တချိန်မှာ ဒလန်တံဆပ်ကပ်ခံရဦးမယ် ဒေါက်တာဆာဆာ
အနာဂတ်ရဲ့ သမ္မတလောင်းလျာလို့ အနီတွေ မြှောက်ပင့်ကြတဲ့ ဒေါက်ဆာ တစ်ယောက်ကတော့ တော်လှန်ရေးကို တာ့တာပြသွားခဲ့ပြီ။
စကားဝဲဝဲနဲ့ ပေါက်ပန်းလေးဆယ်ပြောတာတွေ နားမထောင်ရတော့ဘူးပေါ့။ ရိုးရိုးထွက်လား ဒလန်တံဆိပ်ကပ်ခံရမလားကတော့ ၇ ရက် တစ်ပတ် စောင့်ကြည့်ကြပါဦးစို့ အိုင်ပီတို့ရေ။
(ပိုင်စိုး)

👍95😁31❤12🫡1
သမိုင်းတွင်မည့် ခရီးစဉ်
-----------------------------------
(၂၈-၁၁-၂၀၂၅)
မနေ့ညနေပိုင်းမှာ ဘယ်လာရုစ်နိုင်ငံသမ္မတ လူကာရှန်ကိုဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အနေနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ၂၀၂၁ အရေးအခင်းကြီးပြီးတဲ့နောက်မှာ ပထမဆုံး နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ယောက် မြန်မာနိုင်ငံကို ရောက်ရှိခြင်းပဲ ဖြစ်ပါတယ်။
ဘယ်လာရုစ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ၁၉၉၉ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေး စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ခဲ့ပေမယ့် အခု ဒီ ၂၀၂၅ ခုနှစ်အတွင်းမှာမှ ပိုပြီးတော့ ပေါင်းစည်းမိခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုလည်း တရားဝင်ချစ်ကြည်ရေးခရီးစဉ်ဖိတ်ကြားခဲ့ပြီး နိုင်ငံတော် ယာယီသမ္မတ သွားရောက်ခဲ့ပါသေးတယ်။ ဒီလို ချစ်ကြည်ရေးခရီးစဉ်တွေဟာ လည်ရုံပတ်ရုံသက်သက်မဟုတ်ပဲ နောက်ကွယ်မှာ နှစ်နိုင်ငံ လူမှုစီးပွားပူးပေါင်းဆောင်ရွက် ရေးတွေ အတွက် သဘောတူညီမှုတွေရယူဖို့ အရေးထားကြပါတယ်။
အခု ဒီ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုရဲ့ ခရီးစဉ်မှာဆိုရင်လည်း ဘယ်လာရုစ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေရော၊ ဝန်ကြီးတွေရော ကြိုတင်ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်နေကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ စက်ရုံတွေ ရင်းနှီးမြှုပ်နှံဖို့ကိစ္စနဲ့ အခြားသော ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူဖို့ပါပဲ။
ဘယ်လာရုစ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဓာတ်မြေဩဇာ ထုတ်လုပ်မှုနဲ့ နာမည်ကြီးပါတယ်။ သဘာဝ ပိုတက်ဆီယမ်သိုက်တွေ ပေါကြွယ်ဝတဲ့အပြင် ဘယ်လာရုစ်ရဲ့ မြေဩဇာတွေဟာ မြေဆီလွှာထိခိုက်မှုနည်းပါးတာကြောင့် လူကြိုက်များပါတယ်။ ပြီးတော့ MTZ လယ်ထွန်စက်တွေနဲ့ တစ်ခြား စိုက်ပျိုးရေးသုံးကိရိယာတွေကိုလည်း ထုတ်လုပ်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအားထားရတဲ့ နိုင်ငံဖြစ်ပေမယ့် နည်းပညာနောက်ကျခဲ့တာ ကြောင့် တခြားနိုင်ငံတွေကနေ ဝယ်ယူသုံးစွဲနေရတယ်။ ဒါကြောင့် အခုလို ဘယ်လာရုစ်နိုင်ငံက ထွန်စက်စက်ရုံတွေ၊ မြေဩဇာစက်ရုံတွေ လာရောက်ရင်းနှီး မြှုပ်နှံမယ်ဆိုရင် တောင်သူဦးကြီးတွေအတွက်ရော မြန်မာပြည်သူတွေအတွက်ရော ကုန်ကျစရိတ်တွေ ပိုပြီးလျော့ကျလာနိုင်မယ့် သတင်းကောင်းပါပဲ။အခုတွေ့ရသလောက် အခုသဘောတူညီချက်တွေကို ၂၀၂၆-၂၀၂၈ အတွင်း ရည်မှန်းချက်ထားပြီး အမြန်အကောင်အထည်ဖော်ကြမယ်လို့ သိရတယ်။
ပြီးတော့ စီးပွားရေးပိုင်းတင်မကပဲ ပညာရေးပိုင်းမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ရယ်၊ ဗီဇာကင်းလွတ်ခွင့်တွေ၊ အခွန်ကင်းလွတ်ခွင့်တွေအထိ ဆွေးနွေးနေကြပါတယ်။ ဒီခရီးစဉ်က နှစ်နိုင်ငံအကျိုးရှိမယ့် ခရီးစဉ်ဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်နေတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာကြားမှာ ရင်းနှီးမြှုပ်နှံဖို့ စောင့်ကြည့်ခံလာရနိုင်ပါတယ်။
ဘာပဲပြောပြော ဒီချစ်ကြည်ရေးခရီးစဉ်ဆိုတာ ရိုးရိုး အလွတ်သဘောလာတာမျိုး၊ အခမ်းအနားတွေ ဖိုရမ်တွေတက်တာမျိုးထက် ပိုပြီး အကျိုးရှိတဲ့အပြင် သမိုင်းမှာလည်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်ခဲ့တဲ့ ဘယ်လာရုစ်သမ္မတအဖြစ် မှတ်တမ်းဝင်သွားတော့မှာ ဖြစ်ပါတယ်။
(ပိုင်စိုး)
#paingsoepolitic #Paingsoe #ပိုင်စိုး #belarus

👍115❤48👏8😍2🥰1
သတင်းအမြတ်ထုတ်ခဲ့ကြခြင်း
ပြီးခဲ့တဲ့အောက်တိုဘာ ၂၉ မှာ TNLA က တပ်နဲ့အပစ်အခတ်ရပ်စဲပြီး မိုးကုတ်ကို ပြန်ပေးဖို့ သတင်းထွက်လာတဲ့အချိန် ဒီမြို့ကို NUG နဲ့ PDF တွေ မဖြစ်မနေကာကွယ်ပါမယ်ဆိုပြီး လှုံ့ဆော်ခဲ့ကြတာ မှတ်မိမယ်ထင်တယ်။
အဲ့ဒီတုန်းကလည်း ရေးခဲ့ပါတယ်။ လားရှိုးလိုပဲ TNLA က တာဝန်ယူပြီး တပ်ကို မြို့ထဲအထိ ခေါ်ဆောင်ပေးရမယ်ဆိုတာနဲ့ PDF တွေ တပ်ပေါင်းစုဖွဲ့ပြီး မိုးကုတ်ကို ကာကွယ်မယ်ဆိုတာ မဖြစ်နိုင်တဲ့အကြောင်းကို။
တကယ်တမ်းလည်း တပ်မတော်ရဲ့ တပ်တွေ မဝင်ခင် အခုလ ၂၇ ရက်နေ့လောက်ကတည်းက TNLA ရဲ့ ဖိအားတွေကြောင့် PDF အဖွဲ့တွေ ဆုတ်ခွာဆိုတာမျိုးတွေ မီဒီယာတွေမှာ တင်လာကတည်းက ပြည်သူကို ဂျင်းထည့်ပြန်ပြီလို့ပြုံးမိတယ်။ ကာကွယ်ဖို့နေနေသာသာ ခွေးတစ်ကောင် ကြောင်တစ်မြှီးမှ မကျန်တာ အားလုံးလည်း မြင်ကြပါလိမ့်မယ်။
သူတို့ကတော့ အလှူငွေတွေရသွားကြပေမယ့် အဲ့ဒီသတင်းကြောင့် မိုးကုတ်ဒေသခံတွေ စစ်ဖြစ်မှာ ကြောက်ပြီး ရှောင်ပြေးကြတာ မြို့မှာ ဟာလာဟင်းလင်းကြီး ဖြစ်လို့။
ဒါကိုပဲ တပ်မတော်ဝင်မှာမို့လို့ မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်ဆိုပြီး အမြတ်ထုတ်ကြပြန်ပါတယ်။ ဒီလို အမြတ်ထုတ်တာဟာ စစ်တပ်ကို မထိခိုက်ပဲ ပြည်သူတွေသာ ထိခိုက်ရတာလည်း သိပုံမရကြ။

👍113❤22💯12😁1
မြန်မာ U 17 အသင်းနဲ့အတူ နိုးကြွလာတဲ့ ဇာတိမာန်များ (ပိုင်စိုး)
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/1C6xKs971m/

👍37❤28😍3😁1
မြန်မာ ယူ ၁၇ အသင်းနှင့်အတူ နိုးကြွလာတဲ့ ဇာတိမာန်များ
----------------------------
(၁-၁၂-၂၀၂၅)
မနေ့က နိုင်ဝင်ဘာ(၃၀) မှာ မြန်မာ ယူ ၁၇ အသင်းဟာ ဆီးရီးယားကို သရေကစားပြီး ရှုံးပွဲမရှိပဲ ၂၀၂၆ အာရှဖလားခြေစစ်ပွဲကို အောင်မြင်သွားခဲ့ပါတယ်။ မြန်မာU17 အသင်းဟာ ၁၉၈၆၊ ၂၀၀၀၊၂၀၀၂၊ ၂၀၀၆ ခုနှစ်တွေမှာ Group Stage အဆင့်အထိ လေးနှစ်ဝင်နိုင်ခဲ့ပြီး ၂၀၀၆ နောက်ပိုင်း Group Stage အဆင့်ကိုတောင် မဝင်ခဲ့တော့တာ နှစ် ၂၀ နီးပါးရှိခဲ့ပါပြီ။
ဒါကြောင့် အခုလို ဆယ်စုနှစ် ၂ ခုစာလောက် ဝေးခဲ့တဲ့ ခြေစစ်ပွဲအောင်မြင်မှုအတွက် ယူ ၁၇ အသင်းကို နိုင်ငံတော် ယာယီသမ္မတက ငွေကျပ်သိန်း ၁၀၀၀ ဆုချီးမြှင့်တယ်လို့ သိရပါတယ်။
မနေ့ကဆိုရင်လည်း သုဝဏ္ဏဘောလုံးကွင်းမှာ ကိုယ့်မြန်မာ လူငယ် ဘောလုံးသမားတွေကို ရုံပြည့်ရုံလျှံ အားပေးကြတာကလည်း ကြောက်ခမန်းလိလိပါပဲ။ နိုင်ငံတော် သီချင်းဆိုတာကို နားထောင်မိရင်ဖြင့် ကြက်သီးတောင် ထမိလောက်ပါတယ်။ ၂၀၂၁ နောက်ပိုင်း မြန်မာတွေကြားထဲ အနည်းငယ် ပြေလျော့သွားခဲ့ကြတဲ့ ဇာတိမာန်နဲ့ စည်းလုံးမှုတွေ ပြန်ပေါ်လာကြသလိုပါပဲ။
ဒီဘောလုံးပွဲနဲ့ပတ်သက်ပြီး တစ်ခုသတိထားမိတာက မဇ္ဈိမလို ဧရာဝတီလို သတင်းဌာနတွေဟာ သူတို့သတင်းတွေမှာ နိုင်ငံခြားဘောလုံးပွဲစဉ်တွေတင်ကြပေမယ့် မြန်မာ့ ယူ၁၇ အသင်းရဲ့အောင်မြင်မှုအကြောင်းကိုတော့ မတင်ပဲ လျစ်လျူရှုထားတာကိုတွေ့ရပါတယ်။
သူတို့အသားပေးပြီးတင်နေတာက ဖင်လန်နိုင်ငံက သံရုံးပိတ်သိမ်းမယ်ဆိုတဲ့ သတင်းပါ။ သူ့ဘာသာ စီးပွားရေး၊ နိုင်ငံရေး သံတမန် အဆက်အဆံတွေ သိပ်မရှိလို့ စရိတ်စက လျှော့ချဖို့ (၃) နိုင်ငံက သံရုံးတွေပိတ်သိမ်းမှာကို မြန်မာနိုင်ငံတစ်နိုင်ငံတည်းကိုပဲ လက်ရှိအစိုးရကြောင့် သံရုံးပိတ်သိမ်းရတဲ့ပုံစံမျိုး ရေးသားပြီး နိုင်ငံတော် သိက္ခာကို ပယ်ပယ်နယ်နယ်ချနေကြတယ်။
မြောက်ကိုရီးယားလို အပယ်ခံနိုင်ငံဖြစ်နေပြီဆိုတာမျိုးကို ပုံဖော်ရေးသားပြီး ကိုယ့်နိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ရမယ့်အစား ဘောလုံးပွဲသတင်းဖုံးဖို့ ကြိုးစားနေကြတယ်။
၂၀၂၁ တော်လှန်ရေးရဲ့ ကျရှုံးရခြင်း အကြောင်းအရင်းထဲမှာ အခုလိုမျိုး နိုင်ငံတော်ရဲ့ ပုံရိပ်ကို ကဏ္ဍပေါင်းစုံကနေ ဆွဲချတာကြောင့်လည်းပါဝင်ပါတယ်။ ထိုင်းမှာ နိုင်ငံရေးတွေ ခဏတိုင်းဖြစ်ပေမယ့် ထိုင်းလူမျိုးတွေဟာ ပုဂ္ဂိုလ်နဲ့ နိုင်ငံကို ခွဲခြားတတ်ကြတယ်။ ဥပမာ သက်ဆင်အစိုးရကို တိုက်ခိုက်ချင်ရုံနဲ့ ကျွန်တော်တို့ ထိုင်းနိုင်ငံကြီးဟာ သက်ဆင်ကြောင့် ပျက်စီးနေပါပြီ၊ သက်ဆင်လုပ်နေတဲ့ ခရီးသွားအစီအစဉ်တွေ မလာကြပါနဲ့လို့ ဘယ်သူကမှ မပြောကြပါဘူး။
ကိုယ့်နိုင်ငံကတော့ပြည်ဖျက်တွေကတော့ လက်ရှိအစိုးရကို မကျေလည်တာနဲ့ နိုင်ငံတော်ကိုပါ အမျိုးမျိုး နာမည်ဖျက်ကြပါတယ်။ တကယ့်ကို စံချိန်တင်လောက်စရာပါ။
ဘာပဲပြောပြောပါ။ ဆယ်စုနှစ် ၂ ခုစာ ဝေးနေခဲ့တဲ့ အောင်မြင်မှုကို ယူလာပေးတဲ့ မြန်မာ ယူ ၁၇ ဘောလုံးအသင်းကြောင့် မြန်မာတွေရဲ့ စည်းလုံးမှုတွေ ဇာတိမာန်တွေ ပြန်မြင်လိုက်ရတာတော့ တကယ့်ကို အရသာပါပဲ။ မြန်မာတစ်ယောက်မို့ ဂုဏ်ယူစရာရှိလို့ ဂုဏ်ယူတာ ရဲရဲသာ ဂုဏ်ယူလိုက်ပါ။ ကိုယ့်နိုင်ငံကို ၁၂ ရာသီ အသုဘအိမ်လို မြင်နေကြတဲ့ ပြည်ဖျက်တွေပြောတာကို ရဲရဲသာ ပြန်ပြီး ချေဖျက်ပြလိုက်ကြပါ။

👍115❤46😘2😁1
This media is not supported in your browser
VIEW IN TELEGRAM
ငရဲမီးပန်း ပူမှန်းသိကြပြီ
မင်းကင်းပြည်သူ့ဆေးရုံက CDM လုပ်ပြီးဆေးခန်းဖွင့်ထားတဲ့ ဆေးရုံအုပ် ဒေါက်တာ ခင်သူသူလွင်ကို မင်းကင်း ပကဖအဖွဲ့တွေ ဖမ်းဆီးသွားပါတယ်။
အကြောင်းရင်းကတော့ မင်းကင်းမှာ PDF တွေ မတရားသဖြင့် ရွှေထုတ်နေကြတာကို ရွာခံတွေက ဆန္ဒပြတဲ့နေရာမှာ ပါဝင်လို့လို့ သိရပါတယ်။
တောင်းတောင်းပန်ပန်ပြောဆိုနေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ခင်ဗျားတို့ရဲ့ ပြည်သူ့ဘက်တော်သားကြီးတွေ ဆွဲလားရမ်းလားလုပ်နေတာ ကြည့်လို့မှ ကောင်းရဲ့လား။
ဝဋ်ပါလာတဲ့သူတွေက ငရဲမီးပန်းဓားစက်ကြီးကို ပဒုမ္မာကြာပန်းလို့မြင်ပြီး ကိုယ်တိုင်ကိုယ်ကျ ခေါင်းပေါ်တင်ခဲ့ကြတာ၊ အခုတော့ ပူမှန်းသိနေကြပါပြီ။
ပဒက်တွေရဲ့ ဒဏ်ကို ကိုယ်တိုင်မခံစားရသေးတဲ့အဖွဲ့တွေပဲ ပူမှန်းမသိသေးတော့ အွန်လိုင်းပေါ် PDF လေးတွေ ကျန်းမာပါစေလုပ်နေကြတာ။

👍127❤23👏8😁1
တားဘုန်းကျော်ငိုချင်းနဲ့ နွေဦးအကွဲအပြဲများ (ပိုင်စိုး)
FB တွင်ဖတ်ရန်
https://www.facebook.com/share/p/16Z7xPEjDY/

👍18😁7💯7❤2
တားဘုန်းကျော်ငိုချင်းနဲ့ နွေဦးအကွဲအပြဲ
--------------------------------------
(၂-၁၂-၂၀၂၅)
မနေ့က TNLA တားဘုန်းကျော်တစ်ယောက် ဆေးကွဲပြီး စာလိုလိုကဗျာလိုလို ငိုချင်းချနေတာ ဖတ်လိုက်ရပါတယ်။ အစမှာတင် မိုးကုတ်ဟာ တအောင်းလူမျိုးတို့ တည်လာတာမို့လို့ တအောင်းပြည်နယ်ထဲ ပြန်ထည့်ဖို့စိတ်ကူးနဲ့ သိမ်းရပါတယ်တဲ့။ ရှမ်းစော်ဘွားတွေ အားနာစရာ။
ဆယ်နှစ်ကျော်တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ ပေးဆပ်ခဲ့တယ်။ လက်သုံးချောင်းထောင်သူတွေကို လစဉ်ကျွေးမွေးခဲ့တယ်။ အာဏာရှင်နံရံကို ခေါင်းနဲ့ အတင်းဝင်တိုက်ခဲ့လို့ ဦးခေါင်းသွေးချင်းနီတယ်ဆိုတာက တော့ တားဘုန်းကျော်ရဲ့ ငါ့စကားနွားရ အပြောသက်သက်ပဲ။
၂၀၂၁ အရေးအခင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေဆီကို PDF တွေနဲ့ ပြည်သူတွေရဲ့ ငွေအား၊ လူအားတွေ စီးဆင်းခဲ့တာဖြစ်ပြီး ၁၀၂၇ မှာ တိုင်းတပါးအထောက်အပံ့တွေကြောင့် Boost ထိုးပေးလိုက်သလို မြို့သိမ်းစစ်ပွဲဆိုတာမျိုးတွေ ဖြစ်လာခဲ့တာဖြစ်တယ်။
အလွယ်လေးလူစုရောက်လာခဲ့တဲ့ PDF တွေကို စစ်သင်တန်းပေးပြီး မြို့သိမ်းတိုက်ပွဲတွေမှာ ရှေ့က အသေခံတိုက်ခိုင်းခဲ့တာက ပလောင်အကျိုးအတွက် မဟုတ်ပဲ တော်လှန်ရေးအတွက်လို့ ပြောတာက အရှက်မရှိတာပဲ။ သူ့စကားထဲမှာတင် ပလောင်ပြည်နယ်ထဲကို မိုးကုတ်ကို ထည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြီးပါနေမှတော့ ဒီတိုက်ပွဲတွေမှာ အသက်ပေးခဲ့ရတဲ့ PDF တွေက ပလောင်အိမ်မက်ကို ဖြည့်ဆည်းပေးဖို့သက်သက် အသက်ပေးခဲ့ကြရတာပါ။
ဒါတောင် လတိုင်း ထမင်းကျွေးထားရလို့တဲ့၊ မသိရင် ထမင်းတောင် မကျွေးပဲ တိုက်ခိုင်းချင်တဲ့ပုံပါပဲ။ တပ်က တောင်ခမ်း၊ ကျောက်မဲတို့မှာ တကယ်ပြန်သိမ်းတဲ့အချိန်မှ ခံစစ်မဆင်နိုင်တော့လို့ ရေရှည်ရပ်တည်နိုင်ရေးအတွက် မြို့တွေ ပြန်ပေးရတာကို တရုတ်ဖိအားတို့ ဘာတို့ လျှောက်ပြောပြီး လူထု သနားအောင် ငိုပြနေတယ်။လူထုက ဆဲကြလို့တဲ့၊ ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ ခွေးလို့ မပြောယုံတမယ်ပါပဲ။ ဒီနှစ်တွေမှာ PDF တွေကို ကျွေးခဲ့ရတာကို တော်တော်နှမျောနေပုံလည်း ရပါတယ်။
တားဘုန်းကျော်က ငိုပြသလိုနဲ့ PDF တွေကို အပြစ်ဖွဲ့နေသလို တစ်ဖက်မှာလည်း NUG ဘက်ကလည်း သူ့ဆီက ထွက်သွားသူမှန်သမျှကို အပြစ်ဖို့စာထုတ်နေတာ တွေ့ရပါတယ်။
ဒီရက်ပိုင်း တော်လှန်ရေးဘက်တော်သားတွေ ကြားမှာ အဝေမတည့်ရာကနေ အချင်းချင်း အပုပ်တွေဖော်ရင်း ပြဿနာတွေတတ်နေကြတယ်။ NUG အတွင်းဝန် ကြည်ပြာခွေးမွေးတဲ့ ကိစ္စကနေ အမျိုးတွေကိုချည်းပဲ ရာထူးကြီးပိုင်းတွေ ပေးထားတဲ့ကိစ္စ၊ ဆာဆာအပါအဝင် NUG ရဲ့ ဝန်ကြီးတွေ နှုတ်ထွက်တဲ့ ကိစ္စ၊ အခုနောက်ဆုံး မင်းကင်းက CDM ဆရာဝန်မ ကိစ္စအဆုံး မရှူနိုင်မကယ်နိုင် ပြဿနာတွေတတ်မှ လူထုဆီ အရှက်ပြေ စာထုတ်ပြီး ထိုးချနေတာ တွေ့ရတယ်။
အဲ့ဒီလို အထိုးချကောင်းခဲ့လို့လည်း တော်လှန်ရေးဘက်တော်သားတွေဖြစ်ခဲ့ဖူးတဲ့ သက္ကမိုးညို၊ ဝိုင်းခင်ခင်စသဖြင့် တော်တော်များများဟာ NUG ရဲ့ အတွင်းရေးတွေကို ထုတ်ဖော်လာခဲ့ကြပြီး အခုနောက်ပိုင်း မြတ်ကျော်သူတို့လို့ သတင်းသမားတွေကပါ လေသံပြောင်းလာကြတဲ့အပြင် အနီယိမ်းမီဒီယာတွေက CDM ဆရာဝန်မဗီဒီယိုကို ကိုယ်တိုင်တင်ပြီး ဖွလာကြတဲ့အထိ အကွဲအပြဲတွေ ဖြစ်လာတာ မြင်ရပါတယ်။
ဒီတစ်ခေါက် တားဘုန်းကျော်ရဲ့ ငိုချင်းကိုတော့ NUG ဘက်က စာမထုတ်လောက်ဘူး။ သူတို့ ဘောမနေရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ တရားဝင် ခွာပြဲခြင်းဖြစ်သွားမှာဆိုတော့ စာထုတ်ရင်လည်း တရုတ်ဖိအားကြောင့် နားလည်ပါတယ် ဘာညာလောက်ပဲ ထုတ်မှာ။ မိုးကုတ် မြို့သိမ်းတုန်းက ပေးခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ အသက်တွေကတော့ အဟောသိကံပါပဲ။ အေးလေ ကိုယ့်အသက်မှ မဟုတ်ကြတာ။
(ပိုင်စိုး)
#paingsoe #ပိုင်စိုး #paingsoepolitic #TNLA

👍129❤22👏2😁1🤬1
This media is not supported in your browser
VIEW IN TELEGRAM
မလေးရှားအော်ပရာစီ၊ မြန်မာ့ဧည့်စာရင်းနဲ့ အနာဂတ်အလားအလာ (ပိုင်စိုး)
(၂၀၂၅ခုနှစ် ဖေဖော်ဝါရီလအတွင်း မလေးရှားနိုင်ငံ အော်ပရာစီဖမ်းဆီးမှု ရုပ်သံ)

👍40❤5😁1😱1
မလေးရှားအော်ပရာစီ၊ မြန်မာ့ဧည့်စာရင်းနဲ့ အနာဂတ်အလားအလာ
—————————————————-
ဒီရက်ပိုင်း မလေးရှားမှာ အော်ပရာစီ ပြန်ဖမ်းနေလို့ မြန်မာတွေ အများအပြား မိသွားပြန်တယ်လို့ သိရပါတယ်။
ဘယ်နိုင်ငံမှာပဲဖြစ်ပါစေ လူတစ်ယောက်ရဲ့ Identity က သိပ်ကိုအရေးကြီးပါတယ်။ အထောက်အထားမရှိပဲ နေထိုင်သူတွေရဲ့ အန္တရာယ်ကလည်း မသေးလှတာကြောင့် မလေးရှားနိုင်ငံကိုလည်း အပြစ်တင်လို့ မရပါဘူး။
ကိုယ့်နိုင်ငံကလည်း ဟိုးအရင်ကတည်းက မလေးရှားကို တရားမဝင်တွေသွားကြတယ်၊ ဗီဇာသက်တမ်းမတိုးပဲ အိုဗာစတေးတွေ နေကြတယ်။ ကိုယ်စည်းကမ်းမရှိတာကို မမြင်ပဲ အော်ပရာစီဝင်ကာမှ အော်ကြဟစ်ကြတာကလည်း ထုံးစံဖြစ်နေပြီကိုး။
အခုဆို စစ်မှုထမ်းဥပဒေကို ရှောင်ချင်လို့ ရရာလမ်းက သွားကြတဲ့လူတွေ ပိုများလာတာပေါ့။
သူတို့အော်ပရာစီဆိုတာ ကိုယ့်ဆီက ဧည့်စာရင်းစစ်တဲ့ ဥပဒေလိုမျိုးပါပဲ။ တရားမဝင်နေထိုင်နေသူတွေကို စစ်ဆေးတာဖြစ်ပေမယ့် ဧည့်စာရင်းဆိုရင် နိုင်ငံသားတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်နေကြတာကိုက လွဲနေတဲ့အချက်ပါ။
မြန်မာနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေ အများကြီးရှိနေနိုင်ပါတယ်။ ကျားဖြန့်လုပ်တဲ့ နယ်စပ်တွေမှာ တရားမဝင်နိုင်ငံခြားသားတွေ မိတာ သောင်းနဲ့ချီနေပြီဆိုတော့ အဲ့ဒီကနေ မြို့ပေါ်တွေဆီ မရောက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။
ကျောက်မဲနားကတောင်ကုန်းပေါ်မှာတောင် ကျားဖြန့်ရုံကို မိတယ်ဆိုတော့ ၊ တဖြည်းဖြည်းနဲ့ ရှမ်းတောင်ထဲကို ဖြစ်စေ၊ မြို့ကြီးတွေထဲကိုဖြစ်စေ စိမ့်ဝင်လာမယ့် အလားအလာတွေ အများကြီးရှိနေတယ်။
ဘာလို့ဒီလိုပြောနိုင်လဲဆိုရင် မြန်မာနိုင်ငံရဲ့ ဧည့်စာရင်းဟာ အခု မလေးရှားနဲ့ တစ်ခြားနိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်ရေးတွေလို ဖိဖိစီးစီးမရှိဘူး။ ရန်ကုန်လိုနေရာမျိုးက အိမ်ရာကြီးတွေမှာ မြန်မာစကားတစ်လုံးမှ မတတ်တဲ့ အလည်အပတ်မဟုတ်ပဲ ရောက်နေကြတဲ့ နိုင်ငံခြားသားတွေ အများကြီးတွေ့နေရသလို လဝက၊ ရဲ၊ ယာဉ်ထိမ်းတွေမှာ နိုင်ငံခြားသားမြင်တာနဲ့ အထောက်အထားတောင်းကြည့်တတ်တဲ့ အလေ့အကျင့်မရှိဘူး။
နောက်ဆုံးအရေးကြီးတဲ့အချက်အနေနဲ့ ပြည်သူတွေက သက်ဆိုင်ရာကို သတင်းပေးပြီး သက်ဆိုင်ရာက အစီအမံနဲ့ ရှာဖွေဖမ်းဆီးတဲ့ အလေ့အကျင့်မရှိဘူး။ မလေးရှားအော်ပရာစီ အောင်မြင်တယ်ဆိုတာ သူ့နိုင်ငံကလူတွေကိုယ်တိုင်က ဘယ်နေရာမှာ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာမျိုးကို အတိအကျသတင်းပေးနေလို့ ဂျောင်ကျိုဂျောင်ကြားမကျန် ဝင်ဖမ်းနိုင်တာဖြစ်တယ်။ ကိုယ့်မြန်မာတွေကတော့ အစိုးရကို အမြင်မကြည်တာကတဖက်၊ ကြင်နာသနားတတ်တာက တဖက်ကြောင့် သတင်းပေးဖို့နေနေ ဖွက်ရင်တောင် ဖွက်ထားပေးကြမှာ။
အော်ပရာစီကြောင့် အဖမ်းခံရတဲ့ ကိုယ့်ပြည်သူတွေအတွက် စိတ်မကောင်းပေမယ့် ကိုယ်ကမှ အထောက်အထားမပြည့်စုံတာ၊ ဘယ်တတ်နိုင်မလဲ။ အခုလို ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျားဖြန့်ဟာ အာရှနိုင်ငံတော်တော်များများမှာ ရှိနေပေမယ့် မြန်မာကိုပဲ ဟိုက်လိုက်ပေးပြီး ကျားဖြန့်နဲ့ မြန်မာကို တွဲမြင်အောင်လုပ်နေကြတဲ့ ပြည်တွင်း ပြည်ပ မီဒီယာများ၊ လူအဖွဲ့အစည်းများကြောင့် နိုင်ငံတကာမှာ နေထိုင်ခွင့်တွေ၊ အလုပ်လုပ်ကိုင်ခွင့်တွေ အပိတ်ခံရဦးမှာပါပဲ။ အခု အမြစ်ဖြတ်နေတဲ့အချိန်မှာ ပြည်မထဲကို ဝင်မလာနိုင်အောင် ပြည်သူတွေကိုယ်တိုင်က မတားစီးဘူးဆိုရင် မြန်မာဟာ ဒီထက်ပိုနာမည်ဖျက်ခံရပြီး ကမ္ဘာအရပ်ရပ်က မြန်မာအားလုံး ဒုက္ခရောက်လာနိုင်ပါတယ်။
တရားမဝင်မျက်နှာငယ်နဲ့ သူများနိုင်ငံမှာလည်း နေလို့မရမယ့်အတူတူ ကိုယ့်နိုင်ငံကိုပဲ တစ်ဖက်တစ်လမ်းက ကောင်းမွန်လာအောင် ဝိုင်းဝန်းပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ပေးလို့ရမလဲဆိုတာကိုပဲ စဉ်းစားကြပါ။ ကိုယ်ပိုင်တဲ့ နေရာကြီးက ရှိပြီးသားပါ။ ကောင်းမွန်အောင်၊ လှပအောင်၊ သန့်စင်အောင် ကိုယ်တိုင်ဝိုင်းဝန်း ဖန်တီးလိုက်ကြရင် ဘယ်ကိုမှ သွားစရာမလိုတော့ဘူးပေါ့။

👍105❤29💯7😁2
တော်လှန်ရေးအဖွဲ့တွေရဲ့ ထွက်ပေါက် (ပိုင်စိုး)
FB တွင် ဖတ်ရန်
https://www.facebook.com/share/p/1Kinh8xs7w/

👍27❤3😁1🤔1😍1
တော်လှန်ရေးအဖွဲ့တွေရဲ့ထွက်ပေါက်
--------------------
(၄-၁၂-၂၀၂၅)
ဒီရက်ပိုင်းမှာ မလေးရှားနိုင်ငံက ကမကထလုပ်ပြီး NUG,NUCC,KNU,CNF,PNLO စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေကို သီးခြားဆီ ဖိတ်ခေါ်ဆွေးနွေးခဲ့တယ်။
ရွေးကောက်ပွဲဟာ ဒီမိုကရေစီကိုသွားဖို့ ဖြစ်တယ်လို့ အမေရိကန်က သူတို့ရဲ့ TPS ကြေငြာချက်မှာ ထည့်ရေးကတည်းက အာဆီယံဘက်ကလည်း ဒီပဋိပက္ခကြီး အမှန်တကယ်ပြီးဆုံးမယ့် လမ်းကြောင်းဟာ လာမယ့် ဒီဇင်ဘာရွေးကောက်ပွဲဆိုတာကို အသိအမှတ်ပြုလာပုံပါပဲ။
ငါးနှစ်ကြာတော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အချိန်ကြာလာတာနဲ့အမျှ အင်အားစုတွေ ပြိုကွဲလာပြီး ရပ်တည်ဖို့ခက်ခဲလာကြသလို တပ်မတော်က အတင်းထိုးစစ်ဆင်ရင်လည်း မြို့ရွာတွေ စစ်ဒဏ်ခံရမယ့် အလားအလာရှိနေတယ်။
ဒီတော့ Win-Win အခြေအနေဖြစ်စေဖို့ အာဆီယံက ကြားဝင်စေ့စပ်ပေးလိုပုံလည်းရပါတယ်။
လက်တွေ့မှာ တပ်မတော်ဘက်ကတော့ ၅၀၅ အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ ပယ်ဖျက်ပေးတာတွေ ဆောင်ရွက်ပြီး သဘောထားကြီးမှုကို ပြသခဲ့သလို မလေးရှားရဲ့ ဖိတ်ခေါ်မှုကိုလည်း တက်ရောက်ဆွေးနွေးပေးခဲ့တဲ့အတွက် တကယ်ကို ငြိမ်းချမ်းရေး အလေးပေးလုပ်ဆောင်နေတာ ပေါ်လွင်ပါတယ်။
တစ်ဖက်မှာတော့ တော်လှန်ရေးအဖွဲ့တွေဟာ တပ်နဲ့ဆွေးနွေးတယ်ဆိုရင် အသက်ပေးပြီးတိုက်ခိုက်ခဲ့ကြတဲ့ PDF တွေရဲ့ ငြိုငြင်မှု၊ အလှူငွေတွေ ထည့်ဝင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ စိတ်ပျက်ဆဲဆိုမှုတွေ ခံရမှာစိုးတဲ့အတွက် တပ်နဲ့ မဆွေးနွေးခဲ့ပါဘူးလို့ အသည်းအသန်ငြင်းချက်တွေ ထုတ်နေတာတွေ့ရပါတယ်။
တိုက်ရိုက်မဆွေးနွေးရဘူးဆိုပေမယ့် တစ်ဖက်နဲ့ တစ်ဖက် ပြောချင်တဲ့ ပြောလိုတဲ့ စကားတွေကို မလေးရှားကြားခံကနေ ပြောရတာဖြစ်တဲ့အတွက် အတူတူပါပဲ။
အဖြစ်နိုင်ဆုံးဆွေးနွေးလို့ ရမှာက နိုင်ငံတော်အနေနဲ့ သူတို့အပေါ် ကြေငြာထားတဲ့ ကြေငြာချက်တွေ ပြန်ရုတ်သိမ်းပေးဖို့၊ အုပ်ချုပ်ခွင့်ရဒေသတွေ သတ်မှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲအလွန် ဒီမိုကရေစီလမ်းကြောင်းကို ကြားဖြတ်ရွေးကောက်ပွဲတွေနဲ့ ဝင်ရောက်နိုင်ဖို့ပဲ ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ တောင်းဆိုလို့ နိုင်ငံတော်အနေနဲ့ ငြိမ်းချမ်းရေးကို ငဲ့ကွက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းတွေကို ပြန်လွှတ်ပေးဖို့ဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် လေလုံးကြီးခဲ့ကြသလို တပ်မတော်ကို ဖယ်ရှားပစ်လို့လည်း ရမှာမဟုတ်သလို၊ ရွေးကောက်ပွဲကို ပယ်ဖျက်ဖို့လည်း မရနိုင်ပါဘူး။ ပြောရမယ်ဆို ကျားသနားမှ နွားချမ်းသာရမယ့် အဖြစ်မျိုးပါ။
ဒီတော့ တော်လှန်ရေးအဖွဲ့တွေက နိုင်ငံတကာဖိအားတွေ၊ အာဆီယံဖိအားတွေကြောင့် တပ်က မဖြစ်မနေ ဆွေးနွေးလာရတဲ့ပုံစံမျိုး ပုံဖော်နေကြပေမယ့် တကယ့်လက်ရှိမြေပြင်မှာတော့ တပ်မတော်ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုလားလို့သာ ဆွေးနွေးမှုတွေ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
လက်ရှိ NUG ထဲမှာတောင် အပြဲအကွဲပေါင်းများစွာနဲ့၊ ပန်ဆယ်လိုလို ထောက်ပို့သမားတွေတောင် နေ့လားညလား မသိတဲ့ အနေအထားမှာ တပ်က NUG ကို တွေ့ချင်တာလား၊ NUG က တပ်ကိုတွေ့ချင်လို့ စေ့စပ်ပေးဖို့ တောင်းဆိုသလား တွေးကြည့်ပေါ့လေ။
ဒီစေ့စပ်ပွဲက တော်လှန်ရေးသမားတွေအတွက် ထွက်ပေါက်စစ်စစ်ပဲ။ တစ်သက်လုံးအကြမ်းဖက်ဘဝနဲ့ ရေမျောကမ်းတင်မဖြစ်ချင်ရင် ရအောင်ညှိပြီး ပြည်တွင်းပြန်ဝင်လာကြလိမ့်မယ်။

👍108❤14🥰2👏2🤔2
မြန်မာ့အရေးထဲက နိုင်ငံခြားသားများ
၈၈ မတိုင်ခင်ကတည်းက ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးမှာ နိုင်ငံခြားသားတွေ ဝင်ရှုပ်နေခဲ့တာ ကြာပါပြီ။
အထူးသဖြင့်တော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးခေါင်းစဉ်တွေနဲ့ လာကြတဲ့ ဒီမိုကရက်တွေများပါတယ်။
၂၀၂၁ အစမှာလည်း EAO နယ်မြေတွေမှာ မျက်နှာဖြူတွေက ဗုံးလုပ်နည်းတွေသင်ပေးတာ၊ စစ်သင်တန်းပေးတာမျိုးတွေ နဲ့မျိုးစုံ စစ်ကြီး မဖြစ်ဖြစ်လာအောင် လှုံ့ဆော်အားပေးခဲ့တာ မြင်ခဲ့ကြရပါတယ်။
ကိုယ့်နိုင်ငံသားတွေလည်း ဘယ်လောက်တောင် စုံလုံးကန်းကြသွားသလဲဆို Free Burma Ranger လိုမျက်နှာဖြူတွေ ဘာသာရေးအကြောင်းပြပြီး တိုက်ပွဲဖော်နေတာကို မျက်ကွယ်ပြုထားတယ်။ KNU ကလည်း နိုင်ငံခြားသားတွေရဲ့ ဦးဆောင်မှုအတိုင်း လိုက်လုပ်နေရတယ်။
လူနည်းစုကို လူ့အခွင့်အရေးခေါင်းစဉ်နဲ့ လက်နက်တပ်ပြီး မြှောက်ပေးလိုက်တာဟာ ဒီမိုကရေစီပြောင်းလဲမှုကို ဖြစ်မလာစေပဲ ပုန်ကုန်မှုတွေနဲ့ စစ်ပွဲတွေဆီကိုသာ ဦးတည်ပါတယ်။
ဂရက်တာသာ စေတနာသာမှန်ရင် စစ်ပွဲမြန်မြန်ပြီးပါစေဆုတောင်းပေးရမှာကို တော်လှန်ရေးအဓွန့်ရှည်ပါစေတဲ့။ မြန်မာလူမျိုးတွေ ဘယ်လောက်ထိ စတေးရဦးမှာလဲ။ မြန်မာပြည်အနှံ့ စစ်ပွဲတွေဖြစ်နေတာကို အားရကျေနပ်နေကြတာလား မသိပါ။

👍98❤19💯9😁2
အသက်ငင်လာတဲ့ သပိတ်များ
-------------------------------------
(၆-၁၂-၂၀၂၅)
ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သပိတ်ပရောဂျက်တွေနဲ့ လုပ်စားရတော့မယ့် သက်တမ်းကလည်း တဖြည်းဖြည်း တိုလာပြီပေါ့။
၂၀၂၁ ကတည်းကနေအခုချိန်ထိ သပိတ်ပေါင်း ရာထောင်ချီပြီး ဆောင်ရွက်ဖို့ လှုံ့ဆော်ခဲ့ကြတာကို လူထုကတော့ တော်လှန်ရေးကြီး အားကောင်းလာဖို့လို့ ထင်ကောင်းထင်ပါလိမ့်မယ်။
သပိတ်တစ်ခုဆောင်ရွက်တိုင်းမှာ ဒီသပိတ်အတွက် အထွေထွေသုံးစွဲစရိတ် ဘတ်ဂျက်ဆိုတာ ရှိပါတယ်။ တော်လှန်ရေးအဖွဲ့တွေဟာ INGO, NGO အဖွဲ့တွေကနေ၊ ဖောင်ဒေးရှင်းတွေကနေ၊ EAO တွေကနေတဆင့် စီးဆင်းနေတဲ့ နိုင်ငံခြားအထောက်အပံ့ငွေကြေးပဲဖြစ်ဖြစ်၊ ပြည်သူ့လှူဒါန်းငွေတွေကိုပဲဖြစ်ဖြစ် ယူသုံးနိုင်ဖို့အတွက် ပရောဂျက်တွေ အလုပ်ပြရပါတယ်။
လူတွေ သတိမထားမိတာသာရှိလိမ့်မယ်။ အယုံသွင်းရလွယ်တဲ့ PDF ကြီးစိုးနယ်မြေတွေထဲမှာ အဝတ်ဖြူကြီးပေါ် စာတွေရေးပြီး လူနှစ်ယောက်တစ်ပိုင်းနဲ့ ဆန္ဒပြနေတဲ့ သပိတ်ဆိုတာတွေ အပတ်စဉ်နီးနီးလောက်ကို ရှိပါတယ်။
ကိုယ်အကျိုးအမြတ်ရဖို့အရေး အကြီးကြီးတွေ ပြောပြီး လူထုကို လမ်းပေါ်တင်ခဲ့ကြတဲ့ အကြိမ်အရေအတွက် များလာတာနဲ့အမျှ လူထုကလည်း သပိတ်တွေအပေါ်မှာ အယုံအကြည်ကင်းမဲ့လာနေပါတယ်။
လမ်းပေါ်အထိ ဆွဲခေါ်လို့မရတော့ အိမ်ထဲနေသပိတ်၊ အသံတိတ်သပိတ်ဆိုပြီး လုပ်ကြပြန်ရော။ ဘာမှ မထိရောက်ခဲ့ပေမယ့် ဆိုင်တွေပိတ်မိလို့ အကြမ်းဖက်အားပေးဥပဒေနဲ့ အထဲရောက်သွားတာပဲ အဖတ်တင်တဲ့ လူတွေလည်း ရှိခဲ့ပါတယ်။
NUG ဘက်ကလည်း စစ်ပွဲလည်း မယ်မယ်ရရ မပြနိုင်၊ နိုင်ငံတကာမှာလည်း မယ်မယ်ရရ မပြနိုင်တဲ့အခါ ပရောဂျက်ခေါင်းစဉ်တပ်ဖို့ အလွယ်ဆုံးက သပိတ်တွေ ဖြစ်နေလေတော့ ခေါင်းစဉ်အမျိုးမျိုးရှာပြီး လုပ်နေရတာပေါ့။
ပန်းပန်တာတောင် သပိတ်ဖြစ်ခဲ့ရတာမိုလို့ နောက်ပိုင်းဆိုရင် ထမင်းမစားသပိတ်တို့၊ ရေမချိုးသပိတ်တို့ ပါကောင်းပါလာနိုင်ပါတယ်။
တေဇာဆန်းကြီး ပျံကျဈေးထဲ ဝရူးရှူးဝါးတွေအော်ပြီးပြေးတာ မိနစ်ပိုင်းထဲ၊ ဒီမိနစ်ပိုင်းအတွက် စည်ပင်က မျက်နှာလွှဲထားပေးတဲ့ ပျံကျဈေးလေး အရှင်းခံလိုက်ရတယ်။
အခုလုပ်မယ့် အသံတိတ်သပိတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ကျဉ်းတွေကို ပြန်လွှတ်ဖို့၊ ရွေးကောက်ပွဲကိုလက်မခံဖို့နဲ့၊ ဖယ်ဒရယ်ကိုသွားဖို့လို့ ခေါင်းစဉ်တပ်ထားတယ်။
နံပတ်(၁) ဒေါ်အောင်ဆန်းစုကြည်က အပြောမှားအဆိုမှားလို့ ဖမ်းထားတဲ့ နိုင်ကျဉ်းမှ မဟုတ်ပါဘူး၊ အဂတိလိုက်စားမှု၊ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားစေမှုတွေနဲ့ ဖမ်းထားတဲ့ တရားခံပါ။
နံပတ်(၂) ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီရဲ့ လမ်းအစပဲ။ ဒီလမ်းကို မလိုက်ပဲနဲ့ ဒီမိုကရေစီ ဘယ်လိုယူမလဲ။
နံပတ်(၃) ဖယ်ဒရယ်လို့ပြောတဲ့လူတွေ မိုးကုတ်မှာ TNLA တူးသွားတဲ့ ဂေါက်ကွင်းကြီးကို မတွေ့ချင်ယောင်ဆောင်ထားပုံရပါတယ်။ ဒါဟာ ဖယ်ဒရယ်လိုချင်တယ်လို့ တွင်တွင်အော်နေတဲ့ EAO တွေရဲ့ မျက်နှာအစစ်ပဲ။
ဒီဖယ်ဒရယ်အရေးက ဒီမိုကရေစီရပြီးမှ ဆက်သွားရမယ့် ဇာတ်လမ်း၊ အဆင့်(၁)အနေနဲ့ ရွေးကောက်ပွဲမလုပ်ချင်ပဲနဲ့ ဘယ်လိုဘယ်ပုံ ဖယ်ဒရယ်ယူလို့ရမှာလဲ။ လွှတ်တော်ထဲမှာ ဥပဒေကြမ်းတင်သွင်းတာ၊ အမှားရှာတာ၊ ပြဌာန်းတာတွေ လုပ်ပြီးမှ ဖယ်ဒရယ်ဆိုတာ သွားလို့ရမှာ။
၂၀၁၅ ကနေ ၂၀၂၀ အထိ ငါးနှစ်လုံးလုံး သမ္မတဖြစ်ရေးဒို့အရေးလုပ်လာခဲ့တဲ့ အနီတွေက ဖယ်ဒရယ် ခေါင်းစဉ်နဲ့ သပိတ်ထလုပ်တာဟာ အဓိပ္ပါယ် ရှိမနေပဲ ပရောဂျက်ပြစားရုံသက်သက်ဆိုတာ နားလည်လိုက်ပါတယ်။

👍125❤30💯13👏2😁2