(ဧပြီ ၁၈၊ ၂၀၂၅) ၁၅၃၀-နာရီ
တပ်မတော်ဝင်ရောက်လာမည့် လားရှိုး-တန့်ယန်းလမ်းမှလွဲ၍
.
ကျန် မြို့အဝင်လမ်းများအားလုံးကို MNDAA က ပြန်လည်ဖွင့်လှစ်
.
မြို့အဝင်ဂိတ်များတွင် စက်လတ်နှင့် ပုခုံးထမ်းလောက်ချာကိုင် ကိုးကန့်တို့က တင်းကြပ်စွာစစ်ဆေးနေ
.
ရဲစခန်းများနှင့် အရေးကြီးနေရာများတွင် MNDAA အမျိုးသမီးစစ်သည်များမကျန် တိုက်ပွဲဝင်ချပ်ဝတ်ဖြင့် တွေ့ရ
.
လားရှိုးအနောက်ဖက် ဆင်တောင်အနီးတွင်
.
PDFs အင်အား ၂၀၀ ခန့် နေရာယူထားကြောင်း သတင်းရရှိပါတယ်။
.
#HtayOung, #OungMarine
.
#လားရှိုး #တပ်မတော် #MNDAA #TNLA

၁၈ ဧပြီ ၂ဝ၂၅ ညနေ ရှမ်းမြောက် UWSA ယာဉ်တန်း
ကွမ်းလုံကို ဖြတ်သန်း၍ နားတီး-နမ့်ဆလပ်လမ်းအတိုင်းမောင်းနှင်သွား
ရှေ့ Double-Cab ၄ - စီး
အလယ် စစ်သား ၂ဝ -၂၅ ခန့်စီပါ ဖောကား ၃ စီး
နောက် ကုန်ပစ္စည်းတင် ၁၂ ဘီးကား ၁၄-စီး ပါဝင်
၁၂ ဘီးကားများ ဝဲယာတွင်
"ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက်" ဟု ဗီနိုင်းချိတ်ဆွဲထား
၎င်း ယာဉ်တန်းနောက် နာရီ ဝက်ခန့် အကွာမှာ
စစ်သား အပြည့်ပါ
စီနို ထရပ်အမျိုးအစား ယာဉ် ၁၉ စီး
အဆင့်မြင့် အိမ်စီးကား ၄ စီး ထပ်မံဖြတ်သန်းသွား
.
၁၉:၅၀ နာရီအချိန် UWSA ယာဉ်တန်း ၂ ခုလုံး လားရှိုး မြို့ရှောင်လမ်းမှ ဝင်ရောက်လာ
မြို့ထဲမဝင်ပဲ ကွန်ပြူတာတက္ကသိုလ်အနီး ရပ်နား
.
ကုန်တင်ယာဉ် ၁၄ စီးကို ထားခဲ့၍
.
အခြေပြုမည့် သံလွင်ရွာသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရ
.
.
#HtayOung #OungMarine
.
#လားရှိုး #မြန်မာ့တပ်မတော် #MNDAA #TNLA

၁၈ ဧပြီ ၂ဝ၂၅ ၂၁၃ဝ နာရီ
ယနေ့နေ့လည် လားရှိုးကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း
အစိုးရအရပ်ဖက်ဝန်ထမ်းများကို ရဟတ်ယာဉ်နဲ့ ချပေးပြီး
လေယာဉ်ကွင်း ပတ်လည်ကို တပ်မတော်က စတင်ရှင်းလင်းနေကြောင်း အွန်လိုင်းသတင်းများ လွှင့်တင်နေကြပါတယ်
ယနေ့ည ၉ နာရီခွဲအထိ လားရှိုးမြို့တွင်း တပ်မတော်သား တစ်ယောက်မှ မတွေ့ရသေး
အချို့ပြောကြသလို နစကအုပ်ချုပ်ရေးယာဉ်တန်းဝင်လာခြင်းလည်း မရှိ
ရဟတ်ယာဉ်ဆင်းခြင်းလည်း မရှိကြောင်း
MNDAA တို့လည်း ဆုတ်ခွာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောပါတယ်
လားရှိုးအတွက် ဝန်ထမ်းများမှာ တောင်ကြီးမှာပဲ ရှိနေတယ်လို့ ဆိုပါတယ်
လားရှိုးအား လွှဲပြောင်းပေးမည်ဟု ယခင်သတင်းထွက်ပေါ်ခဲ့သည်မှာ ၂၁ ရက်နေ့ ဖြစ်ပါတယ်
ဒီအတွက် တပ်မတော်က သတင်းထုတ်ပြန်မှသာ အတည်ပြုနိုင်ဖွယ်ရှိပါတယ်။

(ဧပြီ ၁၈၊ ၂ဝ၂၅) MNDAA တို့က လားရှိုးကို တပ်မတော်ထံ လွှဲပြောင်းပေးပြီး ဆုတ်ခွာသွားပြီဆိုတာ ဂျင်းသတင်း ဖြစ်ဖို့ သေချာလာပါတယ်။
ယနေ့ညအထိ တပ်မတော်နှင့် အရပ်ဖက်ယာဉ်တန်းများ ဝင်လာခြင်းမတွေ့ရ၊ လေယာဉ် ရဟတ်ယာဉ်ဆင်းခြင်းလည်း မရှိတာသေချာပါတယ်။
ကိုးကန့်တို့အနေနဲ့ လားရှိုးကို အသာတကြည်ပြန်ပေးဖို့ဆိုတာ အပေးအယူ မပါပဲ မဖြစ်နိုင်၊
၂ဝဝ၈ ဖွဲ့စည်းပုံကို ဆုပ်ကိုင်ထားတဲ့ နစကအနေနဲ့ကလည်း အဲ့ဒါတွေကို သဘောတူဖို့ ခက်ပါလိမ့်မယ်။
နောင်ချို ကျောက်မဲ သီပေါတို့ကို မစွန့်လွှတ်ရသေးပဲ လားရှိုးလို အရေးပါနေရာကို ပြန်ပေးဖို့တာ မြောက်သုံးဖွဲ့ ကိုးကန့်တို့အတွက် အတော်စဉ်းစားရပါလိမ့်မယ်။
၂၁ ရက်နေ့ဆုတ်ပေးဖို့တောင် တပ်မတော် ကိုးကန့် သဘောတူယုံနဲ့ မဖြစ်နိုင်ပါ
ဒါ့ကြောင့်ထင်ပါရဲ့ MNDAA TNLA PDF တို့က လားရှိုးဝန်းကျင် ခံစစ်ပြင်သလိုလုပ်လာတာ ဖိုးသုံညတောင် ပါလာသေး
အာဆီယံအလှည့်ကျဥက္ကဌက နစကနဲ့ NUG ကို ခေါ်တွေ့တုန်း ခုလိုသတင်းထွက်တာ မတော်တဆပါလို့ ပြောရမှာလား။

(ဧပြီ ၁၈၊ ၂ဝ၂၅) အမေရိကန် အစီအစဉ်နဲ့ ဘဂ်လားဒေ့ရှ်က AA နဲ့ CNF ကို စစ်ရေးကူညီမယ်ဆိုတာ ဘာဘူသတင်းစာတစ်စောင်အဆိုပါ၊
ခိုင်လုံတယ်လို့ မသတ်မှတ်နိုင်၊ဒါကာကလည်း မြန်မာကို စစ်ကြေညာသလို လုပ်မယ် မထင်၊
လုပ်ခဲ့ရင် တရုတ်သာမက အိန္ဒိယလည်း ပါလာပြီး ဒေသတစ်ခုလုံးကို စစ်ထဲဆွဲသွင်းသလိုနေပါလိမ့်မယ်။
အထူးသဖြင့် ဘာသာရေးဝါဒီများ အားကောင်းတဲ့ ယူနွတ်အစိုးရလက်ထက်မှာ AA လို ရခိုင်အမျိုးသားရေးဝါဒီလက်နက်ကိုင်များကို ကူညီမယ်ဆိုခြင်းက ပိုပြီး မဖြစ်နိုင်ပါ။
စီးပွားရေးနဲ့ လုံခြုံရေးအရ AA, CNF နဲ့ အလိုက်သင့်ဆက်ဆံခြင်းသာ အများဆုံးဖြစ်နိုင်ပါလိမ့်မယ်

(၁၉ ဧပြီ ၂ဝ၂၅) အမေရိကန်ကျောထောက်နောက်ခံနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က AA နဲ့ CNF ကို ကူညီမယ်ဆိုတဲ့ သတင်းကို ချင့်ယုံကြစေချင်တယ်။
.
ပထမဆုံး အဲ့ဒီသတင်းဖော်ပြတဲ့ အိန္ဒိယ North East မီဒီယာအပေါ် သတင်းစိတ်ချယုံကြည်ရမှုဟာ အားနည်းပါတယ်၊ အိန္ဒိယ အရှေ့မြောက်ပြည်နယ်များအတွက် လူသိ မများလှတဲ့ ဒစ်ဂျစ်တယ်မီဒီယာမျှသာဖြစ်ပြီး ပရင့်တက် သတင်းစာ ထုတ်ဝေနိုင်ခြင်း မရှိပါ။ လူပြိန်းကြိုက် သ တင်းများကို ဖော်ပြလေ့ရှိတယ်။ ဒီသတင်းကို သူတစ်ခုတည်းကလွဲလို့ နိုင်ငံတကာအပါအဝင် အခြား ဘယ်အိန္ဒိယသတင်းစာကမျှ မဖော်ပြကြပါ။
.
သတင်းမှာ ရည်ညွှန်းတဲ့ ဒီကိစ္စဟာ ကလေးကလား ငှက်ပျောသီး အခွံနွာသလို လွယ်ကူတဲ့ ကိစ္စမဟုတ်ပါ။ ရှိတ်ဟာစီနာအလွန် အစ္စလာမ်မစ်ဝါဒီတွေ အားကောင်းလာတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ AA လို ရခိုင်အမျိုးသားရေး လက်နက်ကိုင်တွေနဲ့ အစေးကပ်စရာ သိပ်မရှိပါ။
.
အဲ့ဒီလိုကြီး ပူးပေါင်းလာခဲ့ရင် နောက်ကွယ်မှာ ဘာနှောင်ကြိုးပါနိုင်တယ်ဆိုတာ အသိသာကြီးမို့ AA ဘက်ကလည်း ယုံကြည်ဖို့ခက်တယ်၊ ရခိုင်တစ်ပြည်လုံးနီးပါး သိမ်းထားရလို့ သူ့မှာ လူ-လက်နက်-ငွေကြေး အင်အား လိုအပ်ထာ မှန်ပါတယ်၊ ဒါပေမယ့် ပဲလှော်ကြား ဆားညပ်ကိန်းကြီး/ထမင်းထုပ်နောက်မှာ ဝါးရင်းဒုတ်ပါလာမယ်ဆိုတာ မရိပ်မိပဲ မဖြစ်နိုင်ပါ
ယူနွတ်လက်ထက် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ပါကစ္စတန်နဲ့ အရမ်းနီးကပ်လာတယ်၊ အိန္ဒိယနဲ့ ဆက်ဆံရေး မပြေလည်ပါ
.
စိန့်မာတင်ကျွန်းမှာ အမေရိကန်စစ်စခန်းဖြစ်လာရင် အိန္ဒိယသမုဒ္ဒရာမှာ တရုတ်ကို ထိန်းကျောင်းဖို့ အဖော်ရတာပဲလို့ ဘာဘူသတင်းစာတွေက ရေးဖူးတယ်၊ တစ်ခါ အိန္ဒိယ အရှေ့မြောက်ဖျားပြည်နယ်များက ခွဲထွက်ရေး သူပုန်တွေကို ရခိုင်ကမ်းလွန်လမ်းကြောင်းအတိုင်း တရုတ်က လက်နက်ခဲယမ်း ထောက်ပံ့နေကြောင်း ရေးတာလည်း သူတို့ ပါပဲ
.
ဒါပေမယ့် ခွဲထွက်ရေး သူပုန်တွေ ဇို-မေထေးလူမျိုးရေးအဓိကရုန်းတွေ ဖြစ်ပွားနေတဲ့ အရှေ့မြောက်ဖျား ပြည်နယ်အနီးမှာ AA နဲ့ CNF ချင်းသူပုန်ကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ကူညီခဲ့ရင် အဲ့ဒါ မိုဒီကြီး နားရွက်ကို တံတွေးဆွတ်ထာပဲ
ဘင်္ဂလားဒေ့ရ်ှဟာ လူဦးရေ သန်း ၁၆ဝ ကျော်တာ မှန်ပါတယ်၊ ဒါပေမယ့် အိန္ဒိယကို စစ်ရေးအရ အံတုဖို့ အတော်ခက်တယ်။
.
ရိုဟင်ဂျာတွေအတွက် နယ်မြေရှာပေးဖို့ ဆန္ဒရှိကြောင်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုနည်းနဲ့ ရခိုင်မြောက်ဖျားမှာ ရိုနယ်မြေထူထောင်ပေးမိရင် ဘင်္ဂလားဒေ့ရှ်ဟာ နေ့ချင်း/ညချင်း ပါလက်စတိုင်း ဖြစ်သွားဖွယ် ရှိတယ်။
.
ရိုဟင်ဂျာအရေးမှာ အယ်လ်ကိုင်ဒါ- အိုင်စစ်လို အစ္စလာမ်မစ် အစွန်းရောက် ဝင်လာမှာကို မွတ်စလင်တိုင်းပြည်တွေက အခြားတိုင်းပြည်များထက် အဆပေါင်း များစွာ ပိုမိုစိုးရိမ်တယ်။
နောက်ဆုံး သတိပြုရမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ မိတ်ဆွေသစ်ဖြစ်လာတဲ့ ပါကစ္စတန်စစ်တပ်ဟာ တရုတ်ရဲ့ ဘော်ဒါ စစ်စစ်ကြီးပါ
.
AA အပါအဝင် နယ်စပ်တလျောက် မြန်မာဘက်ခြမ်း တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေသိမ်းပိုက်မှု ကျယ်ပြန့်လာနေတယ်။ ဘင်္ဂလားဒေ့ရှ်ရော အိန္ဒိယပါ သူတို့ရဲ့ စီးပွားရေးနဲ့ လုံခြုံရေးအတွက် AA, CNF ကို မြွေမသေ ဒုတ်မကျိုး ဆက်ဆံဖို့က အများဆုံးပါ။
.
ခုရက်ပိုင်း တရုတ်အပေါ် အမေရိကန်က ကုန်သွယ်ရေးခွန် တိုးမြှင့်လိုက်ထာ ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းတွေပါ ရောပါပြီး အထိနာမယ့်ကိန်း ဆိုက်နေတယ်။
ဘင်္ဂလားဒေ့ရှ်သွင်းကုန်တွေအပေါ် အခွန် ၁၅% ကောက်ခံနေရာက ၃၅% အထိ ဒေါ်နယ်ထရမ့်က တိုးမြှင့်လိုက်လို့ ယူနွတ်အစိုးရမှာ စိတ်ဆင်းရဲနေရပါတယ်။ ရှိတ်ဟာစီနာလက်ထက် ယူထားတဲ့ နိုင်ငံခြားကြွေးမြီတွေ အတော်များတယ်။
.
#HtatOung #OungMarine
.
#ဘင်္ဂလားဒေ့ရှ် #မြန်မာ့တပ်မတော် #အာရက္ခတပ်တော် #AA #CNF #အမေရိကန် #အိန္ဒိယ

ဧပြီ ၁၉၊ ၂ဝ၂၅
ယမန်နေ့အထိ လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာသူ ယခင်မြို့ခံ ၇၅ % နီးပါး ရှိမည် ခန့်မှန်းရ
၎င်းတို့တွင် နိုင်ငံ့ဝန်ထမ်းအနည်းငယ်ပါဝင်၊
တာဝန်အရ မဟုတ်ပဲ မိမိတို့အိုးအိမ်အား ပြန်လည်ကြည့်ရှု့ရန် ဆန္ဒအလျောက် ဝင်ရောက်လာခြင်းဖြစ်ဟု သိရ
.
#HtayOung #OungMarine
.
#လားရှိုး

ဧပြီ ၁၉၊ ၂ဝ၂၅ ၁၁၀ဝ နာရီ
ယနေ့နံနက် လားရှိုးမြို့သို့ တပ်မတော် အကြီးတန်း အရာရှိအချို့ ရောက်ရှိလာ
အခြားစစ်သည်နှင့် တပ်ယာဉ်တန်းများကို မတွေ့ရပါ
၆၂၆ ထောက်ပို့ဝင်းအတွင်း တပ်စွဲထားသည့် ကိုးကန့်တို့ ထွက်ခွာသွားပြီဖြစ်၍
ပစ္စည်းဝင်ရောက် ယူငင်သူ ခုတ်ခွာတို့ဖြင့် စည်ကားနေ

(ဧပြီ ၂၀၊ ၂ဝ၂၅) ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲတော့ ဖြစ်ပြီ
မြေပေါက်စေတီတစ်ဆူပေါ် ဖိနပ်စီးပြီး တက်ရကောင်းလား ပေါက်ကွဲပြီး ဖမ်းခိုင်းမနေကြနဲ့
သူငယ်မက သူပြောတဲ့ ရွာမှာသာ နေသူမှန်ရင် အဲ့ဒီနယ်မြေကို ဘယ်သူတွေထိန်းချုပ်ထားလဲ အရင် သတိရပါ၊
ပြီးမှ သွားဖမ်းတဲ့သူတွေ ဘယ်ရောက်သွားမှန်း မသိပဲ နောက်မှ ဒလန်အဖြစ် ခေတ်သစ်မှာ ဓါတ်ပုံကြီးနဲ့ ပါလာမယ်
အရမ်းလဲ မရေးကြနဲ့
လက်သုံးချောင်းတွေ လပို့ဝိုင်းထုလို့ အကောင့်ပျက်သူ ပျက်ကုန်ပြီ
အခုရေးရတာတောင် ခပ်လှုပ်လှုပ်ပဲ

(ဧပြီ ၂ဝ၊ ၂ဝ၂၅) လားရှိုးကို ဘယ်သူတွေ ပြန်လည်ထိန်းချုပ်သွားလဲ မေးခွန်းနဲ့အတူ Proxy War ပထမပိုင်း ပြည်ဖုံးကား ချလိုက်ပါပြီ
Operation 1027 ဟာ ထောင်ကဲကြီး ဇာတ်ညွှန်းပါလို့ အစတည်းက ပြောတာ မယုံကြပဲကိုး
ခုတော့ ရေမီးရှားပြည်ကြီးလဲ လူသိန်းချီ လျော့သွားပါပြီ၊ မြို့ရွာအတော်များများလည်း ပြာပုံဖြစ်သွားပြီ
ခံလိုက်ရတာ အညာသားတွေပဲ၊
အနော်ရထာ-ဘုရင့်နောင်-အလောင်းဘုရားတို့သာ ခုနေရှိရင် အညာသားဖြစ်နေပြီး နီပေါတွေမြှောက်ပေးတိုင်း သွေးတက်အောင် ကရလား တန်းစီ နားရင်းအုပ်မှာသေချာတယ် 😁😁
.
ဟို အနောက်တံခါးက တွန်းမရနိုင်လည်း ပါတယ် 😂

HtayOung(OungMarine)
(ဧပြီ ၂ဝ၊ ၂ဝ၂၅) လားရှိုးကို ဘယ်သူတွေ ပြန်လည်ထိန်းချုပ်သွားလဲ မေးခွန်းနဲ့အတူ Proxy War ပထမပိုင်း ပြည်ဖုံးကား ချလိုက်ပါပြီ Operation 1027 ဟာ ထောင်ကဲကြီး ဇာတ်ညွှန်းပါလို့ အစတည်းက ပြောတာ မယုံကြပဲကိုး ခုတော့ ရေမီးရှားပြည်ကြီးလဲ လူသိန်းချီ လျော့သွားပါပြီ၊ မြ…
လားရှိုး ပြန်ပေးလိုက်ရတဲ့အဓိပ္ပာယ်က
1027 ဟာ အစတည်းက စစ်တိုက်မယူသင့်ဘူးတဲ့
ဒါဆို တပ်-ရဲ-အရပ်သားများမပါ PDF ၁ ထောင်ကျော်
ရှမ်းမြောက်စစ်သားစုဆောင်းခံရသူ ၃ ထောင်ကျော်ကို စတေးခဲ့တဲ့ နောက်ကွယ် လက်မဲကြီးရည်ရွယ်ချက်က ဘာဖြစ်မလဲ
ဤတွင် Proxy war ပထမပိုင်း ပြီးဆုံး၏
ရှေ့တန်းမှာ အသေခံတိုက်ခိုင်းလို့ ရတဲ့ ဗမာ PDF လေးတွေ ပေါပေါများများ ရတုန်း နယ်မြေတိုးချဲ့ သိမ်းယူချငိတဲ့ EAOs တွေ
အခြားပြည်ပစွက်ဖက်မှုတွေ
ခုနေ အမေရိကန် လာရင် OIC တွေ ဝင်ကူရင် ငါတို့တော့ အချောင်အာဏာရချည်သေးလို့ ပြည်ပမှာ ခိုလှုံရင်း PDF တွေကို မြှောက်ပေးမယ့် ပြည်ပြေးတွေ
သီဟတင်စိုးတွေကို ကိုယ်တိုင်အနီးကပ်ကြီးကြပ်မယ့်
ပြည်တွင်း အနီတွေက
ဒုတိယပိုင်းမှာ ဆက်လက် အသုံးတော်ခံပါလိမ့်မယ်

(ဧပြီ-၂၀၊ ၂ဝ၂၅) တရုတ် ဖိအားနဲ့ လားရှိုးကို ပြန်ပေးဖို့ကလွဲပြီး ကိုးကန့်အတွက် တခြား ရွေးချယ်စရာ မရှိဘူး
ဒါပေမယ့် ချင်းရွှေဟော်ဂိတ် ပွင့်ယုံပဲရှိမယ်
(၁) ပြင်ဦးလွင်- ကျောက်မဲ- သီပေါ- လားရှိုးလမ်း (၂) မူဆယ် -ကွတ်ခိုင်-သိန္နီ-လားရှိုးလမ်းကို TNLA ကြီးစိုးထားမှု အဆုံးမသတ်မချင်း
ကုန်သွယ်ရေးအသည်းနှလုံးလားရှိုးဟာ ထီးတည်းဖြစ်နေလိမ့်မယ်၊ မြန်မာပြည်တွင်းက ကုန်စည်တွေ စီးဆင်းနိုင်မှာ မဟုတ်ဖူး
အိန္ဒိယသမုဒ္ဒရာအထိ တရုတ်မြန်မာ ကုန်သွယ်ရေးစက်ြန် CMEC လည်းအကောင်အထည် ဖော်လို့ ရမှာ မဟုတ်ဖူး
ဒါဆို ထောင်ကဲကြီး ဘာဆက်လုပ်မလဲ၊
တကယ်ဆို နောင်ချို ကျောက်မဲကို တပ်က သိမ်းမယ်ဆို သက်ြန်မတိုင်ခင်တည်းက ရနိုင်သားနဲ့

( ဧပြီ-၂၀၊ ၂၀၂၅) လေးမျက်နှာမြို့နယ် ပန်းတောကြီးရွာအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးထောက်ခံသူများနဲ့ ၎င်းတို့ရဲ့ မီဒီယာဆိုသူများ ပြောဆိုချက်တွေဟာ အမှားများသာဖြစ်ပါတယ်။
.
ယခုနှစ်ဆန်းပိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းမှ ဧရာဝတီတိုင်းအတွင်း ဝင်ရောက်လာတဲ့ AA+PDF တို့ဟာ အင်အား တစ်ထောင်ကျော်ခန့် ရှိမယ် ထင်ပါတယ်။
.
ဒါပေမယ့် မကျီးစင်-ဘောမိမှာ အထိနာသွားပြီး ရွှေသောင်ယံကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း
.
သတင်းတုများနဲ့သာ ကျေနပ်လိုက်ရပြီး သာပေါင်းမြို့နယ်အတွင်း လုံး၀ လှုပ်ရှားနိုင်ခြင်း မရှိတော့ပါဘူး
.
အလားတူ ရေကြည်မြို့နယ် စာဥစမ်းတောင်ကြောမှာ ပိုပြီး အထိနာ သွားပါတယ်။
.
အဲ့ဒီနောက် အင်အား ၂၀- ၃၀ ပါ အဖွဲ့ငယ်လေးများအဖြစ် ပုသိမ်-မုံရွာလမ်းမကြီးအနောက်ပိုင်း ရိုးမတောင်ခြေ ဝါးခုတ်-မီးသွေးဖုတ်ရွာငယ်လေးများတဝှိုုက် အတင်းအဓမ္မလူသစ်စု- ရိက္ခာစုဆောင်းရင်း လှည့်လည်နေပုံရပါတယ်။
.
ချင်းလယ်- စက်စက်ယိုရွာအနီး တပ်မတော်စစ်ကြောင်းများနဲ့ ထိတွေ့မှုအကြောင်း
.
ကျွန်တော် ရေးသားဖော်ပြခဲ့ပြီးပါပြီ
.
တပ်မတော်ဟာ ဂွ-ငသိုင်းချောင်းလမ်းမကြီးကို အပိုင်စိုးမိုးထားပြီးနောက်
မြောက်ဖက်ကို ဆက်တိုက်ရှင်းလင်း လာပုံရပါတယ်။
.
ယခု ရက်ပိုင်း လေးမျက်နှာ မြို့နယ် ပန်းတောကြီးရွာ ထိတွေ့မှုဆိုတာ
.
လဆန်းပိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်ကို သွေးတိုးစမ်းရာမှ လန်ကျလာသူများ
.
သီတာကုန်းပြင်မှ မြောက်ဖက်သို့ ထွက်ပြေးသွားသူများ တပ်မတော်က ဝိုင်းပတ်ချေမှုန်းနေခြင်း ဖြစ်ပါလိမ့်မယ်။
.
ပန်းတောကြီးဟာ လေးမျက်နှာမြို့နဲ့ ၈ မိုင်ခန့်သာ ဝေးတယ်ဆိုပေမယ့်
.
ငဝန်မြစ်နဲ့ ပုသိမ်မုံရွာ လမ်းမကြီး အနောက်ဘက် ရိုးမတောင်ခြေမှာ တည်ရှိပါတယ်။
.
.
အဲ့ဒီ အကြမ်းဖက်သမားများ AA က အလွန်နည်းပြီး မြန်အောင်-ကြံခင်းနယ်သားအများစု ဧရာဝတီတိုင်းသားများဖြစ်ပါတယ်။
.
PLF အမည်ခံထားပေမယ့် ဦးဆောင်သူ NLD လွှတ်တော်အမတ်ဟောင်းရော သူတို့ကိုယ်တိုင်ပါ AA ရဲ့ တပ်ဖွဲ့စည်းပုံမှာ ပါဝင်ကြပါတယ်။
.
အလားတူ ပဲခူးတိုင်း အနောက်ခြမ်း တောင်ကုတ်-ပန်းတောင်းလမ်း ညောင်ကျိုးဝန်းကျင် လှုပ်ရှားနေတဲ့ AA ဆိုတာ တောင်ပေါ် အရှိုချင်းများ ၎င်းအနီးဝန်းကျင် ကျေးရွာများမှ အတင်းအဓ္မစုဆောင်းထားသူ အများစု ဖြစ်ပါတယ်။
.
ရခိုင်ပြည်နယ်အတွင်း လူသစ်ရဖို့ AA အတွက် အခက်အခဲရှိပါတယ်။
.
ပြီးခဲ့တဲ့ရက် ညောင်ကျိုးဘက်မှာ အကျအဆုံး များခဲ့ရပြီးနောက် လူသစ်ရဖို့ အခက်အခဲရှိတာကြောင့် လောလောဆယ် AA တို့ ငြိမ်သက်နေပုံရပါတယ်။

( ဧပြီ ၂ဝ၊ ၂ဝ၂၅) ကျန်းမာရေးက လူကောင်း ပကတိ မဖြစ်သေးဘဲ
ဒီနေ့ အပြင်တော့ ထွက်ဖြစ်သေးတာ...
အပြင်ထွက်တော့ ဘာတွေ့လည်း ဆို...
MNDAA တွေပဲ
စစ်သား/ရဲ ယူနီဖောင်း အပြည့်နဲ့ တွေ့ရသလို..
ကိုယ့်ရပ်ကွက်ရုံးမှာလည်း..
အရင်လို အလံတွေပဲ...
စွတ် မလော်ကြစေချင် 😊
(လားရှိုးမြို့ခံ မိတ်ဆွေ)
အရပ်ဝတ်နဲ့ PDF တို့ ရပ်ကွက်တွေ လိုက်စစ်နေ

ဧပြီ ၂ဝ၊ ၂ဝ၂၅ .. ၂၁၄ဝ နာရီ လားရှိုး
ကျယ်လောင်သော ပေါက်ကွဲသံကြီးကို တစ်မြို့လုံးကြားရ
.
အကြောင်းရင်း မသိရသေး
ဖုန်းအဆက်အသွယ်များ ပြတ်တောက်
.
အဟိ 😛 တိန့်ရှီကျွမ်း .
.
#HtayOung #OungMarine
.
ကျယ်လောင်သော ပေါက်ကွဲသံကြီးကို တစ်မြို့လုံးကြားရ
.
အကြောင်းရင်း မသိရသေး
ဖုန်းအဆက်အသွယ်များ ပြတ်တောက်
.
အဟိ 😛 တိန့်ရှီကျွမ်း .
.
#HtayOung #OungMarine
.
(ဧပြီ ၂ဝ၊ ၂ဝ၂၅) အွန်လိုင်း ငလျင်ပညာပေးသူတစ်ယောက်က ပြောနေတယ်၊
ငလျင်ကြောင့် သေပျောက်ပျက်စီး မများရအောင်
အထပ်မြင့်တိုက်တွေ မဆောက်ပဲ သစ်သားနဲ့ နှစ်ထပ်လောက်ပဲ ဆောက်သင့်တယ် တဲ့
အဲ့ဒါဆို မန္တလေးကို ပြန်လည်ထူ ထောင်ဖို့ မူလထက် အဆသုံးဆယ်လောက် မြေအကျယ်အဝန်းလိုအပ်လိမ့်မယ်
နောက်သစ်သားအိမ်က မီးကြောက်ရတယ်
မြန်မာ့သမိုင်းမှာ မန္တလေးဟာ မီးနဲ့ အတော် ဓါတ်ကျတယ်၊ မဟာမြတ်မုနိတန်ဆောင်းနဲ့ ရှင်ဘုရင့်နန်းတော်ပါ ချမ်းသာ မပေးပါ
တပြည်လုံး မီးလောင်ဆုံးရှုံးမှုများလွန်းလို့ ဖဆပလအစိုးရက ပြည်ပ ပါရဂူတစ်ယောက်ငှားပြီး ကာကွယ်တားဆီးရေး အကြံတောင်းတယ်
ပါရဂူက တစ်ပြည်လုံးအနှံ့ ရက်အတော်ကြာ လိုက်ကြည့်ပြီး အကြံပြုသွားတာ .
" ခဏ ခဏ မီးအကြီးအကျယ် မလောင်ရအောင် မီးလောင်လွယ်တဲ့ သစ်သား ဝါးများနဲ့ အိမ် မဆောက်ပါနဲ့ " တဲ့
ဒီအတွက် " ထီးထမ်းလမ်း လျှောက်သမားလောက် အကြံပေးတတ်တဲ့ ပါရဂူကိုမှ သူမို့ ပိုက်ဆံအကုန်ခံ ငှားတတ်လေခြင်း" လို့
ဆရာကြီး ဇဝနတို့ သတင်းစာသမားတွေက ဦးနုကို ကလိကြသတဲ့၊ စာထဲ ဖတ်ရတာပဲ
ဒီလိုဆို နေ့စဉ် အကြိမ်ကြိမ်ငလျင်လှုပ်ရာမှာ တိုင်းပြည်လုပ်နေတဲ့
ဂျပန်တွေကို ဆရာတင်သင့်တယ်လို့ ကျွန်တော် ထင်တယ်

(ဧပြီ ၂၁၊ ၂၀၂၅) ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်အောင် "သစ်သားအိမ်ပဲ ဆောက်ကြဖို့ အကြံပြု ချက်အကြောင်း" ကျွန်တော့်ရဲ TikTok ပို့စ်အောက်မှာ
.
ခင်မင်ရင်းနှီးစွာ ကောမန့်ရေးသားသူအတော်များများကို ကျေးဇူးတင်စွာ တွေ့ရှိရပါတယ်
" ဒီလို ငလျင်လှုပ်ပုံမျိုးနဲ့ မြစ်ဆုံဆည်သာ ဆောက်ဖြစ်ခဲ့ရင်" လို့ ရင်ဖိနေသူများလည်း
ယခုရက်ပိုင်း လူမှုကွန်ရက်မှာ တွေ့နေရပါတယ်
.
ယခင် နဝတအစိုးရဟာ ဘူမသိ ကိုးမသိပဲ ငလျင်ကြောပေါ်တည့်တည့်မှာ နေပြည်တော်ကို တည်ဆောက်သွား တယ်လို့ စိတ်ပျက်လက်ပျက် အပြစ်တင်နေကြတာလည်း တွေ့ရတယ်
အဲ့ဒါကတော့ တည်ဆောက်ထာ သိပ်မကြာသေးလို့ ထင်ပါတယ် အဖြေရှိပါတယ်၊
"နေပြည်တော် တည်ဆောက်တည်းက ငလျင်ကြောပေါ်မှာ ရှိကြောင်း" သိခဲ့ကြပါတယ်တဲ့၊
အခု ငလျင်ဒဏ်သင့် နေပြည်တော်မှာ ပြိုတဲ့ အဆောက်အအုံပြိုလဲတယ်
အကောင်းပကတိ နီးပါး ကျန်ခဲ့ တာတွေလည်း ရှိတယ်
အလားတူ ငလျင်ဒဏ်သင့် မန္တလေးမှာ မြေကြီးပေါ် ပုံလျက်သားဖြစ်သွားတဲ့ အဆောက်အအုံရှိသလို
အထပ်ချင်းတူပါလျှက် မှန်တချပ်တောင် မကွဲတဲ့ အဆောက်အအုံတွေလည်း တွေ့နေရတယ်
ဒါ့ကြောင့်
(၁) ငလျင်နဲ့ ထိခိုက်ပျက်စီး မများရအောင် အထပ်မြင့်အဆောက်အအုံ မဆောက်သင့်ဘူးဆိုတာ အဖြေမှန် မဟုတ်၊ ဘယ်လို ဆောက်ကြမလဲသာ နည်းလမ်းရှာဖို့ ဖြစ်ပါတယ်
(၂) ငလျင်ကြောက်လို့ အထပ်မြင့် အဆောက်အအုံ မဆောက်ကြေးဆို နေ့တိုင်း အကြိမ်ကြိမ် ငလျင်လှုပ်နေတဲ့ တိုင်းပြည်က ဂျပန်တွေ ဆာမူရိုင်းခေတ်ကလို သစ်သားအိမ်-စက္ကူတံခါးတွေနဲ့ နေနေကြမှာပေါ့
.
အခုတော့ ဂျပန်မြို့ကြီးတွေမှာ မိုးထိတိုက်ကြီးတွေ လက်ညှိုးထိုး မလွဲတာ မျက်မြင်ပါ။ သူတို့ ဘယ်လို တည်ဆောက်ကြလဲ အတုခိုးသင့်တယ်။
.
ကျွန်တော့ အသက်မွေးဝမ်းကျောင်းအရ ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ရောက်ခဲ့တယ်။ ၁၉၉၅-ခုနှစ် ရစ်ချ် တာ စကေး ၇.၂ ငလျင်ကြီး လှုပ်ခဲ့တဲ့ ကိုဘေးမြို့ဆို မလှုပ်ခင်ရော လှုပ်ပြီးရော အကြိမ်ကြိမ် ရောက်ဖူးတယ်။ အဲ့ဒီ ငလျင်ကြီး လှုပ်တုန်းတ ဂျပန်တွေ လူပေါင်း ၆၄၀၀ ကျော်သေဆုံးဖူးတယ်။
.
တစ်ခါ အခု ငလျင်ကြီးလှုပ်သွားတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောအပေါ် ကန့်လန့်ဖြတ်သွားတဲ့ “တရုတ် ရေနံ-ဓါတ်ငွေ့ ပိုက်လိုင်း” ပျက်စီးသွားတယ်လို့များ သတင်းကြားမိကြလား။
.
အဲ့ဒီ ပိုက်လိုင်း တည်ဆောက်စဉ် ငလျင်ကြောပေါ် ဖြတ်တဲ့ နေရာမှာ တရုတ်တွေ ဘယ်လို လုပ်သွားပုံရ တယ်လို့ ပညာရှင် မိတ်ဆွေတစ်ယောက်က အသေးစိတ်မြေပုံလေးနဲ့ ရှင်းပြတာ ဖတ်ရဖူးတယ်။
.
ဒါကြောင့် ထင်ပါတယ်။
တရုတ်တွေ အခု တည်ဆောက်နေတဲ့ နိုင်ငံတကာ အကြီးဆုံး ဆည်ကြီးဟာ အိန္ဒိိယ ကျောက်လွှာချပ်နဲ့ ယူရေး ရှားကျောက်လွှာချပ်တို့ ဆုံတွေ့ရာ ဟိမဝန္တာတောင်ကြော “ယာလောင်းရှန်ပိုမြစ်” ငလျင်ကြောပေါ်မှာ ဖြစ်နေ တယ်။ အဲ့ဒီမြစ်ရဲ့ မြစ်ညာပိုင်းဟာ ကျွန်တော်တို့ မြန်မာတိုင်း ကြားဖူးကြတဲ့ “ဗြဟ္မပုတ္တရမြစ်” ပေါ့
.
ကမ္ဘာ့ငလျင်ကြောပေါ်တည့်တည့်မှာ အလားတူ တည်ဆောက်ထားတဲ့ ဆည်တွေလဲ နိုင်ငံတကာမှာ အများကြီး ပါ။ ဒါ့ကြောင့်
.
(၃) ငလျင်ကြီးလှုပ်တတ်တဲ့ တိုင်းပြည်မှာ ခေတ်မီ အထပ်မြင့်အဆောက်အအုံတွေ
ဆည်တွေကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုခြင်းသာ အဖြေမှန် ဖြစ်ပါလိမ့်မယ်
.
ပစ္စည်းသင်္ခါရ လူသင်္ခါရ ဘာမှ မတည်မြဲပါ။
ဒီလောက် လုပ်နေတဲ့ကြားက ပျက်စီးမှု ဖြစ်လာတော့လည်း ပြန်လည်တည်ဆောက်ကြယုံပေါ့ ခင်ဗျာ
.
အဲ့ဒါ မျိုးရင်းချင်းအတူတူ မျောက်လို ဖြစ်မလာကြပဲ
ပစ္စည်းကောင်း နည်းလမ်းကောင်းကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းခဲ့ကြတဲ့
.လူသားတို့ရဲ့ အားမာန်နဲ့ အရည်အချင်းပဲ ဖြစ်ပါလိမ့်မယ်။
.
#HtayOung #OungMarine
===