This media is not supported in your browser
VIEW IN TELEGRAM
မန်ချက်စတာမြို့မှာ မနေ့ကလုပ်ခဲ့တဲ့ ပါကစ္စတန်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူအုပ်ကြီး
👍62🔥23😱13❤5👏4
လွှတ်တော်နဲ့ ရွေးကောက်ပွဲစနစ်အကြောင်း
---------------------
(၁၆-၈-၂၀၂၅)
မနေ့က မဲဆန္ဒနယ်တွေ ကြေငြာတယ်၊ PR နဲ့ FPTP စနစ်နှစ်ခုလုံး အရောအသုံးပြုမယ့် နယ်မြေတွေ ကြေငြာတယ်။ လွှတ်တော်နဲ့ ဒီတစ်ခေါက်ရွေးကောက်ပွဲစနစ်တွေ အကြောင်း နားမရှင်းသူတွေအတွက် ကိုယ်နားလည်သလောက်လေး ဝေမျှချင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံတစ်နိုင်ငံလုံးအတွက် အလုပ်လုပ်ဖို့ ပြည်ထောင်စုလွှတ်တော်ဆိုတာနဲ့ ပြည်နယ်/တိုင်းတစ်ခုချင်းစီအတွက် အလုပ်လုပ်ဖို့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ဆိုပြီး လွှတ်တော်အမျိုးအစားနှစ်ခုရှိတယ်။
တစ်နိုင်ငံလုံးအတွက် အလုပ်လုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ ( ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်) ဆိုပြီး လွှတ်တော် နှစ်ရပ်ရှိတယ်။ ပြည်သူ့လွှတ်တော်အတွက် မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတဲ့အတွက် တစ်မြို့နယ်ကို ကိုယ်စားလှယ်တစ်ယောက်နှုန်းနဲ့ နေရာ ၃၃၀ ရှိတယ်။ တစ်မြို့မှ တစ်ယောက်ပဲ ရွေးမှာဖြစ်တဲ့အတွက် မဲအများဆုံးရတဲ့ လူ/ပါတီ နိုင်မယ်။ အဲ့ဒီအတွက် အချိုးကျ PR စနစ် သုံးဖို့မလိုဘူး။ FPTP စနစ်ပဲ သုံးမယ်။
အမျိုးသားလွှတ်တော်အတွက် ကတော့ တိုင်း(သို့မဟုတ်) ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ယောက်စီရွေးတယ်။ တိုင်းနဲ့ပြည်နယ်က ၁၄ ခုဖြစ်တဲ့အတွက် ၁၆၈ နေရာဖြစ်တယ်။ အဲ့ဒီ ၁၆၈ နေရာရွေးတဲ့နေရာမှာတော့ တစ်ဝက်ကို အချိုးကျ PR စနစ်နဲ့ ကျန် တစ်ဝက်ကို အနိုင်ရအကုန်ယူ FPTP စနစ်နဲ့ ရွေးမယ်။ ဘာဖြစ်လို့လဲဆိုရင် ပါတီငယ်လေးတွေကိုလည်း လွှတ်တော်ထဲရောက်စေချင်လို့။
အမျိုးသားလွှတ်တော်တစ်ခုလုံးအတွက် PR ကိုပဲ သုံးလိုက်လို့မရဘူးလားလို့ မေးကောင်းမေးမယ်။ မရဘူးတော့ မဟုတ်ဘူး။ ဒါပေမယ့် တိုင်း/ ပြည်နယ်တစ်ခုမှာ ပါတီတစ်ခုက အင်မတန်အားကောင်းနေလို့ PR စနစ်နဲ့လုပ်ပေမယ့် မဲအားလုံးနီးပါးရသွားရင်လည်း ကျန်ပါတီငယ်လေးတွေက နေရာမရနိုင်ပါဘူး။ ဒီအတွက်ကြောင့် အခုလို ရောစပ်ထားတဲ့စနစ်သုံးတယ်လို့ မြင်ပါတယ်။
ဥပမာဗျာ။ တိုင်း/ပြည်နယ်တစ်ခုခုမှာ ဆန္ဒမဲစုစုပေါင်း ၁ သိန်း၂ သောင်းရှိတဲ့ အထဲက (က) ပါတီက မဲပေါင်း ၁ သိန်းနဲ့ နိုင်တယ်ထားဗျာ။ တိုင်းတစ်ခုအတွက် နေရာ ၁၂ နေရာဆိုတော့ (က)ပါတီက PR အချိုးအရဆိုရင် ၁၀ နေရာအထိနိုင်သွားမယ်။ ကျန် ပါတီတွေအတွက် ၂ နေရာသာ ကျန်တော့မယ်။ အဲ့ဒါဆိုရင်လည်း အချိုးကျဆိုပေမယ့် ဘာမှ သိပ်မထူးဘူးလေ။
အခုသုံးမယ့် စနစ်အရ (က)ပါတီဟာ ၁၀ နေရာလုံးမရတော့ပဲ ၆ နေရာပဲ ရတော့မယ်။ (က) ပါတီကို ခြောက်နေရာပေးပြီးရင် ကျန် ၆ နေရာအတွက်ကို PR စနစ်သုံးပြီး ထပ်ရွေးမယ်။ ဒါမှသာ အခုသွားနေတဲ့ ပါတီစုံဒီမိုကရေစီဆိုတဲ့အတိုင်း ပါတီငယ်လေးတွေပါ လွှတ်တော်ထဲ ပါဝင်လာနိုင်တော့မှာ ဖြစ်ပါတယ်။
ဒါက ပြည်ထောင်စုလွှတ်တော်ရဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်အတွက် ရွေးကောက်ပွဲစနစ်ပါ။
ဒုတိယအမျိုးအစား တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အောက်မှာတော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိတဲ့အတွက် လွှတ်တော် ၁၄ ခုရှိပါတယ်။ လွှတ်တော် အသီးသီးဟာ မြို့နယ်တစ်မြို့နယ်ကို ၂ နေရာနှုန်းသတ်မှတ်ထားတဲ့အတွက် မြို့နယ်အရေအတွက်အလိုက် ကိုယ်စားလှယ်အရေအတွက် မတူညီပါဘူး။ ပြီးရင် အဲ့ဒီဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေက သတ်မှတ်လူဦးရေရှိနေတယ်ဆိုရင် သူတို့အတွက် တစ်ယောက်စီ ထည့်ပေးရပါတယ်။
ဥပမာ ကချင်ပြည်နယ်မှာဆိုရင် မူရင်း မြို့နယ်အလိုက် တစ်မြို့နယ် (၂) ယောက်နှုန်းနဲ့ ရွေးလိုက်ပြီးရင် ကချင်မြေမှာရှိတဲ့ အခြားတိုင်းရင်းသားတွေထဲက ၀.၁ ရာနှုန်း လူဦးရေရှိတဲ့ ဗမာ၊ရှမ်း၊ လီဆူး နဲ့ ရဝမ် လူမျိုးတွေရဲ့ ကိုယ်စားလှယ် တစ်ယောက်စီ ထပ်ရွေးရပါတယ်။
ဆိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ့အတွက် အလုပ်လုပ်မယ့် ပြည်ထောင်စုလွှတ်တော် (ပြည်သူ့လွှတ်တော်/အမျိုးသားလွှတ်တော်) အတွက် မဲ နှစ်မဲပေးရမယ်။ ပြီးရင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် မဲတစ်မဲပေးရမယ်။ အဲ့ဒီတော့ စုစုပေါင်း မဲ သုံးမဲ ပေးရပါမယ်။ ချွင်းချက်အနေနဲ့ ဒေသခံမဟုတ်တဲ့ တိုင်းရင်းသားတွေက သူတို့ လူမျိုးကိုယ်စားပြုမယ့် လူကိုရွေးချယ်တဲ့ မဲတစ်မဲပေးရမယ်။ သူတို့အတွက်ကတော့ (၄) မဲဖြစ်ပါလိမ့်မယ်။
ဒါကတော့ ကိုယ်နားလည်သလောက်ပါ။ PR နဲ့ FPTP နေရာမှာ အနည်းငယ် လွဲကောင်းလွဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ရဲ့မဲဟာ ကိုယ့်လူမျိုး၊ ကိုယ့်မြို့နယ်၊ ကိုယ့်နိုင်ငံအတွက် အလုပ်လုပ်မယ့်ကိုယ်စားလှယ်ကို ရွေးချယ်နိုင်တဲ့ အခွင့်အရေးတစ်ရပ်ဆိုတာကတော့ လွဲဖို့ မရှိပါဘူး။
(ပိုင်စိုး)

👍109❤26🤬1
This media is not supported in your browser
VIEW IN TELEGRAM
ကိုယ်ပျောက်ဗုံးကျဲလေယာဉ် B 2
အလက်စကာမှာ ထရမ့်နဲ့ ပူတင်တို့ တွေ့တဲ့အချိန်မှာ ထရမ့်က အမေရိကန်ပိုင်ဆိုင်တဲ့ လေယာဉ်တွေ အထူးသဖြင့် B2 ဗုံးကျဲလေယာဉ်ကို ကြွားလုံးထုတ်ပြီး ပူတင့်ခေါင်းပေါ်ကနေ ပျံပြခဲ့ပါတယ်။
ထရမ့်ကြွားမယ်ဆိုလည်း ကြွားလောက်စရာ B2 ဟာ အခုအချိန်ထိ ကိုယ်ပျောက်ဘုရင်ဘွဲ့ကို သိမ်းပိုက်ထားဆဲပဲဖြစ်ပါတယ်။ တစ်စင်းကို ၂ ဘီလီယံလောက် တန်ကြေးရှိပြီး အမေရိကန်မှာ အစင်း ၂၀ ရှိပြီးဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပျက်ကျတဲ့ တစ်စင်းအပါမှ ကမ္ဘာပေါ်မှာ ၂၁ စင်းပဲ ထုတ်ရပါသေးတယ်။
ဒါပေမယ့် B2 ဟာ ရေဒါပျောက်တာကလွဲရင် ကျန်တဲ့ စွမ်းဆောင်ရည်တွေကတော့ ရုရှားထုတ် TU-160 ကို မမီပါဘူး။ အထူးသဖြင့် သယ်ဆောင်နိုင်တဲ့ အလေးချိန်နဲ့ အမြန်နှုန်းမှာ TU-160 ဟာ B2 ထက် ၂ ဆကျော်ကျော်လောက် ပိုမိုစွမ်းဆောင်နိုင်ပါတယ်။
လေယာဉ်နှစ်မျိုးမှာ B2 ဟာ ရေဒါဖျောက်ပြီး အလစ်အငိုက်ဝင်တိုက်ဖို့ အတွက်၊ TU-160 ဟာ စူပါစောနစ် အမြန်နှုန်းနဲ့ ဝင်တိုက်ဖို့ အတွက် ဒီဇိုင်းဆွဲထားကြပါတယ်။
အမေရိကန်ကလည်း B2 ကို B21 ဆိုပြီး အဆင့်မြှင့်တင်နေသလို ရုရှားကလည်း B2 ကို ယှဉ်ဖို့ PAK DA ဆိုတဲ့ အမျိုးအစားသစ်ကို ပလန်ဆွဲနေပါတယ်။

❤103👍85🥰3
ခရီးစဉ်အားလုံးရပ်တန့်လိုက်ရတဲ့ ကနေဒါအမျိုးသားလေကြောင်းလိုင်း
မနေ့က ကနေဒါလေကြောင်းလိုင်းဟာ လေယာဉ်ဝန်ထမ်းတွေ ဆန္ဒပြမှုကြောင့် လေကြောင်းခရီးစဉ်တွေ အားလုံးရပ်တန့်လိုက်ရပါတယ်။
လေယာဉ်ဝန်ထမ်းတွေဟာ လေယာဉ်စထွက်ချိန်ကနေ လေယာဉ်ဆင်းတဲ့အချိန်အထိသာ အလုပ်ချိန်သတ်မှတ်ပြီး လစာတွက်တာဖြစ်ပါတယ်။ ခရီးသည်တွေကို ကြိုဆိုတဲ့အချိန်၊ နှုတ်ဆက်တဲ့အချိန်၊ လုံခြုံရေးစစ်ဆေးချိန်တွေအတွက် အချိန်ထည့်မတွက်ပါဘူး။ ကနေဒါလေကြောင်းလိုင်းဝန်ထမ်းတွေက တစ်လကို ၃၅ နာရီလောက် အလကားလုပ်ပေးနေရတယ်လို့ ဆိုပါတယ်။
ဒီအတွက်ကြောင့် ရသင့်ရထိုက်တဲ့ လစာငွေ ပေးဖို့ ဆန္ဒပြကြတာဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်တုန်းက လေယာဉ်မှူးတွေ ဆန္ဒပြတုန်းကတော့ ၁၃ ရက်ကြာခဲ့ပြီး ဒေါ်လာ သန်း တစ်ရာ လောက်ဆုံးရှုံးခဲ့ရဖူးပါတယ်။
အခုတစ်ကြိမ်မှာလည်း လေယာဉ်ခရီးစဉ်တွေရပ်တန့်လိုက်ရလို့ ခရီးသည် တစ်သိန်းသုံးသောင်းနီးပါး အဆင်မပြေမှုတွေဖြစ်နေရပါတယ်။ ဘယ်လောက်ကြာဦးမလဲတော့မသိပါ။
ဝန်ထမ်းတွေကို ပေးသင့်တဲ့ အဖိုးအခမပေးမိတာကြောင့် အခုလိုလေကြောင်းခရီးစဉ်ရပ်ထားရတဲ့အချိန်ပိုကြာလေ ဆုံးရှုံးရတာ ပိုများလိမ့်မယ်လို့ ထင်ပါတယ်။ အလုပ်သမားဝန်ကြီးဌာနကတော့ ဝင်ရောက်ညှိနှိုင်းပေးနေပါတယ်။

👍130❤24🥰5👏3🤔2
ကယားပြည်နဲ့ဆက်စပ်မိသမျှ
--------------------------
(၁၈-၈-၂၀၂၅)
ကယားဂွင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးက KNDF တွေကို လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး ထုံးစံအတိုင်း အရပ်သားတွေရော၊ လူမဆန်တာတွေရော အသံတွေထွက်လာကြပြန်ပြီ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရကနေ့မှာ ၁၁၁၁ (၁) လေးလုံးဆိုပြီး ကယားပြည်နယ်တစ်ခွင် စစ်ဆင်ရေးတွေဆင်နွှဲခဲ့တုန်းကတော့ မာဝီတို့ အင်တာဗျူးတွေမှာ ဘယ်လိုဗျူဟာတွေ၊ ဘယ်လိုနည်းစနစ်တွေနဲ့ တိုက်ခဲ့ရတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဖြေခဲ့ကြတယ်မဟုတ်လား။
အခု လေကြောင်းတိုက်ခိုက်တဲ့ မော်ချီးဆိုရင်လည်း ၂၀၂၄ ၊ ဇန်နဝါရီကတည်းက စစ်ကောင်စီကင်းစင်နယ်မြေဆိုပြီး လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ အင်တာဗျူးတွေကို နားထောင်ရင် မြန်မာစစ်တပ်က ကျူးကျော်တပ်စွဲထားတာ နှစ်သုံးဆယ်ရှိပြီ၊ နှစ် နှစ်ဆယ်ရှိပြီဆိုတဲ့ စကားတွေအရ ကယားလက်နက်ကိုင်တွေရဲ့ နိုင်ငံရေးခံယူချက်အကြောင်း ပြောချင်လာတယ်။
ကယားပြည်နယ်( သူတို့အခေါ် ကရင်နီပေါ့ဗျာ) က အဖွဲ့တွေဟာ လွတ်လပ်ရေးရပြီးကတည်းက တစ်စင်ထောင်ထားတဲ့အဖွဲ့ဗျ။ ဗမာစင်ပြိုင်အစိုးရဆိုတာပဲ လူသိတာ၊ ကယားလက်နက်ကိုင်တွေရဲ့ ကရင်နီပြည်အစိုးရတွေ၊ သမ္မတတွေ ဝန်ကြီးချုပ်တွေနဲ့ စင်ပြိုင်အစိုးရအကြောင်းကို လူသိပ်မသိကြဘူး။
၁၉ ရာစုရှေ့ပိုင်း တိကျသေချာတဲ့ သမိုင်းမရှိခဲ့တာကို အခွင့်ကောင်းယူပြီး ကယားပြည်နယ်ဟာ ၁၉၄၇ ကျမှ ဗြိတိသျှတွေက ဗမာပြည်ထဲ အတင်းသွင်းခံရတဲ့ ပုံစံမျိုးပုံဖော်၊ ၁၉၅၉ ကျမှ သူတို့အခေါ်စောဖျာ(စော်ဘွား)တွေလက်ထဲကနေ နိုင်ငံတော်က အာဏာသိမ်းသွားပါတယ်လို့ သမိုင်းနဲ့ ချီပြီး လိမ်လည်နေကြတယ်။
ကရင်နဲ့ ကရင်နီ ရောမှာစိုးလို့ သူတို့ လူမျိုးခေါင်းဆောင်တွေပဲ လွှတ်တော်ထဲထည့် မဲခွဲပြီး ၁၉၆၁ မှာ ကယားရယ်လို့ အတိအလင်းဖြစ်ခဲ့တာကိုလည်း အတိုက်အခံလုပ်ချင်သူတွေပီပီ ကရင်နီလို့ပဲ ဆက်သုံးတယ်ပေါ့။ မြန်မာကို ဗမာလို့ တွင်တွင်အော်နေရကြတဲ့ အဖွဲ့တွေနဲ့ တစ်ပုံစံတည်းပဲ။
လွတ်လပ်ရေးက ၁၉၄၈ မှာရတယ်။ KNPP က ၁၉၅၇ မှာပေါ်လာတယ်။ ဒါတောင် ၁၉၄၇ ကတည်းက လှုပ်ရှားခဲ့တာပါတဲ့။ ဆိုတော့ ကယားပြည်နယ်ရဲ့ လက်နက်ကိုင်သက်တမ်းကလည်း ကရင်တွေနဲ့ နင်လားငါလားပဲ။ ကရင်နီပြည်ထောင်ဖို့ ရည်ရွယ်ထားပြီး စစ်သင်တန်းတွေပေး၊ လူတွေစုနေခဲ့တာပါ။ ၂၀၂၁ ဖြစ်လာတော့ NUG အောက်ကို KNDF ဆိုတာတစ်ဖွဲ့ဖွဲ့ပေးပြီး သူ့တို့ဘာသာဆိုရင် ဖြစ်မလာနိုင်တဲ့ မြို့သိမ်း တိုက်ပွဲတွေကို PDF တွေအကူအညီနဲ့ ဖော်ဆောင်ခဲ့တာ။
ရှင်းရှင်းပြောရရင် NUG ဟာ ကယားအဖွဲ့တွေရဲ့ အသုံချခံလိုက်ရတာပဲ။ မာဝီဆိုတာလည်း ၂၀၂၁ မတိုင်ခင်ကတည်းက နိုင်ငံခြားမှာနေ၊ စစ်သင်တန်းတွေ တက်ထားတဲ့ သောင်းကျန်းသူတစ်ယောက်လို့ ကြားတယ်။
ဆိုတာ့ ၂၀၂၁ နဲ့အတူ ရောင်တော်ပြန် ဖွင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထုံးစံအတိုင်း မြို့တွေသိမ်းပြီးသွားတယ်ဆိုတိုင်း နိုင်ငံတော်က ဒီအတိုင်းထားလို့မှမရတာ။ ရဲတပ်ဖွဲ့တွေရော၊ အစိုးရအဖွဲ့တွေရော ကိုယ့်မင်းကိုယ့်ချင်း ကရင်နီပြည်လုပ်နေပြီး ခွဲထွက်ဖို့ကြိုးစားနေတာကို ဒီလိုမှ ပြန်တိုက်မယူရင် နိုင်ငံ့မြေပုံကနေ ပဲ့ထွက်သွားမှာပေါ့။
ကယားပြည်က လူမျိုးတူချင်းမထိခိုက်စေချင်ရင် ကိုယ့်လူမျိုးနဲ့ ဝေးတဲ့နေရာမှာနေပါ။ လူနေအိမ်တွေထဲ ခံစစ်မပြင်ပါနဲ့။ MNDAA က လားရှိုးပြန်အပ်သလို ပြန်အပ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ညှိပါ။ ဒီလောက်ပဲပြောလို့ရမယ်လေ။

👍146❤26😁1
စစ်ပွဲဆိုတာ မနိုင်ရင် မစသင့်
----------------------------------------
(၁၉-၈-၂၀၂၅)
သုံးနှစ်ကျော် ကြာပြီဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်ဟာ ပြီးဆုံးဖို့နီးကပ်လာပြီလို့ ဆိုကြပါတယ်။ အရပ်ကူပါ လူဝိုင်းပါနဲ့၊ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေပါဝင်စေ့စပ်ပေးနေလို့ ဒီတစ်ခေါက်မှ မပြီးဆုံးရင်လည်း ယူကရိန်းတစ်နိုင်ငံလုံး ရုရှားအပိုင်ဖြစ်တော့မှ ပြီးဖို့ ရှိတော့မယ်။
ဒီစစ်ပွဲဟာ ယူကရိန်းသမ္မတ ဇာလန်စကီးတစ်ယောက် နေတိုးအဖွဲ့ဝင် ဖြစ်ချင်တာကနေ စတယ်။ ကိုယ့်နိုင်ငံ ကိုယ်ဝင်ချင်တဲ့ထဲဝင်တာ ရုရှားက ကျူးကျော်တိုက်ခိုက်စရာလားလို့ ကလေးအတွေးနဲ့ တွေးရင်တော့လည်းရပါတယ်။ ဒါပေမယ့် ကိုယ့်အိမ်နီးချင်းနိုင်ငံတွေထဲ ကမ္ဘာ့အဆင့် အင်အားကြီးနိုင်ငံတွေရှိမယ်ဆိုရင်တော့ စစ်ရေးအခင်းအကျင်းတွေ ဂရုစိုက်ရမှာပေါ့။
ဒီစစ်ပွဲကြောင့် ယူကရိန်းပြည်သူပေါင်း သောင်းနဲ့ချီသေဆုံးခဲ့ရပြီ။ ယူကရိန်းစစ်သားဆိုလည်း သိန်းဂဏန်းနီးပါး ဆုံးရှုံးခဲ့ရပြီ။ စီးပွားရေးထိခိုက်မှုတွေ၊ အဆောက်အဦပျက်စီးမှုတွေကြောင့် ဒေါ်လာ ၆၀၀ ဘီလီယံလောက် ဆုံးရှုံးခဲ့ရပြီ။ အခုနောက်ဆုံး ၁၉ ရာခိုင်နှုန်းသော ယူကရိန်းမြေတောင် နိုင်ငံ့မြေပုံထဲကနေ ပဲ့ထွက်သွားရတော့မယ့်အခြေအနေမျိုးဟာ ယူကရိန်းခေါင်းဆောင်ရဲ့ တယူသန် တဇွတ်ထိုးစိတ်ကြောင့်ဖြစ်ခဲ့ရတာ ငြင်းလို့မရပါဘူး။
ဇာလန်စကီးတစ်ယောက်တည်းကို အပြစ်တင်တယ်ဆိုတာက ကိုယ့်အခြေအနေကိုယ် မသိပဲ မနိုင်မယ့်စစ်ကို သွားဖိတ်ခေါ်ခဲ့လို့ပါ။ နေတိုးအဖွဲ့ဝင်တွေ ဘယ်လောက်ပဲ မြှောက်ပေးနေပါစေ၊ ကာယကံရှင်ကိုယ်တိုင်က ဆုံးဖြတ်ရတာပါ။ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတာ သိသိရက်နဲ့ စစ်နွံထဲ ဆွဲချခဲ့တာ သူ့ကိုအပြစ်မတင်ရင် ဘယ်သူ့ကို အပြစ်တင်မလဲ။
ရုရှားသမ္မတပူတင်ကို အောက်မကျို့ချင်တဲ့ စိတ်ဓာတ်ကို ကြိုက်တဲ့လူရှိရင်ရှိမယ်။ ဒါပေမယ့် အမေရိကန်သမ္မတတို့၊ နေတိုးအဖွဲ့ဝင်တွေ ရှေ့မှာ အောက်ကျို့နေရတာကိုလည်း မြင်အောင်ကြည့်တတ်ရမယ်။ အခုတော့ သူအားကိုးတဲ့ အမေရိကန်ကိုယ်တိုင်က စစ်ပွဲရပ်ပါပြောနေမှ ဇာလန်စကီး ဘာလုပ်လို့ရနိုင်ဦးမလဲ။ အရွဲ့တိုက်လေ ပိုနစ်လေ ဖြစ်မှာကို အားလုံးလည်း သိနေကြတာပဲမဟုတ်လား။
စစ်ပွဲမှာ မတရားတာမရှိဘူးဆိုတဲ့ သဘောတရားကို အမေရိကန်လည်း နားလည်တယ်။ ရရှားလည်း နားလည်တယ်။ ကမ္ဘာကြီးကလည်း နားလည်ပါတယ်။ မနိုင်မယ့် စစ်ကို မစခဲ့သင့်မှန်း ဇာလန်းစကီးပဲ နားမလည်ခဲ့တာပါ။ ဘာပဲပြောပြော ယူကရိန်းနဲ့ ရုရှားမြေပုံတွေ အသစ်ပြန်ထုတ်ရဖို့ နီးကပ်သွားခဲ့ပါပြီ။

👍127❤46🥰3
ရှမ်းတွေမကြိုဆိုတဲ့ ပလောင်နဲ့ ကိုးကန့်
တောင်ကြီးမှာ မနေ့က ကိုးကန့်နဲ့ ပလောင်တွေ အမြန်ဆုံးရှမ်းဒေသတွေကနေ ထွက်သွားဖို့ ဒေသခံရှမ်းလူမျိုးတွေ ဆန္ဒပြကြတယ်။
ဒီဆန္ဒပြပွဲကတော့ နေပြည်တော်မှာ လုပ်တဲ့ ပွဲတွေထက် ပိုပြီး ရိုက်ချက်ပြင်းတယ်ထင်ပါရဲ့။ နေပြည်တော်တို့ ရန်ကုန်တို့မှာလုပ်ရင် စစ်တပ်အားပေးတို့၊ ၅၀၀၀ စားတို့ တံဆိပ်ကပ်ပြီး ဆန္ဒပြပွဲကို လူထုစိတ်ဝင်စားမှုပေါ့သွားအောင်လုပ်ဖို့ လွယ်ပေမယ့်
ဒီတစ်ခေါက်မှာ ဒေသခံရှမ်းတွေဖြစ်နေတော့ တော်လှန်ရေးထောက်ခံသူတွေ မခံချိမခံသာဖြစ်နေကြတယ်။
တကယ်လည်း ရှမ်းတွေက အေးအေးချမ်းချမ်းနေကြတဲ့လူ များတာပါ။ ပဒက်ကင်းစင် ပြုံးပျော်ရွှင်ဆိုတဲ့ စကားဟာ မနှစ်ကလုပ်တဲ့ တောင်ကြီးမီးပုံးပျံပွဲမှာ ရေပန်းစားလာခဲ့တာ။
တောင်ပိုင်းမှာ အေးချမ်းနေပေမယ့် ပလောင်နဲ့ ကိုးကန့်တွေ ဝင်နေတဲ့ ရှမ်းမြောက်ကမြို့ခံတွေအတွက် လူမျိုးတူချင်း စိတ်ပူကြတာ မဆန်းပါဘူး။
အနီတွေများ ရွာထဲ လူ ခုနှစ်ယောက်လောက် ပိတ်စအဖြူကြီးတွေ ကိုင်တာကြတော့ အားရဝမ်းသာလိုက်တာလုပ်နေပြီး ဒီလူအုပ်၊ ဒီဆိုင်းဘုတ်၊ ဒီအလံတွေကျမှ နေ့စားငှားတာတွေရော၊ မလာမနေရ ခိုင်းတာတွေရော စုံနေတာပဲ။

👍125❤26🥰4🙏2😁1
လက်နက်ကိုင်တွေလက်အောက်က မြို့ပျက်များ
------------------------------------
(၂၀-၈-၂၀၂၅)
မနေ့က ဒီးမော့ဆိုကို တပ်ကပြန်နေရာယူပြီးတဲ့ဓာတ်ပုံတွေထဲမှာ တရားရုံးတွေ၊ ဆေးရုံတွေရှေ့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ပြည့်နေတာ စိတ်မကောင်းစရာတွေ့လိုက်ရတယ်။ ဒီးမော့ဆိုမှ မဟုတ်ပါဘူး။ လက်နက်ကိုင်တွေလက်ထဲက ပြန်ရခဲ့တဲ့ မြို့တွေတော်တော်များများဟာ စစ်ဒဏ်ကြောင့် အနည်းနဲ့အများ ပျက်စီးခဲ့ကြရတာချည်းပါပဲ။
စစ်မဖြစ်ပဲ နိုင်ငံရေးနည်းလမ်းနဲ့ ပြန်ရခဲ့တဲ့ လားရှိုးတောင်မှ တောမီးလောင် တောကြောင် လက်ခမောင်းခတ်တဲ့ သူခိုး၊ ကြမ်းပိုးတွေကြောင့် အိမ်ထဲကရှိသမျှ ပစ္စည်းတွေ ခွာယူခံရတယ်။ နောင်ချိုဆိုရင်လည်း ပလောင်တွေ မဆုတ်ခင်မှာ ဆေးရုံဆေးခန်းက ခွဲစိတ်ပစ္စည်းတွေမကျန် ခွာယူတယ်။
လက်နက်ကိုင်တိုင်းကတော့ နိုင်ငံကိုချစ်လို့ အာဏာရှင်လက်အောက်က တိုက်ယူတာပါလို့တော့ ပြောကြတာပဲ။ ဒါပေမယ့် လက်တွေ့မှာ ပါးစပ်ဖျားလေးနဲ့ လူပြိန်းကြိုက်မဲဆွယ်တဲ့ အကြောင်းပြချက်သက်သက်အပြင် မပိုခဲ့ပါဘူး။ တစ်လပဲ ရရ၊ တစ်နှစ်ပဲ ရရ တပ်မရှိတော့တာနဲ့ နိုင်ငံတော့်ပစ္စည်း၊ ပြည်သူ့ပစ္စည်း အားလုံး ရသလောက်ခွာယူဖို့ ၊ သယံဇာတတွေ ရသလောက် ထုတ်ရောင်းဖို့ အစီအစဉ်တွေ စတင်တော့တာပဲ။ ဒါတွေဟာ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှု၊ ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေပါ။
၂၀၂၁ ကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အထိ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့ပေါင်း ၉၅ မြို့လောက်အထိ သိမ်းခဲ့ကြတယ်လို့ တောကြောင် စစ်တမ်းအဖွဲ့တွေဆီကနေ ဂုဏ်ယူဝံ့ကြွားစွာ တင်ခဲ့ကြပေမယ့် ဘယ်မြို့မှာမှ တံတားတစ်စင်းဆောက်လိုက်ပါတယ်၊ ဆေးရုံတစ်ရုံလှူလိုက်ပါတယ်လို့ များ တွေ့ရလို့လဲ။
တည်ဆောက်ရေးလုပ်ငန်း လုံးဝမရှိပဲ အသစ်မဆောက်တဲ့အပြင် ရှိပြီးသား ကျောင်းတို့၊ ဆေးရုံတို့၊ ဘုန်းကြီးကျောင်းတို့အထဲမှာ ခံစစ်ပြင်ထားတာပဲ တွေ့ရတယ်။ တစ်ခြားနေရာ သွားစရာနေရာမရှိလို့ ကျန်ခဲ့တဲ့ မြို့ခံတွေမှာလည်း ကျီးလန့်စာစား၊ သူပုန်တွေနဲ့ အတူရောနေရလို့ ဘယ်အချိန် တပ်က လာတိုက်မလဲဆိုတာ စောင့်နေရတဲ့ဘဝ၊ နောက်ဆုံး တပ်လက်ထဲ ပြန်ရောက်မှ အသက်ဝဝရှုနိုင်ကြရတယ်။
စစ်သားတွေမှာ မြို့တစ်မြို့ပြန်ရပြီးရင် တစ်ခြားမြို့ကို မဆက်နိုင်ဘူး။ မြို့ခံတွေအတွက် ပြုပြင်တည်ထောင်ရေးလုပ်ငန်းတွေ အရင်လုပ်ပေးရသေးတယ်။ ဒါကြောင့် နောင်ချိုပြန်ရတုန်းက အဲ့ဒီလုပ်ငန်းတွေတော့ တပ်တွေကို မခိုင်းပါတော့နဲ့၊ အခုနိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးမှုတစ်ခုအနေနဲ့ ပြည်သူအချင်းချင်းကူညီပေးကြပါ ဆိုပြီး တပ်ထောက်ခံသူတွေ ပြောကြတာဖတ်မိပါရဲ့။
လူသူကင်းမဲ့နေတဲ့ ဒီးမော့ဆိုမြို့ကြီးကိုလည်း လွိုင်ကော်လို ပြန်အသက်ဝင်လာအောင် ဒီစစ်သားတွေကပဲ လုပ်ပေးရဦးမှာပါ။ ဘယ်သူတွေ ဘာပြောပြော လက်နက်ကိုင်တွေ လက်အောက်နေဖူးတဲ့ မြို့ခံတွေကတော့ ထုတ်မပြောရင်တောင် စိတ်ထဲကနေ စစ်သားတွေကို ကျေးဇူးတင်နေကြမှာပါ။ စည်းဘောင်မရှိပဲ နေရတဲ့ မလုံခြုံမှုကို သူတို့အသိဆုံးမို့လို့လေ။

👍137❤40🙏3😁1
ဗီဇမမှန်တဲ့ တော်လှန်ရေး
-----------------------------------------
(၂၁-၈-၂၀၂၅)
မနေ့က “ဝ”အဖွဲ့ဟာ TNLA ၊ SSPP နဲ့ MNDAA တို့ကို ပန်ဆန်းမှာ ခေါပြီး လက်နက်နဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးတော့မှာမဟုတ်ဘူးလို့ တကူးတက ခေါ်ပြောပါတယ်။ အခုမပေးတော့ဘူး၊ အရင်ကတော့ ပေးခဲ့ပါတယ်ဆိုတဲ့သဘောပေါ့။ တပ်ရဲ့ တန်ပြန်ထိုးစစ်တွေကို အလူးအလဲခံလာနေရတဲ့ လက်နက်ကိုင်တွေအနေနဲ့ “ဝ” ရဲ့ ကြေငြာချက်ဟာ ရေနစ်သူကို ဝါးထိုးကူလိုက်တာနဲ့ အတူတူပါပဲ။
၂၀၂၁ တော်လှန်ရေးကြီးဟာ EAO တွေ အတွက် တော်လှန်လိုစိတ်ပြင်းထန်နေတဲ့ PDF တွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအမြတ်ထုတ်ဖို့ အခွင့်အခါကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုပြောရင် တိုင်းရင်းသားတွေကြားထဲ သွေးခွဲပါတယ်လို့ ထပ်ပြီးသမုတ်ကြဦးမယ်။
EAO တွေရဲ့ ရပ်တည်ချက်နဲ့ အကျင့်တွေကို လေ့လာထားရင်တော့ ဒါဟာ သွေးခွဲစကားမဟုတ်မှန်း သိပါလိမ့်မယ် ။ နိုင်ငံတော်အလံခြုံပြီး နှစ်ဖက်တစ်ဖက်ခွနေတဲ့ BGF အမည်ခံအဖွဲ့တွေအပါအဝင် လက်နက်ကိုင်တွေအားလုံးမှာ တူညီတာက တစ်ခုပဲရှိတယ်။ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှုတဲ့လမ်းစဉ်ပါ။
“ဝ”၊ “ကိုးကန့်” နောက်မှာ ဘယ်သူရှိလဲ၊ KIA/ KNU/ AA နောက်မှာ ဘယ်သူရှိလဲဆိုတဲ့ သမိုင်းနောက်ခံတွေအရ ကိုယ့်နိုင်ငံဟာ နောက်ကွယ်က လက်မဲကြီးတွေ ဝင်ရှုပ်ရင် ရှုပ်သလို စစ်ရေး၊ စီးပွားရေး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
လက်မဲကြီးတွေဟာ ကမ္ဘာ့အဆင့်နိုင်ငံတွေဖြစ်တဲ့အားလျှော်စွာ သူတို့နဲ့ ယှဉ်ပြီး မိုက်ပြန်ရင်လည်း ကိုယ့်နိုင်ငံထဲက ကိုယ့်လူမျိုးတွေပဲ ထိခိုက်နစ်နာရမယ်။ ဒီအတွက် သံရေးတမန်ရေး/ နိုင်ငံရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရပါတယ်။
EAO တွေရဲ့လက်နက်စက်ရုံ ဘယ်နားရှိလဲ၊ ဌာနချုပ် ဘယ်နားရှိလဲ၊ လေယာဉ် လေးငါးစီးနဲ့ အုန်းဂျိမ်းအုန်းဂျိမ်းလုပ်လိုက်ရင် ကိစ္စပြတ်မယ့်ကိစ္စကို “ဝ” ကိုကြောက်သလားဆိုတဲ့ နိုင်ငံရေးနားမလည်တဲ့ မေးခွန်းမျိုးတွေလည်း တွေ့ရပါတယ်။ KNU ဌာနချုပ်နေရာကို အမြည်း လုပ်ပြတာ၊ ရှမ်းပြည်အစိုးရအဖွဲ့ “ဝ”နဲ့သွားတွေ့တာ၊ ဒီလိုလက်နက်မထောက်ပံ့တော့ဘူးဆိုတဲ့စကားမျိုးတွေထုတ်ပြောလာတာ တိုက်ဆိုင်မှုလို့ မထင်ပါနဲ့။
ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပူးပေါင်းပါဝင်လာကြတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၁ အရေးအခင်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းလို့ NUG နဲ့ ကိုယ့်နိုင်ငံသားတွေ ထင်ကြပေမယ့် တကယ်တော့ ဘာမှ မဆိုင်ပါဘူး။ ဦးတည်ချက်လည်း မတူဘူး၊ ခံယူချက်လည်း မတူဘူး။ ရည်မှန်းချက်ကိုယ်စီနဲ့ ချော်လဲရောထိုင် ခဏတာ ပူးပေါင်းချင်ယောင်ဆောင်ခဲ့ကြတာပါ။
ရတုန်းလေးမှာ NUG ကို လက်နက်ရောင်းတဲ့သူက ရောင်းတယ်။ စစ်သင်တန်းပေးတာ အကြောင်းပြပြီး စစ်တိုက်ဖို့ PDF အလကားရတဲ့အဖွဲ့က ရတယ်။ ဘယ်လောက်နိုင်နေပါစေ၊ အခါတော်ပေးတွေက ရပ်ဆိုတဲ့အချိန်ကျတော့လည်း ရပ်ရတာပဲမဟုတ်လား။ သန္ဓေမမှန်တဲ့ ရည်မှန်းချက်တွေကြောင့် ဒီတော်လှန်ရေးကြီး မအောင်ဘူးလို့ ပြောတာ မလွန်ပါဘူး။
ဒါတောင် NUG ရဲ့ ဦးဆောင်မှုကြောင့် တိုင်းရင်းသားတွေ တစုတစည်းတည်း ပူးပေါင်းခဲ့ကြတယ်လို့ ထင်နေတုန်းပဲလား။ လွတ်လပ်ရေးပေးပါမယ်၊ တောင်တန်း ပြည်မ အားလုံးသဘောတူတယ်ဆိုတဲ့ လက်မှတ်လေးထိုးဖို့တောင် မလွယ်ခဲ့တဲ့ သမိုင်းကို မေ့လိုက်ကြပြီလား။

❤85👍75🤔1💯1
ဖြည်းဖြည်းနဲ့မှန်မှန်
------------------------------------
(၂၂-၈-၂၀၂၅)
ရွေးကောက်ပွဲ အပိုင်း(၁) အနေနဲ့ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ လုပ်မယ်လို ထုတ်ပြန်ထားပါတယ်။ မြို့နယ် ၃၃၀ မှာ ၁၀၂ မြို့နယ်ဆိုတော့ သုံးပုံတစ်ပုံရှိပြီး အကြမ်းဖျဉ်း အပိုင်း (၃) ပိုင်းလို ခွဲလိုရပြီပေါ့။ ပြည်နယ်နဲ့တိုင်းတွေ အကုန်လုံး မလွတ်အောင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ မြိုတွေကိုပါ အပိုင်း(၁) ထဲ ထည့်သွင်းထားတာတွေ့ရပါတယ်။
ပုံမှန်အတိုင်းဆို လောလောလတ်လတ် နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်ပေါင်း ၂၂၀ ကျော်ကို အပိုင်းလိုက် ရွေးကောက်ပွဲအရင်လုပ်၊ နိုင်တဲ့ ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်အရင်ခေါ်၊ လွှတ်တော်သက်တမ်း(၅) နှစ်အတွင်းမှ ကျန်တဲ့အပိုင်းတွေကို ကြားဖြတ်ရွေးကောက်ပွဲအနေနဲ့ လုပ်လိုရပါတယ်။
ဒါပေမယ့် အပိုင်းတွေအားလုံးကျင်းပပြီးမှ လွှတ်တော်ခေါ်ယူမယ်ဆိုတဲ့ သတင်းအရ ကျန်အပိုင်းတွေကိုလည်း အချိန် မဆိုင်းပဲ ကျင်းပဖို ရည်ရွယ်ထားတယ်လို သုံးသပ်ရပါတယ်။ ကျန်အပိုင်းတွေဆိုတာက အခုလောလောဆယ် တိုင်းရင်းသားလက်နက်ကိုင်တွေ ကြီးစိုးနေတဲ့ မြို့နယ်တွေပေါ့။ ဒါကြောင့်လည်း အချိန်(၃)လ ပေးပြီး ထိုးစစ်တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပါတယ်။
မြို့နယ်ပေါင်း ၃၃၀ လုံး နိုင်ငံတော်အုပ်ချုပ်မှုအောက် ပြန်ရောက်မှ အပိုင်းတွေအားလုံးကျင်းပလိုရမှာဖြစ်လို ဒီသတင်းအမှန်ဆိုရင် တပ်အတွက် ရရှိတဲ့အချိန်တိုအတွင်း တစ်နိုင်ငံလုံး သူပုန်တွေလက်ထဲက မြို့နယ်တွေအားလုံး ပြန်သိမ်းနိုင်မှ ရမယ်။ ထိုးစစ်တွေ အရှိန်ကောင်းနေတယ်ဆိုပေမယ့် ဒီအချိန်အတွင်း အားလုံး အနိုင်ယူနိုင်ပါ့မလားဆိုတဲ့ စိန်ခေါ်မှုကတော့ ရှိနေဆဲဖြစ်ပါတယ်။
တပ်ကလည်း သူ့အလုပ်သူလုပ်နေသလို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကလည်း ပြင်ဆင်စုဖွဲမှုတွေ လုပ်နေကြပြီပေါ့။ အချိန်ဇယားအရ နောက်လ ပထမပတ်မှာ ကိုယ်စားလှယ်အမည်စာရင်းတွေတင်ရမယ်။ ကိုယ်စားလှယ်တွေ စစ်ဆေးအတည်ပြုပြီးချိန် ဆယ်လပိုင်း ပထမအပတ် ကျရင် မဲဆွယ်စည်းရုံးခွင့် စပြီးရမယ်။
အဲ့ဒီအချိန်ကျရင်တော့ ဘယ်ပါတီတွေ ဘယ်ကိစ္စကို အထူးပြုပြီး မဲဆွယ်စည်းရုံးမလဲဆိုတာတော့ စိတ်ဝင်စားမိပါတယ်။ ဧရာဝတီ အောင်ဇော်ကတော့ မန္တလေးက မြို့နယ် (၂) ခုပဲ ပါလိုတဲ့ သူက ပိုပြီး စိတ်ပူပြနေတယ်။ စိတ်မပူပါနဲ့ မြို့နယ် (၃၃၀) စလုံး လုပ်ပေးပါလိမ့်မယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်သွားနေတာဖြစ်လို ဘယ်အဖွဲတွေ ဘယ်လောက်ပဲ ဖျက်နေပါစေ၊ အောင်မြင်မယ်ဆိုတာ ယုံကြည်ထားပါတယ်။

👍120❤26😁1
Free Burma Rangers ဆိုတာ
---------------------
(၂၃-၈-၂၀၂၅)
ဒီရက်ပိုင်း လွန်ခဲ့တဲ့ ၆ လပိုင်း/၇ လပိုင်းတုန်းက ဖြစ်ခဲ့တဲ့ ဖားဆောင်းတိုက်ပွဲတွေမှာ Free Burma Rangers တွေ အလောင်းတက်ဆွဲရင်း ဆေးမှူးတစ်ယောက် လေယာဉ်ဗုံးထိတဲ့ ရုပ်သံ ပြန်ဖြန့်နေကြတယ်။ ကယားပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့တွေ တော်တော်ထကြွနိုင်တယ်ဆိုတာကလည်း အခုလို အမေရိကန်ရဲ့ လက်ပွား NGO အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းတွေကြောင့်ပဲဖြစ်တယ်။
Free Burma Ranger ကိုတည်ထောင်တဲ့ ဒေးဗ့်အူဘန့်ဆိုတာ အမေရိကန်အထူးအေးဂျင့် စစ်သားဟောင်းတစ်ယောက်ပါ။ ခရစ်ယာန်ဘာသာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံကို ၁၉၉၀ ပတ်ဝန်းကျင်လောက်ကတည်းက ခွေးတိုးပေါက်က ရောက်နေတဲ့ သင်းအုပ်ဆရာအယောင်ဆောင်တစ်ယောက်။ ၁၉၉၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ၁၉၉၇ ခုနှစ်ကျမှ စစ်ဘေးရှောင်အဖွဲ့တွေကို ကူညီဖို့ဆိုပြီး FBR ကို ဖွဲ့စည်းခဲ့တယ်။ သေချာတာက ၁၉၈၈ အရေးအခင်းတွေ၊ ၁၉၉၀ ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံထဲ စေလွှတ်ထားတဲ့ ဆဲလ်တစ်လုံးဖြစ်ဖို့များတယ်။
လုပ်ငန်းစကတည်းက သူနာပြုလုပ်ငန်းကို ဗန်းပြပြီး ကရင်နဲ့ ကယားနယ်စပ်က လက်နက်ကိုင်တွေကို စစ်သင်တန်းတွေပေးတယ်။ လက်နက် အရောင်းအဝယ် ချိတ်ဆက်မှုတွေ ပေးတယ်။ သူပုန် ကျောထောက်နောက်ခံလုပ်နေခဲ့တာ ဆယ်စုနှစ် နှစ်ခု မကတော့ဘူး။
အမေရိကန်အထူးအေးဂျင့်ဟောင်းပီပီပါပဲ။ FBR ရဲ့ ဗျူဟာတွေဟာ မီဒီယာကို ဘယ်လိုအသုံးချရမလဲ၊ ဒေသခံပြည်သူတွေကို ဘယ်လို ထိန်းချုပ်ကာဗာ ယူရမလဲ၊ လူထုမေတ္တာကို ဘယ်လိုခံယူရမလဲဆိုတာ ကောင်းကောင်း နားလည်ပြီး အသုံးချခဲ့တာကို တွေ့ရပါတယ်။
FBR ရဲ့ ဗျူဟာက ပညာပေးသလိုလိုနဲ့ လူထုနဲ့ ရောယှက်နေတယ်၊ တိုက်ပွဲဖြစ်လာတဲ့အချိန် လူထုကို အကာအကွယ်လုပ်တယ်၊ ပြည်သူတွေ ထိခိုက်သွားပြီဆိုရင် အစိုးရကို အပုတ်ချဖို့ သတင်းဓာတ်ပုံတွေရသလို ဆေးကုပေးသလိုလိုနဲ့ ကိုယ့်အဖွဲ့ရဲ့ ပုံရိပ်ကို မြှင့်တင်တယ်။
ဒီ ၂၀၂၁ ကြီးစကတည်းက ၃ လလောက်နဲ့ ကယားပြည်က တိုက်ပွဲတွေ ဖော်ခဲ့တာ၊ FBR ရဲ့ နိုင်ငံခြားသားတွေ ပေါ်ပေါ်ထင်ထင် တိုက်ပွဲထဲလိုက်ခဲ့ကြတာတွေကိုကြည့်ရင် ဒါတွေဟာ ၂၀၂၁ မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှ ရမယ်ဆိုတာ သိသာလာတယ်။ ၂၀၁၀ ကနေ ၂၀၂၀ အတွင်း မြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့ အဆင်ပြေနေတော့ အီရတ်တို့ ဆီရီးယားတို့ ဆူဒန်တို့မှာ သွားပြီးအဖွဲ့ခွဲတွေထောင်ခဲ့တယ်။ ဒီကြားထဲမှာလည်း ကရင်ပြည်နယ်နဲ့ကယားပြည်နယ်ဘက်မှာ တစိုက်မတ်မတ် လှုပ်ရှားအခြေပြုနေခဲ့လို့ စစ်တပ်ကတောင် ၂၀၁၉ မှာ လူသိရှင်ကြား ထုတ်ပြောခဲ့ရဖူးတယ်။
နိုင်ငံခြားသားတွေက ပြည်တွင်းရေးမှာ ဝင်စွက်ဖက်နေတာကို တော်လှန်ရေးအတွက် ဝင်ကူညီတယ်လို့ပဲ မမြင်ပါနဲ့၊ တော်လှန်ရေး မဖြစ်ဖြစ်အောင် လုပ်နေတဲ့ နောက်ကွယ်က ဦးတည်ချက်တွေကိုလည်း မြင်နိုင်ရပါမယ်။ ဒါ့အပြင် ၂၀၁၅ အစိုးရအဖွဲ့မှာ နိုင်ငံခြားသား အကြံပေး အယောက် ၇၀ ကျော်ရှိတာ၊ မြန်မာတစ်နိုင်ငံလုံးရဲ့ ရွေးကောက်ပွဲ ကိုယ်ရေးအချက်အလက်တွေ အမေရိကန်ကို ရောက်သွားတာတွေပါ ပေါင်းစပ်လိုက်ရင် မြန်မာကို ခေတ်သစ်ကိုလိုနီလုပ်ဖို့အထိ ဆွဲထားတဲ့ အာဂျင်တာဖြစ်ဖို့ များပါတယ်။
မြန်မာနိုင်ငံက တော်လှန်ရေးအဖွဲ့တွေအားလုံး လူကုန်သွားရင်တောင် အခုလို NGO အမည်ခံ အကြမ်းဖက်အဖွဲ့တွေက မြန်မာ့နယ်စပ်တွေပေါ်မှာ မပျောက်မပျက် ကျန်ခဲ့ကြဦးမှာပဲ။ နောက်ထပ်လည်း ဘယ်အစိုးရတက်လာတက်လာ တော်လှန်ချင်တဲ့အဖွဲ့တွေကို မွေးမြူပေးနေဦးမှာပါ။ ကိုယ့်လူမျိုးတွေ သတိမထားမိသရွေ့ပေါ့။

👍162❤35🥰4😁2
သမိုင်းဝင်အမွေအနှစ်တစ်ခုကို ဖျက်စီးပြီးတာတောင် အပြစ်ကာပေးနေသေးတဲ့ သူပုန်မီဒီယာများကို စိတ်ပျက်မိရုံမှတစ်ပါး စကားလုံးမရှိတော့ပါ
ဝီကီပီဒီယားလို ဝဘ်ဆိုက်တွေမှာ လက်ဦးမှုယူ စစ်တပ်ကလုပ်သယောင် မုသာဝါဒတွေ ဖြန့်နေတာ မရှက်ကြဘူးလားလည်းမသိ။
တစ်သက်နဲ့တစ်ကိုယ် စစ်တပ်ကတံတားချိုးတာ တစ်ခါမှမကြားဖူးသလို သူပုန်အဆက်ဆက်ပဲ ချိုးလာကြတာ။ ဒီတံတားကြီးကတော့ ပလောင်တွေ လွန်သွားပါပြီ။
နိုင်ငံ့အမွေအနှစ်တစ်ခုကို ဖျက်ဆီးလိုက်လို့ တပ်က ခဏတစ်ဖြုတ် တိုက်စစ်ကြန့်ကြာခဲ့ရင်လည်း ရောက်အောင်လာမှာပဲဆိုတာသိထားပါ။ အဲ့အချိန်ကျ တပ်နဲ့ညှိနှိုင်းခွင့်ရပါစေလို့သာ ဆုတောင်းပေတော့ပဲ။ အခွင့်တောင် ရဖို့မသေချာတော့ပါ။

👍109💯9❤7🔥3🤬2