Stay Hungry: သိချင်စိတ်ကို မရပ်လိုက်ပါနဲ့
ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် နည်းပညာနယ်ပယ်မှာ Stay Hungry ဖြစ်ဖို့က တော်တော်အရေးကြီးတယ်ဗျ။ အမြဲတမ်း သိချင်စိတ်ရှိပြီး အသစ်တွေကို စမ်းသပ်ချင်တဲ့ စိတ်မျိုးကို ဆိုလိုတာပါ။
ကျွန်တော်တို့ freelance လုပ်နေတဲ့သူတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူတွေအနေနဲ့ ကိုယ့်အလုပ်လေး အဆင်ပြေနေပြီဆိုပြီး ရပ်နေလို့ မရဘူးဗျ။
ဥပမာတစ်ခု ပြောပြမယ်ဗျ။ အွန်လိုင်းကနေ အရောင်းအဝယ်လုပ်နေတဲ့ သူတစ်ယောက်ရှိတယ် ဆိုပါစို့။ အခုလောလောဆယ် ဖုန်းလေးတစ်လုံးနဲ့ order တွေ ကောက်၊ စာရင်းတွေ ချရေးပြီး အလုပ်ဖြစ်နေနိုင်တယ်။ ဒါပေမယ့် ပစ္စည်းအရေအတွက်တွေ များလာတဲ့အခါ အရင်လို လက်နဲ့ရေးမှတ်ဖို့က တော်တော်လေး လက်ဝင်လာပြီ။
အဲ့ဒီအချိန်မှာ ကိုယ်က အဆင်ပြေသလိုပဲ ဆက်သွားမယ်ဆိုရင် အလုပ်တွေ ပိုရှုပ်လာဖို့ပဲ ရှိတယ်။ အဲ့ဒီအစား AI ကိုသုံးပြီး ကိုယ့်ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် web app တစ်ခု ဆောက်ကြည့်မယ်ဆိုတဲ့ စိတ်ကူးမျိုး ရှိဖို့လိုတယ်။
ကိုယ်တိုင် developer မဟုတ်ဘူး ဆိုရင်တောင် အခုနောက်ပိုင်း AI တွေရဲ့ အကူအညီနဲ့ ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ စာရင်းသွင်းတဲ့ စနစ်တွေ၊ client တွေနဲ့ ချိတ်ဆက်မယ့် website တွေကို အလွယ်တကူ ဆောက်လာနိုင်ပြီဗျ။
ဒါလေး ဘယ်လိုအလုပ်လုပ်လဲ ဆိုတဲ့ သိချင်စိတ်လေးနဲ့ စပြီး AI ကို မေးကြည့်ပါ။ ကိုယ့်လုပ်ငန်းမှာ နေ့တိုင်း ကြုံနေရတဲ့ အခက်အခဲတွေကို AI နဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာ လေ့လာကြည့်ပါ။
ကိုယ့်ခေါင်းထဲမှာ ရှိနေတဲ့ အကြံဉာဏ်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်ကြည့်တဲ့အခါ ရလာမယ့် ရလဒ်က တကယ်ကို ကျေနပ်စရာကောင်းတယ်ဗျ။
ဒါကြောင့် ကိုယ့်လုပ်ငန်း၊ ကိုယ့်အလုပ်အတွက် အကျိုးရှိမယ့် အရာတွေကို ဆက်ပြီး လေ့လာပါ၊ စမ်းသပ်ပါ။ Stay hungry ဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ ဆက်ပြီးတည်ဆောက်သွားကြပါဗျ။
Phyo Zin Ko

Stay Hungry သိချင်စိတ်ကို မရပ်လိုက်ပါနဲ့
ကျွန်တော်တို့ developer တွေ၊ solo builder တွေ ကြုံရလေ့ရှိတဲ့ အခက်အခဲတစ်ခုက နည်းပညာတွေ အရမ်းမြန်နေတာပါပဲဗျ။ မနေ့ကမှ သင်ထားတဲ့အရာက ဒီနေ့ အဟောင်းဖြစ်သွားတတ်ပါတယ်။
အဲ့ဒီအချိန်မှာ ကိုယ့်ကိုယ်ကို မေးမိတာက ငါဒါတွေအကုန်လုံးကို လိုက်လေ့လာဖို့ လိုအပ်သလား ဆိုတာပါပဲ။
ဥပမာပြရရင် ကိုယ်က AI-assisted web app တစ်ခုကို client အတွက် ရေးပေးနေတယ်ဆိုပါစို့။ မနေ့က သုံးနေတဲ့ tool ထက် ပိုကောင်းတဲ့၊ ပိုမြန်တဲ့ AI tool သစ်တစ်ခု ဒီနေ့ထွက်လာနိုင်ပါတယ်။
အဲ့ဒီ tool အသစ်ကို ချက်ချင်းကြီး ကျွမ်းကျင်သွားစရာ မလိုပေမယ့်၊ သူက ဘာတွေလုပ်ပေးနိုင်လဲ၊ ကိုယ့်ရဲ့ လက်ရှိ project မှာ အချိန်ဘယ်လောက် သက်သာသွားစေနိုင်လဲဆိုတာကိုတော့ စူးစမ်းကြည့်သင့်ပါတယ်။
အဲ့ဒါကြောင့် Stay Hungry ဖြစ်ဖို့ လိုတာပါ။ အရာအားလုံးကို အလွတ်ကျက်မှတ်နေဖို့ မဟုတ်ဘဲ၊ ကိုယ့်အလုပ်ကို ပိုလွယ်ကူစေမယ့် နည်းလမ်းအသစ်တွေကို အမြဲ သိချင်စိတ်ရှိနေဖို့က အရေးကြီးပါတယ်။
ဒီအကြောင်းလေးကို ကျွန်တော် YouTube video မှာ အသေးစိတ် ရှင်းပြထားပါတယ်။ သိချင်စိတ်ကို ဘယ်လိုမွေးမြူပြီး ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုအသုံးချမလဲဆိုတာလေးကို ပြောပြပေးထားတာပါ။
Video ကိုဒီကနေကြည့်နိုင်ပါတယ် - https://youtu.be/bAUvf8y0NqI?si=HJo4pnZjxkk-Qn7b

Facebook Page ရှိပြီးသားဆို Website တစ်ခု ထပ်လိုသေးလား?
"Facebook Page ရှိနေပြီပဲ၊ Website ထပ်လုပ်ဖို့ တကယ်လိုသေးလား" ဆိုတာ လုပ်ငန်းရှင်တော်တော်များများ မေးတတ်တဲ့ မေးခွန်းတစ်ခုပါဗျ။
ကိုယ်က online ကနေ ပစ္စည်းရောင်းနေတယ်ဆိုပါစို့။ Page မှာ post တွေတင်မယ်၊ customer တွေက messenger ကနေ လာမေးကြမယ်။
ဒါပေမဲ့ နေ့တိုင်း "ဒီပစ္စည်းလေး ရှိသေးလား"၊ "ဈေးဘယ်လောက်လဲ"၊ "ဘယ်အရောင်ရနိုင်လဲ" ဆိုတာတွေကို လူရာချီပြီး လာမေးတဲ့အခါ တစ်ယောက်ချင်း ပြန်ဖြေနေရတာ အချိန်တော်တော်ကုန်ပါတယ်။
အဲ့လိုအချိန်မှာ Website က ကိုယ့်အတွက် အများကြီး ကူညီပေးနိုင်တယ်။
Website မှာ ကိုယ့်ပစ္စည်းတွေရဲ့ ဈေးနှုန်း၊ အရောင်၊ size နဲ့ လက်ကျန်အရေအတွက်ကို တစ်ခါတည်း အကုန်တင်ထားလို့ရတယ်။ Customer တွေက ကိုယ်တိုင်ဝင်ကြည့်ပြီး အလွယ်တကူ ဝယ်သွားလို့ရတော့ ကိုယ့်ဘက်က message တွေချည်း ထိုင်ပြန်နေရတဲ့ အချိန်တွေ သက်သာသွားမယ်။
အခုဆိုရင် AI တွေရဲ့ အကူအညီနဲ့ ကိုယ့်လုပ်ငန်းအတွက် လိုအပ်မယ့် website မျိုးကို အရင်ကထက် အများကြီး ပိုမြန်မြန်ဆန်ဆန် တည်ဆောက်လို့ ရနေပါပြီ။
ကျွန်တော် ပြောချင်တာက Page ရှိရုံနဲ့ အလုပ်ဖြစ်နေပေမဲ့၊ ကိုယ့်ရဲ့ နေ့စဉ်အလုပ်တွေကို ပိုလွယ်သွားအောင်နဲ့ customer တွေအတွက် ပိုအဆင်ပြေသွားအောင် Website က သေချာပေါက် ဖြေရှင်းပေးနိုင်ပါတယ်ဗျ။

Media is too big
VIEW IN TELEGRAM
Freelancer တစ်ယောက် အတွက် Ai သုံးပြီး ပြဿနာတစ်ခုကို ဖြေရှင်းခြင်း
Full video on youtube - https://youtu.be/bAUvf8y0NqI?si=BOnZalCJttBIdMpH
Phyo Zin Ko
Full video on youtube - https://youtu.be/bAUvf8y0NqI?si=BOnZalCJttBIdMpH
Phyo Zin Ko
Website၊ Web App နဲ့ Mobile App — ကိုယ့်လုပ်ငန်းအတွက် ဘယ်ဟာပိုလိုတာလဲ?
ကိုယ့်လုပ်ငန်းအတွက် အွန်လိုင်းမှာ တစ်ခုခုလုပ်တော့မယ်ဆိုရင် Website ဆောက်ရမလား၊ App ပဲ ရေးရမလားဆိုပြီး စဉ်းစားရခက်နေတတ်တယ်ဗျ။
ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နာမည်တွေထက် ကိုယ့် customer တွေ ဘာဝင်လုပ်ကြမလဲဆိုတဲ့ အချက်က ပိုအရေးကြီးပါတယ်။
ဥပမာ ကိုယ့်အကြောင်း၊ ကိုယ့် service နဲ့ ဈေးနှုန်းတွေကို လူတွေဖတ်ဖို့လောက်ပဲ လိုချင်တာဆိုပါစို့။ အဲ့တာဆိုရင် Website တစ်ခုရှိရင် လုံလောက်ပြီဗျ။ Customer က ဝင်ဖတ်မယ်၊ သိချင်တာရှိရင် ဆက်သွယ်မယ်။ ရှင်းပါတယ်။
ဒါပေမယ့် ဒီလိုမဟုတ်ဘဲ ကိုယ့်ဆီက ပစ္စည်းဝယ်ဖို့ account ဖွင့်ရမယ်၊ order တင်ရမယ်၊ ကိုယ်ကလည်း နောက်ကွယ်ကနေ ဘယ်သူ ဘာဝယ်သွားလဲဆိုတာ တွက်ချက်ရမယ်ဆိုရင်တော့ Web App လိုလာပါပြီ။
Web App ဆိုတာ လူတွေက ကိုယ့်အကြောင်း ဖတ်ရုံတင်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ဝင်ပြီး အလုပ်လုပ်လို့ရတဲ့ နေရာတစ်ခု ဖြစ်သွားလို့ပါ။
Mobile App ကတော့ ဖုန်းထဲမှာ အမြဲရှိနေပြီး နေ့တိုင်း သုံးရမယ့် အရာတွေအတွက် ပိုကောင်းပါတယ်။ ဥပမာ သင်တန်း video တွေ နေ့တိုင်းကြည့်မယ်၊ notification တွေ အမြဲလက်ခံချင်တယ်ဆိုတဲ့ အခြေအနေမျိုးတွေအတွက်ဆို App က အဆင်အပြေဆုံးပါပဲ။
အဲ့တော့ အရင်ဆုံး ကိုယ့် customer တွေက တစ်ခါတလေမှ လာကြည့်မှာလား၊ နေ့တိုင်း ဝင်ပြီး အလုပ်လုပ်ကြမှာလားဆိုတာကို အရင်ဆုံး စဉ်းစားကြည့်ပါ။
ဒါဆိုရင် ငွေကုန်ကြေးကျများပြီး မလိုအပ်ဘဲ App တွေ ဆောက်မိတာမျိုး မဖြစ်တော့ဘူးပေါ့ဗျာ။ ကိုယ်တိုင် AI သုံးပြီး တည်ဆောက်မယ်ဆိုရင်တောင် ဘယ်လမ်းကြောင်းက သွားရမလဲဆိုတာ ပိုပြီး ရှင်းသွားပါလိမ့်မယ်။

ရအောင်လုပ်ချင်စိတ်ကပဲ ရှေ့ကိုရောက်အောင် အများကြီးပို့ပေးနိုင်တယ်။
Full video on youtube - https://youtu.be/bAUvf8y0NqI?si=BOnZalCJttBIdMpH
Phyo Zin Ko
Full video on youtube - https://youtu.be/bAUvf8y0NqI?si=BOnZalCJttBIdMpH
Phyo Zin Ko
❤1
Itch is the way : ကိုယ့်အခက်အခဲကို အရင်ရှင်းပါ
"Itch is the way" ဆိုတဲ့စကားရှိတယ်။ ကိုယ်တိုင် နေ့တိုင်းကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းတာကနေ တကယ်အသုံးဝင်တဲ့အရာတွေ ထွက်လာတတ်တယ်ဗျ။
ကျွန်တော် ကိုယ်တိုင်လည်း အဲ့လိုပဲ။ နေ့တိုင်း စာတွေအများကြီး ရိုက်နေရတော့ လက်ညောင်းတာတို့၊ အချိန်ကုန်တာတို့ ဖြစ်လာတယ်။
အဲ့တော့ ကျွန်တော် ဘာလုပ်ဖြစ်လဲဆိုတော့ ကိုယ့်အသံကို စာပြန်ပြောင်းပေးနိုင်တဲ့ အရာတစ်ခုကို ဖန်တီးလိုက်တယ်။
Keyboard က Option key လေးကို ဖိပြီး ပြောလိုက်တာနဲ့ ပြောတဲ့အသံကနေ စာအဖြစ် တန်းပြောင်းသွားအောင် လုပ်ထားတာပါ။
ဒါက သိပ်ကြီးမားတဲ့ project ကြီးမဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ နေ့စဉ်အလုပ်လုပ်ရတာ အများကြီး မြန်သွားစေတယ်။
Freelance လုပ်နေတဲ့သူတွေ၊ ကိုယ်ပိုင်လုပ်ငန်းလေးတွေ လုပ်နေတဲ့သူတွေမှာလည်း ဒီလိုမျိုး နေ့တိုင်း ထပ်ခါတလဲလဲ လုပ်နေရတဲ့ အလုပ်တွေ ရှိနိုင်ပါတယ်။
ဆိုပါစို့။ နေ့တိုင်း client တွေကို quotation တွေ အများကြီး ထိုင်ပို့နေရတာမျိုး၊ စာရင်းတွေ ထပ်ခါတလဲလဲ သွင်းနေရတာမျိုးပေါ့။
အဲ့ဒီအခက်အခဲတွေကို AI-assisted web app တွေ၊ automation လေးတွေ သုံးပြီး ဖြေရှင်းကြည့်လို့ရတယ်။ ကိုယ့်ပြဿနာကို ရှင်းဖို့ အရင်ကြိုးစားတာကနေ ကိုယ့်လုပ်ငန်းအတွက် တကယ်အသုံးဝင်တဲ့ အဖြေတွေ ရလာလိမ့်မယ်ဗျ။

မလိုချင်တဲ့အဖြေကိုပဲ ပြောနေရင် မလုံလောက်ဘူး
ကျွန်တော်တို့ AI ကို စာရေးခိုင်းတဲ့အခါဖြစ်ဖြစ်၊ အလုပ်တစ်ခု ခိုင်းတဲ့အခါဖြစ်ဖြစ် ကိုယ်မလိုချင်တဲ့အရာကိုပဲ အာရုံစိုက်ပြီး သွားပြောတတ်ကြတယ်ဗျ။
ဥပမာ ကိုယ်က freelance အကြံပေး အလုပ်လုပ်နေတယ်ဆိုပါစို့။ Client တွေဆီကို appointment reminder လေးတွေ ပို့ချင်လို့ AI ကို စာရေးခိုင်းတဲ့အခါ "စက်ရုပ်ကြီးလို မရေးနဲ့" ဆိုပြီး သွားပြောတတ်ကြတယ်။
အဲ့ဒီလို "မရေးနဲ့" လို့ပဲ ပြောလိုက်တဲ့အခါ AI က စက်ရုပ်လိုတော့ မရေးတော့ဘူး။ ဒါပေမယ့် သူငယ်ချင်းကို ပို့သလို အရမ်းပေါ့ပျက်ပျက်နိုင်တဲ့ စာသားတွေ ထွက်လာနိုင်သလို၊ ကိုယ်တကယ် လိုချင်တဲ့ ပုံစံမျိုးလည်း ဖြစ်မလာတတ်ဘူး။
အဲ့တော့ ကျွန်တော်တို့က မလိုချင်တဲ့အရာကို ပြောမယ့်အစား ဖြစ်ချင်တဲ့ ပစ်မှတ် (positive target) ကို အတိအကျ ပြောင်းပြောကြည့်ဖို့ လိုပါတယ်။
ဘယ်လိုမျိုးလဲဆိုတော့ "Client အတွက် ဖော်ရွေပြီး ယဉ်ကျေးတဲ့ appointment reminder လေး ရေးပေးပါ။ တွေ့ဆုံမယ့် အချိန်နဲ့ နေ့စွဲ ပါရမယ်။ နွေးထွေးတဲ့ နှုတ်ဆက်စကားနဲ့ အဆုံးသတ်ပေးပါ" ဆိုပြီး တိတိကျကျ ညွှန်ကြားလိုက်တာမျိုးပါ။
ဒီလို ပြောင်းပြောလိုက်တဲ့အခါ AI က ကိုယ်တကယ် လိုချင်တဲ့ tone မျိုး၊ လိုအပ်တဲ့ အချက်အလက်တွေ အပြည့်အစုံနဲ့ တန်းပြီး ရေးပေးလာတာကို တွေ့ရပါလိမ့်မယ်။ အဖြေကိုလည်း အများကြီး ပြန်ပြင်နေစရာ မလိုတော့ဘူး။
ဒါက prompt ရေးတဲ့နေရာမှာတင် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ငန်းအတွက် AI-assisted web app တွေ၊ automation တွေ တည်ဆောက်တဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့ ရလဒ်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့က အရေးကြီးပါတယ်။
ကျွန်တော် ပြောချင်တာက မလိုချင်တဲ့ ပြဿနာတွေကို ထိုင်ပြောနေမယ့်အစား၊ ကိုယ် တကယ်လိုချင်တဲ့ အဖြေကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သတ်မှတ်ကြည့်ပါဗျ။ အဲ့ဒါဆိုရင် အလုပ်လုပ်ရတာ ပိုလွယ်သွားပါလိမ့်မယ်။

အသုံးမပြုတဲ့ Notification တစ်ခုကို ပိတ်လိုက်ခြင်း
ဖုန်းထဲမှာ notification တွေ ခဏခဏ ဝင်လာရင် အရေးကြီးတဲ့ အချက်အလက်တွေပါ လွတ်သွားတတ်တယ်ဗျ။
ကျွန်တော်တို့ web app တွေ၊ လုပ်ငန်းသုံးစနစ်တွေ တည်ဆောက်တဲ့အခါ အရာအားလုံးကို သိချင်တဲ့စိတ်နဲ့ notification တွေ အများကြီး ဖွင့်ထားတတ်ကြတယ်။
ဥပမာ အွန်လိုင်းစတိုးတစ်ခုအတွက် ပစ္စည်းစာရင်း စီမံတဲ့ စနစ်တစ်ခု ဆောက်တယ်ဆိုပါစို့။ ပစ္စည်းစာရင်းထဲမှာ အချက်အလက်လေး တစ်ခု သွားပြင်လိုက်တိုင်း၊ ဈေးနှုန်းလေး နည်းနည်း ပြောင်းလိုက်တိုင်း notification ဝင်လာအောင် လုပ်ထားတယ်ဆိုရင် တစ်နေ့ကို အကြိမ်ရာချီပြီး မြည်နေတော့မှာပါ။
အဲ့ဒီအခါမျိုးမှာ တကယ်အရေးကြီးတဲ့ 'ပစ္စည်း လက်ကျန်ကုန်တော့မယ်' ဆိုတဲ့ အချက်ပေးချက်က သာမန်ပြင်ဆင်မှုတွေကြားမှာ ပျောက်သွားနိုင်တယ်။ အသံကြားတိုင်းလည်း ဂရုမစိုက်မိတော့ဘူး ဖြစ်သွားတတ်တယ်။
အဲ့ဒီအစား ပစ္စည်းအရေအတွက်က သတ်မှတ်ထားတဲ့ ပမာဏထက် နည်းသွားတဲ့ အချိန်ကျမှသာ notification ပို့ပေးတဲ့ ပုံစံမျိုး ပြောင်းလုပ်ကြည့်လို့ရပါတယ်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တကယ် အာရုံစိုက်ရမယ့် ကိစ္စပေါ်လာမှသာ ကိုယ်က အကြောင်းကြားစာ ရတော့မယ်။ အသံကြားတိုင်းလည်း အရေးကြီးတယ်ဆိုတာကို ချက်ချင်း သိနိုင်သွားတာပေါ့။
ကိုယ်ပိုင် project တွေ၊ လုပ်ငန်းသုံး app တွေ ဖန်တီးတဲ့အခါ အသုံးမပြုတဲ့၊ မလိုအပ်တဲ့ notification တွေကို ရဲရဲဝံ့ဝံ့ ပိတ်ပစ်လိုက်ပါ။ အရေးကြီးတဲ့ အချက်ပြမှုနဲ့ အနှောင့်အယှက်ကို သေချာခွဲခြားနိုင်ဖို့က လုပ်ငန်းအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်ဗျ။

AI ကို ဖြေခိုင်းမယ့်အစား မေးခွန်းအရင်မေးခိုင်းကြည့်ပါ
ကျွန်တော်တို့ AI ကို သုံးတဲ့အခါ အချက်အလက်တွေပေးပြီး အဖြေကို ချက်ချင်းထုတ်ခိုင်းလေ့ရှိကြတယ်ဗျ။
ဒါပေမဲ့ ကိုယ်ပေးလိုက်တဲ့ အချက်အလက်က မပြည့်စုံဘူးဆိုရင် AI က သူ့ဘာသာ ခန့်မှန်းပြီး ရေးပေးတတ်ပါတယ်။ အဲ့ဒီအခါ ကိုယ်လိုချင်တဲ့ အဖြေမှန်ထွက်မလာဘဲ အလုပ်နှစ်ခါ ပြန်ဖြစ်တတ်တယ်။
ဥပမာ ကိုယ်က volunteer တွေအတွက် အလှည့်ကျ တာဝန်ယူရမယ့် စာရင်း (rota) တစ်ခု လုပ်ချင်တယ်ဆိုပါစို့။ "ဒီအပတ်အတွက် volunteer သုံးယောက်စာ တာဝန်ခွဲပေးပါ" ဆိုပြီး AI ကို သွားခိုင်းလိုက်မယ်။
အဲ့လိုဆိုရင် AI က သူ့ဘာသာ နေ့စွဲတွေတပ်ပြီး စာရင်းတစ်ခု ထုတ်ပေးလိုက်မှာပဲ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ အဲ့ဒီ volunteer တွေက ဘယ်ရက်တွေမှာ အားလဲ၊ ဘယ်အချိန်တွေမှာ တာဝန်ယူနိုင်လဲ ဆိုတဲ့ အချက်အလက်တွေ မပါသေးပါဘူး။ အဖြေထွက်လာပေမယ့် လက်တွေ့သုံးလို့မရဘူး ဖြစ်သွားတယ်။
အဲ့ဒီအစား ကျွန်တော်တို့က ပြောင်းပြီး ခိုင်းကြည့်လို့ရပါတယ်။ "ငါ volunteer တွေအတွက် တာဝန်စာရင်း လုပ်ချင်တယ်။ ငါ့ကို မလုပ်ပေးခင် ဘာအချက်အလက်တွေ အရင်လိုမလဲဆိုတာ မေးခွန်း အရင်မေးပါ" ဆိုပြီး ပြောင်းရေးကြည့်ပါ။
အဲ့ဒီအခါ AI က "ဘယ်ရက်တွေအတွက်လဲ၊ volunteer ဘယ်နှယောက်ရှိလဲ၊ တစ်ယောက်ကို ဘယ်နှစ်နာရီ တာဝန်ပေးမှာလဲ" ဆိုတဲ့ မေးခွန်းတွေကို အရင်ထုတ်ပေးပါလိမ့်မယ်။ ဒါဆိုရင် ကိုယ်က လိုနေတဲ့ အချက်အလက်တွေကို သေချာပြန်ဖြည့်ပေးလို့ ရသွားပြီပေါ့။
ကိုယ်တိုင် ပြန်စဉ်းစားရခက်နေတဲ့ အချိန်တွေ၊ အချက်အလက် မပြည့်စုံသေးဘူးလို့ ထင်တဲ့အချိန်တွေမှာ AI ကို ချက်ချင်း အဖြေထုတ်ခိုင်းမယ့်အစား ဒီလို မေးခွန်းအရင်မေးခိုင်းတာက အများကြီး ပိုထိရောက်ပါတယ်။
အဲ့တော့ AI ကို စသုံးမယ်ဆိုရင် ချက်ချင်း ခိုင်းတာထက် လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံအောင် သူနဲ့ အရင်ဆွေးနွေးကြည့်ပါ။ အလုပ်ပိုတွင်ပြီး ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ ရလဒ်တွေ ရလာပါလိမ့်မယ်။

Itch is the way : ယားနေတဲ့နေရာကို ကုတ်ခြင်း
Watch Here - https://youtu.be/ksq719BIxh4
ဘာလုပ်ရမလဲ မသိဘူးဆိုရင်
အကောင်းဆုံးက ကိုယ်နေ့တိုင်း ကြုံနေရတဲ့
အခက်အခဲလေးတွေကို ဖြေရှင်းဖို့ စမ်းကြည့်တာပါပဲ။
ကိုယ့်ပြဿနာကို ရှင်းဖို့
AI-assisted tool လေးတွေ
ဆောက်ကြည့်တာကနေ
အသိပညာတွေရော၊ နောက်ထပ် Idea အသစ်တွေပါ
ဘယ်လိုတိုးလာလဲဆိုတာကို
လက်တွေ့ဥပမာတွေနဲ့ ရှင်းပြပေးထားပါတယ်။

💘1
အင်တာနက်ပြတ်ချိန်က User ကို အပြစ်မတင်ပါနဲ့
ကိုယ်ပိုင် Web App တွေ၊ Mobile App တွေ ဖန်တီးတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတစ်ခု ရှိတယ်ဗျ။ အဲ့ဒါကတော့ အင်တာနက်လိုင်းမကောင်းတဲ့ အချိန်တွေမှာ User ကို အပြစ်မတင်ဖို့ပါပဲ။
ဥပမာအနေနဲ့ နယ်တွေဆင်းပြီး field survey ကောက်နေတဲ့ သူတစ်ယောက်အကြောင်း စဉ်းစားကြည့်ရအောင်ဗျာ။ သူက ရွာတစ်ရွာမှာ အချက်အလက်တွေ အများကြီးကို အချိန်ယူပြီး ဖုန်းထဲမှာ ဖြည့်နေတယ် ဆိုပါစို့။
အားလုံးပြီးလို့ "Submit" နှိပ်လိုက်တဲ့ အချိန်မှာမှ အင်တာနက်က ရုတ်တရက် ပြတ်သွားတယ်။ အဲ့ဒီမှာ "Connection Error" ဆိုပြီး ဖြည့်ထားသမျှ စာရင်းတွေ အကုန်ပျောက်သွားရင် သုံးတဲ့သူအတွက် တော်တော်လေး ဒုက္ခရောက်ပါတယ်။
ကျွန်တော်တို့ AI အကူအညီနဲ့ App တွေဆောက်တဲ့အခါ ဒီလိုပြဿနာမျိုးကို အရင်ဆုံး ဖြေရှင်းထားသင့်တယ်။ အင်တာနက် ပြတ်သွားတာက သုံးတဲ့သူရဲ့ အမှား မဟုတ်ဘူးလေ။
အဲ့တော့ အင်တာနက် ပြတ်သွားရင်တောင် သူဖြည့်ထားတဲ့ survey draft ကို offline အနေနဲ့ ဖုန်းထဲမှာ အရင်သိမ်းထားပေးလိုက်ပါ။ ဘာမှ ဆုံးရှုံးမသွားဘူးဆိုတာကို သေချာလေး လုပ်ပေးထားဖို့ လိုတယ်။
ပြီးရင် မျက်နှာပြင်မှာ "Draft အနေနဲ့ သိမ်းထားပါတယ်။ အင်တာနက်ရမှ စာရင်းသွင်းပါမယ်" ဆိုပြီး Sync မဖြစ်သေးကြောင်းကို ရှင်းရှင်းလင်းလင်း ပြထားပေးဖို့ အရေးကြီးပါတယ်။
ကိုယ်တိုင် AI ကိုခိုင်းပြီး ဆောက်မယ်ဆိုရင် "အင်တာနက်မရှိချိန်မှာ offline သိမ်းပေးဖို့နဲ့ Sync မဖြစ်သေးကြောင်း ပြပေးဖို့" ထည့်ပြောလို့ရတယ်။ ဒါပေမဲ့ AI က ချက်ချင်း အကုန်အမှားကင်းအောင် ရေးပေးနိုင်ချင်မှ ရေးပေးမှာမို့လို့ အဲ့ဒီအချက်က တကယ်အလုပ်လုပ်လား ဆိုတာကိုတော့ ကိုယ်တိုင် သေချာပြန်စမ်းသပ် စစ်ဆေးကြည့်ဖို့ လိုတယ်ဗျ။
အဓိကကတော့ နည်းပညာကိုသုံးပြီး ကိုယ့်လုပ်ငန်း ပြဿနာတွေကို ရှင်းတဲ့အခါ သုံးမယ့်သူတွေ အခက်အခဲမဖြစ်အောင်၊ စိတ်ချလက်ချ သုံးလို့ရအောင် စဉ်းစားပြီး တည်ဆောက်ကြည့်ပါဗျ။

This media is not supported in your browser
VIEW IN TELEGRAM
Solo Builder တွေအတွက် အသုံးဝင်တဲ့နည်းလမ်းတစ်ခု
Watch Full video - https://youtu.be/ksq719BIxh4?si=IcNLfN7TBv9F1oDw
Phyo Zin Ko
Watch Full video - https://youtu.be/ksq719BIxh4?si=IcNLfN7TBv9F1oDw
Phyo Zin Ko
ပထမဆုံး Error message ကို ဖျောက်မပစ်ပါနဲ့
ကျွန်တော်တို့ AI အကူအညီနဲ့ ကိုယ်ပိုင် Web App တွေ၊ automation တွေ ဆောက်ကြည့်တဲ့အခါ Error တက်တာက သဘာဝပါပဲ။ ဒါပေမဲ့ ပထမဆုံးတက်လာတဲ့ Error message ကို ချက်ချင်း ဖျောက်မပစ်ပါနဲ့ဗျ။
ဘာလို့လဲဆိုတော့ အဲ့ဒီ Error စာကြောင်းလေးက ပြဿနာကို အမြန်ဆုံး ရှင်းပေးနိုင်မယ့် သော့ချက် ဖြစ်နေလို့ပါ။
သူက စာအုပ်ဆိုင်လုပ်နေတယ်ဆိုပါစို့။ ဆိုင်က စာအုပ်အသစ် အုပ်တစ်ရာစာရင်းကို CSV ဖိုင်ကနေတစ်ဆင့် သူဆောက်ထားတဲ့ inventory app ထဲကို ထည့်သွင်းဖို့ ကြိုးစားတယ်။
အဲ့ဒီအချိန်မှာ import လုပ်တာ ရပ်သွားပြီး Error တစ်ခု ပြလာနိုင်တယ်။ အဲ့ဒီစာကို ဖျောက်ပြီး ထပ်ခါထပ်ခါ ပြန်သွင်းနေမယ့်အစား ပြဿနာကို စနစ်တကျ ရှာကြည့်ဖို့ လိုပါတယ်။
အရင်ဆုံး အဲ့ဒီ Error စာကြောင်း အတိအကျကို copy ကူးထားလိုက်ပါ။ ပြီးရင် ကိုယ်ဖြစ်ချင်တဲ့ ရလဒ် (စာအုပ် ၁၀၀ စာရင်း ဝင်ရမယ်) နဲ့ Error မတက်ခင် နောက်ဆုံး ဘာပြောင်းလဲလိုက်လဲ (ဈေးနှုန်း column အသစ်တစ်ခု ထည့်လိုက်တယ်) ဆိုတာကိုပါ မှတ်ထားပါ။
အဲ့ဒီအချက် သုံးချက်ကို စုပြီး AI ကို ပြန်မေးကြည့်လို့ ရတယ်။ "ငါ ဈေးနှုန်း column အသစ်ထည့်ပြီး CSV import သွင်းတာ အလုပ်မလုပ်တော့ဘူး၊ အဖြေက စာအုပ် ၁၀၀ ဝင်ရမှာကို အခု ဒီ Error ပြနေတယ်" ဆိုပြီး ပြောပြလိုက်ပါ။
အဲ့ဒီအချက်တွေရှိရင် AI က column format လွဲတာမျိုး ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကို စဉ်းစားဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ သူပြောတာကို အတည်မယူခင် Error စာသားနဲ့ ဖိုင်ထဲက အချက်အလက်တွေကို ပြန်တိုက်စစ်ရပါမယ်။ ဒါကြောင့် Error တက်လာရင် ချက်ချင်းမဖျက်ဘဲ အချက်အလက် သုံးခုကို အရင်စုဖို့ တိုက်တွန်းချင်ပါတယ်ဗျ။

အလုပ်ဖိုင်နာမည်က နောက်တစ်ပတ်က ကိုယ့်ကိုကူညီနိုင်တယ်
ကျွန်တော်တို့ solo builder တွေ၊ freelance လုပ်နေတဲ့သူတွေ ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုရှိတယ်ဗျ။ အလုပ်တွေ များလာတဲ့အခါ ကိုယ်လုပ်ထားတဲ့ ဖိုင်တွေ၊ ပုံတွေကို ပြန်ရှာရတာ တော်တော်လေး အချိန်ကုန်တတ်ပါတယ်။
ဥပမာ ကိုယ်က freelance designer တစ်ယောက်ဖြစ်ပြီး event တစ်ခုအတွက် poster ဆွဲပေးရတယ် ဆိုပါစို့။ Client နဲ့ အကြိမ်ကြိမ် ပြင်ရတဲ့အခါ Final, Real Final, This is Final ဆိုပြီး နာမည်တွေ ပေးမိတတ်ကြတယ်။
နောက်တစ်ပတ်နေလို့ အဲ့ဒီ event poster ကို နောက်ဆုံး ဘယ်ဟာ အတည်ပြုလိုက်လဲဆိုတာ ပြန်ရှာတဲ့အခါ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဘယ်ဖိုင်က တကယ့် နောက်ဆုံး version လဲဆိုတာ ကိုယ်တိုင်တောင် မမှတ်မိတော့ဘူးလေ။
အဲ့ဒီအခါမျိုးမှာ ကိုယ့်ရဲ့ ဖိုင်နာမည်ပေးတဲ့ ပုံစံတစ်ခု သေချာ သတ်မှတ်ထားတာက အများကြီး သက်သာစေတယ်ဗျ။ ဥပမာ Date-Project-Version ပုံစံမျိုးနဲ့ အကျင့်လုပ်ထားလို့ရပါတယ်။
ဘယ်လိုမျိုးလဲဆိုတော့ 20261025-MusicFestival-Poster-v1 လိုမျိုး ပေးမယ်။ ထပ်ပြင်ရရင် v2, v3 စသည်ဖြင့် ပြောင်းသွားမယ်။ အတည်ပြုပြီးသား version ဆိုရင်တော့ ဖိုင်တစ်ခု သီးသန့်ခွဲထုတ်ပြီး Approved ဆိုတဲ့ စာသားလေး ထပ်တိုးထားလိုက်မယ်။
အခုဆိုရင် ကိုယ့်အလုပ်အတွက် AI အကူအညီနဲ့ စနစ်တကျ ဖိုင်နာမည်တွေ ပေးတတ်တဲ့ web app သေးသေးလေးတွေ ကိုယ်တိုင် ဆောက်ကြည့်လို့ ရနေပါပြီ။ ကိုယ့်ရဲ့ စနစ်ကို AI ကို ရှင်းပြပြီး နာမည်တွေ အလိုအလျောက် မှန်အောင် ပြောင်းပေးတဲ့ tool လေး လုပ်ကြည့်လို့ရတယ်။
စနစ်တကျ နာမည်ပေးထားတဲ့ အလုပ်ဖိုင်နာမည်က နောက်တစ်ပတ်က ကိုယ့်ကို အများကြီး ကူညီနိုင်ပါတယ်ဗျ။ ကိုယ်တိုင်ကြုံနေရတဲ့ အဲ့ဒီလို ရှာရခက်တဲ့ အခက်အခဲလေးတွေကို ပြေလည်အောင် ဖြေရှင်းရင်းနဲ့ ပိုကောင်းတဲ့ အလုပ်စနစ်တွေ တည်ဆောက်နိုင်ကြပါစေ။

Copy လုပ်ရတဲ့အချက်အလက်မှာ အမှားလည်း လိုက်ပါလာတတ်တယ်
ကျွန်တော်တို့ လုပ်ငန်းတွေအတွက် web app တွေ ဆောက်တဲ့အခါ အရင်က သိမ်းထားတဲ့ အချက်အလက်ဟောင်းတွေကို ယူသုံးရတာမျိုးတွေ ရှိတတ်တယ်ဗျ။ အဲ့ဒီမှာ သတိထားရမှာက အချက်အလက်ကို ဒီတိုင်း copy ကူးလိုက်တဲ့အခါ အမှားတွေပါ တစ်ခါတည်း လိုက်ပါလာတတ်တာပါပဲ။
ဆိုပါစို့။ ကိုယ်က online ကနေ ပစ္စည်းရောင်းနေတယ်။ Customer တစ်ယောက်က လွန်ခဲ့တဲ့ သုံးလလောက်က ပစ္စည်းဝယ်သွားဖူးတယ်။ အခု တစ်ခေါက် ထပ်ပြီး order တင်တယ်ဆိုပါတော့။
အဲ့ဒီအခါမှာ ကိုယ်က လိပ်စာကို အသစ်ပြန်မတောင်းတော့ဘဲ အရင်က မှတ်ထားတဲ့ စာရင်းဟောင်းထဲကနေ delivery ပို့ရမယ့် လိပ်စာကို copy ကူးပြီး delivery app ထဲ တန်းထည့်လိုက်တယ်။
တကယ်တမ်းကျတော့ အဲ့ဒီ customer က ပြီးခဲ့တဲ့လကမှ အိမ်အသစ်ကို ပြောင်းသွားတာ ဖြစ်နေနိုင်တယ်။ စာရင်းဟောင်းထဲမှာက လိပ်စာဟောင်းကြီး ကျန်ခဲ့တာကိုး။ အဲ့ဒီတော့ ပစ္စည်းက နေရာမှားရောက်သွားပြီး အချိန်တွေ ပိုကုန်၊ အလုပ်တွေ နှစ်ခါ ပြန်လုပ်ရတော့တယ်။
အဲ့ဒါကြောင့် ကိုယ့်အလုပ်အတွက် စနစ်တစ်ခု ဆောက်တဲ့အခါ အချက်အလက်ဟောင်းတွေကို မျက်စိမှိတ်ပြီး ယူသုံးတာမျိုးကို သတိထားရပါမယ်။
အကောင်းဆုံးကတော့ order အသစ်လက်ခံတိုင်း delivery ပို့ရမယ့် လိပ်စာကို အတည်ပြုခိုင်းတဲ့ အဆင့်တစ်ခု ထည့်ထားတာက ပိုစိတ်ချရတယ်။
ကျွန်တော် ပြောချင်တာက ကိုယ့်လုပ်ငန်း data တွေကို စနစ်သစ်ထဲ ပြောင်းထည့်တာဖြစ်ဖြစ်၊ ပြန်ယူသုံးတာဖြစ်ဖြစ် မူရင်း source ကို အရင်သေချာစစ်ဆေးပါဗျ။ ဒါမှ နောက်ပိုင်းမှ လိုက်ရှင်းရမယ့် အမှားတွေကို ကြိုတင် ကာကွယ်နိုင်မှာပါ။

အချက်အလက်မရှိတာကို သုညလို့ မပြပါနဲ့
Web app တွေ၊ system တွေ ဆောက်တဲ့အခါ အချက်အလက်မရှိတာ (missing data) နဲ့ သုည (zero) ကို ရောချမိတတ်ကြတယ်ဗျ။ တကယ်တော့ အဲ့ဒီနှစ်ခုက အဓိပ္ပာယ် လုံးဝမတူပါဘူး။
ဆိုပါစို့။ ကျွန်တော်တို့က လစဉ် လျှပ်စစ်မီတာ (kWh) အသုံးပြုမှုကို မှတ်ပေးတဲ့ app တစ်ခု ဆောက်နေတယ် ဆိုကြပါစို့။
အိမ်တစ်အိမ်က ခရီးထွက်သွားလို့ တစ်လလုံး မီးလုံးဝမသုံးထားရင် အဲ့ဒီလအတွက် မီတာအသုံးပြုမှုက 'သုည' ဖြစ်ပါမယ်။ ဒါက ဘေလ်မကျဖို့ သေချာနေတဲ့ အချက်အလက် အစစ်ပါ။
ဒါပေမဲ့ မီတာလာဖတ်တဲ့သူက အိမ်ပိတ်ထားလို့ ဖတ်လို့မရခဲ့တာ၊ ဒါမှမဟုတ် စနစ်ထဲကို စာရင်းသွင်းဖို့ ကျန်ခဲ့တာမျိုး ဆိုရင်ရော? အဲ့ဒါက အသုံးပြုမှု သုည မဟုတ်ပါဘူး၊ အချက်အလက်မရှိတာ (missing) ဖြစ်နေတာပါ။
အဲ့ဒီလို စာရင်းသွင်းဖို့ ကျန်ခဲ့တဲ့ အခြေအနေကို စနစ်ထဲမှာ အလွယ်တကူ 'သုည' လို့ သွားပြလိုက်ရင် လကုန်တဲ့အခါ မီးသုံးထားရက်နဲ့ ဘေလ်မကျဘဲ စာရင်းတွေ အကုန်မှားကုန်နိုင်ပါတယ်။ ဒါဟာ ကြီးမားတဲ့ bug တစ်ခု ဖြစ်သွားနိုင်တယ်ဗျ။
System ထဲမှာ data မရှိတာကို null ဆိုပြီး သိမ်းထားရုံနဲ့ ပြဿနာက အလိုလို ပြေလည်မသွားပါဘူး။ Code ရေးတဲ့အခါ အဲ့ဒီလို အချက်အလက်မရှိတဲ့ အခြေအနေကို သေချာ explicitly handle လုပ်ပေးဖို့ လိုပါတယ်။
အဲ့တော့ အချက်အလက် မရှိတဲ့နေရာမှာ 'သုည' လို့ ပြမယ့်အစား 'စာရင်းသွင်းရန်ကျန်' ဒါမှမဟုတ် 'No Data' လို့ ရှင်းရှင်းလင်းလင်း ပြပေးရပါမယ်။ AI နဲ့ တွဲပြီး app တွေ ဆောက်ရင်လည်း ဒီလိုမျိုး null နဲ့ zero ကွာခြားချက်ကို သေချာခွဲခြားပြီးမှ ဆောက်ကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ။

ခလုတ်ပေါ်က စာနှစ်လုံးကလည်း UX ပါ
ကိုယ့်လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်၊ အခြားသူတွေအတွက်ပဲဖြစ်ဖြစ် website တွေ၊ web app တွေ ဆောက်တဲ့အခါ သေးငယ်ပေမယ့် အရေးကြီးတဲ့ အပိုင်းလေးတွေ ရှိတတ်တယ်ဗျ။ အထူးသဖြင့် user တွေ နှိပ်ရမယ့် button လေးတွေပါ။
ဥပမာအနေနဲ့ ပညာသင်ဆုလျှောက်တဲ့ scholarship form တစ်ခု ဖန်တီးနေတယ်ဆိုပါစို့။
စာမျက်နှာ သုံးလေးခုလောက်ရှိတဲ့ form အရှည်ကြီးကို အချက်အလက်တွေ အကုန်ဖြည့်ပြီးသွားတဲ့အခါ နောက်ဆုံးမှာ Continue ဆိုတဲ့ စာသားနဲ့ button လေးတစ်ခုကို တွေ့လိုက်ရတယ်လို့ တွေးကြည့်ကြည့်ပါ။
အဲ့ဒီအချိန်မှာ လျှောက်မယ့်သူအတွက် ဇဝေဇဝါ ဖြစ်သွားနိုင်တယ်။ ဒီ Continue ကို နှိပ်လိုက်ရင် ငါဖြည့်ထားတာတွေ အကုန် ပို့ပြီးသား ဖြစ်သွားမှာလား၊ ဒါမှမဟုတ် နောက်ထပ် ပြန်စစ်ရမယ့် review စာမျက်နှာကို ရောက်သွားမှာလား ဆိုပြီး တွေဝေသွားတတ်ပါတယ်။
အဲ့ဒီ Continue ဆိုတဲ့ စာသားလေးအစား Send application လို့သာ တိတိကျကျ ရေးထားလိုက်မယ်ဆိုရင် နှိပ်လိုက်တာနဲ့ ဘာဆက်ဖြစ်မလဲဆိုတဲ့ အကျိုးဆက်က ချက်ချင်း ရှင်းလင်းသွားပါပြီ။ ဒါကလည်း UX ပါပဲ။
ဒီလိုနေရာမျိုးမှာ ကိုယ်သုံးထားတဲ့ စာသားတွေက user အတွက် ရှင်းလင်းမှု ရှိမရှိဆိုတာကို AI ဆီကနေ အကြံဉာဏ် တောင်းကြည့်လို့ ရပါတယ်။ ကိုယ့်ရဲ့ form အကြောင်းကို သေချာရှင်းပြပြီး ဘယ်လို button စာသားမျိုးက ပိုသင့်တော်မလဲဆိုတာ မေးကြည့်လို့ ရတယ်ဗျ။
ဒါပေမယ့် AI က ကိုယ့်ပြဿနာကို ချက်ချင်း အလိုအလျောက် သိပြီး ပြင်ပေးမယ်လို့တော့ အာမခံလို့ မရပါဘူး။ သူက ကိုယ်ပေးတဲ့ အချက်အလက်ပေါ် မူတည်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အကြံပြုချက်တွေကိုပဲ ပေးမှာဖြစ်လို့ ကိုယ်တိုင် သေချာ ပြန်စစ်ဆေးပြီးမှ ရွေးချယ် အသုံးပြုရမှာပါ။
အဲ့တော့ ကျွန်တော် ပြောချင်တာက ကိုယ်ဆောက်နေတဲ့ အရာတွေမှာ ခလုတ်ပေါ်က စာနှစ်လုံးလောက်က အစ ရှင်းလင်းနေဖို့ လိုပါတယ်။ ရှင်းလင်းတဲ့ စာသားက user ရဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားပေးပြီး အလုပ်အတွက်လည်း ပိုအဆင်ပြေစေပါတယ်ဗျ။

Ai တွေက Code တွေအကုန်လုံးရေးပေးနေနိုင်ပြီဆိုတော့ ကိုယ်က ဘာလုပ်တတ်ဖို့လိုသေးလဲဆိုတာကို ပြောပြပေးထားပါတယ်။
Watch Full Video here - https://youtu.be/2hCRE07alZY