အရာရှိများ ပါဝင် ခြင်း ရှိ-မရှိ မသိရှိရပါဘူး
တစ်ခါ အဲ့ဒါ အရေးပေါ် စစ်သုံးသဘောမျိုး “စင်္ကြံ ” Corridor မဟုတ်ပဲ ကူညီထောက်ပံ့ရေး “လမ်းကြောင်း” Passage သာ ဖြစ်တယ်လို့ ယူနွတ်အစိုးရက ပြောဆိုပြန်ပါတယ်။ အငြိမ်းစားတပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်တစ်ဦးဖြစ်သူ အေအမ်အင်န် မူနီရူဇ် ဇမန်ကတော့ “စင်္ကြံ ” ပဲပြောပြော “လမ်းကြောင်း” ပဲဆိုဆို အခြေခံ အားဖြင့် အဓိပ္ပါယ် အတူတူဖြစ်ကြောင်း၊ ယူနွတ်အစိုးရဟာ အပျက်သဘောဆောင်တယ်လို့ မှတ်ယူကြတဲ့ စင်္ကြံလမ်း ဝေါဟာရကို ရှောင်ရှားရန် စကားလုံးအမျိုးမျိုးနဲ့ ကုလားဖန်ထိုးနေပေမယ့် နှစ်ခုစလုံးဟာ အလားတူ အန္တရာယ်များ ရှိနေတယ်လို့ မှတ်ချက်ပေးပါတယ်။
.
ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ယူနွတ်အစိုးရတို့အကြား မကြေမလည်ဖြစ်ရပြီးနောက် ယူနွတ်ကိုယ်တိုင် ရာထူးမှ နှုတ် ထွက်တော့မှာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။ ဒါပေမယ့် (ရှိတ်ဟာစီနာကို ပြုတ်ကျစေခဲ့တဲ့ဲ့ လူထုအုံကြွမှုမှာ အဓိကပါဝင်ခဲ့ပြီး) ယခု ယူနွတ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဆင့်ရှိသူ ပုဂ္ဂိုလ်သုံးဦးတို့က ကြာသပ တေးနေ့မှာ ယူနွတ်နဲ့တွေ့ဆုံပြီး နုှတ်ထွက်ခြင်း မပြုရန် ဖြောင့်ဖျခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ ယူနွတ်နှုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သူတို့အထဲက တစ်ယောက်က ပြောပေမယ့် ယူနွတ်ဆက်ရှိ နေမှာဖြစ် ကြောင်း သူ့လက်ထောက်က သောကြာနေ့မှာ ပြောပါတယ်။
.
#HtayOung #OungMarine

(မေ-၂၅၊ ၂၀၂၅) မြန်မာ ပန်းကနုတ်ကို အရှေ့တောင်အာရှ တိုင်းပြည်အချို့က ဖော့ပန်းပုအဖြစ် ခိုးယူနေကြပါတယ်
ခုခေတ် လူငယ်အချိ့က "ယိုးဒယား ပန်းခက်" လို့ အလွယ် ခေါ်ဝေါ်နေကြပေမယ့်
မြေမှ စုန့်ထွက်လာဟန် အဆောက်အအုံများ၊ ပန်းနွယ် ပန်းညွှန့်များကို တင်စားဖော်ကျူးတဲ့
မြန်မာ့ရိုးရာ ပန်းကနုတ်လက်ရာမျိုး ဘယ်တိုင်းပြည်မှာမျှ မရှိပါ
ကမ္ဘာ့ ဘယ် ကနုတ်အနုပညာအမျိုးအစားနဲ့မှ မတူပါ
မြင်တာနဲ့ တန်းသိအောင် ထူးခြားဂုဏ်အပြည့်ရှိပါတယ်
အခြေခံနဲ့ နည်းစနစ်တကျရေးဆွဲရတာဖြစ်ပြီး လိမ်ညာရေးဆွဲရင် သိသာပါတယ်။
မြန်မာ ဘိုးဘေးတို့ရဲ့ ရှေးဟောင်း မြို့ကြီးများ၊ ရိုးရာ သနပ်ခါး- လဖက် နဲ့အတာသင်္ကြန်လို ဒြပ်မဲ့ ယဉ်ကျေးမှုများကို စနစ်တကျ ကာကွယ်ခဲ့သလိုပဲ
မြန်မာ့ရိုးရာ ပန်းကနုတ်ပညာကို ကာကွယ်ကြပါ ဗျိုး
.
သက်ဆိုင်သူများ သိရှိအောင်
မြန်မာ့ဓလေ့ကို အလေးထားမြတ်နိုးသူတိုင်း ဝိုင်းရှယ်ခြင်းဖြင့် ကာကွယ်ကူညီကြပါ

(မေ-၂၅၊ ၂၀၂၅) မြန်မာ ရှေးဟောင်း အဆောက်အအုံများ ဘုန်းတော်ကြီးကျောင်းများ
စေတီ ပုထိုးများမှ မြန်မာ့ရိုးရာ ပန်းကနုတ်လက်ရာများကို
မြန်မာရိုးရာ ဒီဇိုင်းပညာရှင် ပန်းချီဆရာကြီး ဦးအေးမြင့်က
အသေးစိတ် ပုံများနဲ့တကွ ရှာဖွေ စုဆောင်း မှတ်ချက်ရေးသားပြီး
ဆရာကြီး မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့တကွ
ဂျပန် ဖောင်ဒေးရှင်းတစ်ခုက ကမ္ဘာသိ စာအုပ် ထုတ်ဝေဖူးပါတယ်။
အခြားတိုင်းပြည်များရဲ့ ခိုးယူခြင်းခံနေရတဲ့ မြန်မာ့ရိုးရာ ပန်းကနုတ်ပညာကို ကာကွယ်ကြပါ ဗျိုး
.
သက်ဆိုင်သူများ သိရှိအောင်
မြန်မာ့ဓလေ့ကို အလေးထားမြတ်နိုးသူတိုင်း ဝိုင်းရှယ်ခြင်းဖြင့် ကာကွယ်ကူညီကြပါ
.
#HtayOung #OungMarine
စေတီ ပုထိုးများမှ မြန်မာ့ရိုးရာ ပန်းကနုတ်လက်ရာများကို
မြန်မာရိုးရာ ဒီဇိုင်းပညာရှင် ပန်းချီဆရာကြီး ဦးအေးမြင့်က
အသေးစိတ် ပုံများနဲ့တကွ ရှာဖွေ စုဆောင်း မှတ်ချက်ရေးသားပြီး
ဆရာကြီး မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့တကွ
ဂျပန် ဖောင်ဒေးရှင်းတစ်ခုက ကမ္ဘာသိ စာအုပ် ထုတ်ဝေဖူးပါတယ်။
အခြားတိုင်းပြည်များရဲ့ ခိုးယူခြင်းခံနေရတဲ့ မြန်မာ့ရိုးရာ ပန်းကနုတ်ပညာကို ကာကွယ်ကြပါ ဗျိုး
.
သက်ဆိုင်သူများ သိရှိအောင်
မြန်မာ့ဓလေ့ကို အလေးထားမြတ်နိုးသူတိုင်း ဝိုင်းရှယ်ခြင်းဖြင့် ကာကွယ်ကူညီကြပါ
.
#HtayOung #OungMarine
(မေ-၂၅၊ ၂၀၂၅) ဒီနေ့ မဇ္ဈိမ (မြန်မာပိုင်း) မှာ “ ဗူးလေးရာ ဖရုံဆင့်၊ ရခိုင်ပြည်နယ် စစ်မှုထမ်း အကြပ်ရိုက်နေ ကြသူများ” သတင်းဆောင်းပါးကို ဖတ်ရပါတယ်။
.
မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း အသက် ၁၈-နှစ် ပြည့်သူတိုင်း စစ်မှု မထမ်းမနေရ အမိန့်ထုတ်ခဲ့တဲ့ AA ဟာ ခုနောက်ပိုင်း ရခိုင်ပြည်နယ် ပြင်ပကို မည်သူမျှ မထွက်ရ အမိန့်ထုတ်လာပြန်ပါတယ်။ ဒါပေမယ့် AA မှာ စစ်မှုထမ်းလိုသူများ ရှိနေသလို မထမ်းလိုတဲ့အတွက် ပြည်မကို ထွက်ပြေးသူ ရာထောင်ချီ ရှိနေပါတယ်။ ယခင် စကားကုန် ပြောထားမိကြသူများဖြစ်လို့ သူတို့ရဲ့ ပြည်မကြီး အဝင်လမ်းခရီးဟာ အလွန်ခက်ခဲကြမ်းတမ်း မှာ သေချာပါတယ်။
AA ဟာ ရခိုင်ပြည်နယ်မှာ မြို့နယ် ၃ ခုပဲ ကျန်တဲ့အထိ မဆင်မခြင် သိမ်းမိထားတယ်။
ဒါပေမယ့် အဲ့ဒီ မြို့ရွာ တပ်စခန်း ဌာနချုပ်တွေကို ရဖို့ တပ်မတော်ဘက်က တစ်ထောင်ကျဆုံးတာနဲ့ AA တစ် ထောင် ကျဆုံးတာ မတူညီပါ။ ရခိုင်ဟာ မူလတည်းက လူဦးရေအချိုးအစား အနည်းဆုံး လူမျိုးစုပါ။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ တိုက်ပွဲများ ဖြစ်ပွားရာမှာ ရခိုင်အရွယ်ကောင်း ကျားမ လူငယ်အတော် များများ ကျဆုံးခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
တစ်ခါ သိမ်းပြီးတဲ့ မြို့တွေကို စိုးမိုးထားဖို့နဲ့ တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းယူ မခံရအောင် ဝင်လမ်း ထွက်လမ်းတွေမှာ တိုက်ကွက် ဖော်ဖို့ အင်အား ထပ်မံ လိုအပ်လာပြန်ပါတယ်
အဲ့ဒါကြောင့် AA ဟာ စစ်ကို တိုက်ခြင်း မဟုတ်၊ စစ်က AA ကို တိုက်ခိုင်းနေခြင်းဖြစ်တယ်လို့ ပြောရခြင်းပါ။
လူမျိုးစု ဦးရေ အလွန်နည်းတဲ့ ရခိုင်ပြည်နယ်မှာ သားသမီးမွေးင်္ဖွားနှုန်း အလွန်မြင့်မားသူများနဲ့ ယှဉ်တွဲနေထိုင် ရခြင်းကလည်း စိန်ခေါ်မှု တစ်ရပ်ပါ။
မူလတည်းက လူမျိုးကို အခြေခံပြီး ကွန်ဖက်ဒရေးရှင်း တည်ဆောက်မယ်ဆိုတဲ့
တွန်းမရနိုင်ရဲ့ ရက္ခိတလမ်း စဉ်ဟာ အလွန်အကွျှံအစွန်းရောက် အမျိုးသားရေးဝါဒပါ။
စစ်ရေးနဲ့ အကြမ်းဖက်မှုများ ထပ်ဆောင်းနဲ့အခါ တကယ့် ဖက်ဆစ်ဝါဒအပီအပြင် ဖြစ်သွားပါတယ်
ဒုတိယကမ္ဘာစစ်ဝန်းကျင် စပိန် အီတလီ ဂျာမနီ ဂျပန်နိုင်ငံတို့မှာ ထွန်းကားခဲ့ လူမျိုးကြီး အမျိုးသားနိုင်ငံတော် ဆိုတာ နာဇီဝါဒ ဖက်ဆစ်ဝါဒဖြစ်ကြောင်း
တွန်းမရနိုင်ရဲ့ စကားကို မဆင်မခြင် အလွန်အကျွံပြောခြင်း၊ ထေ့သလိုလို ရိသလို ရန်စတတ်ခြင်းအပါအဝင်
AA ရဲ့ လုပ်ရပ်တွေဟာ ဟစ်တလာလို အဲ့ဒီနိုင်ငံခေါင်းဆောင်တွေနဲ့ တထေရယတည်း တူညီနေကြောင်း သတိပြုမိကြမှာပါ
လောက ဓမ္မတာအတိုင်း အဲ့ဒီ ဝါဒီတွေ နိဂုံးချုပ်သလိုပဲ AA ဟာ မကြာမီ အဆုံးသတ်ရတော့မယ်

(မေ-၂၅၊ ၂၀၂၅) ဟာဝိုင်အီကျွန်း ပေါက်ကွဲ မီးတောင်က ကမ္ဘာ့အတွင်းပိုင်းမှ ရွှေသိုက်ကြီးများကို အန်ထုတ် နေပါသလား၊ ငလျင်ကြီးလှုပ်ခြင်း မီးတောင်ပေါက်ကွဲခြင်း၏ လူသားတို့အတွက် ကောင်းကျိုး
===
ကမ္ဘာ့ အကြီးဆုံးရွှေသတ္တု အစုအဝေးဟာ အမေရိကန်နိုင်ငံ ဖို့တ်နော့ခ်သိုလှောင်ရုံကြီးထဲမှာ တည်ရှိနေတာ မ ဟုတ်ပါဘူး၊ ကင်တပ်ကီပြည်နယ်အတွင်းမှာ တည်ရှိတဲ့ အဲ့ဒီမြို့ကလေးဟာ အမေရိကန် စစ်တပ်အရာရှိ စစ် သည်များ၊ မှီခိုသူ မိသားစုဝင်များ၊ စစ်တပ်က ငှားရမ်းထားတဲ့ အရပ်သားဝန်ထမ်းများပါ ထည့်တွက်ရင် စုစုပေါင်း လူဦးရေ တစ်သောင်းနှစ်ထောင်ကျော်သာ နေထိုင်ပါတယ်။ အမေရိကန်တော်လှန်ရေးကာလ ပထမဆုံး စစ် ဝန်ကြီး- အမြောက်တပ်မှူး ဟင်နရီနော့ခ်ရဲ့ အမည်ကို ဂုဏ်ပြူမှည့်ခေါ်ထားတဲ့ အဲ့ဒီတပ်မြို့လေးဟာ အမေရိ ကန်နိုင်ငံ ချမ်းသာသမျှ ရွှေသတ္တုတန်ချိန် ထက်ဝက် မက်ထရစ်တန် ၄၆၀၀ ခန့်ကို သိမ်းဆည်းထားတဲ့အတွက် အခြားနိုင်ငံတကာ တိုင်းပြည်များနဲ့ ယှဉ်လျှင် ကမ္ဘာ့ရွှေသတ္တု အများဆုံး စုဝေးရာ လို့ဆိုနိုင်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့ရွှေ အများဆုံး တည်ရှိရာနေရာဟာ အဲ့ဒီတပ်မြို့လေးမှာ မဟုတ်ပဲ ကမ္ဘာ့မြေထုအလွန်နက်ရှိုင်းတဲ့နေရာ မှာ စုပုံနေကြောင်း Phys.org (22 May 2025) က ရေးပါတယ်။
ကမ္ဘာ့ရွှေနဲ့ အခြားအဖိုးတန်သတ္တုများရဲ့ ၉၉.၉၉၉% ကျော်ဟာ မြေအောက် ၁၉၀၀ မိုင်ခန့်အနက် အလွန်မာ ကျောတဲ့ ကျောက်ချပ်လွှာအောက်မှာ တည်ရှိနေပါတယ်။ ကမ္ဘာ့ရဲ့ “အနှစ်ပိုင်း” သဖွယ် တည်ရှိနေပြီး လူသား တွေ လက်လှမ်းမမီနိုင်တဲ့ ဗဟိုအတွင်းပိုင်း သတ္တုရည်အတွင်း စုဝေးလှုပ်ရှားနေပါတယ်။ ခုတော့ ရူသီနီယမ် (ဓါတု သင်္ကေတ Ru) အဖိုးတန်သတ္တုရဲ့ အစအနများကို ဟာဝိုင်အီကျွန်း မီးတောင်ကျောက်များအတွင်း တွေ့ ရှိနေရ ပြီး၊ အဲ့ဒါတွေဟာ ကမ္ဘာ့ကြီးရဲ့ အလည်အူတိုင်နေရာမှ မြေမျက်နှာပြင်ပေါ် ရောက်ရှိလာခြင်းဖြစ်ကြောင်း ဂျာမနီ နိုင်ငံ ဂေါတင်ဂန်တက္ကသိုလ် သုတေသီများက သူတို့ရဲ့တွေ့ရှိချက်ကို Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါ တယ်။
ကမ္ဘာကြီးဟာ ထိပ်နှစ်ဖက် အနည်းငယ်ပြားပြီး ခါးလည်မှာ အနည်းငယ်ဖောင်းနေတဲ့ စက်လုံးပုံသဏ္ဍာန်ဖြစ်ပါ တယ်။ (၁) “အတွင်းအူတိုင်” ဟာ အပူချိန် ၅၀၀ဝံ C အထိ ရှိပေမယ့် ဖိအားအလွန်မြင့်မားတဲ့အတွက် သံနဲ့ နီ ကယ်တို့ အရည်မပျော်ပဲ မာခဲနေပါတယ်။ (၂) အဲ့ဒီရဲ့ အပေါ် မှာ “အပြင်လွှာ” က ဖုံးအုပ်ထားပြီး အရည်ပျော် နေတဲ့ သံနဲ့ နီကယ်တို့ ဖြစ်ပါတယ်။ (၃) အဲ့ဒီရဲ့ အပေါ်မှာ ကျောက်ပျော့လွှာ ( ဘူမိဗေဒအခေါ် “ ကမ္ဘာ့ကြား လွှာ”) ဟာ မီးတောင်ချော်ရည်တို့ရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (၄) အပေါ်ဆုံးမှာ ပါးလွှာတဲ့ ကျောက်ချပ်လွှာက သစ်သီးတစ်လုံးရဲ့ အခွံသဖွယ် တည်ရှိနေပြီး လူသားတို့ အိုး အိမ်ထူထောင်နေထိုင်ရာ အလွှာဖြစ်ပါတယ်။
တတိယမြောက် ကမ္ဘာ့ကြားလွှာနဲ့ နုှိုင်းယှဉ်လျှင် ဒုတိယမြောက် အပြင်လွှာမှာ 100 Ru ရူသီနီယမ်အိုင် ဆို တုပ် ပါဝင်မှုပမာဏ အနည်းငယ် ပိုမိုမြင့်မားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄.၅ ဘီလီယံခန့်က ကမ္ဘာမြေ စတင်ဖွဲ့တည်စဉ် ရွှေနဲ့ အခြားအဖိုးတန်သတ္တုအရောအနှောများ ပိတ်မိသွားလိူ့ ဖြစ် ပါတယ်။ အရင်တုန်းကတော့ အဲ့ဒီ 100Ru ပါဝင်မှုကို ခွဲခြားသိရှိရန် မဖြစ်နိုင်ခဲ့ပေမယ့် ဂေါတင်ဂန်တက္ကသိုလ် သုတေသီများက နည်းပညာအသစ်များ အသုံးပြုပြီး တိုင်းတာနိုင်လို့ ဖြစ်ပါတယ်။
ဟာဝိုင်ယီ မီးတောင်ကျောက်များမှာ တွေ့ရှိရတဲ့ 100Ru ပါဝင်မှု အလွန်မြင့်မားနေခြင်းဟာ အဲဒီ ချော်ရည် တွေ ကို ဒုတိယနဲ့ တတိယမြောက်အလွှာ စပ်ကြားမှ အန်ထုတ်လိုက်ခြင်း ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ကန ဦး တွေ့ရှိချက်ဟာ သုတေသီများအနေနဲ့ ဧရာမ ရွှေကြောကြီးကို တူးမိသလို ဖြစ်သွားကြောင်း၊ ကမ္ဘာ့အူ တိုင် နဲ့ ကပ်ရက်အလွှာမှ ရွှေနဲ့ အခြားအဖိုးတန်သတ္တုတွေဟာ တတိယမြောက် ကမ္ဘာ့ကြားလွှာအတွင်း ယိုစိမ့်နေ ကြောင်း အတည်ပြုပေးနေတယ်လို့ ဂေါတင်ဂန်တက္ကသိုလ်၊ ဘူမိဓာတုဗေဒဌာနမှ ပါမောက္ခတစ်ဦးက ရှင်းပြ ပါတယ်။
ယခု တွေ့ရှိချက်အရ ကမ္ဘာ့အတွင်းလွှာဟာ အရင်က ယူဆထားသလို လုံးဝတစ်သီးတစ်ခြား မဟုတ်ဘူးဆိုတာ ကို ပြသနေကြောင်း၊ အပူချိန်အလွန်မြင့်မားပြီး ကုဗကီလိုမီတာသန်းပေါင်းများစွာထုထည်ရှိတဲ့ ကျောက်လွှာ ပစ္စည်းတွေဟာ အပြင်လွှာနဲ့ ကြားလွှာကြားစပ်ကနေ အန်ထွက်လာပြီး ဟာဝိုင်အီလို ကျွန်းမျိုးတွေ ဖြစ်ပေါ်လာ ကြောင်းကိုပါ သက်သေပြနိုင်တယ်လို့ အဆိုပါဌာနမှ အခြားပါမောက္ခတစ်ဦးက ဖြည့်စွက်ပြောပြပါတယ်။
ရာသီဥတုများ ဖောက်ပြန်တဲ့အထိ ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ချဖို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ သစ်များ အပါအဝင် လူသားတို့ရဲ့ ဆီမီးကွန်ဒတ်တာပစ္စည်းများအတွက် အရေးကြီးတဲ့ ရွှေနဲ့ အခြား ရှားပါး သတ္တုအချို့ဟာ ကမ္ဘာ့အတွင်းလွှာမှ အန်ထွက်လာနိုင်ကြောင်း ယခု သုတေသနက ညွှန်းဆိုနေပါတယ်။
.
မီးတောင်ပေါက်ကွဲခြင်းနဲ့ ငလျင်လှုပ်ခြင်းဟာ ကမ္ဘာ့မြေအောက် အတွင်းလွှာများ တွန်းကန်လှုပ်ရှားရာမှ ဖြစ် ပေါ်လာတဲ့ သဘာဝဘေးဆိုးကြီးများဖြစ်ကြပါတယ်။ ငလျင်လှုပ်ခြင်းကြောင့် အဓိကအားဖြင့် လူသားတို့ရဲ့ အ သက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး ခြိမ်းခြောက်ရာရောက်ရှိပေမယ့် တိုက်ရိုက်သော်၎င်း သွယ်ဝှိုက်၍သော်လည်း အကျိုးပြုတာလည်း ရှိနေပါတယ်။

phys.org
Hawaiian volcanic rocks reveal Earth's core contains vast hidden gold reserves
Earth's largest gold reserves are not kept inside Fort Knox, the United States Bullion Depository. In fact, they are hidden much deeper in the ground than one would expect. More than 99.999% of Earth's ...
(၁) ငလျင်လှုပ်ခြင်းကြောင့် ကမ္ဘာ့အပေါ်ယံ မြေလွှာများ အက်ကွဲပြီး ရွှေ-နီကယ်-ကျောက်မျက်စသဖြင့် အဖိုး တန် ရတနာပစ္စည်းများကို မြေမျက်နှာပြင်အနီး တွန်းပို့သလို ဖြစ်တတ်ပါတယ်။
(၂) ရေနံ- သဘာဝဓါတ်ငွေ့နဲ့ မြေအောက်ရေ အရင်းအမြစ်များ ပေါ်ထွန်းစေပြီး ခြောက်သွေ့တဲ့ဒေသများမှာ မြေအောက် ရေစီးကြောင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အင်းအိုင် ရေကန်အသစ်များ ဖြစ်ပေါ်တတ်ပါတယ်။
(၃) ငလျင်ကြောင့် ဂေဟစနစ်ပြောင်းလဲခြင်းက ဇီဝစုံ မျိုးကွဲများကို ပေါက်ပွားစေပါတယ်။
(၄) ငလျင်ဘေးကြီးကို ရင်ဆိုင်ရပြီးနောက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာတတ်ပါတယ်။
(၅) ငလျင်ဒဏ်ခံအဆောက်အအုံများ/ဆည်များ တည်ဆောက်ဖို့ အင်ဂျင်နီယာနည်းပညာများ တိုးတက်လာ တတ်ပါတယ်။
ဒါပေမယ့် ငလျင်ကြောင့် တိုက်ရိုက် ဆိုးကျိုးတွေ များပြားလေ့ရှိပြီး သွယ်ဝှိုက်အကျိုးပြုတာမျိုးတွေသာ အများ ဆုံး ဖြစ်တတ်တာကို သတိပြုရပါလိမ့်မယ်။ သဘာဝဘေးဒဏ်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးကိုသာ အလေးအနက် ထားရှိသင့်ပါတယ်။ သဘာဝဖြစ်စဉ်ကို လေ့လာပြီး အနာဂတ်အတွက် အကျိုးရှိစွာ အသုံးချဖို့ ပြင်ဆင်သင့်ပါတယ်။
..

(မေ-၂၅၊ ၂၀၂၅) အမျိုးသားရေး Speaker ဆိုသူတစ်ယောက်က
မြေပြင်သတင်းဆိုပြီး ဧရာဝတီတိုင်းနဲ့ ပတ်သက်လို့ အမှားတွေချည့် ပြောနေပါတယ်။
.
တစ်ရက်လည်း မဟုတ် ရက်ဆက် ပြောနေတဲ့အပြင်
လွန်ခဲ့တဲ့ ၃-၄ လခန့်ကတည်းက အမှားတွေ ဆက်တိုက် ပြောနေကြောင်း သတိပြုမိတယ်
.
သူ့အတွက် အလွန် အန္တရာယ်များသလို
ဒေသခံများ တုန်လှုပ်ခြောက်ခြားယုံမက သက်ဆိုင်သူများအတွက် အလွန်နစ်နာပါတယ်။

(မေ-၂၆၊ ၂၀၂၅) လွန်ခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ဧရာဝတီတိုင်းအတွင်း လက်နက်ကိုင်ပဋိပက္ခမီး ကူးစက်လာခဲ့တယ်
အခု အားလုံးကောင်းသွားပြီ-တည်ငြိမ်အေးချမ်းသွားပြီလို့ မပြောလိုပေမယ့်
စစ်ဘက်လုံခြုံရေး-အရပ်ဖက်အုပ်ချုပ်ရေး ဟန်ချက်ညီညီ ကွက်ပြည့်နင်းနိုင်တဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်ပါတယ်
သက်ဆိုင်ရာတာဝန်ရှိသူများအတွင်း အကျင့်ပျက်-အဂတိမှု အနည်းဆုံး ဒေသဖြစ်တာအမှန်ပါ
ဒါပေမယ့် ကြိုကြားဆိုသလို ပစ်ခတ်မှု ဖြစ်နေတာက
ဂွ-ငသိုင်းချောင်းလမ်း မြောက်ဘက်၊ ပုသိမ်-မုံရွာလမ်းမကြီး အနောက်ဖက် ရိုးမတောင်ခြေအနီး သစ်ဝါးခုတ်၊ မီးသွေးဖုတ် ကျေးရွာလေးများအနီးမှာ ဖြစ်ပါတယ်။
ဗေဒါဂိတ်နဲ့ ၃၄၄ ကာကင်းတွေ ကျဆုံးဖို့ ဝေးလို့ အနားတောင် မကပ်နိုင်ပါ။
လုံခြုံရေးလှုပ်ရှားစဉ် ခပ်လှမ်းလှမ်းက ပစ်ပြေးလုပ်လို့ ထိခိုက် ကျဆုံးမှုတော့ ရှိခဲ့ပါတယ်။
ဒါပေမယ့် အမှန်တကယ် ထိတွေ့မှု တိုက်ပွဲဆိုတာထက်
ကောလဟလတွေကြောင့် ဒေသခံတွေခမျာ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရ
နွေစပါးပေါ်ချိန် ဈေးမရလို့ အခက်တွေ့၊
လှူဖို့တန်းဖို့ ဝေးလို့ မိုးစပါး စိုက်ပျိုးစရိတ်အတွက် ဘယ်လို လုပ်ရမှန်း မသိ ဖြစ်ကြရ
ခုဆို လာမယ့် ကျောင်းဖွင့်အမီ ကလေးတွေ ကျောင်းအပ်နှံဖို့
အစွန်အဖျား ကျေးရွာတွေမှာ အခက်တွေ့ကြရ
တာဝန်ယူ တာဝန်ခံမှု မပြုရတိုင်း အထိန်းအကွပ်မဲ့ ပြောချင်သလို ပြောခြင်းဟာ
ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးအတွက် ဘာတစ်ခုမှ အကျိုး မရှိပါ။
.
သတင်းရင်းမြစ်ဟာ ဘယ်လောက် ယုံကြည်စိတ်ချရလဲ၊
အခြား သတင်းရင်းမြစ်တွေရဲ့ ထင်မြင်ချက်က ဘယ်လို ရှိသလဲ။
သတင်းတစ်ပုဒ်ဟာ တရားမဝင် စီးပွားရေးသမားနဲ့ မသမာသူများက
သူတို့ လိုချင်သလို ကုလားဖန်ထိုးဖို့ မိမိကို လူမိုက်ငှားနေသလား ဆင်ခြင်သင့်ပါတယ်။

မေ၂၈၊ ၂ဝ၂၅
အမြဲတက်ကြွနေတဲ့ ဧရာဝတီတိုင်းသား ပြည်သူ့စစ်မှုထမ်း စနိုက်ပါသမားလေး
ပညာအရည်အချင်းရှိ
ကိုယ်တိုင်ဆန္ဒပြုသူကို
အဆင့်မြင့် သင်တန်းပေးပါတယ်
ကွန်မန်ဒို လှုပ်ရှားစစ်ကြောင်းတွေမှာတောင် လိုက်ပါသူ ရှိကြောင်း
အဖေအမေလည်း လစဉ် ကန်တော့နိုင်လို့ အမြဲတန်း စစ်မှု့ထမ်းဖို့ ဆန္ဒပြုကြကြောင်းသိရပါတယ်
ဒီလို လူငယ်လေးတွေ ရှိနေသရွေ့
ဧရာဝတီတိုင်းဆိုတာ အမြဲတန်း အေးဆေးပါ

မေ ၂၈၊ ၂၀၂၅
မန်ယူလို နိုင်ငံတကာအဆင့်အသင်းမျိုးကို
အနိုင်ဂိုးသွင်းသွားနိုင်သူက
မြန်မာ့ဘောလုံးလက်ရွေးစင် ကိုယ်စားပြု မောင်မောင်လွင်ဖြစ်နေလို့
အရမ်းဝမ်းသာ အရမ်းဂုဏ်ယူမိတယ်

(မေ-၂၉၊ ၂၀၂၅) မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ “မန်ယူ-အာဆီယံအော်လ်စတားဘောလုံးပွဲ” ဟာ
ပရီးမီးယားလိဂ် ကမ္ဘာအဆင့် ဘောလုံးအသင်းကို အာဆီယံတိုင်းပြည်အားလုံးက ယှဉ်ပြိုင်ရသလိုမျိုးပါ၊
မန်ယူကို တစ်ဂိုးတည်းနဲ့ အနိုင်ရလိုက်ထာ မြန်မာဘောလုံးလက်ရွေးစင်ကိုယ်စားပြု
မောင်မောင်လွင် ဖြစ်နေခြင်းအတွက် အလွန်အားရမိတယ်
မြန်မာဆိုတာ ရေကြီး ငလျင်လှုပ် သဘာ၀ ကပ်ဘေးသင့်နေတုန်း
နိုင်ငံသား အချင်းချင်း ဿတ်နေကြတဲ့ တိုင်းပြည်အဖြစ် ကမ္ဘာက သိနေကြပါတယ်
နိုင်ငံအချို့ဆိုရင်
မြန်မာကို သွားရောက်လည်ပတ်ရန် မသင့်လျော်တဲ့တိုင်းပြည်အဖြစ် သတ်မှတ်ထားကြတယ်
ဒါပေမယ့် အဲ့ဒီလို ကာလကြီးထဲ မြန်မာတွေရဲ့အရည်အချင်းနဲ့
အခက်အခဲများကို မြန်မာတွေ အကောင်းဆုံး ကြိုးစားရုန်းကန်ဖြေရှင်းနေကြောင်း
မောင်မောင်လွင်က ပြသနိုင်ခဲ့တယ်
မောင်မောင်လွင်ကို နိုင်ငံတော်အဆင့် ဂုဏ်ပြုသင့်ပါတယ်
.
#OungMarine

(မေ-၂၉၊ ၂၀၂၅) “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါသည်” တဲ့
၁၉၈၈-ခုနှစ် အာဏာသိမ်း နဝတအစိုးရလက်ထက် ဆောင်ပုဒ်ကြီးဟာ မဆီမဆိုင် လက်ပံသား ဒါးနဲ့ချိုင်သ လား ထင်ရပါတယ်။
.
လွန်ခဲ့တဲ့ နှစ်များက သဲစုငြိမ်းတို့ အလှမယ်ရွေးပွဲဆိုတာ ဒူးပေါ် ပေါင်ပေါ်တွေ ဝါသနာပါတဲ့ ဏှာဗူးစကီး တစ်စု တို့ စတန့်ထွင်ခြင်းသာဖြစ်ပြီး သူတို့လူတစ်စုကိုသာ အကျိုးပြုတဲ့ အလုပ်မျိုးအဖြစ် ကျွန်တော်တို့ မိတ်ဆွေများ အပါအဝင် အတော်များများက မှတ်ချက်ပြုခဲ့ကြတယ်။
သာမန် အရပ်သူ အလှမယ် မိန်းကလေးတစ်ယောက်ကို လူတကာသိ ထင်ပေါ်ကျော်ကြားအောင် တမင် ဖန် တီးပြီး ကုန်ပစ္စည်းကြော်ငြာတွေကအစ ကလေးငယ်တွေ ပညာရေး-ကျန်းမာရေးအဆုံး ကိစ္စတွေမှာ ဂုဏ်ထူး ဆောင် သံတမန်အဖြစ် လှည့်လည်ဟောပြော စည်းရုံးရေး အသုံးချရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်အပြီး ပြာပုံထဲက ရုန်းထစ ဥရောပနိုင်ငံတို့ရဲ့ ဖန်တရာတေ အပ်ကြောင်းထပ်နေတဲ့ နည်းဗျူဟာဖြစ် ကြောင်း နားလည်သူ အလွန်နည်းပါတယ်။ ဒီလိုနည်းနဲ့ တိုင်းပြည်စီးပွားရေး- ပညာရေး-ကျန်းမာရေးကို ဆွဲ တင်နိုင်ကြောင်း သဘောပေါက်သူ အတော် ရှားတယ်။
ကမ္ဘာက မြန်မာကို သိရှိထားကြတာ ရေကြီး ငလျင်လှုပ် သဘာ၀ ကပ်ဘေးဆိုးများ ကျရောက်နေခိုက် နိုင်ငံ သားအချင်းချင်း ဿတ်ပုတ်နေကြတဲ့ တိုင်းပြည်အဖြစ်သာ နားလည်ထားကြတယ်။အချို့နိုင်ငံတွေဆို မြန်မာကို အန္တရာယ် အလွန်များတဲ့ တိုင်းပြည်/ သွားလာလည်ပတ်ရန် မသင့်လျော်တဲ့ တိုင်းပြည်အဖြစ် စာရင်းသွင်း ထားကြပါတယ်။
အဲ့ဒီလို တိုင်းပြည်မျိုးမှာ သဲစုငြိမ်း ပြီးတော့ မြန်မာ့ရိုးရာ သနပ်ခါး ပါးကွက်ကြားကြီးနဲ့ စင်ပေါ်တက်ထိုးတဲ့ ရိုးရာလက်ဝှေ့ကျော် သန့်ဇင်တို့ကို မြင်ရတဲ့အခါ “မြန်မာ ဆိုတာ ဘယ်လိုလူစားတွေပါလိမ့်” လို့ အာရှ တစ်ခွင်မှာ စဉ်းစားစရာ ဖြစ်ရလိမ့်မယ်။
နီပေါနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲဟာ ဒေသတွင်း အားကစားပွဲတစ်ခုမျှသာဖြစ်ပေမယ့် မြန်မာအမျိုးသမီး လက် ရွေးစင်အသင်းက ချန်ပီယံ ဆုဖလားကြီးကို အမိမြေအရောက် သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ အမျိုးသမီးငယ် လေးတွေ တိုင်းသိပြည်သိဖြစ်ဖို့- လူချစ်လူခင်များဖို့ဆိုတာ မော်ဒယ်ဂဲလ်ဖြစ်မှ ရုပ်ရှင်မင်းသမီး အဆိုတော်ဖြစ်မှ မဟုတ်ကြောင်း သက်သေပြသလို ရှိခဲ့တယ်။
ဝင်းသိဂီထွန်း၊ နော်ထက်ထက်ဝေ၊ မေထက်လူတို့ကို အကြောင်းပြုပြီး မြန်မာ ဆယ်ကျော်သက် ဂျင်းဇီ ကျားမ လူငယ်လေးတွေအတော်များများ ဘောလုံးကွင်းထဲ ရောက်ကုန်ကြပါတယ်။ ကျန်းမာ ကြံခိုင်ရေးကို အထောက် အကူပြုတဲ့ အားကစားဆိုတာ ပညာဆည်းပူးနေရင်းလဲ လေ့ကျင့်နိုင်ကြောင်း နားလည်သွားကြပါတယ်။
၂၈ မေ၊ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ “မန်ယူ-အာဆီယံအော်လ်စတားဘောလုံးပွဲ” ဟာ ပရီးမီး ယားလိဂ် ကမ္ဘာအဆင့် ဘောလုံးအသင်းကို အာဆီယံတိုင်းပြည်အားလုံးက စုပေါင်းပြီး ယှဉ်ပြိုင်ရသလို မျိုးပါ၊ အဲ့ဒီပွဲမှာ မန်ယူကို တစ်ဂိုးတည်းနဲ့ အနိုင်ရလိုက်ထာ အထက်မှာ ပြောခဲ့သလို အလဲလဲအပြိုပြို သပွတ်အူလိုက် နေတဲ့ မြန်မာနိုင်ငံက အမျိုးသားဘောလုံးလက်ရွေးစင်ကိုယ်စားပြု မောင်မောင်လွင် ဖြစ်နေပါတယ်။
ဗယုတ်သုက္ခပေါင်းစုံ ကာလကြီးထဲ မြန်မာတွေရဲ့အရည်အချင်း/ အခက်အခဲပေါင်းစုံကို မြန်မာတို့တတွေ အကောင်းဆုံး ကြိုးစားရုန်းကန်ဖြေရှင်းနေကြောင်း မြန်မာ အားကစားမောင်မယ်များက ပြသနိုင်ခဲ့တယ်
အိုင်ဗရီကို့စ်ဆိုတာ အာဖရိကအနောက်ပိုင်း နိုင်ငံတစ်နိုင်ငံပါ။ ၂၀၂၃-ခုနှစ် လူဦးရေ သန်း ၃၀ ကျော်ရှိပြီး ပြင် သစ်ကိုလိုနီဟောင်း ဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ တိုင်းပြည်တစ်ခုပါ။ ကိုလိုနီစနစ် ဆိုးမွေများနဲ့ ဆင်းရဲတွင်း နစ်နေတဲ့ အဲ့ဒီတိုင်းပြည်လေးမှာ ၂၀၀၂ ခုနှစ် စစ်တပ်ပုန်ကန်မှုနဲ့ ၅-နှစ်နီးပါး ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း ၉၀၀ မှ ၄,၀၀၀ ကြားသေဆုံးပြီး လူ ခုနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အထိ စစ်မီးတောက် လောင် ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုး ပေါင်းစုံ ဘာသာယဉ်ကျေးမှုအသီးသီးနဲ့ အကြမ်းဖက်မှုများမင်းမူနေတဲ့ အိုင်ဗ ရီကို့စ်မှာ ခေတ္တမျှသာ ငြိမ်းချမ်းပြီး ၂၀၁၁-ခုနှစ်အထိ အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

၂၀၀၆-ခုနှစ် Didier Drogba ဒီရီယာ ဒရော့ဘာ ဦးဆောင်တဲ့ အိုင်ဗရီကို့စ် အမျိုးသားဘောလုံးအသင်းရဲ့ ကမ္ဘာ့ ဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့် အောင်မြင်မှုနဲ့ နောက်ဆက်တွဲ အာဖရိကဖလားပွဲ အနိုင်ရမှုများဟာ တိုင်းပြည် အတွင်း သူပုန်-အစိုးရနဲ့ ကြားနေသူများပါ ဝမ်းသာဂုဏ်ယူစရာကြီး ဖြစ်နေပါတယ်။ အိုင်ဗရီကို့စ်ဟာ ဒေသ တွင်းနဲ့ နိုင်ငံတကာကပါ လေးစားအသိအမှတ်ပြုခံရတဲ့ တိုင်းပြည်ဖြစ်လာပြီး အဲ့ဒီကတဆင့် အမျိုးသားစည်းလုံး ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သရုပ်ပြသလို ဖြစ်လာရပါတယ်။ အချင်းချင်း အပြန်အလှန်လေး စားမှု၊ စည်းကမ်းလိုက်နာမှု၊ သည်းခံနိုင်မှုနဲ့ အဖွဲ့လိုက်လုပ်ဆောင်နိုင်မှုဟာ အောင်မြင်မှုရဲ့ သော့ချက်ဖြစ် ကြောင်း လူအများ နားလည် လက်ခံစေခဲ့ပါတယ်။ ရွေးကောက်ပွဲ အငြင်းပွားမှု၊ ခွဲထွက်ရေးအကြမ်းဖက်များနဲ့ ပြိုကွဲလုဆဲတိုင်းပြည်မှာ ပြည်တွင်းစစ် ရပ်စဲပြီး တစ်ခုတည်းသော အိုင်ဗရီကို့စ်နိုင်ငံအဖြစ် ဆက်လက်ရပ် တည် နိုင်ခဲ့ပါတယ်။
.
၂၀၁၅-ခုနှစ် အိုင်ဗရီကို့စ် အမျိုးသား ဘောလုံးအသင်းရဲ့ AFCON ပွဲ ပီရူးကို အောင်မြင်ပြီး ချန်ပီယံဖြစ်လာခြင်း ဟာ စစ်ပြီးစ နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး၊ နိုင်ငံအတွင်း နေထိုင်သူများ စိတ်ဓါတ်ကြံခိုင်ရေးကို အ လွန် အထောက်အကူဖြစ်စေခဲ့ပါတယ်။