မလှုပ်ခင် ၃လလောက်က မန်းလေးစစ်ကိုင်းလမ်း က တံတားဖြူတံတားအောက်မှာ ငါးတွေရေပေါ်ခုန်နေတာ တွေ့ရတယ် ။အဲနား ငါးရောင်းတဲ့သူတွေကတောင် ထူးဆန်းလို့ပြေနေကြတယ်
Source:Soe Thwe
Source:Soe Thwe
အင်းလေးမှာ ငလျှင် မလှုပ် ခင်ရှေ့ရက်က လယ်ခင်းထဲမှာ လင်းဝက် ငှက်တွေ အများကြီး တနေရာထဲ စုပြီးနေနေတာတွေ ရပါတယ်
Source:Khin Mar Cho
Source:Khin Mar Cho
ငလျင်ကြီး လူပ်ပီးမှ သတိ ထားမိတာက. ဖားတွေ ဖားကောင် သေးသေးလေးတွေက အများကြီး မြေကြီးတွေဘက်က ထွက်လာပီး အိမ်တွေ ထဲ ဝင်လာတာ ၁ပတ် တိ တိလောက်ရှိမယ် ဝင်လာကြတာ မောင်းထုတ်ရတယ် အကောင်ရေ မနည်းဘူး အိမ်က လူကြီးတွေကတော့ မိုးကြီးမယ်ထင်နေကြတာ သတိမထားမိကြဘူး ၁ပတ်လောက်ကြာတော့ ငလျင် ကြီး လူပ်တော့တာဘဲ ကျတော်က အမရပူရ ကပါ။ အဆောက်ဦး ဘဲ နည်းနည်းထိခိုက်ပီး လူတွေ လဲ လွတ်ကင်းပါတယ်ရှင့်။
Source :Ma Su Monmg
Source :Ma Su Monmg
မန္တလေးငလျှင်လှုပ်မဲ့နေ့မနက်ပိုင်းမှာပေတစ်ရာလမ်းမပေါ်တချို့နေရာတွေမှာမြေကြွက်ကြီးတွေအကောင်ငါးဆယ်ကျော်တစ်ရာလောက်လျောက်ပြေးနေတာတွေကိုတွေ့ရလို့အံ့ဩမိခဲ့တယ်ဗျာ
Source: Nay Lin
Source: Nay Lin
ဟုတ်ပါတယ် လှုပ်အပြီးလရောင်နီကျင်နေပါတယ် မလှုပ်ခင်3ပတ်လောက်နေ့ည ဖါးချိန်ခါမဟုတ်အုပ်စုလိုက်အော်ပါတယ် နေပြည်တော်မှာပါ
Source: Mg Mg Win
Source: Mg Mg Win
ငလျင်မလှုပ်ခင် ခွေတွေတော့ပြောက်သွားတာသတိထားမိတယ် လှုပ်ပြီး၃ရက်လောက်မှပြန်လာကြတာ
Source:Kyaw Htike Shwe
Source:Kyaw Htike Shwe
အဲ့နေ့မနက်ပိုင်း အိမ်နောက်ကသစ်ပင်နဲ့ အိမ်ဘေး ဘုန်းကြီးကျောင်းအပင်က ဆက်ရက်တွေ ပုံမှန်ထက်ပိုပြီး အရမ်းဆူတာပါပဲ။ကိုယ်ကတောင် အဲ့နေ့က ပြတင်းပေါက်က ဆက်ရက်သံတွေ ဆူညံနေလို့ နိုးလာတာ မှတ်မှတ်ရရပါပဲ။
အဲ့ထက်ပိုထူးတာက လက်တွေကိုက်တာပါပဲ တစ်ပတ်တိတိ အိမ်မှာ နှစ်ယောက်တောင်ကိုက်တယ်။ လေးဘက်နာမရှိပဲ ဆေးခန်းသွားဆေးထိုးရတဲ့အဆင့်ပါပဲ။
ကိုယ်တင်ပဲလား မှတ်တယ် ငလျင်ပြီးမှ သိရတာ fbက fri တစ်ယောက်က ပို့စ့်တင်ထားတာ တစ်ချို့တွေလည်း လက်တွေ တော်တော်များ ငလျင်မတိုင်ခင်ထဲကကိုက်ကြတယ်လို့ သိရပါတယ်။
Source:Khin Ya Mone Phoo

အိမ်မှာခိုတွေနေ့စဉ်အစာကျွေးနေကျပါထူးခြားတာကကြာသပတေးနေ့မနက်ကကြွေးထားတဲပြောင်းဆန်တွေသောကြာနေ့နေလယ်၁၂နာရီထိလာမစားတာကိုတော့သတိထားမိပါသည်
Source:Lion Lay
Source:Lion Lay
အိမ်မှာရှိတဲ့ ခွေးက
ပတ်ပြေးနေတာ ဘာလို့ပါလိမ့်
အောင်းမေ့တာ
နောက်တခါ အောက်စက်ရေတွင်း မှာ မလှုပ်ခင် ၆ ရက် ၇ ရက်လောက်က ရေတွေ အရောင်ပြောင်းလာတယ်
28 /3 / 25 မှာ တိုက်ပြိုတာဘဲ
လူတောင်အပြင်ရောက်နေလို့
သားငယ်ပါ ပိတဲ့ထဲ ပါသွား
အမျိုးသမီးက ကုတင်အောက် ၀င်လိုက်လို့ ခြေထောက်နဲနဲ ခိုက်မိ
ကားလည်းပိ ပြား လို့
ဒါတွေက နောက်မှ ပြန်စဥ်းစားမိတာ
မှတ်သားထားကြပေါ့
Source:U Win Aye

မေးတဲ့ညီငယ်က မန့်တွေအကုန်လိုက်ဖတ်နေတော့ ရေးပေးလိုက်ပါပြီ။
မလှုပ်ခင် ၃ ရက်အလိုမှာ လူကြီးလက်မောင်းလုံးလောက်ရှိတဲ့မွေက အိမ်ဝန်းခြံစည်းရိုး ၁လက်မ သံဇကာ ကွက် ထဲ ခေါင်းဝင်ပြီးသေနေတာ မနက်မိုးလင်းတော့ သေနေတာကိုပဲတွေ့ရ၊
နောက် လူ တနေ့ကို ရာချီပြီးသွားနေတဲ့ လမ်းဘေး သစ်ပင် မှာ လူကြီး ခါးလည်လောက်မှာ အသိုက်လာဆောက် အသိုက်ထဲမှာလည်း ဌက်ပေါက်စ နှစ်ကောင်ရှိနေတယ် ။ မလှုပ်ခင် ၄ ရက်အလို။ သတိထားရမှာက တွင်းအောင်း တွားသွားသတ္တဝါတွေ ထွက်လာရင်သတိထားရမှာပါ။
Source:Aung Thu

မန္တလေးမှာ 7.7 ငလျင်ကြီးမလှုပ်ခင်
ရက်ပိုင်းအလိုတွေတုန်းက တိရစ္ဆာန်လေးတွေက
မူမမှန်ဘဲ ထူးခြားတဲ့ နိမိတ်ပြတာမျိုးတွေရှိလားဗျ။
ဥပမာ - 2023 တုန်းက တူရကီမှာ 7.8 ငလျင်ကြီး
မလှုပ်ခင် တစ်ရက်အလိုတုန်းက ကျီးကန်းအကောင်ပေါင်း
ထောင်နဲ့ချီလောက်ဟာ မူမမှန်ဘဲ ကောင်းကင်ယံမှာ ပျံသန်းနေခဲ့ကြပါတယ်။ မန္တလေးငလျင်ကြီးမလှုပ်ခင်တုန်းကရော
အလားတူအဖြစ်မျိုး ရှိခဲ့ဖူးလားဗျ။ မန္တလေးတို့၊ စစ်ကိုင်း
တို့ကလူတွေရှိရင် တစ်ချက်ပြောပေးကြပါဦးဗျာ။
အခုလည်း အိမ်ကနံရံမှာ ပုရွတ်ဆိတ်တွေအများကြီး
သွားနေတာတွေ့လို့ ရန်ကုန်ငလျင်အတွက်
စိုးရိမ်မိလို့ပါဗျာ။ ၁၉၃၀ ပဲခူးငလျင်ကြီးကလည်း
နှစ်တစ်ရာပြည့်တော့မှာဆိုတော့ စိတ်တွေတော့
လေးနေတယ်ဗျာ။
Source:Nyan Lin Htut

ကျွန်တော်ကအထက်ပိုင်းကို ကုန်သွားသွားပို့ရတဲ့ ကားသမားတစ်ယောက်ပါ ဒီတစ်ခေါက်ကကြ ကျွန်တော်တို့အဖွဲ့ကားသုံးစီး လူခြောက်ယောက် အားလုံးကယောကျာ်းလေးတွေချည်းပါပဲ
သွားရတဲ့လမ်းက ဖောင်းပြင်မြို့နယ်ထဲမှာရှိတဲ့ ရွာကြီးတစ်ရွာကိုဖြတ်သွားရတယ်ပေါ့နော် အဲဒီရွာကြီးက အရင်ကစစ်တပ်နဲ့ပျူတွေသိမ်းထားတော့ခုကြ pတွေပြန်သိမ်းထားတာပါ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်လို့ ရွာထဲကလူတွေလည်း ဆက်မနေရဲတော့ဘဲ ရွာစွန့်ပြေးကြရတယ် ခုတော့pတွေပြန်သိမ်းလို့ရွာထဲကလူတွေတစ်ချို့တစ်ဝက်ပြန်နေကြပါပီ လူတွေမနေတာကြာတော့ အိမ်တွေဆိုလည်း ချုံတွေအပင်တွေတက်ပီး တောကြီးကိုဖြစ်လို့
ဖြစ်ချင်တော့ အာ့ရွာရောက်ဖို့တစ်မိုင်လောက်အလိုကြမှ ကားသုံးစီးထဲမှာ ကျွန်တော့်ကားက ကားအောက်ပိုင်းကတန်းတစ်ခုက ကျိုးပါလေရော ဖြစ်တဲ့နေရာကလည်းလူသူဝေတဲ့တောလမ်းဆိုတော့ ဘာဆိုဘာမှမရှိ ဒါနဲ့ဖြစ်သလိုပဲ ဖြေးဖြေးချင်းမောင်းလာကြတယ်
ကျိုးသွားတဲ့အစိတ်အပိုင်းကို သံဂဟေဆိုင်မှာ ဂဟေဆော်ရမှာဆိုတော့ လမ်းမှာတွေ့ရာလူမေးရတာပေါ့ ဘယ်နားမှာသံဂဟေဆိုင်ရှိလည်း ရောက်ဖို့နီးပီလားဆိုပီး ကံကဆိုးချင်တော့ တစ်လမ်းလုံးဘယ်ရွာမှာမှမရှိဘူးတဲ့ဗျာ ကားအခြေနေကလည်းပိုပိုဆိုးလာ လူတွေကလည်းစိတ်တွေညစ်နဲ့
ဒီပုံစံတိုင်းဆက်မောင်းနေရင် ကားကမောင်းမရတော့မယ့်အခြေနေရောက်တော့မှာကိုအားလုံးကသိနေပီကိုး တစ်အောင့်လောက်နေတော့ လူတစ်ယောက်ဆိုင်ကယ်တစ်စီးနဲ့ ဆန့်ကျင်ဘက်ကနေလာလို့ မေးကြည့်တော့ အရှေ့မှာပြောခဲ့တဲ့ရွာကြီးကို ရောက်တော့မယ်ပေါ့ အာ့မှာသံဂဟေဆိုင်လည်းရှိတယ် အာ့လိုပြောတော့ အားလုံးကပျော်သွားကြရော ပျော်လို့မှမဆုံးသေးဘူး အာ့ရွာရောက်လို့ဆိုင်မှာ
ဝင်မေးတော့ ဂဟေဆော်တဲ့လူကမရှိဘူးတဲ့ဗျာ မဂ်လာဆောင်သွားတာတဲ့ သွားတာတော့ကြာပီ ပြန်လာတော့မှာပါဆိုလို့ အားလုံးကလည်းမဖြစ်မနေဆိုတော့စောင့်ကြရတယ်
အာ့လိုပြောတာကလည်း သူတို့အိမ်ကလူမရှိလို့ ဘေးအိမ်ကလူကလှမ်းပြောတာ ဘေးအိမ်ဆိုတာကလည်း ခြံဝင်းတွေကကျယ် ကြားထဲမှာလည်း မြေကွက်လပ်တွေရှိတော့ အတော်လှမ်းတယ်ဗျ အော်ပြောရတဲ့အနေထားပေါ့
နာရီဝက်လောက်ပဲကြာလိုက်တယ် ရောက်လာတယ်သူတို့လင်မယားနှစ်ယောက် ဖြစ်တဲ့ဟာပြောပြပီး လုပ်ငန်းစကြတယ်ပေါ့ဗျာ ဖြုတ်ရတပ်ရနဲ့ ကျိုးတဲ့ဟာကိုသေချာပြန်ဆက်ရတော့ အချိန်ကလည်းအတော်ကြာသွားတယ် ဒီကြားထဲ လွဲချော်တာလေးဖြစ်သွားလို့ နှစ်ခါပြန်လုပ်ရတာနဲ့
အချိန်ကလည်း ညနေစောင်းသွားတော့ မှောင်စပျိုးနေပီ အားလုံးပီးသွားတော့ တော်တော်မှောင်နေပါပီ ကျွန်တော်တို့အဖွဲ့ကဆက်သွားမယ်လုပ်တော့ သူတို့လင်မယားနှစ်ယောက်ကတားတယ် နိုင်ငံရေးအခြေနေရရော ဒေသအမိန့်ရောရှိနေတာမို့ သူတို့အိမ်မှာပဲအိပ်ပါ ထမင်းလည်းသူတို့ချက်ကျွေးပါ့မယ် မနက်မှပဲစောစောထသွားကြပါဆိုလို့ ကျွန်တော်တို့အဖွဲ့ သူတို့အိမ် အိပ်လိုက်ကြတယ်
ရေမိုးချိုးပီး ထုံးစံအတိုင်း အားလုံးကလည်းမသောက်မစားလေးတွေဆိုတော့ အိမ်ရှင်အကိုကြီးနဲ့ပေါင်းပီး တစ်ခွက်တစ်ဖလားကစ်လိုက်ကြတယ် ကစ်ပီးတော့ ထမင်းစားသောက်ပီး ကျွန်တော်တို့အဖွဲ့ကိုအိမ်ပေါ်မှာအိပ်ခိုင်းတယ် သူတို့လင်မယားနှစ်ယောက်ကတော့ အောက်မှာပဲအိပ်တယ်
ဇာတ်လမ်းကကြခုမှစမှာ ကျွန်တော်အိမ်ပေါ်ရောက်တော့ အကုန်လုံးကခရီးပမ်းတော့အိပ်ကုန်ကြပီ ကျွန်တော့်နေရာကအနောက်ဘက်အစွန် အစွန်ဆုံးတော့မဟုတ်ဘူးဗျ ကျွန်တော့်အနောက်ဘက်မှာအိပ်ယာတစ်ခု အရန်သင့်ခင်းထားတာရှိတယ် ထိပ်တည့်တည့်မှာကဘုရားစင်ရှိတယ် မမြင့်ဘူး အနိမ့်စင်ပါပဲ ဘုရားစင်ရှေ့တည့်တည့်မှာရှိနေလို့ ရှိခိုးပီး အိပ်လိုက်တယ် ဒီနေရာမှာ ခုနအရန်သင့်ခင်းထားတဲ့အိပ်ယာနဲ့ပတ်သက်ပီး အိမ်ရှင်အကိုကြီးကထမင်းစားတုန်းကပြောထားတာရှိတယ် အာ့အိပ်ယာကရွာထဲက ကျောင်းဆရာတစ်ယောက် လာအိပ်မှာပါတဲ့ အာ့တုန်းကတော့အမူ့မဲ့အမှတ်မဲ့ပါပဲ အိပ်တော့လည်း ငါ့အနောက်ဘက်လူလာအိပ်မှာပါလေဆိုပီး မကြောက်မိပါဘူး နည်းနည်းမူးတာလည်းပါတာပေါ့

ဒီလိုနဲ့အိပ်ပျော်သွားရင်း ညတစ်နာရီလောက်မှာ အိပ်နေရင်းနဲ့အနောက်ဘက်ကိုလှည့်လိုက်တဲ့အချိန် လူတစ်ယောက်ရဲ့ ခြေသလုံးနေရာကို ကျွန်တော့်ခြေထောက် ခြေမထိပ် နဲ့ထိမိလိုက်တာ ထိမိတော့လူကချက်ချင်းနိူးလာပီးအနောက်ဘက်ကိုလှည့်အကြည့် မြင်လိုက်ရတဲ့မြင်ကွင်းက တသတ်မမေ့ဘူး မျက်ကွင်းနှစ်ခုလုံးကဆိုလေ မဲညိုပီး မျက်လုံးကြီးကအရှေ့ကိုပြူးထွက် ဘယ်ဘက်ပါးနေရာမှာကြ အပေါက်ကြီးကိုမှ အထဲကသွားတွေနဲ့ သွေးလိုမဲမဲတွေမြင်နေရတာ လူကအာ့တာကြီးမြင်ပီး ကျက်သေ သေနေတာ သတိပြန်ဝင်လာတော့ ဝုန်း ခနဲဆိုထထိုင်ပီး ဘေးနားချထားတဲ့ဖုန်းကို ကောက်ယူပီး ဖုန်းမီးနဲ့ဖွင့်ကြည့်တော့ ဘာမှကိုမရှိတော့ဘူး အလိုလိုမှလူကသရဲဆိုကြောက်ပါတယ်ဆို ခုလိုပတ်ပင်းကြီးတွေ့တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ တကယ်နော် အာ့ချိန်မှာလေ ဘယ်ဘုရားစာကိုမှသတိရမနေဘူး ဖုန်းမီးနဲ့ဟိုဟိုဒီလိုက်ထိုးကြည့်တော့ ဆရာသမားက ကိုယ်တွေတက်လာခဲ့တဲ့လှေကားထိပ်မှာဗျာ မက်တပ်ကြီးရပ်ပီး ကျွန်တော့်ကိုကြည့်နေတာ သူကြည့်နေတာက မျက်နှာတစ်ခုပဲလှည့်ကြည့်နေတာ ခနွာကိုယ်ကကြ ပြောင်းပြန်ကြီး ခုနပြောတဲ့ ပါးကအပေါက်ကြီးဆိုတာလေ ခုကြအရည်တွေကအောက်ကိုစီးကြနေရော အဝတ်စားကလည်း မီးလောင်ထားတဲ့အတိုင်း မဲပီးတွန့်လိမ်နေရော အာ့လိုကြီးလည်းမြင်ရော လူကနောက်မှာရှိတဲ့ သစ်သားနံရံကိုပြေးကပ်ထိုင်လိုက်ရာကနေ အပေါ်ကဘုရားစင်ကိုသတိရသွားတာ အာ့မှာဘုရားစင်ကပန်းအိုးက ပန်းတွေရေတွေနဲ့အပြည့် လက်နောက်ပြန်လှမ်းယူပီး ကိုင်ထားတော့တာ ကိုင်ထားတဲ့လက်တွေက တဆက်ဆက်တုန်နေတော့ ပန်းအိုးထဲကရေတွေက ဖိတ်ကြပီး ကိုယ်ပေါ်ရွဲစိုလို့ အာ့အချိန်မှာသတိထားမိတာက ကျွန်တော်ဒီလောက်ဖြစ်နေတာကို ဘေးကလူတွေက တစ်ယောက်မှ မနိူးဘူး နံရံမှီလျက် ပန်းအိုးကြီးကိုင်ပီး ဘေးကလူကိုခြေထောက်နဲ့အသေကန်ပီးနိူးတာ လုံးဝကိုလူပ်မလာတာ လူကငိုကလည်းငိုချင် ပါစပ်ကနေလဲ အသံထွက်ပီး အော်နိူးတာ ထွက်လာတဲ့အသံက အမေ အမေတဲ့
နိူးမရတဲ့အဆုံး ဟိုဟာကြီးကိုလှမ်းကြည့်တော့ ကျွန်တော့်ဆီကိုလာချင်တဲ့ပုံ စိတ်ထဲမှာတော့တွေးလိုက်တယ် ငါ့ဆီထပ်လာလို့ကတော့ ကိုင်ထားတဲ့ပန်းအိုးနဲ့ထုမှာလို့ အာ့ချိန်ကြမှပန်အိုးမြင်ပီး ဘုရားစာသတိရတော့တယ် ရွတ်တဲ့ဘုရားစာဆိုတာလည်း တောင်ရောက်မြောက်ရောက်ပဲ ဘယ်ကစရမှန်းကိုမသိတော့တာ ထူးခြားတာကလေ ကျွန်တော်အစီငေါ်မတည့်ရွတ်နေတဲ့ဘုရားစာကြောင့်လာမသိ တချက်နောက်ဆုတ်သွားတာသတိထားမိတယ်
အာ့လိုသတိထားမိတာနဲ့ ရတဲ့ဘုရားစာဖိရွတ်တော့တာပဲ
ကျွန်တော်ရွတ်လေ သူကနောက်ဆုတ် တစ်ဆင့်နိမ့်လေပဲတစ်ဆင့်နိမ့်တာဆိုတာက လှေကားအတိုင်း သူကဆင်းသွားတာ ဆင်းသွားတာကလည်း လူလိုခြေထောက်နဲ့လှမ်းတာမဟုတ်ပဲ လေပေါ်ပျံနေသလိုပဲ မလူပ်ပဲ တဖြေးဖြေးချင်းနိမ့်နိမ့်ပီးပျောက်သွားတာ ပျောက်သွားလို့စိတ်အေးသွားလို့ သက်ပျင်းချမလို့ရှိသေး အောက်ကအိမ်ရှေ့မျက်နှာသာကနေ ကျောက်စရစ်ခဲအသေးလေးတွေအများကြီးနဲ့လှမ်းပတ်လိုက်တာ ဖြန်းခဲနဲဆို အာ့ကြမှအိပ်နေတဲ့လူတွေလည်းကျောက်ခဲစတွေမှန်ပီး နိူးလာကြတာ ဟာ ဘာဖြစ်တာလဲ ဘယ်သူလုပ်တာလဲဆိုပီး အကုန်လုံးကလည်းကျွန်တော့်ကိုကြည့်ပီး ဘုရားပန်းအိုးကြီးကိုင်ပီး ဘာလုပ်နေတာလဲ ရေတွေလည်းရွဲလို့ဆိုပီး သူတို့ကသာ အမောတကောမေးကြတာ ကျွန်တော်ကဖြေဖို့ကိုအားမရှိတော့ဘူး ဒီအိမ်ပေါ်ကနေ ဆင်းသွားချင်တာပဲသိတယ်
မရမကမေးကြလို့ ဖြစ်ကြောင်းကုန်စင်ပြောပြပီး ဒီအိမ်ပေါ်ကို ငါမအိပ်ချင်တော့ဘူး အောက်မှာပဲသွားထိုင်နေရအောင်ပြောတော့ အကုန်လုံးက အောက်ကခုံတွေပေါ်မှာ ထိုင်နေလိုက်ကြတယ် မိုးလင်းထိပဲ မိုးလင်းတာနဲ့ အိမ်ရှင်လင်မယားကိုနိူးပီး ဆက်သွားမယ်လုပ်တော့ ကံကလည်းဘယ်လောက်ထိဆိုးလဲဆို အိမ်ထဲကနေကားစထွက်တာနဲ့ ပြန်ကျိုးပြန်ရော ကျိုးတဲ့ဟာကလည်း ပြန်ဆက်ဖို့ကအဆင်မပြေတော့တာမို့ ပစ္စည်းကဆိုင်ကယ်နဲ့အသစ် လိုက်ရှာဝယ်ရမယ်တဲ့ ဒါနဲ့အတူပါလာတဲ့ ညီကိုနှစ်ယောက်ကို ပစ္စည်းလိုက်ရှာဝယ်ဖို့ လွှတ်လိုက်ရတယ် ဘယ်လောက်တောင်ကြာလဲဆို ညနေစောင်းလောက်မှပဲပြန်ရောက်လာတော့တယ် ပြန်ရောက်တာကနောက်ကျတော့ ဒီမှာပဲအိပ်ဖို့ကဖြစ်လာပြန်ရော ညရောက်မှာကို ကြောက်နေတဲ့ကျွန်တော်ကတော့ ရင်တထိပ်ထိပ်နဲ့ပေါ့ အကြောင်းသိနေတဲ့ အဖွဲ့ထဲကလူတွေက သူတို့မအိပ်ပဲတညလုံးနေပေးမယ်တဲ့ အားနာတာနဲ့ရတယ်လို့ ကိုယ့်ကားထဲပဲသွားအိပ်မယ်လို့ အိမ်ပေါ်တော့လိုက်မအိပ်ရဲတော့ဘူးလို့ပြောပီး ကားထဲသွားအိပ်တော့ ညီတစ်ယောက်ကအတူလာအိပ်ပေးတယ် အဖော်ရှိသွားတော့သိပ်တော့မကြောက်တော့ဘူးပေါ့လေ ကားထဲဆိုတာကလည်း သိတယ်မလား ရှေ့ခုံကိုနောက်လှန်ပီးအိပ်ရတာဆိုတော့ ရှေ့ကမှန်ကနေ ကားဘောနပ်ဖုံးကိုမြင်နေရတာလေ
မအိပ်ခင်နှစ်ယောက်သား ထွေရာလေးပါးပြောကြ ဖုန်းကြည့်ကြရင်း အိပ်ပျော်သွားရော အိပ်ပျော်ပီးမကြာပါဘူး
ကားကတစ်ချက်သိပ့်ခနဲလုပ်သွားသလိုခံစားလိုက်ရတယ် ကားအရှေ့ပိုင်းကနေ ကားကတအိအိကျနေတာကိုသိလို့ အိပ်နေရင်းကနေမျက်လုံးအသာဖွင့်ကြည့်လိုက်တာ

အမလေးးးး ဆရာသမားက ကားရှေ့ဘောနပ်ဖုံးပေါ်မှာ လေးဘက်ထောက်ပီးတက်လာနေတာ မဖြစ်ဘူးဆိုပီး ဘေးကညီကိုလက်နဲ့ဆွဲနိူးတာ မနိူးဘူး နိူးနေရင်းနဲ့ ဟိုဟာကြီးတစ်ချက်ကြည့်လိုက်တော့ ဘေးကအိပ်နေတဲ့ညီဘက်ကို လက်ညိုးထိုးပြနေတာ သူထိုးပြတဲ့ဘက်ကို ကြည့်လိုက်တော့ ဘေးကအိပ်နေတဲ့ညီက သူ့ပုံစံကြီးဖြစ်နေတာ ပါးကြီးကအပေါက်ကြီးနဲ့ ဟာ ငါတော့သွားပီပေါ့ဆိုပီး ကားအမိုးချိတ်ထားတဲ့ ပုတီးကို သူ့ပုံစံဖြစ်နေတဲ့ ညီကိုစွတ်ချလိုက်တာ စွတ်ပီးပီးချင်းအသကုန်အော်တာ အထဲကညီကလည်းအော်တာ အပြင်ကဟာကြီးကလည်းအော်တာ လည်ပင်းမှာစွတ်နေတဲ့ပုတီးကိုပြန်ချွတ်မယ့်ပုံစံလုပ်ပီးအော်တာပူတယ် ပူတယ်ဆိုပီး အာ့လိုဖြစ်ပီးခုနပဲဘေးကညီကပုံမှန်ပြန်ဖြစ်လာတယ် ဟိုဟာကြီးက ကားပေါ်ကခုန်ချပီး အိမ်နောက်ဘေးဝင်ပြေးသွားတာ ပုံမှန်ပြန်ဖြစ်လာတဲ့ညီကလည်းချွေးတွေပြန်ပီး မောနေရော သူ့မေးကြည့်တော့အိပ်မက် မက်နေတာထင်တာတဲ့ မင်းကသာအိပ်မက် ထင်နေတာ ငါကတော့အပြင်မှာ အသက်ထွက်တော့မယ်လို့ ဆက်လည်းမအိပ်ရဲတော့လို့ မီးထွန်းပီးထိုင်နေလိုက်ကြတယ် ကျွန်တော်တို့ကသာ အပြင်မှာဖြစ်ပျက်နေတာ အိမ်ရှင်လင်မယားကတစ်ချက်မနိူးဘူး
သဘောကတော့ကောင်းကြတယ် ထမင်းဟင်းကစလိုလေသေးမရှိ နောက်တစ်ခေါက်မှာတော့ သူတို့အတွက်လက်ဆောင်ဝယ်ပီးပေးဖြစ်ကြပါတယ် အိမ်ထဲထိတော့မဟုတ်ဘူး အိမ်အပြင်ကနေပဲ။
Source:anonymous

Dark Side
Dark Side ဆိုလို့ ဟိုလိုဒီလိုအမှောင်ခြမ်းကို ဆိုလိုတာ
မဟုတ်ပါဘူး အာဏာရ အစိုးရအဖွဲ့ အနေဖြင့်
မိမိလက်အောင်မှ အစိုးရဝန်ထမ်းများရဲ့
Dark Side ကိုသိအောင်လုပ်သင့်ပါတယ်
ဌာနဆိုင်ရာတွေမှာ ဝန်ကြီးဌာနကထုတ်ပြန်တဲ့
အမိန့်တွေပေါ်မူတည်ပြီး မိမိလုပ်ပိုင်ခွင့်ကို
အသုံးချကာ ငွေရှာလုပ်စားနေသူတွေကို
ဖော်ထုတ်အရေးယူသင့်နေပါပြီ
ဝန်ကြီးတပါးက ဝန်ကြီးဌာနကို ကိုင်တွယ်ရတာက
မိမိပါတီအာဏာရသည့် ငါးနှစ်တာကာလပါ
ဝန်ထမ်းကတော့ သည်ဌာနမှာလုပ်လာတာ
ဖျင်မွှေးတောင်ဖြူနေပါပြီ
ဝန်ကြီးကတက်လာလာခြင်း မိမိအထက်ကသမ္မတ
ကြီးအကြိုက် ပြောင်းလဲရေးအတွက် အမိန့်တွေထုတ်မိမိထုတ်တဲ့အမိန့်ဟာ ပြည်သူနဲ့တသားထဲ
ရှိမရှိမသိ ဝန်ထမ်းကအမိန့်ကိုပြပြီး ပြည်သူကို
ဒုက္ခပေး အပေးမခံနိုင်သူက လာဒ်ထိုး ပေးသူရှိလို့
ဝန်ထမ်းကယူ လုံးခြာလိုက်နေတဲ့ ဇတ်လမ်း
မြန်မာပြည်မှာကနေတာကြာပေါ့
.
ဟိုနေ့ကသတင်းတွေမှာ ဝန်ကြီးတပါး ရထားလိုက်စီးတာတွေ့လိုက်ပါတယ် ဘေးနားမှာလဲယူနီဖောင်းဝတ်ဝန်ထမ်းတွေအပြည့် သူ့ရှေ့မှာစာအုပ်တအုပ်
နဲ့လိုက်ရေးနေတဲ့ အရာရှိတဦးကိုလဲတွေ့ရပါတယ်
ဘယ်နေ့ဘယ်အချိန်လူကြီးလာမည်ဟေ့ဆိုရင်
အပြစ်ပြောစရာမရှိအောင် အောက်ခြေဝန်ထမ်း
တွေကလုပ်ဆောင်ကြပါတယ် တသက်လုံးမရှင်းတဲ့
ခြုံတွေခုတ် အဆောက်ဦးတွေဆေးသုတ် ပြည်သူ
ကိုပြုံးပြ နှလုံးလှဝန်ထမ်းတွေပေါ့
အာ့သလိုသာကြေညာပြီး လူကြီးကလိုက်စစ်နေရင်
ဝန်ထမ်းတွေရဲ့အမှောင်ခြမ်းက လာဒ်ပေးလာဒ်ယူ
တွေမခြေမငံ ဆက်ဆံမှု့တွေ ဘယ်လိုသိနိုင်ပါ့မလဲ
ဒါတွေဟာအရင်က လူတွေလုပ်ခဲ့ပြီးပါပြီ
မအောင်မြင်တဲ့ For Show အလုပ်တွေပါ
ကွီးဖြိုးက ဘတ်စ်ကားကြီးစီးပြပြီး ရုံးတက်မယ်
လုက်ခဲ့သလို ဦးဝင်းမြင့်ကလဲ စက်ဘီးလေးစီးပြီး
လုပ်ပြခဲ့ပါတယ် ဒေါက်တာမောင်မောင် သမ္မတ
ဖြစ်တော့ သုတ်လိုက်တဲ့ထုံးတွေ ကုလားတောင်တရုပ်ဖြစ်သွားရှာတယ်လေ
သူတို့ပြည်သူကိုလျှော့တွက်ပြီး ပြည်သူဆီက
လက်ခုတ်သံချူကြာတာလေ
ပြည်သူကအချဥ်မှမဟုတ်တာ
ငယ်စဥ်ကအဘွားရင်ခွင်ထဲမှာ နားထောင်ခဲ့ရတဲ့
တိမ်ကြားမင်းခေါင်လို လူမျိုးများပေါ်လာမလားလို့
စောင့်ကြည့်ခဲ့ရတာ အသက်သာ၆၀ ပြည့်သွားတယ်
တယောက်မှမတွေ့သေးပါဘူး
နိုင်ငံတိုးတက်ဘို့ ငတက်ပြားကိုဖမ်းတဲ့ ဘုရင်မျိုး
တွေပြည်သူကမျှော်လင့်နေတာပါ
ပြည်သူလိုမနေဘဲ ဝန်ကြီးလိုနေနေရင်တော့
Dark Side ထဲမရောက်လို့ အရေးယူနိုင်မှာမဟုတ်ဘူးနော်
ဒုတိယအကြိမ် လွှတ်တော်စပါတော့မယ်
ပြည်သူတွေမေးခိုင်းတဲ့ မေးခွန်းမေးမည့် အမတ်
ခုချိန်ထိ မပေါ်လာသေးတော့ တိမ်ကြားမင်းခေါင်ကတော့ဝေးပေါ့
ချစ်ခြင်းအားဖြင့်
source:Ye Htut(1967...............)
Develope & Change

သတင်းမီဒီယာမိတ်ဆွေတွေမို့ပြောပါရစေ
---
Mizzima ရဲ့"စာသင်ခန်းတွေဖြိုချကြ"ဆိုတဲ့ဆောင်းပါးခေါင်းစဉ်ဟာမသင့်တော်ပါဘူး..
အထူးသဖြင့် ..
- မြန်မာနိုင်ငံမှာအတန်းကျောင်းတွေပြန်စနေတဲ့အချိန်..
- တချိန်ကမိဘတွေသပိတ်မှောက်ပြီးကျောင်းမပို့လို့ အတန်းနာခဲ့ရတဲ့ကလေးတွေကို အသက်အရွယ်အလိုက်သူတို့နဲ့သင့်တော်တဲ့အတန်းကိုအရည်အချင်းစစ်ပြီးအတန်းကျော်တက်ခွင့်ပေးမယ်လို့ အစိုးရဘက်ကအစီအစဉ်ချပြီး ပညာရေးကဏ္ဍပုံမှန်ပြန်ဖြစ်လာရေးကြိုးပမ်းနေချိန်..
- တဖက်မှာလဲ စိုးမိုးနယ်မြေလို့သူတို့ပြောတဲ့နေရာတွေမှာ ကလေးတွေကိုအစိုးရကျောင်းမထားဘဲ"တော်လှန် CDM ကျောင်း"တွေမှာဘဲထားရမယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းတွေက ချော့တချီခြောက်တလှည့်လုပ်နေကြတဲ့အချိန်..
- "စစ်ကျွန်ပညာရေးကိုတော်လှန်ဆန့်ကျင်ကြ"ဆိုပြီးကြွေကျော်သံတွေထုတ်နေချိန်..
ဒီလိုကာလကြီးမှာ ဒီဆောင်းပါးခေါင်းစဉ်ကြီးကတော့မလျော်ကန်လှပေဘူး..
---
ခေါင်းစဉ်တင်ကြည့်ပြီးအပေါ်ယံဝေဖန်တာမဟုတ်ပါဘူး ဆောင်းပါးကိုလဲ အစအဆုံးကျနော်ဖတ်ကြည့်ပါတယ်..
"Mediocre" ပေါ့..
ဟိုမရောက်သည်မရောက် စိတ်ထဲပေါ်လာတဲ့အတွေးလေးတခုကိုအခြေခံပြီး ခိုင်လုံစွာကြောင်းရင်းမြစ်မပြဘဲရေးထားတဲ့ဆောင်းပါးတခုလို့ဘဲမြင်မိတယ်..
---
ပညာရေးမှာ "အခြေခံပညာ""အထက်တန်းပညာ""သက်မွေးဝမ်းကျောင်းပညာ"စသဖြင့်အပိုင်းလိုက်တွေရှိနေတာကို ဆောင်းပါးရှင်ကခွဲကြည့်မိပုံမရဘူး..
"စာသင်ခန်းပညာရေး"ဟာခေတ်နောက်ပြန်ဆွဲနေပါပြီလို့ဘဲဇွတ်အတင်းရေးထားတာ..
"သင်အံဆည်းပူးချိန်"နဲ့"ဗဟုသုတအတတ်ပညာရှာ/လေ့လာချိန်"ဆိုတာတွေကိုလဲခွဲမမြင်ဘူး..
---
အခြေခံအဆင့်မှာလူတိုင်းဟာသင်အံရတယ်..
ဗမာပြည်မှာတော့ ဘုန်းကြီးကျောင်းပညာရေး အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ပုဂ္ဂလိကကျောင်း စသဖြင့်စာသင်ခန်းတွေမှာအခြေခံပညာကိုသင်အံကြရတာ..
အခြေခံပညာကိုစာသင်ခန်းတွေမှာသင်အံဆည်းပူးမှုမရှိဘဲအထက်တန်းပညာရပ်တွေဆီခုန်ပျံကျော်လွှားသွားလို့မရဘူး..
"စာသင်ခန်းတွေကိုဖြိုချ"လိုက်လို့မရဘူး..
---
လူအများနဲ့ စာသင်ခန်းတွေကိုမသွားရတဲ့ Home Schooling" ဆိုတာတော့ ဥရောပနဲ့အမေရိကမှာရှိတယ်..
ကလေးတွေကိုကျောင်းမပို့ဘဲမိဘတွေကအိမ်မှာသင်ပေးတာ..
မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေကို တနေ့ကိုဘယ်နှစ်နာရီ စည်းစံနစ်ကျကျနဲ့သင်ကြားပေးနိုင်သလဲ အသက်အရွယ်အရမဖြစ်မနေသင်ကြားပေးရမဲ့စာသင်ခန်းကျောင်းသင်ရိုးတွေအတိုင်းလိုက်နာသင်ကြားပေးနိုင်သလားစသဖြင့်မြို့နယ်ပညာရေးတာဝန်ခံတွေကမပြတ်စီစစ်တယ်..
တက္ကသိုလ် ကောလိပ်တက်ဘို့စံချိန်အမှတ် Grades တွေရဘို့အတွက်ဆိုရင်လဲ Home schooled ကလေးတွေဟာအများနည်းတူကျောင်းစာမေးပွဲတွေဝင်ဖြေရတယ်..
ကျနော့်မိတ်ဆွေတယောက်ကသူ့သားနဲ့သမီးကို Home schooling အိမ်မှာဘဲသင်ပေးနေတော့ ကျနော်သွားစပ်စုကြည့်ခဲ့ဘူးတယ်..
မိဘတွေအတွက်အတော်တာဝန်ကြီးတယ်..
ကလေးတွေကိုစာသင်မဲ့နေရာ (စာသင်ခန်း)နဲ့ အချိန်ဇယားအသေအခြာသတ်မှတ်ပြီးသင်ပေးရတာ..
"စာသင်ခန်းကိုဖြိုချကြ"ဆိုရင်သူတို့အိမ်ကြီးပြိုသွားမှာပေါ့..
"ကြည့်ကျက်လုပ်ကြပါဆရာတို့ရယ်" ..
Source:
သန်းလွင်ထွန်း
၂ ဇွန်လ ၂၀၂၆

ခုခေတ်ကုန်စျေးနူန်းနဲ့ဆို မိသားစု ၅ဦးလောက်ရှိတဲ့ အိမ်ထောင်စုဟာ တစ်လကိုအနည်းဆုံး၁၅ သိန်းလောက်ရှိမှ တူတူတန်တန်စားလို့ရမယ်။
ဒါတောင်အတော်လေးချွေတာစားမှ။
ဝန်ထမ်းမဟုတ်တဲ့ပြည်သူတွေကတော့ ဟိုလှည့်ဒီလှည့်နဲ့ ရှာလို့ရနိုင်ပေမယ့် ဝန်ထမ်းကတော့ ကိုယ့်အလုပ်ခွင်ထဲက လပ်ပေးလပ်ယူနဲ့ဘဲ ရှာစားရတဲ့ခေတ်ဘဲ။
အဲတော့ ကြားကငထွားခါးနာရတာက ပြည်သူတွေဘဲ။
ဝန်ထမ်းတွေငတ်လေ ပြည်သူတွေဒုက္ခရောက်လေဘဲ။
ရိုးရိုးတောင်းရင်တော်သေးတယ်။ ညစ်ရစ်နေရင်တော့ ပြည်သူတွေကျောကော့အောင်ခံပေတော့ဘဲ။
လစာတိုးပေးတာလဲ မြန်မာပြည်မှာ အဆိုးဆုံးဖြေရှင်းနည်းဘဲ။
လစာတိုးမယ် သတင်းထွက်တာနဲ့ ကုန်စျေးနူန်းက ကြိုတက်နှင့်ပြီ။
ဝနထမ်းကလဲ ပြည်သူဆီကမှ မရရင် သူလဲငတ်သေမှာဘဲ။
အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ။
International မှာလုပ်တဲ့နည်းအတိုင်းဘဲဖြေရှင်းလို့ရပါတယ်။
ဝန်ကြီးလုပ်တဲ့လူက ပါးနပ်လိမ်မာစွာဖြေရှင်းရင် အတော်ကြီးကိုပြေလည်သွားမှာပါ။
တစ်ဖက်ကလဲ ကုန်စျေးနူန်းကိုထိန်းထားဖို့တော့လိုမယ်။
ဝန်ကြီးဌာန တစ်ခု ဥပမာဆိုကြပါစို့။
ဝန်ကြီးဟာ သူ့ဌာန မှာရှိတဲ့ Service တွေ တစ်ခုချင်းဆီကို အသေးစိတ် မေးမြန်းလေ့လာပြီး ဝန်ထမ်းတစ်ဦးချင်းဆီကို သာသာယာယာနဲ့ တစ်လကို ၁၅ သိန်းလောက်Bonus ရအောင်။ ပြည်သူတွေလဲ သူ့ဌာနနဲ့ဆက်သွယ်ရင် စိတ်ချမ်းသာစေအောင် ဆောင်ရွက်နည်းတွေရှိပါတယ်။
အဲဒါကတော့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းဖြစ်တဲ့ Special Service ဘဲဲ ခေါ်ခေါ် VIP ဘဲခေါ်ခေါ်။ Premier Service ဘဲခေါ်ခေါ်။ အထူးစျေးနူန်းနဲ့ Service တစ်မျိူးပေးတာဘဲဖြစ်တယ်။
နိုင်ငံခြား တိုင်းပြည်တွေမှာ ကားရပ်ရင်တောင် Valet Parking ဆိုပြီး ရိုးရိုး parking ထက် ၅ဆ ၁၀ဆ ထိတိုးယူတဲ့ Service တွေရှိတော့တတ်နိုင်တဲ့လူတွေက ငွေပိုပေးပြီး အဆင်သင့် ရပ်လိုက်ရုံပါဘဲ။
KLမှာ Gentine Highland တောင်ပေါ် cable ကားနဲ့တက်ခြင်ရင် ရိုးရိုးလက်မှတ်ဝယ်ရင် ၆ကျပ်က တန်းစီရတယ်။ တစ်ခါတစ်လေ လူတန်းအရှည်ကြီး။ အဲဒါတန်းမစီချင်ရင် Valet ticket ဝယ်လို့ရတယ်။ ၁၂ ကျပ်ပေးရင် တန်းမစီရဘူး။
ဥပမာဗျာ
ကညန ဝန်ကြီးဆိုပါစို့။
ကားသက်တမ်းတိုးတဲ့နေရာမှာ VIP Service တစ်ခုထားမယ်။ ပုံမှန်ထက် ၅ဆပေးရမယ်။ ၂နာရီနဲ့အပြီးစစ်ပေးမယ်။
ရိုးရိုး Service ကိုလဲ ပိုမြန်အောင်လုပ်ပးမယ်။ မြင်သာရုံးထဲက ပွဲစားတွေကို တစ်ယောက်မကျန် အကုန်မောင်းထုတ်။ လိုအပ်ရင် ရဲပါတာဝန်ပေးပြီး ပွဲစားမြင်တာနဲ့ဖမ်းခိုင်း။
ပွဲစားတွေ ပေးရမယ့်ပိုက်ဆံ ဝန်ထမ်းတွေကိုတရားဝင် ပေးမယ်။
ရည်မှန်းချက်ကတော့ ဝန်ထမ်းတစ်ယောက် လစာအပြင် တစ်လ ၁၅ သိန်းလောက် ကို VIP Service တွေကနေဝန်ထမ်းတွေကို ရအောင်လုပ်ပေးဖို့ပါဘဲ။
အဲတော့ ဝန်ကြီးလုပ်တဲ့သူက သူ့ဝန်ကြီး ဌာန က မှာဘယ်ဟာတွေက Hot ဖြစ်လဲ ဆိုတာရှာပြီး VIP Service လုပ်။
စားရတဲ့ဌာန က ပိုက်ဆံကို မစားရတဲ့ဌာနတွေကပါခွဲယူ။ မစားရတဲ့ဌာနက လူအားတွေရှိရင် စားရတဲ့ဌာန ကိုအားဖြည့်။ အလုပ်မြန်မြန်ပြီးအောင်။
Passport ဌာန ဆို လုပ်လို့ကောင်းဘိခြင်း။
အရေးကြီးတာက ပွဲစားတွေအရင်ရှင်းထုတ်။ သူတို့ရမယ့်ငွေကို special service လုပ်ပြီး ဝန်ထမ်းတွေလဲ သာသာယာယာ နဲ့ ပေးနိုင်သူလဲ အဆင်ပြေ။ မပေးနိုင်တဲ့ ပုံမှန်ပြည်သူလဲ အဆင်ပြေ။ ဝန်ထမ်းကလဲ Bonus တစ်လ ၁၅ သိန်းရတော့ ပြည်သူကိုမရစ်မကျစ်တော့ဘူးပေါ့။
ဝန်ကြီးတွေရဲ့တာဝန်ပါ။
မဖြစ်နိုင်ဘူး အရင်မပြောပါနဲ့။
လုပ်ကြည့်ကြပါ။ သိပ်ကိုဖြစ်ပါတယ်။
Source:
ဇေစိုး။

(အဘိဓမ္မာနဲ့ ရန်ကုန်တက္ကသိုလ်)
အဘိဓမ္မာကို ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပေးဖူးတဲ့အကြောင်း သိသူအတော်နည်းလိမ့်မယ်။ ၁၉၅၂ မှာစပြီး သင်ကြားပေးခဲ့တာလို့ သိရတယ်။
ရန်ကုန်တက္ကသိုလ်ဟာ ကိန်းဘရစ်ခ်ျနဲ့ အောက်စ်ဖို့ဒ် စံနှုန်းတွေအတိုင်း တည်ထောင်ခဲ့တာဖြစ်လို့ အဲ့ဒီအချိန်က ကမ္ဘာ့အဆင့်မှီ၊ အာရှရဲ့ထိပ်တန်းတက္ကသိုလ်တခုပါ။ (၁၉၆၂ နောက်ပိုင်း မြန်မာလိုသင်ရမယ်ဆိုတဲ့ တလွဲမာနနဲ့ သင်ကြားပုံပြောင်းလိုက်မှ အဆင့်တွေ နိမ့်ကျသွားခဲ့တာဖြစ်တယ်။)
လွတ်လပ်ရေးရပြီးစ အရှေ့တောင်အာရှရဲ့ နံပါတ်တစ် တက္ကသိုလ်ကြီးမှာ ရုပ်၂၈၊ စိတ် ၈၉၊ စေတသိက် ၅၂နဲ့ ဖဿ၊ ဝေဒနာ၊ သညာတွေအကြောင်း သင်ကြားပေးနေပုံကို မြင်ယောင်ကြည့်ရတာ မယုံနိုင်စရာပဲ။ ရယ်စရာလိုဖြစ်နေတယ်။
သင်ပေးသူက ဘုန်းကြီးတပါးဖြစ်ပြီး၊ လာသင်သူတွေထဲ နိုင်ငံခြားသားတွေပါ ပါတယ်ဆိုတော့ တွေးကြည့်ရင် အိပ်မက်ဆန်လွန်းတယ်။
ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာပါ။
၁၉၅၂ ကနေ ၁၉၆၀အထိ ၈ နှစ်တိုင်တိုင် ဒဿနိကဘာသာရပ်အဖြစ် အဘိဓမ္မာကို အင်္ဂလိပ်လို သင်ကြားပေးခဲ့တာဖြစ်တယ်။
တိုင်းပြည် လွတ်လပ်ရေးရတော့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းဖို့ ကြိုးစားခဲ့ကြပေမဲ့ အဆင်မပြေခဲ့ဘူး။
ဒါနဲ့ပဲ . .အဘိဓမ္မာဟာ အရှေ့တိုင်းဒဿနပညာ ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပေးသင့်တယ်ဆိုတဲ့ စိတ်ကူးမျိုး ရလာကြတယ်လို့ ဆိုတယ်။ ခေတ်ရှေ့ပြေးတဲ့စိတ်ကူးလို့ ပြောရမယ်။
စတင်သူတွေက ဦးနု၊ ဆာဦးသွင်၊ ဝတ်လုံတော်ရ ဦးသိမ်းမောင်တို့ ဖြစ်တယ်။ ဒဿနိကဌာနမှူး ဒေါက်တာလှဘူးက ကန့်ကွက်ခဲ့ပေမဲ့ နောက်တော့ အလျော့ပေးလိုက်ရပြီး၊ သင်ကြားဖို့ 'လက်ချာရာ'တယောက်ကို ခန့်ထားပေးခဲ့တယ်။
ဆာဦးသွင်တို့က အဲ့ဒီဆရာကို ခေါ်တွေ့တော့ သင်ပေးမဲ့လူက အဘိဓမ္မာအကြောင်း ဘာမှနားမလည်ဘူး။
အနားနီးမှ သင်္ဂြိုဟ်စာအုပ်လေးဖတ်ပြီး သင်မယ်လို့ စိတ်ကူးထားကြောင်း ပြန်ပြောပြတယ်။
ဒါနဲ့ပဲ သတင်းစာထဲ ကြော်ငြာထည့်ပြီး သင်ပေးနိုင်မဲ့ ဆရာရှာတော့ သီဟိုဠ်ရဟန်းတပါးနဲ့ အိန္ဒိယရဟန်းတပါးက သင်ကြားပေးနိုင်ကြောင်း လှမ်းလျှောက်ကြတယ်။
သင်ပေးသူဟာ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကြောင့် လျှောက်ထားမှုကို ပယ်လိုက်ကြတယ်။ ပြည်တွင်းက ပဋ္ဌာန်းဆရာတော် ဦးနာရဒနဲ့ တောင်ဘီလူးဆရာတော် ဦးကေတုမာလာတို့က သင်ပေးဖို့ ကမ်းလှမ်းပေမဲ့ အင်္ဂလိပ်လို သင်ကြားရမယ်ဆိုတဲ့မူကြောင့် အဆင်မပြေပြန်ဘူး။
နောက်ဆုံးတော့ လန်ဒန်မှာ သာသနာပြုနေသူ ဆရာတော်'ဦးသေဋ္ဌိလ' (သစ်ထိလ)ကို သတိရပြီး ဆရာတော်ကို လှမ်းပင့်ခဲ့ကြတယ်။
ဆရာတော်ဟာ စစ်မဖြစ်ခင်ကတည်းက လန်ဒန်ရောက်နေသူဖြစ်ပြီး သာသနာထွန်းကားအောင် လုပ်ဆောင်နေသူဖြစ်တယ်။ အဲ့ဒီအချိန် အင်္ဂလန်မှာ ဆရာတော်ရဲ့ သာသနာပြုလုပ်ငန်းက အတော်အောင်မြင်နေပြီ။
အင်္ဂလိပ်အတော်များများ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေကြပြီး ဆရာတော့်ဆီမှာ နိကာယ်နဲ့ အဘိဓမ္မာသင်တန်းတွေ ပြန်တက်နေကြချိန်လည်း ဖြစ်နေတယ်။
ဒါပေမဲ့ နိုင်ငံတော်က လှမ်းခေါ်တာကြောင့် ခြောက်လတစ်နှစ်လောက် ကူညီမယ်ဆိုတဲ့စိတ်နဲ့ ဆရာတော်မြန်မာပြည်ပြန်လာပြီး သင်တန်းပြပေးခဲ့တယ်။
တနှစ်ပြည့်လို့ ပြန်မယ်လုပ်တော့ 'မပြန်ပါနဲ့အုံး။ အနည်းဆုံး ၄နှစ်တော့ တဆက်တည်း ပြပေးပါ'လို့ ဝိုင်းတားပြီး ဆွဲထားခဲ့ကြတယ်။
သင်ရိုးညွှန်းတမ်းက ဘီအေတန်း ၂နှစ်၊ အမ်အေတန်း ၂နှစ် ဖြစ်တာကြောင့် ဆရာတော် မငြင်းသာဘဲ သင်တန်းဆက်ပြခဲ့ရတယ်။ သင်္ဂဟကို အခြေခံပြီး ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ပုဂ္ဂလပညတ်တို့ကို လေးနှစ်စာ သင်ရိုးနဲ့ သင်ကြားခဲ့တာဖြစ်တယ်။
ဒီလိုနဲ့ ရှစ်နှစ်ကြာသွားခဲ့တယ်။
တစ်နှစ်ပြည့်ချိန်ကစလို့ နှစ်တိုင်း လန်ဒန်ကတပည့်တွေက စာအတန်တန်ရေးပြီး သူတို့ဆရာတော်ကို ပြန်ခေါ်ကြတယ်။
ဆရာတော်က ငြင်းဖို့ခက်နေလို့ နိုင်ငံတော်က စာထုတ်ပြီး၊ လန်ဒန်ကတပည့်တွေကို သည်းခံစောင့်ဆိုင်းပေးဖို့ စာရေးပန်ကြားခဲ့ရတယ်လို့ ဆိုတယ်။
ဆရာတော်ဟာ ဥရောပမှာ ဗုဒ္ဓဘာသာအသင်းတွေ ပေါ်လာအောင် သာသနာပြုနိုင်ခဲ့သလို၊ ပါဠိ၊ နိကာယ်နဲ့ အဘိဓမ္မာသင်တန်းတွေလည်း ဖွင့်လှစ်သင်ကြားပေးခဲ့တယ်။
၁၉၄၉ မှာ ဆရာတော်ကျင်းပစစ်ဆေးခဲ့တဲ့ အဘိဓမ္မာ စာမေးပွဲမေးခွန်းကိုကြည့်ရင်၊ အဲ့ဒီအချိန်က သင်တန်းသားတွေရဲ့ အဘိဓမ္မာအသိကို ခန့်မှန်းကြည့်နိုင်တယ်။
(1949 Abhidhamma Examination Question papers)
၁။ ပြိုင်ဘက်တွေအပေါ် စနစ်တကျ မုသားသုံး ဝါဒဖြန့်နေတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ စိတ်အစဉ်မှာ ဝေဒနာ၊ ဟိတ်၊ ကိစ္စ၊ ဒွါရ၊ အာရုံ နဲ့ ဝတ္ထုတွေဟာ ဘယ်လိုမျိုးတွေ ဖြစ်မလဲ။
1. What are feelings, roots,functions, doors, objects, and bases of the thoughts of a political leader who is lying about his opponents systematically under the heading of propaganda?
၂။ ကလေးတစ်ယောက်ဟာ တိုက်ဆိုင်မှု (သို့) ဖန်ဆင်းရှင်ကြောင့် မွေးဖွားလာနိုင်သလား။ ဒါမှမဟုတ် ဘယ်အရာက ကလေးမွေးဖွားဖို့ တိုက်ရိုက်အကျဆုံး အကြောင်းရင်းလဲ။
2. Can a child be born by chance or created by God, or who, or what is the immediate determining factor of its birth?

၃။ နိုးတဝက်စိတ် သို့မဟုတ် စကြဝဠာဆိုင်ရာ စိတ်အစဉ် ဆိုတာ ရှိသလား။ ရှိခဲ့ရင် အဘိဓမ္မာမှာ ဘယ်လိုခေါ်သလဲ။ မရှိခဲ့ရင် လက်ရှိဘဝအပေါ် စဉ်ဆက်မပြတ် ဩဇာသက်ရောက်နေတဲ့ အရာက ဘာဖြစ်မလဲ။
3. Is there any such thing as subconsciousness or universal consciousness? If so, what are they called in the Abhidhamma? If not, what is it that is constantly exerting powerful influence upon our present life?
၄။ လောကမှာ အရာအားလုံးကို အရှိအတိုင်း နားလည်သဘောပေါက်နိုင်တဲ့ စိတ်အမျိုးအစားတွေက ဘာတွေလဲ။
4. What are the types of consciousness with which one can understand everything in the whole world as it is?
၅။ နိဗ္ဗာန်ဟာ စိတ်အခြေအနေ တစ်ခုလား။ တကယ်လို့ စိတ်ဖြစ်ခဲ့ရင် သူက ဘာကို အာရုံပြုသလဲ။ စိတ်မဟုတ်ခဲ့ရင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ စိတ်တွေက ဘာတွေလဲ။
5. Is Nibbana a state of consciousness? If so, what is it conscious of? not, what are the types of consciousness by wich it may be realised?
အဲ့ဒီမေးခွန်းတွေကို စိတ်ကူးနဲ့ဖြေကြည့်တာ အောင်မှတ်မရခဲ့ဘူး။
ဆရာတော့်သင်တန်းသား မျက်နှာဖြူတွေကတော့ ဖြေနိုင်တဲ့အပြင်၊ ၅ယောက်က ဂုဏ်ထူးနဲ့အောင်မြင်တယ်လို့ သိရတယ်။
ဆရာတော်သေဋ္ဌိလဟာ ဘာသာခြားတွေကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးနိုင်ရုံမကဘဲ၊ နိကာယ်နဲ့ အဘိဓမ္မာ သင်တန်းသားတွေဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာ ထူးခြားမှုလို့ ဆိုရမယ်။ နောက်ပိုင်း ကမ္မဋ္ဌာန်းသင်တန်းပါ သင်ကြားပေးခဲ့တယ်။
ဓမ္မကို မြည်းစမ်းခွင့်ရလို့ အရသာသိသွားတဲ့ ဥရောပသားတွေဟာ သူတို့ရဲ့ဆရာတော်ကို Beloved Teacher 'ချစ်လှစွာသောဆရာ'လို့ ခေါင်းစဉ်တပ်စာရေးပြီး ပြန်လာဖို့ခေါ်ကြတယ်။ တက္ကသိုလ်အာဏာပိုင်တွေဆီလည်း ပြန်လွှတ်ပေးဖို့ စာရေးတောင်းဆိုကြတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။
ဆရာတော်ဟာ ကျောင်းပိုင်မရှိတာကြောင့် ရန်ကုန်ရောက်စ၊ တက္ကသိုလ် ဓမ္မာရုံမှာ ခေတ္တနေခဲ့ရတယ်။
နောက်ပိုင်း ဆရာများအဆောင်တခုမှာ စီစဉ်ပေးလို့ ပြောင်းရွှေ့ သီတင်းသုံးခဲ့တယ်။
လစာကို ဆွမ်းဆန်တော်အဖြစ် ဘဏ်အကောင့်တခုဖွင့်ပြီး ဆပ်ကပ်လှူဒါန်းခဲ့တယ်။ လစဉ် ၈၀၀ နှစ်တိုး ၅၀ ကျပ်လို့ သိရတယ်။
၁၉၅၆ မှာ ဆရာတော်ကို နိုင်ငံတော်က 'အဂ္ဂမဟာပဏ္ဍိတဘွဲ့' တံဆိပ် ဆက်ကပ်ခဲ့တယ်။
အဘိဓမ္မာကို ရန်ကုန်တက္ကသိုလ်မှာ ၈ နှစ် သင်ကြားပေးခဲ့ပြီး၊ ၁၉၆၀ မှာတော့ ဘာကြောင့်မှန်းမသိဘဲ၊ သင်တန်းဟာ ထူးဆန်းစွာပဲ ရပ်ဆိုင်းသွားခဲ့တယ်။ နောင်လည်း အဲ့ဒီလိုသင်တန်းမျိုး ထပ်ပြီး သင်ကြားမပေးတော့ဘူး။
ဝမ်းနည်းဖို့ကောင်းတာက ၈ နှစ်ပြည့်ချိန် ဆရာတော်ပြန်မယ်လုပ်တော့ နိုင်ငံတော်က ပြည်ပထွက်ခွင့် ပိတ်ပင်ထားတဲ့ကာလနဲ့ တိုက်ဆိုင်နေတာပါ။
အဲ့ဒီကာလမှာ ဦးဘခင်လည်း ပြည်ပထွက်ပြီး ဝိပဿနာသင်ကြားပေးခွင့် မရခဲ့သလို၊ ဆရာတော်လည်း လန်ဒန်ပြန်ပြီး သာသနာဆက်ပြုခွင့် မရခဲ့ဘူး။
[ ဝိပဿနာဟာ အိန္ဒိယမှာဗုဒ္ဓဘာသာ ကွယ်ချိန်ကစလို့ ပျောက်ကွယ်သွားခဲ့တယ်။ မြန်မာပြည်မှာ လယ်တီဆရာတော်ကြောင့် ပြန်ထွန်းကားလာပြီး မင်းကွန်း၊ မိုးညှင်းနဲ့ မဟာစည်ဆရာတော်လက်ထက်မှာ အထူးခေတ်စားလာတယ်။
ဦးဘခင်ဟာ ဝိပဿနာကို အင်္ဂလိပ်လို သင်ပေးနိုင်သူဖြစ်လို့ ဝေဘူဆရာတော်က ပြည်ပထွက်ပြီး သာသနာပြုဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ ပြည်ပထွက်ခွင့်ပိတ်ထားလို့ အခွင့်အရေး မရခဲ့ဘူး။
ဒါကြောင့် တပည့်ဖြစ်သူ ဦးဂိုအင်ကာနဲ့ ရုဒန်နီဆင်တို့ကို ပြည်ပမှာ ပြန်လည်သင်ကြားပေးဖို့ ခွင့်ပြုလိုက်တယ်။ ဒီလိုနဲ့ ကမ္ဘာပေါ်မှာ ဝိပဿနာပြန်ပြီး ခေတ်စားလာခဲ့တယ်။
အနောက်တိုင်းသားအများစုက ဝိပဿနာကို 'ဦးဂိုအင်ကာ၊ အိန္ဒိယ'နဲ့ပဲ တွဲပြီးသိခဲ့ကြတယ်။ တကယ်လို့ ဦးဘခင်သာ ပြည်ပထွက်ခွင့်ရခဲ့ရင် အခြေအနေက တမျိုးဖြစ်နိုင်တယ်လို့ တွေးမိတယ်။ ]
ဆရာတော်သေဋ္ဌိလ ပြည်ပပြန်ထွက်ခွင့် မရတာကြောင့် အင်္ဂလန်က သာသနာပြုလုပ်ငန်းဟာ ရပ်ဆိုင်းသလို ဖြစ်သွားခဲ့တယ်။
ဆရာတော်သာ ပြန်မလာဖြစ်ရင် အင်္ဂလန်နဲ့ ဥရောပမှာ ဗုဒ္ဓဘာသာဟာ အခုထက်ပိုပြီး ထွန်းကားနေလိမ့်မယ်လို့ တွေးဆကြည့်နိုင်တယ်။
ဒါပေမဲ့ အကောင်းဘက်ကကြည့်ရင်တော့ ဆရာတော်ပြန်လာပြီး သင်တန်းပေးခဲ့လို့သာ ရန်ကုန်တက္ကသိုလ်မှာ အဘိဓမ္မာသင်တန်း ရှိခဲ့ဖူးတယ်ဆိုတဲ့ သမိုင်းမှတ်တိုင်တစ်ခု ကျန်ရစ်ခဲ့တာဖြစ်တယ် ။
(နေနော်)
၀၂.၀၆.၂၆

❤1
မြန်မာနိုင်ငံက အနာဂတ် elite တွေကြားထဲမှာ မြန်မာစကားကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သူက
တခြား elite တွေထက် ရှေ့ရောက်လာလိမ့်မယ်။
ပြည့်စုံတဲ့အသိုင်းအဝိုင်းကလာတဲ့ နိုင်ငံတကာကျောင်း၊ ပုဂ္ဂလိကကျောင်းတက်တဲ့ ကလေးတွေ
ကြုံဖူးသလောက် တော်တော်များများဟာ အင်္ဂလိပ်ဘာသာစကားကို သူတို့ရဲ့ မိခင်ဘာသာစကားလို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပေမယ့် မြန်မာစကားကိုထစ်အဲထစ်အဲနဲ့ သိပ်မပြောတတ်ကြဘူး၊ ပိုင်ပိုင်နိုင်နိုင် မရှိကြဘူး။
မြန်မာနိုင်ငံမှာထိပ်ရောက်လာမယ့် အနာဂတ် elite တွေက အင်္ဂလိပ်စကားကျွမ်းကျင်ကြတဲ့အတွက် အင်္ဂလိပ်စကား ကျွမ်းခြင်းဟာ သူတို့ကြားထဲမှာ ဘာမှမထူးခြားတော့ဘဲ မြန်မာစကားပိုင်နိုင်သူက ပိုသာလာလိမ့်မယ်။ မြန်မာဈေးကွက်၊ မြန်မာ့နိုင်ငံရေးမှာ တခြားအရည်အချင်းချင်းတူရင် မြန်မာစာ စကား ရေလည်သူက စားသွားမှာပါ။
အမေရိကားမှာ အနေကြာတဲ့သူတွေတောင် မြန်မာဈေးကွက်ကို လှမ်းထိုးဖောက်တဲ့အခါ
မြန်မာစကားနဲ့ပြောကြရေးကြမှ မြန်မာပရိသတ်ရကြတာ။ အမေရိကန်အချင်းချင်းကြားထဲမှာ အမေရိကန်နေ မြန်မာ influencer တို့အားသာချက်က အမေရိကန်ဖြစ်နေတာမဟုတ်ဘူး၊ ကျွမ်းကျင်မှုတစ်ခု ရှိနေတာမဟုတ်ဘူး၊ မြန်မာဖြစ်ပြီး မြန်မာစကားပြောတတ်ရေးတတ်တာက အားသာချက် ဖြစ်လာတာ။
အင်္ဂလိပ်စာလည်းတတ်၊ တရုတ်စကားလည်းတတ်သူက ရှေ့ရောက်မယ် မပြောနဲ့။ အမြင်ကျယ်တဲ့မိဘတော်တော်များများ အင်္ဂလိပ်စာမွှတ်နေတဲ့ သူတို့ကလေးတွေကို တရုတ်စာပါ
သင်ပေးနေကြပြီ။ မြန်မာစာကျွမ်းသူကပဲ elite တွေကြားထဲမှာ နှာတစ်ဖျားမက သာမှာ။
source:ZeYa Thu

🤔1