HtayOung(OungMarine)
10.1K subscribers
3.11K photos
128 videos
909 links
Download Telegram
ဧပြီ ၂ဝ၊ ၂ဝ၂၅ .. ၂၁၄ဝ နာရီ လားရှိုး

ကျယ်လောင်သော ပေါက်ကွဲသံကြီးကို တစ်မြို့လုံးကြားရ
.
အကြောင်းရင်း မသိရသေး

ဖုန်းအဆက်အသွယ်များ ပြတ်တောက်
.
အဟိ 😛 တိန့်ရှီကျွမ်း .
.
#HtayOung #OungMarine
.
(ဧပြီ ၂ဝ၊ ၂ဝ၂၅) အွန်လိုင်း ငလျင်ပညာပေးသူတစ်ယောက်က ပြောနေတယ်၊

ငလျင်ကြောင့် သေပျောက်ပျက်စီး မများရအောင်

အထပ်မြင့်တိုက်တွေ မဆောက်ပဲ သစ်သားနဲ့ နှစ်ထပ်လောက်ပဲ ဆောက်သင့်တယ် တဲ့

အဲ့ဒါဆို မန္တလေးကို ပြန်လည်ထူ ထောင်ဖို့ မူလထက် အဆသုံးဆယ်လောက် မြေအကျယ်အဝန်းလိုအပ်လိမ့်မယ်

နောက်သစ်သားအိမ်က မီးကြောက်ရတယ်

မြန်မာ့သမိုင်းမှာ မန္တလေးဟာ မီးနဲ့ အတော် ဓါတ်ကျတယ်၊ မဟာမြတ်မုနိတန်ဆောင်းနဲ့ ရှင်ဘုရင့်နန်းတော်ပါ ချမ်းသာ မပေးပါ

တပြည်လုံး မီးလောင်ဆုံးရှုံးမှုများလွန်းလို့ ဖဆပလအစိုးရက ပြည်ပ ပါရဂူတစ်‌ယောက်ငှားပြီး ကာကွယ်တားဆီးရေး အကြံတောင်းတယ်

ပါရဂူက တစ်ပြည်လုံးအနှံ့ ရက်အတော်ကြာ လိုက်ကြည့်ပြီး အကြံပြုသွားတာ .

" ခဏ ခဏ မီးအကြီးအကျယ် မလောင်ရအောင် မီးလောင်လွယ်တဲ့ သစ်သား ဝါးများနဲ့ အိမ် မဆောက်ပါနဲ့ " တဲ့

ဒီအတွက် " ထီးထမ်းလမ်း လျှောက်သမားလောက် အကြံပေးတတ်တဲ့ ပါရဂူကိုမှ သူမို့ ပိုက်ဆံအကုန်ခံ ငှားတတ်လေခြင်း" လို့

ဆရာကြီး ဇဝနတို့ သတင်းစာသမားတွေက ဦးနုကို ကလိကြသတဲ့၊ စာထဲ ဖတ်ရတာပဲ

ဒီလိုဆို နေ့စဉ် အကြိမ်ကြိမ်ငလျင်လှုပ်ရာမှာ တိုင်းပြည်လုပ်နေတဲ့

ဂျပန်တွေကို ဆရာတင်သင့်တယ်လို့ ကျွန်တော် ထင်တယ်
.
.
#HtayOung #OungMarine
(ဧပြီ ၂၁၊ ၂၀၂၅) ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်အောင် "သစ်သားအိမ်ပဲ ဆောက်ကြဖို့ အကြံပြု ချက်အကြောင်း" ကျွန်တော့်ရဲ TikTok ပို့စ်အောက်မှာ
.
ခင်မင်ရင်းနှီးစွာ ကောမန့်ရေးသားသူအတော်များများကို ကျေးဇူးတင်စွာ တွေ့ရှိရပါတယ်

" ဒီလို ငလျင်လှုပ်ပုံမျိုးနဲ့ မြစ်ဆုံဆည်သာ ဆောက်ဖြစ်ခဲ့ရင်" လို့ ရင်ဖိနေသူများလည်း
ယခုရက်ပိုင်း လူမှုကွန်ရက်မှာ တွေ့နေရပါတယ်
.
‌ယခင် နဝတအစိုးရဟာ ဘူမသိ ကိုးမသိပဲ ငလျင်ကြောပေါ်တည့်တည့်မှာ နေပြည်တော်ကို တည်ဆောက်သွား တယ်လို့ စိတ်ပျက်လက်ပျက် အပြစ်တင်နေကြတာလည်း တွေ့ရတယ်

အဲ့ဒါကတော့ တည်ဆောက်ထာ သိပ်မကြာသေးလို့ ထင်ပါတယ် အဖြေရှိပါတယ်၊

"နေပြည်တော် တည်ဆောက်တည်းက ငလျင်ကြောပေါ်မှာ ရှိကြောင်း" သိခဲ့ကြပါတယ်တဲ့၊

အခု ငလျင်ဒဏ်သင့် နေပြည်တော်မှာ ပြိုတဲ့ အဆောက်အအုံပြိုလဲတယ်
အကောင်းပကတိ နီးပါး ကျန်ခဲ့ တာတွေလည်း ရှိတယ်

အလားတူ ငလျင်ဒဏ်သင့် မန္တလေးမှာ မြေကြီးပေါ် ပုံလျက်သားဖြစ်သွားတဲ့ အဆောက်အအုံရှိသလို

အထပ်ချင်းတူပါလျှက် မှန်တချပ်တောင် မကွဲတဲ့ အဆောက်အအုံတွေလည်း တွေ့နေရတယ်

ဒါ့ကြောင့်

(၁) ငလျင်နဲ့ ထိခိုက်ပျက်စီး မများရအောင် အထပ်မြင့်အဆောက်အအုံ မဆောက်သင့်ဘူးဆိုတာ အဖြေမှန် မဟုတ်၊ ဘယ်လို ဆောက်ကြမလဲသာ နည်းလမ်းရှာဖို့ ဖြစ်ပါတယ်

(၂) ငလျင်ကြောက်လို့ အထပ်မြင့် အဆောက်အအုံ မဆောက်ကြေးဆို နေ့တိုင်း အကြိမ်ကြိမ် ငလျင်လှုပ်နေတဲ့ တိုင်းပြည်က ဂျပန်တွေ ဆာမူရိုင်းခေတ်ကလို သစ်သားအိမ်-စက္ကူတံခါးတွေနဲ့ နေနေကြမှာပေါ့
.
အခုတော့ ဂျပန်မြို့ကြီးတွေမှာ မိုးထိတိုက်ကြီးတွေ လက်ညှိုးထိုး မလွဲတာ မျက်မြင်ပါ။ သူတို့ ဘယ်လို တည်ဆောက်ကြလဲ အတုခိုးသင့်တယ်။
.
ကျွန်တော့ အသက်မွေးဝမ်းကျောင်းအရ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ရောက်ခဲ့တယ်။ ၁၉၉၅-ခုနှစ် ရစ်ချ် တာ စကေး ၇.၂ ငလျင်ကြီး လှုပ်ခဲ့တဲ့ ကိုဘေးမြို့ဆို မလှုပ်ခင်ရော လှုပ်ပြီးရော အကြိမ်ကြိမ် ရောက်ဖူးတယ်။ အဲ့ဒီ ငလျင်ကြီး လှုပ်တုန်းတ ဂျပန်တွေ လူပေါင်း ၆၄၀၀ ကျော်သေဆုံးဖူးတယ်။
.
တစ်ခါ အခု ငလျင်ကြီးလှုပ်သွားတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောအပေါ် ကန့်လန့်ဖြတ်သွားတဲ့ “တရုတ် ရေနံ-ဓါတ်ငွေ့ ပိုက်လိုင်း” ပျက်စီးသွားတယ်လို့များ သတင်းကြားမိကြလား။
.
အဲ့ဒီ ပိုက်လိုင်း တည်ဆောက်စဉ် ငလျင်ကြောပေါ် ဖြတ်တဲ့ နေရာမှာ တရုတ်တွေ ဘယ်လို လုပ်သွားပုံရ တယ်လို့ ပညာရှင် မိတ်ဆွေတစ်ယောက်က အသေးစိတ်မြေပုံလေးနဲ့ ရှင်းပြတာ ဖတ်ရဖူးတယ်။
.
ဒါကြောင့် ထင်ပါတယ်။

တရုတ်တွေ အခု တည်ဆောက်နေတဲ့ နိုင်ငံတကာ အကြီးဆုံး ဆည်ကြီးဟာ အိန္ဒိိယ ကျောက်လွှာချပ်နဲ့ ယူရေး ရှားကျောက်လွှာချပ်တို့ ဆုံတွေ့ရာ ဟိမဝန္တာတောင်ကြော “ယာလောင်းရှန်ပိုမြစ်” ငလျင်ကြောပေါ်မှာ ဖြစ်နေ တယ်။ အဲ့ဒီမြစ်ရဲ့ မြစ်ညာပိုင်းဟာ ကျွန်တော်တို့ မြန်မာတိုင်း ကြားဖူးကြတဲ့ “ဗြဟ္မပုတ္တရမြစ်” ပေါ့
.
ကမ္ဘာ့ငလျင်ကြောပေါ်တည့်တည့်မှာ အလားတူ တည်ဆောက်ထားတဲ့ ဆည်တွေလဲ နိုင်ငံတကာမှာ အများကြီး ပါ။ ဒါ့ကြောင့်
.
(၃) ငလျင်ကြီးလှုပ်တတ်တဲ့ တိုင်းပြည်မှာ ခေတ်မီ အထပ်မြင့်အဆောက်အအုံတွေ
ဆည်တွေကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုခြင်းသာ အဖြေမှန် ဖြစ်ပါလိမ့်မယ်
.
ပစ္စည်းသင်္ခါရ လူသင်္ခါရ ဘာမှ မတည်မြဲပါ။
ဒီလောက် လုပ်နေတဲ့ကြားက ပျက်စီးမှု ဖြစ်လာတော့လည်း ပြန်လည်တည်ဆောက်ကြယုံပေါ့ ခင်ဗျာ
.
အဲ့ဒါ မျိုးရင်းချင်းအတူတူ မျောက်လို ဖြစ်မလာကြပဲ
ပစ္စည်းကောင်း နည်းလမ်းကောင်းကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့
.လူသားတို့ရဲ့ အားမာန်နဲ့ အရည်အချင်းပဲ ဖြစ်ပါလိမ့်မယ်။
.
#HtayOung #OungMarine
===
(ဧပြီ၂၁၊ ၂ဝ၂၅) -ကလေးသူငယ်များကို လူသားဒိုင်းအဖြစ် ဆန္ဒပြပွဲများနှင့် စစ်ပွဲများတွင် ပါဝင်အသုံးချနေခြင်းကို ကန့်ကွက်ပါသည်။
-ကလေးသူငယ်များကို ကာကွယ်ပေးပါ။

Credit: Dr. Aung Myo
.
-Stop using Children as Human shields in the Battlefields & War for personal benefits.

#savethechildren #UN #warcrimes #basichumanrights #childabuses#Asean
.
#HtayOung #OungMarine
(ဧပြီ-၂၁၊ ၂၀၂၅) လွန်ခဲ့တဲ့ Operation 1027 အတွင်း ဆုတ်ခွာပေးခဲ့ရတဲ့
.
ရှမ်းမြောက် လားရှိုးမြို့အပါအဝင်
.
ပလောင်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ
.
ဟိုပန်၊ နမ့်ဆန်၊ လောက်ကိုင်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုးမိတ်မြို့များကို
.
နိုင်ငံတော်က အေးချမ်းစွာ ပြန်လည်ထိန်းချုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
.
နောင်ချိုတော့ မသိသေးဘူး
.
တပ်မတော်က သိမ်းမယ်ဆို သင်္ကြန်မတိုင်မီတည်းက ရနိုင်ကြောင်း အားလုံး သိကြတာပဲ
..
မြို့ဝင်ထွက်ပေါက်အားလုံးနဲ့ ဘာမှ မဝေးတဲ့နေရာအထိ စိုးမိုးထားပြီးမှ ငြိမ်နေတယ်
.
#HtayOung #OungMarine
(ဧပြီ-၂၁၊ ၂၀၂၅) နောင်ချို ကျောက်မဲကို တပ်မတော်က ဇန်နဝါရီလဆန်းပိုင်းမှာ ပြန်လည်သိမ်းယူမယ်လို့ ကျွန်တော်ရေးဖူးတယ်

နောင်ချို အနောက်ဘက်နဲ့ တောင်ဘက်ဝင်ထွက်ပေါက်တွေကို ဧပြီလဆန်းပိုင်းမှာ တပ်မတော်က စိုးမိုးပြီးမှ ပြန်ငြိမ်သွားတယ်

သုံးလမျှ နောက်ကျရခြင်းနဲ့ တောင်ခမ်းတိုက်ပွဲဟာ ဒီဘက်ခေတ်တပ်မတော်ရဲ့ သမိုင်းမှတ်ကျောက်တစ်ခု ဖြစ်ပါလိမ့်မယ်.

TNLA, MNDAA, PDF တို့ အထိနာကြောင်း သိရပါတယ်။ ခေတ်မီစစ်လက်နက်နဲ့ နည်းဗျူဟာအပြောင်းအလဲအကြောင်း ပြည်ပ မီဒီယာများမှာ ရေးသားလာကြတယ်။
.
အခု လားရှိုး ပြန်ရတော့မယ်ဆိုတော့ တရုတ်ကြီးက ကြားဝင်စေ့စပ်လို့ဖြစ်ကြောင်း ပြောကြလိမ့်မယ်

မှန်သင့်သလောက်တော့ မှန်ပါတယ်၊ တရုတ်ကြီး ကြားမဝင်လည်း အဲ့ဒီမြို့တွေကို တပ်မတော်က သေချာပေါက် ပြန်ယူတော့မယ်။

ဒါပေမယ့် မြို့နေရာ မြေကြီးပဲ ကျန်မယ်။

အီယားရေး

လုတို့ စီလိုလုပ်လို့ မီ မဖြိဖူးလေ၊
.
ဝ ကုန်သွယ်ရေး စင်္ကြံဖြတ်ဖို့ မြို့တွေ မစိပဲ သင်းချိုင်းကုန်းတွေ ဖြိနေမယ်
.
#HtayOung #OungMarine
(ဧပြီ-၂၁၊ ၂၀၂၅) လားရှိုးကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်တော့မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပေမယ့်
.
ဒီနေ့ ညနေအထိ မြို့ဝင်ထွက် ဂိတ်များ၊ မြို့တွင်း လမ်းဆုံများ၊ တိုင်းစစ်ဋ္ဌာနချုပ်နေရာမှာ ကိုးကန့်တို့ကို မြင်တွေ့နေရဆဲပါ။
.
တစ်ဖက်ပိတ် ဘောမများပြောသလို ဘာ စစ်ယာဉ်တန်းကြီးမှ လားရှိုးမြို့တွင်း ဝင်ရောက်လာခြင်း မရှိ
.
ယူနီဖောင်းဖြင့် ဖြစ်စေ အရပ်ဝတ်ဖြင့်ဖြစ်စေ တပ်-ရဲ ဟု ယူဆရသူ တစ်ယောက်မှ မမြင်ရသေးပါ။
.
မြို့တွင်းမှာ သေနတ်တကားကားနဲ့ သွားလာနေကြသူများကတော့ဓနု ပြည်သူ့စစ်များနဲ့ အညာသား PDFs များ ဖြစ်ပါတယ်။
.
စစ်အာဏာရှင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး အမေ့သားတွေ မထင်လိုက်ပါနဲ့
.
စိတ်ကြွဆေး ကြိုက်သလောက်သုံး တရုတ်ပိုက်ဆံနဲ့ လစာပေးဖို့ ကတိနဲ့
.
မြင်းမူ-ကျောက်ဆည်-ကျောက်ပန်းတောင်းဘက်က ပဒတ်တွေ တဲ့။
.
နိုင်ငံတော်က ပလောင်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ယခင်မြို့ရွာများကို ပြန်လည် ရယူဖွယ် ရှိပါတယ်။
.
ဒါပေမယ့် ခုလိုအချိန် ဒီဘက်က သေနတ်ကြီးတကားကားနဲ့ ဘာမှ လူလုံးမပြတာပဲ အကောင်းဆုံး အမှန်ဆုံးဖြစ်မယ်
.
မြို့ပေါ် ရပ်ကွက်တွေကို တပ်က ပြန်ယူပြီး မြို့ပြင်ပတ်လည်ကို ကိုးကန့်နဲ့ PDFs တို့က ထိန်းချုပ်ထားမယ်၊ဘာကွိ ညာကွ အွန်လိုင်းပေါ်မှာ အာသီးယောင်နေသူများဟာ ရမ်းဖြီးနေတာပါ။
.
နှစ်ဖက်ဆွေးနွေးပွဲက ပြီးဆုံးပြီလား၊ ဘာတွေ သဘောတူတယ် ဘယ်သူမှ မသိ
.
တရားဝင်သတင်း ထုတ်ပြန်မယ်တောင် မထင်ပါ။ တရုတ်ဘက်ကသာ အကြမ်းဖျဉ်းလောက် သတင်းထုတ်ပြန်ဖွယ် ရှိပါတယ်
.
#HtayOung #OungMarine
(ဧပြီ-၂၂၊ ၂ဝ၂၅) အွန်လိုင်းနဲ့ ပရင့်တက်မီဒီယာအချို့မှာ ဆက်တိုက်နီးပါး ကျွန်တော်စာရေးလာခဲ့တာ ၅ နှစ်ကျော်လောက်ရှိပါပြီ၊ ရေးသမျှမှာ ရက်စွဲ တစ်ခါတစ်ရံ အချိန်ပါ ထည့်ရေးပါတယ်။

(၁) လားရှိုးမြို့တွင်းကို တပ်မတော်ယာဉ်တန်းကြီး ဝင်ရောက်သွားပြီဆိုတာ ယမန်နေ့ည‌နေအထိ ဖြစ်စဉ် မရှိခဲ့ပါ

(၂) ယမန်နေ့ လားရှိုးမြို့လည်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှာ မဟာမိတ်အလံများ ဖြုတ်ချထားခြင်းမှတပါး မြို့တွင်းနဲ့ အဝင်အထွက်ဂိတ်များမှာ ကိုးကန့်တပ်များ ရှိနေဆဲပါ

(၃) ဘယ်သူက ဘယ်မြို့ ဘယ်အပိုင်းယူမယ်ဆိုတာ မှန်းဆပြောဆိုနေခြင်းသာဖြစ်ပြီး နိုင်ငံတော်အနေနဲ့ ပလောင်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့များကို ယခင်အတိုင်း ပြန်လည် ထိန်းချုပ်သွားရန် သေချာသလောက်ရှိပါတယ်။

(၄) ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် ပန်းတောကြီးစခန်း ဘယ်တုန်းကမျှ မကျပါ၊ အဲ့ဒီရွာမှာ ကျစရာ စခန်းလည်းမရှိပါ။

(၅) ဧရာဝတီတိုင်းအတွင်း AA လက်အောက်ခံတို့ကို လိုက်လံချေမှုန်းနေခြင်းသာ ဖြစ်ပုံရပြီး တပ်အနေနဲ့ လေးမျက်နှာဘက် ဆုတ်ပေးစရာမလို၊

ရေကြည်မြို့နယ် ဗေဒါဂိတ်နဲ့ အမတ ၃၄ု၄ အနားကိုပင် AA တို့ မချဉ်းကပ်နိုင်တော့ပါ
.
#HtayOung #OungMarine