HtayOung(OungMarine)
10.2K subscribers
3.27K photos
142 videos
925 links
Download Telegram
.
ဒါပေမယ့် ကုလအထွေထွေအတွင်းရေးမှူးကိုယ်တိုင် “လူသားချင်း စာနာမှုဆိုင်ရာ စင်္ကြံ” ကို နှပ်ကြောင်းပေး လာခြင်း၊ ယခုနောက်ပိုင်း ဂျမတ်အီအစ္စလာမ်မီ JI တို့လို ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းတွေက ရခိုင် ပြည်နယ်အတွင်း ရိုဟင်ဂျာဆိုသူများအတွက် သီးခြားနိုင်ငံဖန်တီးရေး အကူအညီပေးဖို့ ဒါကာကို အလည် ရောက်လာတဲ့ တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်များထံ အဆိုပြုကြောင်း သတင်းတွေ့ရတယ်။ JI တောင်း ဆိုတဲ့ အင်္ဂလိပ်ဘာသာ State ဆိုတာ “ပြည်နယ်” လို့ မီဒီယာအတော်များများက ဘာသာပြန်ကြပေမယ့် ရှေ့ နောက် စကားဆက်နဲ့ ရိုဟင်ဂျာ လူမျိုးဖန်တီးရခြင်း နိုင်ငံရေးရည်ရွယ်ကို ခန့်မှန်းစဉ်းစားတဲ့အခါ “နိုင်ငံ” ကို ဆိုလိုကြောင်း ၊ ရှိတ်ဟာစီနာလက်ထက်တည်းက ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခံထားရတဲ့ JI ဟာ တ မင်သက်သက် နိုင်ငံရေး စတန့်ထွင်ခြင်း မဟုတ်ကြောင်း သေချာလာတယ်။ ကျွန်တော်တို့အိမ်နီးချင်း တိုင်း ပြည်မှာ ဒီလို ဖြစ်ချင်နေသူတွေ တကယ်ရှိပါလားလို့ ထိတ်လန့်မိပါတယ်။
.
တစ်ဖက်နိုင်ငံရောက် ဒုက္ခသည်ဘင်္ဂါလီတွေကို ပြန်လက်မခံဘူးလို့ မြန်မာအစိုးရအဆက်ဆက် ဘယ်တုန်းကမှ မပြောခဲ့ပါဘူး၊ စိစစ်လက်ခံမယ်လို့ ဆိုခဲ့ပေမယ့် NLD လက်ထက် ဒုက္ခသည်များ နေရပ်ပြန်ရေးပြင်ဆင်မှုဟာ တစ်ယောက်မှ ပြန်ဝင်မလာပဲ ၂-ကြိမ်တိတိ ပျက်ပြားခဲ့ပါတယ်။

ယခုသတင်းမှာ အမေရိကန် ထောက်ပံ့ရေးပစ္စည်းတွေဟာ ဘယ်နေရာမှာ ဘယ်လို ရောက်ရှိနေပြီး ဘင်္ဂလား ဒေ့ရှ်စစ်တပ်နဲ့ ဘယ်လောက်ပဲ ဝေးကြောင်း ချန်ဒန်နမ်ဒီရေးသားထားတာ အတော်အသေးစိတ်ပါတယ်။ ရှိတ် ဟာစီနာကို ပြုတ်ကျစေခဲ့တဲ့ BNP ပါတီဟာ ယူနွတ်အစိုးရနဲ့ တရင်းတနှီးရှိပါတယ်၊ ဒါပေမယ့် BNP ဟာ ဒီ ကိစ္စမှာ အပြင်းအထန် ဆန့်ကျင်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွင်းမှာလည်း သဘောမတူနိုင်သူများ ရှိနေ တယ်လို့ ရေးပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ရင် အမြဲတန်း “တက်ကြွတဲ့ ကြက်ဖ” လူ့အခွင့်အရေး အဖွဲ့တွေဟာ ဒီကိစ္စမှာ ရေငုံနှုတ်ပိတ်နေတဲ့အတွက် စိတ်ပျက်မိတယ်။ #HtayOung #OungMarine))
(မေ-၄၊ ၂၀၂၅) UWSA နှင့် အဆက်အသွယ်ရှိသည့် အာရက္ခတပ်သည် ယုံကြည်စိတ်ချရသည့် မိတ်ဖက်မဖြစ် နိုင်ဟု ဘင်္ဂလားဒေ့ရှ်လေ့လာသူများ သတိပေး၊ ယူနွတ်အစိုးရ၏ လူသားချင်းစာနာမှု စင်္ကြံ တရားဝင်မှု၊ တော် လှန်ရေးလက်နက်ကိုင်များနှင့် ဒေသတွင်း အရှုတ်အထွေး
===
မိုဟာမက် ယူနွတ်ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ဟာ အာရက္ခတပ် (AA) က မြန်မာ နစက အစိုးရကို စစ်မက်တိုက်ခိုက်ရာမှာ ပံ့ပိုးရန်အတွက် လျှို့ဝှက်သဘောတူညီမှုများ ပြုလုပ်ထားကြောင်း ထင်ရှားနေပြီး AA ဟာ "ယုံကြည်ရန် မသင့်လျှော်တဲ့ မိတ်ဖက်" အဖြစ် သတ်မှတ်ထားတယ်လို့ ဒါကာမြို့အခြေစိုက် ဘင်္ဂလား ဒေ့ရှ် ငြိမ်းချမ်းရေးနဲ့ လုံခြုံ ရေးဆိုင်ရာ လေ့လာရေးအင်စတီကျု (BIPSS) က ပြောဆိုကြောင်း ချန်ဒန်နမ်ဒီက “နော့သ်အိစ်နယူးစ်” (1 May 2025) မှာ ရေးသားပါတယ်။

AA ဟာ အချုပ်အခြာအာဏာပိုင်အဖြစ် အသိအမှတ်ပြုထားခြင်း မရှိတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း၊ တရုတ်က ကြိုးကိုင် ပံ့ပိုးနေနဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) မျိုးကဲ့သို့ လက်နက်ကိုင်အဖွဲ့များနဲ့ သမိုင်း ကြောင်းဆိုင်ရာ ဆက်နွယ်မှုများရှိနေတဲ့အတွက် ယုံကြည်စိတ်ချရန် မသင့်လျော်တဲ့ အဖွဲ့ဖြစ်ကြောင်း နော့သ် အိစ်နယူးက ရရှိထားတဲ့ BIPSS ရဲ့ မူဝါဒရေးရာအကျဉ်းမှာ ရှင်းလင်းစွာ ဖော်ပြထားပါတယ်။

ယခု လူသားချင်းစာနာမှုဆိုင်ရာစင်္ကြံဟာ မြန်မာအစိုးရရဲ့ သဘောတူညီချက် မပါရှိဘဲ စတင်မှာဖြစ်တဲ့အတွက် အပြည်ပြည်ဆိုင်ရာဥပဒေအရ အကျုံးဝင်မှု မရှိကြောင်း၊ ဥပဒေကြောင်းနဲ့ သံတမန်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ များကိုသာ မြင့်တက်စေမှာဖြစ်တယ်လို့ BIPSS က ဆိုပါတယ်။

ယူနူစ်အစိုးရနဲ့ AA တို့အကြား ပူးပေါင်းဆောင်ရွက်နေမှုများနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့ လုံခြုံ ရေးအသိုင်းအဝိုင်းမှာ သိသာတဲ့ စိုးရိမ်မှုများရှိနေပါတယ်။ BIPSS ရဲ့ သုံးသပ်ချက်မှာ လတ်တလော ရခိုင်ပြည် နယ်အတွင်း AA ရဲ့ စစ်ရေးအောင်မြင်မှုများ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုတွေဟာ ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့မှုအပါအဝင် နယ်စပ်ဖြတ်ကျော် မတည်ငြိမ်မှု အန္တရာယ်ကို မြင့်တက်စေပြီး အမျိုးသားအချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှုဖြစ်စေတယ်ဆိုတဲ့ အချက်ကို အခြေခံထားပါ တယ်။

အလားတူ ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ကလည်း ယူနွတ်အစိုးရရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုများ ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသားလုံခြုံရေးအကြံ ပေးအရာရှိ (NSA) ခါလီလူရ် ရာမန်တို့လို အဓိကအရာရှိတွေဟာ အရေးကြီးကိစ္စတွေကို ထည့်စဉ်းစားပုံ မရ ဘူးလို့ ဆိုပါတယ်။
..
ရခိုင်နဲ့ မြန်မာ့စစ်ရေး အရှုပ်တော်ပုံမှာ ပါဝင်ရေး ယူနူစ်အစိုးရရဲ့ ခေါင်းမာစွာရပ်တည်နေမှုမှာ အထူးသဖြင့် အမေရိကန်တို့လို အနောက်နိုင်ငံများရဲ့ ညွှန်ကြားမှုကြောင့်ဖြစ်ကြောင်း၊ သူတို့ဟာ မြန်မာစစ်တပ်ကို ရခိုင် ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များမှ မောင်းထုတ်စေဖို့ AA ကို Proxy War ကိုယ်စားပြုစစ် အဖြစ် အသုံးချချင်နေတယ်လို့ ယူဆကြပါတယ်။

BIPSS ရဲ့ အဆိုအရ "ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်မှာ စစ်ရေးအရ သီးသန့်ဇုန်သတ်မှတ်မှု မရှိခြင်းဟာ ပဋိ ပက္ခ ဖြစ်ပွားနေစဉ် နယ်စပ်ကာကွယ်ရေး စံနှုန်းများကို ချိုးဖောက်နေပြီး၊ နယ်မြေတစ်ခုလုံးကို အန္တရာယ်ကျ ရောက်စေနိုင်တယ်လို့ သိရှိရပါတယ်။

..
ယူနွတ်အစိုးရဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် တင်းတင်းမာမာ ရပ်တည်နေကြောင်း "တရားဝင် နယ်နိမိတ် သတ်မှတ်ချက် သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်ကို ပွင့်လင်းမြင်သာစွာ သတင်း ထုတ်ပြန်ခြင်းမရှိတဲ့ အပြင် အစိုးရအဖွဲ့ရဲ့ ကြီးကြပ်ရေးနဲ့ လုံခြုံရေးအာဏာပိုင်အဖွဲ့ကိုလည်း ချပြခြင်း မပြုသေးကြောင်း
.
ဒါ့အပြင် ပေါလျော့ အားနည်းစွာ စီမံဆောင်ရွက်တဲ့ စင်္ကြံလမ်းဟာ မြန်မာ့မြေပေါ်မှတစ်ဆင့် လက်ရှိ မူးယစ် ဆေးဝါးနဲ့ လက်နက်မှောင်ခိုလမ်းကြောင်းများက လုံခြုံရေးခြိမ်းခြောက်မှုများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့ ယစ်ဆေးဝါးများ ဝင်ရောက်မှုကို စိုးရိမ်နေဆဲဖြစ်ပြီး၊ နယ်စပ်စောင့်တပ်များအတွက် စိန်ခေါ်မှုဖြစ်စေတယ်လို့ အိန္ဒိယလုံခြုံရေးအဖွဲ့အစည်းများထံမှ သိရှိရကြောင်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးဝင်ရောက်နိုင်တဲ့ အနည်းဆုံး ၆-နေရာရှိတယ်လို့ ဆိုပါတယ်။

အခြေခံထားပြီးဖြစ်တဲ့ စနစ်များရဲ့ ပြင်ပမှာ စင်္ကြံတစ်ခုတည်ထောင်ခြင်းဟာ နောက်နောင် အလားတူ အ ကြောင်းပြချက်များနဲ့ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်စွက်ဖက်ရန် အစဉ်အလာတစ်ခု ဖြစ်စေနိုင်ကြောင်း၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားရဲ့ အခြေခံအဆောက်အအုံ အကျိုးစီးပွားများကဲ့သို့ အခြားအကျိုးသက်ဆိုင်သူများ အပေါ် ဖီ လာဆန့်ကျင်မှုတွေဟာ ရခိုင်ပြည်နယ်ရဲ့ ပထဝီနိုင်ငံရေး ရှုပ်ထွေးမှုကို ပိုမိုနက်ရှိုင်းစေနိုင်ကြောင်း၊
ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်ထူထောင်ရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရရဲ့ ဆုံးဖြတ် ချက်ဟာ (လက်သိပ်ထိုး ဒိုင်လျှို) မရှင်းမလင်း အခြေအနေများအောက်မှာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ပွင့်လင်းမြင်သာ မှုနဲ့ တာဝန်ခံယူ တာဝန်ခံမှု မရှိကြောင်း BIPSS က ထုတ်ပြန်တဲ့ မူဝါဒအကျဉ်းက ပြတ်သားစွာ သတိပေးထား ပါတယ်။
.
#HtayOung #OungMarine.
(မေ-၄၊ ၂ဝ၂၅) ကျွန်တော့်ရဲ့ TikTok အကောင့်တစ်ခု ရာသက်ပန် အဖျက်ခံလိုက်ရပါပြီ

ဒုတိယအကောင့်မှာ ရှိနေပါတယ်
.
#HtayOung #OungMarine
(မေ-၅၊ ၂၀၂၅) ယခုရက်ပိုင်း မကွေးတိုင်း မြောက်ပိုင်း မြိုင်မြို့နယ်တဝှိုက်နဲ့ ကံမ-ပခုက္ကူကြားမှာ ထိတွေ့မှု များ ဆက်တိုက်ဖြစ်ပွားနေကြောင်း သတင်းရရှိပါတယ်။
.
ပြီးခဲ့တဲ့ရက် ကျွန်တော် သတင်းဖော်ပြခဲ့သလို ဧပြီ ၃၀ ရက်နေ့ နံနက် မြိုင်မြို့ကို တိုက်ခိုက်သိမ်းယူမယ့် PDFs တို့ အရေးနိမ့် လန်ကျသွားပြီးနောက် ဖြစ်ပါတယ်

မြိုင် မြို့နယ် အနောက်တောင်ပိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်း လက်ပံတို MOGE အစိုးရရေနံတွင်းများ၊ ရေနံ လက်ယက်တွင်းတိမ်များကို ဒေသခံ PDFs များက စိုးမိုးထားတာ ကြာပါပြီ

ချက်လုပ်ပြီး ရေနံများကို ဗန်းမော် ကသာ အင်းတော်ဘက်များကို တင်ပို့ကြတယ်။ ဈေးကြီး တာကလွဲရင် လိုချင်တာ အကုန်ရ၊ KTV ကာရာ အိုကေ၊ ပြည့်တန်ဆာရုံများနဲ့ နတ်ဘုံနန်းတမျှ စည်ကားတဲ့အတွက် ဖေဖော်ဝါရီ-၂၂၊ ၂၀၂၅ ဧရာဝတီမီဒီယာက သတင်းဆောင်းပါးရေးခဲ့ဖူးတယ်။
.
အထက်ပါလုပ်ငန်းများနဲ့ တစ်ပိုင်တစ်နိုင် ရေနံမှော်များက အခွန်ဝင်ငွေကောင်းတာကြောင့် နယ်မြေ PDFs တွေဟာ လက်နက်ကောင်းကိုင်နိုင်ကြပြီး အင်အားကောင်းလာတယ်။

အဲ့ဒီလိုဖြစ်လာတာ ၂၀၂၄ ဖေဖော်ဝါရီလ လက်ပံတိုဒေသ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ဖလံကိုင်းစခန်းမှ လုံခြုံရေးများ ဆုတ်ခွာပေးရပြီး နောက်ပိုင်းမှာ ဖြစ်ကြောင်း သတိထားမိတယ်။

ကျွန်တော် မှတ်သားမိသလောက် အဲ့ဒီနယ်ကို တပ်က အကြိမ်ကြိမ်ရှင်းဖူးတယ်၊

ရှင်းပြီး ‌ရှေ့ကထွက်သွား နောက်က ပြန်ဝင်၊
အနီအားကောင်းတဲ့ နယ်မြေမို့ NUG နဲ့ KIA လူကြီးများ အပန်း ဖြေစခန်းဖြစ်နေတယ်လို့ တောင် ပြောကြတယ်။
.
ယခုဖြစ်စဉ်မှာ ဝင်ငွေကောင်းတဲ့နယ်မြေ လက်မလွှတ်ရအောင် အခြားမြို့နယ်များက ပူးပေါင်းထောက်ပံံ့ပေးနေ ကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသခံ အနီများရဲ့ အွန်လိုင်းသတင်းများအရ PDFs များဘက်က အရေးနိမ့်နေပုံရပါတယ်။

သေနတ်ဘယ်လောက်ကောင်းကောင်း ကျည်နဲ့ ထောက်ပံ့မှု-ပစ်ကူ မလိုက်နိုင်ရင်
တပ်ကို ရေရှည်ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပါ
..
#HtayOung #OungMarine
===
(‌မေ-၆၊ ၂၀၂၅) စစ်ရေးတင်းမာနေစဉ် ပါကစ္စတန်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးနောက် ရေအားလျှပ်စစ်စီမံ ကိန်းများမှ မြစ်ရေဖြတ်တောက်မှုကို အိန္ဒိယက စတင်လုပ်ဆောင်နေ
===
ခရီးသွား ၂၆-ဦး သေဆုံးခဲ့ရတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပါဟယ်လ်ဂမ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပါကစ္စတန်နဲ့ ၁၉၆၀-ခုနှစ် အိန္ဒုမြစ်ရေ သဘောတူစာချုပ်ကို အိန္ဒိယက ဆိုင်းငံ့ထားပါတယ်။ လူအသေအပျောက်များပြား လှ တဲ့ တိုက်ခိုက်မှုမှာ ပါဝင်ကြောင်း အိန္ဒိယရဲ့ စွပ်စွဲချက်ကို ပါကစ္စတန်က ငြင်းဆိုထားပါတယ်။ နျူလက်နက်ပိုင် အိမ်နီးချင်း ၂-နိုင်ငံတို့အကြား တင်းမာမှုတွေဟာ စစ်ပွဲဆီသို့ ဦးတည်နေကြောင်း နိုင်ငံတကာက စိုးရိမ်နေပါ တယ်။ လွန်ခဲ့တဲ့ရက် ပါကစ္စတန်က မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးနောက် အိန္ဒိယက ချန် နက်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်ဆည်ကြီး ၂-ခုမှ ရေစီးဆင်းမှုကို အိန္ဒိယက စတင်ဖြတ်တောက်လိုက်တယ်လို့ ရိုက်တာသတင်း အေဂျင်စီက ( 5 May 2025) က ရေးသားပါတယ်။
.
တရုတ် တိဗက်အနောက်ပိုင်း အိန္ဒိယနိုင်ငံ ဟီမာချယ် ပရာဒက်ရှ်ပြည်နယ် ဟိမဝန္တာတောင်တန်းများမှာ အစ ပျိုးတဲ့ ချန်နက်မြစ်ဟာ အိန္ဒမြစ်ရဲ့ ထင်ရှားတဲ့ မြစ်လက်တက် ၅-ခုအနက် တစ်ခုဖြစ်ပြီး အဲ့ဒီမြစ်အားလုံးတို့ဟာ နှစ်နိုင်ငံမျှဝေပိုင်ဆိုင်တဲ့ ပန်ဂျပ်ဒေသမှာ ပေါင်းဆုံကြပါတယ်။ ပါရှားဘာသာ “ပန်ဂျပ်” ဆိုတာ “မြစ် ၅-စင်းတို့ရဲ့ ဒေသ” လို့ အဓိပ္ပါယ်ရပြီး ဆစ်ခ်ဘာသာဝင် ပန်ချာပီလူမျိုးတို့ အများဆုံးနေထိုင်ပါတယ်။
.
မုတ်သုန်ရာသီမတိုင်မီ အစဉ်အလာလုပ်ရိုးလုပ်စဉ်အတိုင်း ဆည်အတွင်း နုံးအနှစ်များကို ရှင်းလင်းနေကြောင်း အိန္ဒိယက ပြောပါတယ်။ အဆိုပါဆောင်ရွက်ချက်ဟာ အိန္ဒုမြစ်ရေ သဘောတူညီပါ အကြောင်းအရာဖြစ်ပေမယ့် ယခုလို လုပ်ဆောင်မယ့်အကြောင်း ပါကစ္စတန်နိုင်ငံထံ အကြောင်းကြားထားခြင်း မရှိကြောင်း၊ ရေပြည်လည် ဖြည့်သွင်းဖို့အတွက် ကာလတစ်ခု စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် လာမယ့် ၂-ရက် ၃-ရက်အတွင်း မြစ်အောက် ပိုင်း ပါကစ္စတန်ဘက်မှာ ရေစီးဆင်းမှု လျော့နည်းနေပါလိမ့်မယ်လို့ နယူးဒေလီအခြေစိုက် “သည်ဟိန္ဒူ” က ယနေ့ ရေးသားပါတယ်။
.
အိန္ဒိယထိန်းချူပ်ထားတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားကို ဖြတ်သန်းပြီး စီးဆင်းတဲ့ အိန္ဒူမြစ်ဟာ အိန္ဒိယ အထူးသဖြင့် ပါကစ္စတန်အတွက် အသက်သွေးကြောလို့ ဆိုနိုင်ပါတယ်။ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုဟာ ကမ္ဘာ့သက်တမ်း အရင့် ဆုံး မြို့ပြယဉ်ကျးမှု တည်ရှိရာအရပ်ဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ စပါး၊ ဂျုံ၊ ဝါ၊ ကြံ စတဲ့ သီးနှံများ ဖြစ်ထွန်း အောင်မြင်ပါတယ်။ အိန္ဒုမြစ်အတွင်း ဒေသတွင်း ငါးမျိုးစိတ်များ၊ ရွှေ့ပြောင်းငှက်များကျက်စားပြီး ဂေဟစနစ် အတွက် အရေးကြီးတဲ့ ဇီဝရင်းမြစ်များ ကြွယ်ဝပါတယ်။ မြစ်ဝှမ်းတလျောက် စက်မှုဇုန်များ၊ လျှပ်စစ်ဓါတ်အား ပေးစက်ရုံများ တည်ရှိတဲ့အတွက် စီးပွားရေးအရ အလွန်အရေးပါပါတယ်။ အိန္ဒိယနိုင်ငံ ရာဂျက်စတန်ဒေသမှာ လူပေါင်းသန်းချီ မှီခိုရာ ဖြစ်ပေမယ့် အထူးသဖြင့် ပါကစ္စတန်နိုင်ငံ လူဦးရေရဲ့ ၇၅% ၂၀၀ ကျော်အတွက် အိန္ဒု မြစ်ရေဟာ မရှိမဖြစ်လို့ ဆိုနိုင်ပါတယ်။ ပါကစ္စတန်ရဲ့ လယ်မြေ ၉၀% အတွက် ရေအရင်းအမြစ်လည်း ဖြစ်နေပါတယ်။
.
ပါဟယ်လ်ဂမ်ကိစ္စကြောင့် စာချုပ်ကို ဖောက်ဖျက်ပြီး အိန္ဒုမြစ်ရေစီးဆင်းမှုကို တားဆီးခဲ့ရင် စစ်ရေးအပြုအမူ အဖြစ် သတ်မှတ်မယ်လို့ ပါကစ္စတန်က ကြုံးဝါးနေခိုက် အိန္ဒိယရဲ့ လုပ်ရပ်ဟာ သဘောတူညီချက်များမှ လွတ် ကင်းပြီး တမင်ရွဲ့ပြလိုက်သလို ရှိပါတယ်။ နျုကလီးယားလက်နက်ပိုင် ပြိုင်ဘက်နှစ်နိုင်ငံတို့ဟု ၁၉၆၀ ပြည့်နှစ်မှ စပြီး စစ်ပွဲသုံးကြိမ်နဲ့ အခြားပဋိပက္ခများစွာရှိခဲ့ပေမယ့် အိန္ဒုမြစ်ရေသဘောတူညီချက်ကို လေးစား လိုက်နာခဲ့ ကြပါတယ်။ ယခုအခါ အိန္ဒိယဘက်က ပထမဆုံးအကြိမ် ချိုးဖောက်လိုက်ခြင်းဖြစ်ပါတယ်။
..
နယူးဒေလီက အိန္ဒုမြစ်ရေကို တားဆီးခဲ့ရင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ နိုင်ငံ့မြောက်ပိုင်း နီးကပ်စွာ တည်ရှိတဲ့ “ဆီ လီဂူရီစင်္ကြံ” ကို သိမ်းယူသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်အငြိမ်းစား ဗိုလ်ချုပ်ကြီးရဲ့ တိုက်တွန်းချက်ကို ယူနွတ် ကြားဖြတ်အစိုးရက မဆိုင်းမတွ ပယ်ချလိုက်ပါတယ်။ ကျဉ်းမြောင်းပြီး ရှည်လျားစွာ တည်ရှိတဲ့အတွက် “ကြက် လည်ချောင်း” လို့ ပြောင်လှောင်ခေါ်ဝေါ်ခဲ့ကြတဲ့ အဲ့ဒီလမ်းကြောင်းဟာ နယူးဒေလီအတွက် အရှေ့မြောက်ဖျား ပြည်နယ်များနဲ့ ကုန်းလမ်းဆက်သွယ်ရာ အသက်သွေးကြောဖြစ်ပါတယ်။

ရှိတ်ဟာစီနာအလွန် နယူးဒေလီ ဆက်ဆံရေး ကြဲပါးလာတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ တကယ်လို့ ပါဟယ်လ်ဂမ်ကိစ္စ အိန္ဒိယနဲ့ ပါကစ္စတန်စစ်ဖြစ်ခဲ့ရင် ပါကစ္စတန်ဘက်က တိုက်ရိုက် သို့မဟုတ် သွယ်ဝှိုက်ထောက်ခံနိုင်ကြောင်း၊င်္ကြ ကြက်လည်ချောင်းစင်္ကြံသိမ်းယူရေးကို ယူနွတ်က ပယ်ချတယ်ဆိုပေမယ့် အဲ့ဒါကပဲ ဘင်္ဂလားဒေ့ရှ်ရဲ့ ရပ်တည် ချက်ကို ပြသနေတယ်လို့ india.com ( ၄ မေ၊ ၂၀၂၅) က ရေးပါတယ်။
အလားတူ ပါကစ္စတန်ကို အကြီးအကျယ် ထောက်ပံ့မယ့်နိုင်ငံထဲမှာ တရုတ်က ထိပ်ဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယရဲ့ နိုင်ငံတကာ သြဇာလွှမ်းမိုးမှုနဲ့ကုန်သွယ်ဆက်ဆံမှုတွေကြောင့် လူသိရှင်ကြား မဖြစ်နိုင်ပါဘူး၊

တောင်အာရှနိုင်ငံဖြစ်တဲ့ မော်လဒိုက်ကတော့ နယူးဒေလီဆန့်ကျင်ရေး မူဒါဒရှိပြီး အိန္ဒိယကို ထောက် ပံ့ဖို့ အလားအလာ မရှိပါဘူး၊ တရုတ်ရော အိန္ဒိယနဲ့ ဆက်ဆံရေး ပြေလည်တဲ့ သီရီလင်္ကာဟာ စစ်ပွဲမှာ ကြားနေမှာ ဖြစ်ပြီး ဘူတန်ကတော့ အိန္ဒိယဘက်က ထောက်ခံနိုင်တယ်လို့ India.com က ခန့်မှန်း ပါတယ်။
.
ယခုသတင်းရေးသားနေစဉ် ပါကစ္စတန်ဟာ နိုင်ငံတော်အဆင့် မဟာဗျူဟာမြောက် နိုင်ငံတကာနယ် စပ်ဖြတ်ကျော် အစွန်းရောက်အကြမ်းဖက်မှုများကို အစိုးရနဲ့ အစိုးရ မဟုတ်သော အုပ်စုများမှတစ် ဆင့် Proxy ကိုယ်စားပြုစစ်ခင်းလျှက်ရှိကြောင်း၊ ပါဟယ်လ်ဂမ် တိုက်ခိုက်မှုကဲ့သို့ ဖြစ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနာ့သ် ဆင်းဂျ်က ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီကို တနင်္လာနေ့မှာ ရှင်းပြခဲ့တယ်လို့ “တိုင်းမ်အော့ဖ် အင်ဒီးယား” က ယနေ့ ဖော်ပြပါတယ်။

သောကြာနေ့ ပါကစ္စတန်ရဲ့ “အဗ္ဗဒလီ” ဒုံးပျံစနစ် ( ၄၅၀ ကီလိုမီတာ) ကို စမ်းသပ်ခဲ့ခြင်းဟာ စိန် ခေါ်မှု၊ အကြမ်းဖက်မှုနဲ့ ပဋိပက္ခကို အားပေးတဲ့ လုပ်ရပ်များဖြစ်ကြောင်း၊ ဒါ့ပြင် တရုတ်ဟာ ပါကစ္စ တန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နျူကလီယာနဲ့ ဒုံးပျံလက်နက်များ တိုးချဲ့ရေးလျှို့ဝှက်ကွန်ရက်များကို အားပေးနေတယ်လို့ အိန္ဒိယဝန်ကြီးက ပြောပါတယ်။

တွေ့ဆုံစဉ် နှစ်ဖက်စလုံးက အစွန်းရောက် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချပြီး" နိုင်ငံတကာပူး ပေါင်း ဆောင်ရွက်မှုနဲ့ နယ်စပ်ဖြတ်ကျော် အန္တရာယ်များကို ကာကွယ်ရန် အရေးတကြီး လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ပါဟယ်လ်ဂမ် တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အိန္ဒိယကိုထောက်ခံပြီး အပြည့်အဝ ပူးပေါင်းကူညီမယ်လို့ ကတိပြုကြောင်း၊ အိန္ဒိယနဲ့ ဂျပန်တို့ဟာ အင်ဒိုပစိဖိတ်ဒေသ တရုတ်ရဲ့ ပြန့်ပွား လာတဲ့ ဒေသန္တရ အကြမ်းဖက်မူဝါဒများအပေါ် မဟာဗျူဟာမြောက် သဘောထား အမြင်တူညီမှု ရှိကြကြောင်း၊ အမေရိကန်၊ သြစတြေးလျတို့ပါဝင်တဲ့ 'ကွတ် (QUAD)' အဖွဲ့ဝင်နိုင်ငံ များနဲ့အတူ ဒေသအတွင်း ဖိအားပေးမှုများကို ဟန့်တားရန် ဆုံးဖြတ်ထားတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုကြောင်း သတင်းမှာ ဆက်လက်ဖော်ပြပါတယ်။
.
#HtayOung #OungMarine
===
(မေ-၆၊ ၂ဝ၂၅) ၂၂၅၅ နာရီ ငလျင်လှုပ်

ရန်ကုန်တိုင်း ဇရပ်ကွင်း (လှည်းကူး အင်းတကော်ကြား)

ပြင်းအား
ရစ်ခ်ျစတာစကေး မဂ္ဂနီကျု့ ၃ .၇
.
မြေအနက် ၆.၂ မိုင်
.
.
#HtayOung #OungMarine
(မေ-၇၊ ၂၀၂၅)့ စစ်ပွဲကို အိန္ဒိယဘက်က စတင်ပြီ ပါကစ္စတန်ဘက် ချန်နက်မြစ်ရေ လျော့နည်းလာ၊ စာသင်ကျောင်းများ ပိတ်ထားလိုက်ရ
===
ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားနယ်မြေနေရာအတွင်းရှိ အကြမ်းဖက်စစ်သွေး ကြွတို့ရဲ့ စခန်း ၉-ခုကို ဗုဒ္ဓဟူး(ယနေ့) မှာ အိန္ဒိယက တိုက်ခိုက်လိုက်တယ်လို့ နျူလက်နက်ပိုင် အိမ်နီးချင်း ပြိုင်ဘက် နှစ်နိုင်ငံအကြား အခြေအနေများကို စောင့်ကြည့်နေတဲ့ ဘင်္ဂလားေး့ရှ်အခြေစိုက် Bdnews 24 ဒစ်ဂျစ်တယ်သတင်းမီဒီယာက ယနေ့ ရေးသားပါတယ်။
.
အာရုံစူးစိုက်-တိုင်းတာစစ်ဆေးပြီး ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယရဲ့ အပြုအမူဟာ သဘောသဘာဝအရ ပြင်းထန်မှု မရှိ၊ ပါကစ္စတန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုလည်း ပစ်မှတ်ထားခြင်း မရှိကြောင်း၊ ပစ်မှတ်ရွေး ချယ် မှုနဲ့ ချေမှုန်းမှုနည်းလမ်းများမှာ အထူးတလည် ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရ်ှမီးယားဒေသမှာ ပြီးခဲ့တဲ့လက ဟိန္ဒူခရီးသွားများကို တိုက်ခိုက်ခံရမှုအပြီး တင်း မာမှုတွေ မြင့်တက်နေခိုက် အိန္ဒိယရဲ့ ယခုတိုက်စစ်က အဲ့ဒီ တင်းမာမှုတွေကို အရှိန်မြင့်တက်လာစေခဲ့ပြီဖြစ်ပါ တယ်။ ဧပြီ ၂၂ ရက် အစ္စလာမ်မစ် အကြမ်းဖက်သမားတို့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၂၆ ဦး သေဆုံးခဲ့ပြီး လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၀ နီးပါးမှာ အိန္ဒိယနိုင်ငံအတွင်း အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ အဆိုးရွားဆုံး အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။

ကာလနှစ်ရှည် ထိပ်တိုက်တွေခဲ့ကြတဲ့ အိမ်နီးချင်း ရန်ဘက်နှစ်နိုင်ငံအကြား အဆိုးရွားဆုံး ထိုးနှက်လာမှုကြောင့် တုံ့ပြန်ရန် ရွေးချယ်မှုများလည်း တိုးမြင့်လာရတယ်လို့ ပါကစ္စတန်က ပြောပါတယ်။ အိန္ဒိယဘက် မစ်ဆိုင်းလ် ၃-စင်းပစ်ခတ်ခဲ့ကြောင်း၊ ပါကစ္စတန်ကို တိုက်ရိုက်တိုက်ခိုက်ရန် သရဲဘောကြောင်စွာ စီစဉ်ထားတဲ့ ယခုလုပ်ရပ်ကို “အကြမ်းဖက်အခြေခံ အဆောက်အအုံများအဖြစ် နယူးဒေလီက လုပ်ကြံပြောဆို ဖုံးကွယ်ခဲ့တယ်လို့ ရှင်းလင်း ချက်ထုတ်ပြန်ပါတယ်။
.
ပေါက်ကွဲမှုများ၊ မီးတောက်မီးလျှံများနဲ့ ညဉ့်ကောင်းကင်ယံကို လှိမ့်တက်နေတဲ့ မီးခိုးလုံးကြီးများ၊ ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအတော်များများမှာ လူအများပြေးလွှားနေကြပုံ ဗီဒီယိုကို အိန္ဒိ သတင်းမီဒီယာများက ထုတ်လွှင့်ပြသနေကြပါတယ်။ ရိုက်တာသတင်းအေဂျင်စီအနေနဲ့ အဲ့ဒီဗီဒီယိုဖိုင်ကို သီး ခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာရှစ်ကတော့ အိန္ဒိယက ပစ်မှတ်ထားခဲ့တဲ့ နေရာများ အားလုံးဟာ အရပ်ဖက်လူနေရပ်ကွက်များဖြစ်ပြီး စစ်သွေးကြွစခန်းများ မဟုတ်ဘူးလို့ Geo သတင်းအေဂျင်စီရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုပါတယ်။ အိန္ဒိယဘက်က တိုက်ခိုက်ခဲ့တဲ့နေရာများမှာ ဗလီနှစ်ခုပါဝင်ကြောင်း၊ သုံးဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူထံမှ သိရှိရပါ တယ်။
.
အိန္ဒိယဟာ သူတို့ရဲ့ လေကြောင်းပိုင်နက် အတွင်းမှ ဒုံးကျည်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့ပြီး အိန္ဒိယပြောသလို အကြမ်းဖက်သမား စခန်းတွေကို ပစ်မှတ်ထား တယ်ဆိုတာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအပြီး အိန္ဒိယတပ်မတော်အနေနဲ့ တရားမျှတစွာ ဆောင်ရွက်ခဲ့တယ်လို့ နယူးဒေလီက ဗုဒ္ဓဟူးနေ့ X လူမှုကွန်ရက် ပလက်ဖောင်းမှာ ရေးပါတယ်။

ပြီးခဲ့တဲ့ လ လူ ၂၆ ဦး သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုအတွက် အိန္ဒိယက ပါကစ္စတန်အပေါ် အပြစ်တင်ခဲ့ပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။ သတ်ဖြတ်မှုများနဲ့ တစ်စုံတစ်ရာပတ်သက်ခြင်းမရှိကြောင်း ပါကစ္စ တန်က ငြင်းဆိုပြီး နယူးဒေလီက တိုက်ခိုက်ရန် စီစဉ်နေကြောင်း ထောက်လှမ်းရေးသတင်းရရှိတယ်လို့ ပြော ပါတယ်။

အိန္ဒိယတပ်မတော်ရဲ့ ယခု စစ်ဆင်ရေးအမည် Sindoor “ဆင်ဒိုး” ဆိုတာ ပြီးခဲ့တဲ့လ တိုက်ခိုက်မှုကြောင့် အိမ် ထောင်ဦးစီး ခင်ပွန်းသည် ဆုံးရှုံးရရှာသူ အမျိုးသမီးများကို ရည်ညွှန်းကြောင်း ထင်ရှားနေပါတယ်။ ဟိန္ဒူ ဘာ သာ ဆင်းဒိုး ဆိုတာ ဟိန္ဒူဘာသာဝင်အမျိုးသမီးများ မုဆိုးမဖြစ်သွားတဲ့အခါ နဖူးပြင်ပေါ်မှာ ဟင်္သပဒါးနဲ့ ရိုးရာ ဓလေ့ ခြယ်သလေ့ရှိတဲ့ အနီရောင် အမှတ်အသားဖြစ်ပါတယ်။
.
ပါကစ္စတန်ဘက်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးနောက် ချန်နက်မြစ်ပေါ်ရှိ ရေအား လျှပ်စစ်ဆည်ကြီး ၂-ခုမှ ရေစီးဆင်းမှုကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယက စတင်ဖြတ်တောက်ခဲ့ပါတယ်။ ချန်နက်မြစ်ဟာ ပါကစ္စတန်တစ်နိုင်ငံ လုံးရဲ့ ၇၅% လူ သန်း ၂၀၀ ကျော်နဲ့ လယ်ယာမြေ ၉၀% တို့ အဓိက မှီခိုနေရတဲ့ အိန္ဒူမြစ်အတွင်း စီးဝင်တဲ့ မြစ်လက်တက်တစ်ခုဖြစ်ပါတယ်။

၁၉၆၀-ခုနှစ် အိန္ဒုမြစ်ရေသဘောတူညီချက်ကို ဖောက်ဖျက်ပြီး မြစ်ရေစီးဆင်းမှုကို ဖြတ်တောက်ခဲ့ရင် စစ်ပြုမှု အဖြစ် သတ်မှတ်မယ်လို့ အစ္စလာမ်မာဘတ်က ကြုံးဝါးနေစဉ် ပါကစ္စတန်ဘက် ချန်နက်မြစ်ရေဟာ ပုံမှန်ထက် ခန်းခြောက်စပြုလာနေကြောင်း ယခုအတိုင်းဆို ရေရရှိမှု ၂၁% ပြတ်လတ်သွားနိုင်တယ်လို့ “အိန္ဒုမြစ်အာဏာ ပိုင်အဖွဲ့” IRSA က ပြောဆိုကြောင်း “rediff” ( 6 May 2025) က ရေးပါတယ်။
.
အိန္ဒိယ ထောက်လှမ်းရေဌာန သတင်းပြန်ကြားရေး စာမျက်နှာဖြစ်တဲ့ IDRW ရဲ့ ယနေ့နံနက်သတင်းတစ်ပုဒ်မှာ တော့ နယူးဒေလီဟာ အာဖဂန်နစ္စတန်နိုင်ငံမှ ပါကစ္စတန်နိုင်ငံအတွင်းစီးဝင်နေတဲ့ မြစ်များအနက် သူ ငွေကြေး ထောက်ပံ့ထားတဲ့ ရေအားလျှပ်စစ်ဆည်များမှ ရေစီးဆင်းမှုကိုလည်း ဖြတ်တောက်ခြင်းဖြင့် အစ္စလာမ်မာဘတ် အပေါ် မဟာဗျူဟာမြောက် ဖိအားပေးလိမ့်မယ်လို့ ဆိုပါတယ်၊
.
အိန္ဒိယဘက်က မစ်ဆိုင်းလ်များနဲ့ တိုက်ခိုက်အပြီး ယနေ့နံနက်ပိုင်းမှာ ပါကစ္စတန်နဲ့ ပါကစ္စတန်ထိန်းချုပ်ထား တဲ့ ကက်ရှ်မီးယားဒေသအတွင်း စာသင်ကျောင်းများ ပိတ်ထားလိုက်ကြောင်း သတင်းများ တွေ့နေရပါတယ်။
.
#HtayOung, #OungMarine
==