(မေ-၂၄၊ ၂၀၂၅) ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေချင်ရင်
ဝါးတားဂိတ်တွေမှာ အဝှာတို့က အဝှာမပုပဲ အဝှာပုနေကြတာကို တားဆီးကြပ်မတ်ပေးပါ
.
ခဲတစ်ပစ်လောက်တောင် မဝေးတဲ့နေရာမှာ အဝှာနဲ့ အဝှာတို့ရဲ့
ဝါးတားဂိတ် အသီးသီးတို့အကြား NCA ထိုးစရာမလိုပဲ
နားလည် ချစ်ကြည်နေကြခြင်းကို ဖော်ထုတ် အရေးယူပေးပါ
တာဝန်ကျေပွန်စွာ တိုင်ကြားမှုများကို အရေးယူခြင်း
သစ္စာရှိစွာ စုံစမ်း-ဖမ်းဆီး-အရေးယူနိုင်သူများကို
ဆုကြေး ချီးမြှင့်ခြင်းဖြင့် နိုင်ငံနဲ့ အဖွဲ့အစည်းအပေါ် အကျိုးပြုသူများ ဖြစ်လာစေရေး
မွေးမြူ ပျိုးထောင် ပေးပါခင်ဗျား
.
.
#HatyOung #OungMarine

(မေ-၂၄၊ ၂၀၂၅) မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုစင်္ကြံကိစ္စ ယူနွတ်နှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြား ပဋိပက္ခဖြစ်လာ။ ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် ရာထူးမှ နှုတ်ထွက်မည်လား
===
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ်နဲ့ နိုင်ငံ့စစ်တပ်ခေါင်း ဆောင်တို့ ရဲ့သဘောကွဲလွဲမှုများ ပိုမိုကျယ်ပြန့်လာခြင်းဟာ အဖွဲ့အစည်းနှစ်ခုတို့အကြား အုပ်ချုပ်ရေး၊ အ မျိုးသားလုံခြုံ ရေးနဲ့ ပတ်သက်ပြီး့ ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်ဆိုင်ရာ တင်းမာမှုများကို ထင်ဟပ်စေခဲ့တယ်လို့ နယူး ဒေလီ အခြေစိုက် “တိုင်းမ်အော့ဖ်အင်ဒီးယား” (24 May 2025) က ရေးသားပါတယ်။
အငြင်းပွားမှုဖြစ်ရတဲ့ အဓိက အကြောင်းရင်းမှာ ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ "လူသားချင်းစာနာ မှုဆိုင်ရာစင်္ကြံ" (humanitarian corridor) ဖွင့်လှစ်ရေး အဆိုပြုချက်ကြောင့်ဖြစ်ပြီး သူတို့အစိုးရရဲ့ ဆောင် ရွက်ချက်တွေကို စစ်တပ်ထံ အသိပေးထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒီအတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ် ကာကွယ်ရေးဦးစီးချုပ်က မကြုံစဖူး ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။ ယူနွတ်ကိုယ်တိုင်လည်း ဒီကိစ္စအတွက် စိတ် ပျက် စိတ်အနှောက်အယှက် ဖြစ်နေပြီး ရာထူးမှ နှုတ်ထွက်ဖို့အထိ စိတ်ကူးနေတယ်လို့ အသေးစိတ် သိရှိသူ တစ်ဦးက ကြာသပတေးနေ့ (မေလ ၂၂) မှာ ပြောပါတယ်။
.
၁၉၇၁-ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ထွန်းလာပြီး တိုင်းပြည်ထူထောင်သူ ရှိတ်မူဂျီဘူရ် ရာမန် ( ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာစီနာရဲ့ဖခင်) ၁၉၇၅-ခုနှစ်မှာ လုပ်ကြံခံရပါတယ်။ ဟာစီနာနဲ့ ညီမတစ်ဦးသာ ပြည်ပရောက်ရှိ နေလို့ အသက်ဘေးမှလွတ်မြောက်ခဲ့ပြီး မိခင်ဖြစ်သူနဲ့မောင်သုံးဦးပါ မိသားစုလိုက် အသတ်ခံရမှုမှာ ဘင်္ဂလား ဒေ့ရှ် စစ်တပ်ရဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုအဖြစ် အလယ်အလတ်တန်းအရာ စစ်အရာရှိအချို့ ဖမ်းဆီးခံရပါ တယ်။ ဒါပေမယ့် မူဂျီဘူရ်အလွန် ဘင်္ဂလားဒေ့ရှ်မှာ ဗိုလ်ချုပ်ကြီး ဇီယာရာမန် ( ခါလီဒါဇီယာရဲ့ ခင်ပွန်း) က စစ် အုပ်ချုပ်ရေးကို ထူထောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဟာစီနာနဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်လာမယ့် BNP ပါတီကို ၁၉၇၈-ခုနှစ် မှာ ထူထောင်ပြီး ၁၉၇၉-ခုနှစ်မှာ ဇီယာရာမန်က သမ္မတဖြစ်လာပါတယ်။
၁၉၈၁-ခုနှစ်မှာ စစ်တကောင်းမှာ ဇီယာရာမန်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်း နိုင်ငံရေးပါတီကြီးနှစ်ခုနဲ့ ထောက်ခံသူ လူစုလူဝေးများအကြား အဓိကရုန်းများ ရက်ဆက်ဖြစ်ပွားပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်လေ့ရှိပါ တယ်။ အဲ့ဒီအခါတိုင်း ဘင်္ဂလားဒေ့ရှ်မှာ အာဏာသိမ်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်တပ်အရာရှိကြီးများ က နိုင်ငံ့အာဏာကို ကိုင်တွယ်ခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉၈၂-ခုနှစ် ဗိုလ်ချုပ်ကြီး အာဆတ်ဟာ သမ္မတ အဗ္ဗဒူဆတ္တား ထံမှ အာဏာသိမ်းခဲ့ပြီး ၁၉၉၀-ခုနှစ်အထိ ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် လွှတ်တော်မှာ စစ်တပ်ရဲ့ သြဇာညောင်းမှုဟာ ဖွဲ့စည်းပုံမှာတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိ ပါဘူး၊ ဘယ်ပါတီအစိုးရတက်တက် စစ်တပ်ရဲ့ သဘောတူ ထောက်ခံမှု လိုအပ်ပြီး စီးပွားရေးလုပ်ပိုင်ခွင့်များနဲ့ နိုင်ငံတော်အကြီးစား စီမံကိန်းကြီးများမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ် ဦးပိုင်ကုမ္ပဏီက ကန်ထရိုက်ရကြပါတယ်။
..
ဗုဒ္ဓဟူးနေ့ (မေလ ၂၁) စစ်ဘက်အရာရှိကြီးများတက်ရောက်တဲ့ ဒါကာမြို့ အခမ်းအနားတစ်ခုမှာ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာအူးဇ်ဇမန်က မိန့်ခွန်းပြောကြားစဉ် စစ်တပ်အနေနဲ့ ဘယ်လို စင်္ကြံအယူ အဆ မျိုးကိုမဆို ဆန့်ကျင်တယ်လို့ ပြတ်ပြတ်သားသား ပြောပါတယ်။ သင့်လျော်တဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု မရှိပဲ ခုလိုလုပ်တဲ့အတွက် လုံး၀ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။ အဲ့ဒီလို ဆုံးဖြတ်ချက်မျိုးဟာ ရွေးကောက်တင် မြှောက်ထားတဲ့ အစိုးရများကသာ ချမှတ်သင့်ပြီး လုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် စစ်တပ်အနေနဲ့ နိုင်ငံ့အကျိုးစီးပွားကို ဦးစားပေး ကာကွယ်မှာ ဖြစ်ကြောင်း အတိအလင်း ပြောဆိုခဲ့ပြီး ဆောင်ရွက်မယ့် အရာတိုင်းဟာ နိုင်ငံရေးသဘောတူညီမှုနဲ့သာ ဖြစ်ရမယ်လို့ သတိပေးလိုက်ပါ တယ်။
မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ကြားဖြတ်အစိုးရအနေနဲ့ ဘယ် နိုင်ငံနဲ့မျှ ဆွေးနွေခဲ့ဖူးခြင်း မရှိကြောင်း၊ နောင် အနာဂတ်မှာလည်း ဆွေးနွေးရန် ရည်ရွယ်ခြင်း မရှိကြောင်း ယူနွတ်ရဲ့ ထိပ်တန်းလက်ထောက်နဲ့ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ခါလီလူရ်ရာမန်က ဗိုလ်ချုပ်ကြီး ဝါကာရဲ့ ပြောကြားချက်အပြီး (ဗုဒ္ဓဟူးနေ့) မှာပဲ ရှင်းလင်းချက် ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ သားချင်းစာနာမှုအကျပ်အတည်းကြောင့် အစားအစာ၊ ဆေးဝါးမျိုးတို့လို အကူအညီများ ပေးပို့ရန် ကုလသမဂ္ဂ နဲ့ ဆွေးနွေးနေခြင်းသာ ဖြစ်တယ်လို့ ပြောပါတယ်။ ( အမှန်တော့ ရခိုင်ပြည်နယ်လူသားချင်း စာနာမှုစင်္ကြံကို အကောင်အထည်ဖော်ရန် သူတို့ အစိုးရအနေနဲ့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ ပြောဆိုသူမှာ ယူနွတ်အစိုးရ နိုင်ငံ ခြား ရေး ဝန်ကြီးတာဝန်ရှိသူ အကြံပေးအရာရှိက ပြောဆိုခဲ့ကြောင်း ယခင်သတင်းများမှာ တွေ့ရှိရတယ်။ လွန်ခဲ့တဲ ဖေဖော်ဝါရီလ နယူးယောက်မြို့မှာ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဝန်ခံရာမှာ အမေရိကန်အစိုးရ

အရာရှိများ ပါဝင် ခြင်း ရှိ-မရှိ မသိရှိရပါဘူး
တစ်ခါ အဲ့ဒါ အရေးပေါ် စစ်သုံးသဘောမျိုး “စင်္ကြံ ” Corridor မဟုတ်ပဲ ကူညီထောက်ပံ့ရေး “လမ်းကြောင်း” Passage သာ ဖြစ်တယ်လို့ ယူနွတ်အစိုးရက ပြောဆိုပြန်ပါတယ်။ အငြိမ်းစားတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်တစ်ဦးဖြစ်သူ အေအမ်အင်န် မူနီရူဇ် ဇမန်ကတော့ “စင်္ကြံ ” ပဲပြောပြော “လမ်းကြောင်း” ပဲဆိုဆို အခြေခံ အားဖြင့် အဓိပ္ပါယ် အတူတူဖြစ်ကြောင်း၊ ယူနွတ်အစိုးရဟာ အပျက်သဘောဆောင်တယ်လို့ မှတ်ယူကြတဲ့ စင်္ကြံလမ်း ဝေါဟာရကို ရှောင်ရှားရန် စကားလုံးအမျိုးမျိုးနဲ့ ကုလားဖန်ထိုးနေပေမယ့် နှစ်ခုစလုံးဟာ အလားတူ အန္တရာယ်များ ရှိနေတယ်လို့ မှတ်ချက်ပေးပါတယ်။
.
ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ယူနွတ်အစိုးရတို့အကြား မကြေမလည်ဖြစ်ရပြီးနောက် ယူနွတ်ကိုယ်တိုင် ရာထူးမှ နှုတ် ထွက်တော့မှာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ ဒါပေမယ့် (ရှိတ်ဟာစီနာကို ပြုတ်ကျစေခဲ့တဲ့ဲ့ လူထုအုံကြွမှုမှာ အဓိကပါဝင်ခဲ့ပြီး) ယခု ယူနွတ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဆင့်ရှိသူ ပုဂ္ဂိုလ်သုံးဦးတို့က ကြာသပ တေးနေ့မှာ ယူနွတ်နဲ့တွေ့ဆုံပြီး နုှတ်ထွက်ခြင်း မပြုရန် ဖြောင့်ဖျခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ယူနွတ်နှုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သူတို့အထဲက တစ်ယောက်က ပြောပေမယ့် ယူနွတ်ဆက်ရှိ နေမှာဖြစ် ကြောင်း သူ့လက်ထောက်က သောကြာနေ့မှာ ပြောပါတယ်။
.
#HtayOung #OungMarine

(မေ-၂၅၊ ၂၀၂၅) မြန်မာ ပန်းကနုတ်ကို အရှေ့တောင်အာရှ တိုင်းပြည်အချို့က ဖော့ပန်းပုအဖြစ် ခိုးယူနေကြပါတယ်
ခုခေတ် လူငယ်အချိ့က "ယိုးဒယား ပန်းခက်" လို့ အလွယ် ခေါ်ဝေါ်နေကြပေမယ့်
မြေမှ စုန့်ထွက်လာဟန် အဆောက်အအုံများ၊ ပန်းနွယ် ပန်းညွှန့်များကို တင်စားဖော်ကျူးတဲ့
မြန်မာ့ရိုးရာ ပန်းကနုတ်လက်ရာမျိုး ဘယ်တိုင်းပြည်မှာမျှ မရှိပါ
ကမ္ဘာ့ ဘယ် ကနုတ်အနုပညာအမျိုးအစားနဲ့မှ မတူပါ
မြင်တာနဲ့ တန်းသိအောင် ထူးခြားဂုဏ်အပြည့်ရှိပါတယ်
အခြေခံနဲ့ နည်းစနစ်တကျရေးဆွဲရတာဖြစ်ပြီး လိမ်ညာရေးဆွဲရင် သိသာပါတယ်။
မြန်မာ ဘိုးဘေးတို့ရဲ့ ရှေးဟောင်း မြို့ကြီးများ၊ ရိုးရာ သနပ်ခါး- လဖက် နဲ့အတာသင်္ကြန်လို ဒြပ်မဲ့ ယဉ်ကျေးမှုများကို စနစ်တကျ ကာကွယ်ခဲ့သလိုပဲ
မြန်မာ့ရိုးရာ ပန်းကနုတ်ပညာကို ကာကွယ်ကြပါ ဗျိုး
.
သက်ဆိုင်သူများ သိရှိအောင်
မြန်မာ့ဓလေ့ကို အလေးထားမြတ်နိုးသူတိုင်း ဝိုင်းရှယ်ခြင်းဖြင့် ကာကွယ်ကူညီကြပါ

(မေ-၂၅၊ ၂၀၂၅) မြန်မာ ရှေးဟောင်း အဆောက်အအုံများ ဘုန်းတော်ကြီးကျောင်းများ
စေတီ ပုထိုးများမှ မြန်မာ့ရိုးရာ ပန်းကနုတ်လက်ရာများကို
မြန်မာရိုးရာ ဒီဇိုင်းပညာရှင် ပန်းချီဆရာကြီး ဦးအေးမြင့်က
အသေးစိတ် ပုံများနဲ့တကွ ရှာဖွေ စုဆောင်း မှတ်ချက်ရေးသားပြီး
ဆရာကြီး မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့တကွ
ဂျပန် ဖောင်ဒေးရှင်းတစ်ခုက ကမ္ဘာသိ စာအုပ် ထုတ်ဝေဖူးပါတယ်။
အခြားတိုင်းပြည်များရဲ့ ခိုးယူခြင်းခံနေရတဲ့ မြန်မာ့ရိုးရာ ပန်းကနုတ်ပညာကို ကာကွယ်ကြပါ ဗျိုး
.
သက်ဆိုင်သူများ သိရှိအောင်
မြန်မာ့ဓလေ့ကို အလေးထားမြတ်နိုးသူတိုင်း ဝိုင်းရှယ်ခြင်းဖြင့် ကာကွယ်ကူညီကြပါ
.
#HtayOung #OungMarine
စေတီ ပုထိုးများမှ မြန်မာ့ရိုးရာ ပန်းကနုတ်လက်ရာများကို
မြန်မာရိုးရာ ဒီဇိုင်းပညာရှင် ပန်းချီဆရာကြီး ဦးအေးမြင့်က
အသေးစိတ် ပုံများနဲ့တကွ ရှာဖွေ စုဆောင်း မှတ်ချက်ရေးသားပြီး
ဆရာကြီး မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့တကွ
ဂျပန် ဖောင်ဒေးရှင်းတစ်ခုက ကမ္ဘာသိ စာအုပ် ထုတ်ဝေဖူးပါတယ်။
အခြားတိုင်းပြည်များရဲ့ ခိုးယူခြင်းခံနေရတဲ့ မြန်မာ့ရိုးရာ ပန်းကနုတ်ပညာကို ကာကွယ်ကြပါ ဗျိုး
.
သက်ဆိုင်သူများ သိရှိအောင်
မြန်မာ့ဓလေ့ကို အလေးထားမြတ်နိုးသူတိုင်း ဝိုင်းရှယ်ခြင်းဖြင့် ကာကွယ်ကူညီကြပါ
.
#HtayOung #OungMarine
(မေ-၂၅၊ ၂၀၂၅) ဒီနေ့ မဇ္ဈိမ (မြန်မာပိုင်း) မှာ “ ဗူးလေးရာ ဖရုံဆင့်၊ ရခိုင်ပြည်နယ် စစ်မှုထမ်း အကြပ်ရိုက်နေ ကြသူများ” သတင်းဆောင်းပါးကို ဖတ်ရပါတယ်။
.
မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း အသက် ၁၈-နှစ် ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ အမိန့်ထုတ်ခဲ့တဲ့ AA ဟာ ခုနောက်ပိုင်း ရခိုင်ပြည်နယ် ပြင်ပကို မည်သူမျှ မထွက်ရ အမိန့်ထုတ်လာပြန်ပါတယ်။ ဒါပေမယ့် AA မှာ စစ်မှုထမ်းလိုသူများ ရှိနေသလို မထမ်းလိုတဲ့အတွက် ပြည်မကို ထွက်ပြေးသူ ရာထောင်ချီ ရှိနေပါတယ်။ ယခင် စကားကုန် ပြောထားမိကြသူများဖြစ်လို့ သူတို့ရဲ့ ပြည်မကြီး အဝင်လမ်းခရီးဟာ အလွန်ခက်ခဲကြမ်းတမ်း မှာ သေချာပါတယ်။
AA ဟာ ရခိုင်ပြည်နယ်မှာ မြို့နယ် ၃ ခုပဲ ကျန်တဲ့အထိ မဆင်မခြင် သိမ်းမိထားတယ်။
ဒါပေမယ့် အဲ့ဒီ မြို့ရွာ တပ်စခန်း ဌာနချုပ်တွေကို ရဖို့ တပ်မတော်ဘက်က တစ်ထောင်ကျဆုံးတာနဲ့ AA တစ် ထောင် ကျဆုံးတာ မတူညီပါ။ ရခိုင်ဟာ မူလတည်းက လူဦးရေအချိုးအစား အနည်းဆုံး လူမျိုးစုပါ။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲများ ဖြစ်ပွားရာမှာ ရခိုင်အရွယ်ကောင်း ကျားမ လူငယ်အတော် များများ ကျဆုံးခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
တစ်ခါ သိမ်းပြီးတဲ့ မြို့တွေကို စိုးမိုးထားဖို့နဲ့ တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းယူ မခံရအောင် ဝင်လမ်း ထွက်လမ်းတွေမှာ တိုက်ကွက် ဖော်ဖို့ အင်အား ထပ်မံ လိုအပ်လာပြန်ပါတယ်
အဲ့ဒါကြောင့် AA ဟာ စစ်ကို တိုက်ခြင်း မဟုတ်၊ စစ်က AA ကို တိုက်ခိုင်းနေခြင်းဖြစ်တယ်လို့ ပြောရခြင်းပါ။
လူမျိုးစု ဦးရေ အလွန်နည်းတဲ့ ရခိုင်ပြည်နယ်မှာ သားသမီးမွေးင်္ဖွားနှုန်း အလွန်မြင့်မားသူများနဲ့ ယှဉ်တွဲနေထိုင် ရခြင်းကလည်း စိန်ခေါ်မှု တစ်ရပ်ပါ။
မူလတည်းက လူမျိုးကို အခြေခံပြီး ကွန်ဖက်ဒရေးရှင်း တည်ဆောက်မယ်ဆိုတဲ့
တွန်းမရနိုင်ရဲ့ ရက္ခိတလမ်း စဉ်ဟာ အလွန်အကွျှံအစွန်းရောက် အမျိုးသားရေးဝါဒပါ။
စစ်ရေးနဲ့ အကြမ်းဖက်မှုများ ထပ်ဆောင်းနဲ့အခါ တကယ့် ဖက်ဆစ်ဝါဒအပီအပြင် ဖြစ်သွားပါတယ်
ဒုတိယကမ္ဘာစစ်ဝန်းကျင် စပိန် အီတလီ ဂျာမနီ ဂျပန်နိုင်ငံတို့မှာ ထွန်းကားခဲ့ လူမျိုးကြီး အမျိုးသားနိုင်ငံတော် ဆိုတာ နာဇီဝါဒ ဖက်ဆစ်ဝါဒဖြစ်ကြောင်း
တွန်းမရနိုင်ရဲ့ စကားကို မဆင်မခြင် အလွန်အကျွံပြောခြင်း၊ ထေ့သလိုလို ရိသလို ရန်စတတ်ခြင်းအပါအဝင်
AA ရဲ့ လုပ်ရပ်တွေဟာ ဟစ်တလာလို အဲ့ဒီနိုင်ငံခေါင်းဆောင်တွေနဲ့ တထေရယတည်း တူညီနေကြောင်း သတိပြုမိကြမှာပါ
လောက ဓမ္မတာအတိုင်း အဲ့ဒီ ဝါဒီတွေ နိဂုံးချုပ်သလိုပဲ AA ဟာ မကြာမီ အဆုံးသတ်ရတော့မယ်

(မေ-၂၅၊ ၂၀၂၅) ဟာဝိုင်အီကျွန်း ပေါက်ကွဲ မီးတောင်က ကမ္ဘာ့အတွင်းပိုင်းမှ ရွှေသိုက်ကြီးများကို အန်ထုတ် နေပါသလား၊ ငလျင်ကြီးလှုပ်ခြင်း မီးတောင်ပေါက်ကွဲခြင်း၏ လူသားတို့အတွက် ကောင်းကျိုး
===
ကမ္ဘာ့ အကြီးဆုံးရွှေသတ္တု အစုအဝေးဟာ အမေရိကန်နိုင်ငံ ဖို့တ်နော့ခ်သိုလှောင်ရုံကြီးထဲမှာ တည်ရှိနေတာ မ ဟုတ်ပါဘူး၊ ကင်တပ်ကီပြည်နယ်အတွင်းမှာ တည်ရှိတဲ့ အဲ့ဒီမြို့ကလေးဟာ အမေရိကန် စစ်တပ်အရာရှိ စစ် သည်များ၊ မှီခိုသူ မိသားစုဝင်များ၊ စစ်တပ်က ငှားရမ်းထားတဲ့ အရပ်သားဝန်ထမ်းများပါ ထည့်တွက်ရင် စုစုပေါင်း လူဦးရေ တစ်သောင်းနှစ်ထောင်ကျော်သာ နေထိုင်ပါတယ်။ အမေရိကန်တော်လှန်ရေးကာလ ပထမဆုံး စစ် ဝန်ကြီး- အမြောက်တပ်မှူး ဟင်နရီနော့ခ်ရဲ့ အမည်ကို ဂုဏ်ပြူမှည့်ခေါ်ထားတဲ့ အဲ့ဒီတပ်မြို့လေးဟာ အမေရိ ကန်နိုင်ငံ ချမ်းသာသမျှ ရွှေသတ္တုတန်ချိန် ထက်ဝက် မက်ထရစ်တန် ၄၆၀၀ ခန့်ကို သိမ်းဆည်းထားတဲ့အတွက် အခြားနိုင်ငံတကာ တိုင်းပြည်များနဲ့ ယှဉ်လျှင် ကမ္ဘာ့ရွှေသတ္တု အများဆုံး စုဝေးရာ လို့ဆိုနိုင်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့ရွှေ အများဆုံး တည်ရှိရာနေရာဟာ အဲ့ဒီတပ်မြို့လေးမှာ မဟုတ်ပဲ ကမ္ဘာ့မြေထုအလွန်နက်ရှိုင်းတဲ့နေရာ မှာ စုပုံနေကြောင်း Phys.org (22 May 2025) က ရေးပါတယ်။
ကမ္ဘာ့ရွှေနဲ့ အခြားအဖိုးတန်သတ္တုများရဲ့ ၉၉.၉၉၉% ကျော်ဟာ မြေအောက် ၁၉၀၀ မိုင်ခန့်အနက် အလွန်မာ ကျောတဲ့ ကျောက်ချပ်လွှာအောက်မှာ တည်ရှိနေပါတယ်။ ကမ္ဘာ့ရဲ့ “အနှစ်ပိုင်း” သဖွယ် တည်ရှိနေပြီး လူသား တွေ လက်လှမ်းမမီနိုင်တဲ့ ဗဟိုအတွင်းပိုင်း သတ္တုရည်အတွင်း စုဝေးလှုပ်ရှားနေပါတယ်။ ခုတော့ ရူသီနီယမ် (ဓါတု သင်္ကေတ Ru) အဖိုးတန်သတ္တုရဲ့ အစအနများကို ဟာဝိုင်အီကျွန်း မီးတောင်ကျောက်များအတွင်း တွေ့ ရှိနေရ ပြီး၊ အဲ့ဒါတွေဟာ ကမ္ဘာ့ကြီးရဲ့ အလည်အူတိုင်နေရာမှ မြေမျက်နှာပြင်ပေါ် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂျာမနီ နိုင်ငံ ဂေါတင်ဂန်တက္ကသိုလ် သုတေသီများက သူတို့ရဲ့တွေ့ရှိချက်ကို Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါ တယ်။
ကမ္ဘာကြီးဟာ ထိပ်နှစ်ဖက် အနည်းငယ်ပြားပြီး ခါးလည်မှာ အနည်းငယ်ဖောင်းနေတဲ့ စက်လုံးပုံသဏ္ဍာန်ဖြစ်ပါ တယ်။ (၁) “အတွင်းအူတိုင်” ဟာ အပူချိန် ၅၀၀ဝံ C အထိ ရှိပေမယ့် ဖိအားအလွန်မြင့်မားတဲ့အတွက် သံနဲ့ နီ ကယ်တို့ အရည်မပျော်ပဲ မာခဲနေပါတယ်။ (၂) အဲ့ဒီရဲ့ အပေါ် မှာ “အပြင်လွှာ” က ဖုံးအုပ်ထားပြီး အရည်ပျော် နေတဲ့ သံနဲ့ နီကယ်တို့ ဖြစ်ပါတယ်။ (၃) အဲ့ဒီရဲ့ အပေါ်မှာ ကျောက်ပျော့လွှာ ( ဘူမိဗေဒအခေါ် “ ကမ္ဘာ့ကြား လွှာ”) ဟာ မီးတောင်ချော်ရည်တို့ရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (၄) အပေါ်ဆုံးမှာ ပါးလွှာတဲ့ ကျောက်ချပ်လွှာက သစ်သီးတစ်လုံးရဲ့ အခွံသဖွယ် တည်ရှိနေပြီး လူသားတို့ အိုး အိမ်ထူထောင်နေထိုင်ရာ အလွှာဖြစ်ပါတယ်။
တတိယမြောက် ကမ္ဘာ့ကြားလွှာနဲ့ နုှိုင်းယှဉ်လျှင် ဒုတိယမြောက် အပြင်လွှာမှာ 100 Ru ရူသီနီယမ်အိုင် ဆို တုပ် ပါဝင်မှုပမာဏ အနည်းငယ် ပိုမိုမြင့်မားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄.၅ ဘီလီယံခန့်က ကမ္ဘာမြေ စတင်ဖွဲ့တည်စဉ် ရွှေနဲ့ အခြားအဖိုးတန်သတ္တုအရောအနှောများ ပိတ်မိသွားလိူ့ ဖြစ် ပါတယ်။ အရင်တုန်းကတော့ အဲ့ဒီ 100Ru ပါဝင်မှုကို ခွဲခြားသိရှိရန် မဖြစ်နိုင်ခဲ့ပေမယ့် ဂေါတင်ဂန်တက္ကသိုလ် သုတေသီများက နည်းပညာအသစ်များ အသုံးပြုပြီး တိုင်းတာနိုင်လို့ ဖြစ်ပါတယ်။
ဟာဝိုင်ယီ မီးတောင်ကျောက်များမှာ တွေ့ရှိရတဲ့ 100Ru ပါဝင်မှု အလွန်မြင့်မားနေခြင်းဟာ အဲဒီ ချော်ရည် တွေ ကို ဒုတိယနဲ့ တတိယမြောက်အလွှာ စပ်ကြားမှ အန်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ကန ဦး တွေ့ရှိချက်ဟာ သုတေသီများအနေနဲ့ ဧရာမ ရွှေကြောကြီးကို တူးမိသလို ဖြစ်သွားကြောင်း၊ ကမ္ဘာ့အူ တိုင် နဲ့ ကပ်ရက်အလွှာမှ ရွှေနဲ့ အခြားအဖိုးတန်သတ္တုတွေဟာ တတိယမြောက် ကမ္ဘာ့ကြားလွှာအတွင်း ယိုစိမ့်နေ ကြောင်း အတည်ပြုပေးနေတယ်လို့ ဂေါတင်ဂန်တက္ကသိုလ်၊ ဘူမိဓာတုဗေဒဌာနမှ ပါမောက္ခတစ်ဦးက ရှင်းပြ ပါတယ်။
ယခု တွေ့ရှိချက်အရ ကမ္ဘာ့အတွင်းလွှာဟာ အရင်က ယူဆထားသလို လုံးဝတစ်သီးတစ်ခြား မဟုတ်ဘူးဆိုတာ ကို ပြသနေကြောင်း၊ အပူချိန်အလွန်မြင့်မားပြီး ကုဗကီလိုမီတာသန်းပေါင်းများစွာထုထည်ရှိတဲ့ ကျောက်လွှာ ပစ္စည်းတွေဟာ အပြင်လွှာနဲ့ ကြားလွှာကြားစပ်ကနေ အန်ထွက်လာပြီး ဟာဝိုင်အီလို ကျွန်းမျိုးတွေ ဖြစ်ပေါ်လာ ကြောင်းကိုပါ သက်သေပြနိုင်တယ်လို့ အဆိုပါဌာနမှ အခြားပါမောက္ခတစ်ဦးက ဖြည့်စွက်ပြောပြပါတယ်။
ရာသီဥတုများ ဖောက်ပြန်တဲ့အထိ ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ချဖို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ သစ်များ အပါအဝင် လူသားတို့ရဲ့ ဆီမီးကွန်ဒတ်တာပစ္စည်းများအတွက် အရေးကြီးတဲ့ ရွှေနဲ့ အခြား ရှားပါး သတ္တုအချို့ဟာ ကမ္ဘာ့အတွင်းလွှာမှ အန်ထွက်လာနိုင်ကြောင်း ယခု သုတေသနက ညွှန်းဆိုနေပါတယ်။
.
မီးတောင်ပေါက်ကွဲခြင်းနဲ့ ငလျင်လှုပ်ခြင်းဟာ ကမ္ဘာ့မြေအောက် အတွင်းလွှာများ တွန်းကန်လှုပ်ရှားရာမှ ဖြစ် ပေါ်လာတဲ့ သဘာဝဘေးဆိုးကြီးများဖြစ်ကြပါတယ်။ ငလျင်လှုပ်ခြင်းကြောင့် အဓိကအားဖြင့် လူသားတို့ရဲ့ အ သက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး ခြိမ်းခြောက်ရာရောက်ရှိပေမယ့် တိုက်ရိုက်သော်၎င်း သွယ်ဝှိုက်၍သော်လည်း အကျိုးပြုတာလည်း ရှိနေပါတယ်။

phys.org
Hawaiian volcanic rocks reveal Earth's core contains vast hidden gold reserves
Earth's largest gold reserves are not kept inside Fort Knox, the United States Bullion Depository. In fact, they are hidden much deeper in the ground than one would expect. More than 99.999% of Earth's ...
(၁) ငလျင်လှုပ်ခြင်းကြောင့် ကမ္ဘာ့အပေါ်ယံ မြေလွှာများ အက်ကွဲပြီး ရွှေ-နီကယ်-ကျောက်မျက်စသဖြင့် အဖိုး တန် ရတနာပစ္စည်းများကို မြေမျက်နှာပြင်အနီး တွန်းပို့သလို ဖြစ်တတ်ပါတယ်။
(၂) ရေနံ- သဘာဝဓါတ်ငွေ့နဲ့ မြေအောက်ရေ အရင်းအမြစ်များ ပေါ်ထွန်းစေပြီး ခြောက်သွေ့တဲ့ဒေသများမှာ မြေအောက် ရေစီးကြောင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အင်းအိုင် ရေကန်အသစ်များ ဖြစ်ပေါ်တတ်ပါတယ်။
(၃) ငလျင်ကြောင့် ဂေဟစနစ်ပြောင်းလဲခြင်းက ဇီဝစုံ မျိုးကွဲများကို ပေါက်ပွားစေပါတယ်။
(၄) ငလျင်ဘေးကြီးကို ရင်ဆိုင်ရပြီးနောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာတတ်ပါတယ်။
(၅) ငလျင်ဒဏ်ခံအဆောက်အအုံများ/ဆည်များ တည်ဆောက်ဖို့ အင်ဂျင်နီယာနည်းပညာများ တိုးတက်လာ တတ်ပါတယ်။
ဒါပေမယ့် ငလျင်ကြောင့် တိုက်ရိုက် ဆိုးကျိုးတွေ များပြားလေ့ရှိပြီး သွယ်ဝှိုက်အကျိုးပြုတာမျိုးတွေသာ အများ ဆုံး ဖြစ်တတ်တာကို သတိပြုရပါလိမ့်မယ်။ သဘာဝဘေးဒဏ်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးကိုသာ အလေးအနက် ထားရှိသင့်ပါတယ်။ သဘာဝဖြစ်စဉ်ကို လေ့လာပြီး အနာဂတ်အတွက် အကျိုးရှိစွာ အသုံးချဖို့ ပြင်ဆင်သင့်ပါတယ်။

(မေ-၂၅၊ ၂၀၂၅) အမျိုးသားရေး Speaker ဆိုသူတစ်ယောက်က
မြေပြင်သတင်းဆိုပြီး ဧရာဝတီတိုင်းနဲ့ ပတ်သက်လို့ အမှားတွေချည့် ပြောနေပါတယ်။
.
တစ်ရက်လည်း မဟုတ် ရက်ဆက် ပြောနေတဲ့အပြင်
လွန်ခဲ့တဲ့ ၃-၄ လခန့်ကတည်းက အမှားတွေ ဆက်တိုက် ပြောနေကြောင်း သတိပြုမိတယ်
.
သူ့အတွက် အလွန် အန္တရာယ်များသလို
ဒေသခံများ တုန်လှုပ်ခြောက်ခြားယုံမက သက်ဆိုင်သူများအတွက် အလွန်နစ်နာပါတယ်။

(မေ-၂၆၊ ၂၀၂၅) လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ဧရာဝတီတိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခမီး ကူးစက်လာခဲ့တယ်
အခု အားလုံးကောင်းသွားပြီ-တည်ငြိမ်အေးချမ်းသွားပြီလို့ မပြောလိုပေမယ့်
စစ်ဘက်လုံခြုံရေး-အရပ်ဖက်အုပ်ချုပ်ရေး ဟန်ချက်ညီညီ ကွက်ပြည့်နင်းနိုင်တဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပါတယ်
သက်ဆိုင်ရာတာဝန်ရှိသူများအတွင်း အကျင့်ပျက်-အဂတိမှု အနည်းဆုံး ဒေသဖြစ်တာအမှန်ပါ
ဒါပေမယ့် ကြိုကြားဆိုသလို ပစ်ခတ်မှု ဖြစ်နေတာက
ဂွ-ငသိုင်းချောင်းလမ်း မြောက်ဘက်၊ ပုသိမ်-မုံရွာလမ်းမကြီး အနောက်ဖက် ရိုးမတောင်ခြေအနီး သစ်ဝါးခုတ်၊ မီးသွေးဖုတ် ကျေးရွာလေးများအနီးမှာ ဖြစ်ပါတယ်။
ဗေဒါဂိတ်နဲ့ ၃၄၄ ကာကင်းတွေ ကျဆုံးဖို့ ဝေးလို့ အနားတောင် မကပ်နိုင်ပါ။
လုံခြုံရေးလှုပ်ရှားစဉ် ခပ်လှမ်းလှမ်းက ပစ်ပြေးလုပ်လို့ ထိခိုက် ကျဆုံးမှုတော့ ရှိခဲ့ပါတယ်။
ဒါပေမယ့် အမှန်တကယ် ထိတွေ့မှု တိုက်ပွဲဆိုတာထက်
ကောလဟလတွေကြောင့် ဒေသခံတွေခမျာ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရ
နွေစပါးပေါ်ချိန် ဈေးမရလို့ အခက်တွေ့၊
လှူဖို့တန်းဖို့ ဝေးလို့ မိုးစပါး စိုက်ပျိုးစရိတ်အတွက် ဘယ်လို လုပ်ရမှန်း မသိ ဖြစ်ကြရ
ခုဆို လာမယ့် ကျောင်းဖွင့်အမီ ကလေးတွေ ကျောင်းအပ်နှံဖို့
အစွန်အဖျား ကျေးရွာတွေမှာ အခက်တွေ့ကြရ
တာဝန်ယူ တာဝန်ခံမှု မပြုရတိုင်း အထိန်းအကွပ်မဲ့ ပြောချင်သလို ပြောခြင်းဟာ
ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအတွက် ဘာတစ်ခုမှ အကျိုး မရှိပါ။
.
သတင်းရင်းမြစ်ဟာ ဘယ်လောက် ယုံကြည်စိတ်ချရလဲ၊
အခြား သတင်းရင်းမြစ်တွေရဲ့ ထင်မြင်ချက်က ဘယ်လို ရှိသလဲ။
သတင်းတစ်ပုဒ်ဟာ တရားမဝင် စီးပွားရေးသမားနဲ့ မသမာသူများက
သူတို့ လိုချင်သလို ကုလားဖန်ထိုးဖို့ မိမိကို လူမိုက်ငှားနေသလား ဆင်ခြင်သင့်ပါတယ်။

မေ၂၈၊ ၂ဝ၂၅
အမြဲတက်ကြွနေတဲ့ ဧရာဝတီတိုင်းသား ပြည်သူ့စစ်မှုထမ်း စနိုက်ပါသမားလေး
ပညာအရည်အချင်းရှိ
ကိုယ်တိုင်ဆန္ဒပြုသူကို
အဆင့်မြင့် သင်တန်းပေးပါတယ်
ကွန်မန်ဒို လှုပ်ရှားစစ်ကြောင်းတွေမှာတောင် လိုက်ပါသူ ရှိကြောင်း
အဖေအမေလည်း လစဉ် ကန်တော့နိုင်လို့ အမြဲတန်း စစ်မှု့ထမ်းဖို့ ဆန္ဒပြုကြကြောင်းသိရပါတယ်
ဒီလို လူငယ်လေးတွေ ရှိနေသရွေ့
ဧရာဝတီတိုင်းဆိုတာ အမြဲတန်း အေးဆေးပါ

မေ ၂၈၊ ၂၀၂၅
မန်ယူလို နိုင်ငံတကာအဆင့်အသင်းမျိုးကို
အနိုင်ဂိုးသွင်းသွားနိုင်သူက
မြန်မာ့ဘောလုံးလက်ရွေးစင် ကိုယ်စားပြု မောင်မောင်လွင်ဖြစ်နေလို့
အရမ်းဝမ်းသာ အရမ်းဂုဏ်ယူမိတယ်

(မေ-၂၉၊ ၂၀၂၅) မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ “မန်ယူ-အာဆီယံအော်လ်စတားဘောလုံးပွဲ” ဟာ
ပရီးမီးယားလိဂ် ကမ္ဘာအဆင့် ဘောလုံးအသင်းကို အာဆီယံတိုင်းပြည်အားလုံးက ယှဉ်ပြိုင်ရသလိုမျိုးပါ၊
မန်ယူကို တစ်ဂိုးတည်းနဲ့ အနိုင်ရလိုက်ထာ မြန်မာဘောလုံးလက်ရွေးစင်ကိုယ်စားပြု
မောင်မောင်လွင် ဖြစ်နေခြင်းအတွက် အလွန်အားရမိတယ်
မြန်မာဆိုတာ ရေကြီး ငလျင်လှုပ် သဘာ၀ ကပ်ဘေးသင့်နေတုန်း
နိုင်ငံသား အချင်းချင်း ဿတ်နေကြတဲ့ တိုင်းပြည်အဖြစ် ကမ္ဘာက သိနေကြပါတယ်
နိုင်ငံအချို့ဆိုရင်
မြန်မာကို သွားရောက်လည်ပတ်ရန် မသင့်လျော်တဲ့တိုင်းပြည်အဖြစ် သတ်မှတ်ထားကြတယ်
ဒါပေမယ့် အဲ့ဒီလို ကာလကြီးထဲ မြန်မာတွေရဲ့အရည်အချင်းနဲ့
အခက်အခဲများကို မြန်မာတွေ အကောင်းဆုံး ကြိုးစားရုန်းကန်ဖြေရှင်းနေကြောင်း
မောင်မောင်လွင်က ပြသနိုင်ခဲ့တယ်
မောင်မောင်လွင်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုသင့်ပါတယ်
.
#OungMarine