Paing - Financial Advisor & Coach
627 subscribers
109 photos
6 videos
118 links
Welcome to our Telegram channel dedicated to providing you with the latest business and investment opportunities.

Email us @ paingmentoringfamily.com
Download Telegram
DeFi Investment မှတဆင့် ပုံမှန်ဝင်ငွေတစ်ခုရှာဖွေလိုသူတိုင်းအတွက် တစ်သက်တာလေ့လာနိုင်မယ့် 𝐌𝐚𝐬𝐭𝐞𝐫𝐲 𝐃𝐞𝐅𝐢 𝗖𝗼𝘂𝗿𝘀𝗲 🚀

Future of Finance လို့ခေါ်နိုင်တဲ့ Decentralized Finance (DeFi) ဟာ လူတွေရဲ့နေ့စဉ်ဘဝမှာ တစ်စနဲ့တစ်စ ပိုမိုတွင်ကျယ်လာနေပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း DeFi Investment ကိုတွင်တွင်ကျယ်ကျယ်ပြုလုပ်လာနေကြပါတယ်။
ဒါဟာ DeFi မှတဆင့် ပုံမှန်ဝင်ငွေ တစ်ခုကိုရှာဖွေချင်သူတွေအတွက်တော့ အဓိကအသုံးချသင့်တဲ့အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

✔️ DeFi အကြောင်းကိုပိုသိချင်တယ်၊
✔️ DeFi Investment ကို ကိုယ်တိုင်နားလည်တတ်မြောက်ပြီး Passive Income တစ်ခုကိုဖန်တီးချင်တယ် ဆိုတဲ့သူတွေအတွက် ကိုယ်တိုင်လေ့လာဖို့ပေးရမယ့်အချိန်ထက် အချိန်ကုန်သက်သာပြီး ပိုထိရောက်နိုင်မယ့် Mastery DeFi : The Ultimate DeFi Investing Course နဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Course ကဘယ်သူတွေအတွက်လဲဆိုတော့ -

➡️ Decentralized Finance ရဲ့သဘောတရားတွေကို နားလည်သဘောပေါက်လိုသူတွေ။
➡️ DeFi Investment မှတဆင့် ပုံမှန်ဝင်ငွေရှာဖွေလိုသူတွေ။
➡️ Blockchain, NFT & Web3 စတဲ့ အကြောင်းအရာတွေကိုလေ့လာပြီးအသုံးချလိုသူတွေ။
➡️ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းကောင်းတွေကိုရှာဖွေနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ရည်ရွယ်ပါတယ်။

Mastery DeFi Course အတွင်းမှာ Chapter (7) ခုပါဝင်မှာဖြစ်ပြီး ခေါင်းစဉ်ခွဲပေါင်း (70) ကျော်ပါဝင်မှာဖြစ်ပါတယ်။ ပါဝင်မယ့် Chapter တွေကတော့ -
📍Chapter (1) : Understanding Cryptocurrency Fundamentals
📍Chapter (2) : Do Your Own Research
📍Chapter (3) : Blockchain Fundamentals
📍Chapter (4) : DeFi Fundamentals
📍Chapter (5) : An Investor Guide in Web 3/ Crypto/ Blockchain
📍Chapter (6) : Strategy for 2025 Crypto Gains
📍Chapter (7) : Metaverse, NFT & Web 3 တို့ပဲဖြစ်ပါတယ်။
ထိုသင်ခန်းစာတွေကနေတဆင့် -

▪️ DeFi နှင့် Crypto အကြောင်းပြည့်ပြည့်စုံစုံသိလာနိုင်မယ်။
▪️ Crypto portfolio တွေဘယ်လိုတည်ဆောက်ရမယ်ဆိုတာသိလာမယ်။
▪️ DeFi protocols များအကြောင်းလည်းလေ့လာနိုင်မယ်။
▪️ Blockchain များအကြောင်းနဲ့ ၎င်းတို့အလုပ်လုပ်ပုံကိုသိလာနိုင်မယ်။
▪️ NFT နှင့် Web 3, Metaverse များအကြောင်းကိုလည်းသင်ယူနိုင်မှာဖြစ်ပါတယ်။

Mastery DeFi Course ကို Language Management System (LMS) နဲ့အသုံးပြုပြီးသင်ယူနိုင်မှာဖြစ်လို့ မိမိအဆင်ပြေတဲ့အချိန်မှာ လေ့လာသင်ယူနိုင်ပါတယ်။ ဒါ့အပြင် Video သင်ခန်းစာများဖြစ်တဲ့အတွက် တစ်ခါစာရင်းသွင်းထားရုံနဲ့ တစ်သက်တာလေ့လာနိုင်မှာဖြစ်ပါတယ်။

Mastery DeFi Course ကို (49$) နဲ့ရောင်းချပေးသွားမှာဖြစ်တာမို့ စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့
အောက်ပါ link မှတဆင့်ဖြစ်စေ၊ Facebook page messenger မှတဆင့်ဖြစ်စေ စာရင်းသွင်းဝယ်ယူနိုင်ပါတယ်။

စာရင်းသွင်းရန် - https://bit.ly/mastery_defi_course

#AungMyoPaing_Paing
#Helping_Families_Achieve_Financial_Freedom
2👍2😁2🤯1
💡Crypto Staking အကြောင်းသိသင့်သမျှ…

Crypto Staking ဆိုတာက သင့်မှာရှိတဲ့ Cryptocurrency တွေကို Blockchain Network တစ်ခုမှာ သိမ်းဆည်းထားပြီး ထို Network ရဲ့ လုံခြုံမှုနဲ့ လုပ်ဆောင်နိုင်စွမ်းကို ထောက်ပံ့ပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင့်ကို အတိုးဝင်ငွေတွေ ပြန်ရရှိစေပါတယ်။

⭐️ Crypto Staking ရဲ့ အကျိုးကျေးဇူးတွေက —

1. အတိုးဝင်ငွေရရှိခြင်း

သင့်မှာရှိတဲ့ Cryptocurrency တွေကို Staking လုပ်ခြင်းအားဖြင့် အတိုးဝင်ငွေတွေ အလွယ်တကူ ရရှိနိုင်ပါတယ်။

2. Equipment မလိုအပ်ခြင်း

Crypto Mining လိုမျိုး အထူးပစ္စည်းတွေ မလိုအပ်ဘဲ သင့်ရဲ့ Cryptocurrency ကို သာသိမ်းဆည်းထားရုံနဲ့ Staking လုပ်လို့ရပါတယ်။

3. Blockchain Network ကို ထောက်ပံ့ခြင်း

Staking လုပ်ခြင်းအားဖြင့် ဘလော့ခ်ချိန်းရဲ့ လုံခြုံမှုနဲ့ လုပ်ဆောင်နိုင်စွမ်းကိုကူညီထောက်ပံ့ပေးရာရောက်ပါတယ်။

4. သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ခြင်း

Staking ဟာ Crypto Mining ထက် စွမ်းအင်သုံးစွဲမှုနည်းပြီး Environmental Friendly ဖြစ်ပါတယ်။

⭐️ Staking လုပ်ဖို့ ဘာတွေလိုအပ်လဲ?

- သင့်မှာ Cryptocurrency ရှိရပါမယ်။
- Staking ကို ထောက်ပံ့ပေးတဲ့ Wallet သို့မဟုတ် Platform တစ်ခုခုကို အသုံးပြုရပါမယ်။
- အနည်းငယ်သော အခြေခံနည်းပညာဗဟုသုတ ရှိရပါမယ်။

⭐️ Staking မစခင်သိထားသင့်တာလေးတွေက —

- Staking လုပ်တဲ့အခါ သင့်ရဲ့ Cryptocurrency တွေကို သတ်မှတ်ထားတဲ့အချိန်အတွင်း ရွှေ့လို့၊ ပြောင်းလို့ မရပါဘူး။
- အန္တရာယ်ကင်းတဲ့ Staking Platform တွေကိုသာ ရွေးချယ်ရပါမယ်။
- အတိုးနှုန်းတွေက အချိန်နဲ့အမျှပြောင်းလဲနိုင်တာကြောင့် သေချာလေ့လာဖို့လိုပါတယ်။

⭐️ Crypto Staking ကို စိတ်ဝင်စားပြီဆိုရင်…

Crypto Staking အပြင် Crypto Investing နဲ့ပတ်သက်တဲ့ အခြားအကြောင်းအရာတွေကို လေ့လာချင်တယ်ဆိုရင် ကျွန်တော်ရဲ့ “Crypto Investing Course” ရှိပါတယ်။

Course အတွင်းမှာ module (8) ခုပါဝင်ပြီး တစ်ခါစာရင်းသွင်းထားရုံနဲ့ ဗီဒီယိုသင်ခန်းစာများအဖြစ်တစ်သက်တာလေ့လာနိုင်မှာဖြစ်ပါတယ်။

Program fees ကတော့ 99$ သာကျသင့်မှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့လည်း ပေးချေနိုင်ပါတယ်။ စိတ်ဝင်စားရင်တော့ အောက်ပါလင့်ခ်မှတဆင့် Crypto Investing Course ကိုဝယ်ယူနိုင်ပါပြီခင်ဗျာ။

https://m.me/104044251652622?ref=crypto_mastery_99

#AungMyoPaing_Paing
#Helping_families_to_build_financial_freedom
😁1
❝ DeFi မှတဆင့် အပိုဝင်ငွေဘယ်လိုရှာနိုင်မလဲ? ❞

DeFi (Decentralized Finance) ဆိုတာ blockchain နည်းပညာကို အခြေခံထားတဲ့ ငွေကြေးစနစ်တစ်ခုဖြစ်ပြီး၊ ဗဟိုချုပ်ကိုင်မှုမရှိဘဲ ငွေချေးခြင်း၊ ငွေစုခြင်း၊ ရင်းနှီးမြှုပ်နှံမှုတွေကို အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒီစနစ်ဟာ ဘဏ်တွေ၊ ငွေကြေးအဖွဲ့အစည်းတွေကို လုံးဝမလိုအပ်ဘဲ လုံခြုံမှုရှိပြီး ကမ္ဘာတစ်ဝှမ်းမှ လူတိုင်း ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

---

DeFi မှ အပိုဝင်ငွေရှာနိုင်မယ့် နည်းလမ်း (၄) မျိုး

📍 1. Yield Farming

သင့်မှာရှိတဲ့ cryptocurrency ကို DeFi platform (ဥပမာ - PancakeSwap, Aave) တွင် ထည့်သွင်းကာ liquidity pool များကို ထောက်ပံ့ပေးခြင်းဖြင့် APY (နှစ်စဉ်အမြတ်ရာခိုင်နှုန်း) များကိုရယူနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

📍 2. Staking

Proof-of-Stake (PoS) blockchain များ (ဥပမာ - Ethereum 2.0, Cardano) မှာ သင့်ရဲ့ crypto တွေကို staking ပြုလုပ် သိမ်းထားခြင်းမှ အတိုးရယူတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

📍 3. Liquidity Providing (LP)

DEX (Decentralized Exchange) များမှာ token စုံတွဲ (ဥပမာ - ETH/DAI) ကို ထည့်သွင်းပြီး trading fee ၏ 0.3% မှ 0.5% ကို အမြတ်အဖြစ်ရယူန်ိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

📍 4. Lending

Compound သို့မဟုတ် MakerDAO ကဲ့သို့ platform တွေမှာ သင့်ရဲ့ crypto ကို ချေးငှားပြီး အတိုးရှာနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ဒီနည်းလမ်းရဲ့အကျိုးကျေးဇူးကတော့ အတိုးနှုန်းက်ို သတ်မှတ်ထားနိုင်တဲ့အတွက် ရရှိလာမယ့် အမြတ်ကို ကြိုတင်တွက်ချက်နိုင်ပါတယ်။



DeFi နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ (၃) ချက်

✔️1. အန္တရာယ်စီမံခန့်ခွဲမှု → DeFi Investment မှာ သူနဲ့သက်ဆိုင်တဲ့ Risk ရှိတာကို ကြိုတင်သတိပြုပြီးပြင်ဆင်ပါ။

✔️2. အချက်အလက်စိစစ်ခြင်း → Smart Contract Audit ပြုလုပ်ထားတဲ့ platform များကိုသာ ရွေးချယ်ပါ။

✔️3. အခွန်အခနှင့် Gas Fee → Ethereum network ပေါ်တွင် လုပ်ဆောင်ပါက gas fee မြင့်နိုင်ကြောင်း သတိရှိပါ။



ဒီလို Passive Income ရှာဖွေနိုင်တဲ့ DeFi အကြောင်းကို အသေးစိတ်လေ့လာချင်ပါသလား?

ကျွန်တော်ရဲ့ DeFi Mastery Course မှာ DeFi နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ၊ လုပ်ဆောင်မှု နည်းဗျူဟာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Course အတွင်းမှာ Chapter (7) ခုပါဝင်ပြီး တစ်ခါစာရင်းသွင်းထားရုံနဲ့ ဗီဒီယိုသင်ခန်းစာများအဖြစ်တစ်သက်တာလေ့လာနိုင်မှာဖြစ်ပါတယ်။

သင်တန်းကြေးအနေနဲ့ တစ်သက်တာအတွက် $49 သာကျသင့်မှာဖြစ်ပြီး မြန်မာကျပ်ငွေနဲ့လည်း ပေးချေနိုင်ပါတယ်။

စိတ်ဝင်စားရင်တော့ အခုပဲ စာရင်းသွင်းလိုက်ပါ!

👉 https://bit.ly/mastery_defi_course
👍1
❝ သင်က ဘယ်လို Investor မျိုးလဲ? ❞

Crypto Investing အကြောင်းကိုပြောပြီဆိုရင် Investor Types တွေကိုသိထားဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်ဟာ ဘယ်လို Investor မျိုးဖြစ်တယ်ဆိုတာ ကိုယ့်ကိုကိုယ်သုံးသပ်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။ 

1 စုဆောင်းသူ (Savers) များ 

ပထမဆုံးကတော့ စုဆောင်းသူ (Savers) များဖြစ်ပါတယ်။ Saver အများစုကတော့ ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးနိုင်ခြေ (risk) ကိုမလိုချင်သူများဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ သူတို့ Capital တွေကို အချိန်တန်ပြန်လိုချင်ကြပြီး Early Investment များလည်းပြုလုပ်လေ့မရှိကြပါဘူး။ 

2 Risk နဲ့ Reward နားလည်တဲ့ Investor များ 

နောက်တစ်မျိုးကတော့ risk & reward နားလည်တဲ့ Investor များဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်တော့မယ်ဆို ကျင့်သုံးမယ့်ဆောင်ပုဒ်တစ်ခုက “Let them grow” လို့ရင်းနှီးမြှုပ်နှံမှုကိုကြီးထွားသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ 

3 စျေးကစားသူ (Speculator) များ 

နောက်တစ်ခုကတော့ စျေးကစားသူ (Speculator) များဖြစ်ပါတယ်။ သူတို့ကို Trading Sector တွေမှာအများဆုံးတွေ့ရပြီး Speculated လုပ်ဖို့သီးသန့်ထုတ်ထားတဲ့ Crypto တွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကြပါတယ်။ သူတို့ဟာ medium, long term investment မျိုးကို ရှာနေတာမဟုတ်ပဲ Quick income (earn income) များကိုသာအချိန်တိုအတွင်းရှာဖွေကြတာဖြစ်ပါတယ်။ 

4 ကုန်သွယ်သူ (Trader) များ 

နောက်တစ်မျိုးကတော့ Trader များဖြစ်ပါတယ်။ Speculator များနဲ့ Trader များဟာမတူညီကြပါဘူး။ ၎င်းတို့ဟာ ဝင်ငွေ (earned income) များကိုရှာဖွေကြသူများဖြစ်ကြပြီး asset များကို trade ပြုလုပ်ကြတာဖြစ်ပါတယ်။ ထိုကဲ့သို့ trader အဖြစ်လုပ်ဆောင်နိုင်ဖို့ fundamentals နဲ့ technical analysis များလုပ်တတ်ဖို့လိုပါတယ်။ ဒါ့အပြင် ကုန်သွယ်မှုနည်းစနစ်တွေလည်းသိထားဖို့လိုပါတယ်။ 

Earned income ရှာဖွေသူများမှာ ကိုယ်ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက်ဝင်ငွေရှာဖွေနိုင်သူများဖြစ်ကြပါတယ်။ ကုန်သွယ်မှုစျေးကွက် (trade market) မှာလည်း ကျယ်ပြန့်ပြီး ထိုရတဲ့ကုန်သွယ်မှုဆိုင်ရာဝင်ငွေများမှ ပြန်လည်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်တာပဲဖြစ်ပါတယ်။ 

အခုစာဖတ်နေတဲ့ သူတွေအနေနဲ့လည်း မိမိက ဘယ်လို Investor အမျိုးအစားထဲမှာပါဝင်လဲဆိုတာ Comment မှာဖြေပေးခဲ့ပါဦးနော်။ 

➤ Crypto Investing ကိုအသေးစိတ်သင်ယူချင်ရင်တော့ - 

https://paimentoring.com/resources/crypto-investing-course

#AungMyoPaing_Paing
#Helping_Families_Achieve_Financial_Freedom
😍1
❝ The Hidden Parts of Crypto: လူတွေမမြင်နိုင်တဲ့ Crypto ရဲ့မျက်နှာပြင်အောက်မှာ ဘာတွေရှိနေလဲ? ❞

---

Cryptocurrency ကို Bitcoin ဝယ်တာ၊ Altcoins တွေကို ရောင်းဝယ်တာ၊ Exchange တွေကို အသုံးပြုတာမျိုးလို ရိုးရှင်းတဲ့အရာအဖြစ် မြင်လေ့ရှိကြပါတယ်။ ဒါပေမယ့် Crypto ဆိုတာရေခဲတောင်တစ်ခုလိုပါပဲ။ မျက်နှာပြင်ပေါ်က မြင်ရတဲ့ Crypto ရဲ့ အစိတ်အပိုင်းတွေက သေးသေးလေးပါ။ ဒီအောက်မှာတော့ နည်းပညာရဲ့ ရှုပ်ထွေးပြီး ဆန်းသစ်တဲ့ အခြေခံအုတ်မြစ်တွေ ရှိနေပါတယ်။ ဒါကြောင့်အခုပ်ို့စ်လေးထဲမှာတော့ Crypto ရဲ့ လူတွေမမြင်နိုင်တဲ့ Hidden Parts တွေကို မိတ်ဆွေတို့လေ့လာနိုင်ဖို့ မျှဝေပေးသွားမှာဖြစ်ပါတယ်။

---

➤ မျက်နှာပြင် - လူအများစုမြင်တဲ့အပိုင်း

Crypto ရဲ့ မျက်နှာပြင်ပေါ်မှာတော့ လူသိများတဲ့ အပိုင်းတွေဖြစ်တဲ့

📍Bitcoin - ပထမဆုံး Cryptocurrency ဖြစ်ပြီး၊ ဒစ်ဂျစ်တယ်ရွှေလို့လည်း သိကြပါတယ်။ တန်ဖိုးကိုသိုလှောင်နိုင်ပြီး ဗဟိုမဲ့စနစ်နဲ့ လည်ပတ်ပါတယ်။

📍Altcoins – Bitcoin ကလွဲလို့ တခြား Cryptocurrency တွေဖြစ်တဲ့ Ethereum, Binance Coin, Solana တို့လို Alternative Cryptocurrency တွေဖြစ်ပါတယ်။တစ်ခုချင်းစီမှာ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

📍Exchanges – Cryptocurrency တွေကို ဝယ်၊ ရောင်း၊ လဲလှယ်နိုင်တဲ့ ပလပ်ဖောင်းတွေဖြစ်ပြီး၊ Binance, Coinbase နဲ့ Decentralized Exchanges (DEXs) တွေ ပါဝင်ပါတယ်။

📍DeFi (Decentralized Finance) — ငွေကြေးဝန်ဆောင်မှုတွေဖြစ်တဲ့ ငွေချေးငှါးခြင်းနဲ့ ကုန်သွယ်မှုတွေကို စျေးကွက်လုပ်ငန်းစဉ်တွေမပါဘဲ Smart Contracts တွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့အပိုင်းတွေကို လူအတော်များများက သိပြီးဖြစ်လောက်ပေမယ့် ဒါတွေကရေခဲတောင်ရဲ့ မျက်နှာပြင်အပေါ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။

---

➤ နက်ရှိုင်းတဲ့အလွှာများ - Crypto ရဲ့ အခြေခံအုတ်မြစ်

မျက်နှာပြင်အောက်မှာတော့ Cryptocurrency ကို လည်ပတ်စေတဲ့ နည်းပညာနဲ့ ယန္တရားတွေ အများကြီးရှိပါတယ်။ ၎င်းအစိတ်အပိုင်းတွေက Crypto ရဲ့ လုံခြုံရေး၊ လုပ်ဆောင်နိုင်စွမ်းနဲ့ ဗဟိုမဲ့စနစ်ကို ထိန်းသိမ်းပေးပါတယ်။

✔️Smart Contracts

Smart Contracts တွေဆိုတာ သဘောတူညီချက်(agreements) တွေကို Blockchain ပေါ်မှာ ကုဒ်ရေးထည့်ထားတာဖြစ်ပါတယ်။ Smart Contracts တွေဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ပြည့်မီရင် ချေးငွေ၊ Staking နဲ့ NFTs တွေမှာ ကြားခံလုပ်ငန်းစဉ်တွေ မလိုအပ်ပဲ အလိုအလျောက် လုပ်ဆောင်ပေးနိုင်ပါတယ်။

✔️Proof of Work (PoW)

Bitcoin မှာ အသုံးပြုတဲ့ ဒီ Consensus Mechanism ဖြစ်တဲ့ POW ကတော့ Miners တွေကို transaction တွေကိုအတည်ပြုပေးနိုင်ဖို့နဲ့ ကွန်ရက်ကိုလုံခြုံစေဖို့ သင်္ချာပုစ္ဆာတွေ ဖြေရှင်းခိုင်းပါတယ်။အဲ့ဒီအတွက် PoW က စွမ်းအင်သုံးစွဲမှုများပေမယ့်၊ လုံခြုံရေးအရ အားကောင်းပါတယ်။

✔️Proof of Stake (PoS)

PoW ရဲ့ စွမ်းအင်ချွေတာနိုင်တဲ့ နည်းလမ်းဖြစ်ပြီး၊ POS က Validators တွေကို Network အတွင်းမှာသူတို့ပိုင်ဆိုင်ထားတဲ့ Coin အရေအတွက်အလိုက် ရွေးချယ်ပါတယ်။ သူ့ရဲ့အားသာချက်ကတော့ စွမ်းအင်သုံးစွဲမှုကိုလျော့ချပေးရင်းနဲ့ ကွန်ရက်ကိုလုံခြုံစေတာဖြစ်ပါတယ်။ Ethereum က PoW ကနေ PoS ကို ပြောင်းလဲပြီး၊ Scalability နဲ့ Efficiency တွေကို မြှင့်တင်ခဲ့တဲ့ သာဓကလည်းရှိပါတယ်။

✔️Distributed Ledger Technology (DLT)

ဒီစနစ်က ငွေလွှဲပြောင်းမှုတွေကို ကွန်ပျူတာကွန်ရက်တစ်ခုလုံးမှာ သိမ်းဆည်းထားပြီး၊ ဗဟိုအဖွဲ့အစည်းမလိုဘဲ ပွင့်လင်းမြင်သာမှုပြီးတော့ လုံခြုံမှုရှိစေပါတယ်။

✔️Hashing

Hashing က ငွေလွှဲပြောင်းမှုတွေကို သတ်မှတ်ထားတဲ့ စာကြောင်း(strings) တွေအဖြစ် ပြောင်းလဲပေးပြီး၊ Blockchain ကွန်ရက်တွေမှာ ဒေတာလုံခြုံမှုကို ထိန်းသိမ်းပေးပါတယ်။ Hashing က Bitcoin Mining နဲ့ ငွေလွှဲပြောင်းမှု အတည်ပြုခြင်းတွေမှာအရေးပါပါတယ်။

✔️Energy Consumption

စွမ်းအင်သုံးစွဲမှုဟာ Crypto လောကမှာ အငြင်းပွါးစရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် Bitcoin ရဲ့ PoW စနစ်က စွမ်းအင်သုံးစွဲမှုများတာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် နောက်ပိုင်း Blockchain မော်ဒယ်တွေမှာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။

✔️Nodes

Nodes တွေက Blockchain ကို ထိန်းသိမ်းဖို့ ပါဝင်တဲ့ သီးသန့်ကွန်ပျူတာတွေဖြစ်ပြီး၊ ငွေလွှဲပြောင်းမှုတွေကို အတည်ပြုပေးကာ၊ ကွန်ရက်ကို ဗဟိုမဲ့စနစ်နဲ့ လည်ပတ်စေပါတယ်။

✔️Blockchain Technology

Blockchain က Cryptocurrency တွေရဲ့ အခြေခံဖြစ်ပြီး၊ ဒစ်ဂျစ်တယ်မှတ်တမ်းစနစ်တစ်ခုလည်းဖြစ်ပါတယ်။ ငွေလွှဲပြောင်းမှုတွေကို လုံခြုံစွာ မှတ်တမ်းတင်ပေးနိုင်တဲ့အတွက် ငွေကြေးဆိုင်ရာ လုပ်ငန်းတွေမှာ ယုံကြည်မှုသီးသန့်ထားဖို့မလိုအပ်တော့ပါဘူး။

---
😍1
နိဂုံးချုပ်ဆိုရမယ်ဆိုရင် Cryptocurrency ဆိုတာကဒစ်ဂျစ်တယ်ငွေကြေးတွေကို ရောင်းဝယ်ဖောက်ကားတာထက် ပိုပါတယ်။ ဒါက ငွေကြေးစနစ်၊ လုံခြုံရေးနဲ့ ဗဟိုမဲ့စနစ်တွေမှာ ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ Bitcoin နဲ့ Exchanges တွေက လူတွေမြင်သာတဲ့ အပေါ်ပိုင်းမှာပါဝင်နေပေမယ့်၊ Smart Contracts၊ Proof of Stake နဲ့ Blockchain Infrastructure တွေက ဒစ်ဂျစ်တယ်ငွေကြေးရဲ့ အနာဂတ်ကို မောင်းနှင်နေတဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။

Crypto လောကကို လေ့လာတဲ့အခါ ဒီလို Hidden Parts တွေကိုနားလည်ခြင်းကနည်းပညာနဲ့ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုတွေကို ပိုမိုနက်ရှိုင်းစွာ သိရှိစေပါတယ်။ သင်က ရင်းနှီးမြှုပ်နှံသူ၊ Developer ဒါမှမဟုတ် စိတ်ဝင်စားသူပဲဖြစ်ဖြစ်၊ ဒီအလွှာတွေကို နားလည်ထားမယ်ဆိုရင် Blockchain နဲ့ Decentralized Finance ရဲ့ ပြောင်းလဲနေတဲ့ လောကထဲမှာ လမ်းကြောင်းတစ်ခုကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။

---

➤ Crypto Investing ကိုအသေးစိတ်သင်ယူချင်ရင်တော့ ကျွန်တော့်ရဲ့ Crypto Investing Course ရှိပါတယ်။ အသေးစိတ်ကို ကျွန်တော့ website မှတဆင့်လေ့လာန်ိုင်ပါတယ်။

https://paimentoring.com/resources/crypto-investing-course

#AungMyoPaing_Paing
#Helping_Families_Achieve_Financial_Freedom
#Crypto #Blockchain #Bitcoin #DeFi
😁2😍21
❝ Beginner တိုင်းအတွက် အခြေခံ Cryptocurrency အသိပညာ❞

Cryptocurrency ဟာဘဏ်စနစ်တွေကနေ လွတ်လပ်စွာ လည်ပတ်နိုင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို မိတ်ဆက်ပေးခြင်းဖြင့် ငွေကြေးလောကကို တော်လှန်ပြောင်းလဲခဲ့ပါတယ်။ Crypto ကိုအခုမှစတင်လေ့လာမယ့် Beginner တွေနားလည်စေဖို့ သိထားသင့်တဲ့ အဓိက အခြေခံအချက်တွေကို ယခု infographic လေးမှတဆင့် မျှဝေပေးသွားမှာပါ။

✔️၁။ ဒစ်ဂျစ်တယ်ငွေကြေးများနှင့် ဗဟိုမဲ့စနစ်

ပထမဆုံး Cryptocurrency ဆိုတာ အစိုးရများနဲ့ ဘဏ်တွေက ထိန်းချုပ်ထားတဲ့ ရိုးရာငွေကြေးများနှင့်မတူဘဲ၊ cryptocurrencies ဟာ ဒစ်ဂျစ်တယ်ငွေကြေးများဖြစ်ပြီး ဗဟိုမဲ့ကွန်ရက် (Decentralized Network) ပေါ်တွင် တည်ရှိပါတယ်။

ဆိုလိုတာက ဗဟိုဘဏ် (သို့) အစိုးရကဲ့သို့သော အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ထားတာမျိုးမဟုတ်ပါဘူး။ အဲ့ဒီအစား cryptocurrencies ဆိုတာ blockchain နည်းပညာနဲ့လည်ပတ်ပြီး စျေးကွက်လုပ်ငန်းစဉ်တွေမပါဘဲ peer-to-peer ငွေလွှဲပြောင်းမှုများကို လုပ်ဆောင်ပေးနိုင်ပါတယ်။

✔️၂။ ပထမဆုံး Cryptocurrency ငွေလွှဲပြောင်းမှု - ပီဇာဝယ်ယူခြင်း

Cryptocurrency သမိုင်းမှာ အထင်ရှားဆုံးအဖြစ်အပျက်တစ်ခုကတော့ Bitcoin Pizza Day ဖြစ်ပါတယ်။ Bitcoin ကို အသုံးပြုပြီး ပထမဆုံးအကြိမ် ဝယ်ယူမှုကို ၂၀၁၀ ခုနှစ် မေလ ၂၂ ရက်နေ့မှာ မှတ်တမ်းတင်ခဲ့ပါတယ်။ Laszlo Hanyecz ဆိုသူက အဲ့ဒီနေ့မှာ Bitcoin 10,000 BTC ကိုသုံးပြီး ပီဇာနှစ်ချပ်ကို ဝယ်ယူခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ဒီ Bitcoin တွေရဲ့ တန်ဖိုးက $41 လောက်သာရှိပေမယ့်၊ ဒီနေ့မှာဆိုရင် ဒီ Bitcoin တွေရဲ့ တန်ဖိုးက ဒေါ်လာသန်းပေါင်းများစွာ ဖြစ်နေပါပြီ။ ဒီအဖြစ်အပျက်က Bitcoin ရဲ့ လက်တွေ့အသုံးဝင်မှုကို ပြသခဲ့ပြီး၊ crypto သမိုင်းမှာ အရေးပါတဲ့ အမှတ်ပြယုဂ်တစ်ခုဖြစ်ခဲ့ပါတယ်။

✔️၃။ Bitcoin ၏ တီထွင်မှုနှင့် Mining

ပထမဆုံး Cryptocurrency ဖြစ်တဲ့ Bitcoin ကို (၂၀၀၈) ခုနှစ်မှာ Satoshi Nakamoto လို့ခေါ်တဲ့ အမည်မသိသူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့က တီထွင်ခဲ့ပါတယ်။ ဒီလိုBitcoin အသစ်တွေကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ကို mining လုပ်တယ်လို့ခေါ်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကွန်ပျူတာတွေက သင်္ချာပုစ္ဆာတွေကို ဖြေရှင်းပြီး၊ ငွေလွှဲပြောင်းမှုတွေကို အတည်ပြုပေးကာ၊ ကွန်ရက်ကို လုံခြုံစေပါတယ်။ Bitcoin mining က blockchain ကို လည်ပတ်စေပြီး၊ miners တွေကို အသစ်ထုတ်လုပ်ထားတဲ့ BTC တွေကို ဆုအဖြစ်ချီးမြှင့်ပေးတာဖြစ်ပါတယ်။

✔️၄။ Cryptocurrency Wallets - ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို သိမ်းဆည်းရာနေရာ

Cryptocurrencies တွေကို သမားရိုးကျဘဏ်တွေမှာ သိမ်းဆည်းထားတာမျိုး မဟုတ်ဘဲ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်တွေ ( Digital Wallets) တွေမှာသိမ်းဆည်းထားရပါတယ်။

ဒီ Wallets တွေကို နှစ်မျိုးခွဲခြားနိုင်ပါတယ် -

Hot Wallets (online) - အင်တာနက်နဲ့ ချိတ်ဆက်ထားပြီး၊ ငွေလွှဲပြောင်းမှုတွေအတွက် အဆင်ပြေပေမယ့်၊ Hacker တွေရဲ့ အန္တရာယ်တော့သတိပြုရပါမယ်။

Cold Wallets (offline) - USB Drive တွေလို ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေဖြစ်တဲ့အတွက် Hacker တွေရန်မှ ကာကွယ်နိုင်ပြီး လုံခြုံမှုပိုကောင်းပါတယ်။

Wallets တွေမှာ သင့်ရဲ့ ငွေကြေးတွေကို အသုံးပြုဖို့နဲ့ လုံခြုံစေဖို့ အရေးပါတဲ့ private keys တွေကို သိမ်းဆည်းထားပါတယ်။ Private key ကို ဆုံးရှုံးသွားရင်၊ သင့်ရဲ့ cryptocurrency တွေကို ပြန်လည်ရယူနိုင်မှာ မဟုတ်ပါဘူး။

✔️၅။ Blockchain - Cryptocurrency ရဲ့ နည်းပညာအခြေခံ

Blockchain ဆိုတာ cryptocurrencies ကို မောင်းနှင်ပေးတဲ့ အခြေခံနည်းပညာဖြစ်ပါတယ်။ ၎င်းဟာ ဗဟိုမဲ့၊ ပွင့်လင်းမြင်သာပြီး လုံခြုံတဲ့ မှတ်တမ်းစနစ်(ledger) ဖြစ်ပြီး၊ ငွေလွှဲပြောင်းမှုတွေကို မှတ်တမ်းတင်ပေးပါတယ်။ Blockchain ရဲ့ အဓိက လုပ်ဆောင်ချက်တွေကတော့ -

➤ လုံခြုံမှု - ငွေလွှဲပြောင်းမှုတွေကို လျှို့ဝှက်ကုဒ်ဖြင့် မှတ်တမ်းတင်ထားတဲ့အတွက် ပြောင်းလဲလို့မရအောင်လုံခြုံမှုရှိစေပါတယ်။

➤ ဗဟိုမဲ့စနစ် - စနစ်ကို တစ်ခုတည်းသော အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ထားခြင်းမရှိပါဘူး။

➤ ပွင့်လင်းမြင်သာမှု- ငွေလွှဲပြောင်းမှုတိုင်းကို အများပြည်သူမြင်နိုင်အောင်မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက် အချိန်မရွေးစစ်ဆေးနိုင်ပါတယ်။

Blockchain နည်းပညာကို cryptocurrencies တွေအပြင်၊ Supply Chain Management, ငွေကြေး, ကျန်းမာရေးနဲ့ အခြားလုပ်ငန်းတွေမှာလည်း အသုံးပြုနေပါတယ်။

နိဂုံးချုပ်ဆိုရမယ်ဆိုရင် Cryptocurrency ဟာငွေကြေးလောကကို ပြောင်းလဲနေပြီး၊ ငွေကြေးကို သိမ်းဆည်းခြင်း၊ လွှဲပြောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် နည်းလမ်းအသစ်တွေကို ပေးဆောင်နေတာဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အခြေခံအချက်တွေကို နားလည်ခြင်းဖြင့် - ဗဟိုမဲ့စနစ်၊ Bitcoin သမိုင်း၊ Wallets၊ Mining နှင့် Blockchain တို့ကို သိရှိပြီး၊ ဒီလျင်မြန်စွာ ပြောင်းလဲနေတဲ့ နယ်ပယ်ထဲမှာ အခွင့်အလမ်းတွေကို ရှာဖွေနိုင်ပါတယ်။
သင်ဟာ ရင်းနှီးမြှုပ်နှံသူ၊ စိတ်ဝင်စားသူ ဒါမှမဟုတ် ဒစ်ဂျစ်တယ်ငွေကြေးတွေကို စူးစမ်းလိုသူတစ်ဦးပံဖြစ်ပါစေ၊ ဒီအခြေခံအချက်တွေကို လေ့လာတာက crypto လောကထဲ ဝင်ရောက်ဖို့ ပထမဆုံးခြေလှမ်း လှမ်းလိုက်ခြင်းပဲဖြစ်ပါတယ်။

➤ Crypto Investing ကိုအသေးစိတ်သင်ယူချင်ရင်တော့ ကျွန်တော့်ရဲ့ Crypto Investing Course ရှိပါတယ်။ အသေးစိတ်ကို ကျွန်တော့ website မှတဆင့်လေ့လာန်ိုင်ပါတယ်။

https://paimentoring.com/resources/crypto-investing-course
❝ ကိုယ့်ရဲ့ ငွေကြေးအသိပညာတွေကို အခုထက်ပိုမိုတိုးတက်လာအောင် ဘယ်လိုမြှင့်တင်ကြမလဲ? ❞

(Beginners တွေအတွက် တကယ့်လက်တွေ့ဘဝမှာ ကျင့်သုံးနိုင်မယ့် လမ်းညွှန်ကောင်းတစ်ခုဖြစ်ပါတယ်။)

ငွေကြေးအသိပညာ (Financial Literacy) ဆိုတာ မိမိဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့ Skill တစ်ခုဖြစ်တဲ့အပြင် ငွေကြေးချမ်းသာမှုတည်ဆောက်ဖို့နဲ့ ရေရှည်ငွေကြေးလုံခြုံမှုရစေဖို့ အခြေခံ (foundation) လည်းဖြစ်ပါတယ်။ 

ဒါပေမယ့် Beginner တွေအနေနဲ့တော့ ဘဏ္ဍာရေးဆိုင်ရာအကြောင်းအရာတွေက ရှုပ်ထွေးပြီး နားလည်ရခက်တယ်လို့ ခံစားဖူးကြမှာပါ။ အဲ့ဒီအတွက်သတင်းကောင်းကတော့ - ဘဏ္ဍာရေးပညာကို နားလည်ဖို့အတွက် စီးပွါးရေးဘွဲ့မလိုပါဘူး။ မှန်ကန်တဲ့နည်းလမ်းနဲ့ လုပ်ငန်းစဉ်တကျ လေ့လာဖို့သာလိုအပ်တာပါ။ 

အခုဆောင်းပါးလေးမှာတော့ ကျွန်တော့် ဘဏ္ဍာရေးအရည်အချင်းနဲ့ အသိပညာကိုတိုးတက်လာအောင် လုပ်ဆောင်ခဲ့တဲ့ လက်တွေ့အသုံးဝင်တဲ့ လမ်းညွှန်ကောင်းတစ်ခုကို မိတ်ဆွေတို့အတွက် ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

၁။ အပတ်စဉ် လေ့လာဖို့အတွက် ခေါင်းစဉ်တွေ ကြိုတင်သတ်မှတ်ခြင်း 

Finance ကိုအပတ်စဉ်စနစ်တကျလေ့လာဖို့အတွက် budgeting, credit scores, investing, နဲ့ taxes စသဖြင့်ခေါင်းစဉ်သေးလေးတွေပြုလုပ် လေ့လာခဲ့ပါတယ်။ 
ဒီနည်းက အကြောင်းအရာနဲ့ concept ကို ပိုမိုနားလည်ရလွယ်ကူစေပါတယ်။ 

၂။ နေ့စဉ် ဘဏ္ဍာရေးနဲ့သက်ဆိုင်တဲ့ဗီဒီယိုတွေ ကြည့်ခြင်း

YouTube နဲ့ TikTok မှာ Personal Finance , ရင်းနှီးမြှုပ်နှံမှုအခြေခံနဲ့ cryptocurrency အကြောင်း ဗီဒီယိုတွေကို နေ့စဉ်ကြည့်တဲ့အလေ့အကျင့်တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ video တွေမှတဆင့် ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို လက်တွေ့ဖြစ်ရပ်နဲ့နှိုင်းယှဉ်နိုင်ပြီး ပိုမို နားလည်လာပါတယ်။

၃။ မိတ်ဆွေများနဲ့ ပိုက်ဆံအကြောင်း ဆွေးနွေးခြင်း

ပိုက်ဆံအကြောင်းကို ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတတ်တဲ့အလေ့အကျင့်ကိုလည်း လုပ်ခဲ့ပါတယ်။ ငွေစုနည်း၊ ငွေကြေးရည်မှန်းချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုဗျူဟာတွေအကြောင်း ဆွေးနွေးရာကနေ အမြင်သစ်တွေရခဲ့ပါတယ်။

၄။ သတင်းစာမှာပါတဲ့ စီးပွါးရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုဖတ်ခြင်း 

ကမ္ဘာ့စီးပွားရေးသတင်းတွေနဲ့ စီးပွားရေးဆိုင်ရာသုံးသပ်ချက်တွေကို ပုံမှန်ဖတ်ဖြစ်ခဲ့ပါတယ်။ ဒါက ကမ္ဘာ့ဖြစ်ရပ်တွေက ဈေးကွက်၊ ငွေကြေးနဲ့ ငွေကြေးဖောင်းပွမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ နားလည်စေခဲ့ပါတယ်။

၅။ ဘဏ္ဍာရေးဝေါဟာရတွေကို လေ့လာခြင်း

Conmpound Interest (အတိုးအရင်းပေါင်း), Liquidity (ငွေဖြစ်လွယ်မှု) နဲ့ Diversification (ခွဲခြမ်းစိတ်ဖြာခြင်း) စတဲ့ Finance နဲ့သက်ဆိုင်တဲ့ ဝေါဟာရတွေဟာအစပိုင်းမှာ နားလည်ရခက်ခဲပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးဝေါဟာရမှတ်စုစာအုပ်လုပ်ပြီး အခြေခံကစပြီးအရင်ဆုံးလေ့လာခဲ့ပါတယ်။

၆။ ဘဏ္ဍာရေးဆိုင်ရာ အွန်လိုင်းဟောပြောပွဲတွေတက်ခြင်း

ဘဏ်တွေ၊ ပညာရှင်တွေနဲ့ Finance Influencers တွေက ကျင်းပတဲ့ အခမဲ့အွန်လိုင်းဟောပြောပွဲတွေကို တက်ရောက်ခဲ့ပါတယ်။ ကျွမ်းကျင်သူတွေနဲ့ တိုက်ရိုက်မေးမြန်းဆွေးနွေးခွင့်ရတာက Finance ကိုလေ့လာရာမှာ အရမ်းအကျိုးရှိပါတယ်။

၇။ ကုမ္ပဏီဘဏ္ဍာရေးအစီရင်ခံစာတွေဖတ်ခြင်း

ရင်းနှီးမြှုပ်နှံမှုမှာ ယုံကြည်မှုတည်ဆောက်ဖို့ ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်စာရင်းနဲ့ ဘဏ္ဍာရေးအခြေအနေစာရင်းတွေကို လေ့လာခဲ့ပါတယ်။ ဒီလိုဖတ်ခြင်းကနေ ကုမ္ပဏီတစ်ခုရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သိမြင်စေလာပါတယ်။ 

၈။ ဘဏ္ဍာရေးသတင်းလွှာတွေကို စာရင်းသွင်းခြင်း
  
ဘဏ္ဍာရေးအကြောင်းအရာတွေ တင်ပေးနေတဲ့ blog တွေနဲ့ newsletter တွေကို ရယူ Download လုပ်နိုင်ဖို့စာရင်းသွင်းခဲ့ပါတယ်။ တစ်ပတ်တစ်ခါ ဒီလိုအတိုချုပ်သတင်းတွေကို အချိန်အများကြီးမကုန်ဘဲ ဖတ်ရှုနိုင်တာက ပိုအဆင်ပြေပါတယ်။

၉။ Online forum တွေမှာ ဆွေးနွေးခြင်း

Reddit (r/personalfinance) နဲ့ Quora လိုနေရာတွေမှာ မေးခွန်းတွေမေး၊ Story တွေမျှဝေပြီး အခြားသူတွေရဲ့ Story နဲ့ အတွေ့အကြုံတွေမှလည်းလေ့လာခဲ့ရပါတယ်။ ဒီလို တစ်ခါတစ်ရံအဖွဲ့လိုက်လေ့လာတာက အချိန်ပြည့်တစ်ယောက်တည်းလေ့လာတာနေတာထက် ပိုအကျိုးရှိပါတယ်။

၁၀။ ဘဏ္ဍာရေးစာအုပ်တွေဖတ်ခြင်း

"Rich Dad Poor Dad"၊ "The Millionaire Next Door" နဲ့ "I Will Teach You to Be Rich" စတဲ့စာအုပ်တွေက စိတ်ခွန်အားပေးပြီး ဘဏ္ဍာရေးဆိုင်ရာအခြေခံတွေကို သင်ကြားပေးပါတယ်။ ဒါကြောင့် စာအုပ်တွေကို အနည်းဆုံး တစ်လတစ်အုပ်ဖတ်ဖို့ ရည်မှန်းခဲ့ပါတယ်။

၁၁။ ဘဏ္ဍာရေးပေါ့ဒ်ကတ်စ်တွေနားထောင်ခြင်း

The Dave Ramsey Show, Planet Money နဲ့ BiggerPockets လိုပေါ့ဒ်ကတ်စ်တွေကို ခရီးသွားရင်း၊ အလုပ်လုပ်ရင်း နားထောင်ခဲ့ပါတယ်။ အဲ့ဒီလို podcast တွေကနေ လက်တွေ့အသုံးဝင်တဲ့အချက်တွေနဲ့ လက်တွေ့ဘဝဖြစ်ရပ်တွေကို လေ့လာနိုင်ခဲ့ပါတယ်။ 

၁၂။ Accounting System ကိုလေ့လာခြင်း
👍1
အခြေခံစာရင်းကိုင်ပညာကို အွန်လိုင်းသင်တန်းတွေကနေ တဆင့်လေ့လာခဲ့ပြီး ငွေကြေးစီးဆင်းမှု၊ ဘတ်ဂျက်ချခြင်းနဲ့  အခွန်ဆိုင်ရာအခြေခံတွေကို ပိုမိုနားလည်လာပါတယ်။ Online Courses တွေမှတဆင့်လည်း လုပ်ငန်းတွေနဲ့ တကိုယ်ရေဘဝမှာ ငွေကြေးဘယ်လိုစီးဆင်းလဲဆိုတာ လေ့လာခဲ့ပါတယ်။ 

နိဂုံးချုပ်ဆိုရမယ်ဆိုရင် ဘဏ္ဍာရေးအရည်အချင်းတိုးတက်ဖို့အတွက် ဘဝတစ်ခုလုံးပြောင်းလဲဖို့ မလိုပါဘူး။ တဖြည်းဖြည်းချင်း လုပ်ငန်းစဉ်တကျ လုပ်ဆောင်ဖို့ပဲလိုအပ်တာပါ။ 

မိတ်ဆွေက အခြေခံကနေစပြီးလေ့လာချင်တဲ့သူပဲဖြစ်ဖြစ်၊ ကိုယ့်မှာရှိထားတဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုတိုးတက်လာအောင်လုပ်ချင်တဲ့သူဖြစ်ဖြစ်၊ အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကနေ မိတ်ဆွေတို့ရဲ့ Financial Literacy ကိုမြှင့်တင်နိုင်မှာပါ။

အခုမျှဆဝပေးခဲ့တဲ့ ဆောင်းပါးလေးကို တကယ်ကိုအကျိုးရှိတယ်ဆိုရင် like & share ပြုလုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့ခင်ဗျာ 💯

ဒီလိုတန်ဖိုးရှိတဲ့ Content တွေကို ပုံမှန်ဖတ်နိုင်ဖို့ Paing - Financial Advisor & Coach Page ကို like & follow ပြုလုပ်ထားပေးပါခင်ဗျာ။ 

📍Website - https://paimentoring.com/
📍Telegram - https://t.me/paingfinancial
4
မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့မြေငလျင်ကြောင့် နစ်နာဆုံးရှုံးခဲ့ရသူတိုင်းနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်ခင်ဗျာ။

အိမ်နီးချင်းနိုင်ငံမှာရှိနေတဲ့ မြန်မာညီအစ်ကိုမောင်နှမတွေ၊ ပြည်တွင်းမှာရှိနေတဲ့ မိသားစုဝင်တိုင်း ဘေးအန္တရာယ်ကင်းဝေး၍ လုံခြုံစွာနေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုပါတယ်🙏

#AungMyoPaing_Paing
#Helping_families_to_build_financial_freedom
👍1
❝ နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေသူများအတွက် ပုံမှန်ရရှိနေနိုင်မယ့် ဝင်ငွေအမျိုးအစားများ ❞
(ဖတ်ရန်ကြာချိန် - ၂မိနစ်) 

နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ဖို့ စီစဉ်နေသူတွေအတွက် တည်ငြိမ်ပြီး ပုံမှန်ဝင်နိုင်မယ့် ဝင်ငွေစီးလမ်းကြောင်းတွေရှိထားဖို့ဆိုတာ တကယ်အရေးကြီးပါတယ်။ ဒါဟာ ဘဏ္ဍာရေးဆိုင်ရာမှာ တည်ငြိမ်မှုရရှိဖို့အထောက်အကူဖြစ်စေပြီး နိုင်ငံခြားမှာလူတန်းစေ့နေထိုင်နိုင်ဖို့ လိုအပ်တဲ့ ဝင်ငွေကိုလည်း တစ်နည်းရှာဖွေနိုင်မှာဖြစ်ပါတယ်။ 

ဒီနေ့ဆောင်းပါးမှာ ပြောပြပေးသွားမှာကတော့ တည်ငြိမ်ပြီး ပုံမှန်ရနေနိုင်မယ့် ဝင်ငွေအမျိုးအစားတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

Remote အလုပ်များမှ ရရှိနိုင်မယ့်ဝင်ငွေ 

တည်ငြိမ်တဲ့ တရားဝင်ကုမ္ပဏီ/အဖွဲ့အစည်းမှ အချိန်ပြည့်အလုပ်များ၊ လစဉ်ပုံမှန်လစာရရှိတဲ့အလုပ်တွေမှ ရနိုင်မယ့် ပုံမှန်ဝင်ငွေတွေကိုဆိုလိုပါတယ်။  
 
Remote Job တွေဟာ နည်းပညာ၊ ဘဏ္ဍာရေး၊ Marketing နဲ့၊ Design စတဲ့ ကျွမ်းကျင်ပညာရှင်များနဲ့ သင့်တော်ပါတယ်။ 

ရင်းနှီးမြှုပ်နှံမှုဝင်ငွေ (Investment Income)

ဒီဝင်ငွေထဲမှာတော့ - 

- Stocks သို့ Mutual Funds များမှ ရရှိတဲ့ အမြတ်ငွေ (Dividends)
- Bonds သို့ Fixed deposits များမှ ရရှိတဲ့အတိုးဝင်ငွေများ။  
- အိမ်ခြံမြေငှါးရမ်းခြင်းမှ ရရှိတဲ့ဝင်ငွေများ။ 
- ပုံမှန်ရနေနိုင်မယ့် Capital Gains များပါဝင်ပါတယ်။ 

ဒီဝင်ငွေမျိုးဟာ ရင်းနှီးမြှုပ်နှံသူတွေ၊ အငြိမ်းစားယူထားသူတွေနဲ့ ငွေကြေးအမှီအခိုကင်းသူများနဲ့ သင့်တော်ပါတယ်။ 

ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းမှ ရရှိနိုင်မယ့်ဝင်ငွေ 
(Business Ownership/Self-Employed Income)

တည်နေရာအတည်တကျမရှိတဲ့ လုပ်ငန်းတွေကို ပိုင်ဆိုင်ခြင်းမှ ရရှိနိုင်မယ့်ဝင်ငွေများ (ဥပမာ - E commerce, consulting နဲ့ Digital ဝန်ဆောင်မှုများ) ကိုဆိုလိုပါတယ်။ ဒါပေမယ့်လုပ်ငန်းဟာ ပုံမှန်လည်ပတ်ပြီး စာရွက်စာတမ်းအပြည့်အစုံရှိဖို့လိုပါတယ်။ (ဥပမာ - ဘဏ်စာရင်း၊ ငွေတောင်းခံလွှာများ…) 

ဒီလိုလုပ်ငန်းမျိုးတွေဟာ စီးပွားရေးလုပ်ငန်းရှင်များ၊ Freelancer များနဲ့ Consultant များနဲ့သင့်တော်ပါတယ်။

ပင်စင်နှင့်အငြိမ်းစားဝင်ငွေ 
(Pension or Retirement Income)

ဒီဝင်ငွေမျိုးဟာ အစိုးရနဲ့ ပုဂ္ဂလိကမှ ပေးတဲ့ ပင်စင်ငွေများဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ အငြိမ်းစားရန်ပုံငွေများမှ ထုတ်ယူသောငွေများဖြစ်ပါတယ်။

စီမံခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နှံမှုဝင်ငွေ 
(Managed Portfolio Income)

ကျွမ်းကျင်စွာစီမံခန့်ခွဲထားတဲ့ ရင်းနှီးမြှုပ်နှံမှုအကောင့်များမှ ပုံမှန်ထုတ်ယူနိုင်မယ့် ဝင်ငွေတွေဖြစ်ပြီး ဥပဒေနှင့်အညီအတည်ပြုနိုင်မယ့် အထောက်အထားတွေလိုအပ်ပါတယ်။ 

ဒီဝင်ငွေမျိုးဟာ ငွေကြေးတတ်နိုင်သူများနဲ့  ရင်းနှီးမြှုပ်နှံသူများအတွက် အထူးသင့်တော်ပါတယ်။ 

Affiliate/Royalties/Passive Digital Income

Affiliate Marketing, ဒီဂျစ်တယ်ထုတ်ကုန်များ၊ မူပိုင်ခွင့်များမှရရှိနိုင်မယ့် ပုံမှန်ဝင်ငွေဖြစ်ပါတယ်။  အဆိုပါဝင်ငွေအနေနဲ့တည်ငြိမ်ပြီး ရေရှည်မှာလည်း ဝင်ငွေပုံမှန်ရရှိနေရပါမယ်။ 

ဒီအလုပ်မျိုးတွေက Creatorတွေ၊ စာရေးဆရာတွေ၊ Influencers တွေ၊ Online marketer တွေနဲ့ အထူးသင့်တော်ပါတယ်။ 

အခုဒီစာကို ဖတ်နေတဲ့ မိတ်ဆွေတွေအနေနဲ့ရော ဘယ်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ဖို့စဉ်းစားနေလဲ?  
ဘယ်လိုတွေပြင်ဆင်ထားပြီးပြီလဲဆိုတာ comment မှာ ဆွေးနွေးသွားနိုင်ပါတယ်ခင်ဗျာ။ 

#AungMyoPaing_Paing
#Helping_families_to_build_financial_freedom
5👍2😁2