HtayOung(OungMarine)
10.2K subscribers
3.27K photos
142 videos
924 links
Download Telegram
(မေ-၆၊ ၂ဝ၂၅) ၂၂၅၅ နာရီ ငလျင်လှုပ်

ရန်ကုန်တိုင်း ဇရပ်ကွင်း (လှည်းကူး အင်းတကော်ကြား)

ပြင်းအား
ရစ်ခ်ျစတာစကေး မဂ္ဂနီကျု့ ၃ .၇
.
မြေအနက် ၆.၂ မိုင်
.
.
#HtayOung #OungMarine
(မေ-၇၊ ၂၀၂၅)့ စစ်ပွဲကို အိန္ဒိယဘက်က စတင်ပြီ ပါကစ္စတန်ဘက် ချန်နက်မြစ်ရေ လျော့နည်းလာ၊ စာသင်ကျောင်းများ ပိတ်ထားလိုက်ရ
===
ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားနယ်မြေနေရာအတွင်းရှိ အကြမ်းဖက်စစ်သွေး ကြွတို့ရဲ့ စခန်း ၉-ခုကို ဗုဒ္ဓဟူး(ယနေ့) မှာ အိန္ဒိယက တိုက်ခိုက်လိုက်တယ်လို့ နျူလက်နက်ပိုင် အိမ်နီးချင်း ပြိုင်ဘက် နှစ်နိုင်ငံအကြား အခြေအနေများကို စောင့်ကြည့်နေတဲ့ ဘင်္ဂလားေး့ရှ်အခြေစိုက် Bdnews 24 ဒစ်ဂျစ်တယ်သတင်းမီဒီယာက ယနေ့ ရေးသားပါတယ်။
.
အာရုံစူးစိုက်-တိုင်းတာစစ်ဆေးပြီး ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယရဲ့ အပြုအမူဟာ သဘောသဘာဝအရ ပြင်းထန်မှု မရှိ၊ ပါကစ္စတန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုလည်း ပစ်မှတ်ထားခြင်း မရှိကြောင်း၊ ပစ်မှတ်ရွေး ချယ် မှုနဲ့ ချေမှုန်းမှုနည်းလမ်းများမှာ အထူးတလည် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားဒေသမှာ ပြီးခဲ့တဲ့လက ဟိန္ဒူခရီးသွားများကို တိုက်ခိုက်ခံရမှုအပြီး တင်း မာမှုတွေ မြင့်တက်နေခိုက် အိန္ဒိယရဲ့ ယခုတိုက်စစ်က အဲ့ဒီ တင်းမာမှုတွေကို အရှိန်မြင့်တက်လာစေခဲ့ပြီဖြစ်ပါ တယ်။ ဧပြီ ၂၂ ရက် အစ္စလာမ်မစ် အကြမ်းဖက်သမားတို့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦး သေဆုံးခဲ့ပြီး လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၀ နီးပါးမှာ အိန္ဒိယနိုင်ငံအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။

ကာလနှစ်ရှည် ထိပ်တိုက်တွေခဲ့ကြတဲ့ အိမ်နီးချင်း ရန်ဘက်နှစ်နိုင်ငံအကြား အဆိုးရွားဆုံး ထိုးနှက်လာမှုကြောင့် တုံ့ပြန်ရန် ရွေးချယ်မှုများလည်း တိုးမြင့်လာရတယ်လို့ ပါကစ္စတန်က ပြောပါတယ်။ အိန္ဒိယဘက် မစ်ဆိုင်းလ် ၃-စင်းပစ်ခတ်ခဲ့ကြောင်း၊ ပါကစ္စတန်ကို တိုက်ရိုက်တိုက်ခိုက်ရန် သရဲဘောကြောင်စွာ စီစဉ်ထားတဲ့ ယခုလုပ်ရပ်ကို “အကြမ်းဖက်အခြေခံ အဆောက်အအုံများအဖြစ် နယူးဒေလီက လုပ်ကြံပြောဆို ဖုံးကွယ်ခဲ့တယ်လို့ ရှင်းလင်း ချက်ထုတ်ပြန်ပါတယ်။
.
ပေါက်ကွဲမှုများ၊ မီးတောက်မီးလျှံများနဲ့ ညဉ့်ကောင်းကင်ယံကို လှိမ့်တက်နေတဲ့ မီးခိုးလုံးကြီးများ၊ ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအတော်များများမှာ လူအများပြေးလွှားနေကြပုံ ဗီဒီယိုကို အိန္ဒိ သတင်းမီဒီယာများက ထုတ်လွှင့်ပြသနေကြပါတယ်။ ရိုက်တာသတင်းအေဂျင်စီအနေနဲ့ အဲ့ဒီဗီဒီယိုဖိုင်ကို သီး ခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာရှစ်ကတော့ အိန္ဒိယက ပစ်မှတ်ထားခဲ့တဲ့ နေရာများ အားလုံးဟာ အရပ်ဖက်လူနေရပ်ကွက်များဖြစ်ပြီး စစ်သွေးကြွစခန်းများ မဟုတ်ဘူးလို့ Geo သတင်းအေဂျင်စီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။ အိန္ဒိယဘက်က တိုက်ခိုက်ခဲ့တဲ့နေရာများမှာ ဗလီနှစ်ခုပါဝင်ကြောင်း၊ သုံးဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူထံမှ သိရှိရပါ တယ်။
.
အိန္ဒိယဟာ သူတို့ရဲ့ လေကြောင်းပိုင်နက် အတွင်းမှ ဒုံးကျည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့ပြီး အိန္ဒိယပြောသလို အကြမ်းဖက်သမား စခန်းတွေကို ပစ်မှတ်ထား တယ်ဆိုတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး အိန္ဒိယတပ်မတော်အနေနဲ့ တရားမျှတစွာ ဆောင်ရွက်ခဲ့တယ်လို့ နယူးဒေလီက ဗုဒ္ဓဟူးနေ့ X လူမှုကွန်ရက် ပလက်ဖောင်းမှာ ရေးပါတယ်။

ပြီးခဲ့တဲ့ လ လူ ၂၆ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုအတွက် အိန္ဒိယက ပါကစ္စတန်အပေါ် အပြစ်တင်ခဲ့ပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။ သတ်ဖြတ်မှုများနဲ့ တစ်စုံတစ်ရာပတ်သက်ခြင်းမရှိကြောင်း ပါကစ္စ တန်က ငြင်းဆိုပြီး နယူးဒေလီက တိုက်ခိုက်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေးသတင်းရရှိတယ်လို့ ပြော ပါတယ်။

အိန္ဒိယတပ်မတော်ရဲ့ ယခု စစ်ဆင်ရေးအမည် Sindoor “ဆင်ဒိုး” ဆိုတာ ပြီးခဲ့တဲ့လ တိုက်ခိုက်မှုကြောင့် အိမ် ထောင်ဦးစီး ခင်ပွန်းသည် ဆုံးရှုံးရရှာသူ အမျိုးသမီးများကို ရည်ညွှန်းကြောင်း ထင်ရှားနေပါတယ်။ ဟိန္ဒူ ဘာ သာ ဆင်းဒိုး ဆိုတာ ဟိန္ဒူဘာသာဝင်အမျိုးသမီးများ မုဆိုးမဖြစ်သွားတဲ့အခါ နဖူးပြင်ပေါ်မှာ ဟင်္သပဒါးနဲ့ ရိုးရာ ဓလေ့ ခြယ်သလေ့ရှိတဲ့ အနီရောင် အမှတ်အသားဖြစ်ပါတယ်။
.
ပါကစ္စတန်ဘက်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးနောက် ချန်နက်မြစ်ပေါ်ရှိ ရေအား လျှပ်စစ်ဆည်ကြီး ၂-ခုမှ ရေစီးဆင်းမှုကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယက စတင်ဖြတ်တောက်ခဲ့ပါတယ်။ ချန်နက်မြစ်ဟာ ပါကစ္စတန်တစ်နိုင်ငံ လုံးရဲ့ ၇၅% လူ သန်း ၂၀၀ ကျော်နဲ့ လယ်ယာမြေ ၉၀% တို့ အဓိက မှီခိုနေရတဲ့ အိန္ဒူမြစ်အတွင်း စီးဝင်တဲ့ မြစ်လက်တက်တစ်ခုဖြစ်ပါတယ်။

၁၉၆၀-ခုနှစ် အိန္ဒုမြစ်ရေသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြစ်ရေစီးဆင်းမှုကို ဖြတ်တောက်ခဲ့ရင် စစ်ပြုမှု အဖြစ် သတ်မှတ်မယ်လို့ အစ္စလာမ်မာဘတ်က ကြုံးဝါးနေစဉ် ပါကစ္စတန်ဘက် ချန်နက်မြစ်ရေဟာ ပုံမှန်ထက် ခန်းခြောက်စပြုလာနေကြောင်း ယခုအတိုင်းဆို ရေရရှိမှု ၂၁% ပြတ်လတ်သွားနိုင်တယ်လို့ “အိန္ဒုမြစ်အာဏာ ပိုင်အဖွဲ့” IRSA က ပြောဆိုကြောင်း “rediff” ( 6 May 2025) က ရေးပါတယ်။
.
အိန္ဒိယ ထောက်လှမ်းရေဌာန သတင်းပြန်ကြားရေး စာမျက်နှာဖြစ်တဲ့ IDRW ရဲ့ ယနေ့နံနက်သတင်းတစ်ပုဒ်မှာ တော့ နယူးဒေလီဟာ အာဖဂန်နစ္စတန်နိုင်ငံမှ ပါကစ္စတန်နိုင်ငံအတွင်းစီးဝင်နေတဲ့ မြစ်များအနက် သူ ငွေကြေး ထောက်ပံ့ထားတဲ့ ရေအားလျှပ်စစ်ဆည်များမှ ရေစီးဆင်းမှုကိုလည်း ဖြတ်တောက်ခြင်းဖြင့် အစ္စလာမ်မာဘတ် အပေါ် မဟာဗျူဟာမြောက် ဖိအားပေးလိမ့်မယ်လို့ ဆိုပါတယ်၊
.
အိန္ဒိယဘက်က မစ်ဆိုင်းလ်များနဲ့ တိုက်ခိုက်အပြီး ယနေ့နံနက်ပိုင်းမှာ ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထား တဲ့ ကက်ရှ်မီးယားဒေသအတွင်း စာသင်ကျောင်းများ ပိတ်ထားလိုက်ကြောင်း သတင်းများ တွေ့နေရပါတယ်။
.
#HtayOung, #OungMarine
==
(မေ-၆၊ ၂ဝ၂၅) အိန္ဒိယဟာ ယနေ့နံနက် မစ်ဆိုင်းလ်များနဲ့ ပစ်ခတ်ခြင်း မတိုင်မီ ပါကစ္စတန်ဘက် စီးဆင်းသွားတဲ့ သူ့နိုင်ငံတွင်း ချန်နက်မြစ် ရေစီးဆင်းမှုကို စတင်ထိန်းချုပ်ခဲ့ပါတယ်

ဒါအပြင် ပါကစ္စတန်ဘက် စီးဆင်းသွားတဲ့ အာဖဂန်နစွတန်နိုင်ငံတွင်း သူ ငွေကြေးထောက်ပံ့ထားတဲ့ ရေအားလျှပ်စစ်ဆည်များမှ ရေပို့လွှတ်မှုကို ထိန်းချုပ်ခြင်းဖြင့်

ပါကစ္စတန်အပေါ် မဟာဗျူဟာမြောက် ဖိအားပေးပါလိမ့်မယ်၊

အဲ့ဒါကို ပါစွတန်က ဆတ်ဆတ်ခါ နာကျည်းပါလိမ့်မယ်

အိန္ဒိယဟာ နျူကလီယာလက်နက်ကို စတင်အသုံးပြုတဲ့နိုင်ငံဘယ်တော့မှ မဖြစ်စေရဘူးလို့ ကတိပေးဖူးကြောင်း

ဒါပေမယ့် အကြမ်းဖက်သမားတို့က ဓါတုနဲ့ ဇီဝလက်နက်များ အသုံးပြုလာခဲ့ရင် အဲ့ဒီကတိကို ဘေးချိတ်ရလိမ့်မယ်လို့ နယူးဒေလီက ပြောပါတယ်

စစ်ရယ်လို့ ဖြစ်လာရင် ရှုတ်ထွေးမှုအမျိုးမျိုးရှိတတ်ပြီး မှားယွင်းအတည်ပြုတာမျိုးလည်း ရှိတတ်ပါတယ်

ရန်သူ ချေမှုန်း မခံရအောင် လက်ဦးမှုရယူတာမျိုးလည်း ရှိတတ်တယ်

နျူလက်နက်ပိုင် ကမ္ဘာ့ရန် အိမ်နီးချင်းနှစ်နိုင်ငံတို့ရဲ့ ပေါက်ကွဲစ စစ်မီးလျှံများကို နိုင်ငံတကာက ရင်တမမနဲ့ စောင့်ကြည့်နေကြပါတယ်။
.
#HtayOung #OungMarine
(မေ-၆၊ ၂ဝ၂၅) ဦးဦးလှစောဟာ ရခိုင်လူတော် နိုင်ငံရေးသမားတစ်ယောက်ပါ
.
.
#HtayOung #OungMarine
(‌မေ-၆၊ ၂၀၂၅) ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ် ၅ စင်းကို ပစ်ချခဲ့ကြောင်း သတင်းထွက်ပေါ်လာပြီး နောက် ပြင်သစ်ဂျက်တိုက်လေယာဉ်ကုမ္ပဏီ ရှယ်ယာဈေး ထိုးစိုက်ကျဆင်း
===
ခရီးသွား ၂၆-ဦး သေဆုံးရတဲ့ ပါဟယ်လ်ဂမ်ပစ်ခတ်မှုကြောင့် နျူလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံအကြား ပဋိပက္ခများ ပြင်းထန်လာချိန်မှာ ပါကစ္စတန်က အိန္ဒိယရဲ့ ရာဖေးဂျက်တိုက်လေယာဉ် ၃-စင်း၊ MiG-29၊ SU-30 နဲ့ ဟာရွန်မောင်းသူမဲ့လေယာဉ် ၁-စင်းတို့ကို ပစ်ချခဲ့ကြောင်း၊ ရာဖေးဂျက်တိုက်လေယာဉ်များ ပါဝင်နေတဲ့အ တွက် အဲ့ဒီလေယာဉ်တွေကို ထုတ်လုပ်တဲ့ ပြင်သစ် ဒက်ဆော့ အေဗီယေးရှင်း ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ ဗုဒ္ဓဟူးနေ့မှာ ၆% သိသိသာသာ ကျဆင်းသွားတယ်လို့ Samma.tv က ယနေ့ ရေးပါတယ်။
.
(ယခင်တည်းက နှစ်ဖက်ရန်စောင်နေကြတဲ့) ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် စစ်ရေးတင်းမာမှုများ မြင့် တက်လာပြီး ပါကစ္စတန်လေတပ်က အိန္ဒိယရဲ့ ရာဖေးဂျက်တိုက်လေယာဉ် ၃ စင်းအပါအဝင် အခြားလေယာဉ် ၆ စင်းတို့ကို ပစ်ချပြီးနောက် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။

မိမိတို့ ဝေဟင်ပိုင်နက်အတွင်း ဖြတ်သန်းလာခြင်း မတိုင်မီ အိန္ဒိယဂျက်လေယာဉ်များကို ကြားဖြတ်ဟန့်တားခဲ့ရ တယ်လို့ ပါကစ္စတန်က ပြောပါတယ်။

ပါကစ္စတန် အကြီးတန်း ကာကွယ်ရေးအရာရှိများနဲ့ အဆင့်မြင့် လုံခြုံရေး သတင်းရင်းမြစ်များ အဆိုအရ ယခု ထိတွေ့မှုမှာ အိန္ဒိယ ဂျက်တိုက်လေယာဉ် ၅-စီးနဲ့ ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် ၁ စင်းတို့ကို ဖျက်ဆ ဆီးနိုင်ခဲ့ကြောင်း၊ အဲ့ဒီ လေယာဉ်အားလုံးတို့ဟာ အိန္ဒိယလေပိုင်နက်အတွင်း ပျံသန်းနေပေမယ့် လက်နက်များ အသင့်တပ်ဆင်ပြီး ပါကစ္စတန်ပိုင်နက်ကို တိုက်ခိုက်ရန် ကြိုးပမ်းနေကြောင်း ပါကစ္စတန်ဘက်မှာ လေယာဉ်တစ် စင်းမျှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပဲ တိုက်ပွဲဝင်လေသူရဲအားလုံး အခြေစိုက်စခန်းသို့ ဘေးကင်း ချောမောစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါတယ်။

Rafale ရာဖေးနဲ့ SU-30 တစ်စီးတို့ဟာ နှစ်နိုင်ငံနယ်စပ် အိန္ဒိယဘက်ခြမ်းရှိ ဘာဟော်ဝါပူအနီးမှာ ဆင်းသက်ခဲ့ ရကြောင်း ပါကစ္စတန် တာဝန်ရှိသူများက ပြောပါတယ်။ အခြား ရာဖေးတစ်စင်းကတော့ ထိန်းချုပ်မျဉ်းမှ ၁၇-မိုင် ခန့်အကွာ အာဝမ်တီပိုရာ အနောက်တောင်ဘက်မှာ ထိုးစိုက်ကျသွားတယ်လို့ ဆိုပါတယ်။

ဟာရွန် မောင်းသူမဲ့လေယာဉ်ကတော့ သီးခြားစစ်ဆင်ရေးတစ်ခုမှာ ကြားဖြတ်ဟန့်တားစဉ် ပျက်စီးသွားခြင်း ဖြစ်တယ်လို့ သတင်းရင်းမြစ်များက ပြောပါတယ်။ အိန္ဒိယက ဆုံးရှုံးမှုများကို ငြင်းဆိုထားပြီး ပါကစ္စတန် ဂျက် လေယာဉ်များ ပျက်ကျခဲ့တယ်လို့ ပြောဆိုနေပါတယ်။

တစ်ချိန်တည်းမှာပဲ အိန္ဒိယက လက်တုန့်ပြန်တဲ့အတွက် ပါကစ္စတန်တိုက်လေယာဉ်များ ပစ်ချခံခဲ့ရတယ်လို့ တ ရားဝင်မဟုတ်တဲ့ သတင်းရင်းမြစ်များကို ကိုးကားပြီး အိန္ဒိယမီဒီယာများက အခိုင်အမာရေးသားနေကြပါတယ်။ ဒါပေမယ့် အဲဒီအဆိုကို ပါကစ္စတန် ကာကွယ်ရေး အရာရှိများက ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး အခြေအ မြစ်မရှိ၊ လုပ်ကြံဖန်တီးမှုများနဲ့ လူထုအပေါ် ဖိအားများကြားမှာ လှည့်ဖြားရန် ကြိုးပမ်းနေကြောင်း စွပ်စွဲ လိုက် ပါတယ်။

ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အတ်သူလာ တာရား ကတော့ ပါဟယ်လ်ဂမ်ဖြစ်စဉ်ဟာ အစ္စလာမ်မာဘတ်နဲ့ ပတ်သက်ခြင်း မရှိကြောင်း၊ အဖြစ်မှန် ဖော်ထုတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပါရန် ကမ်းလှမ်းပါတယ်။ အိန္ဒိယအာဏာပိုင်များအနေနဲ့ ပါဟယ်လ်ဂမ်ဖြစ်ရပ်နဲ့ အစ္စလာမာဘတ်တို့ ဆက်နွယ်မှူကို စုံစမ်းစစ်ဆေးမယ်ဆို ရင် မိမိတို့ အစိုးရက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေမှုကို ထပ်လောင်းပြောကြားခဲ့ပါတယ်။


အချိန်တိုအတွင်း ရန်သူ့လေယာဉ်တို့ကို ဖြိုချခဲ့ကြောင်း၊ ကျွန်တော်တို့ရဲ့လက်တွေဟာ သန့်ရှင်းနေပြီး အကြမ်း ဖက်မှုကို တက်ကြွစွာ တိုက်ဖျက်နေကြောင်း၊ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားပေမဲ့ အိန္ဒိယက စုံစမ်းစစ် ဆေးမှု မရှိဘဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စလာမာဘတ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။

ပါကစ္စတန်လေတပ်မတော် (PAF) ရဲ့ လေကြောင်းဆိုင်ရာ စွမ်းရည်သာလွန်ကောင်းမွန်မှုကို ထပ်လောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံ့ပိုင်နက် တစ်လက်မကျန် ကာကွယ်ရာမှာ နယ်စပ်ဖြတ်ကျော်ဖို့ နောက်ထပ် ရန်စမှု တိုင်း ဟာ လျင်မြန်ပြီး အချိုးကျဆီလျော်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

တိုက်လေယာဉ်အများအပြား ပစ်ချခံရကြောင်း ပြောဆိုမှုတွေဟာ ဈေးကွက်အတွင်း ချက်ချင်းတုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ပြင်သစ်တိုက်လေယာဉ်ကုမ္ပဏီရဲ့ စစ်ဘက်နည်းပညာယုံကြည်မှုအတွက် ပြဒါးတိုင်တစ်ခု အဖြစ်ယူဆကြပါတယ်။ ရာဖေးဂျက်လေယာဉ်ရဲ့ စွမ်းဆောင်ရည်နဲ့ အိန္ဒိယရဲ့ မဟာဗျူဟာကျတဲ့ လှုပ်ရှား မှုအနေအထားတို့နဲ့ ပတ်သက်ပြီး စိုးရိမ်မှုများအပေါ် တိုက်ရိုက်ထိခိုက်သွားခဲ့ပါတယ်။
.
ယခုနောက်ဆုံးဖြစ်ရပ်တွေဟာ ဒေသတစ်ခုလုံးကို အန္တရာယ်ရှိတဲ့ အဆင့်သို့ တွန်းပို့ခဲ့ပါတယ်။ နယူးဒေလီနဲ့ အစ္စလာမာဘတ်တို့အကြား သံတမန်ဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်ပြီး မီဒီယာများနဲ့ တရားဝင် လမ်း ကြောင်းများမှတစ်ဆင့် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။
.
#HtayOung #OungMarine
….
(မေ-၇၊ ၂၀၂၅) ရက္ခိုင်တပ် AA နှင့် ဆက်သွယ်နေခြင်းအတွက် နစက၏ စိုးရိမ်မှုကို ဘင်္ဂလားဒေ့ရှ်အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် စိတ်မဝင်စားဟန်ပြ
===
အာရက္ခတပ် AA နဲ့ အဆက်အသွယ်ပြုလုပ်နေမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကန့်ကွက်မှုများကို ဘင်္ဂလား ဒေ့ရှ်၏ အမျိုးသားလုံခြုံရေးအကြံပေးချုပ် ခါလီလူရ်ရာမန်က လျစ်လျူရှုထားပါတယ်။ သူတို့အစိုးရအဖွဲ့အနေနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်နဲ့ မြှင့်တင်ရာမှာ လိုအပ်တဲ့ ဘယ်သူနဲ့မဆို ဆက်ဆံမယ်လို့ ပြောဆို ကြောင်း ဒါကာအခြေစိုက် bdnews24 ဒစ်ဂျစ်တာ် မီဒီယာက (7 May 2025) ရေးသားပါတယ်။

"ဘယ်သူ ဘာပြောပြော အရေးမကြီးပါဘူး" လို့ မေလ ၇ ရက် (အင်္ဂါနေ့) နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထောက်များနဲ့တွေ့ဆုံစဉ် နယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်နေခိုက် ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြား ရေးမူဝါအပေါ် ခိုင်မာတဲ့သဘောထားကို ပြသတဲ့အနေနဲ့ ခါလီလူရ်က ဆိုပါတယ်။

မြန်မာ နစက အစိုးရရဲ့ ကန့်ကွက်မှုများနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းတဲ့အခါ ခါလီ လူရ်က "ကျွန်တော်တို့ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့ ဆက်သွယ်လိုသူနဲ့ ဆက်သွယ်မှာပါ" လို့ ပြန်လည်ဖြေကြားပါတယ်။

"ကျွန်တော်တို့ဟာ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားပြီး အကောင်အထည်ဖော်နေပါတယ်၊ ခင်ဗျား တို့ မြင်နေရတာပဲ" “.. " မြန်မာနိုင်ငံက AA ရာဇဝတ်အဖွဲ့အစည်းအဖြစ် ကြေညာထားပေမယ့် သူတို့ကိုယ်တိုင် လည်း အဲဒီ AA နဲ့ စကားပြောနေတာပဲ၊ သူတို့ စစ်ရေးရပ်စဲရေးကိစ္စတွေ ဆွေးနွေးနေတယ် မဟုတ်လား.."

ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခတပ်တို့အကြား ဆက်သွယ်မှုအပေါ် စိုးရိမ်တယ်လို့ မြန်မာဘက်က စာတစ်စောင် ပေးပို့ကြောင်း သတင်းများထွက်ပေါ်နေချိန် ဘင်္ဂလားဒေ့ရှ်ရဲ့ သဘောထားကို သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

"တစ်ခုသတိထားရမှာက အခုချိန်မှာ ကျွန်တော်တို့ရဲ့ နယ်စပ်တစ်လျှောက်ကို AA ရခိုင်တပ်က ထိန်းချုပ်ထား တယ်" လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်ရဲ့ အကြီးတန်းလက်ထောက်ဖြစ်သူ ခါလီလူရ် က ပြန်လည်ဖြေဆိုပါတယ်။

" အဲ့ဒါ ကျွန်တော်တို့ရဲ့ နယ်စပ်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေဖြစ်ပါတယ်။ ကျွန် တော်တို့ ထိန်းသိမ်းကာကွယ်ရမယ်၊ တည်ငြိမ်အေးချမ်းအောင် ထားရှိရမယ်" “ "တပ်မတော် [မြန်မာ့စစ်တပ်] ပြန်လာနိုင်ရင်၊ သူတို့ရဲ့အခြေစိုက်စခန်းတွေကို ပြန်လည်ထူထောင်ပါ။ အရင် ကျွန်တော်တို့ သူတို့နဲ့ ဆက်သွယ် ခဲ့ဖူးပါတယ်။ သူတို့ပြန်လာရင် ကျွန်တော်တို့ သူတို့နဲ့လည်း ပြောဆိုမှာပါ" လို့ ဆက်လက်ရှင်းပြပါတယ်။”

ဧပြီလတုန်းက ဒါကာနဲ့ AA ကြား ဆက်သွယ်မှုကို ရည်ညွှန်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦး ဦး ဆောင်တဲ့ မြန်မာ နစက အစိုးရက ဒီလုပ်ရပ်ကို ကန့်ကွက်တဲ့သဘော သံတမန်ဆိုင်ရာ သတိထောက်လွှာ တစ် စောင်ကို ပေးပို့ခဲ့ပါတယ်။ အဲ့ဒီ စာမှာ စိတ်အနှောက်အယှက်ဖြစ်ရမှုကို ဖော်ပြထားပေမယ့် အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရက တရားဝင်တုန့်ပြန်ခြင်း မပြုသေးပါဘူး။

ရခိုင်တပ်နဲ့ ဆက်သွယ်ဆွေးနွေးမှုဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအချုပ်အခြာအာဏာအပေါ် ဘင်္ဂလားဒေ့ရှ်ရဲ့ သဘောထားနဲ့ ဆန့်ကျင်နေပါသလားလို့ မေးမြန်းတဲ့အခါ ခါလီလူရ်က " လုံးဝမဟုတ်ပါဘူး။ သူတို့ [ရခိုင် တပ်] က နယ်စပ်တစ်ဖက်မှာ ရှိနေပါတယ်၊ ကျွန်တော်တို့မှာ ဆက်ဆံစရာ သူတို့ပဲ ရှိပါတယ်။ ဒါဟာ လက်တွေ့ အခြေအနေပါပဲ" လို့ ဖြေဆိုပါတယ်။

မြန်မာအစိုးရနဲ့ ပတ်သက်ပြီး "ကျွန်တော်တို့မှာ မြန်မာ နစက အစိုးရနဲ့လည်း ဆက်သွယ်မှုရှိပါတယ်။ မကြာ သေးခင်ကလည်း သူတို့တောင်ဆိုတဲ့အထိ မစောင့်ဘဲ အကူအညီတွေ ပို့ပေးခဲ့တာ ခင်ဗျားတို့ မြင်ခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ အဆက်အသွယ်ရှိနေပါတယ်" လို့ ရှင်းပြပါတယ်။

"သူတို့ (နစက) နဲ့ ကုန်သွယ်ရေး ဆက်နွယ်မှုတွေလည်း ရှိနေပါတယ်။ ရိုဟင်ဂျာကိစ္စမှာလည်း ဆက်လက်ဆွေး နွေးနေပါတယ်" မြန်မာနစက အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ် တို့ ဘန်ကောက်မှာ တွေ့ဆုံမှုကို ကိုးကားပြီး ဆွေးနွေးမှုများ ဆက်လက်ရှိနေမယ်လို့ ခါလီလူရ်က ပြောပါတယ်

"ပြဿနာတစ်ခုကို ဖြေရှင်းချင်ရင် ဘက်ပေါင်းစုံနဲ့ ဆက်သွယ်ထားဖို့ လိုပါတယ်" "အဲဒီလို ဆက်သွယ်မှု မရှိရင် ဘာမှ ဖြေရှင်းလို့ မရပါဘူး"
.
စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ပေးမယ့် လမ်း ကြောင်းဖွင့်ပေးရေးမှာ ကုလသမဂ္ဂ (UN) က AA ရော မြန်မာအစိုးရ နှစ်ဘက်လုံးနဲ့ပါ ညှိနှိုင်းဆောင်ရွက်နိုင် ခြေ ရှိ-မရှိ နွဲ ပတ်သက်ပြီး မေးမြန်းတဲ့အခါ “ ပတ်သက်သူ အားလုံးနဲ့ ဆက်သွယ်ရပါလိမ့်မယ်” လို့ ဆိုပါတယ်။

"ကျွန်တော်တို့ အကြိုဆွေးနွေးမှုတွေ လုပ်ထားပြီးပါပြီ။ နောက်ဆုံးမှာ ဘက်ပေါင်းစုံက သဘောတူညီမှု ရှိ-မရှိ ကြည့်ရမယ်" “ "သဘောတူတယ်ဆိုရင်တောင် အလိုလို အကူအညီ ပေးပို့မယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ မှာ စဉ်းစားစရာတွေ အများကြီး ရှိပါသေးတယ်" လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်ရဲ့ အကြီးတန်းလက်‌ထောက်ဖြစ်သူ ခါလီလူရ်က
ပြောပါတယ်။

#HtayOung #OungMarine
(မေ-၈၊ ၂၀၂၅) AA ရဲ့ ရက္ခိတလမ်းစဉ်ဆိုတာ #Ultra_nationalist #အလွန်အကျွံ_အမျိုးသားရေးဝါဒ ဖြစ်ပါတယ်။
.
မည်သူ/ မည်သည့်လူမျိုး မဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ စုရုံးခွင့်၊ ရှင်သန်ရပ်တည်ခွင့်၊ စာပေ ယဉ်ကျေးမှု မတိမ်ကော မပျောက်ပျက်ရအောင် ထိန်းသိမ်း စောင့်ရှောက်ခွင့် ရှိပါတယ်။
.
ဒါပေမယ့် #Mono_Ethnic_State
လူမျိုးတစ်မျိုးကို အခြေခံပြီး တိုင်းပြည်/ကွန်ဖက်ဒရိတ် ထူထောင်မယ် ဆိုခြင်းဟာ
လူမျိုးကြီးဝါဒ ထက် ပိုမိုအစွန်းရောက်တဲ့ #နာဇီဝါဒ_ဖက်ဆစ်ဝါဒ ဖြစ်သွားပါတယ်။

ယခု ရခိုင်ပြည်နယ် (သံတွဲ) ငပလီနဲ့ ကျဆုံးထားတဲ့ ရှမ်းမြောက်မြို့တွေမှာ ဗမာနဲ့ သူတို့လူမျိုးမဟုတ်သူတို့ရဲ့ ပိုင်ဆိုင်မှုများ သိမ်းဆည်းခြင်း၊ အခြားတိုင်းရင်းသားများ မဝင်ရခြင်း၊ နေအိမ်များ ချိတ်ပိတ်သိမ်းယူနေခြင်းဟာ
ဒုတိယကမ္ဘာစစ် နာဇီ ဟစ်တလာ လုပ်ခဲ့တာနဲ့ တစ်ထေရာတည်း တူညီကြောင်း သတိပြုမိကြမှာပါ
တကယ်တော့ အဲ့ဒီ မြို့ရွာတွေ ဗမာလူငယ် PDFs လေးများ ရှေ့တန်းက အသေခံတိုက်ယူပေးခဲ့တာပါ
.
AA ဟာ ရခိုင်ပြည်နယ်အတွင်းနဲ့ ထိရှလွယ်တဲ့ နယ်ခြားဒေသများကို လောဘတကြီး တိုက်ခိုက်သိမ်းယူခဲ့ ပါတယ်။ အဲ့ဒီ မြို့တွေကို သိမ်းယူပြီးရင် ယခင်အတိုင်း ဆက်လက်တည်ရှိအောင် ထိန်းသိမ်းဖို့၊ လက်လွတ် မဆုံးရှုံးရအောင် ကာကွယ်ဖို့ မလွဲမသွေ လိုအပ်လာပါတယ်။ အမ်း-ပဒါန်းလမ်း၊ တောင်ကုတ်-ဥသျှစ်ပင်လမ်း၊ ဂွ-ငသိုင်းချောင်းလမ်းတို့မှာ တိုက်ကွက်ဖော် ဆောင်လာရပါတယ်။ အဲ့ဒါကြောင့် AA က စစ်ကို တိုက်နေခြင်း မဟုတ်၊ စစ်က AA ကို တိုက်ခိုင်းတဲ့အဆင့် ရောက်သွားပြီလို့ ပြောရခြင်း ဖြစ်ပါတယ်။
.
AA ဟာ သူ့ရဲ့ အလွန်အကျွံအမျိုးသားရေးဝါဒကို မျက်နှာဖုံး စွပ်ဖို့နဲ့ လောဘတကြီးသိမ်းယူထားတဲ့ ရခိုင်ပြည် နယ်ကို သော့ခတ် စည်းရိုးကာဖို့ “တစ်တိုင်းပြည်လုံး စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး” လို့ လူပြိန်းကြိုက် ပြောင်းလဲ ကြွေးကြော်ပြီး မျက်နှာပြောင်တိုက်လာပါတယ်။ သူတို့ နာဇီဝါဒ ဖက်ဆစ်ဝါဒအတွက် ဗမာ ကျားမ လူငယ် PDF လေးများကို အဿေခံဖို့ လှည့်စားလာပါတယ်။

အထက်မှာ ပြောခဲ့တဲ့ ရခိုင်ပြည်နယ်ဝင်ပေါက် ရိုးမဖြတ်လမ်းနေရာ တိုက်ပွဲများမှာ ခုနစ်ခိုင်ပါဝင်မှု အ နည်း ငယ်သာ ရှိပါတယ်။ သူတို့မှာ ပြီးခဲ့တဲ့ ရခိုင်ပြည်န် တိုက်ပွဲများအတွင်း အရွယ်ကောင်း ကျားမလူငယ်အ တော်များများ ကျဆုံးခဲ့ရလို့ လူအင်အား မရှိတော့ခြင်းကြောင့် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၁၈-နှစ်အထက် စစ်မှုမထမ်း မနေရ အမိန့်ထုတ်ခြင်း၊ သူတို့တိုက်ကွက်ဖော်မယ့် နယ် မြေများမှာ အရှိုချင်းနဲ့ ဒေသခံ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီး လူသစ်စုဆောင်းနေပါတယ်။ လက် ကိုင်ဖုန်းတွေ သိမ်း၊ ရက်ပိုင်းလောက် စစ်သင်တန်းပေး- စိတ်ကြွဆေး ကျွေးပြီး အတင်းတက်ခိုင်းနေပါတယ်။

တကယ်တော့ အမ်း-ပဒါန်းလမ်းမှာ တိုက်ကွက်ဖော်ရအောင် AA အင်အားမရှိ၊ ယခု လှုပ်ရှားနေသူများဟာ ဒေသခံ ဗမာ PDFs များ ဖြစ်ပါတယ်။ ငဖဲနဲ့ စေတုတ္တရာမြိုံနယ်အစပ် အချို့ဆိုရင် AA စစ်ယူနီဖောင်း မဟုတ်၊ ကြုံရာ ကျရာ အရပ်ဝတ်များနဲ့ ဖြစ်ပါတယ်။

တောင်ကုတ်-ဥသျှစ်ပင်လမ်းမှာလည်း အလားတူဖြစ်ပြီး ဂွ-ငသိုင်းချောင်း ဧရာဝတီတိုင်းအတွင်းမှာတော့ မြန်အောင်-ကြံခင်းဘက် အများစု အနီ ဗမာလူငယ်များဖြစ်ပါတယ်။ သူတို့ကို နယ်မြေခံ NUG ထောက်ခံများနဲ့ ပြည်ပရောက် အနီများက ငွေကြေး-ရိက္ခာ ဖန်တီးပေးနေကြပါတယ်။ တနည်းအားဖြင့် အေးချမ်းစွာ တည်ရှိ နေတဲ့ ကျေးရွာများမှာ စစ်လေယာဉ်က ဗုံးကြဲခံရပြီး ပျက်စီးအောင် အကွက်ဆင်နေကြပါတယ်။ စိုက်ရေး ပျိုး ရေးနဲ့ ပုံမှန် သွားလာ ရောင်းဝယ်မှု ပျက်ပြားအောင် လုပ်ဆောင်နေကြပါတယ်။ အဲ့ဒါကိုပဲ ပြည်ပြေး မီဒီယာ များက သတင်းလိမ်-သတင်းမှားများနဲ့ စိတ်ဓါတ်တက်ကြွရေး ဝါဒဖြန့် လှုံဆော်နေကြတယ်။
.
ယခု ငပွကြီး အစီအစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်မှတဆင့် ရခိုင်မြောက်ပိုင်း ဘင်္ဂါလီများထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်း ဆိုတာ ငပွကြီးက “ #ရခိုင်ပြည်နယ်ကို_ပါလက်စတိုင်းဖြစ်အောင်လုပ်ခြင်း ”
မဟာဗျူဟာ #Palestiniannization_Strategy သာ ဖြစ်ပါတယ်။ လူသားချင်း စာနာမှု အကူအညီ ဗန်းပြပြီး ပါလက်စတိုင်းလို အမြဲတန်း မတည်ငြိမ်တဲ့ ဒေသဖြစ်အောင် ဖန်တီးရာမှာ အဖက်ဖက်က အကူအညီလိုအပ် နေတဲ့ AA က မလွဲမသွေ ဦးဆောင်ပါဝင်ပါ လိမ့်မယ်။
ရေရှည်မှာ ဒေသခံ ဘင်္ဂါလီများနဲ့ ရခိုင်မျိုးနွယ်စုများပါ သောက ပင်လယ်ဝေကြရလိမ့်မယ်။
.
#HtayOung, #OungMarine