ကဗျာ (စာတို)🍀
223 subscribers
116 photos
11 videos
7 links
Download Telegram
Ai လေးနပ်လှနေလို့ 🤪🤭


#phoo
🔥2
Channel ကြီးက တိတ်ဆိတ်လို့...
သူ့လိုပဲ အရာအားလုံးက ကျောခိုင်းသွားကြတယ် 🥺



#phoo
မအားလို့လာမတင်ဖြစ်တာပါ ပြန်တင်ပါ‌တော့မယ် 💋




#phoo
1
လမ်းခွဲလိုက်ပါပြီ 😞😞😞🥀






#phooလမ်းခွဲတာကြာပေမယ့် သတိရလို့လာပြန်တင်တာပါ သူမြင်ရင်ကောင်းမယ်
💔1
တစ်နေ့မှ မေ့မရသူလေးသို့

လူတစ်ယောက်မှာ
သူ့အကြောင်း ဒဏ္ဍာရီတစ်ခု
ရှိသင့်တယ်မဟုတ်လား။
အရာရာဟာ
မြေကြီးပေါ် တုတ်ချောင်းနဲ့ရေးခြစ်ထားသလို
ဖြစ်လွယ် ပျက်လွယ်တွေချည်းပါပဲကွယ်။

မင်းတစ်ဘ၀လုံး ကြေကွဲကျန်ရစ်ရအောင်ဆိုပြီး
ငါ့ကိုယ်ငါလည်း အဆုံးမစီရင်ရဲ
ဒါဆို
သေနတ်ပြောင်းထဲ ချောင်းကြည့်ရင်း
ခလုတ်နှိပ်မိတဲ့လူတစ်ယောက်ရယ်လို့
လူတွေ ပြက်ရယ်ပြု ကျန်ရစ်ကြမှာပေါ့
ငါ့ရဲ့ အကောင်းဆုံးကို ငါလုပ်မပြီးသေးသမျှ
ဘယ်အရာပေါ်မှာမှ
ငါ့ကိုယ်ငါ မပုံခဲ့နိုင်ဘူး။

ငှက်တစ်ကောင်ဟာ
ကောင်းကင်တစ်ခုတည်းမှာ နှစ်ခါပျံသန်းနိုင်ဖို့
နေမင်းကြီးကို တစ်ကြိမ်ပတ်ရတယ်။

တစ်နေ့မှ မေ့မရသူလေးရေ
သည်တစ်ညနေခင်းလေးပဲဖြစ်ဖြစ်
အကောင်းတိုင်း တင်ကျန်ရစ်ဖို့
တောင့်ခံထားရသူပါ။

ငါက ဂျူးလိယက်ဆီဆာလိုပဲ
ကိုယ့်ရန်သူတွေရဲ့ စာရင်းကို မှတ်မထားတတ်ဘူး။
ကိုယ့်နာမည် ဘယ်သူတုန်းရယ်လို့
ကိုယ့်ဟာကိုယ် ပြန်မေးရတဲ့ အခါမျိုးတွေမှာတော့
သေနတ်ပြောင်းထဲ ချောင်းကြည့်မိပြန်ရဲ့။

မင်းဖို့ဒဏ္ဍာရီတစ်ခုပေါ့ကွယ်။       ။

-ပိုင်စိုးဝေ ( ဒီဇင်ဘာ၊ ၁၉၉၇ )
2
ဇာတ်ကားကောင်းများ
ကြည့်ရှုခံစားရန်

https://t.me/kmove1123
1
ဖူးရဲ့ acc ခိူးခံလိုက်ရလို့ပါ အကောင့်ထဲကသူတွေကိုလဲ ဖူးပိူ့တာမဟုပ်ပါဘူးနော် ပိး‌ောတ့ သူ့ဘာသာ အလိုလိုပို့ပီး အလိုလို block ပိးသားဖစ်သွားတာပါ 🥺🥺





#phoo
1
ကျမျက်ရည်

မင်း ကြုံတွေ့ခဲ့ရတဲ့ သေမင်းခံတွင်းထက်
အခု အမေတို့ကြုံတွေ့နေရတဲ့ ဆင်းရဲတွင်းက
ပိုနက်ရှိုင်းလှတယ်ဆိုတာ
ငါ့သားလေး လက်တွေ့မြင်ရပြီမို့လား လို့ပြောပြီး
အမေက ငိုယိုပြ
မိဂသမ္မတာမြစ်တစ်စင်းပမာ။

ကိုယ်က အမေ့ကျမျက်ရည်တွေအတွက်
အမေ့ရှေ့မှာပဲ ကိုယ့်မျက်ရည်ကို နှစ်ဆ ပိုငိုရ
နေရဥ္ဇရာမြစ်တစ်စင်းပမာ။

"ချစ်သမီး ကိသာဂေါတမီ
မသေဖူးတဲ့အိမ်က မုန်ညင်းစေ့ကို ယူလာခဲ့ပါ"
မငိုဖူးတဲ့ မျက်ဝန်းဆိုတာလည်း
ဒီကမ္ဘာပေါ်မှာ ရှိနိုင်ပါ့မလား။

လူတစ်ယောက်ဟာ ပေါက်ဓားတစ်ချောင်းကို
လိမ်ညာပြီး ပစ်ပေါက်လို့ရနိုင်တယ်
လူတစ်ယောက်ဟာ တိုင်းပြည်တစ်ပြည်ကို
လိမ်ညာပြီး ချစ်ပြလို့ရနိုင်တယ်
လူတစ်ယောက်ဟာ ကျမျက်ရည်ကိုတော့
လိမ်ညာပြီး ကျပြလို့ရနိုင်ပါ့မလား။

ရှင်နဲ့ပတ်သက်ပြီး
ကျွန်မဘယ်တော့မှ မျက်ရည်ကျနေမှာမဟုတ်ဘူးလို့
မျက်ရည်တွေ တပေါက်ပေါက် ကျပြီး
ငိုယိုလမ်းခွဲသွားသူ
တစ်ခါက အချစ်ကလေးရေ
ကိုယ်တို့တွေ
လူအချင်းချင်းထက်
မျက်ရည်အချင်းချင်း လှမ်းချစ်ကြရအောင်။ ။

-လူဘုန်း
1
တစ်ချို့ တစ်ချို့
မျှော်လင့်ချက်တွေမှာလည်း
ဘဝတွေပါတယ်အချစ်ရဲ့
ဒါကိုမင်းသိခဲ့ရင်သိပ်ကောင်းမယ်။


#crd
1
အချစ်ဟာ
ပင်လယ်ထဲရောက်တဲ့
လှေတစ်စင်းနဲ့တူတယ်
စချစ်ခဲ့တဲ့နေ့ကစလို့
ကမ်းလဲမမြင်တော့ဘူး
လမ်းလဲမမြင်တော့ဘူး။



#crd
2
မြို့နာမည်လေးတစ်ခုကြားရုံနဲ့
နှလုံးသားဟာ
သူ့ဆီပြန်ပြန်ရောက်သွားတယ်။


- လင်း
ဝေးရာအရပ်သို့
ပျံသန်းသွားတဲ့ငှက်ငယ်လေးရေ
ဘယ်ကိုင်းမှာဘဲနားနား
ခလုတ်မထိ
ဆူးမငြိပါစေနဲ့။


- လင်း
1
ဦးနှောက်ရှိသ၍

မှတ်မိနေဦးမှာဖြစ်ပြီး

နှလုံးသား ရှိသ၍

ခံစားနေဦးမှာဖြစ်တယ် ။

-ဂန္ဓမာ
2
လှည့်ကြည့်စရာမလိုအောင်
ချစ်ခဲ့တာမို့ မလွမ်းဘူးလားလို့
မေးလာခဲ့ရင်
ကျွန်တော်မညာချင်ပါဘူး
သိပ်လွမ်းတာပေါ့။


#poetroy@Poetryoffical
2❤‍🔥1
ရင်နာနာနဲ့ လိမ်ညာခဲ့ရတဲ့
မုသားတွေပါဗျာ
တကယ်ဆိုရင်လေ
မ မရှိတော့မယ့်ရပ်ဝန်းတိုင်းဟာ
ကျွန်တော့်အတွက်တော့
လေထုကင်းမဲ့သွားတဲ့
ဇုန်သပ်သပ်ရယ်ပါ။


- လင်း
💔2
ကံဘဲကုန်ကုန်
ပြန်ဘဲမဆုံဆုံ
မင်းစိတ်ထဲမှာ
ငါမှငါဖြစ်နေပြီး
ငါ့စိတ်ထဲမှာလည်း
မင်းမှမင်း
ဖြစ်နေသ၍
ငါတို့ဟာရိုးမြေကျဘဲ။


- လင်း
2
နှင်းတွေကို ဓားအိမ်ဖြစ်အောင်
ဘယ်လို ယက်ဖွဲ့ရမလဲ
ငါကတော့ ဆောင်းရာသီကို
ဓားတစ်လက်လို့ပဲ မြင်တယ်။

-တာရာမင်းဝေ
3
ဆေးလိပ်ထက် "မမ"ရဲ့
မျက်စောင်းတွေကိုကြောက်ပါတယ်။
အရက်ထက် "မမ" ရဲ့
မျက်နှာညိုးမှာဆိုးပါတယ်။
"မမ"ကကျနော့်ရဲ့
အလင်းရောင်းပေးပြီးလမ်းပြတဲ့
ခက်သေးသေးပိုးစုန်းကြူးလေးပါ။
တစ်နည်းအားဖြင့် ကျနော့လောကငယ်ရဲ့မီးပြတိုက်ကြီးလဲဟုတ်ပါတယ်။
"မမ"ရဲ့ပျိုးထောင်မှုနဲ့တူ
ကောင်းမွန်စွာရှင်သန်မဲ့သူပါ။
ကျနော်ဟာ"မမ"ထိန်းချုပ်ထားတဲ့
ကမ္ဘာငယ်လေးပါ။
လူကြီးဆန်ဆန်နေတက်တဲ့
"မမ"ကိုသိမ့်ချစ်ပါတယ်။
"မမ"ကိုသိမ့်မြတ်နိုးပါတယ်။
"မမ"ကိုတန်ဖိုးထားပါတယ်။

"မမ"က
အားဆေးလေးတစ်ခွက်ပါ။
"မမ"က
မနက်ဖြန်တိုင်းရဲ့အနာဂတ်လေးပါ။
ဒါနဲ့လေ
"မမ"အပြုံးလေးတွေရယ်
"မမ"ပါချိုင့်လေးတွေရယ်
သွားတက်ဖွေးဖွေးလေးတွေရယ်
အဲ့ဒါလေးတွေကျန်‌သေးတယ်
အဲဒါလေးတွကိုလည်း
ချစ်ပါ‌သေးတယ်"မမ"ရေ။

_ဦးခက်ဂုဏ်{ပုဂံ}
_ရိုးမြေခ

#kaung@Poetryoffical
3🔥1🍓1