HtayOung(OungMarine)
10.2K subscribers
3.28K photos
142 videos
925 links
Download Telegram
(မေ-၂၉၊ ၂၀၂၅) ကျွန်တော့်ရဲ့ အောက်ပါ TikTok post ဟာ လွှင့်တင်ထားတာ ၃ နာရီ ကျော်ပါပြီ

မိတ်ဆွေများ မြင်ကြရလား ဗျာ
.
#HtayOung #OungMarine
.
.
https://vt.tiktok.com/ZSkJKATVY/
(မေ-၃၀၊ ၂၀၂၅)

NUG, CRPH ဟာ NLD ရဲ့ မူဝါဒနဲ့ မကိုက်ညီကြောင်း (NLD နဲ့ မပတ်သက်တဲ့သဘော) လွန်ခဲ့တဲ့ရက် မဲဆောက် NLD တွေ့ဆုံပွဲမှာ NLD CEC ဦးဟန်သာမြင့်က ပြောလိုက်တော့ ကျွန်တော်အလွန်အံ့ဩမိတယ်

ဒီလိုဆို အာဏာသိမ်းမှုကို တစ်တိုင်းပြည်လုံး အုံကြွဆန့်ကျင်ကြရန် ထိန်းသိမ်းမခံရမီ ဒေါ်စုက ‌စာရေးသားပေးခဲ့ပါတယ်လို့

အခြား CEC တစ်ဦးဖြစ်သူ ဦးဝင်းထိန်ရဲ့ ကျိန်တွယ်ပြောဆိုမှုဟာ မုသာဝါဒတွေလို့ ဆိုလိုရာရောက်နေလို့ပါ

ရှမ်းမြောက် မြို့အတော်များများကို TNLA, MNDAA က သိမ်းပိုက်ထားပါတယ်
အရှေ့ဘက်နယ်စပ်မှာ ထိုင်းနိုင်ငံနဲ့ UWSA တို့အကြား စစ်သံပေးနေပြီး
ကချင်ပြည်နယ် မြို့အချို့ကို သိမ်းယူထားတဲ့ KIA က ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်ကို တိုက်ခိုက်နေပါတယ်

AA က ခွဲထွက်ဖို့ မြို့သိမ်း စခန်းသိမ်း တိုက်ပွဲများ ဖော်ဆောင်နေပြီး
ငပွကြီး အားကိုးနဲ့ အနောက်ဖက် အိမ်နီးချင်း မာမူတို့နဲ့ ဆက်ဆံရေးတင်းမာမှု အမြင့်ဆုံး ရောက်ရှိနေချိန်

ကျွန်တော်တို့ ပြည်တွင်းမှာ စည်းလုံးညီညွတ်မှု ပြိုကွဲနေပါတယ်

ကျွန်တော်တို့ ရင်ဆိုင်ရမှာက သူတို့ပါတီအာဏာရမှ ဓမ္မဖြစ်တယ်၊
သူတို့ကို ထောက်ခံသူ လုပ်သမျှ အကုန်လုံးမှန်တယ်လို့ ခေါင်းမာမာနဲ့ ရပ်တည်နေသူ
ဘာမဆိုလုပ်ရဲသူ ပြည်တွင်းနေ လူ ၁ဝ သန်းခန့်ပါ
.
တော်လှန်ရေး ထောက်ခံ ဘယ်မီဒီယာမှ မဖော်ပြရဲတဲ့ သတင်းကို THN Freelance Journalist ရဲ့YouTube မှ ကူးယူဖော်ပြလိုက်ပါတယ်။
.
.
#HtayOung #OungMarine


https://www.youtube.com/watch?v=0qs8QaLdQ8U
(မေ-၃၀, ၂၀၂၅) အရှက်မရှိ သိက္ခာလဲ မရှိတဲ့ လူပါလား

ဧရာဝတီနဲ့ပတ်သက်လို့ သူ့ဝေါ်ပေါ်
သူ့ရုပ်ကြီးနဲ့ သူကိုယ်တိုင် လချီ
အမှားတွေပြောပြီးတော့

အကောင့်တုလို့ ရောချနေတယ်

ဘယ်သူမဆို မှားတတ်/ မှားနိုင်ပါတယ်၊ မှားသွားလျင်ဝန်ခံခြင်းက လူကြီးလူကောင်းအလုပ်ပါ

ကျွန်တော်လဲ မှားဖူးတယ်၊ ဒါပေမယ့် မှားသွားကြောင်း ဝန်ခံခဲ့တယ်

အတော်များများကို Downloaded ဆွဲထားလို့

နောက်တကြိမ် အခွက်ပြောင်ရင်တော့ ဒဲ့ဖွင့်ချရလိမ့်မယ်

အဲ့ဒီလို တာဝန်ယူ တာဝန်ခံမှုမရှိပဲ အမျိုးသားရေး Speaker နာမည်ခံချင်တာ အလွန် ရွံစရာကောင်းတယ်
.
#HtayOung #OungMarine
(မေ-၃၁၊ ၂၀၂၅) ဆူးကြားက ဗူးခါးဖြစ်လာတဲ့ မြန်မာပြည်
===
အမေရိကန်က ၂၀၂၂-ခုနှစ် NDAA , Burma Act အရ NUG, PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တို့ကို ထောက်ပံ့ပေးနေပါတယ်။ လူသေဆုံးစေခြင်း မရှိတဲ့ပစ္စည်းများ၊ သံတမန်ရေးရာ အကူအညီ၊ သတင်းအချက်အလက်နဲ့ ဘဏ္ဍာရေးဆိုင်ရာအကူအညီများ ပေးအပ်ခြင်းဖြစ်တယ်ဆိုပေမယ့် ဒီကိစ္စဟာ စစ်ရေးဖော်ဆောင်မှုကို အလွယ်တကူပြောင်းလဲနိုင်ကြောင်း စစ်ရေး-နိုင်ငံရေးလေ့လာသူများက ဝေဖန်ကြပါတယ်။

အမေရိကန်ရဲ့ အကူအညီနဲ့ NUG, PDFs, EAOs တို့က မြန်မာပြည်အတွင်း မြို့သိမ်းရွာသိမ်း တိုက်ပွဲများ တိုးချဲ့ ဖော်ဆောင်လာတဲ့အခါ မြန်မာစစ်တပ်က ပြင်းထန်စွာ နှိမ်နင်းလိမ့်မယ်ဆိုခြင်းကို အမေရိကန်ကိုယ်တိုင် ကြိုတင် မသိပဲ ဘယ်လိုမှ မဖြစ်နိုင်ပါ၊ လောလောဆယ် SAC အနေနဲ့လည်း တရုတ် ရုရှားဘက်ကို ပိုမိုတိမ်းညွတ်အောင် တွန်းပို့သလိုဖြစ်သွားပါတယ်။

အဲ့ဒီတော့ မြန်မာပြည်တွင်းပဋိပက္ခဟာ စစ်အာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စည်းဘောင်မှ ကျော်လွန်ပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများရဲ့ ပြိုင်ဆိုင်မှုအဖြစ်ပြောင်းလဲသွားပါတယ်။ ပထဝီနိုင်ငံရေးဟာဗျူဟာမြောက် မြန်မာနိုင်ငံမှာ ဆီးရီးယား လစ်ဗျားလိုဖြစ်ပြီး ရုရှား တရုတ်တို့ ခြေကုတ်မယူနိုင်အောင် အမေရိကန်က ပဋိပက္ခများ အရှိန်မြှင့်တင်ရာ ရောက်ရှိသွားပါတယ်။

လွန်ခဲ့ရက် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ သူတို့သံတမန်များကို အမြန်ဆုံး ပြန်လာရန် ခေါ်ယူကြောင်း၊ ဒါကာက ပြန်ခေါ်ခြင်း မဟုတ် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ကို “ Persona Non Grate ” (ကြိုဆိုလက်ခံရန် မထိုက်တန်သောသူ) အဖြစ် နေပြည်တော်က သတ်မှတ်ခြင်းကြောင့်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးမှာ မြန်မာသံအမတ်ကို အလားတူ နှင်ထုတ်ခြင်းဖြင့် တုန့်ပြန်နိုင်ပေမယ့် ဒါကာဘက်မှာ ငြိမ်ချက်သား ကောင်းနေပြီး ပြန်သွားရတဲ့ သံမှူးများနေရာမှာ အစားထိုးခန့်အပ်ကြောင်းလည်း သတင်း မတွေ့ရှိရပါ။
.
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး ခါလီလူရ် ရာမန်ရဲ့ AA နဲ့ ပတ်သက်ပြီး မြန်မာ့ အရေးပြောဆိုမှုများဟာ ရေမြေတစ်ဆက်တည်းရှိနေပြီး ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတို့အကြား အတော်ရင့်သီးတယ်လို့ ယူဆစရာ ရှိပါတယ်။ ကုလသမဂ္ဂအဆိုပြူချက်လို့ ပြောဆိုပြီး “ရခိုင်ပြည်နယ် လူသားချင်း စာနာမှုစင်္ကြံ” ဖော်ဆောင်မယ့် ကိစ္စမှာ ကျောထောက်နောက်ခံပြုမယ့် အမေရိကန်ဟာ ရခိုင်သူပုန် AA ကို လက်နက်ခဲယမ်း ထောက်ပံ့ဖွယ်ရှိတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာလည်း စစ်တပ်၊ အတိုက်အခံ BNP ပါတီအပါအဝင် အခြားနိုင်ငံရေးပါတီ- အဖွဲ့အစည်းများ၊ စစ်တကောင်း-ကော့ခ်ဘဇား-တက္ကနဖ်ဒေသခံများ၊ အဲ့ဒီဘက်ရောက် ဒုက္ခသည်ဘင်္ဂါလီများကလည်း ဆန့်ကျင်နေကြပါတယ်။ ဒါပေမယ့် လွန်ခဲ့ဲ့တဲ့ ရက်သတ္တပတ် North East News ရဲ့ အဆိုအရ အမေရိကန်ရဲ့ အကူအညီတွေဟာ ရခိုင်ပြည်နယ်အတွင်း စတင်ဝင်ရောက် သို့မဟုတ် ဝင်ရောက်ရန် အသင့်ရှိနေတယ်လို့ မှန်းဆရပါတယ်။
.
မြန်မာ့ပြည်တွင်းရေးမှာ ထိပါးစွက်ဖက်ရာ ရောက်ရှိတဲ့အတွက် နှစ်နိုင်ငံသံတမန်ရေး ပျက်ပြားရတာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရခေါင်းဆောင် ယူနွတ်လို နိုဗဲလ်ဆုရှင်တစ်ဦးတည်း မဟုတ်ပါဘူး၊ အရှေ့တီမောနိုင်ငံ လက်ရှိသမ္မတ ဂျိုဆေ ရာမို့စ်ဟော်တာလည်း ရှိပါသေးတယ်။ သူဟာ SAC ကို ဝေဖန်ပြီး NUG ကို ဗြောင်ကျကျ ထောက်ခံခြင်းကြောင့် အရှေ့တီမောသံတမန်များကို နေပြည်တော်က နှင်ထုတ်ခဲ့ကြောင်း ၂၀၂၄-ခုနှစ်မှာ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

ရာမို့စ်ဟော်တာဟာ SAC အာဏာအပြောင်းအလဲဖြစ်မှ မြန်မာနိုင်ငံအပေါ် ဝေဖန်သူ မဟုတ်ပါဘူး၊ အရှေ့တီမော လွတ်လပ်ရေးးမရမီ ပြည်ပြေးနိုင်ငံရေးသမားဘဝကတည်းက မြန်မာလက်နက်ကိုင်သူပုန်များကို အိန္ဒိယနယ်စပ်မှာ သင်တန်းပေး ပို့ချခဲ့သူဖြစ်ကြောင်း သူကိုယ်တိုင်ဟောပြောတဲ့ မိန့်ခွန်းများမှာ ပါဝင်နေပါတယ်။ ၁၉၇၅-ခုနှစ် အရှေ့တီမောမှာ အင်ဒိုနီးရှားစစ်တပ်က ပြည်နှင်ဒဏ်ပေးခြင်းခံရတဲ့ ရာမို့စ်ဟော်တာဟာ ဘင်္ဂလားဒေ့ရှ် ယူနွတ်လိုပဲ အမေရိကန်တက္ကသိုလ်ထွက်ဖြစ်ပါတယ်။ နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ ရာမို့စ်ဟော်တာဟာ အိတ်ထဲမှာ ၂၅-ဒေါ်လာသာ ပါရှိပြီး ဘဝတစ်လျောက်လုံး နိုင်ငံရေးနဲ့ အသက်မွေးသူ ဖြစ်ပါတယ်။

မော်စီတုန်း-ဟိုချီမင်း-ကက်စ်ထရိုတို့လို တော်လှန်ရေးတစ်ရပ်မှာ မြေပြင်ကာယကံမြောက်လက်နက်ကိုင် လှုပ်ရှားခဲ့သူ မဟုတ်ပဲ အဝေးရောက် ပြည်ပြေးနိုင်ငံရေးသမားဘဝမှ တိုင်းပြည်ခေါင်းဆောင်အဖြစ် ရောက်ရှိလာသူဖြစ်ပါတယ်။ ဟန်ဂေရီ-ဂျူးနွယ်ဖွား အမေရိကန် ဘီလီယံနာကြီး ဂျော့ဆိုရော့စ်ရဲ့ OSF၊ အမေရိကန် USAID တို့နဲ့ ဆက်စပ်ခဲ့သူဖြစ်ပါတယ်။ ကုလသမဂ္ဂက ထောက်ခံတဲ့ လှုပ်ရှားမှုများမှာ ပါဝင်ခဲ့ဖူးပြီး ဒီအတွက် လူမှုရေးဆိုင်ရာ ဆုတံဆိပ်များအပြင် ယူနွတ်လိုပဲ နိုဗဲလ်ဆုရှင်တစ်ယောက်ဖြစ်ပါတယ်။ ယူနွတ်ထက် သာတာဆိုလို အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က ဂျိုဆေရာမို့စ်ဟော်တာကို Persona Non Grate အဖြစ်ကြေညာ ခံထားရခြင်းပဲ ဖြစ်ပါလိမ့်မယ်။
အမေရိကန်ဟာ ပြိုင်ဘက်ကင်း ကမ္ဘာ့နံပတ်တစ်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ ပိုမိုထင်ရှားလာပါတယ်။ အမေရိကန်သာ တကယ်လုပ်ရင် (မအောင်မြင်ရင်သာ ရှိရမယ်) ဘယ်နိုင်ငံမှ မခံနိုင်ကြောင်း သိသာပါတယ်။ ဝါရှင်တန်က မြန်မာပြည်ကြီးကို ငြိမ်းချမ်းစေလိုတဲ့ ဆန္ဒအမှန်ရှိခဲ့ရင် ဆန့်ကျင်ရေး လက်နက်ကိုင်တွေ သက်ဆိုးရှည်အောင် ထောက်ပံ့နေမယ့်အစား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကိုယ်တိုင်ဦးဆောင်ရန် ဘာမှ မခဲယဉ်းကြောင်း လူတိုင်း အလွယ်တကူ သိရှိနိုင်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း ဝါရှင်တန်ကျေးဇူးနဲ့ မြန်မာပဋိပက္ခဟာ အရှိန်မြင့်လာတဲ့အတွက် အမှန်တကယ် ဒုက္ခရောက်နေရသူများမှာ မြန်မာနိုင်ငံအတွင်းနေထိုင်သူ လူ့အဖွဲ့အစည်းဝင်များသာဖြစ်ပါတယ်။
.
#HtayOung #OungMarine
===
(ဇွန်-၁၊ ၂၀၂၅) ပြီးခဲ့တဲ့ စက်တင်ဘာ ရေကြီးရေလျှံမှုမှာ မြန်မာပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းရှမ်းပြည်အနောက်ခြမ်းမှာ မြေပြိုမှုကြောင့် ကျေးရွာ အချို့ပျောက်ကွယ်သွားကြောင်း သိရပါတယ်

PDF တို့ထိန်းချုပ်ထားတဲ့နယ်မြေများမှာ ကာလရှည် သစ်ခိုးထုတ်ခြင်းကြောင့် ရေစီး မထိန်းသိမ်းနိုင်ခြင်း၊ သတ္တုခိုးတူးကြရာမှ ထွက်လာတဲ့ မြေစာပုံများ ရေနူးပြိုကျပြီး ရေစီးနဲ့အတူ မျောပါလာခြင်းကြောင့်လို့ ဆိုပါတယ်၊ ငလျင်ကြီးကြောင့် မပါသေးပဲ သစ်ခိုးထုတ်ခံရခြင်းနဲ့ အဲ့ဒီရေလျံမှုကြောင့် နိုင်ငံတော်မှာ ကျပ်ငွေ ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး ဖြစ်ပါလိမ့်မယ်။

လွန်ခဲ့ဲ့နှစ် သောင်းကျန်းသူများလက်တွင်း အထက်မြန်မာပြည် သစ်ထုတ်လုပ်ရေးစခန်းများ ကျဆုံးခဲ့ရာ နိုင်ငံပိုင် သစ်ဆွဲဆင် ၁၃၈ ကောင် ရောင်းစားခံခဲ့ရပါတယ်။ အလောင်းတော်ကဿဖက အနယ်နယ်အရပ်ရပ် အများပြည်သူ အလှူငွေများ လုယက်ခံရတဲ့အပြင် နေပြောက်မထိုးဘူးဆိုတဲ့ မဟာမြိုင်သစ်တောကြိုးဝိုင်းကြီးလဲ ပြောင်တေးရှင်း ဖြစ်သွားပါပြီ၊ ပြန်လည်ထူထောင်ဖို့ ရာစုနှစ်မျှ အချိန်ယူရပါလိမ့်မယ်။

လွန်ခဲ့တဲ့ မတ်လ မန္တလေးငလျင်ကြီးကြောင့် ဘာသာရေးဆိုင်ရာနဲ့ ရှေးဟောင်းအဆောက်အအုံများ၊ စေတီပုထိုးများ၊ စာသင်ကျောင်း၊ ဆေးရုံ-ဆေးပေးခန်းများသာမက ပုဂ္ဂလိကပိုင် နေအိမ်အဆောက်အအုံပေါင်းများစွာ ပြိုကျ ပျက်စီးခဲ့ရတယ်။

ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ကျပ်ငွေ ၃၈၀၄.၅၄၉ ဘီလီယံ ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ကြီးကြောင့် ဧရာဝတီမြစ် ရေစီးရေလာ ပြောင်းလဲသွားနိုင်ကြောင်း သတင်းတွေ တွေ့ရပါတယ်။

ကျွန်တော်တစ်ဦးတည်း သဘောကတော့ မြစ်ဆုံဆည်ကို အမြန်အကောင်အထည် ဖော်စေချင်ပါတယ်။ နှစ်စဉ် ဧရာဝတီမြစ်ရေလျှံတက်ခြင်းကို အထိုက်အလျောက် ကာကွယ်နိုင်မယ့်အပြင် မြစ်ကြောင်း ထိန်းသိမ်းခြင်း၊ တစ်နှစ်ပတ်လုံး ရေကြောင်းသွားလာ ရောင်းဝယ်ဖောက်ကားနိုင်ပါလိမ့်မယ်

မိတ်ဆွေ ပညာရှင်တစ်ဦးက ပြောပါတယ်။
"ငလျင်ဟာ လူ မTတ်ပါ၊ လူတွေ ဆောက်တဲ့ အဆောက်အအုံတွေ ပြိုကျလို့သာ လူသေဆုံးရတာ၊ မြန်မာ့သမိုင်းမှာ ငလျင်လှုပ်ပြီး အဆောက်အအုံ ပိသေတဲ့ ရှင်ဘုရင် တစ်ယောက်မှ မရှိခဲ့ပါ၊ ငလျင်နေ့စဉ် လှုပ်နေတဲ့ ဂျပန်နဲ့ အမေရိကန် ကယ်လီဖိုးနီးယားမှာ သူတို့တွေ ဘာတွေကို ဘယ်လို ဆောက်နေတယ်ဆိုတာ အတုယူဖို့ပါ " တဲ့
.
အလွန် မှတ်သားထိုက်တဲ့ အဆိုစကားပါ
.
ကျွန်တော်တို့နိုင်ငံမှာ အခြားတိုင်းပြည်အချို့နည်းတူ ကူးစက်ကပ်ရောဂါ-စစ်ဘေး-သဘာဝဘေးဒဏ်များ သင့်နေပါတယ်။

လူ့အဖွဲ့အစည်းဝင် ဘာသာလူမျိုး အဆင့်အတန်း အသက်အရွယ်မရွေး စည်းလုံး ညီညွတ်စွာ မိမိတို့ တတ်နိုင်ရာကဏ္ဍမှ အပြုသဘော ပါဝင်ကူညီခြင်းဖြင့်သာ ပြန်လည်ထူထောင်ရေး မြန်ဆန်နိုင်ပါလိမ့်မယ်
.
.
#HtayOung #OungMarine
This media is not supported in your browser
VIEW IN TELEGRAM
(ဇွန်-၂၅၊ ၂ဝ၂၅) ဒီ အာဝုလေးဟာ လမ်းဘေးခွေးလေးပါ၊

အစာကျွေးနေကျ အိမ်ကိုလာရင် သစ်ရွက်၊ ပလပ်စတစ်စ၊ ဗူးခွံတစ်ခုခု အမြဲ ယူလာပေးတယ်

အိမ်ခွေးဆိုတာ ဝံပုလွေလို တောခွေးတွေက ဆင်းသက်လာတာပါ၊ ဒါပေမယ့် သ‌န္ဓေချင်း မတူပါ

သူတို့ရဲ့ စိတ်နေသဘောထားကပဲ သူတို့ကို လူတွေအနား အရောက်ပို့ပေးခဲ့တယ်

ဝံပုလွေတွေကတော့ ဒီနေ့ထိ တောထဲက မထွက်နိုင်သေးပါ

မျိုးရိုးစဉ်ဆက် နှစ်ပေါင်းကြာလာတဲ့အခါ သူတို့ရဲ့ အမွေးအရောင်‌အသွေးကလည်း ပြောင်းလဲလာတယ်

ဘဝဆိုတာ စိတ်ထားနဲ့ ထိုက်တန်သလိုဖြစ်လာကြောင်း အကောင်းဆုံး သက်သေပါ

မူရင်းဗွီဒီယိုပိုင်ရှင်ကို Credit ပေးပါတယ်
.
#HtayOung #OungMarine
(ဇွန်-၂၊ ၂၀၂၅) ဘင်္ဂလားဒေ့ရှ်သည် စစ်အင်အားကြီးနိုင်ငံများ၏ လက်နက်ပြိုင်ဆိုင်မှု ကစားကွင်းဖြစ်လာ၊ AA ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ
===
မိုဟာမက်ယူနွတ်အစိုးရရနဲ့ တူရကီတို့ဟာ (ဘင်္ဂလားဒေ့ရှ်နိုင်ငံ့အရှေ့တောင်ဘက်) စစ်တကောင်းခရိုင်နဲ့ (နိုင်ငံအလယ်ပိုင်း) နာရာယန်ဂမ့်ဂျ်ခရိုင်တို့မှာ ပူးတွဲကာကွယ်ရေး စက်ရုံများ တည်ဆောက်ရန် အသည်းအ သန် ပြင်ဆင်နေပါတယ်၊ ကာကွယ်ရေး စက်မှုလုပ်ငန်းအဖွဲ့လို့ ခေါ်ဆိုတဲ့ အထူးအဖွဲ့တစ်ဖွဲ့က အဲ့ဒီ စီမံကိန်း အပြင် အနာဂတ် စစ်ဘက်ဆိုင်ရာပရောဂျက်များကိုလည်း စီမံကိုင်တွယ်ရန်အစီအစဉ်ရှိကြောင်း သိရှိရတယ်လို့ “နော့သ်အိစ်နယူး” (30 May 2025) က ရေးသားပါတယ်။

ဘင်္ဂလားဒေ့ရှ် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ BIDA အကြီးအကဲဖြစ်သူ ချောင်ဒရီ ဟာရန်းရဲ့ မကြာ သေးမီ တူရကီသို့ သွားရောက်ခဲ့ခြင်းက နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေခဲ့ပါတယ်။ ခရီးစဉ်အတွင်း BIDA အကြီးအကဲအအနေနဲ့ တူရကီအစိုးရပိုင် အမြောက်နဲ့ လက်နက်ငယ်မျိုးစုံ ထုတ်လုပ်ရာ MKE စက်မှုနယ်မြေကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အကြီးအကဲနဲ့ အဖွဲ တို့ကို စစ်လက်နက်စက်ရုံများနဲ့ စမ်းသပ်ဧရိယာများအတွင်းအထိ တူရကီအစိုးရက မကြုံစဖူး ဝင်ရောက် ခွင့် ပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ဟောင်ဝစ်ဇာများ၊ ဒုံးပျံစနစ်များနဲ့ (နာမည်ကျော်) “ဘေယက်တာ” ဒရုန်း တို့ လို တူရကီလက်နက်များကို ဝယ်ယူထားပြီးဖြစ်ပါတယ်။ တူရကီမှ အပေါ့စား တင့်ကားများကိုလည်း ဝယ်ယူဖို့ ရှိနေပါတယ်။

အနာဂတ် ပူးတွဲတည်ဆောက်မယ့် စီမံကိန်းတွေဟာ ၂၀၁၀-ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးဇုန်များဆိုင်ရာ အက်ဥပဒေအရ ရင်းနှီးမြှုပ်နှံသူများအနေနဲ့ အခွန်လျှော့ချခြင်းနဲ့ အခြားအကျိုးခံစားခွင့်များရရှိပါလိမ့်မယ်။ ဒီအတွက် စစ်တကောင်းနဲ့ နာရာယန်ဂမ့်ဂျ်တို့မှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနဲ့၊ စစ်ဘက်ဆိုင်ရာ အထူးစက်မှုဇုန်များ တည်ဆောက်ရန်အခြေအနေတို့ကို BIDA က ရှေ့ပြေး စမ်းသပ်မှုများ ပြုလုပ်နေပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ စက်ရုံနေရာများကို စစ်ဆေးရန် တူရကီက အဖွဲ့များကို စေလွှတ်မှာဖြစ်ပြီး နှစ်နိုင်ငံ တရားဝင်သ ဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးရန်၊ အနာဂတ်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတို့ကို စီမံခန့်ခွဲ ရန်အတွက် အမြဲတမ်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်လျက်ရှိတယ်လို့ သတင်းမှာဆက်လက်ဖော်ပြပါတယ်။

လွန်ခဲ့တဲ့နှစ် သြဂုတ်လဆန်းပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတ်ဟာစီနာ ပြည်ပထွက်ခွာသွားရပြီး ရက်ပိုင်းအတွင်း မိုဟာမက်ယူနွတ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရတက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အဝါမီလိပါတီဆန့်ကျင်တဲ့ စုရုံးမှုများ၊ အကြမ်းဖက်မှုများ၊ ဟာစီနာလက်ထက် သမိုင်းဝင်အဆောက်အအုံများ ကို လူစုလူဝေးနဲ့ စီးနင်းဖြိုဖျက်ခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဘာသာရေးလူနည်းစုတို့နဲ့ ရုန့်ရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရာမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံဆန့်ကျင်ရေး အဓိကရုန်းများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အပေါ် သြဇာလွှမ်းမိုးပြီး အနိုင်ကျင့်လွန်းတယ်လို့ ဆန့်ကျင်ကြရာမှာ ယူနွတ်အစိုးရကိုယ်တိုင် ပြောဆို-ပြုမူခဲ့ ကြောင်း အထောက်အထားများ တွေ့ရှိရပါတယ်။

တပြိုင်နက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်ရေး-စီးပွားရေး မှီခိုနေရတဲ့နေရတဲ့ အိန္ဒိယနေရာမှာ နယူးဒေလီရဲ့ မဟာဗျူဟာပြိုင်ဘက် တရုတ်နဲ့ ပြောင်းလဲ အစားထိုးခဲ့ပါတယ်။ ရေနက်ဆိပ်ကမ်းများနဲ့ ယခင်ရှိနှင့်ပြီး ဆိပ် ကမ်းများ အဆင့်မြှင့်ရေး မော်တော်ယာဉ်လမ်းနဲ့ မီးရထားလမ်းချိတ်ဆက်မှု ပရောဂျက်များ၊ စွမ်းအင်စီမံကိန်း တို့ကို တရုတ်ရဲ့ အကူအညီနဲ့ တိုးချဲ့နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဖျား ပြည်နယ်နဲ့ ဆက်သွယ်ရေး အသက်သွေးကြော ဖြစ်တဲ့ “ဆီလီဂူရီ စင်္ကြံ” နဲ့ နီးကပ်စွာတည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်းမှာ လေ ယာဉ်ကွင်းများ အဆင့်မြှင့်တင်ခြင်းကို တရုတ်ရဲ့ အကူအညီနဲ့ ဆောင်ရွက်ဖို့ ပြင်ဆင်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပါဟယ်လ်ဂမ်နယ်မြေ ခရီးသွား ၂၆-ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ ပါကစ္စတန်ပါဝင်ပတ်သက်တယ်လို့ နယူးဒေလီက စွပ်စွဲခြင်းဖြင့် အိမ်နီးချင်း သမိုင်းဝင် ရန် ဘက်နှစ်နိုင်ငံအကြား စစ်ရေးထိပ်တိုက်တွေ့မှုအထိ ဦးတည်သွားစေခဲ့ပါတယ်။ နယူးဒေလီနဲ့ အစ္စလာမ်မာ ဘတ်တို့ဟာ ပိုင်ဆိုင်မှုအငြင်းပွား ကက်ရှ်မီးယားဒေသ “ထိန်းချုပ်မျဉ်း” LoC အနီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့ ကြရာ ပါကစ္စတန်စစ်တပ်က တူရကီထုတ် ဒရုန်းများ၊ AI ထိန်းချုပ်ဒုံးကျည်ထောက်လှမ်းရေးစနစ်များအပြင် တရုတ်လုပ် ဂျက်တိုက်လေယာဉ်များ၊ အသံထက် အဆလွန်မြန် ဒုံးကျည်များကို အသုံးပြုခဲ့ပါတယ်။
အိန္ဒိယဟာ ကက်ရှ်မီးယား ခွဲထွက်ရေးစစ်သွေးကြွများရဲ့ အကြမ်းဖက်တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ကြုံတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ ဗုဒ္ဓဂါယာနဲ့ ၂၀၀၈-ခုနှစ် မွန်ဘိုင်းတိုက်ခိုက်မှုတို့ဟာ ကက်ရှ်မီးယားခွဲထွက်ရေး “လက်ရှိခါ အီး တိုင်ဘာ” အစ္စလာမ်မစ်စစ်သွေးကြွများလက်ချက်ဖြစ်ပြီး နောက်ကွယ်မှာ ပါကစ္စတန် ထောက်လှမ်းရေး ISI ပါဝင်နေတယ်လို့ နယူးဒေလီက စွပ်စွဲခဲ့ပါတယ်။ တချိန်တည်းမှာပဲ အရှေ့တောင်ဘက် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ အစွန်းရောက် မွတ်စလင်တွေဟာ ပါကစ္စတန်စစ်တပ်အကူအညီနဲ့ အိန္ဒိယနိုင်ငံအတွင်း ဖောက်ခွဲ ရေး ပစ္စည်းများ၊ လက်နက်ခဲယမ်းများနဲ့ လူမှောင်ခိုသွင်းခြင်းတို့ကို အားပေးထောက်ပံ့နေတယ်လို့ နယူးဒေလီ က သံသယရှိပါတယ်။

ဒီအတွက် နှစ်နိုင်ငံနယ်ခြားအနီး ကုန်မှောင်ခိုသူများ-တရားမဝင် နယ်စပ်ဖြတ်ကူးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များကို အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF က အရမ်းကာရော ပစ်ခတ်နေခြင်းဖြစ်ပါတယ်။ အဲ့ဒီပြဿနာဟာ ရှိတ်ဟာစီနာလက်ထက်တည်းက ရှိခဲ့ပြီး ယူနွတ်ကြားဖြတ်အစိုးရ လက်ထက် ဘင်္ဂလားဒေ့ရှ်မှာ အစ္စလာမ်မစ် သဘောထားတင်းမာသူများ ဗြောင်ကျကျ အတင့်ရဲလာတဲ့အခါ နယူးဒေလီအတွက် မွတ်စလင်တိုင်းပြည် နှစ်ခု အကြား ညှပ်ပူးညှပ်ပိတ်အနေအထားကို ရောက်ရှိသွားပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနီး “ဆီလီဂူရီ စင်္ကြံ” အဝင်အ၀ အနောက်ဘင်္ဂလားပြည်နယ်မှာ ဂျက်တိုက်လေယာဉ်များ ရုရှားလုပ် S-400 မြေပြင်မှ ဝေဟင် ပစ် ဒုံးကျည်စနစ်များကို ဖြန့်ချလိုက်ခြင်းခြင်းဖြင့် အိန္ဒိယက အသင့်ပြင်ဆင်နေပါတယ်။

အာရေဗျပင်လယ်နဲ့ ချိတ်ဆက်မယ့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ CPEC ဟာ တရုတ်ပြည်အနောက်ပိုင်း ကို အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်ရရှိစေမှာဖြစ်ပြီး ပိုင်ဆိုင်မှုအငြင်းပွား ကက်ရှ်မီးယားဒေသ ပါကစ္စတန် ထိန်းချုပ်နယ်မြေကို ဖြတ်သန်းသွားမှာဖြစ်တဲ့အတွက် အိန္ဒိယက ကန်ကွက်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ စစ်တကောင်းဒေသမှာ တရုတ်အထူးစီးပွားရေးဇုန် SEZ တည် ဆောက်ရန် သဘောတူညီထားပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံများ ဆက်လက်ဝင်ရောက်ပြီး အိန္ဒိယသမုဒ္ဒရာ ဒေသ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ချဲ့ထွင်လာခြင်းကို ရောင်ပြန်ဟပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်အတွက် အခြေခံ အဆောက်အအုံများနဲ့ စီးပွားရေးအပေါ် အထောက်အကူပြုမယ့် စစ်တကောင်းဒေသ တရုတ်အထူးစီးပွားရေး ဇုန်ဟာ အိန္ဒိယအတွက်တော့ စိန်ခေါ်မှု ဖြစ်နေပါတယ်။

(( ဘင်္ဂလားဒေ့ရှ်ရဲ့ တရုတ်နဲ့ ချိတ်ဆက်လိုမှုဟာ မလက္ကာရေလက်ကြားကို ကွေ့ပတ်သွားလာရမယ့် အခက် အခဲ ရှိနေပါတယ်။ ကုန်းလမ်းကြောင်းမှာ အတိုဆုံးဖြစ်ပေမယ့် မြန်မာနိုင်ငံအတွင်းဖြတ်သန်းမှု မရှိပဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်ဟာ လွန်ခဲ့ဲ့တဲ့နှစ် ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်မြောက်ပိုင်းကို သိမ်း ပိုက်ထားတဲ့ အာရက္ခတပ် AA နဲ့ ဆက်သွယ်ပြီး တရားဝင်ကုန်သွယ်မှု ပြုလုပ်လာခြင်း ဖြစ်ပုံရပါတယ်။ ဒါပေ မယ့် တရုတ်အထိ လမ်းပေါက်ဖို့အတွက် ကြားခုလတ်မှာ မြန်မာပြည်အလယ်ပိုင်း SAC ထိန်းချုပ်ထားတဲ့ မြို့များ ကို ဖြတ်သန်းရပါလိမ့်မယ်။ ဒါ့အပြင် ရှမ်းမြောက် မြို့တော် လားရှိုးဟာ လွန်ခဲ့တဲ့လမှာ SAC လက်တွင်း ပြန် လည်ရောက်ရှိ သွားပြီး တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်း CPEC ရဲ့ ပြင်ဦးလွင်နဲ့ ချိတ်ဆက်ရာမှာ အရေးပါဆုံးဖြစ်တဲ့ နောင်ချို မြို့ ၈၀% ကို ယခုလဆန်းပိုင်းမှာ တပ်မတော်က ပြန်လည်သိမ်းယူလိုက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါ တယ်။

ကမ္ဘာ့တိုင်းပြည်များရဲ့ နိုင်ငံခြားရေးမူဝါဒဟာ Neighbor First “အိမ်နီးချင်း ပထမ” ကို အခြေခံလေ့ရှိပါတယ်။ မိမိနိုင်ငံ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းရေးမှာ အဝေးတိုင်းပြည်ထက် ရေမြေတစ်ဆက်တည်း ထိ စပ်နေတဲ့ တိုင်းပြည်များက ပိုမို အရေးပါတဲ့အတွက် ဖြစ်ပါတယ်။ ဒီအချက်ကို တက္ကသိုလ်ပါမောက္ခ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် မိုဟာမက် ယူနွတ်အနေနဲ့ မသိရှိပဲ မဖြစ်နိုင်ပါဘူး၊ သိတယ်ဆိုရင် AA နဲ့ ဆက်သွယ်ခြင်းဖြင့် မြန် မာနဲ့ ဘာ့ကြောင့် မျက်နှာအပျက်ခံနေလဲဆိုတာ မေးခွန်း ထုတ်ရပါလိမ့်မယ်။

AA အနေနဲ့ကတော့ စစ်တွေမြို့နဲ့ တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှု အချက်အချာ ကျောက်ဖြူမြို့ကို တိုက်ခိုက် နေပြီး စစ်ရေးအင်အားပြသခြင်းဖြင့် သူ့ရဲ့ “အာရက္ခလမ်းစဉ်” အကောင်အထည်ဖော်ရေး တရုတ်နဲ့ မြန်မာကို အထက်စီးမှ အခွင့်အရေး တောင်းဆိုရန် ပြင်ဆင်နေပုံရပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ဆိုတာ BRI နဲ့ CPEC ရဲ့ သေးငယ်တဲ့အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပြီး အရင်းအနှီးကြီးမားသလောက် (ဘင်္ဂလားဒေ့ရှ်လို တစ်နိုင်ငံ တည်းနဲ့ ကုန်သွယ်နိုင်ယုံမျှနဲ့) ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်း၊ စစ်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးကြရာ မှာ တပ်မတော်ဘက်က လူတစ်ထောင်နဲ့ သူတို့ဘက်က လူတစ်ထောင်ဟာ ကိန်းဂဏန်းအရေအတွက် တူညီ သော်လည်း အဓိပ္ပါယ် အလွန်ခြားနားလေးနက်ကြောင်း သတိပြုမိဖို့ လိုအပ်ပါတယ်။ သတင်းဘာသာပြန်သူ) #HtayOung #OungMarine
===
(ဇွန်-၂၊ ၂ဝ၂၅) အချိန်နဲ့ အင်အားများစွာ ဆုံးရှုံးခံပြီး

KIA က ဗန်းမော်ကို၎င်း

AA က ကျောက်ဖြူ စစ်တွေကို၎င်း တိုက်ခိုက်နေခြင်းနဲ့

သူတို့ကို ဗမာ PDFs များက ကူညီတိုက်ခိုက်ပေးနေခြင်းဟာ

ကျွန်တော့်အတွက် ဉာဏ်မမီ အဖြေမရှိတဲ့ ပုစ္ဆာတစ်ခုပါပဲ
.
#HtayOung #OungMarine
(ဇွန်-၂၊ ၂ဝ၂၅) ဒီနေ့ KG တန်း ကျောင်းစမယ့် ကျွန်တော့ မြေးလေး ဓါတ်ပုံကို သူ့အဖေ အမေက မက်ဆင်ဂျာမှာ လာပြတယ်

မြေးလေးဆိုပေမယ့် ကျွန်တော့ သွေးသားရင်း မဟုတ်၊ သူလေးသာမက သူ့အဖေ အမေပါ ကျွန်တော်နဲ့ လူချင်း မတွေ့ဖူး၊ ဘာမှ မတော်စပ်ပါ

အွန်လိုင်းမိတ်ဆွေ သူတို့ချင်း အိမ်ထောင်ကျကြ၊ တစ်ယောက်က နှစ်ယောက်ဖြစ် နှစ်ယောက်က သုံးယောက် လေးယောက်ဖြစ်ကြပေါ့

ကလေးချစ်တတ်တဲ့ ကျွန်တော့်မှာ မီးတွင်းထွက်စ အနှီးလေးပတ်ရက်တည်းက သူတို့လေးတွေကို သိနေတယ်

ဒီလိုနဲ့ ကျွန်တော့်မှာ မြေးထီး-မြေးမ/တူထီး-တူမတွေ နိုင်ငံအနှံ့ဖြစ်လာတယ်၊ ကျွန်တော်လည်း ဘကြီး ဖိုးဖိုးကြီး ဖြစ်ပေါ့

တချို့တွေလဲ လက်ရှိ လက်နက်ကိုင် ပဋိပက္ခကြီးထဲ မိဘတွေ စစ်ဘေးရှောင်တွေဖြစ်ကြရတယ်၊

အရင်းလှဲ အဖျား ထင်းဖြစ်ဆိုသလို သူတို့လေးခမျာ
ဘာအပြစ်မှ မရှိပဲ စစ်ဘေးဒုက္ခသည် ဖြစ်ကြရရှာတယ်

ကျွန်တော့် မြေးလေးကမှ ကံကောင်းသေးတယ်၊ သူတို့လို အင်မတန်ကျောင်းတက်ချင်ပေမယ့် ကျောင်းတက်ခွင့် မရတဲ့ ကလေးတွေ

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဘယ်လောက်တောင် ရှိနေမလဲ
.
သူတို့လေးတွေဟာ ကျွန်တော်တို့ အိုမင်းမစွမ်းဖြစ်ချိန် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဦးဆောင်ကြမယ့် ခေါင်းဆောင်လောင်းလေးတွေပါ
.
#HtayOung #OungMarine
(ဇွန်-၂၊ ၂ဝ၂၅) ကျွန်တော်တို့တိုင်းပြည်မှာ စာရေးဆရာ အောင်သင်းဆိုတာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ဆရာဦးအောင်သင်း တစ်ယောက်သာ ရှိပါတယ်

အမည်တူ ပုံမှား ရိုက်ချင်ရင် ကွယ်လွန်သူ ဆရာကြီးကို စော်ကားခြင်းဖြစ်တယ်။

လူချင်း ရင်းနှီးမှု့ မရှိသော်လည်း ဆရာကြီး သက်ရှိထင်ရှားရှိစဉ် စကားစမြည် ပြောဆိုဖူးပါတယ်

အဲ့ဒီ နှစ်ယောက်စလုံးနဲ Debate လုပ်ချင်ပါတယ်

ကျွန်တော်သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း သဘောတူရင် နှစ်သက်ရာ နိုင်ငံရေးခေါင်းစဉ်အကြောင်း ဆွေးနွေးဖို့
ကြိုက်ရာအွန်လိုင်းမှာ ချိန်းဆိုနိုင်ပါတယ်

ကျွန်တော်

#HtayOung #OungMarine ပါ