( ဧပြီ-၂၃၊ ၂၀၂၅) ဧရာဝတီတိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်စခန်းတွေ အသိမ်းခံရကြောင်း
.
သတင်းမှားတွေကြောင့် နွေစပါးဈေးကျပြီး လယ်သမားတွေ ဒုက္ခရောက်နေပါတယ်
စိုက်ပျိုးစရိတ် ပြန်မရရင် မိုးစပါးစိုက်သူမရှိမှာ စိုးရိမ်နေရပြီ
ဧရာဝတီတိုင်းဟာ အောက်မြန်မာနိုင်ငံ ဆန်အိုးကြီးပါ
.
လေ့လာမိသလောက် အဲ့ဒီသတင်းအမှားကို ပြည်ပြေးမီဒီယာတွေက ထုတ်လွှင့်ပြီး
.
ပြည်တွင်းပြည်ပ နီပေါတွေက ဖြန့်ဝေနေကြတယ်။
.
အခုလို ဝါဒဖြန့် သတင်းမှားတွေဟာ ယခုနှစ်ဆန်းပိုင်းလောက်က စတင်နေခဲ့တယ်
.
အမှန်ပြောရင် အုပ်ဖွဲ့ ပြောင်လှောင်တယ်၊ လပို့ ထုကြပါတယ်။
.
သူတို့လုပ်ရပ်ဟာ စစ်တပ်ဘာမှ မဖြစ်ပဲ
.
ကိုယ့်ဖာသာထမင်းငတ်ကိန်းဖြစ်နေကြောင်း အလေးအနက်ထားပုံ မရပါ
.
.
#HtayOung, #OungMarine

(ဧပြီ-၂၄၊ ၂၀၂၅) ယမန်နေ့ ညနေ ၆ နာရီခန့် ဧရာဝတီတိုင်း ရေကြည်မြို့နယ်မြောက်ပိုင်း ရိုးမတောင်ခြေ
.
စက်စက်ယို နဂါးရစ်တောင်ဘက်သို့ စက်လေထီး ၁-စီး ပျံသန်းသွား
နာရီဝက်ခန့်အကြာတွင် ဗုံးချသံ ခပ်စိတ်စိတ်ကြားရ အကြိမ် ၂၀ ခန့်ရှိ
ယခုလကုန် ငသိုင်းချောင်း အမြောက်တပ် ၃၄၄ ကို တိုက်မည်ဖြစ်ပြီး
အနီးကျေးရွာများ ၂၈-ရက်နေ့နောက်ဆုံးထား ထွက်ပေးရန် AA က ကြေညာသည်ဟု
ကောလဟလကို အနီထောက်ခံတို့က ဖြန်ဝေနေ
.
ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းအတွင်း ယခုနှစ်ဆန်းပိုင်း ဝင်ရောက်လာတဲ့ AA+PDF မှာ မူလက အင်အား ၂၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
.
ရခိုင်ပြည်နယ်တောင်ပိုင်းအဆုံး သာပေါင်းမြို့နယ် မကျီးစင်-ဘောမိဘက်မှာ အထိနာပြီးနောက်
.
ရေကြည်မြို့နယ် စာဥစမ်းတောင်ကြောမှာ ထပ်မံ အထိနာခဲ့ပါတယ်။ အဲ့ဒီနောက် သာပေါင်းမြို့နယ်အတွင်း လှုပ်ရှားနိုင်ခြင်း မရှိတော့ပါ။
.
မတ်လဆန်းမှာ အင်အား ၂၀-၃၀ ပါ အစုအဖွဲ့ငယ်လေးများအဖြစ်
ဂွ-ငသိုင်းချောင်းလမ်း မြောက်ဘက်၊ ပုသိမ်-မုံရွာလမ်းမကြီးအနောက်ဘက်
ရိုးမတောင်ခြေ တောတောင်များကို အကာအကွယ်ယူပြီး သစ်ဝါးခုတ် မီးသွေးဖုတ် ကျေးရွာလေးများအတွင်း ဝင်ရောက် နှောက်ယှက်နေပါတယ်။ ရိက္ခာ လူသစ် သတင်းစုဆောင်းနေပါတယ်
တပ်မတော်က ဗေဒါ စစ်ဆေးရေးဂိတ်ကို အခိုင်အမာ ပြူပြီးနောက်
ဂွ-ငသိုင်းချောင်းလမ်း ဝဲယာ ၁၀ မိုင်ဝန်းကျင်ကို စိုးမိုးထားပုံ ရပါတယ်။
အဲ့ဒီနောက် ပုသိမ်-မုံရွာလမ်းမကြီး အနောက်ခြမ်းကို
လှုပ်ရှား စစ်ကြောင်းများနဲ့ လိုက်လံ ရှင်းလင်းနေပုံ ရပါတယ်။
.
ယခင်ရက် ပန်းတောကြီး တိုက်ပွဲဆိုတာ ရွာနဲ့ ၇-မိုင်ခန့် ဝေးတဲ့ နေရာမှာ ဖြစ်ပြီး
ယမန်နေ့ စက်စက်ယို-နဂါးရစ်တောင်ကြောဆိုတာ
ယခင်လကုန် အင်္ဂပူမြို့နယ် ကွင်းကောက် တတက-၅ ကို သွေးတိုးစမ်းရာမှာ လန်ကျလာတဲ့ AA , PDFs များ
သာပေါင်းမြို့နယ်ဘက်မှ ရေကြည်မြိုံနယ်အတွင်း အုပ်စုကွဲ ထွက်ပြေးလာသူများကို
လေးမျက်နှာ မြို့နယ်အတွင်း ပိတ်ညှပ်ချေမှုန်းနေပုံရပါတယ်
တပ်က RPG တစ်လက် အပါအဝင် ၅ လက်၊ ၁ လောင်း ရရှိသွားတယ်လို့ နီးစပ်သူများထံက သိရပါတယ်
.
#HtayOung #OungMarine

(ဧပြီ-၂၄၊ ၂၀၂၅) ယမန်နေ့ ညနေ ၆ နာရီခန့် ဧရာဝတီတိုင်း ရေကြည်မြို့နယ်မြောက်ပိုင်း ရိုးမတောင်ခြေ စက်စက်ယို နဂါးရစ်တောင်ဘက်မှာ စက်လေထီးနဲ့ ဗုံးချပြီး မြေပြင်စစ်ကြောင်းက ဝင်ရှင်းပုံရတယ်
အေးအေးလူလူ ထမင်းစားနေခိုက် မထင်မှတ်ပဲ အတိုက်ခံရတော့ ၁ လောင်း ၅ လက် (RPG ၁ လက်ပါ) ထားခဲ့ရပြီး ဖရိုဖရဲ ထွက်ပြေးသွားကြတယ်
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆိုတာ AA, PDF က တပ်ကို တိုက်ခိုက်ခြင်း မဟုတ်ပဲ
ရိုးမတောင်ခြေအစပ်
အုပ်စုငယ်လေးများခွဲပြီး ထွက်ပြေးနေတဲ့ အကြမ်းဖက်များကို တပ်က လိုက်လံ ရှင်းလင်းနေခြင်းသာ ဖြစ်ပါတယ်။
ငသိုင်းချောင်း အမြောက်တပ် ၃၄၄ နဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကို တိုက်ဖို့ ဝေးလို့ ကာကင်းများ အနီးတောင် မကပ်နိုင်ကြပါ
AA ဆိုပေမယ့် PLF ဆိုလား မြန်အောင် ကြံခင်းသားအများစု PDFs များဖြစ်ကြပြီး ရခိုင်က ၃-၄ ယောက်သာ ပါပါတယ်။
AA စစ်အဂ်ါဖွဲ့စည်းပုံကို သစ္စာခံကြသူများဖြစ်ပါတယ်။
ဧရာဝတီတိုင်းအတွင်း အနီထောက်ခံတို့ သတင်းမှားဖြန့်သလို လုံးဝ မဟုတ်ပဲ နိုင်ငံတော်က နယ်မြေရာနှုန်းပြည့်ကို စိုးမိုးထားပါတယ်။
ပုံတွေအများကြီးပါ ကျွန်တော့အကောင့်က ခပ်လှုပ်လှုပ်မို့ သည်းခံကြပါရန်

(ဧပြီ-၂၄၊ ၂၀၂၅) စက်မဲ့လေယာဉ်များကို ထိရောက်စွာ အသုံးပြုပြီး ကမ္ဘာသိဖြစ်ခဲ့ရတာ ၁၉၄၃-ခုနှစ် ဒုတိယ ကမ္ဘာစစ်ကာလ ဂျာမန်လေကြောင်းချီ ကွန်မန်ဒိုများဖြစ်ပါတယ်။
.
အဲ့ဒီအချိန် အီတလီ “ဂရင်းဖက်ဆို” တောင်ပေါ်မှာ ဖမ်းဆီးခံထားရတဲ့ ဖက်ဆစ်ခေါင်းဆောင် “မူဆိုလီနီ” ကို ဟစ်တလာအမိန့်အရ ဗိုလ်မှူးကြီး အော့တိုစကော့ဇနီတို့ ဂျာမန်ကွန်မန်ဒိုတစ်စုက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အသုံးပြုခဲ့တာ DFS 230 Glider စက်မဲ့လေယာဉ်များ ဖြစ်ပါတယ်။
.
၁၉၂၀-ခုနှစ်မှာ ခေါင်လယ် လေယိုပေါက်တဲ့ စက်လုံးခြမ်းပုံ လေထီးများကို စတင်တွေ့ရှိခဲ့ပေမယ့် အလိုရှိရာ မြေပြင်မှာ ဆင်းသက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး၊ ဒုတိယကမ္ဘာစစ်ကာလ Para Glider ခေါ် ပဲ့ထိန်းနိုင်တဲ့ လေထီးများကို စမ်းသပ်နေခဲ့ကြပြီး ထိထိရောက်ရောက် ပဲ့ထိန်းနိုင်ခြင်း မရှိသေးပါဘူး။
.
၁၉၆၀-ခုနှစ်နောက်ပိုင်း ဒီနေ့ခေတ် မြင်တွေ့နေရတဲ့ Ram-air Parachute ခေါ် ဆလင်ဒါခြမ်းပုံ အမြင့်ပျံ အမြင့်လေထီးဖွင့် HAHO ပဲ့ထိန်းလေထီးများရဲ့ ပထမမျိုးဆက်ကို စတင်တီထွင်နိုင်ခဲ့ကြပါတယ်။ ဒီနေ့ ဖရီးဖော လေထီးလို့ လူသိများတဲ့ အဲ့ဒီလေထီးများကို စစ်ရေးမှာ အသုံးပြုခဲ့ကြတာ ၁၉၇၀-ပြည့်လွန်နှစ်များမှာ ဖြစ်ပါတယ်။ အလွန်အမြင့်မှ ခုန်ချပြီး မြေပြင်နဲ့နီးကပ်လာတဲ့အခါမှသာ လေထီးဖွင့်တဲ့ HALO များကိုလည်း တီထွင် နိုင်ခဲ့ပါတယ်။
.
အဲ့ဒီနောက် ၁၉၈၀-ပြည့်နှစ်ဝန်းကျင် ပဲ့ထိန်းနိုင်တဲ့ ပါရာဂလိုက်ဒါလေထီးများမှာ ၂-လုံးထိုး အင်ဂျင်စက်တွဲဖက်ပြီး Motorized Para Glider/ Powered Para Glider (PPG) “စက်လေထီး” များအဖြစ် အသုံးပြုလာကြပါတယ်။ စက်တပ်ဆင်ထားတဲ့အတွက် သာမန်လေတိုက်ချိန် သိပ်မကျယ်တဲ့ ကွင်းငယ်တစ်ခုက သူ့ဖာသာ ပျံတက်/ပျံဆင်းနိုင်ပါတယ်။ အမြင့်ပေ ၈၀၀၀ လောက်ကနေပြီး သယ်ဆောင်လောင်စာဆီအရ အနည်းဆုံး မိုင် ၁၂၀ ခန့်ဘေးကင်းစွာ ပျံသန်းနိုင်ပါတယ်။
.
အဲ့ဒီ စက်လေထီးများမှာ စမတ်နည်းပညာများ ပေါင်းစပ်ပြီး GPS လမ်းညွှန်နဲ့ ညကြည့်ကင်မရာများ ထည့်သွင်း အသုံးပြုတဲ့အခါ အော့တိုစကော့နီတို့ခေတ် ရှေ့က လေယာဉ်တစ်စီးနဲ့ ဆွဲမှ ပျံတက်လို့ရတဲ့ ဒုတိယကမ္ဘာစစ် ဂလိုက်ဒါများဟာ ပြတိုက်ထဲ ပို့ဖို့ ဖြစ်သွားပါတယ်။
.
ယမန်နေ့ ပခုက္ကူ တပ်မ ၁၀၁ က ပျံတက်လာတဲ့ စက်လေထီးတစ်စီးဟာ စက်ချို့ယွင်းပြီး PDF နယ်မြေမှာ ဆင်းသက်ခဲ့ရကြောင်း၊ စက်လေထီးနဲ့ လိုက်ပါလာသူများကို တပ်မတော် မြေပြင်စစ်ကြောင်းများက ကယ်တင်သွားခဲ့ကြောင်း လူမှုကွန်ရက်သတင်းများအရ သိရှိရပါတယ်။ စက်လေထီးကိုတော့ PDFs များက မီးရှိူ့ ဖျက်ဆီးသွားတယ်ဆိုပေမယ့် အတည်ပြုနိုင်ခြင်း မရှိပါဘူး
လူမှုကွန်ရက်မှာ လျှပ်တပြက် မြင်တွေ့လိုက်ရတဲ့ တပ်မတော် စက်လေထီးဟာ အတော် သပ်ယပ်ပြီး မျှော်လင့်ထားသည်ထက် အများကြီး အဆင့်မြင့်ပါတယ်။ လူ ၂-ဦး သက်တောင့်သက်သာ လိုက်ပါနိုင်ပြီး ၁၂ဝ မမ လို့ ယူဆရတဲ့ ဗုံးသီး ၁၂ လုံးသယ်ဆောင်နိုင်ပါတယ်။ ၆-လုံးလောက်သာ အတိအကျ ကြဲချနိုင်ရင် တပ်ရင်းအဆင့် ကတုတ်လောက်တော့ ကောင်းကောင်း ပြိုကျနိုင်ပါတယ်။ ဂျမ်ပါ တပ်ဆင်ထားခဲ့ရင် သူပျံသန်းနေချိန် ဒရုန်းလွှတ်တင်ဖို့ မဖြစ်နိုင်ပါဘူး
..
၂၀၂၄-ခုနှစ် တောင်သာမြို့နယ်ဖြစ်စဉ်တစ်ခုမှာ ညဖက် ဓါတ်မီးနဲ့ ထိုးကြည့်သူကို စက်လေထီးပေါ်က တစ်ချက်တည်းနဲ့ အသေပစ်သွားနိုင်တယ်ဆိုခြင်းကြောင့် ညကြည့်နဲ့ စနိုက်ဘာသမား လိုက်ပါပုံရပါတယ်။ စမတ်နည်းပညာ ထည့်သွင်းထားခြင်း ရှိ-မရှိ မသေချာပေမယ့် ဆက်သွယ်ရေးနဲ့ ဗုံးချိန်ကိရိယာများ၊ အဆင့်မြင့် စက်မဲ့လေယာဉ်တစ်စီးလို လေကြောင်းပြကိရိယာများ ပါဝင်ပုံရပါတယ်။
..
၄-လခန့်အတွင်း တစ်နိုင်ငံလုံးမှာ တပ်မတော်ရဲ့ စက်လေထီး ပျံသန်းမှုပေါင်း အကြိမ် ၁၀၀၀ ကျော်ရှိနေပါလိမ့်မယ်။ ယခုတစ်ကြိမ် အရေးပေါ် ထိုးဆင်းရတယ်ဆိုတဲ့အတွက် ချို့ယွင်းမှု ဝ.၀၀၁% ထက် နည်းပါတယ်။ အမေရိကန်ရဲ့ ဒေါ်လာဘီယီယံချီ နောက်ဆုံးပေါ် တိုက်လေယာဉ်နဲ့ ရုရှားနျူကလီယာရေငုပ်သင်္ဘောတောင် မတော်တဆဖြစ်ပြီး ပျက်စီးရသေးတာ တပ်မတော်အနေနဲ့ ဒီလို အဖိုးနည်း ဝန်ပါ စက်လေထီးမျိုး အသုံးပြုခြင်းဟာ မမှားပါဘူး။
၁၉၉၉-ခုနှစ် ကာဂေးစစ်ပွဲတုန်းက အိန္ဒိယအထူးတပ်ဖွဲ့ဟာ ဟိမဝန္တာတောင်တန်းဒေသ ပါကစ္စတန်စစ်စခန်း များအတွင်း လျှို့ဝှက်စွာ စီးနင်းရာမှာ စက်လေထီးများကို အသုံးပြုခဲ့ပါတယ်။ ၂၀၀၁-ခုနှစ် အာဖဂန်နစ္စတန်နိုင်ငံ မှာ အမေရိကန်နဲ့နေတိုးတပ်များက စောင့်ကြည့်ရေးနဲ့ လျှပ်တပြက်ချဉ်းကပ်ရေးအတွက် အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါတယ်။
အမရေိကန် နေဗီဆီးလ်၊ ဗြိတိသျှ SAS လေကြောင်းချီ အထူးတိုက်ခိုက်ရေးတပ်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ မှာ စက်လေထီးကို အထူးစစ်ဆင်ရေးနဲ့ စောင့်ကြည့်ရေး၊ အန္တရာယ်များတဲ့နေရာများကို ရုတ်တရက်ချဉ်းကပ်ရာမှာ သုံးနေကြပြီး များသောအားဖြင့် တစ်ယောက်စီးများဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုတော့ အကြမ်းဖက်နှိမ်နင်းရေးနဲ့ အလှသရုပ်ပြရာမှာ ပဲ့ထိန်းလေထီးလောက်သာ အသုံးပြုတဲ့ပြည်အဖြစ် လူသိများပါတယ်။ အဆင့်မြင့် နည်းပညာသုံး စက်တပ် ပဲ့ထိန်းလေထီးများကို တစ်ပြည်လုံးအနှံ့ နည်းဗျူဟာမြောက်အသုံးပြုနေကြောင်း ယခုဖြစ်ရပ်က ပထမဆုံးအထောက်အထား ဖြစ်နိုင်ပါတယ်။
.
ခုလောက်ဆို နိုင်ငံတကာ စစ်ရေးလေ့လာသူများ ရင်ဖိနေရပါပြီ
.
#HtayOung #OungMarine
===

(ဧပြီ-၂၅၊ ၂၀၂၅) ကမ္ဘာ့ ပထမဆုံး သိုရီယမ်နျူကလီးယားဓာတ်ပေါင်းဖိုကို တရုတ်နိုင်ငံတွင် အောင်မြင်စွာ လည်ပတ်နိုင်ခဲ့၊ သတ္တုမိုင်းတစ်ခုတည်း၏ ရင်းမြစ်ဖြင့် တရုတ်တစ်နိုင်ငံလုံး စွမ်းအင်လိုအပ်ချက်ကို နှစ်ထောင်ချီ ဖြည့်ဆည်းပေးနိုင်မည်
===
တရုတ်နိုင်ငံသိပ္ပံပညာရှင်များဟာ သိုရီယမ်အရည်ကို အခြေခံတဲ့ နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်နေစဉ် လောင်စာအသစ်ကို အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ် ဟာ သန့်ရှင်းတဲ့ စွမ်းအင်နည်းပညာမှာ မှတ်တိုင်တစ်ခုဖြစ်လာပါတယ်။ ယူရေနီယမ်ထက် ပိုမိုဘေးကင်းပြီး ပမာဏပိုမိုကြွယ်ဝစွာ တွေ့ရှိရတဲ့ သိုရီယမ်ကို အသုံးပြုရေး နိုင်ငံတကာယှဉ်ပြိုင်ပွဲမှာ တရုတ်နိုင်ငံကို ရှေ့ တန်းသို့ တွန်းပို့လိုက်ခြင်းပဲဖြစ်တယ်လို့ “ဆောက်သ်ချိုင်းနားမောနင်းပို့စ်” (17 April 2025) က ရေးသားပါ တယ်။
..
သိုရီယမ်ဒြပ်စင်ဟာ ငွေရောင် သတ္တုတစ်မျိုးဖြစ်ပြီး အတန်အသင့် ပျော့ပြောင်းပါတယ်။ အရွယ်အစားချင်းတူရင် ခဲသတ္တုထက် ပိုမိုလေးလံပြီး လေနဲ့ထိတွေ့တဲ့အခါ သံလွင်ရောင် ပြောင်းလဲသွားတတ်ပါတယ်။
.
၁၈၂၈-ခုနှစ် ဆွီဒင်ဓါတုသိပ္ပံပညာရှင်တစ်ဦးက သိုရီယမ်ကို တွေ့ရှိခဲ့ပါတယ်။ နော့ဒစ်တို့ရဲ့ "မိုးကြိုးနဲ့စစ်နတ် ဘုရား" Thor "သောရ်" ကို အစွဲပြုပြီး "သိုရီယမ်" လို့ အမည်ပေးခဲ့ပါတယ်။ Thor ဆိုတဲ့ အမည်ကိုတော့ ယနေ့ ခေတ် “မာဘယ်လ်စီးရီး” သိပ္ပံဆန်းကြယ် ဇာတ်လမ်းတွဲများကြောင့် လူသိများပါလိမ့်မယ်။
.
သိုရီယမ်ဟာ ရေဒီယိုသတ္တိကြွသတ္တုဖြစ်သော်လည်း ယူရေနီယံထက်စာလျှင် အလွန်နည်းပါးပါတယ်။ ခြောက် သွေ့တဲ့ လေထုမဲ့ပတ်ဝန်းကျင် (ဥပမာ - အာဂွန် ဓာတ်ငွေ့) မှာ စိတ်ချလုံခြုံစွာ သိမ်းဆည်းထားနိုင်ပါတယ်။ သိုရီယမ်ကို အသုံးပြုရန် ပြင်ဆင်မှု အထူးတလည် မလိုအပ်ပဲ Th-232 အဖြစ် တည်ငြိမ်စွာ ထားရှိနိုင်ပါတယ်။
.
ယူရေနီယမ်နဲ့ မတူဘဲ သိုရီယမ်ဟာ သဘာဝအတိုင်း နျူလီယာကွင်းဆက် တုံ့ပြန်မှု (chain reaction) ဖြစ် ပေါ်စေခြင်း မရှိတဲ့အတွက် မတော်တဆမီးလောင်/ပေါက်ကွဲ/ရေဒီယို ဓါတ်ရောင်ခြည်သင့်မှု အန္တရာယ် မရှိသလောက်နည်းပါးပါတယ်။ အပူချိန် အလွန်မြင့်မားတဲ့အခါ မီးမလောင်ပဲ ဓါတ်တိုးမှုသာ ဖြစ်စေတဲ့အတွက် လက်ရှိ နျူကလီယာဓါတ်ပေါင်း ဖိုများကဲ့သို့ အရည်ပျော်ကျခြင်း မဖြစ်နိုင်ပါဘူး
.
ယနေ့ခေတ် နျူကလီယာနည်းပညာသုံး ယူရေနီယံဟာ သိုယီယမ်ထက် ပိုမိုရှားပါးပြီး အဏုမြူလောင်စာ အဖြစ်အသုံးပြုနိုင်တဲ့ အိုင်ဆိုတုပ် U-235 ဖြစ်လာဖို့ ချဲ့ထွင်ပြုပြင်ပေးရပါတယ်။ သိုရီယမ်ကို နျုကလီယာ ပစ္စည်းအဖြစ် အသုံးပြုခဲ့ရင် ထွက်ပေါ်လာတဲ့ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်း ပမာဏဟာ ယူရေနီယမ်နဲ့ ယှဉ်လျှင် အလွန်နည်းပါတယ်။ သက်တမ်းအားဖြင့်လည်း တိုတောင်းပြီး နှစ် ၅၀၀ အတွင်း သူ့ဖာသာ ၉၀% လျောနည်းသွားပါတယ်။
.
သဘာဝအလျောက် သိုရီယမ်ကို ယူရေနီယမ်ထက် ၃-၄ ဆ ပိုမိုပြီး ပေါများစွာတွေ့ရှိရပါတယ်။ အိန္ဒိယ၊ သြစ တြေးလျ၊ ဘရာဇီးနဲ့ အမေရိကန်တို့မှာ အဓိက တွေ့ရှိရပြီး အပူချိန်အလွန်မြင့်မားစွာ ပေးရတဲ့ မီးစာဖူးလို ပစ္စည်းများမှာ အသုံးပြုနေကြပါတယ်။
အောင်မြင်မှုကို ဧပြီလ ၈ ရက် တရုတ်သိပ္ပံအကယ်ဒမီမှာ ကျင်းပခဲ့တဲ့ တံခါးပိတ်အစည်း အဝေးတစ်ခုမှာ အဲ့ဒီ ပရောဂျက်ရဲ့ ဦးဆောင်သိပ္ပံပညာရှင် ရှူဟုန်ကျီးက ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနောက်ပိုင်း ဂိုဘီကန္တာ ရမှာ တည်ရှိတဲ့ အဲ့ဒီ စမ်းသပ်ဓာတ်ပေါင်းဖိုဟာ ရေဒီယိုသတ္တိကြွဒြပ်စင် သိုရီယမ်ကို လောင်စာအဖြစ် အသုံး ပြုထားကြောင်း၊ “အရည်ပျော်ဆား“ ကို လောင်စာသယ်ဆောင်တဲ့ ပစ္စည်းအဖြစ်၎င်း၊ အအေးခံပစ္စည်းအဖြစ်၎င်း အသုံးပြုပြီး အပူစွမ်းအင် ၂-မီဂွါဝပ်ကို တည်ငြိမ်စွာ ထုတ်လုပ်နိုင်တယ်လို့ သတင်းများက ဖော်ပြပါ၄င်တယ်။
အဲ့ဒီ နည်းပညာဟာ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ရှောင်ရှားလိုတဲ့ နောက်မျိုးဆက်အတွက် စွမ်းအင်တော်လှန်ရေးအဖြစ် ကျွမ်းကျင်သူအချို့က ရှု့မြင်ကြပြီး သီအိုရီအရ မွန်ဂို လီးယားအတွင်းပိုင်း သိုရီယမ်ကြွယ်ဝတဲ့ သတ္တုတွင်းတစ်ခုတည်းဖြင့်ပင် တရုတ်နိုင်ငံ၏ စွမ်း အင်လိုအပ်ချက်ကို နှစ်ပေါင်း ထောင်ချီ၍ ဖြည့်ဆည်းနိုင်မှာဖြစ်ကြောင်း၊ ရေဒီယိုသတ္တိကြွမှု နည်းပါးတဲ့ စွန့်ပစ်ပစ္စည်းများသာ ထွက်ရှိတဲ့အတွက် ကိုင်တွယ်ထိန်းသိမ်းရန် အလွန်လွယ်ကူကြောင်း သိရှိရပါတယ်။
ယခုအခါ တရုတ်နိုင်ငံဟာ "ကမ္ဘာ့အဆင့်မီ နည်းပညာများကို ဦးဆောင်နေပြီ" လို့ ဧပြီ ၈ ရက်နေ့အစည်းအဝေး မှာ ရှူဟုန်ကျီးက ပြောကြားခဲ့ကြောင်း ကွမ်မင်း နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။
..
#HtayOung, #OungMarine
.
https://www.scmp.com/news/china/science/article/3306933/no-quick-wins-china-has-worlds-first-operational-thorium-nuclear-reactor?module=inline&pgtype=article

South China Morning Post
‘No quick wins’: China has the world’s first operational thorium nuclear reactor
Team working on project reportedly achieves milestone by completing fuel reloading while experimental molten salt reactor was running.
This media is not supported in your browser
VIEW IN TELEGRAM
(ဧပြီ-၂၅၊ ၂၀၂၅)
ယနေ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က
မန္တလေးမြို့၊ လမ်း (၃၀) ၇၀×၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အအုံအား
ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူရေးဆောင်ရွက်လျက်ရှိ
၁၁၂၂ နာရီတွင် သေဆုံး မ (၁) ဦး၏ ရုပ်အလောင်းနှင့်
၁၁၃၆ နာရီတွင် သေဆုံး ကျား(၁) ဦး၏ ရုပ်အလောင်းတို့အား ထုတ်ယူနိုင်ခဲ့ပါသည်။
Credit: Myanmar Fire Services Department
.
#HtayOung, #OungMatine

(ဧပြီ-၂၆၊ ၂၀၂၅) လာမည့် မေလတွင် ဘင်္ဂလားဒေ့ရှ်၌ SpaceX ၏ ဂြိုလ်တုဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း စဉ်များ စတင်မည်။ PayPal ကို ဒါကာ၏ ဒစ်ဂျစ်တယ်ငွေပေးငွေယူစနစ်များနှင့် ချိတ်ဆက်မည်
===
ကာတာနိုင်ငံ ဒိုဟာမြို့ Earthna Summit 2025 ကျင်းစဉ် SpaceX ရဲ့ နိုင်ငံတကာ ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေး ဒုတိယဥက္ကဋ္ဌ လော်ရိန်း ဒရိုင်ယာက ဘင်္ဂလားဒေ့ရှ်အစိုးရ အကြံပေးအရာရှိချုပ် ဒေါက်တာမိုဟာမက် ယူနွတ်နဲ့ ဗုဒ္ဓဟူးနေ့ အစည်းအဝေးပြင်ပမှာ တွေ့ဆုံခဲ့ပါတယ်။ အကြံပေးအရာရှိချုပ်နှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ SpaceX ဂြိုလ်တုဝန်ဆောင်မှုများ အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ နောက်ဆုံးအဆင့်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း အကြံပေးအရာရှိချုပ်ရုံး သတင်းပြန်ကြားရေး လက်ထောက်အတွင်းရေးမှူးက ပြောပြတယ်လို့ “ဒါကာထရိုင်ဗြွန်း” (23 April 2025) က ရေးသားပါတယ်။
.
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆန်းသစ်တီထွင်မှုနဲ့ ရိုးရာအသိပညာများကို ပေါင်းစပ်ပြီး ရေရှည်တည်တန့်အောင်မြင်တဲ့ စိမ်းလန်းသော အနာဂတ်တည်ဆောက်ရေး၊ ကမ္ဘာ့လူ့အဖွဲ့အစည်းတစ်ခုလုံး ပါဝင်တာဝန်ယူ/တာဝန်ခံမှုကို ဆွေးနွေးရန်ရည်ရည်ရွယ်ပြီး ကာတာနိုင်ငံ ဒိုဟာမြို့မှာ “Earthna Summit 2025” ကို ကျင်းပခဲ့တယ်။ အာရဗီ ဘာသာ “အတ့်သ်နာ” (ငါတို့ရဲ့ကမ္ဘာမြေ) လို့ အဓိပ္ပါယ်ရတဲ့ အဲ့ဒီဆွေးနွေးပွဲမှာ နိုင်ငံတကာအစိုးရကိုယ်စားလှယ်များ၊ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနဲ့ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြရာမှာ အမေရိကန် SpaceX ကုမ္ပဏီလည်း ပါဝင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော် မှ အဖွဲ့အစည်း ၄၀၀ ကျော်တို့က ဆွေးနွေးပွဲတက်ရောက်ခဲ့ခြင်းဟာ Earthna Summit 2025 ရဲ့ ကမ္ဘာ့ အတိုင်းအတာအထိ ကျယ်ပြန့်မှုကို ဖော်ပြနေသလိုရှိခဲ့ပါတယ်။
.
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဂြိုလ်တုဝန်ဆောင်မှုများ အသုံးပြုနိုင်ရေးနဲ့ ပတ်သက်ပြီး ယူနွတ်အစိုးရရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ တိုးတက်မှုရှိကြောင်း အယ်လွန်မက်စ်နဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ လက်တွဲအလုပ်လုပ်ခဲ့သူ လော်ရိန်း ဒရိုင်ယာက ဝန်ခံတယ်လို့ အကြံပေးအရာရှိချုပ်ရုံး သတင်းပြန်ကြားရေး လက်ထောက်အတွင်း ရေးမှူးက ဆိုပါတယ်။ မေလအတွင်း နည်းပညာဆိုင်ရာလုပ်ငန်းစဉ်များ အချိန်ပြည့်အသင့်ရှိရန် SpaceX က အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးထားပြီး အကောင်အထည်ပေါ်ရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း လော်ရိန်းက အကြံပေးအရာရှိချုပ်ကို အသိပေးပါတယ်။
.
ဒီကိစ္စဟာ ကမ္ဘာ့နိုင်ငံများအကြား စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရကြောင်း အကြံပေးအရာရှိချုပ် ယူနွတ်က ပြန်လည် ပြောဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် တကယ့် ဧရာမ သတင်းကောင်းဖြစ်ကြောင်း၊ ပြည်သူများဟာ ဂြိုလ်တုဝန်ဆောင်မှုအကြောင်းကို အမျိုးမျိုး ခန့်မှန်းပြောဆိုနေကြပြီး အကောင်အထည်ပေါ်လာတဲ့အခါ အကြီးအကျယ် ချီးကျူးကြလိမ့်မယ်လို့ မှတ်ချက်ပေးကြောင်း သိရှိရပါတယ်။
..
ဘင်္ဂလားဒေ့ရှ်နဲ့ Space X တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နည်းပညာဆိုင်ရာစမ်းသပ်လုပ်ငန်းများနဲ့ စတင်မည်ဖြစ်ပြီး နောက်ဆုံးပြဿနာအချို့ဖြေရှင်းပြီးပါက အပြည့်အဝအကောင်အထည်ပေါ်လာလိမ့်မယ်လို့ မျှော် လင့်ရပါတယ်။
.
အယ်လွန်မက်စ် တည်ထောင်ခဲ့တဲ့ PayPal ကိုလည်း “SpaceX ပဏာမခြေလှမ်း” လို့ လူသိများတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒစ်ဂျစ်တယ်ငွေပေးငွေယူများမှာ အသုံးပြုနိုင်ဖို့ စမ်းသပ်စစ်ဆေးလျက်ရှိပါတယ်။ အဲ့ဒီအစီအစဉ် ကလည်း မူလအစတည်းက စနစ်တကျ စီစဉ်ချမှတ်ထားတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့ လော်ရိန်းဒရိုင်ယာက ပြောပါတယ်။
.
SpaceX ရဲ့ နိုင်ငံတကာ ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုတိယဥက္ကဋ္ဌ လော်ရိန်း ဒရိုင်ယာနဲ့ ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်တို့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာမှူးကြီး၊ အမျိုးသားလုံခြုံရေးမှူးကြီး၊ ကုလသမဂ္ဂ ရေရှည်တည်တန့်မည့် ဖွံ့ဖြိူးရေး ရည်မှန်းချက်များဆိုင်ရာ ညှိနှိုင်းရေးမှူးနဲ့ အကြီးတန်းအရာရှိများ တက်ရောက်ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
.
#HtayOung, #OungMarine
.
https://www.dhakatribune.com/bangladesh/foreign-affairs/379442/spacex-technical-launch-in-bangladesh-by-may

Dhaka Tribune
SpaceX technical launch in Bangladesh by May, VP tells Yunus
Lauren Dreyer, Vice-President for Global Engagement at SpaceX, met Bangladesh's Chief Adviser Professor Muhammad Yunus on the sidelines of the Earthna Summit in Doha on Wednesday. Their discussion centred on the final stages of the collaboration that is set…
(၂၆ ဧပြီ ၂ဝ၂၅) ယနေ့ နံနက် ၀၅၃၀ နာရီအချိန်
စလင်းမြို့နယ် ဆင်ကြုံးလုံခြုံရေးဂိတ်အား အကြမ်းဖက်သမားတို့က ဝိုင်းပတ် တိုက်ခိုက်လျက်ရှိ
.
#HtayOung #OungMarine
စလင်းမြို့နယ် ဆင်ကြုံးလုံခြုံရေးဂိတ်အား အကြမ်းဖက်သမားတို့က ဝိုင်းပတ် တိုက်ခိုက်လျက်ရှိ
.
#HtayOung #OungMarine
(ဧပြီ ၂၆၊ ၂ဝ၂၅)ကက်ရှ်မီးယား ပါဟယ်လ်ဂမ် ပစ်ခတ်မှုဟာ နိုင်ငံကြီးတွေ လက်သပ်မွေးထားတဲ့ Proxy war လားဆိုတာ
လက်လှမ်းမီသမျှ အချက်အလက် လိုက်လံရှာဖွေ ရေးသားနေပါတယ်၊ ယခု အွန်လိုင်းမှာ အရမ်းကာရော ဝေဖန်ပြောဆိုသူများနဲ့ အများကြီးကွဲလွဲနိုင်ပါတယ်
ကျွန်တော်တို့နိုင်ငံနဲ့ အဝေးကြီး ဆိုပေမယ့် သတိထားရမယ့် ဆင်တူရိုးမှားတွေလဲ တွေ့ရတယ်
အပေါ်ယံ ကြည့်လိုက်ရင် ထောကင်ကဲ လက်မည်းကြီးလိုလို CIA ကြိုးကိုင်သလိုလို ထင်ရတယ်
ထင်ရလောက်တဲ့ နောက်ခံရာဇဝင်လည်း ရှိနေတယ်၊
ဒါပေမယ် မဖြစ်နိုင်ဖို့က ရာနှုန်းများတယ်
ဒါဆို ဘာ့ကြောင့်ဖြစ်လဲ အနီးစပ်ဆုံး အဖြေရှာရတော့မယ်
ဒါပေမယ့် မက်ပြီး မီးပျက်သွားလို့ တစ်ပိုင်းတစ်စ ရပ်ထားရပါကြောင်း