(ဧပြီ ၂၁၊ ၂၀၂၅) ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်အောင် "သစ်သားအိမ်ပဲ ဆောက်ကြဖို့ အကြံပြု ချက်အကြောင်း" ကျွန်တော့်ရဲ TikTok ပို့စ်အောက်မှာ
.
ခင်မင်ရင်းနှီးစွာ ကောမန့်ရေးသားသူအတော်များများကို ကျေးဇူးတင်စွာ တွေ့ရှိရပါတယ်
" ဒီလို ငလျင်လှုပ်ပုံမျိုးနဲ့ မြစ်ဆုံဆည်သာ ဆောက်ဖြစ်ခဲ့ရင်" လို့ ရင်ဖိနေသူများလည်း
ယခုရက်ပိုင်း လူမှုကွန်ရက်မှာ တွေ့နေရပါတယ်
.
ယခင် နဝတအစိုးရဟာ ဘူမသိ ကိုးမသိပဲ ငလျင်ကြောပေါ်တည့်တည့်မှာ နေပြည်တော်ကို တည်ဆောက်သွား တယ်လို့ စိတ်ပျက်လက်ပျက် အပြစ်တင်နေကြတာလည်း တွေ့ရတယ်
အဲ့ဒါကတော့ တည်ဆောက်ထာ သိပ်မကြာသေးလို့ ထင်ပါတယ် အဖြေရှိပါတယ်၊
"နေပြည်တော် တည်ဆောက်တည်းက ငလျင်ကြောပေါ်မှာ ရှိကြောင်း" သိခဲ့ကြပါတယ်တဲ့၊
အခု ငလျင်ဒဏ်သင့် နေပြည်တော်မှာ ပြိုတဲ့ အဆောက်အအုံပြိုလဲတယ်
အကောင်းပကတိ နီးပါး ကျန်ခဲ့ တာတွေလည်း ရှိတယ်
အလားတူ ငလျင်ဒဏ်သင့် မန္တလေးမှာ မြေကြီးပေါ် ပုံလျက်သားဖြစ်သွားတဲ့ အဆောက်အအုံရှိသလို
အထပ်ချင်းတူပါလျှက် မှန်တချပ်တောင် မကွဲတဲ့ အဆောက်အအုံတွေလည်း တွေ့နေရတယ်
ဒါ့ကြောင့်
(၁) ငလျင်နဲ့ ထိခိုက်ပျက်စီး မများရအောင် အထပ်မြင့်အဆောက်အအုံ မဆောက်သင့်ဘူးဆိုတာ အဖြေမှန် မဟုတ်၊ ဘယ်လို ဆောက်ကြမလဲသာ နည်းလမ်းရှာဖို့ ဖြစ်ပါတယ်
(၂) ငလျင်ကြောက်လို့ အထပ်မြင့် အဆောက်အအုံ မဆောက်ကြေးဆို နေ့တိုင်း အကြိမ်ကြိမ် ငလျင်လှုပ်နေတဲ့ တိုင်းပြည်က ဂျပန်တွေ ဆာမူရိုင်းခေတ်ကလို သစ်သားအိမ်-စက္ကူတံခါးတွေနဲ့ နေနေကြမှာပေါ့
.
အခုတော့ ဂျပန်မြို့ကြီးတွေမှာ မိုးထိတိုက်ကြီးတွေ လက်ညှိုးထိုး မလွဲတာ မျက်မြင်ပါ။ သူတို့ ဘယ်လို တည်ဆောက်ကြလဲ အတုခိုးသင့်တယ်။
.
ကျွန်တော့ အသက်မွေးဝမ်းကျောင်းအရ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ရောက်ခဲ့တယ်။ ၁၉၉၅-ခုနှစ် ရစ်ချ် တာ စကေး ၇.၂ ငလျင်ကြီး လှုပ်ခဲ့တဲ့ ကိုဘေးမြို့ဆို မလှုပ်ခင်ရော လှုပ်ပြီးရော အကြိမ်ကြိမ် ရောက်ဖူးတယ်။ အဲ့ဒီ ငလျင်ကြီး လှုပ်တုန်းတ ဂျပန်တွေ လူပေါင်း ၆၄၀၀ ကျော်သေဆုံးဖူးတယ်။
.
တစ်ခါ အခု ငလျင်ကြီးလှုပ်သွားတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောအပေါ် ကန့်လန့်ဖြတ်သွားတဲ့ “တရုတ် ရေနံ-ဓါတ်ငွေ့ ပိုက်လိုင်း” ပျက်စီးသွားတယ်လို့များ သတင်းကြားမိကြလား။
.
အဲ့ဒီ ပိုက်လိုင်း တည်ဆောက်စဉ် ငလျင်ကြောပေါ် ဖြတ်တဲ့ နေရာမှာ တရုတ်တွေ ဘယ်လို လုပ်သွားပုံရ တယ်လို့ ပညာရှင် မိတ်ဆွေတစ်ယောက်က အသေးစိတ်မြေပုံလေးနဲ့ ရှင်းပြတာ ဖတ်ရဖူးတယ်။
.
ဒါကြောင့် ထင်ပါတယ်။
တရုတ်တွေ အခု တည်ဆောက်နေတဲ့ နိုင်ငံတကာ အကြီးဆုံး ဆည်ကြီးဟာ အိန္ဒိိယ ကျောက်လွှာချပ်နဲ့ ယူရေး ရှားကျောက်လွှာချပ်တို့ ဆုံတွေ့ရာ ဟိမဝန္တာတောင်ကြော “ယာလောင်းရှန်ပိုမြစ်” ငလျင်ကြောပေါ်မှာ ဖြစ်နေ တယ်။ အဲ့ဒီမြစ်ရဲ့ မြစ်ညာပိုင်းဟာ ကျွန်တော်တို့ မြန်မာတိုင်း ကြားဖူးကြတဲ့ “ဗြဟ္မပုတ္တရမြစ်” ပေါ့
.
ကမ္ဘာ့ငလျင်ကြောပေါ်တည့်တည့်မှာ အလားတူ တည်ဆောက်ထားတဲ့ ဆည်တွေလဲ နိုင်ငံတကာမှာ အများကြီး ပါ။ ဒါ့ကြောင့်
.
(၃) ငလျင်ကြီးလှုပ်တတ်တဲ့ တိုင်းပြည်မှာ ခေတ်မီ အထပ်မြင့်အဆောက်အအုံတွေ
ဆည်တွေကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုခြင်းသာ အဖြေမှန် ဖြစ်ပါလိမ့်မယ်
.
ပစ္စည်းသင်္ခါရ လူသင်္ခါရ ဘာမှ မတည်မြဲပါ။
ဒီလောက် လုပ်နေတဲ့ကြားက ပျက်စီးမှု ဖြစ်လာတော့လည်း ပြန်လည်တည်ဆောက်ကြယုံပေါ့ ခင်ဗျာ
.
အဲ့ဒါ မျိုးရင်းချင်းအတူတူ မျောက်လို ဖြစ်မလာကြပဲ
ပစ္စည်းကောင်း နည်းလမ်းကောင်းကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့
.လူသားတို့ရဲ့ အားမာန်နဲ့ အရည်အချင်းပဲ ဖြစ်ပါလိမ့်မယ်။
.
#HtayOung #OungMarine
===

(ဧပြီ၂၁၊ ၂ဝ၂၅) -ကလေးသူငယ်များကို လူသားဒိုင်းအဖြစ် ဆန္ဒပြပွဲများနှင့် စစ်ပွဲများတွင် ပါဝင်အသုံးချနေခြင်းကို ကန့်ကွက်ပါသည်။
-ကလေးသူငယ်များကို ကာကွယ်ပေးပါ။
Credit: Dr. Aung Myo
.
-Stop using Children as Human shields in the Battlefields & War for personal benefits.
#savethechildren #UN #warcrimes #basichumanrights #childabuses#Asean

(ဧပြီ-၂၁၊ ၂၀၂၅) လွန်ခဲ့တဲ့ Operation 1027 အတွင်း ဆုတ်ခွာပေးခဲ့ရတဲ့
.
ရှမ်းမြောက် လားရှိုးမြို့အပါအဝင်
.
ပလောင်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ
.
ဟိုပန်၊ နမ့်ဆန်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုးမိတ်မြို့များကို
.
နိုင်ငံတော်က အေးချမ်းစွာ ပြန်လည်ထိန်းချုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
.
နောင်ချိုတော့ မသိသေးဘူး
.
တပ်မတော်က သိမ်းမယ်ဆို သင်္ကြန်မတိုင်မီတည်းက ရနိုင်ကြောင်း အားလုံး သိကြတာပဲ
..
မြို့ဝင်ထွက်ပေါက်အားလုံးနဲ့ ဘာမှ မဝေးတဲ့နေရာအထိ စိုးမိုးထားပြီးမှ ငြိမ်နေတယ်

(ဧပြီ-၂၁၊ ၂၀၂၅) နောင်ချို ကျောက်မဲကို တပ်မတော်က ဇန်နဝါရီလဆန်းပိုင်းမှာ ပြန်လည်သိမ်းယူမယ်လို့ ကျွန်တော်ရေးဖူးတယ်
နောင်ချို အနောက်ဘက်နဲ့ တောင်ဘက်ဝင်ထွက်ပေါက်တွေကို ဧပြီလဆန်းပိုင်းမှာ တပ်မတော်က စိုးမိုးပြီးမှ ပြန်ငြိမ်သွားတယ်
သုံးလမျှ နောက်ကျရခြင်းနဲ့ တောင်ခမ်းတိုက်ပွဲဟာ ဒီဘက်ခေတ်တပ်မတော်ရဲ့ သမိုင်းမှတ်ကျောက်တစ်ခု ဖြစ်ပါလိမ့်မယ်.
TNLA, MNDAA, PDF တို့ အထိနာကြောင်း သိရပါတယ်။ ခေတ်မီစစ်လက်နက်နဲ့ နည်းဗျူဟာအပြောင်းအလဲအကြောင်း ပြည်ပ မီဒီယာများမှာ ရေးသားလာကြတယ်။
.
အခု လားရှိုး ပြန်ရတော့မယ်ဆိုတော့ တရုတ်ကြီးက ကြားဝင်စေ့စပ်လို့ဖြစ်ကြောင်း ပြောကြလိမ့်မယ်
မှန်သင့်သလောက်တော့ မှန်ပါတယ်၊ တရုတ်ကြီး ကြားမဝင်လည်း အဲ့ဒီမြို့တွေကို တပ်မတော်က သေချာပေါက် ပြန်ယူတော့မယ်။
ဒါပေမယ့် မြို့နေရာ မြေကြီးပဲ ကျန်မယ်။
အီယားရေး
လုတို့ စီလိုလုပ်လို့ မီ မဖြိဖူးလေ၊
.
ဝ ကုန်သွယ်ရေး စင်္ကြံဖြတ်ဖို့ မြို့တွေ မစိပဲ သင်းချိုင်းကုန်းတွေ ဖြိနေမယ်

(ဧပြီ-၂၁၊ ၂၀၂၅) လားရှိုးကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်တော့မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပေမယ့်
.
ဒီနေ့ ညနေအထိ မြို့ဝင်ထွက် ဂိတ်များ၊ မြို့တွင်း လမ်းဆုံများ၊ တိုင်းစစ်ဋ္ဌာနချုပ်နေရာမှာ ကိုးကန့်တို့ကို မြင်တွေ့နေရဆဲပါ။
.
တစ်ဖက်ပိတ် ဘောမများပြောသလို ဘာ စစ်ယာဉ်တန်းကြီးမှ လားရှိုးမြို့တွင်း ဝင်ရောက်လာခြင်း မရှိ
.
ယူနီဖောင်းဖြင့် ဖြစ်စေ အရပ်ဝတ်ဖြင့်ဖြစ်စေ တပ်-ရဲ ဟု ယူဆရသူ တစ်ယောက်မှ မမြင်ရသေးပါ။
.
မြို့တွင်းမှာ သေနတ်တကားကားနဲ့ သွားလာနေကြသူများကတော့ဓနု ပြည်သူ့စစ်များနဲ့ အညာသား PDFs များ ဖြစ်ပါတယ်။
.
စစ်အာဏာရှင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အမေ့သားတွေ မထင်လိုက်ပါနဲ့
.
စိတ်ကြွဆေး ကြိုက်သလောက်သုံး တရုတ်ပိုက်ဆံနဲ့ လစာပေးဖို့ ကတိနဲ့
.
မြင်းမူ-ကျောက်ဆည်-ကျောက်ပန်းတောင်းဘက်က ပဒတ်တွေ တဲ့။
.
နိုင်ငံတော်က ပလောင်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ယခင်မြို့ရွာများကို ပြန်လည် ရယူဖွယ် ရှိပါတယ်။
.
ဒါပေမယ့် ခုလိုအချိန် ဒီဘက်က သေနတ်ကြီးတကားကားနဲ့ ဘာမှ လူလုံးမပြတာပဲ အကောင်းဆုံး အမှန်ဆုံးဖြစ်မယ်
.
မြို့ပေါ် ရပ်ကွက်တွေကို တပ်က ပြန်ယူပြီး မြို့ပြင်ပတ်လည်ကို ကိုးကန့်နဲ့ PDFs တို့က ထိန်းချုပ်ထားမယ်၊ဘာကွိ ညာကွ အွန်လိုင်းပေါ်မှာ အာသီးယောင်နေသူများဟာ ရမ်းဖြီးနေတာပါ။
.
နှစ်ဖက်ဆွေးနွေးပွဲက ပြီးဆုံးပြီလား၊ ဘာတွေ သဘောတူတယ် ဘယ်သူမှ မသိ
.
တရားဝင်သတင်း ထုတ်ပြန်မယ်တောင် မထင်ပါ။ တရုတ်ဘက်ကသာ အကြမ်းဖျဉ်းလောက် သတင်းထုတ်ပြန်ဖွယ် ရှိပါတယ်

(ဧပြီ-၂၂၊ ၂ဝ၂၅) အွန်လိုင်းနဲ့ ပရင့်တက်မီဒီယာအချို့မှာ ဆက်တိုက်နီးပါး ကျွန်တော်စာရေးလာခဲ့တာ ၅ နှစ်ကျော်လောက်ရှိပါပြီ၊ ရေးသမျှမှာ ရက်စွဲ တစ်ခါတစ်ရံ အချိန်ပါ ထည့်ရေးပါတယ်။
(၁) လားရှိုးမြို့တွင်းကို တပ်မတော်ယာဉ်တန်းကြီး ဝင်ရောက်သွားပြီဆိုတာ ယမန်နေ့ညနေအထိ ဖြစ်စဉ် မရှိခဲ့ပါ
(၂) ယမန်နေ့ လားရှိုးမြို့လည်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှာ မဟာမိတ်အလံများ ဖြုတ်ချထားခြင်းမှတပါး မြို့တွင်းနဲ့ အဝင်အထွက်ဂိတ်များမှာ ကိုးကန့်တပ်များ ရှိနေဆဲပါ
(၃) ဘယ်သူက ဘယ်မြို့ ဘယ်အပိုင်းယူမယ်ဆိုတာ မှန်းဆပြောဆိုနေခြင်းသာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ ပလောင်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့များကို ယခင်အတိုင်း ပြန်လည် ထိန်းချုပ်သွားရန် သေချာသလောက်ရှိပါတယ်။
(၄) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ပန်းတောကြီးစခန်း ဘယ်တုန်းကမျှ မကျပါ၊ အဲ့ဒီရွာမှာ ကျစရာ စခန်းလည်းမရှိပါ။
(၅) ဧရာဝတီတိုင်းအတွင်း AA လက်အောက်ခံတို့ကို လိုက်လံချေမှုန်းနေခြင်းသာ ဖြစ်ပုံရပြီး တပ်အနေနဲ့ လေးမျက်နှာဘက် ဆုတ်ပေးစရာမလို၊
ရေကြည်မြို့နယ် ဗေဒါဂိတ်နဲ့ အမတ ၃၄ု၄ အနားကိုပင် AA တို့ မချဉ်းကပ်နိုင်တော့ပါ

(ဧပြီ-၂၁၊ ၂၀၂၅) (OungMarine မေး) လွန်ခဲ့တဲ့ မတ်လ ၂၈ ရက် မြန်မာနိုင်ငံ ငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ပြင်း ထန်စွာ ပျက်စီးမီးလောင်ကြွမ်းခဲ့ပါတယ်။
.
ဆရာ/ဆရာမအချို့သေဆုံးပြီး အထက်မြန်မာနိုင်ငံစာစစ်ဌာနမှ G-12 တက္ကသိုလ်တန်းစာမေး ပွဲအဖြေလွှာများ ဆုံးရှုံးသွားပါတယ်။
.
နိုင်ငံတကာမှာ အဲ့ဒီလိုဖြစ်လာခဲ့ရင်
(၁) စာမေးပွဲ ပြန်လည်ဖြေဆိုရပါသလား
(၂) သို့မဟုတ် စာမေးပွဲဖြေဆိုခဲ့သူအားလုံးကို အအောင်ပေးတတ်ကြပါသလား
.
( Chat GPT ဖြေ) အဲ့လို သဘာဝဘေးအန္တရာယ်ကြောင့် စာမေးပွဲအဖြေစာများဆုံးရှုံးသွားတာမျိုးက နိုင်ငံတကာမှာလည်း အခါအားလျော်စွာ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ငလျင်၊ မီးလောင်မှု၊ ရေကြီးမှုစတဲ့အရေးကြီးတဲ့အခြေအနေတွေမှာပါ။
နိုင်ငံအလိုက် မျိုးစုံအဖြေသဘောတူချက်တွေရှိပါတယ်။
(၁) ပြန်လည်ဖြေဆိုစေတတ်တာ –
အများအားဖြင့် စာမေးပွဲအဖြေစာတစ်စောင်တောင်မရှိတော့လျှင်၊ ပြန်လည်ဖြေဆိုစေတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားတွေရဲ့ စိတ်ဖိစီးမှုနည်းစေဖို့ အဆင်ပြေတဲ့ နေရာ၊ အချိန်တွေ ရွေးချယ်ပေးတတ်ပါတယ်။
.
(၂) အအောင်ပေးတာ –
တခါတလေမှာတော့, စာမေးပွဲမဖြေခင်မှာ တစ်စုံတစ်ခုသော continuous assessment (class performance, assignments, mock test marks) အပေါ်အခြေခံပြီး အဖြေစာမရှိသော်လည်း အအောင်ပေးတဲ့အခြေအနေများ ရှိပါတယ်။
ဥပမာ – 2020 COVID-19 ကာလအတွင်း UK နှင့် အခြားနိုင်ငံများက Final exams မဖြေဘဲ predicted grade ဖြင့် ကျောင်းသူကျောင်းသားများကို Pass ချပေးခဲ့ပါတယ်။
2018 တွင် India ရဲ့ CBSE 12th grade exams တချို့စာအုပ်တွေ ပျောက်ဆုံးသွားရာမှ region-specific re-exam ဖြစ်ခဲ့ပါတယ်။
အနှစ်ချုပ် –
နောက်ဆုံးဆုံးဖြတ်ချက်က ပညာရေးဌာနရဲ့ policy အပေါ် မူတည်ပါတယ်။ ပြန်ဖြေစေဖို့လား၊ တစ်ခုခုအခြေခံပြီး pass ချပေးမလားဆိုတာက case-by-case ဖြစ်ပါတယ်။
မင်းအမြင်ထဲက အကြောင်းအရာကို မြန်မာ context နဲ့ hypothetical နည်းဖြင့် ပြန်ချင်လား?
===
(DeepSeek ဖြေ) နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်ကြောင့် စာမေးပွဲဖြေဆိုမှုများ ထိခိုက်ပျက်စီးခဲ့ပါက အောက်ပါအခြေခံသဘောတရားများဖြင့် ဖြေရှင်းလေ့ရှိပါသည်။
.
(၁) စာမေးပွဲပြန်လည်ဖြေဆိုခြင်း
အခြေအနေပေါ်မူတည်ခြင်း: စာမေးပွဲပြန်လည်စီစဉ်နိုင်မှု၊ ကျောင်းသားများ၏ဘေးကင်းရေးနှင့် လက်ရှိပညာသင်ကာလကို ထိခိုက်မှုမရှိစေရန် ဆုံးဖြတ်သည်။
ဥပမာ: ၂၀၁၁ ခုနှစ်က ဂျပန်ငလျင်အပြီး စာမေးပွဲများကို ရွှေ့ဆိုင်းခြင်း၊ ၂၀၂၀ COVID-19 ကာလအတွင်း စာမေးပွဲအစားထိုးနည်းလမ်းများ (အွန်လိုင်းစနစ်)။
(၂) အခြားအကဲဖြတ်နည်းများသုံးခြင်း
ယခင်အချက်အလက်များအပေါ် အကဲဖြတ်ခြင်း: သင်ကြားမှုကာလအတွင်း ရှိခဲ့သော ကြိုတင်အဆင့်သတ်မှတ်ချက်များ (Predicted Grades)၊ သင်ရိုးညွှန်းတမ်းလုပ်ဆောင်ချက်များ (Coursework)၊ ဆရာများ၏ အကဲဖြတ်ချက်များကို အသုံးပြုသည်။
ဥပမာ: ၂၀၂၀ ခုနှစ်တွင် ဗြိတိန်နိုင်ငံက GCSE နှင့် A-Level စာမေးပွဲများကို ဖျက်သိမ်းကာ ဆရာများ၏အကဲဖြတ်ချက်ဖြင့် အဆင့်သတ်မှတ်ခဲ့သည်။
.
(၃) အလိုအလျောက်အောင်မြင်ခွင့်ပေးခြင်း
အရေးပေါ်အခြေအနေတွင်သာ: ဤနည်းလမ်းကို ရွေးချယ်ရန် ရှားပါးပြီး ပညာရေးအရည်အသွေးကို ထိခိုက်နိုင်သောကြောင့် ဖြစ်သည်။ သို့ရာတွင် စာမေးပွဲဖြေဆိုသူအားလုံးကို အရေးပေါ်အခြေအနေအရ အမှတ်ပေးခြင်း (သို့) အောင်စာရင်းထုတ်ပေးခြင်းမျိုးကို ပဋိပက္ခဒဏ်ခတ်ဒဏ်ရာရသည့် ဒေသများတွင် တွေ့ရတတ်သည်။
ဥပမာ: အမေရိကန်ပြည်ထောင်စုရှိ ဟာရီကိန်းကတ်ထရီနာဘေးကြောင့် ကျောင်းများပိတ်ချိန်တွင် ကျောင်းသားများအား ယာယီအောင်မြင်ခွင့်ပြုခဲ့သည့်ဖြစ်စဉ်များ။
.
အချုပ်အားဖြင့်
စနစ်တကျဖြေရှင်းမှု: နိုင်ငံအများစုတွင် စာမေးပွဲပြန်လည်စီစဉ်ခြင်း (သို့) အခြားအကဲဖြတ်နည်းများကို ဦးစားပေးလေ့ရှိပြီး၊ အားလုံးအောင်ခွင့်ပေးခြင်းကို နောက်ဆုံးရွေးချယ်စရာအဖြစ်သာ ထားရှိသည်။
ပညာရေးစနစ်၏ယုံကြည်မှု: ပညာရေးတန်ဖိုးကို မထိခိုက်စေရန် မဟာဗျူဟာများချမှတ်လေ့ရှိသည်။
.
မြန်မာနိုင်ငံအနေဖြင့်လည်း ကျောင်းသားများ၏ဘဝနှင့် ပညာရေးတန်ဖိုးကို ဟန်ချက်ညီစေရန် အထက်ပါနည်းလမ်းများကို လေ့လာပြီး အရေးပေါ်အစီအမံများ ချမှတ်နိုင်ပါသည်