This media is not supported in your browser
VIEW IN TELEGRAM
(ဧပြီ-၃၀၊ ၂၀၂၅) ကမ္ဘာ့ဘယ်စစ်တပ်ကများ
စစ်တိုက်ဖို့ သူတို့တပ်တွေရွေပြောင်းကြောင်း
လူသိရှင်ကြား ကြေညာတာ ကြားဖူးကြလဲ
သူတို့က လေပဲရင်းရတာ၊
အများပြည်သူ ရပ်ရွာတုန်လှုပ်ခြောက်ခြားပြီး
ရောင်းရေးဝယ်တာ ပျက်စီး၊ ကုန်ဈေးနှုန်းတွေတက် လူတွေ ကျပ်တည်းကြဦးမယ်။
ယုန်ထင်ကြောင်ထင် အချင်းချင်းစွပ်စွဲပြီး သွေးထွက်သံယို အနိဌာရုဲတွေ မြင်ရ ကြားကြရဦးမယ်
ကလေးသူငယ်တွေ ကျောင်းတက်ရင် ဗုံးခွဲခံရမယ်လို့တောင် ခြိမ်းခြောက်ဖူးသူတွေဆိုတော့
သူတို့အတွက် သိပ် မထူးဆန်းပါ
.
#HtayOung #OungMarine

(ဧပြီ-၃၀၊ ၂ဝ၂၅) ၂၄ နာရီမှ ၃၆ နာရီအတွင်း အိန္ဒိယဘက်က စစ်ပွဲစတင်တော့မှာဖြစ်တယ်လို့ ထောက်လှမ်းရေးသတင်းရရှိကြောင်း
ပါကစ္စတန် သတင်းနဲ့ ရုပ်သံလွှင့်ဌာနဝန်ကြီးကို ကိုးကားပြီး အယ်လ်ဂျားဇီယားက ယမန်နေ့ ရေးသားပါတယ်
ခရီးသွား ၂၆ ဦး သေဆုံးရတဲ့ ပါဟယ်လ်ဂမ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နျူလက်နက်ပိုင် အိမ်နီးချင်း နှစ်နိုင်ငံအကြား အဆိုးရွားဆုံး တင်းမာမှုဖြစ်ပေါ်နေပါတယ်
ကက်ရှ်မီးယားဒေသ "ထိန်းချုပ်မျဉ်း" LoC တစ်လျှောက် ယခုရက်ပိုင်းအပြန်အလှန် ပစ်ခတ်မှုသတင်းများ ထွက်ပေါ်နေပါတယ်။
အာရေဗျပင်လယ်မှာလည်း နှစ်ဖက်စစ်သဘ်ောများအချင်းချင်း ရန်စောင်နေကြတယ်လို့ ဆိုပါတယ်

(ဧပြီ-၃၀၊ ၂ဝ၂၅) ၁ဝ၂ဝ နာရီ
မကွေးတိုင်း မြိုင်မြို့ကို PDF တို့ ဝိုင်းဝန်းတိုက်ခိုက်နေ
အင်အား ၈ဝဝ မှ ၁ဝဝဝ ခန့် ရှိနိုင်ပြီး မြို့အဝင် ဂိတ် ၁ နေရာ ကျဆုံး
မြို့ဆင်ခြေဖုံး စီမံကိန်းဂိတ်အား
ဆက်လက်တိုက်ခိုက်နေပြီး
မိမိဘက် ခဲယမ်းနည်းသဖြင့် စိုးရိမ်ရ
.
၁၁ဝဝ နာရီ မြိုင်မြို့တွင်းနှင့် စီမံကိန်းဂိတ်သို့ တပ်နှင့်ရဲစစ်ကူများရောက်ရှိလာ
လက်နက်နှင့် ခဲယမ်းများလည်း အတူပါဝင်ကြောင်း သိရှိရ

(ဧပြီ-၃၀၊ ၂၀၂၅) ဒီမနက် မိတ်ဆွေတစ်ယောက်က အွန်လိုင်းသတင်းတစ်ပုဒ် လာပြတယ်။
.
မေလ ပထမအပတ်အတွင်း အမေရိကန် CIA က ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ အကူအညီဖြင့်
မြန်မာနိုင်ငံ အစွန်းရောက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA အတွက် ထောက်ပံ့ပစ္စည်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာမယ်လို့ ရေးထားတာ တွေ့ရတယ်။
တကယ်တော့ အလားတူသတင်းမျိုးကို ယခုရက်ပိုင်း အွန်လိုင်းမှာ တွေ့ဖူးပါတယ်
.
အမေရိကန်ရဲ့ B-52 လေယာဉ်ကြီးတွေ တက်ဆင်းလုပ်နေကြောင်းအထိ ရေးထားကြလို့ မဖြစ်နိုင်ဘူး ထင်မိ တယ်။ တွင်တာဘိုအင်ဂျင် ၄-လုံးတွဲ (၈-လုံး) တပ် မဟာဗျူဟာမြောက် စူပါဆောနစ် ဗုံးကြဲလေယာဉ်ကြီး တွေဟာ တော်ယုံကွင်းမှာ တက်ဆင်း မလုပ်နိုင်လို့ ဖြစ်ပါတယ်။
.
စာနဲ့အတူပါတဲ့ လေယာဉ်ကွင်းတစ်ခုပုံဟာ ဘင်္ဂလားဒေ့ရှ် ကော့ခ်ဘဇာလေဆိပ် ဖြစ်နေတယ်။ အဲ့ဒီကွင်းကိုပဲ ဘင်္ဂလားဒေ့ရှ်လေတပ်က အသုံးပြုနေခြင်း ရှိ-မရှိ၊ B-52 ဆင်းနိုင် မဆင်းနိုင် ကျွန်တော် မသိပါ
..
ထောက်ပံပစ္စည်း ထားရှိဖို့ အသစ်တည်ဆောက်ထားတဲ့ ရေတပ်စခန်းဆိုပြီး ဓါတ်ပုံတစ်ပုံ ပါသေးတယ်။
.
ရေတပ်အခြေစိုက်စခန်းရဲ့ ယခင်အမည် "ဘီအင်အက်စ်_ရှိတ်ဟာစီနာ"
ယခုအမည် "ဘီအင်အက်စ်_ပီကူအာ"
၂ဝ၁၇ ခုနှစ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက အုတ်မြစ်ချပေးခဲ့ပြီး ၊ ၂ဝ၂၃ မတ်လမှာ တပ်တော်ဝင်တယ်၊
ရေငုပ်သင်္ဘော ၆ စီးနဲ့ ဖရီဂိတ်အရွယ် စစ်သင်္ဘော ၈ စီး တပြိုင်နက်တည်း ဆိုက်ကပ်ထားနိုင်လို့ တောင်အာ ရှမှာ အကြီးဆုံး ရေတပ်အခြေစိုက်စခန်းဖြစ်ပါတယ်။၊
အဲ့ဒီရေတပ်စခန်းက အနောက်တောင်ဘက် ဩရိဿကမ်းခြေ “ဝိသာခါ ပတ္တနမ်” အိန္ဒိယရဲ့ အရှေ့ဖက်ကမ်း ရိုးတန်း ရေတပ်ဌာနချုပ်ရှိတယ်၊ ကာကွယ်ရေး အကြီးစားစက်ရုံတွေနဲ့ စက်မှု့ဇုန်တွေလဲရှိတယ်၊ လွန်ခဲ့တဲ့ နှစ် များက မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်လည်ပတ်ဖူးကြောင်း အမှတ်ရတယ်။
.
သတိပြုမိတာက ဘင်္ဂလားဒေ့ရှ်ရဲ့ အဲ့ဒီရေတပ်အခြေစိုက်စခန်းကို တရုတ်က ဆောက်လုပ်ပေးခြင်းဖြစ်ပြီး နောင် တချိန် တရုတ်စစ်သင်္ဘောများ ခရီးတစ်ထောက်နားရာ စခန်းဖြစ်လာနိုင်ကြောင်း “ရေငုပ်သင်္ဘော သံခင်း တမန်ခင်း”အဖြစ် ပြောင်လှောင်ခံထားရတယ်။
.
ရှိတ်ဟာစီနာ ပြုတ်ကျပြီး မိုဟာမက် ယူနွတ်ကြားဖြတ်အစိုးရလက်ထက် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယကို အတိ အလင်း အာခံလာတယ်။ ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းမှာ တရုတ်အတွက် စီးပွားရေးလုပ်ကိုင်ခွင့် ပေးဖို့ အထိ (နယူးဒေလီကို စောင်းချိတ်ပြီး) လူသိရှင်ကြားပြောလာတယ်။ အဲ့ဒီနေရာဟာ အိန္ဒိယအတွက် အရှေ့ မြောက်ဖျားပြည်နယ်များနဲ့ ကုန်းလမ်းဆက်သွယ်ရာ “စီလီဂူရီစင်္ကြံ” နဲ့ ဘာမှ မဝေးပါ။ ကျဉ်းမြောင်ပြီး ရှည် မျောမျောပုံသဏ္ဍာန်ကြောင့် “ကြက်လည်ချောင်းစင်္ကြံ” လို့လည်း ခေါ်ကြတယ်။ အဲ့ဒါကြောင့် အိန္ဒိယဘက်က အလွန်ဒေါသထွက်ကြတယ်။
..
ဘင်္ဂလားဒေ့ရှ်က သူ့နိုင်ငံနဲ့ကပ်ရက် အိန္ဒိယတြိပူရပြည်နယ်တောင်ပိုင်း နယ်ခြားဇီးရိုးလိုင်းအနီးမှာ ရေကာ တာဆောက်လို့ တစ်ဖက်ပြည်နယ်သားများ ကန့်ကွက်ဆန္ဒပြနေကြောင်း ယမန်နေ့ သတင်းဖတ်ရတယ်။ နှစ်နိုင်ငံမျှဝေသုံးစွဲနေရတဲ့ “မူဟာရီမြစ်” မှာ အဲ့ဒီလို အထပ်မြင့် ရေကာတာဆောက်ခဲ့ရင် မုတ်သုန်ရာသီ အိန္ဒိယဘက်မှာ ရေကြီးရေလျှံဖြစ်ပွားမှာကို စိုးရိမ်ရတယ်။
.
ဘင်္ဂလားဒေ့ရှ်ရဲ့ လုပ်ရပ်ဟာ အတိတ်ကာလ ဘင်္ဂလားဒေ့ရှ် ရှိတ်မူဂျီဘူရ်မန် (ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာ စီနာရဲ့ဖခင်) နဲ့အိန္ဒိယ အင်ဒီရာဂန္ဓီတို့အကြား "သုံညမျဉ်းမှ ကိုက် ၁၅ဝ အတွင်း မည်သည့် ဆောက် လုပ်မှု ကိုမျှ မပြု" သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်တယ်၊ အိန္ဒိယအမျိုးသားလုံခြုံရေးကို ထိပါးတယ်လို့ မိုဒီရဲ့ အာဏာရပါတီ တြိပူရဖက်ဒရေးရှင်းလူငယ်များက ဦးဆောင်ဆန္ဒပြနေကြတယ်။
.
အိန္ဒိယဘက်က ရေစီးဝင်လို့ ရေကာတာဆောက်ရခြင်းဖြစ်ကြောင်း ဘဂ်လားဒေ့ရှ်က ချေပတယ်၊ လွန်ခဲ့တဲ့နှစ် မုတ်သုန်ရာသီ အိန္ဒိယဘက်က ရေတွေ ဒလဟောစီးဝင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် လူသောင်းချီ ရေဘေးဒုက္ခ သည်ဖြစ်ပြီး သိန်းချီတဲ့ လယ်ကွင်းတွေ ရေမြုပ်သွားဖူးတယ်
ရှိတ်ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယနဲ့ အစေးမကပ်သလောက် တရုတ်နဲ့ ပိုမိုနီးကပ်လာပါတယ်။ ယူနွတ်နဲ့ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အသင်းကြီးများက ပေကျင်းကို သွားရောက် လည်ပတ်သလို တရုတ်ကိုယ်စားလှယ်များကလည်း ဒါကာကို မကြာခဏ လာရောက်လေ့ရှိတယ်။
.
အိန္ဒိယနဲ့ ခွာပြဲလာတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ တရုတ်နဲ့ စီးပွားရေး ရွှေလမ်းငွေလမ်း ဖောက်ချင်နေတယ်။ ဒါပေမယ့် ကုန်းမြေချင်း တစ်ဆက်တည်း မရှိ၊ မြန်မာပြည်အတွင်း မဖြတ်သန်းပဲ မဖြစ်နိုင်ကြောင်း မသိပဲ မနေပါ။ ဒီအ တွက် မြန်မာပြည်တွင်းမှာ စစ်ပွဲတွေ အမြန်ချုပ်ငြိမ်းမှ သူ အလုပ်ဖြစ်မယ်။
..
ဒါ့ကြောင့် အမေရိကန်အလိုကျ ရခိုင်ပြည်နယ်အတွင်း တရုတ်ရဲ့ အကျိူးစီးပွားကို ဖျက်ဆီးဖို့ သူ့အတွက် အ တော်ခက်ပါလိမ့်မယ်။ AA အမျိုးသားရေး လက်နက်ကိုင်တွေကို ထောက်ပံ့ဖို့ဆိုတာ မြန်မာကို စစ်ကြေညာ တာနဲ့ အတူတူပါပဲ။

ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများအတွက် နယ်မြေသစ် ရှာပေးဖို့ စေတနာ ရှိကောင်း ရှိနိုင်ပါတယ်။ “အမေရိကန်နဲ့ အနောက်အုပ်စု အလိုကျ လုပ်ပေးမိတာ အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးမိ ရက်သားဖြစ်သွားတယ်” လို့ မကြာသေးခင်က ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ငိုချင်းချတာလည်း သူမြင်နေရတာပဲ။
.
ဒါပေမယ့် CIA ဆိုတာ ငြင်းဆန်မိရင် လက်သံပြောင်ပြောင်နဲ့ အတော်ဒုက္ခပေးတတ်ပါတယ်။ သူတို့အလိုကျ မလိုက်လျောပဲ နေလို့မရအောင် ထောင်ခြောက်ဆင် ကျုံးသွင်းတတ်တော့ စောင့်ကြည့်သင့်တယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်။

(ဧပြီ ၃ဝ၊ ၂ဝ၂၅)
ထရမ့်က ကုန်ကျစားရိတ် လျှော့ချနေပါတယ်ဆိုမှ မာမူကို ထောက်ပံ့ရအောင် ဖြစ်နိုင်ပါ့မလား ပြော၍ မရပါ
CIA က သူ့ Agenda နဲ့ သူပါ
အာဖဂန်ဆိုဗီယက်ကျူးကျော်စဉ် အဖျက်အမှောက်လုပ်ဖို့
ကွန်ဂရက်က ခွင့်ပြုငွေ ဒေါ်လာ သန်း ၅ဝဝ သာရှိ
ကွန်ဂရက်အမတ် ချာလီဝီလ်ဆင်နှင့် CIA က အမေရိကန် ဂျူးသူဌေးများနဲ့ ခြေပုန်းခုတ်ပြီး မွတ်စလင် မူဂျာဟီဒင်တို့ကို လက်နက် ပစ္စည်း ငွေကြေးထောက်ပံ့ပုံဖြစ်ရပ်မှန်
Charlie Wilson's war ဇာတ်ကား YouTube မှာ ရှိပါတယ်၊
ဟောလိဝုဒ်မင်းသားကြီး တွမ်ဟင့်က သရုပ်ဆောင်ထားပါတယ်။
.
မာမူတို့ဘက်က ဟုတ်ပါတယ်
CIA ကိုတော့ အာမ မခံနိုင်ပါ
.
#HtayOung, #OungMarine

HtayOung(OungMarine)
(ဧပြီ ၃ဝ၊ ၂ဝ၂၅) ထရမ့်က ကုန်ကျစားရိတ် လျှော့ချနေပါတယ်ဆိုမှ မာမူကို ထောက်ပံ့ရအောင် ဖြစ်နိုင်ပါ့မလား ပြော၍ မရပါ CIA က သူ့ Agenda နဲ့ သူပါ အာဖဂန်ဆိုဗီယက်ကျူးကျော်စဉ် အဖျက်အမှောက်လုပ်ဖို့ ကွန်ဂရက်က ခွင့်ပြုငွေ ဒေါ်လာ သန်း ၅ဝဝ သာရှိ ကွန်ဂရက်အမတ် ချာလီဝီလ်ဆင်နှင့်…
အမေရိကန် ကွန်ဂရက် အဆောက်အအုံမှာ " ချာလီဝီလ်ဆင် ခန်းမ" ဆိုတာ ရှိတယ်၊
အဲ့ဒီ ချာလီလား အတိအကျ မသိပါ။
သူ့ အားထုတ်မှုက မော်ကွန်းထိုးရလောက်ထာ အမှန်ပါ၊
အဲ့ဒါမျိုး အားကျတဲ့ အမတ်တွေ ရှိနိုင်ပါတယ်
#HtayOung #OungMarine
အဲ့ဒီ ချာလီလား အတိအကျ မသိပါ။
သူ့ အားထုတ်မှုက မော်ကွန်းထိုးရလောက်ထာ အမှန်ပါ၊
အဲ့ဒါမျိုး အားကျတဲ့ အမတ်တွေ ရှိနိုင်ပါတယ်
#HtayOung #OungMarine
(မေ-၁၊ ၂၀၂၅) ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က ရှိတ်ဟာစီနာ၏ ဖခင်ရုပ်ပုံပါ ငွေစက္ကူများ ထုတ်ဝေခြင်းကို ရပ်တန့်လိုက်သဖြင့် ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်နေ။
===
ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က ယခင် ရိုက်နှိပ်ပြီးသား ငွေစက္ကူများကို ထုတ်ဝေခြင်း မပြုရန် ဆုံးဖြတ်လိုက်တဲ့ အတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုကြီးနဲ့ ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ ရှိတ်မူဂျီဘူရ်_ရာမန် (ဝန် ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့ဖခင်) ရုပ်ပုံပါ တာကာငွေ သန်းပေါင်း ၁၅၀၀ တန်ကြေးရှိတဲ့ ငွေစက္ကူတွေဟာ အသုံးပြုစရာ မလိုတော့ပဲ ဖြစ်သွားပါတယ်။ ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက်ဟာ အများပြည်သူတို့ရဲ့ စိတ်နှလုံးမှာ “ဘန်ဂါဘန်ဒု” (ဘင်္ဂလားမိတ်ဆွေကြီး) တည်ရှိနေမှုကို ဖျောက်ဖျက်ပစ်ရန် ကြားဖြတ်အစိုးရရဲ့ ကြိုးပမ်းအား ထုတ်မှုနဲ့တော့ ကိုက်ညီနေပါတယ်လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်အော့ဖ်_အင်ဒီးယား” (29 April 2025) က ရေးသားပါတယ်။
.
ဗဟိုဘဏ်တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို လူသိရှင်ကြား ဆွေးနွေးလိုခြင်း မရှိပါဘူး၊ ငွေစက္ကူအသစ်များ ထုတ်ယူနေကျ အစဉ်အလာကို ရုတ်တရက် ရပ်တန့်လိုက်တဲ့အတွက် ဈေးကွက်မှာ အကျပ်အတည်းဖြစ် ပေါ်နေရတယ်လို့ ဘင်္ဂလားဒေ့ရ်ုဘဏ်မှ အမည်မဖော်လိုသူများက ပြောပြပါတယ်။ တစ်ဖက်မှာ ပုံနှိပ်ပြီး ငွေ စက္ကူများကို အသုံးမပြုတော့တဲ့အတွက် အလဟဿဖြစ်သွားခြင်း၊ အခြားတစ်ဖက်မှာတော့ အဲ့ဒီရလဒ်ကို ငွေကြေးအသုံးပြုရမယ့်သူများက ခံစားနေရတယ်လို့ ဆိုပါတယ်။
.
အများပြည်သူ အခွန်ငွေနဲ့ ဝယ်ယူထားရတဲ့ စက္ကူနဲ့မင်များကို အသုံးပြုပြီး တန်ဖိုးအသီးသီးရှိတဲ့ ငွေစက္ကူတွေ ကို ရိုက်နှိပ်ထားခြင်းဖြစ်ပါတယ်။ ဘန်ဂါဘန်ဒုကြီး ရုပ်ပုံပါ ငွေစက္ကူသန်းပေါင်းများစွာတို့ဟာ ဘဏ်အမျိုးမျိုးရဲ့ ငွေသိုလှောင်ခန်းများမှာ ရောက်ရှိနေပါတယ်။ လုံခြုံရေးသက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများကော်ပိုရေးရှင်းဟာ ငွေ စက္ကူများအားလုံးကို တစ်ပြိုင်နက်တည်း ပယ်ဖျက်ခွင့် အသစ်ထပ်မံ ရိုက်နှိပ်ခွင့် မရှိပါဘူး။ ဒါ့ကြောင့် ဘန်ဂါ ဘန်ဒုကြီး ရုပ်ပုံပါ ငွေစက္ကူတွေကို ချက်ချင်းကြီး ရုတ်သိမ်းလို့ မရပဲ ဖြစ်သွားတတ်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ရဲ့ ယခင် အမှုဆောင်ဒါရိုက်တာနဲ့ လုံခြုံရေးသက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများကော်ပိုရေးရှင်း မန်နေးဂျင်း ဒါရိုက်တာဟောင်းတစ်ဦးက သတင်းထောက်များကို ပြောပြပါတယ်။
..
အခုလိုမျိုးဖြစ်လာရင် အများပြည်သူ အခက်အခဲကို ပြေလျော့စေဖို့ ပုံနှိပ်ပြီး ငွေစက္ကူတွေကို ဈေးကွက်ထဲ ဖြန့် ဖြူးတာမျိုး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ဒီဇိုင်းသစ်ငွေစက္ကူတွေ ဈေးကွက်ထဲ ဝင်ရောက်လာတဲ့အခါကျမှ အဟောင်းတွေကို ဖြည်းဖြည်းချင်း နှုတ်ပယ်သွားသင့်ကြောင်း၊ တစ်ကြိမ်ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေဟာ ယေဘုယျအားဖြင့် အများဆုံး လေးနှစ်မှ ငါးနှစ်အထိ အသုံးပြုနိုင်ပါတယ်လို့ ဆိုပါတယ်။
မီဒီယာများရဲ့ ဖော်ပြချက်များအရ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ဟာ ဘဏ်များက တောင်းဆိုသလောက် ငွေစက္ကူ အသစ်များကို ထုတ်ဝေပေးစရာ မရှိကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံ ရေး ကသောင်းကနင်းဖြစ်ပြီးနောက် ယခု အကျပ်အတည်း ထင်ရှားလာခြင်းဖြစ်ပါတယ်။
သတ္တုဒင်္ဂါးများအပါအဝင် ငွေကြေးပုံစံအားလုံးတို့မှာ မူဂျီဘူရ်ရုပ်ပုံ ပါရှိနေတဲ့အတွက် ငွေစက္ကူအသစ်များ ထုတ်ဝေခြင်းကို ယခု ဧပြီလဆန်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ရုတ်တရက်ရပ်ဆိုင်းပစ်လိုက်ပါတယ်။
ရလဒ်အနေနဲ့ ဘန်ဂါဘန်ဒုကြီး ရုပ်ပုံပါ ငွေစက္ကူတွေဟာ ဈေးကွက်ကို ရောက်မလာပဲ ဖြစ်သွားပါတယ်။ ယခုအခါ ဈေးဆိုင်များ၊ ဘဏ်များနဲ့ အများပြည်သူတွေလက်ထဲမှာ စုတ်ပြဲပြီး ဟောင်းနွမ်း ညစ်ပတ်တဲ့ ငွေစက္ကူများသာ ကျန်ရစ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘဏ် သတင်းရင်းမြစ်များအရ လာမယ့်လမှာ လုံခြုံရေးသက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ကော်ပိုရေးရှင်းက ဒီဇိုင်းသစ် ငွေစက္ကူတွေကို စတင်ပုံနှိပ်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ ပထမအဆင့် ၂၀၊ ၅၀ နဲ့ ၁၀၀၀ တန် ဒီဇိုင်းသစ်ရိုက်နှိပ်ပြီး နောက်ပိုင်းမှာ ဘဏ်များမှတစ်ဆင့် ဈေးကွက်အတွင်း ဖြန့်ဖြူး မယ်လို့ ဆိုပါတယ်။
..
( ယူနွတ်ဟာ အသေးစားငွေချေးလုပ်ငန်းနဲ့ နိုဗဲလ်ဆု ရရှိခဲ့တာပါ၊ ထင်ရှားတဲ့ စီးပွားရေးပညာ ပါရဂူတစ်ယောက်လည်း ဖြစ်ပါတယ်။
သူ့လက်ထက်ရောက်မှ ခုလိုဖြစ်ရတာ ဘဂ်လားဒ်ရှ်ကြားဖြတ်အစိုးရမှာ "တပ်သားလေးဆယ်၊ ဗိုလ်ခြောက်ဆယ်" ဖြစ်နေပုံရတယ်
.
#HtayOung #OungMarine
..
https://timesofindia.indiatimes.com/world/south-asia/bangladesh-faces-currency-crisis-as-central-bank-halts-issuing-notes-featuring-mujibur-rahman/articleshow/120714882.cms

The Times of India
Bangladesh faces currency crisis as central bank halts issuing notes featuring Mujibur Rahman - The Times of India
South Asia News: Bangladesh Bank faces significant financial losses due to the interim government's decision to withhold Taka 15,000 crore worth of printed notes featu
This media is not supported in your browser
VIEW IN TELEGRAM
(မေ-၁၊ ၂၀၂၅)ဗန်းမော်မှာ ကိုယ့်ဘက်က ထိသလို သူတို့ဘက်က အဆပေါင်းများစွာ အထိနာပါတယ်
ရခိုင်ဘက်ကလည်း အလားတူပါ
ဒါပေမယ် သူတို့က ဗမာ PDF လေးတွေကို ဆက်ခိုင်းစားတုန်းပဲ
ရခိုင်၊ ပလောင်နဲ့ ဂွမ်မော်တို့ ဂျိန်းဖောက အစတည်းက လူနည်းစုပါ၊ အခု ပိုနည်းသွားပါပြီ
သူတို့တွေ ဘာရည်ရွယ်ချက်နဲ့ လုပ်နေကြောင်းမှန်းဆနိုင်ခြင်း မရှိပေမယ့်
လူသားရင်းမြစ်ပြုန်းတီးနေတဲ့အတွက် ပြန်လည်ထူထောင်ဖို့
အရမ်းခက်လိမ့်မယ်လို့ စိုးရိမ်ပါတယ်။
အခု မြင်နေရတာ
" #မြေအုတ်တို့_ပြိုလေရာ၊ #လေအုတ်နဲ့ချည့်_အစားထိုး" နေပါတယ်
Video: Original uploader

(မေ-၁၊ ၂၀၂၅)ဗန်းမော်မှာ ကိုယ့်ဘက်က ထိသလို သူတို့ဘက်က အဆပေါင်းများစွာ အထိနာပါတယ် ရခိုင်ဘက်ကလည်း အလားတူပါ ဒါပေမယ် သူတို့က ဗမာ PDF လေးတွေကို ဆက်ခိုင်းစားတုန်းပဲ ရခိုင်၊ ပလောင်နဲ့ ဂွမ်မော်တို့ ဂျိန်းဖောက အစတည်းက လူနည်းစုပါ၊ အခု ပိုနည်းသွားပါပြီ သူတို့တွေ…
ကျွန်တော်တို့ ကလေးတွေကလဲ သိပ်မဟုတ်ချင်ပါ
စစ်အာဏာရှင် ဖယ်ရှားရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်
ရေး လို့သာ အော်လိုက်ရင် ထန်းလျှက်ခဲတွေ့တဲ့ ဟိုအကောင်
လိုဖြစ်နေတယ်
ခုတော့ စစ်အာဏာရှင်ဖယ်ရှားရေး သိပ်မပြောတော့ပါ၊ သူတို့က စစ်တပ်ထက်ဆိုးတဲ့ အာဏာရှင်တွေ ဖြစ်နေလို့ပါ
ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့တာ အညာသားတွေပါ
လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံကို ဖျက်ဆီးနေတာကလည်း အညာသားတွေပါ

(မေ-၁၊ ၂ဝ၂၅)မေ-၁၊ ၂ဝ၂၅ ၁၂ဝဝ နာရီ
ယမန်နေ့ နံနက်ပိုင်း မကွေးတိုင်း မြိုင်မြို့အား ဒေသခံ PDF တို့က သိမ်းပိုက်ရန် အင်အား ၁ဝဝဝ ခန့်ဖြင့် စီးနင်းတိုက်ခိုက်ခဲ့
မြို့အဝင် ဂိတ် -၁ နေရာမှ ဆုတ်ခွာပြီး စီမံကိန်းဂိတ်မှ ဆက်လက်ခုခံစဉ် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အချိန်မီ အင်အား ခဲယမ်း ဖြည့်တင်းနိုင်
ယမန်နေ့ နေ့လည် ၁ နာရီတွင် PDF တို့ မြိုင်မြောက်ဖက်သို့ ဆုတ်ခွာသွား ၂ မိုင်ခန့်အကွာ ကန်ပူးရွာအနီးတဝှိုက်တွင်ယနေ့အထိ စုဖွဲ့နေ
မိမိဘက် ကျဆုံး မရှိပါ၊
စက်လေထီး ပစ်ခတ်မှု၊ ၈၁ မမ ပစ်ခတ်မှု ထိရောက်သဖြင့် PDF ဘက်တွင် ထိခိုက် ကျဆုံး အလွန်များခဲ့၊
အလောင်း လက်နက် စုံစမ်းမရသေးကြောင်း ကနဦးသတင်းရရှိ

(မေ-၁၊ ၂ဝ၂၅) ယနေ့ နံနက်ပိုင်း ဗန်းမော် အခြေအနေ
-----
မင်းကျောင်းကုန်းမှ တာပိန်မြစ်ကမ်းထိ နယ်မြေဆက်ရှင်း၊
၇ လောင်း၊ ၆ လက်ထပ်မံရရှိ၊၂၅-၁ စုစုပေါင်း
၄၃ လောင်း၊ ၃၁ လက်
ရန်သူ့ထံမှတိုက်ပွဲအကျိုးမြတ်ရရှိဟု သိရ
..
SS အတွက် မူရင်းလွှင့်တင်သူကို ခရက်ဒစ်ပေးပါတယ်

(မေ-၁၊ ၂ဝ၂၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ဖျားနေ ဘင်္ဂါလီများထံ အကူအညီများ ပေးပို့မယ့် ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံနဲ့ ပတ်သက်ပြီး နိုင်ငံတကာမီဒီယာများမှာ တစ်ယောက်တစ်ပေါက် ဝေဖန်ရင်း ပွဲဆူနေပါတယ်။
ဘင်္ဂလားဒေ့ရှ်က သဘောတူတယ်ဆိုတာ ဘာတွေပါမှ ခွင့်ပြုမှာလဲ
AA နဲ့ ဆွေးနွေးမယ်ဆိုတာ ဒီယုန်မြင်လို့ ဒီခြုံထွင်တာလား
SAC သဘောမတူပဲ လုပ်မှာပဲလို့ ကုလသမဂ္ဂက ပြောသလား
အပြီးသတ် ဘယ်သူ ခွင့်ပြုဖို့ လိုအပ်နေသေးလား
.
အင်မတန်စိုးရိမ်စရာပါ
.
ပြည်တွင်း ပြည်ပ ကျွန်တော်တို့ မြန်မာအားလုံး ရှင်းလင်းစွာ သိရှိဖို့ လိုအပ်ပါတယ်။
.
တစ်ခါ ကုလသမဂ္ဂရဲ့အစီအစဉ်ဆိုတာ အမေရိကန်အရိပ်ထိုးနေလား
ဘင်္ဂလားဒေ့ရှ်အတွက် ဘာတွေ အကျိုးဆက်ဖြစ်နိုင်လဲ သူတို့ဂျာနယ်လစ်များရဲ့ သုံးသပ်ဝေ
ဖန်ချက်ပါ
နှစ်ပုဒ်ရွေးချယ်ထားပြီး အသေးစိတ်ဘာသာပြန်သင့်သော်လည်း
မီဒီယာနဲ့ အွန်လိုင်းစာလုံးရေ အကန့်အသတ်ကြောင့်
AI အကူအညီနဲ့ နှစ်ပုဒ်ကို တစ်ပုဒ်ပေါင်းပြီး ကျွန်တော်ဘာသာပြန်နေပါတယ်