မလား မောင်ရယ်
မောင်ပျော်တာမြင်နေရရင် ကျွန်မရင်ထဲမှာ
ငရဲကျနေရင်တောင် လိုက်ပျော်ပေးရဲပါတယ်လို့
#Pwint_4who
❤5
ဗေဒင်လည်းမမေးတော့ဘူး
ယတြာလည်းမချေတော့ဘူး
မောင်လည်းပြန်မလာနဲ့တော့
ကျွန်မလည်းမမျှော်တော့ဘူး
သိမ်းထားမိတဲ့screenshotတွေလည်းဖျက်လိုက်ပြီ
အမှတ်တရတွေလည်းကုန်ပြီ
ရေစက်ကုန်မှတော့ ဝေးကြတာပေါ့အချစ်ရယ်
ကံမကုန်သေးလည်း ပြန်မဆုံချင်တော့ဘူး။
#pwint_4who

❤7💔1
ခေတ်ပျက်ကြီးထဲမှာ
ရှင်သန်နေထိုင်ရတာ ပင်ပန်းတယ် ။
ငြီးတွားတာ မဟုတ်ပေမယ့်
ခရီးသွားတာကအစ ခြံရှေ့ထိုင်တာအဆုံး ကြောက်ရတယ် ။
ပြားသကာ ဘယ်လိုဘယ်ပုံ ချိုသလဲ မသိဘူး ။
ဘဝဟာ တမာထက် ခါးတာတော့
ကျွန်တော် ကောင်းကောင်းသိတယ် ။
အမိန့်တွေကို မုန်းတယ် ။
အကောင်ကြီးတွေကို မုန်းတယ် ။
လူချမ်းသာတွေကို မုန်းတယ် ။
ကုန်ကုန်ပြောရရင် အာဏာဆိုတာကြီးကို မုန်းတယ် ။
လူဖြစ်ရတာ မပင်ပန်းပါဘူး ။
လူငယ်ဖြစ်ရတာက သိပ်ပင်ပန်းတာ ။
အဖက်ဖက်က စိတ်ဖိစီးမှုတွေဟာ
ဟောဒီဘဒ္ဒကမ္ဘာကို ဆန်ကျင်နေလေရဲ့ ။
ဟယ်လင်
Apr / 5 / 26

❤4😢1😭1
ကျွန်မရှင့်ကို သိပ်သတိရတာပဲ
ခက်ခက်ခဲခဲ မေ့ထားရတဲ့အတိတ်တွေက တစ်ပတ်ပြန်လည်လာတဲ့အခါ ကျွန်မရှင့်ကိုသိပ်သတိရတာပဲ
အမှတ်တမဲ့ ရှင့်အကြောင်းကိုကြားလိုက်မိတဲ့အခါမျိုးတွေမှာလဲ ကျွန်မရှင့်ကိုသိပ်သတိရမိတာပါပဲ
အညိုရောင်တီရှပ်လေးတွေတွေ့တဲ့အခါ ဒါမှမဟုတ် မျက်မှန်ဝိုင်းလေးကို လက်ညိုးလေးနဲ့ပင့်တင်တတ်တဲ့ခပ်ငယ်ငယ်ချာတိတ်လေးကိုတွေ့တဲ့အခါ ကျွန်မ ရှင့်ကိုသိပ်သတိရတာပဲ
ခပ်ဖွဲဖွဲရွာနေတဲ့ မိုးစက်လေးတွေကိုမြင်ရင် အပြုံးတွေနဲ့ မိုးရေထဲပြေးလွှားနေတတ်တဲ့ကောင်လေးကို သိပ်သတိရတာပဲ
အကြောင်းပြချက်တွေက ခိုင်လှုံရဲ့လားမသိပေမယ့်
ကျွန်မ ထိုအမျိုးသားကိုနေ့စဉ်နဲ့အမျှ
သိပ်သတိရတာပဲကွယ် ။
#Htarwai7 🌻

❤4😭1
အပိုင်မရရှိခဲ့တဲ့နေ့ရက်တွေအတွက်
ကိုယ့်မှာစိတ်မကောင်းဖြစ်ယုံကလွဲပြီး အခြားလမ်းလဲမရှိ
ဒီတစ်နွေမှာ မင်းက ဘယ်သူ့ရဲ့ငှက်ကလေးအဖြစ်ရှိနေပြီး
ဘယ်အရိပ်မှာခိုနားဦးမှာလဲ ကိုယ်မသိနိုင် ။
သတိရခဲ့တဲ့ နွေနေ့ရက်တွေ တစ်ကြော့ပြန်ရောက်လာခဲ့ပြီ
မင်းရော သစ်ရွက်ကြွေလို့ဖြစ်ဖြစ် ရွက်ဝါဝေလို့ဖြစ်ဖြစ်
ကိုယ့်ကို သတိတရရှိပါဦးမလား ။
လူတွေက အရာရာပြောင်းလဲတတ်တယ်လို့ထင်ကြတယ်
ဒါပေမယ့် ကိုယ်ကတော့အရင်အတိုင်းပါပဲ
ဒီနှစ်နွေလဲ ဒီနေရာမှာပဲ မင်းအရိပ်ကိုခိုနားချင်တဲ့
ငှက်ကလေးအဖြစ် တိတ်တဆိတ်ရှင်သန်နေတုန်းပါပဲကွယ် ။
#htarwai7

💔7❤4😇4
ဘယ်အချိန်က ဘယ်လိုများ ချစ်မိသွားလေသလား ?
မျက်စိတစ်မှိတ်အတွင်း ၊
ဖြတ်ကနဲ ဝင်ရောက်လာနဲ့ "မမ"ရဲ့ပုံရိပ်လေး ၊
အို ....ချစ်စရာလေး ၊
အကြည့်တွေ မခွဲနိုင်မခွာရက်
ကိုယ်ငေးနေတာ သူသိသွားလေပြီ ။
စိတ်ဆိုးသွားလေမလား ?
"မမ" ရယ်လို့ စိတ်ထဲမှာ ရင်တထိတ်ထိတ်၊
တစ်ချက်ဝင့်ကနဲ မမပြုံးပြရာ
သွားတက်ကလေးက အသက်ကလေးဆိုပြီး ၊
မျက်ဝန်းမှာ အရောင်တွေ လက်နေလေရဲ့
ပြီးပြည့်စုံလွန်းလှပါတယ် ။
ဪ. ဒါနဲ့ ငါဟာလည်း မိန်းကလေးပါလား ?
ဘာလို့များလဲ ?
မိန်းကလေးအချင်းချင်းကို နားလည်ရခက်နေပြီ ။
လူတွေပြောနေကြတဲ့ အချစ်ဆိုတာ ဒါလားရှင် ။
အချစ် အချစ်...
လူကို ရူးအောင် နှစ်နေပြီ ။
ကျွန်မကတော့ "မမ" ရဲ့ အပြုံးချိုချိုအောက်မှာ နစ်နေပြီ ။
"မမ"ရေ ပြုစားလိုက်လေသလား ?
အတွေးတိုင်းမှာ "မမ"ပါဝင်ပြီး ၊
အရိပ်ကလေးမြင်လိုက်ရင် "မမ" များဖြစ်နေမလား ?
အမြင်တွေ ဝေဝါးပြီး ၊
"မမ" ကိုပဲမြင်ယောင်နေတယ် ။
နစ်လေ ချစ်လေ မို့ ရုန်းမထွက်ချင်တော့ပါဘူး "မမ"ရာ ။
"မမ" အကြောင်းတွေးမယ် ။
စိတ်ကူးတွေ ယဥ်မယ် ။
ပန်းလေးတွေနဲ့ တင်စားပြီး
"မမ" အကြောင်း ကဗျာတွေရေးမယ် ။
အို.. အရာရာကို "မမ" နဲ့ပဲအစချီမယ် ။
ဘုရားရောက်တိုင်း "မမ"နာမည်လေးနဲ့တူတဲ့
သစ္စာပန်းဖြူဖြူလေး လှူမယ် ။
"မမ" ရဲ့နေ့နာမ်မှာ ရေသပ္ပါယ်မယ် ။
ပြီးတော့ "မမ" ကိုချစ်တယ် ။

❤4😇1🦄1
" မောင့်ကို သဘောကျတဲ့သူမရှိပါဘူး သဝန်မတိုပါနဲ့ကွာ "လို့
ပြောတတ်တဲ့မောင်ရေ မောင့်အပြုံးတွေက ဘယ်လောက်ထိ
နှစ်လိုဖွယ်ကောင်းသလဲဆိုတာ မောင်သိအောင်ဘယ်လိုရှင်းပြရပါ့
မျက်ဝန်းညိုတွေဟာလဲ ဘယ်လောက်ထိဆွဲဆောင်မှုရှိကြောင်း
မောင်အားတဲ့ရက်မှ မျက်လုံးခြင်းဆုံပြီး ရှင်းပြရဦးမယ်
ခက်တော့လဲခက်သား
ချစ်ခြင်းမေတ္တာဟာ ထိုမျှတွန့်တိုတတ်စရာလိုလို့လား
ကျွန်မ မောင့်ကိုဖွက်ထားလိုက်မိရင်
သေချာတယ် မောင်ထွက်ပြေးသွားမှာပဲ ။
နားလည်ရခက်ပေမယ့်
အနားမှာနေပေးပါဦး
မောင့်အပြုံးတွေ မောင့်မျက်ဝန်းညိုတွေကို ငေးချင်သေးတာမို့
ကျွန်မဘေးနားမှာ ရှိနေပေးပါဦး ။#htarwai7

❤7
မပျော်ရာလမ်း
ခြေလှမ်းလိုက်တိုင်း ပန်းတွေပွင့်တဲ့
သိဒ္ဓတ္ထတောင် တောခိုသွားတဲ့
ကမ္ဘာပါကွယ် ။
ပြည်သူဖြစ်ရတာ မပျော်လည်း
ဘာစောက်ရေးလဲအချစ်ရယ်
ပျော်ပျော်ကြီး မပျော်ကြရုံပေါ့။
-အမည်မသိ
ခြေလှမ်းလိုက်တိုင်း ပန်းတွေပွင့်တဲ့
သိဒ္ဓတ္ထတောင် တောခိုသွားတဲ့
ကမ္ဘာပါကွယ် ။
ပြည်သူဖြစ်ရတာ မပျော်လည်း
ဘာစောက်ရေးလဲအချစ်ရယ်
ပျော်ပျော်ကြီး မပျော်ကြရုံပေါ့။
-အမည်မသိ
😭4❤🔥2💯1
လူတွေဟာ
သူတို့လိုချင်တာကို ရတာမဟုတ်ပါဘူး ။
သူတို့နဲ့ ထိုက်တန်တဲ့အရာကိုသာ
ရကြပါတယ် တဲ့ ။
ကိုယ်က မင်းနဲ့မထိုက်တန်တာလား ?
မင်းက ကိုယ်နဲ့မထိုက်တန်တာလား ?
ဝေခွဲမရခဲ့ပါဘူးကွယ် ။
-အမည်မသိ
သူတို့လိုချင်တာကို ရတာမဟုတ်ပါဘူး ။
သူတို့နဲ့ ထိုက်တန်တဲ့အရာကိုသာ
ရကြပါတယ် တဲ့ ။
ကိုယ်က မင်းနဲ့မထိုက်တန်တာလား ?
မင်းက ကိုယ်နဲ့မထိုက်တန်တာလား ?
ဝေခွဲမရခဲ့ပါဘူးကွယ် ။
-အမည်မသိ
😢3❤1🆒1
🩵 𝙃𝙖𝙥𝙥𝙮 𝟑 𝙮𝙚𝙖𝙧 𝙖𝙣𝙣𝙞𝙫𝙚𝙧𝙨𝙖𝙧𝙮 𝙥𝙖𝙧『 𝙇𝙖𝙔𝙖𝙪𝙣𝙜 』💙
❛ လရောင် ❜ ရေ ...
စက္ကန့်တွေဟာ သံလိုက်အိမ်မြှောင်မပါဘဲ
လွင့်မျောနေခဲ့ဖူးတယ် ၊။
ကိုယ်တို့နှစ်ဦးရဲ့ ပထမဆုံး
"HELLO" ဆိုတဲ့ စကားလုံးနောက်မှာ
ကမ္ဘာကြီးက အသစ်တစ်ဖန် ပြန်လည်မွေးဖွားခဲ့တာ
အခုဆို သုံးပတ်လည်ခဲ့ပြီ ။
နှင်းဆီပွင့်တွေရဲ့ အရောင်ကို
ကိုယ်တို့နှစ်ဦး မေ့သွားရင်တောင် ၊
ကိုယ်တို့နှစ်ဦးရဲ့ လက်ဖဝါးချင်း ထိတွေ့ခဲ့တဲ့
အပူချိန်ကိုတော့ သွေးကြောတွေထဲအထိ
မှတ်တမ်းတင်ထားခဲ့ကြတယ်မလား ?
❛ လရောင် ❜ ဟာ
ကိုယ်ရဲ့ ပထမဆုံး ကဗျာစာကြောင်း ဖြစ်သလို
အဆုံးသတ်မယ့် နိဒါန်းလည်း ဖြစ်ခဲ့တယ်။
သံသယ တောအုပ်ထဲမှာ
ကိုယ်တို့ဟာ ယုံကြည်ခြင်းဆိုတဲ့
ဓာတ်မီးတစ်လက်ကို
နှစ်ယောက်အတူ ကိုင်စွဲပြီး လမ်းဖောက်ခဲ့ကြတယ်။
ဒဏ်ရာတွေဟာ အမာရွတ် ဖြစ်သွားတဲ့အထိ
မင်းဟာ ကိုယ့်ရဲ့ ဆေးဖက်ဝင် ဂီတတစ်ပုဒ်
ဖြစ်ပေးခဲ့တယ် ❛ လရောင် ❜ ၊။
❛ လရောင် ❜ ရယ် ...
သုံးနှစ်ဆိုတဲ့ အချိန်ကာလဟာ
ပြက္ခဒိန်ပေါ်က ဂဏန်းတွေချည်းပဲ မဟုတ်ဘူး ။
အိမ်မက်တွေကို ပုံဖော်ဖို့ ရုန်းကန်ခဲ့ရတဲ့
ချွေးစက်တွေ၊ မျက်ရည်တွေနဲ့
မျှော်လင့်ချက်တွေရဲ့ အစုအဝေး၊။
တစ်ခါတလေ မုန်တိုင်းတွေက
ကိုယ်တို့ကြားထဲ ဝင်တိုးလာတဲ့အခါ ၊
စကားလုံးတွေက ဆူးတွေလို ထွက်ပေါ်လာတဲ့အခါ ၊
ကိုယ်တို့ဟာ နားလည်မှုဆိုတဲ့
ထီးတစ်လက်အောက်မှာ တိတ်ဆိတ်ခြင်းတွေကို
မျှဝေခံစားခဲ့ကြတယ်မလား ❛ လရောင် ❜ ၊။
❛ လရောင် ❜ ရေ ...
မင်းရဲ့ အပြုံးက
ကိုယ့်ရဲ့ ပင်ပန်းမှုတွေကို
အရည်ပျော်ကျစေတဲ့ တစ်ခုတည်းသော နွေဦး။
❛ လရောင် ❜ ရှိတဲ့ အရပ်ဟာ
ကိုယ့် အတွက်တော့
မြေပုံပေါ်မှာ အတောက်ဆုံး ကြယ်တစ်ပွင့်ပဲ ၊။
ဒီဘက်ခေတ်ရဲ့ မော်ဒန်ကဗျာတွေထဲကလိုပေါ့ ၊။
ကိုယ်တို့နှစ်ဦးရဲ့ အချစ်ဟာ
ကာရန်မညီချင်နေပါစေ ၊
ရင်ခုန်သံစည်းချက်တွေရဲ့အဓိပ္ပာယ်ကတော့
လေးလေးနက်နက် ရှိနေဆဲပါ ❛ လရောင် ❜ ၊။
၃ရက်၊၆လ၊၂၀၂၄ First Date မှာ
မိုးပြာရောင်ဂါဝန်လေးနဲ့ စက်ဘီးလေးစီးပြီး
ကိုယ့်ဆီလာတဲ့ ❛ လရောင် ❜ ရေ ...
အမှတ်တရတွေကို ပြန်တွေးမိတဲ့အခါ
အအေးဆိုင်လေးရဲ့ လေထုထဲမှာ
မိုးပြာရောင် ဂါဝန်လေးနဲ့ ❛ လရောင် ❜ကို
အရင်ဆုံးပြေးမြင်တယ် ။
စက်ဘီးလေးစီးပြီး
အိမ်က ထွက်လာတဲ့ ❛ လရောင် ❜ ပုံရိပ်ဟာ
ကိုယ့်နှလုံးသားမှာ အခုထိ မေ့မရ စွဲထင်နေတုန်းပဲ ၊။
တိတ်ဆိတ်တဲ့အအေးဝိုင်းလေးမှာ
❛ လရောင် ❜ ရဲ့ ပုခုံးလေးကို ဖက်ဖို့နေနေသာသာ
လက်ကလေးကို ကိုင်ဖို့တောင်
ကိုယ့်သတ္တိတွေက လမ်းခုလတ်မှာ တုံ့ဆိုင်းနေခဲ့တာ၊။
တုန်ယင်နေတဲ့ ကိုယ့်လက်တစ်စုံကြောင့်
ရင်ခုန်ရုံတင်မကဘဲ
တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်လိုက်ရသလို
အတိုင်းမသိ ဝမ်းသာခဲ့ရတဲ့ အဲ့ဒီနေ့စွဲပဲ ❛ လရောင် ❜ ၊။
ကော်ဖီဆိုင်လေးတစ်ခုမှာ ချိန်းတဲ့အခါ ၊
အပ်မှိုထောင်းကို စောင့်ရတဲ့အချိန်ဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပျက်သလို စိတ်မရှည်စရာ၊
ဒါပေမဲ့ ❛ လရောင် ❜ ကတော့...
ကိုယ့်ရဲ့ ဒေါသတွေကို နူးညံ့မှုနဲ့ ချော့လိုက် ၊
တစ်ခါတလေ ပြန်စိတ်ဆိုးပြပြီး ၊
ကိုယ့်ကို ထိန်းကျောင်းလိုက်နဲ့
ကိုယ့်စိတ်အလိုကို ❛ လရောင် ❜ ကပဲ
အလိုက်တသိ ပုံဖော်ပေးခဲ့တယ်။
ဖောက်ပြန်ခြင်းတွေ ပေါများလှတဲ့ ဒီခေတ်ကြီးမှာ
❛ လရောင် ❜ ရဲ့ သစ္စာတရားက
ကိုယ့်အတွက် အလုံခြုံဆုံး ခံတပ်ဖြစ်ခဲ့တယ်၊။
ဘယ်သူတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ ၊
ကိုယ်ချစ်တာထက် ပိုချစ်ပေးတဲ့
❛ လရောင် ❜ ရဲ့ မေတ္တာကပဲ
ကိုယ့်ဘဝရဲ့ အမှန်ကန်ဆုံးသော ရွေးချယ်မှုဖြစ်ခဲ့တယ်။
❛ လရောင် ❜ ရေ ...
အောင်မြေဘုရားမှာ
တူနှစ်ကိုယ် ရိုက်ခဲ့တဲ့ နှစ်ယောက်တွဲပုံလေးဟာ
သတိရတိုင်း ထုတ်ကြည့်ဖြစ်တယ် ။
ကိုယ်တို့နှစ်ဦးသား အရပ်မတိမ်းမယိမ်းဖြစ်လို့
ကိုယ့်ရင်ခွင်ထဲ ဝင်ပြီး ၊
ဒူးလေးညွှတ်ကာ ဓါတ်ပုံရိုက်ခဲ့တဲ့
❛ လရောင် ❜ ရဲ့အလှနဲ့ ၊
အဲ့ဒီပုံလေးကို ပြန်ကြည့်တိုင်း
တူတူရယ်မောခြင်းတွေနဲ့အတူ
ချစ်ခြင်းတွေ ထပ်တူကျမှုကို
ကိုယ်ပြန်ပြန်တွေ့နေရတုန်းပဲ ❛ လရောင် ❜ ၊။
၅ ရက်၊ ၁၀ လ၊ ၂၀၂၄အဲ့ဒီနေ့ကစပြီး
❛ လရောင် ❜ က နေထွက်ရာ အရပ်ဆီကို
ပျံသန်းသွားခဲ့တယ်၊။
ဂျပန်နိုင်ငံရဲ့ ကျောင်းစာတွေနဲ့ အလုပ်တွေကြားမှာ
❛ လရောင် ❜ ရှိနေတာ တစ်နှစ်ကျော်ခဲ့ပြီပေါ့၊။
LDRS ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
အပြင်မှာ မတွေ့ရတာ ကြာခဲ့ပေမယ့်
❛ လရောင် ❜ ရဲ့ ပုံရိပ်တွေက
ကိုယ့်အတွေးအိမ်ထဲမှာ အမြဲရှိနေတယ် ။
❛ လရောင် ❜ နေမကောင်းဖြစ်မှာကို စိုးရိမ်တယ်၊။
တစ်ခုခုဖြစ်မှာကို အတွေးလွန်ပြီး ပူပန်မိတယ်၊။
အနားမှာ ရှိမနေနိုင်တဲ့အချိန်မို့
❛ လရောင် ❜ ရဲ့ အားငယ်မှုတွေကို
❛ လရောင် ❜အပေါ်ထားတဲ့
ကိုယ့် ယုံကြည်မှုတွေ ၊ သစ္စာတရားတွေ
စောင့်တည်မှုတွေနဲ့ဘဲ အစားထိုးပေးပါ ။
အဝေးမှာ ရှိနေပေမယ့်
ကိုယ်တို့နှစ်ဦးရဲ့ နှလုံးခုန်သံတွေကတော့
စည်းချက်တစ်ခုတည်းပဲ အမြဲရှိနေမှာ ။
❛ လရောင် ❜ ရဲ့ လိုအင်တွေ၊
❛ လရောင် ❜ ရဲ့ အိမ်မက်တွေနဲ့ ယှဉ်ရင်
ကိုယ်ဟာ ရေနဲ့ဆီလို ကွာခြားနေတဲ့ နိမ့်ပါးသူတစ်ဦးပေါ့။
❛ လရောင် ❜ လိုချင်တာမှန်သမျှ
ချက်ချင်း လက်ခုပ်ထဲကရေလို
ဖြည့်ဆည်းမပေးနိုင်တဲ့ အခါတိုင်း ၊

❤5🥰2❤🔥1🆒1
❛ လရောင် ❜ ကို အားနာစိတ်နဲ့အတူ
ကိုယ့်ကိုယ်ကို ဝမ်းနည်းခြင်းတွေက ဝါးမြိုခံရတယ်၊။
❛ လရောင် ❜ ရယ် ....
ဒါဟာ ကတိမတည်တာ မဟုတ်ပါဘူး ။
ရုန်းကန်နေရတဲ့ ဘဝရဲ့ အရှိတရားတွေက
ခါးသီးလွန်းလို့ပါ။
မပြည့်စုံတဲ့ ဒီဘဝထဲမှာ...
ကိုယ့်ကို ဘယ်လောက်ကြာကြာ
❛ လရောင် ❜ စောင့်နိုင်ပါ့မလားဆိုတဲ့ အတွေးဟာ
ကိုယ့်နှလုံးသားကို ညှစ်ထုတ်နေတဲ့
အကြောက်တရား တစ်ခုပဲ၊။
ဒါပေမယ့် သိထားပေးဖို့က
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
ကိုယ့်လက်ကို ❛ လရောင် ❜ စိတ်နဲ့
တင်းတင်းလေး ဆုပ်ကိုင်ထားပေးပါ၊။
လောကကြီးမှာ ကိုယ့်ကို အဓိပ္ပာယ်ပေးနိုင်သူက
❛ လရောင် ❜ တစ်ယောက်တည်းမို့
ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့၊။
တစ်ခါတလေ နားလည်မှုတွေ လွဲကြတဲ့အခါ၊
❛ လရောင် ❜ စိတ်ကောက်ပြီး
ကိုယ့်ကို အဝေးတွန်းပို့တဲ့အခါ၊
ကိုယ့်ဘက်က ရှင်းပြရတဲ့ စကားလုံးတွေကို
"အကြောင်းပြချက်" တွေလို့ မမြင်စေချင်ဘူး။
❛ လရောင် ❜ ကို မဆုံးရှုံးချင်လို့ အော်ဟစ်နေရတဲ့
ကိုယ့်ရဲ့ တကယ့် အဖြစ်မှန်တွေပါ ၊။
❛ လရောင် ❜ နဲ့ ဝေးနေတဲ့
ဂျပန်မြေက တစ်နှစ်ကျော်ကာလတွေမှာ
လရောင်ကို စိတ်ပူရတာနဲ့တင်
ကိုယ့်ရဲ့ နေ့ရက်တွေက ကုန်ဆုံးလို့၊။
ကိုယ်တို့ကြားက LDRS ခရီးလမ်းဟာ ၊
ကိုယ်တို့နှစ်ဦး ရဲ့ သစ္စာတရားကို
စမ်းသပ်နေတဲ့ စာမေးပွဲတစ်ခုဆိုရင်
❛ လရောင် ❜ အတွက် အမြဲတမ်း
ဂုဏ်ထူးနဲ့ အောင်မြင်နေမယ့်သူဟာ ကိုယ်ပါ ။
❛ လရောင် ❜ ရှိရာအရပ်က
နှင်းတွေပဲကျကျ ၊ နေပဲပူပူ
ကိုယ့်ဆီက လွမ်းဆွတ်ခြင်းတွေကတော့
❛ လရောင် ❜ ဆီကို အမြဲတမ်း တိုက်ခတ်နေမှာပါ။
ဘဝချင်း မတူညီလို့ ၊
ဝမ်းနည်းရတဲ့ ညတွေရှိပေမယ့်
❛ လရောင် ❜ ကတော့
ကိုယ့်ဘဝရဲ့ အဖိုးတန်ဆုံးသော "ဆုလာဘ်" ပါပဲ ၊။
၃ နှစ်ကနေ နှစ် ၃၀၊ နှစ် ၃၀၀ တိုင်အောင်...
❛ လရောင် ❜ ကိုပဲ ချစ်နေမယ့်
ကိုယ့် ရဲ့ အားနည်းချက်ကို
❛ လရောင် ❜ ရဲ့ မေတ္တာနဲ့ပဲ အားဖြည့်ပေးထားပါ။
ဘယ်ချိန်ဘယ်ကာလဖြစ်ဖြစ် ၊
ဘယ်လိုအခြေနေ အချိန်ခါမျိုးမှာဖြစ်ဖြစ် ၊
ကိုယ်မလွှတ်တမ်း ဆုပ်ကိုင်ထားမယ့် လက်တစ်စုံဟာ
❛ လရောင် ❜ လက်တစ်စုံပါ ။
သေခြင်းတရားနဲ့ အကြောက်တရားကြား
ရှင်သန်နေရတဲ့ ကာလတစ်လျှောက်မှာ
တရေးနိုး ယောင်းယမ်းမိတာ
❛ လရောင် ❜ ဆိုတဲ့ နာမ်စားတစ်ခုပါ ၊။
နောင်လာမယ့် နှစ်ပေါင်းများစွာကိုလည်း
ရိုးခြင်းတဲ့ ချစ်ခြင်းနဲ့
နက်ရှိုင်းတဲ့မေတ္တာတရားကို ဖလှယ်ရင်း
❛ လရောင် ❜ နဲ့အတူ ဖြတ်သန်းသွားချင်တယ် ။
ကိုယ်တို့နှစ်ဦးဟာ
ရှေးဟောင်းပုံပြင်တွေထဲကလို မဟုတ်ပေမယ့်
လက်တွေ့ကျတဲ့ ရုန်းကန်မှုတွေကြားထဲက
အလှပဆုံးသော လက်တွဲဖော်တွေ ဖြစ်နေမယ်ဆိုတာ
ယုံကြည်ပေးပါ ❛ လရောင် ❜ ရယ် ၊။
𝙃𝙚𝙡𝙡𝙞𝙣 𝙃 💙 𝙃𝙚𝙡𝙚 𝙉𝙖
၂၄/ ၄ /၂၀၂၆

❤8❤🔥3🥰3😍1💘1
ကဗျာရေးရတာ ဝါသနာပါသူတွေရှိလား ?
ရှိရင် မန့်ခဲ့ဗျာ ။
လူများရင် ကဗျာပြိုင်ပွဲလေးဘာလေးလုပ်ပေးမယ် ။
― ဟယ်လင်
ရှိရင် မန့်ခဲ့ဗျာ ။
လူများရင် ကဗျာပြိုင်ပွဲလေးဘာလေးလုပ်ပေးမယ် ။
― ဟယ်လင်
❤3😇1
ပင်ပန်းနေပြီလား
ရုန်းထွက်ချင်နေပြီလား
ထားခဲ့ချင်နေပြိီလား
ရပါတယ် ရှင်အဆင်ပြေသလိုပေါ့
စိတ်မပျော်တိုင်း ကျွန်မကို ပြစ်ချဖို့တွေးတဲ့ရှင့်
အတွေးတွေ
ပြဿနာဖြစ်တိုင်း ကျွန်မအမှားပါလို့ပြောတဲ့ ရှင့်ရဲ့စကားတွေ
ရှင်မရှိရင် မဖြစ်မှန်းသိတဲ့ကျွန်မရဲ့အားနည်းချက်တွေနဲ့ အနိုင်ယူခဲ့တာတွေ
နောက်လူကလက်ခံပေးနိုင်မယ်ဆို ကျွန်မရှင့်အတွက်ပျော်ပေးမှာပါ
ကျွန်မကရတယ် ရှင်ပဲပျော်အောင်နေပါ
ရှင်နဲ့ကျွန်မ ။ ။

❤5🥰2❤🔥1
လူတိုင်းနဲ့ တည့်အောင် နေတတ်တာဟာ
ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့
အရည်အချင်းတစ်ခု ဖြစ်နိုင်ပေမယ့်၊
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုနဲ့ ဘဝအရည်အသွေးကို
ထိခိုက်စေတဲ့သူတွေကိုတော့ ပြတ်ပြတ်သားသား
ဖယ်ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။
ဒါဟာ ရက်စက်တာ မဟုတ်ပါဘူး၊
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တဲ့
အဆင့်အတန်းမြင့်မားတဲ့ ရွေးချယ်မှုတစ်ခုသာ ဖြစ်ပါတယ်။
ကြင်နာတတ်တဲ့ နှလုံးသားရှိဖို့ အရေးကြီးသလိုပဲ၊
ဘယ်သူ့ကို ကိုယ့်ဘဝထဲ ပေးဝင်မလဲဆိုတာကို
သေချာစစ်ထုတ်နိုင်တဲ့ ဦးနှောက်နဲ့
ဆင်ခြင်တုံတရားလည်း ရှိရပါမယ်။
လူတိုင်းအတွက် ကိုယ့်တံခါးကို အမြဲဖွင့်မထားပါနဲ့။
သင့်တန်ဖိုးကို နားမလည်သူတွေအတွက်
"နှုတ်ဆက်ခြင်း" ကသာ အကောင်းဆုံးသော တုံ့ပြန်မှု ဖြစ်ပါလိမ့်မယ်။
―ယနေ့အတွက်အကောင်းဆုံးကဗျာတစ်ပုဒ်

❤5🥰1
🩵 𝙃𝙖𝙥𝙥𝙮 𝟑 𝙮𝙚𝙖𝙧 𝟏 𝙢𝙤𝙣𝙩𝙝 𝙖𝙣𝙣𝙞𝙫𝙚𝙧𝙨𝙖𝙧𝙮 𝙥𝙖𝙧『 𝙇𝙖𝙔𝙖𝙪𝙣𝙜 』💙
အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ
❛ လရောင် ❜ ခြေရာတွေ စွဲကျန်ရစ်ခဲ့တဲ့ နေ့ကစလို့
ကိုယ့်ဘဝက ရူးသွပ်သွားခဲ့တယ် ။
မြေပုံပေါ်က လက်မဝက်လောက် အကွာအဝေးဟာ
ကိုယ်တို့နှစ်ဦးကြားမှာ ကီလိုမီတာ ထောင်ချီတဲ့
ပင်လယ်ပြင်ကြီး ဖြစ်လာတဲ့အခါ
ကိုယ့်အသက်ရှူသံတွေက ပုံမှန် မဟုတ်တော့ဘူး။
ဆာကူရာပန်းတွေ ကြွေတဲ့လမ်းမှာ
လွယ်အိတ်လေးလွယ်ပြီး ၊
လမ်းလျှောက်နေမယ့် မြင်ကွင်းကို
ကိုယ် မျက်စိမှိတ်ရုံနဲ့ မြင်ယောင်နေတတ်တယ် ❛ လရောင် ❜ !
ကိုယ့်ဆီက ညနေခင်းရဲ့ နေဝင်ချိန်ဟာ
❛ လရောင် ❜ ဆီမှာတော့
အမှောင်ထုတစ်ခု ဖြစ်နေလောက်ပြီ။
အချိန်ဇုန်ချင်း မတူညီတဲ့ ကမ္ဘာနှစ်ခုကြားထဲမှာ
ကိုယ့်ရဲ့ လွမ်းစိတ်တွေကတော့
0° စင်တီဂရိတ်ထက် ပိုအေးစက်ပြီး ၊
❛ လရောင် ❜ ဆီကိုပဲ အမြဲတမ်း ဦးတည်ရွေ့လျားနေတယ်။
❛ လရောင် ❜ အခန်းပြတင်းပေါက်ကနေ
လှမ်းမြင်ရမယ့် ရှူခင်းလှလှလေးတွေကို ကိုယ်အားကျတယ်။
❛ လရောင် ❜ မျက်ဝန်းတွေ ထိတွေ့ခွင့်ရတဲ့
အဲဒီရပ်ဝန်းက လေထုကို ကိုယ် ငြူစူမိတယ် ။
ကိုယ့်မှာတော့
❛ လရောင် ❜ မရှိတဲ့ ဒီမြို့ပြရဲ့ လမ်းမတွေပေါ်မှာ
❛ လရောင် ❜ အသံ ၊
❛ လရောင် ❜ ရယ်သံ၊
❛ လရောင် ❜ ရဲ့ အငွေ့အသက်တွေကိုပဲ
အမဲလိုက်ခွေးတစ်ကောင်လို လိုက်လံရှာဖွေနေမိတယ် ။
ကိုယ်သိပ်ချစ်ရတဲ့ အမျိုးသမီးလေး ❛ လရောင် ❜ရယ် ...
ကိုယ့်ဘဝရဲ့ စိတ်ဒဏ်ရာတစ်မျိုးဟာ
မီးရောင်စိမ်းစိမ်းလေးတွေပေါ်မှာ
ရှင်သန်နေရတာပဲ ။
❛ လရောင် ❜ စာပို့မယ့် အချိန်ကို
စောင့်ရတဲ့ စက္ကန့်တိုင်းဟာ ...
ကိုယ့် နှလုံးသားကို ဓားဖျားနဲ့
ဖြည်းဖြည်းချင်း မွှန်းနေသလိုပဲ ။
❛ လရောင် ❜ အိပ်ပျော်သွားတဲ့ ညဉ့်နက်သန်းခေါင်တွေမှာ
ကိုယ့်ရဲ့ လွမ်းစိတ်တွေက ပင်လယ်ကို ဖြတ်ပြီး
❛ လရောင် ❜ အိပ်ယာနံဘေးမှာ ကင်းစောင့်နေတတ်တယ်။
စက်မှုပညာ ထွန်းကားပြီး လှပလွန်းတဲ့ တိုင်းပြည် ၊
မာယာများတဲ့ မြို့ပြရဲ့ လမိုက်ညတွေအောက်မှာ
❛ လရောင် ❜ မျက်စိလည် လမ်းမှားနေမလားလို့
ကိုယ် စိုးရိမ်ရတယ်။
ပညာရေးကို အသည်းအသန် ကြိုးစားနေရတဲ့အချိန်အခြားသော အဆင်မပြေမှုတွေကြောင့် ၊
စိတ်ဖိစီးမှုတွေနဲ့ ခေါင်းကိုက်နေမလား ...
ကိုယ် ပူပန်မိတယ် ။
အချိန်ပိုင်းအလုပ်တွေ လုပ်ရင်း ၊
❛ လရောင် ❜ လက်ချောင်းလေးတွေ ၊
အေးစက်တုန်ရီနေမလား ကိုယ် ရင်တုန်မိတယ်။
❛ လရောင် ❜ ပတ်ဝန်းကျင်မှာ
ဝိုင်းဝိုင်းလည်နေမယ့် လူစိမ်းတွေရဲ့ အကြည့်တွေအောက်မှာ
❛ လရောင် ❜ ယိမ်းယိုင်သွားမှာကို
ကိုယ် ကြောက်တာမဟုတ်ဘူး ။
ကိုယ် အကြောက်ဆုံးအရာက...
❛ လရောင် ❜ အရမ်းပင်ပန်းပြီး ငိုချင်တဲ့ အချိန်တွေမှာ
ကိုယ် ❛ လရောင် ❜ အနားမှာ ရှိမနေပေးနိုင်တာကိုပဲ။
❛ လရောင် ❜ မျက်ရည်တွေကို သုတ်ပေးဖို့
ကိုယ့် လက်ဖဝါးတွေက
မိုင်ပေါင်းများစွာ ဝေးကွာလွန်းနေတာကြောင့်
ကိုယ့်ကိုယ်ကို အပြစ်မရှိ အပြစ်ရှာပြီး နာကျင်စေတယ်။
ယဉ်ကျေးမှုအသစ်၊
လူနေမှုစနစ်အသစ်တွေကြားထဲမှာ
❛ လရောင် ❜ တစ်ယောက်တည်း ရုန်းကန်နေရတာကို တွေးတိုင်း
ကိုယ့် ရင်ဘတ်ထဲမှာ
မီးတောင်တစ်ခု ပေါက်ကွဲလုမတတ်ပဲ။
ရာသီဥတုက အေးစက်စက်နဲ့ နှင်းတွေကျတဲ့နေ့တွေမှာ
နွေးနွေးထွေးထွေး နေရဲ့လား ?
ထမင်းကော မှန်မှန်စားရဲ့လား ?
နေမကောင်းထိုင်မသာ ဖြစ်ခဲ့ရင် ဘယ်သူက ပြုစုမလဲ ?
အဲသလို ပူပန်ခြင်း လှိုင်းတံပိုးတွေက
ကိုယ့် ရဲ့ ညဉ့်နက်သန်းခေါင်တွေကို
အမြဲတမ်း ဓားစာခံလုပ်တယ် ❛ လရောင် ❜ ရဲ့ ။
ကိုယ်တို့နှစ်ဦးရဲ့ အချစ်ဟာ
လူချင်းဝေးပေမယ့် စိတ်ချင်းနီးတယ်ဆိုတဲ့
ရိုးအီနေတဲ့ စကားလုံးတွေထက် ပိုနက်ရှိုင်းပါတယ် ။
❛ လရောင် ❜ ဆီမှာ လှပတဲ့
မြို့ပြရဲ့ သွေးဆောင်မှုတွေ ရှိနိုင်သလို
ကိုယ့်ဆီမှာလည်း ခြောက်ကပ်တဲ့ နေ့ရက်တွေရဲ့ အထီးကျန်မှုတွေ ရှိတယ်။
ဒါပေမဲ့ ကိုယ်တို့နှစ်ဦး ကြားထဲမှာ
တည်ဆောက်ထားတဲ့ "သစ္စာတရား" ဆိုတဲ့ တံတိုင်းကြီးက
ဘယ်လို မုန်တိုင်းမျိုးကြောင့်မှ ပြိုကျမှာ မဟုတ်ဘူး ။
ကိုယ့်အပေါ်ကို သစ္စာရှိပေးပါ ❛ လရောင် ❜ ...
❛ လရောင် ❜ မျက်ဝန်းတွေက ကိုယ့်ကိုပဲ ကြည့်ပြီး
❛ လရောင် ❜ နှလုံးသားထဲက အခန်းငယ်လေးမှာ
ကိုယ် တစ်ယောက်တည်းကိုပဲ
အမြဲတမ်း နေရာပေးထားပါ ။
❛ လရောင် ❜ ပတ်ဝန်းကျင်မှာ
ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိတဲ့အရာတွေ ရှိနေပါစေ ၊
ကိုယ်တို့ ဖြတ်သန်းခဲ့တဲ့
အတိတ်က ကတိစကားတွေကို
ရင်ဘတ်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေးပါ။
အကွာအဝေးဆိုတာ
ချစ်ခြင်းတရားကို တိုင်းတာတဲ့ ပေတံမဟုတ်ဘူး၊
ဒါဟာ ကိုယ်တို့နှစ်ဦးရဲ့ သစ္စာတရားကို
Cupid က စမ်းသပ်နေတဲ့ စာမေးပွဲတစ်ခုပဲ။
ကိုယ် ❛ လရောင် ❜ကို ယုံကြည်တယ် ။
❛ လရောင် ❜ ကိုယ့်အပေါ် ထားတဲ့ အချစ်တွေကို
ကိုယ် ယုံကြည်တယ် ။
အဲဒီယုံကြည်မှုကပဲ
ကိုယ့်ကို နေ့ရက်တိုင်းမှာ ရှင်သန်ခြင်းဆေးတစ်ခွက် !
ကမ္ဘာတဖက်ခြမ်းမှာ
❛ လရောင် ❜ မရှိလို့ ဘယ်သူ့ကိုမှ
မျှဝေမသုံးစွဲတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့
❛ လရောင် ❜ ကိုပဲ အမြဲစောင့်နေမယ် ။
ကျောင်းပြီးလို့ အခြေအနေတွေ
အဆင်ပြေသွားတဲ့ တစ်နေ့မှာ
ကိုယ့်ဆီကို ပြန်လာမလား ?
ကိုယ်က ❛ လရောင် ❜ ဆီကို လိုက်ရမလား ?
ဘယ်လိုပဲဖြစ်ဖြစ်...
အဲဒီနေ့ဟာ ကိုယ့်ဘဝရဲ့
အပျော်ရွှင်ရဆုံးနဲ့ ရင်ခုန်ရဆုံး နေ့ရက်ဖြစ်လိမ့်မယ် ။

❤🔥8❤2😇2💘2🥰1😢1🐳1🆒1
ကိုယ်တို့နှစ်ဦး လက်ချင်းချိတ်ပြီး
လူတကာ အားကျရတဲ့
မင်္ဂလာ ခန်းမထပ်ကို လျှောက်လှမ်းကြမယ် ။
❛ လရောင် ❜ လက်သူကြွယ်မှာ
ကိုယ် စွပ်ပေးမယ့် လက်စွပ်လေးဟာ
ကိုယ်တို့နှစ်ဦးရဲ့ ဒုက္ခတွေကို ကျော်ဖြတ်ခဲ့တဲ့
အောင်ပွဲခံ တံဆိပ်တစ်ခုပေါ့ ။
လက်ထပ်တယ်ဆိုတာ
လူမှုရေးအရ စာချုပ်ချုပ်တာထက်
ဘဝနှစ်ခုကို ပေါင်းစည်းလိုက်တာပဲ ။
❛ လရောင် ❜ ရဲ့ မနက်ခင်းတွေမှာ
ကိုယ့် မျက်နှာကို အရင်ဆုံး မြင်စေရမယ် ။
တစ်ယောက်ရဲ့ အားနည်းချက်ကို
တစ်ယောက်က ဖြည့်ဆည်းရင်း ၊
ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်မယ် ။
အဝေးကနေ လွမ်းခဲ့ရတဲ့ နေ့ရက်တွေအတွက်
ကိုယ်တို့နှစ်ဦး အတိုးချပြီး ချစ်ကြမယ် ။
ကောင်းကင်မှာ ကြယ်တွေ ဘယ်လောက်ပဲ စုံစုံ ၊
❛ လရောင် ❜ ရဲ့ ရွှန်းလဲ့လဲ့ မျက်ဝန်းတွေလောက်
လှမှာမဟုတ်ဘူး။
မနက်ခင်း နေရောင်ခြည်က
ပြတင်းပေါက်ကနေ ဖြာကျလာတဲ့အခါ ၊
ကော်ဖီနံ့သင်းသင်းလေးနဲ့အတူ
❛ လရောင် ❜ ကို ကိုယ် နှိုးမယ် ။
မျက်လုံးလေး ကလယ်ကလယ်နဲ့
ဆူပုတ်ပုတ် လုပ်နေရင်တောင် အဲဒီ မြင်ကွင်းဟာ
ကိုယ်အတွက်တော့ ကမ္ဘာ့အလှဆုံး သက်ရှိပန်းချီကားပဲ ။
ကိုယ်တို့ တူတူ မနက်စာကို ချက်ပြုတ်မယ် ။
❛ လရောင် ❜ ကြိုက်တဲ့ ဟင်းလျာတွေကို
ကိုယ်သင်ယူပြီး ချက်ပေးမယ် ။
မီးဖိုချောင်ထဲမှာ ဆားနဲ့ ငံပြာရည် လုရင်း ၊
ကိုယ်တို့နှစ်ဦးရဲ့ ရယ်သံတွေက
တောင်ပေါ်အိမ်လေးမှာ လွင့်ပျံနေလိမ့်မယ်။
ညနေဘက် ကိုယ် အလုပ်ကပြန်လာချိန်တွေမှာ
အိမ်တံခါးဝမှာ ဆီးကြိုနေမယ့်
❛ လရောင် ❜ ရဲ့ အပြုံးလေးတစ်ခုဟာ
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းသမျှတွေကို
အရည်ပျော်ကျသွားစေနိုင်တယ် ။
တူတူထိုင်ပြီး ရုပ်ရှင်ကြည့်မယ် ။
ကြောက်စရာကောင်းတဲ့ သရဲကားကြည့်ရင်း
ကိုယ့် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမယ် ။
❛ လရောင် ❜ ကိုယ့်ပုခုံးပေါ်မှာ မှီကျလာတဲ့အထိ
ကိုယ်တို့ဟာ အချိန်တွေကို ရပ်တန့်ထားချင်ကြလိမ့်မယ် ။
အိမ်ထောင်သည် ဘဝဆိုတာ
ကြီးကျယ်ခမ်းနားနေဖို့ မလိုပါဘူး ။
ငြိမ်းချမ်းနေရင် ကိုယ်တို့နှစ်ဦး တူတူရှိနေရင် ပြီးတာပါပဲ။
ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့
ကိုယ်တို့ရဲ့ နေ့ရက်တွေကို
Lollipop လို ချိုမြိန်စေရမယ် ။
စိတ်ကောက်ရင်လည်း ကိုယ်ကပဲ အရင်ချော့မယ် ။
ဘာလို့လဲဆိုတော့
❛ လရောင် ❜ က ကိုယ်ဘဝရဲ့ မရှိမဖြစ်လေးမို့ ။
ကမ္ဘာပတ်မယ့် ခရီးသည်နှစ်ဦး
အဝေးမှာ ရှိစဉ်က မြေပုံတွေကိုပဲ ကြည့်ပြီး
စိတ်ကူးယဉ်ခဲ့ရသမျှကို
ကိုယ်တို့ လက်ထပ်ပြီးရင် အပြင်မှာ တူတူ အကောင်အထည်ဖော်ကြမယ်။
ခရီးစဉ်အသစ်တွေ၊ လမ်းမအသစ်တွေပေါ်မှာ
ကျောပိုးအိတ်တစ်လုံးစီ လွယ်ပြီး ၊
ကမ္ဘာကြီးရဲ့ အလှဆုံးနေရာတွေကို ရှာဖွေကြမယ် ။
မရောက်ဖူးသေးတဲ့နေရာ ၊ မသွားဖူးသေးတဲ့ ဒေသတွေ
မကြုံဖူးသေးတဲ့ ဓလေ့တွေကို အတူတူလေ့လာကြမယ် ။
ခရီးသွားရင်း ကြုံတွေ့ရမယ့် သူစိမ်းတွေ၊
ယဉ်ကျေးမှုတွေကြားမှာ
ကိုယ်တို့နှစ်ဦးရဲ့ အချစ်က ပိုပြီး ၊
ရင့်ကျက်ခိုင်မာလာလိမ့်မယ် ။
ခရီးသွားမှတ်တမ်း စာအုပ်လေးထဲမှာ
တူနှစ်ကိုယ် ရယ်မောသံတွေ၊
အမှတ်တရတွေပဲ ပြည့်နှက်နေရမယ်။
စိတ်ကူးယဉ် အနာဂတ်ကနေ
ပစ္စုပ္ပန်ရဲ့ အခန်းငယ်ထဲကို ပြန်နိုးထလာတဲ့အခါ ၊
ကိုယ့်ရှေ့မှာ ရှိနေတာက
❛ လရောင် ❜ ဓာတ်ပုံလေးတစ်ခုပဲ ။
ဒါပေမဲ့ ဒီဓာတ်ပုံလေးက
ကိုယ့်ကို စိတ်ခွန်အားတွေ အများကြီး ပေးတယ် ။
ကိုယ်တို့နှစ်ဦးရဲ့ အနာဂတ်ခရီးလမ်းဟာ
ဒီထက်မက ပိုလှပလာဦးမှာမို့
❛ လရောင် ❜ ရေ ...
အခုချိန် တဒင်္ဂလေး အဝေးမှာ အဆင်ပြေအောင် နေပေးပါ ။
စာမေးပွဲတွေကို အောင်မြင်အောင် ဖြေဆိုပါ ။
ကျန်းမာရေးကို ဂရုစိုက်ပါ ။
ပြီးတော့...
ကိုယ့်ကိုလည်း အမြဲတမ်း သတိရပေးပါ ၊
ကိုယ်တို့ကြားက မိုင်တိုင်တွေဟာ
ကိန်းဂဏန်းတွေ သက်သက်ပါပဲ ။
ကိုယ့်နှလုံးသားရဲ့ ရင်ခုန်နှုန်းတိုင်းက
❛ လရောင် ❜ အမည်နာမကိုပဲ တမ်းတနေတာ ။
တစ်နေ့ကျရင်...
ကိုယ်တို့ တူတူ ဖြတ်သန်းရမယ့် ဘဝကြီးက
စောင့်ကြိုနေတယ် ။
လက်ထပ်ပြီးနောက်ပိုင်း ..
အရွယ်တင် အိုမင်းသွားတဲ့အထိ ၊
ဆံပင်တွေ ဖြူသွားတဲ့အထိ ၊
❛ လရောင် ❜ လက်ကို တွဲထားပေးမယ် ။
ကိုယ့်ကိုယ်ကို ချစ်တာထက်
❛ လရောင် ❜ ကို ပိုပြီးချစ်မြတ်နိုးရတယ် ။
ကိုယ်သိပ်ချစ်ရသော အမျိုးသမီးငယ်လေးဆီသို့ ...
𝙃𝙚𝙡𝙡𝙞𝙣 𝙃 💙 𝙃𝙚𝙡𝙚 𝙉𝙖
၂၄/ ၅ /၂၀၂၆

❤4😇2❤🔥1🥰1🕊1💯1💘1🦄1