Poets of the Caribbean Book House
64 subscribers
3 photos
1 file
Build a big book shelf with your balance
Download Telegram
(ဆောင်းပါး)

ထင်းရှုးပင်ရိပ်၊ စိန်ခြူးကြာညောင် နှင့် ကွန်မြူနစ် ကြေညာစာတမ်းမှ သစ္စာရှာဖို့ ငါမြင်းစီးမယ် သို့

17 July 2022 By MPA

“ပစ္စည်းမဲ့ လူတန်းစားမှာ ဘာမှ ဆုံးရှုံးစရာ မရှိဘူး၊ နှောင်ကြိုးပဲ ဆုံးရှုံးစရာ ရှိတယ်”လို့ ကမ္ဘာတုန်အောင် ဟစ်ကြွေး လိုက်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ကတော့ “စိန်ခြူးရယ်တဲ့ ကြာညောင်ကြာညောင် ကောင်းတုန်းပဲ”။

ထိုစကားသည် မကြာသေးခင် ရက်ပိုင်းကမှ ကွယ်လွန်သွားသော အမျိုးသားစာပေ တစ်သက်တာ ဆုရှင် စာရေးဆရာ၊ ကဗျာဆရာကြီး စာပေပညာရှင် ဆရာ မောင်သာနိုး၏ အမှတ်ရစရာ စကားပင် ဖြစ်ပါသည်။

လွန်ခဲ့သော နှစ် ၅၀ ကျော် ၁၉၆၈ ခုနှစ်က မြန်မာ မော်ဒန်ကဗျာ လမ်းကို ဖောက်ထွင် လျှောက်လှမ်းစေခဲ့သည့်၊ အနောက်တိုင်း မော်ဒန် ကဗျာများကို စုစည်း ဘာသာပြန်ထားသော ထင်းရှုးပင်ရိပ် အမည်ရှိ စာအုပ်ကို ဆရာ မောင်သာနိုး ထုတ်ဝေခဲ့ပါသည်။

အထက်ပါ စကားသည် ဆရာ မောင်သာနိုး ကိုယ်တိုင် ရေးသားထားသော ထင်းရှုးပင်ရိပ် စာအုပ် ၏ “စိန်ခြူးကြာညောင် နဲ့ ကွန်မြူနစ် ကြေညာစာတန်း” (မူလ သတ်ပုံအတိုင်း) ခေါင်းစဉ်တပ် အမှာစာထဲက ဖြစ်ပါသည်။

ထင်းရှုးပင်ရိပ် စာအုပ်သည် ကမ္ဘာမှာ အရှေ့ကို ရွေ့လှမ်းနေပြီဖြစ်သည့် အနောက်တိုင်း ခေတ်ပေါ် မော်ဒန် ကဗျာများနှင့် မိတ်ဆက် ပေးထားသော စာအုပ် ဖြစ်ပါသည်။

သူများတကာတွေ ရေနွေးငွေ့ကို ကကြိုးတန်ဆာဆင်ပြီး စက်ကြီးတွေ၊ ယာဉ်ကြီးတွေ မောင်းနှင်လာနေချိန်မှာလည်း ကျွန်တော်တို့က “ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်”တုန်းပဲ။

သူများတကာတွေ ကျောက်တိုင် ကျောက်လုံးကြီးတွေနဲ့ နန်းတော်ကြီးတွေ၊ ဘုရားကျောင်းကြီးတွေ တည်ဆောက် နေကြချိန်မှာ ကျွန်တော်တို့က သစ်ကလေး ဝါးကလေးနဲ့ “သစ်ခက်တဲနန်း” အပြိုင်ဆောက်ကြတုန်းပဲ ဟုလည်း ဆရာက မြန်မာ ကဗျာလောက ခေတ်နောက်ကျနေပုံကို အမှာစာမှာ ဥပမာပေး ရေးသားထားပါသည်။

“မော်ဒန် မြန်မာ ကဗျာရယ်လို့ မူးလို့မှ ရှုစရာ မရှိသေးပါဘူး” ဟုလည်း အားမလို အားမရ လေသံ နှင့် ပြောဆိုထားပါ သေးသည်။

ဤသည်ပင် ဆရာ မောင်သာနိုး ၏ စာပေ စေတနာ ထက်သန်မှုကို ပြသနေသော စာတစ်ပုဒ်၊ တခုတ်တရ လေ့လာ ဖတ်ရှုရသော အထင်ကရ အမှာစာလည်း ဖြစ်ပါသည်။

အစဉ်အလာ လောင်းရိပ်အောက်က မြန်မာကဗျာ လောကကို လှုပ်နှိုးလိုက်သလို တပ်လှန့် နှိုးဆော်လိုက်ခြင်းလည်း ဖြစ်ပါသည်။

ထင်ရှုးပင်ရိပ် စာအုပ်ထဲမှာ ထိုစဉ်ကာလ လေ့လာ မှတ်သားစရာ မော်ဒန် ကဗျာများ ဖြစ်သော အင်္ဂလိပ် ကဗျာ၊ ပြင်သစ် ကဗျာ၊ ဂျာမန် ကဗျာ၊ စပိန် ကဗျာ၊ အီတလီ ကဗျာ၊ ရှရှား ကဗျာ ဆိုပြီး ကဏ္ဍများ ခွဲ၍ ပြုစုထားခြင်း ဖြစ်သည်။

မြန်မာ ရသ စာပေလောက အတွက် ကြိုးပမ်း အားထုတ်ခဲ့သည့် မှတ်တိုင် တစ်တိုင်လည်း ဖြစ်ခဲ့ပါသည်။
“နောက်ဆုံး အနုပညာ ကျောက်မျက်ရွဲလေးတွေကသာ ရာဇဝင် သတို့သမီးရဲ့ ဘယက်သွယ် အဖြစ် ကျန်ရစ်ခဲ့မြဲပါ” ဟုလည်း ဆရာ မောင်သာနိုးက ထင်ရှုးပင်ရိပ် အမှာစာ အဆုံးသတ်မှာ ရေးသားထားပါသည်။

ထင်းရှုးပင်ရိပ် စာအုပ်နှင့် ပတ်သက်ပြီး “သူမို့လို့ လုပ်နိုင်တာ” ဟု စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က မှတ်ချက်ပေး ချီးကျူးဖူးကြောင်း ရန်ကုန်မြို့က အမျိုးသား စာပေဆုရ စာရေးဆရာကြီး တစ်ဦးက ပြောပြပါသည်။

အချိန်ကာလအနေနှင့် မြန်မာပြည်ကလည်း အလုပ်သမား၊ လယ်သမား အခြေခံသည့် ဆိုရှယ်လစ် လမ်းစဉ်ကို သွားနေခြင်း ဖြစ်တော့ ကွန်မြူနစ် အားကောင်းလာသော ရှရှားက ကဗျာဆရာများ ဖြစ်သည့် ပွတ်ရှကင်၊ ယက်ဖ်တူရှင်ကို၊ မာယာကော့ဖ်စကီး တို့ ကဗျာများသည်လည်း ပိုမိုနီးကပ်ပြီး သြဇာသက်ရောက်မှု ရှိနေပါသည်။

နောက်ပိုင်း ၂၀၁၈ က ထွက်သည့် “မောင်သာနိုး ရဲ့ နိုင်ငံရေး အမြင်” စာအုပ်မှာတော့ ရုရှား၊ တရုတ် ကွန်မြူနစ်၊ ဆိုရှယ်လစ်များကို ဝေဖန် ရေးသားထားသည်ကိုလည်း တွေ့ရှိရပါသည်။

ဆရာ မောင်သာနိုးက ရှရှား ကဗျာဆရာ မာယာကော့ဖ်စကီး ၏ “ဘောင်းဘီဝတ် မိုးတိမ်” (A Cloud in Trousers) ဆိုသော ကဗျာရှည် တစ်ပုဒ်ကိုလည်း ၁၉၆၉ မှာ ဘာသာပြန် ထုတ်ဝေပေးခဲ့ပါသေးသည်။
ဘောင်းဘီဝတ် မိုးတိမ် ကဗျာသည် မူလက “၁၃ ပါးမြောက် သာဝက” လို့ အမည်ပေးထားခြင်း ဖြစ်ပြီး ဆင်ဆာကြောင့် ဘောင်းဘီဝတ် မိုးတိမ် ဖြစ်သွားရခြင်း ဖြစ်သည်ဟု သိရပါသည်။

ဘောင်းဘီဝတ် မိုးတိမ် ကဗျာကို ၁၉၁၄-၁၅ မှာ မာယာကော့ဖ်စကီး ရေးသားခဲ့ခြင်း ဖြစ်သည်။

ကဗျာသည် သာမန်ပုဂ္ဂလိက ဒုက္ခဆင်းရဲကနေ အများပြည်သူ ဒုက္ခဆင်းရဲအထိ ဆွဲယူသွားနိုင်ပြီး ကမ္ဘာ့သမိုင်းမှာပါ ထင်ရှားခဲ့သော ၁၉၁၇ ခုနှစ် အောက်တိုဘာလမှာ ပေါ်ထွန်းလာသည့် ရှရှား အောက်တိုဘာ တော်လှန်ရေးကြီးကို နိမိတ်ဖတ်နိုင်ခဲ့သည့် ကဗျာ ဖြစ်သည်ဟုလည်း ဆိုပါသည်။

ဘောင်းဘီဝတ် မိုးတိမ်၏ သြဇာကြီးမားမှုက ၁၉၇၇ မှာ “ဂန္ထဝင် မမ” ဆိုသော မြန်မာ ခေတ်ပေါ် မော်ဒန် ကဗျာရှည် တစ်ပုဒ်ကို မွေးဖွား သန့်စင်စေခဲ့ပြီး မော်ဒန် ကဗျာဆရာ အောင်ချိမ့် ဆိုသည်ကိုလည်း ပိုမို ခိုင်ခန့်စေခဲ့ပါသည်။

ဂန္ထဝင် မမ ကဗျာကို ရေးပေးသော ဆရာ မောင်သာနိုး၏ အားမနာစတမ်း ဝေဖန်ဆန်းစစ် လမ်းသစ်ကို ပြပေးသည့် အမှာစာသည်လည်း ပြောစမှတ်ပြုခဲ့ရပါသည်။

“ကဗျာဟာ ကဗျာကောင်း ပီသရမယ်။ စကားပြေကို ကာရန်နဲ့ သီတာထက် အဆင့်မြင့်ရမယ်။ ဒါပေမယ့် အီဂျစ် ကျောက်စာသာ ဖြစ်သွားရင်လည်း သမိုင်းပြတိုက် အဖို့သာ နေရာရှိလိမ့်မယ်။
5
ဂန္ထဝင်မမ နဲ့ တလှမ်းတက်ခဲ့ပြီးနောက် ရှေ့တလှမ်းမြင့်ခဲ့ပြီလို့ ကျနော်မြင်ထားတဲ့ ကဗျာရေးသူ အောင်ချိမ့် လမ်းရွေးရတော့မယ်” ဟုလည်း ဆရာ မောင်သာနိုးက အမှာစာကို အဆုံးသတ်ထားပေးပါသည်။

ကဗျာဆရာ မောင်သင်းခိုင် ၏ ဘာသာပြန် ကဗျာ တစ်ပုဒ်ကို တည်းဖြတ်ပေးတုန်းက အတွေ့အကြုံကို ပြန်ရေးပြ ထားသည်ကိုလည်း အမှတ်ရမိပါသည်။

ဥပမာ - ကိုသင်းခိုင် ဘာသာပြန်ထားတဲ့ ဒီကဗျာစုထဲမှာ တပုဒ်က ဒီလိုပါတယ်။
Plant
Chop
Pick!
စကားလုံး နည်းနိုင်သလောက် နည်းနည်းသုံးထားတဲ့ အဲဒီကဗျာထဲက ဒီအပိုဒ်မှာဆိုရင်၊ တပါဒ အက္ခရာတလုံးပဲ (ဧကက္ခရ) သုံးထားတာ တွေ့ရမယ်။ တလုံးတည်း သုံးထားလို့ ပြောချင်တာကို ခွန်အားအပြည့်နဲ့ အားရပါးရ ကျုံးအော်လိုက်သလို ကျနော်တို့ ခံစားလိုက်ကြရတယ်။ ဒါကို ကိုသင်းခိုင်က အက္ခရာ နှစ်လုံးစီနဲ့ ဘာသာပြန်ထား လေတော့ မူရင်းလောက် အားမရှိတော့ဘဲ ကနွဲ့ကလျ ဖြစ်သွားရတယ်။ ဒါကို ကျနော်က တလုံးစီဖြုတ်ပေးလိုက်တယ်။
စိုက်
ဖြတ်
ဆွတ်
ရယ်လို့ ဖြစ်သွားတယ်။ လွယ်လွယ်လေးပါပဲ။ ဧကက္ခရကို ဧကက္ခရ နဲ့ ဖလှယ်ပေးလိုက်တာပါပဲ။ မူရင်းလိုပဲ အားပြည့် သွားတယ်လို့ တည်းဖြတ်သူကတော့ ယူဆလိုက်တာပဲ။ ဟု ရေးထားခြင်း ဖြစ်ပါသည်။
ထိုသို့ ပွင့်ပွင့်လင်းလင်း ရေးသားတတ်မှုသည် တိုင်တားမင်းကြီး ဦးဖိုး စသည့် သူနှင့် ဘိုးဘေး ဆွေမျိုးတော်စပ်သူများ၏ မကြောက်တတ်သော အကျင့်ကြောင့်ဟုလည်း ဆရာ မောင်သာနိုးက ဘီဘီစီကို ပြောဆိုထားပါသေးသည်။

၁၉၇၇ မှာပဲ ဆရာ မောင်သာနိုးသည် အင်္ဂလိပ် ကဗျာဆရာကြီး ဆာ အက်ဒွင် အာနိုး (Sir Edwin Arnold) ၁၈၇၉ ခုနှစ်က ရေးသား ထုတ်ဝေခဲ့သော မဟာဗုဒ္ဓဝင် ကဗျာရှည်ကြီး The Light of Asia ကို “အာရှတိုက်ရဲ့ အလင်းရောင်” ဆိုသည့် အမည်နှင့် မြန်မာဘာသာ ပြန်ဆိုခဲ့ပါသည်။

“အာရှတိုက်ရဲ့ အလင်းရောင်” ကဗျာသည် အနောက်တိုင်း ကမ္ဘာ့ ဗုဒ္ဓသာသနာ လောကမှာ သမိုင်းမှတ်တိုင်ကြီး တစ်တိုင် ဖြစ်ခဲ့ရုံမက မြန်မာစာပေ လောကမှာလည်း ထူးခြား ထင်ရှားခဲ့ပါသည်။
အာရှတိုက်ရဲ့ အလင်းရောင် ကဗျာကို စာရေးဆရာကြီး အောင်သင်းက စာပေ ဟောပြောပွဲများတွင် တသီးတသန့် အနေနှင့် ဟောပြောခဲ့ပါသည်။

အထူးသဖြင့် သိဒ္ဓတ္ထမင်းသား တောထွက်ခန်း ကဗျာ စာပိုဒ်က စကားလုံး အသုံးအနှုန်းများကို အသံနေ အသံထားနှင့် အထူးတလည် ထုတ်ဖော်ပြောကြားသည်ကို မှတ်သားမိရပါသည်။

သိဒ္ဓတ္တ မာန်ဝင့် ခေါင်းကို အသာဆွဲချ၊
လည်ဝင်းဝင်းကို ပွတ်သပ်ပေးပြီး ငြိမ်တော့၊
ကဏ္ဍကဖြူ၊ ငြိမ်၊ မြင်းသည်တော် စီးဖူးသမျှ
အဝေးဆုံးခရီးမှာ ငါ့ကို သယ်ဆောင်တော့။

ကနေ့ည သစ္စာရှာဖို့ ငါ မြင်းစီးမယ်။
ရှာပုံတော် ဘယ်မှာ ဆုံးမယ် ငါ မသိဘူး။
မတွေ့မချင်း လမ်းမဆုံးမှာ တခုပဲ ငါ သိရဲ့။
ဒီတော့၊ မြင်းကောင်း၊ ကနေ့ည စွမ်းစေ၊ ရဲစေ၊
ဓားသွားတထောင်က လမ်းမပေး ဆိုစေဦးတော့၊
မတန့်လေနဲ့၊ ဘယ်တံတိုင်း ဘယ်ကျုံးကမှ ငါတို့
ခရီးကို မတားစေနဲ့....

ကြည့်၊ မင့် နံပါးကို တို့ကာ သွား ကဏ္ဍက အော်ရင် လေပွေတို့ နောက်ကျန်စေ။
မီးလို လေလိုကျင့်၊ ငါ့မြင်း။
မင့် သခင်ကို သယ် ဒါမှ ကမ္ဘာကို ကယ်မယ်။
ဒီ ကြီးမြတ်တဲ့ အမှုမှာ မင်းဝေစု ပါမယ်...။

ထိုကဗျာ စာပိုဒ်ကို ဆရာအောင်သင်းက အာရှတိုက်ရဲ့ အလင်းရောင် အကြောင်းပြောသော ဟောပြောပွဲတိုင်းလိုတွင် ထုတ်ဖော် ပြောကြားသွားခဲ့ပါသည်။

ဆရာ မောင်သာနိုးသည် ကဗျာ စာပေဆိုင်ရာ စာအုပ်များ အပြင် မြန်မာစာ မြန်မာစကား ဆိုင်ရာ၊ အင်္ဂလိပ် ဘာသာ ဆိုင်ရာ၊ ဘာသာဗေဒ ဆိုင်ရာ စသည့် စာအုပ်များ၊ ပင်ကိုရေး စာပေလက်ရာများကိုလည်း ရေးသား ပြုစုသွားပါသည်။

သူ၏ ပင်ကိုရေး ကဗျာ တစ်ပုဒ်ဖြစ်သော မောင်သိင်္ဂါ ကလောင်အမည်နှင့် ၁၉၆၅ ခုနှစ်က ရေးသည့် “မလင်းပြာသို့” ကဗျာသည်လည်း ထင်ရှားပါသည်။

“မလင်းပြာသို့” ကဗျာသည် ဗီယက်နမ် လွတ်မြောက်ရေးလှုပ်ရှားမှု အကြောင်း အခြေခံ ရေးသားထားသော ကဗျာဖြစ်ပြီး ထိုစဉ်က လူငယ်များကြား နှစ်ခြိုက်မှုရှိခဲ့သည့် ကဗျာတစ်ပုဒ် ဖြစ်ခဲ့သည်ဟုလည်း ပြောဆိုကြပါတယ်။

၂၀၀၂ ခုနှစ်မှာတော့ ဆရာ မောင်သာနိုးသည် ထင်းရှူးပင်ရိပ် ၏ အဆက် ဒုတိယ စာအုပ်အဖြစ် တောမှော်ရုံလမ်း ဆိုသော စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ပါသည်။

ထင်းရှူးပင်ရိပ်ထဲမှာ အကြောင်းကြောင်းကြောင့် မပါဝင်ခဲ့ရသော အင်္ဂလိပ်၊ အမေရိကန်၊ ဥရောပ နှင့် အာဖရိက ကဗျာများကို ပေါင်းစု ထုတ်ဝေထားခြင်း ဖြစ်ကြောင်း သိရပါသည်။

ထင်းရှူးပင်ရိပ် နှင့် တောမှော်ရုံလမ်း နှစ်အုပ်ပေါင်းလိုက်ပါက ကမ္ဘာ့ ခေတ်ပေါ် မော်ဒန်ကဗျာ အကုန်လုံးနီးပါးကို သိရှိ လေ့လာခွင့် ရရှိမှာ ဖြစ်ပါသည်။

ဆရာရေးသား ပြုစုခဲ့သော စာအုပ်များထဲက ထင်းရှူးပင်ရိပ်၊ အာရှတိုက်ရဲ့ အလင်းရောင်၊ ဘောင်းဘီဝတ် မိုးတိမ်၊ မဟာကဗျာရှည်၊ ခေတ်ပေါ် ကဗျာဆရာ လက်စွဲ (ကဗျာအကြောင်း)၊ နိုင်ငံရပ်ခြား ကဗျာများ၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ တောမှော်ရုံလမ်း၊ ဂျော့တွမ်ဆန်ရဲ့ ကဗျာ သဘောတရား၊ ဂန္တဝင်မြန်မာကဗျာ၊ ခေတ်ပေါ်အချစ် ခေတ်ပေါ်ကဗျာ၊ ခိုးစားတဲ့ သစ်သီး၊ နိရောဓသစ္စာ၊ မဟာစိန့်တိုင်း ခရီး၊ ဘာသာဗေဒ အခြေပြ၊ ဟိုက္ကုကဗျာ ခရီးသည်၊ လူထုကဗျာ၊ မြန်မာစကားနဲ့ စာပေ၊ ဆွတ်ပျံ့ဖွယ်အောင်၊ ဆိုဖီရဲ့ ကမ္ဘာ၊ မိုးတစိမ့်စိမ့် စသည့် စာအုပ်များ ထင်ရှားပါသည်။
🔥21
၂၀၁၆ ခုမှာလည်း မောင်သာနိုး ကဗျာများ အမည်နှင့် ပင်ကိုရေး ကဗျာများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့ပါသည်။

ထို ၂၀၁၆ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုကိုလည်း ဆရာအပ်နှင်းခံခဲ့ရပါသည်။
စစ်ကိုင်း ဇာတိ ဖြစ်သော ဆရာ မောင်သာနိုးသည် အထက်တန်းကျောင်းသား ဘဝကတည်းက စာပေများ ရေးသားနေခဲ့ပြီး မန္တလေး တက္ကသိုလ်မှာ ရှိချိန် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာမှာ အင်္ဂလိပ်စာ အယ်ဒီတာ အဖြစ်လည်း တာဝန်ယူခဲ့ပါသေးသည်။

မန္တလေး တက္ကသိုလ်ကနေ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ပါဠိ၊ ခေတ်သစ် သမိုင်းတို့နှင့် ဝိဇ္ဇာဘွဲ့လည်း ရရှိထားသူ ဖြစ်ပါသည်။

အင်္ဂလိပ်စာ ဆရာလည်း ဖြစ်သည့် ဆရာ မောင်သာနိုးသည် ဘဝ တလျှောက်လုံး ကဗျာ၏ အလှ သစ္စာတရားကို ရှာဖွေရင်း၊ စာပေလက်ရာ အများအပြား ရေးသားပြုစုရင်းနှင့် အသက် ၉၀ အရွယ် ၂၀၂၂ ခု ဇူလိုင်လ ၁၂ ရက် ဝါဆို လပြည့်နေ့ ညနေမှာတော့ ကဗျာလောက၊ စာလောကနှင့် လူ့ဘောင်လောကကိုပါ အပြီးတိုင် စွန့်ခွာသွားခဲ့ပါတော့သည်။

ဆရာသည် အလှ သစ္စာတရားကို ဆက်လက် ရှာဖွေရန် အတွက် အဝေးဆုံး ခရီးကို ထွက်ခွာသွားသော ခရီးသည် တစ်ဦး အဖြစ် ဆရာ့ စာပေ ကျေးဇူးများကို အောက်မေ့သတိရစွာနှင့် မှတ်ယူလိုက်မိရပါသည်။ ။

-MPA
-မောင်သာနိုး
🔥53🍾2👏1🕊1
မောင်သာနိုး_ထငိးရှူးပင်ရိပ်.pdf
6.7 MB
ထင်းရှူးပင်ရိပ်

-မောင်သာနိုး

Code - 000001
🔥65🕊3👏2
လွန်ခဲ့တဲ့ နှစ်နှစ်က လူတွေပြည့်နေတဲ့ တက္ကသိုလ်ခန်းမတစ်ခုထဲမှာ Ocean Vuong က Night Sky with Exit Wounds ထဲက ကဗျာတွေ ဖတ်ပြနေတာကို ကျွန်တော် နားထောင်ခဲ့တယ်။ အခန်းရဲ့ အဝေးဆုံးမှာ ကျွန်တော် ရှေ့ကို ကိုင်းပြီး မျက်လုံးမှိတ်လိုက်တော့ သူ့အသံကို ကျွန်တော့်ဘေးမှာ ရှိနေသလို ကြားလိုက်ရတယ်။ Vuong က ကဗျာဖတ်ရာမှာ တိကျမှုရှိတယ်။ သူ့ရဲ့စကားလုံးတွေကြားက တိတ်ဆိတ်မှုကို အပြည့်အဝ လက်ခံထားတာကြောင့် အသံတိုင်း ပြန်လည်ပဲ့တင်ထပ်သွားတယ်။ နောက်ပိုင်းမှာ The New Yorker မှာ ထုတ်ဝေထားတဲ့ “Someday I’ll Love Ocean Vuong” စာအုပ်ကို သူဖတ်နေတာကို တွေ့လိုက်ခဲ့ရတယ်။ ကျွန်တော် အဲတာကို ထပ်ခါထပ်ခါ နားထောင်ပြီး ကိုယ့်ကိုယ်ကိုယ် ရွတ်ဆိုခဲ့တယ်။ သူဘယ်နေရာမှာ ရပ်တန့်ခဲ့လဲ၊ ဘယ်စကားလုံးတွေက ထက်မြက်စေလဲ၊ ဘယ်စကားလုံးတွေက နူးညံ့စေလဲ ဆိုတာကို မှတ်မိအောင် ကြိုးစားခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုကို ဖော်ပြခဲ့တဲ့ ဒီစာရေးဆရာနဲ့ တတ်နိုင်သမျှ နီးစပ်အောင် ရေးချင်ခဲ့တယ်။ သူ့ရဲ့ ပွဲဦးထွက်ဝတ္ထု On Earth We’re Briefly Gorgeous ကို ဖတ်တုန်းကလည်း အလားတူ အသံဆွဲအားမျိုး ခံစားခဲ့ရဖူးတယ်။ ဒီဝတ္ထုက မိခင်တစ်ယောက်ဆီကို ပေးစာတစ်စောင်ဖြစ်ပေမယ့် အဲဒီစာဖတ်သူတိုင်းဆီကို ပေးထားတဲ့စာတစ်စောင်လည်းဖြစ်တယ်။

On Earth We’re Briefly Gorgeous သည် ဇာတ်လမ်းကို ရှေ့ဆက်တိုးတက်စေရန် ပဋိပက္ခကို မှီခိုအားထားခြင်းမရှိဘဲ ဂန္ထဝင်ဆန်တဲ့ အရှေ့အာရှဇာတ်ကြောင်းများ၏ kishōtenketsu ဖွဲ့စည်းပုံကို အသုံးပြုထားသည်။ Vuong သည် New York Times အတွက် Kevin Nguyen အား ပြောဆိုရာတွင်- “ဇာတ်ကြောင်းဖွဲ့စည်းပုံတစ်ခုသည် နီးကပ်မှုတစ်ခုတည်းဖြင့်သာ ရှင်သန်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း ၎င်းက အခိုင်အမာဆိုထားသည်။ နီးကပ်မှုသည် တင်းမာမှုကို တည်ဆောက်ပေးသည်။” Vuong ၏ အနုပညာလုပ်ဆောင်မှုအများစု—သူ၏လက်ရာကို အများပြည်သူရှေ့မှောက်တွင် ဖတ်ရှုခြင်းအပါအဝင်- ဒီအယူအဆများပေါ်တွင် အခြေခံထားပုံရတယ်။ နားထောင်ခြင်းနှင့် ထပ်ခါတလဲလဲလုပ်ဆောင်ခြင်း၊ ဖတ်ရှုခြင်းနှင့် ပြန်လည်ဖတ်ရှုခြင်းသည် မင်းအား သူ၏အသံနှင့် ပိုပြီး နီးကပ်မှုဆီသို့ ခေါ်ဆောင်သွားပါတယ်။

ဒီဝတ္ထုဟာ ကျွန်တော်တို့ချစ်တဲ့သူတွေနဲ့ ပတ်သက်တဲ့ အကြောက်ဆုံး နီးကပ်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ ပထမစာမျက်နှာမှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် Little Dog က “Let me begin again” လို့ ပြောပါတယ်။ သူဟာ တစ်ချိန်က သူမကို သေချာစွာ ဖုံးကွယ်ထားတဲ့ လူတွေနဲ့ အတွေးအခေါ်တွေအကြောင်း သူ့အမေဆီ စာရေးနေပါတယ်။ ဥပမာအားဖြင့် သူချစ်တဲ့ ကောင်လေးတစ်ယောက်ရှိပြီး အဲကောင်လေးကို သူမ တစ်ခါမှ မတွေ့ဖူး၊ နောက်လည်း မတွေ့တော့ပါဘူး။ ဒါပေမယ့် သူတို့နှစ်ဦးကြားက အကွာအဝေးက စာရေးခြင်းနဲ့အတူ တဖြေးဖြေး ကျဉ်းမြောင်းလာခဲ့တယ်။ သူက သူမကို လိင်ပိုင်းဆိုင်ရာအကြောင်း၊ တင်းကုပ်အပြင်ဘက်က မြစ်ထဲမှာ ရေမျက်နှာပြင်အောက်ကို ချော်လဲသွားတဲ့အကြောင်း၊ Trevor ရဲ့ လည်ပင်းနောက်က ဆံပင်အမြီးလေးကို စိုက်ကြည့်နေတဲ့အကြောင်း၊ “အလွန်နူးညံ့သိမ်မွေ့တဲ့၊ အနားသတ်တွေနဲ့ အဆုံးသတ်တွေနဲ့ ဖွဲ့စည်းထားတဲ့” “ခိုင်မာတဲ့ ချုပ်ရိုးချုပ်သား ကောင်လေး” ရဲ့ အစိတ်အပိုင်းအကြောင်း ပြောပြပါတယ်။ သူ့အမေက သူမရဲ့ ကိုယ်ပိုင်အမှန်တရားတွေနဲ့ အမှတ်တရတွေနဲ့ တုံ့ပြန်ပါတယ်။ ဒီဝတ္တုရဲ့ အသံဟာ တစ်ပြိုင်နက်တည်းမှာပင် ထူးခြားပြီး ကွဲပြားပါတယ်။ Vuong က ရက်ရောတဲ့ မှော်ပညာကို တင်ဆက်ပါတယ်- သူက ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ အစိတ်အပိုင်းတိုင်းတွေနဲ့ စကားပြောဆိုမှုတွေကို တစ်ပြိုင်နက်တည်း ထည့်သွင်းထားပါတယ်။ဒါကြောင့် ကိုယ်တိုင်ရဲ့ ကွဲပြားနေတဲ့ အစိတ်အပိုင်းတွေကို ပေါင်းစည်းပေးခဲ့တယ်၊ တစ်ခဏလေးအတွင်းမှာဆိုရင်တောင်ပေါ့။

ကျွန်တော်တို့ရဲ့ အင်တာဗျူးမှာ Vuong က အနုပညာဖန်တီးမှုကို ရွေးချယ်ဖို့၊ “ကြောက်ရွံ့မှုတွေရှိနေပေမယ့် နယ်ပယ်အသစ်တစ်ခုကို ဖောက်ထွက်ဖို့” ရဲ့ အရေးတကြီးဖြစ်မှုကို ပြောပြပြီး သူ့ကိုယ်သူနဲ့ သူ့ရဲ့ဆက်ဆံရေးတွေအကြောင်းကို လေ့လာရန်လည်း ဖြစ်တယ်။ သူနဲ့တွေ့ဆုံခွင့်ပေးတဲ့အတွက်၊ ကျွန်တော်တို့အားလုံး ရှေ့ဆက်သွားနေချိန်အတွက် သူအလေးပေးပြောတဲ့ စကားတွေအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။

Ocean Voung အင်တာဗျူး အပိုင်း(၁)

Translate by Maeve
3🕊2🔥1
“Little Dog က “ကျွန်တော် တစ်ချိန်တုန်းက မင်းပိုင်ဆိုင်ခဲ့တဲ့ ခန္ဓာကိုယ်ကနေ မင်းဆီကို စာရေးနေတယ်။ ဆိုလိုတာက ကျွန်တော်ဟာ သားတစ်ယောက်အဖြစ်နဲ့ ရေးနေတယ်ဆိုတာပဲ” လို့ ပြောပါတယ်။ ဒီထဲမှာ နီးကပ်မှုနဲ့ အကွာအဝေး နှစ်ခုလုံးပါဝင်နေပါတယ်—“used to be” ဆိုတဲ့စကားကြောင့်ပါ။ ကျွန်တော်တို့မိသားစုရဲ့ အသံတွေက ကျွန်တော်တို့ရဲ့ အလုပ်မှာ ဘယ်လိုဝင်ရောက်လာသလဲ ဒါမှမဟုတ် ဘယ်လိုမရောက်လာသလဲ ဆိုတာ အမြဲတမ်း ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ကျွန်တော်တွေးမိပါတယ်။ ခင်ဗျားရဲ့ မိသားစုရဲ့ အသံတွေနဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင်အသံတွေကို ဘယ်လို ဟန်ချက်ညီအောင် ထိန်းညှိခဲ့ပါသလဲ။”

ဒါက လှပတဲ့မေးခွန်းတစ်ခုပါပဲ - ကျွန်တော်တို့ရဲ့ ဖန်တီးမှုဘဝတစ်လျှောက်လုံးမှာ ဆက်လက်ရင်ဆိုင်ရမဲ့မေးခွန်းလို့ ကျွန်တော်ထင်ပါတယ်။ ဟန်ချက်ညီမှုဖြစ်နိုင်မလားလို့ ကျွန်တော်တွေးမိပေမယ့် တကယ်တမ်းကြိုးစားကြည့်တဲ့အခါ ကျွန်တော်တို့ဘယ်သူလဲ၊ ကျွန်တော်တို့ကို ဘာကဖန်တီးခဲ့တာလဲ၊ ဘယ်ကိုသွားနေလဲဆိုတာကို နည်းနည်းချင်း ခွဲခြမ်းစိတ်ဖြာလာနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ် - ဒါတွေအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်ဖို့ နည်းလမ်းတွေပါပဲ။ ဝတ္ထုတစ်ပုဒ်ရဲ့ အနှစ်သာရက လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် သေချာသိအောင် ကြိုးစားရင်း နောက်ဆုံးမှာ သူတို့နေထိုင်ခဲ့တဲ့အချိန်တွေ၊ သူတို့ထိတွေ့ဆက်ဆံပြီး သင်ယူခဲ့တဲ့လူတွေက သူတို့ကို အမှန်တကယ်ဖြစ်စေတယ်ဆိုတာ သဘောပေါက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒါကြောင့် ဒီပရောဂျက်အတွက် ဝတ္ထုကို ရွေးချယ်ခဲ့တာပါ။ စာအုပ်ကို အမှန်တရားပေါ်မှာ အခြေခံထားပေမယ့် စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးပြီး သဘောပေါက်စေချင်ခဲ့တာပါ။ စတင်ချိန်မှာ သမိုင်းပညာရှင်တစ်ယောက်အနေနဲ့ စတင်ပြီး နောက်ဆုံးမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ အဆုံးသတ်ချင်ခဲ့တာပါ။ ပြီးတော့ ဝတ္ထုဟာ အဲဒီတွက်ချက်မှုအတွက် လက်တွေ့ကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ဖို့လိုအပ်တာပါ။

ဒီစာအုပ်ဟာ အနုပညာလက်ရာတစ်ခုလိုပဲ အရွယ်ရောက်လာခြင်းဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ကျွန်တော်ဂရုစိုက်တဲ့သူတွေရဲ့ အသံတွေ၊ မိသားစုပဲဖြစ်ဖြစ်၊ တခြားလူတွေရဲ့ အသံတွေကနေ စတင်ပြီး သူတို့ ပျောက်ကွယ်သွားတဲ့အထိ၊ သူတို့ကို ဖန်တီးဖို့ လိုက်လံနားထောင်ရပါတယ်။ကျွန်တော်ရဲ့ စာရေးခြင်းက ပဲ့တင်သံတစ်ခုလိုပါပဲ။ ဒီနည်းအားဖြင့် On Earth ဟာ ဝတ္ထုတစ်ပုဒ်မဟုတ်ဘဲ ဝတ္ထုတစ်ပုဒ်ရဲ့ ဝိညာဉ်လိုပါပဲ။ ဘယ်လိုပဲဖြစ်စေကာမူ အဲအရာက မျှော်လင့်ချက်တစ်ခုပါပဲ။

“Novelထဲမှာ Little Dog ရဲ့ အကောင်းဆုံးသူငယ်ချင်းနဲ့ ချစ်သူ Trevor က Little Dog ကို သူတို့နမ်းနေချိန်မှာ မျက်လုံးမှိတ်ထားဖို့ ပြောတဲ့ အခိုက်အတန့်တစ်ခု ရှိပါတယ်၊ ဒါပေမယ့် Little Dog က မျက်လုံးတွေကို ဖွင့်ထားဆဲပါ။ သူက အမြဲ သတိထားကြည့်ရှုနေသူတစ်ယောက်ဖြစ်ပြီး၊ စူးစမ်းကြည့်တတ်သလို တခါတရံ မျက်စိမလှုပ်ဘဲ ကြည့်နေတတ်ပါတယ်။Novelထဲမှာ  “မိခင်တွေက အမြဲတမ်း အချိန်အလွန်ကြာအောင် ကြည့်တတ်ကြတယ်” ဆိုတဲ့ စာကြောင်းတစ်ခုလည်း ရှိပါတယ်။ အဲ့ဒီလို “အကြည့်လွန်ခြင်း” မှာ အန္တရာယ်ရှိနိုင်မလား?”

ဟုတ်ပါတယ်။ လူသားဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အကြည့်ဟာ အစွမ်းထက်တဲ့အရာတစ်ခုပါ။ ကျွန်ုပ်တို့ တစ်ခုခုကို ကြည့်တဲ့အခါမှာ အချိန်တိုခဏလေးအတွင်းမှာတောင် ကျွန်ုပ်တို့ရဲ့ တည်ရှိမှုတစ်ခုလုံးကို အဲဒီအရာနဲ့ ဖြည့်ဖို့ ဆုံးဖြတ်ကြပါတယ်။ လူတစ်ယောက်ကိုကမ္ဘာကြီးတစ်ခုလုံးဖြစ်အောင် စက္ကန့်အနည်းငယ်အတွင်း လုပ်ဆောင်ဖို့ဆိုတာ အင်မတန်အစွမ်းထက်တဲ့ လုပ်ရပ်တစ်ခုပါ။ အန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ ကျွန်ုပ်တို့ကို လုံလောက်အောင် မမြင်ရဘဲ တခြားအချိန်တွေမှာ ကျွန်ုပ်တို့ကို အလွန်အမင်း ပြည့်စုံစွာ မြင်တွေ့ရတဲ့အခါ ကျွန်ုပ်တို့ကို ဖော်ထုတ်ခံရနိုင်တယ်၊ မြင်တွေ့ခံရနိုင်တယ်၊ ဝါးမျိုခံရနိုင်ပါတယ်။ မုဆိုးတွေဟာ သားကောင်ကို သတ်ဖို့အတွက် သားကောင်ကို အလွန်အကျွံ လေ့လာကြည့်ရှုတတ်ကြပါတယ်။ ကျွန်တော့်အတွက်တော့ “လိုအင်ဆန္ဒ(desire)”နဲ့ “ဖျက်စီးခံရမှု(elimination)” ကြားက နယ်နိမိတ်ဟာ အလွန်မှေးမှိန်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်ုပ်တို့ရဲ့ စရိုက်ပါပဲ။ အဲဒီရက်စက်ကြမ်းကြုတ်တဲ့ အင်အားထဲမှာပဲ လှပမှုတစ်ခုခု ရှိနေရမယ်- အလှအပမဟုတ်ရင်တောင် အဓိပ္ပာယ်ရှိရပါမယ်။ ကျွန်တော် ဒါကို ရှာဖွေဖို့ ကြိုးစားနေဆဲဖြစ်ပြီး များသောအားဖြင့် မအောင်မြင်သေးပါဘူး။

Ocean Voung အင်တာဗျူး အပိုင်း (၂)

Translate by Maeve
3