This media is not supported in your browser
VIEW IN TELEGRAM
(မေ-၁၁၊ ၂၀၂၅) ဖြုတ်ချခံ ရှိတ်ဟာစီနာပါတီ၏ လှုပ်ရှားမှုအားလုံးကို ဘင်္ဂလားဒေ့ရှ် ယူနွတ်အစိုးရ ပိတ်ပင်။ ရိုဟင်ဂျာဆိုသူများအတွက် သီးခြားနိုင်ငံထူထောင်ပေးရေး တောင်းဆိုခဲ့သူများ၏ ဆန္ဒပြပွဲအပြီးဖြစ်
===
ယမန်နှစ် လူထုအုံကြွမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ သြဇာကြီး ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာဦးဆောင် အဝါ မီလိဂ်ပါတီ အစိုးရဟောင်းရဲ့ လှုပ်ရှားမှုအားလုံးကို ဘင်္ဂလားဒေ့ရှ်ရှိ ကြားဖြတ်အစိုးရက ပိတ်ပင်လိုက်တယ်လို့ AP သတင်းအေဂျင်စီ (11 May 2025) က ရေးသားပါတယ်။
..
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးအက်ဥပဒေအရ အဝါမီလိဂ်ပါတီရဲ့လှုပ်ရှားမှုများကို အွန်လိုင်းနဲ့ အခြားနေရာများမှာ ပိတ်ပင်ရန် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်ရဲ့ ယာယီအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ ကြောင်း ဥပဒေရေးရာအကြံပေးအရာရှိ အရှစ်နက်ဇ်ရူးလ်က စနေနေ့မှာ ပြောပါတယ်။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လနဲ့ သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေး လူထုအုံကြွမှုအတွင်း ကျောင်းသားများနဲ့ အခြား ဆန္ဒပြသူများ ရာချီသေဆုံးမှုနဲ့ ပတ်သက်ပြီး အထူးခုံရုံးက အဝါမီလိဂ်အစိုးရဟောင်းနဲ့ ပါတီခေါင်းဆောင်များကို တရားစစ် ဆေးမှု မပြီးမချင်း ဆက်လက် ပိတ်ပင်ထားမှာဖြစ်ကြောင်း သိရှိရပါတယ်။
.
နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို သေချာခိုင်မာစေဖို့ ယခုဆုံးဖြတ်ချက်ဟာ “ဇူလိုင် အ ရေးအခင်း” တက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်ပေးဖို့နဲ့ အထူးခုံရုံးရဲ့ တရားစွဲဆိုမှုတွေမှာ ပါဝင်ပတ် သက်နေသူ တရားလိုတွေနဲ့ သက်သေတွေကို ရည်ရွယ်ခြင်းဖြစ်တယ်လို့ အစိုးရအဖွဲ့ အထူးအစည်းအဝေးအပြီး မှာ ဥပဒေရေးရာအကြံပေးအရာရှိက သတင်းထောက်တွေကို ပြောပြပါတယ်။
ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ်နေတဲ့ ဟာစီနာဆန့်ကျင်ရေး ဆန္ဒပြပွဲအ တွင်း သတ်ဖြတ်မှုစွပ်စွဲချက်များနဲ့ ဆက်နွယ်တဲ့ မည်သည့် နိုင်ငံရေးပါတီများရဲ့ ကြိုးပမ်းမှုမဆိုတို့လည်း အကျုံး ဝင်ကြောင်း တားမြစ်ချက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့ သတိပေးချက်ကို မကြာမီ အသေးစိတ် သတင်းထုတ်ပြန် မယ်လို့ စနေနေ့မှာ ပြောပါတယ်။
ယမန်နှစ် အာဏာမှ ဖယ်ရှားခံရ ပြီးနောက် ဟာစီနာနဲ့ သူ့ရဲ့ အဝါမီလိဂ်ပါတီ အကြီးတန်းအဖွဲ့ဝင် အများ အ ပြားတို့ဟာ အခင်းဖြစ်ရပ် အတော်များများမှာ လူသတ်မှုကျူးလွန်ကြောင်း စွပ်စွဲခံထားရပါတယ်။ ဟာစီနာ နိုင်ငံ မှ ထွက်ခွာပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ်ရဲ့ တရားဝင်နေအိမ်ကို ဆန္ဒပြသူတွေက စီးနင်းဝင်ရောက်တဲ့အတွက် သြဂုတ်လ ၅ ရက်နေ့ကတည်းက အိန္ဒိယနိုင်ငံမှာ ပြည်ပခိုလှုံနေရပါတယ်။
ဟာစီနာဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့တဲ့ ရက်သတ္တ သုံးပတ်အတွင်း လူပေါင်း ၁၄၀၀ အထိ သေဆုံးခဲ့ ဖွယ်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ဖေဖော်ဝါရီလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကျောင်းသားများက အသစ်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီများ-ထောက်ခံသူများအပါအဝင် ဆန္ဒပြသူထောင်ပေါင်း များစွာတို့က အဝါမီလိဂ်ပါတီကို ပိတ်ပင်ရေး ဒါကာမြို့လမ်းမများပေါ် တောင်းဆိုမှုအပြီး ယူနွတ်အစိုးရရဲ့ ဆုံး ဖြတ်ချက်က စနေနေ့ ညပိုင်းမှာ ကောက်ကာငင်ကာ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ “ဂျမတ်အီ အစ္စလာမ်မီ” ပါတီ ကျောင်းသားလက်ရုံး အဖွဲ့ဝင်များသည်လည်း အဲ့ဒီ ဆန္ဒပြပွဲမှာ ထင်ရှား တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟာစီနာကိုယ်တိုင် သို့မဟုတ် သူ့ရဲ့ အဝါမီလိဂ်ပါတီထံမှ ချက်ချင်းတုံ့ပြန်မှု မရှိသေး ပေ မယ့် ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ “ဂျတီယာနာဂိုရစ်” အမည်ရှိ အမျိုးသားရေး နိုင်ငံသားပါ တီရဲ့ ခေါင်းဆောင် နာဟစ်အစ္စလမ်ကတော့ ယူနွတ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်။
ကျောင်းသားများဦးဆောင် လူထုအုံကြွမှုဟာ ဟာစီနာရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့ပါတယ်။ အဝါမီလိဂ်အုပ်ချုပ်မှုကျဆုံးပြီး သုံးရက်အကြာမှာ မိုဟာမက်ယူနွတ်က ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ ပါတယ်။
( မေ ၆ ရက် ၂၀၂၅ မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိကြောင်း တမြန်နေ့ မြန်မာဘာသာ တရားဝင် မီဒီယာတစ်ခုရဲ့ သတင်းဟာ လုံးဝမှားယွင်းကြောင်း ယခုဖြစ်ရပ်က သက်သေပြနေတဲ့အတွက် အထူးတလည် ပြောဆိုရန် မရှိပါ။
ဂျမတ်အီ အစ္စလာမ်မီဟာ တစ်ချိန်က တရားဝင်နိုင်ငံရေးပါတီဖြစ်ခဲ့ဖူးပြီး တယူသန် ဘာသာရေး အစွန်းရောက် မှုများကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတဲ့ နိုင်ငံရေးပါတီအဖြစ်မှ့ ရှိတ်ဟာစီနာ လက်ထက်က တည်းက ပယ်ဖျက်ခံထားရတာ ယခုတိုင် ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုသူများအတွက် ရခိုင်ပြည်နယ်အတွင်း သီးခြားအချုပ်အခြာ နိုင်ငံထူထောင်ရေး အကူအညီပေးရန် ဒါကာရောက် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များထံ တောင်းဆိုခဲ့ဖူးတဲ့ ဘာသာရေး သဘောထားတင်း မာသူ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ပါကစ္စတန်မှာလည်း အသင်းခွဲ တည်ရှိပြီး အိန္ဒိယနိုင်ငံမှာ ပိတ်ပင်ခံထားရဲ့ ဂျမတ်အီအစ္စလာမ်မီတို့လို ဘာသာရေး တယူသန်တွေနဲ့ ဂျတီယာနာဂိုရစ်တို့လို နိုင်ငံသား ဗဟိုပြု အမျိုးသားရေးပါတီ ဆိုသူတို့က အတူတကွ ပူးပေါင်းဆန္ဒပြခြင်းဟာ ကျွန်တော့အတွက်တော့ ဝေလလငါးထီးနဲ့ ငါးပြေမ အိမ် ထောင်ကျတဲ့ သတင်းကို ကြားရသလိုပါပဲ)
..
#HtayOung #OungMarine
..
..
#HtayOung #OungMarine
..
(မေ-၁၁၊ ၂၀၂၅) အထက်မြန်မာပြည် မြိုံကြီးတစ်မြို့မှာ CDMer ဆရာဝန်မ သူနာပြုမတွေ မူရကီး ဖြစ်ကုန်တဲ့ နိုင်ငံခြားသတင်းကို ကျွန်တော်ဘာသာပြန်ဖူးတယ်
မဟုတ်ဖူးလို့ ငြင်းကြတဲ့အပြင် ရပို့ဝိုင်းထုတာပါ ခံရတယ်၊ နီးစပ်သူတွေကတော့ ဟုတ်တယ်လို့ ပြောတာပဲ
ဒီလို သတင်းမျိုးကို မိန်းမတစ်ယောက်က မွေးဖွားပေးလို့ လူဖြစ်လာရသူ ကျွန်တော့်အတွက် ဘာမှ ရေးကြီး ခွင်ကျယ် သတင်းဖွရန် ရည်ရွယ်ခြင်း မရှိပါ။
ခေတ်စနစ်တစ်ခုရဲ့ နိုင်ငံရေးအပြောင်းအလဲ အားထုတ်မှုမှာ အားနည်း ထိရှလွယ် မလိမ်မိုး မလိမ်မာသူတွေ အရင်ဆုံး သားကောင် ဖြစ်ရကြောင်း ကျွန်တော့ သားသမီးအရွယ်လေးတွေကို အသိပေးလိုရင်းပါ
.
ဦးသိန်းစိန်လက်ထက် မြစ်ဆုံကို ဆန့်ကျင်တားဆီးဖို့ ရန်ကုန် ငပွကြီးသံရုံးက မြန်မာပညာရှင်များ/တက်ကြွ လှုပ်ရှားသူများကို ငွေကြေးထောက်ပံ့ခဲ့ကြောင်း ဝီကီလိခ်ပေါက်ကြားသတင်းကို ဂါးဒီးယန်းက ရေးဖူးတယ်
အီရတ် စစ်ရာဇဝတ်မှုနဲ့ ပတ်သက်လို့ အဲ့ဒီအချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ပုဂ္ဂလိက အီးမေးများကို ဝီကီလိခ်က Hack တဲ့ “ညောင်မြစ်တူးပွဲမှာ ပုတ်သင်ဥများ ပေါ်ကုန်ခြင်း” ဖြစ်ပါတယ်။
.
၂၀၂၁-ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း SAC ဆန့်ကျင်ရေး ဆန္ဒပြဖို့နဲ့ အလုပ်သမားများ CDM လုပ်ဖို့အရေးမှာ ငပွကြီးလက်ချက် မပါဘူး မပြောနိုင်ပါ/ ဒီအတွက် သူတို့ကိုယ်တိုင် တစ်အိမ်တက်ဆင်း လိုက်လံစည်းရုံးနေရန် မလိုပါ
အခု တတိယနိုင်ငံကို အသံတိတ်လေး ရောက်ရှိသွားတဲ့ ဒါရိုက်တာကြီးအပါအဝင် အနုပညာလောကမှာ အရှိန်အဝါရှိပြီး လူသိများသူ လေးငါးယောက်ကို ပွဲထုတ်ယုံနဲ့ အင်မတန်လွယ်ပါတယ်
ငပွကြီး ယခုတဖန် မျက်စိကျသူကတော့ AA တွန်းမရနိုင် ဖြစ်လိမ့်မယ်
ဒုက္ခသည်အကူအညီပေးရေး ဗန်းပြပြီး ငပွကြီး အကူအညီယူမိရင် အနောက်တံခါးဟာ ပါလက်စတိုင်း ဖြစ်ရပါလိမ့်မယ်၊ ခုနစ်ခိုင်ရော ဘင်တွေပါ သားစဉ်မြေးဆက် မျက်ရည်သုတ်နေရလိမ့်မယ်။
.
NLD လက်ထက် ဒုက္ခသည်များ နေရပ်ပြန်ရေး ကြိုးစားမှု ၂-ကြိမ် ရှိခဲ့ဖူးပြီး ၂-ကြိမ်စလုံး ပျက်ပြားခဲ့ပါတယ်။
ဒုက္ခသည်များ ကိုယ်တိုင်က အဝှာလူမျိုးနာမည်နဲ့ တိုင်းရင်းသားအဆင့် နိုင်သားအာမခံချက် မရမချင်း မပြန် ဘူးလို့ တင်းခံနေပြီး ရိုအရေး လှုပ်ရှားသူများနဲ့ ကုလ လူ့အခွင့်အရေးတို့ကလည်း တားဆီးခဲ့လို့ ဖြစ်ပါတယ်။
.
ဒီတစ်ကြိမ်မှာတော့ အထွေထွေ ညီလာခံ သဘောထားတောင် မပါပဲ ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင် ဆင်းချလာပုံထောက်ရင် “သိကြားမင်း ဗန္ဓုကဗ္ဗလာ မြကျောက်ဖျာ တင်းကြောင်း ” သေချာနေတယ်။
ခါတိုင်း ရို သံကြားရင် လက်သီးလက်မောင်းတန်းလေ့ရှိတဲ့ လူ့အခွင့်အရေးတွေလဲ ဘယ်သွားပြီး အိပ်ပျော် နေတယ် မသိ၊ သဘောထား ထင်မြင်ချက် မပေးနိုင်လောက်အောင် ထိပ်ပြောင်ကြီးကို ပွတ်ရင်း လှည့်ပတ် ပြေးနေတယ်။
.
တကယ်တော့ ကမ္ဘာအနှံ့ စစ်ပွဲတွေနဲ့ လူ့အဖွဲ့အစည်းတို့ရဲ့ သောက ဒုက္ခ ပဋိပက္ခတွေဟာ ကုလဆိုတာကြီး ဝင်ပါလာမှ ပိုဆိုးသွားကြောင်း အစကတည်းက မယုံခဲ့မိတာ မှားတာပဲ

(မေ-၁၁၊ ၂ဝ၂၅) DNA စစ်ဆေးတဲ့ ပြည်ပရောက် ဗမာလူမျိုးတစ်ဦးက သူ့ရဲ့ ရလဒ်ကို ပို့စ်တင်တယ်
သူ့ဇာတိကို အတိအကျ မဖော်ပြပေမယ့် ဗမာစစ်စစ်လို့ ပြောနိုင်သူတွေ အနေများတဲ့ မြန်မာပြည် အလယ်ပိုင်းသား ဖြစ်မယ်
၄၂ ရက် စောင့်ပြီး ရတဲ့ သူ့ရဲ့ DNA အဖြေမှာ အရှေ့တောင်အာရှ ကုန်းမနေလူမျိုး ၆၆%၊ တိဗက် ၁၇%၊ အနောက်တရုတ် ၅%၊ အလယ်နဲ့ အရှေ့တရုတ် ၅%၊ မြောက်ဘက်တရုတ် ၃%၊ အိန္ဒိယ ၁% ပါဝင်နေတယ်လို့ ဆိုတယ်။
ဆိုတော့ကာ တစ်ယောက်တည်းရလဒ်နဲ့ ဗမာ အားလုံးကို မဆုံးဖြတ်နိုင်ကြောင်း၊
အဲ့ဒါ အစတည်းက မျိုး မစစ်လို့ ဖြစ်ကြောင်း ဝိုင်းဆဲနေကြတယ်
ကျွန်တော်ကတော့ သူ့ရလဒ်က အမှန်လို့ ယုံကြည်ပါတယ်၊
ပြည်ပရောက် ချင်းတောင်တန်းသား ဖြစ်ဟန်ရှိသူတစ်ဦးရဲ့ အလားတူ DNA စစ်ဆေးချက်ကို တွေ့ဖူးတယ်
တကယ်တော့ ဒီနေ့ကမ္ဘာကြီးမှာ အဲ့ဒီလို မျိုးရိုးဗီဇ သွေးမနှောသူ တစ်ယောက်မှ မရှိဘူးလို့ ပြောနိုင်ပါတယ်။
လူသားတို့ရဲ့ အဖွားဟာ လွန်ခဲ့တဲ့ နှစ်သန်း ၁၅ဝ-၂ဝဝ ခန့်ကာလ မိုက်တိုခွန်ဒရီးယွန်အိဗ် လို့ အမည်ပေးခြင်းခံရတဲ့ သတ္တဝါမကြီးဖြစ်ပါတယ်။
သူ့မှာ သမီးတွေရှိပြီး သားတွေလဲ ရှိချင်ရှိပါလိမ့်မယ်၊ အဖွားအိဗ်က ဘယ်သူနဲ့ အိမ်ထောင်ကျပြီး သူ့သမီး ၄ ယောက် (၅ ယောက်လည်း ဖြစ်နိုင်) ကလည်း ဘယ်သူနဲ့ အိမ်ထောင်ကျလဲ မသိနိုင်ပါ၊ သူတို့ဟာ ကျွန်တော်တို့ လူသားများရဲ့ ကနဦး မိခင်ဖြစ်ပါတယ်။
အဖွားရဲ့ ကျန် သမီးများက မွေးဖွားလာသူတွေကတော့ မျောက်ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ နှစ် ၆ သန်းမှ ၇ သန်းခန့်မှာ ကွဲပြားသွားပြီး အသီးသီး ဆင့်ကဲ ပြောင်းလဲလာကြတယ်။
ဒါကြောင့် လက်လေးဖက်ပါတဲ့ မျောက်ဟာ ကျွန်တော်တို့လူသားများရဲ့ အဖွားအထိတူတဲ့ အမေညီအမရင်းများက ဆင်းသက်လာသူ ညီအကို ဝမ်းကွဲများဖြစ်တယ်၊ မျောက်နဲ့ လူဟာ DNA တစ်ခုတည်းသာ ကွာခြားခြင်းက ဒီအချက်ကို သက်သေပြနေတယ်
ဆိုတော့ကာ ကမ္ဘာ့လူသားမျိုးရင်း စစ်စစ်ကြီးက ၄ မျိုး သို့မဟုတ် ၅ မျိုးခန့်သာ ဖြစ်နိုင်ပါတယ်၊ ဒီနေ့ကျွန်တော်တို့ဟာ အဲ့ဒီအချင်းချင်း သွေးနှောတဲ့ ကပြားများ ဖြစ်ကြတယ်။ ဘယ် ဗီဇသွေးက ပိုများသလဲဆိုတာသာ ကွာခြားလိမ့်မယ်
၂ဝ၂၃ ခုနှစ် ကျွန်တော်တို့ ကမ္ဘာကြီးတစ်ခုလုံး လူဦးရေ သန်းပေါင်း ၈ဝဝဝ ခန့် ရှိတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝဝ က လူဦးရေ သန်းပေါင်း ၂၅ဝ မှ ၄ဝဝ ခန့်ရှိပြီး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝဝဝ မှာ သန်းပေါင်း ၁၅ဝ မှ ၃ဝဝ ခန့်သာရှိတယ်၊ ဆိုလိုတာ လွန်ခဲ့တဲ့ နစ်ပေါင်းနှစ်ထောင်မှာ ကမ္ဘာကြီးတစ်ခုလုံး လူဦးရေဟာ ဒီနေ့ခေတ် နိုင်ငံခပ်ကြီးကြီးတစ်ခုရဲ့ လူဦးရေမျှသာ ရှိတယ်
(၁) ကျွန်တော်တို့မှာ မိဘနှစ်ပါးရှိကြီး အဖေဘက် အမေဘက် အဖိုးအဖွား ၄ ယောက်ရှိတယ်၊
ဘေးနဲ့ ဘေးမက အဖေဘက် အမေဘက် ၁၆ ယောက်ရှိတယ်
(၂) ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းချိန် မြန်မာ့လူဦးရေ၂၄ သန်းမျှ ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ဝ သီပေါမင်းပါတော်မူပြီးစ မြန်မာတစ်နိုင်ငံလုံး လူဦးရေဟာ ၈ သန်းကျော်သာရှိတယ်၊
ဆိုတော့ကာ အထက်ပါ ပို့စ်တင်သူရဲ့ DNA ရလဒ်ဟာ အများကြီးဖြစ်နိုင်ပြီး
ကျွန်တော်နဲ့ ယခုစာဖတ်နေသူဟာ
ဘိုးဘေးအထိ ဒီတိုင်းပြည် ချက်မြှုပ်မှန်ရင်
တစ်ယောက်နဲ့ တစ်ယောက် မမြင်ဖူးကြသည့်တိုင် သွေးသားတော်စပ်တဲ့ ဆွေမျိုးများ ဖြစ်နေနိုင်ပါတယ်
အရေးကြီးအချက်ကို ပြောရရင်
(က) လူတစ်ဦးတစ်ယောက်ရဲ့ DNA ရလာဒ်မျှနဲ့ လူမျိူးတစ်မျိုးလုံးကို မဆုံးဖြတ်နိုင်ပါ
(ခ) လူမျိုးတစ်မျိုးအဖြစ် သတ်မှတ်ရာမှာ ဖြတ်သန်းလာတဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမှုရေးသဘောတ ရားနဲ့ ဗီဇပေါင်းစပ်မှုတို့အပေါ် မူတည်ပါတယ်၊ တည်ငြိမ်တဲ့ အမျိုးဂုဏ် ဇာတိဂုဏ်အဖြစ် အခိုင်အမာ တည်ရှိနေတယ်
(ဂ) လူမျိုးတစ်မျိုးရဲ အမှတ်သညာနဲ့ ဗီဇဆိုင်ရာအချက်အလက်များ မရောထွေးစေဖို့ မဖြစ်မနေ လိုအပ်ပါတယ်

(မေ-၁၁၊ ၂ဝ၂၅) အပစ်အခတ်ရပ်စဲကြောင်း အိန္ဒိယနှင့် ပါကစ္စတန်တို့က ကြေညာသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ
===
တစ်ဖက်နဲ့တစ်ဖက် ရက်အတန်ကြာ တိုက်ခိုက်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပစ်အခတ်ရပ်စဲကြောင်း စနေနေ့မှာ အသီးသီး ကြေညာခဲ့ကြပါတယ်။ ဒါပေမယ့် ၂၄ နာရီအတွင်းမှာပဲ ကက်ရှ်မီးယားနေရာအနှံ့ နှစ်ဖက်ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်လာတဲ့အတွက် ဒေသခံများ တုန်လှုပ်သွားရတယ်လို့ CNN က ယနေ့ ရေးသားပါတယ်။
တိုက်ပွဲများ ရပ်တန့်ရန် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း နှစ်ဖက်အပြန်အလှန်စွပ်စွဲနေကြပေမယ့် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းရန် နှစ်ဖက်စလုံးက တောင်းဆိုနေကြပါတယ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ဝါရှင်တန်မှ ကြားဝင်ဖျန်ဖြေပေးတဲ့ ဆွေးနွေးပွဲညမှာပဲ ပဋိပက္ခနဲ့ ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာ ထောက်လှမ်းရေးသတင်းများကို အိမ်ဖြူတော်ကိုယ်တိုင်
ကို သိရှိနေကြောင်း၊ သဘောတူညီချက်ကို ခိုင်မာတည်တန့်စေဖို့ ကူညီပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြပါတယ်။
ကြားဝင်စေ့စပ်မှုအတွက် ဝါရှင်တန်ကို ပါကစ္စတန်က ချီးကျူးနေပါတယ်။
ဒါပေမယ့် အိန္ဒိယကတော့ ဆွေးနွေးပွဲများမှာ အမေရိကန်ပါဝင်မှုကို နှိမ့်ချထားတယ်လို့ CNN က သတင်းအကျဉ်းချုပ်ဖော်ပြပါတယ်။
အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားမှာ ပြီးခဲ့တဲ့လတုန်းက ခရီးသွားများ အစုလိုက်အပြုံ လိုက် သတ်ဖြတ်ခံခဲ့ရပါတယ်၊ အဲ့ဒီနောက် နျူလက်နက်ပိုင်အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။
တိုက်ခိုက်မှုအတွက် အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီး ပါကစ္စတန်နဲ့ ပါကစ္စတန်တို့ အုပ်ချုပ်နေတဲ့ ကက်ရ်ှမီးယားမှာ “Operation Sindoor” ဆင်ဒိုးစစ်ဆင်ရေးအမည်နဲ့ ဗုဒ္ဓဟူးနေ့စတင်တိုက်ခိုက်ခဲ့ပါတယ်။
အစ္စလာမာဘတ်ကတော့
သတ်ဖြတ်မှုများမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုထားပါတယ်
ဟိန္ဒူအများစု အိန္ဒိယနဲ့ မွတ်ဆလင်အများစုနေထိုင်ရာ ပါကစ္စတန်တို့ဟာ ကက်ရှ်မီးယားရဲ့ နယ်မြေအစိတ်အပိုင်းများကို အသီးသီးထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် ကက်ရှ်မီးယားဒေသတစ်ခုလုံး အပြည့်အဝပိုင်ဆိုင်ခွင့်ရှိကြောင်း တောင်းဆိုပြီး နယ်မြေပေါ်မှာ သုံးကြိမ်တိုင် စစ်ပွဲဆင်နွှဲခဲ့ကြပြီး ဖြစ်ပါတယ်။

(မေ-၁၁၊ ၂ဝ၂၅) ယမန်နေ့ ခေတ္တဆုတ်ခွာပေးခဲ့သည့် ရွှေကျင် ခမရ ၅၉၈ ကို ယနေ့နံက် တပ်က ပြန်လည် သိမ်းယူ
ယခုထိ ၂၁ လောင်း ရ
ဆက်လက်ဆောင်ရွက်နေဆဲဟု သတင်းရရှိ
.
#HtayOung #OungMarine
ယခုထိ ၂၁ လောင်း ရ
ဆက်လက်ဆောင်ရွက်နေဆဲဟု သတင်းရရှိ
.
#HtayOung #OungMarine
(မေ-၁၁၊ ၂ဝ၂၅) ရွေကျင် ၅၉၈ အနီးက PDF သားလေးတို့ရေ
ငလျင်မတိုင်မီနဲ့ ငလျင်အပြီး ကျောက်တံခါး ပဲနွယ်ကုန်းဝန်းကျင်မှာကတည်းက
သားလေးတို့ အထိအခိုက်အလွန်များကြောင်းသတင်းကို ကြားရပြီးသားပါ
ခုတစ်ကြိမ်ဆို ၃ ကြိမ် ရှိပြီ
လူ့အသက်တွေပါ
မဖြစ်နိုင်တဲ့ကိစ္စမှာ သားလေးတို့ ဗိုက်အငှားနဲ့ ဒါးထိုး မခံစေချင်ဘူး
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသင့်တာ
စစ်ဘောင်ကျယ်အောင်
သားလေးတို့ လုပ်မိနေတယ်
အဝေးက သွေးထိုးလှုံ့ဆော်နေတဲ့ သတင်းတုတွေကို ယုံကြည်မနေပါနဲ့
သား သမီးအရွယ်လေးတွေမို့ အင်မတန်စိတ်ဆင်းရဲမိတယ်

(မေ-၁၂၊ ၂၀၂၅) နိုင်ငံရေး မျိုးဆက်နှစ်ခုတို့၏ သြဇာအာဏာ-ဆက်လက်ရှင်သန်ရေး-လက်စားချေခြင်း ပဋိပက္ခ ပြင်းထန်နေခိုက် ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်း စတင်၊ ICC ရောက် ဒူတာတေး နိုင်ငံရေး တကျော့ပြန် ခြေလှမ်း
===
ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၅-ခုနှစ် မေလ ၁၂-ရက် တနင်္လာ (ယနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီမှ စတင်ပြီး ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို စတင်နေပြီဖြစ်ပါတယ်။ မဲရုံပေါင်း ၁၈၀၀၀ ကျော်မှာ မဲပေးခွင့်ရှိသူ နိုင်ငံသား ၆၈-သန်းတို့ရဲ့ ဆန္ဒမဲတွေဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး နိုင်ငံရေးမျိုးဆက် ၂-ခုအကြား ကာလရှည်အာဏာ လွန်ဆွဲပွဲရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ BBC (11 May 2025) က ရေးသားပါတယ်
ရွေးကောက်ပွဲဟာ “ဘောင်ဘောင်” အများသိကြတဲ့ သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ကိုယ်စားပြု အထက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ICC ရောက် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူ လက်ရှိ ဒုတိယ သမ္မတ ဆာရာ ဒူတာတေးတို့အကြား ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုလည်းဖြစ်ပါတယ်။
အထက်လွှတ်တော်မှာ ဘောင်ဘောင်ရဲ့ အမတ်အရေအတွက် ပိုမိုများပြားလာမယ်ဆိုရင် ဆာရာဒူတာတေး အပေါ် နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားမှုနဲ့ စွပ်စွဲအပြစ်တင်ရန် အခွင့်အလမ်းကို တိုးမြင့်စေမှာ ဖြစ်ပါတယ်။ လုပ်ထုံး လုပ်နည်းအရ ယခုရွေးကောက်ပွဲဟာ အဖွဲ့ဝင် ၃၁၇-ဦးပါ ကွန်ဂရက်လွှတ်တော်အမတ်များ၊ ရာပေါင်းများစွာ သော အုပ်ချုပ်ရေးမှူးများ-မြို့တော်ဝန်များနဲ့ မြို့တော်ကောင်စီဝင်များကို ရွေးချယ်မှာ ဖြစ်ပြီး မကြာမီ တရားဝင် မဟုတ်တဲ့ ရလဒ်များ ထွက်ပေါ်လာဖွယ်ရှိပါတယ်။
.
ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တွေဟာ အောက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်များကို အတည်ပြုခြင်း/ငြင်း ပယ်ခြင်း၊ ၃ ပုံ ၂ ပုံ ထောက်ခံမဲ ( ၁၆ မဲ) ရရှိလျှင် ထင်ရှားတဲ့ စွပ်စွဲပြစ်တင်ခြင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အခွင့်အာဏာရှိပါတယ် အထက်လွှတ်တော်အမတ်များထဲမှ ရွေးကောက်တင်မြှောက်ခံရတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဟာ ထုံးတမ်းစဉ်လာအရ ဒုတိယသမ္မတပြီးရင် နိုင်ငံရေးအာဏာ ဆက်ခံသူဖြစ်ပါတယ်။ ၂၀၂၂-ခုနှစ်မှာ ရွေးချယ်ခံရတဲ့ လက်ရှိအဖွဲ့ဝင် ၂၄-ဦးပါ အထက်လွှတ်တော်ရဲ့ ထက်ဝက်ဟာ ၂၀၂၈-ခုနှစ်အထိ ဆက်လက် တည်ရှိနေမှာ ဖြစ်ပြီး ကျန်တစ်ဝက်ကို ရွေးချယ်ကြပါလိမ့်မယ်။ အဲ့ဒီ ၁၂-ဦးထဲက ၄-ဦးဟာ ခြောက်နှစ်သက် တမ်း ၂-ကြိမ် ကန့်သတ်ချက်အရ ထပ်မံယှဉ်ပြိုင်ခွင့် မရှိတော့ပဲ ၇-ဦးက ပြန်လည်ယှဉ်ပြိုင်နေပါတယ်။
သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကလွဲရင် လက်ရှိသမ္မတ ဘောင်ဘောင်အပါအဝင် နောက်ဆုံးသမ္မတ ၅-ဦးအနက် ၄-ဦးဟာ အထက်လွှတ်တော်အမတ်အဖြစ်မှ တက်လှမ်းလာခဲ့ကြသူများဖြစ်ပါတယ်။ ဒါ့ကြောင့် အနာ ဂတ် သမ္မတ- ဒုတိယသမ္မတရာထူးနေရာအတွက် ချိန်ရွယ်နိုင်တဲ့ နိုင်ငံရေး လှုပ်ရှားမှုလို့လည်း ဆိုနိုင်ပါတယ်။ ဒီမိုကရေစီ ဆန္ဒမဲစနစ်ရွေးကောက်ပွဲများ နီးကပ်လာတဲ့အခါ ဖြစ်နေကျအတိုင်း နိုင်ငံရေး မဟာမိတ်အုပ်စုများ အတွင်း ရုတ်ရုတ်သဲသဲဖြစ်ခြင်း၊ အလွယ်တကူ “သာကူး မှန်ပြောင်း” များလည်း ဖြစ်ပွားနေပါတယ်။
ထူးခြားချက်ကတော့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICC တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အသက် ၈၀ အ ရွယ် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ မိုင်ထောင်ချီကွာဝေးတဲ့ သူ့ရဲ့ ဇာတိ ဒါဗာအိုမြို့မှာ မြို့တော်ဝန် အ ဖြစ် ယှဉ်ပြိုင်သူ စာရင်းဝင်နေခြင်းပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ရိုဒရီဂိုဒူတာတေးရဲ့ ဖိလစ်ပိုင်နိုင်ငံရေးအတွင်း တကျော့ပြန် ဝင်လာမယ့် ခြေလှမ်းပဲ ဖြစ်ပါတယ်။
လက်ရှိသမ္မတ ဘောင်ဘောင်မားကို့စ်ရဲ့ အစ်မရင်းဖြစ်သူ လက်ရှိ အောက်လွှတ်တော်အမတ် အင်မီမားကို့စ်ဟာ ဒူတာတေးအုပ်စုဘက် ထောက်ခံသူအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ အင်မီဟာ သူ့မောင် ဘောင်ဘောင် မကောင်းကြောင်းတော့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး၊ ဘောင်ဘောင်ကလည်း သူ့အစ်မ အင်မီမကောင်းကြောင်း မပြောခြင်းဟာ ဖိလစ်ပိုင် ယဉ်ကျေးမှုမှာ မောင်နှမချင်း ဝေဖန်တိုက်ခိုက်မှုကို မုန်းတီးလေ့ရှိတဲ့အတွက် ဖြစ်နိုင်ပါတယ်။
ဒူတာတေး အုပ်စုဘက်က ထိပ်တန်း ထင်ကြေး ပေးခံရသူ ၂-ဦးဟာ သမ္မတဟောင်းလက်ထက် မူးယစ်ဆေးဝါး စစ်ပွဲကာလ လက်သံပြောင်လွန်းလို့ ဝေဖန်စွပ်စွဲခံထားရသူများ ဖြစ်ပါတယ်။ ဘောင်ဘောင်မားကို့စ်ဘက်မှာ ကမ္ဘာသိ လက်ဝှေ့ကျော် “မန်နီ ပက်ကွီယို” က တစ်ပြေးနေပါတယ်။
သြဇာအာဏာ-ဆက်လက်ရှင်သန်ရေး-လက်စားချေခြင်း ပဋိပက္ခနိမိတ်များ ထင်ဟပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ ရွေး ကောက်ပွဲရဲ့ အောက်လွှတ်တော် အမတ်နေရာ ၃၁၇-နေရာအတွက် ၂၅၄-နေရာကို ခရိုင်တစ်ခုစီက တိုက်ရိုက် မဲပေးမှာ ဖြစ်ပြီး ကျန် ၆၃-နေရာကို ပါတီက ရွေးချယ်ဖို့ ရှိနေပါတယ်။