OSK - Online Clinic
131 subscribers
6 photos
14 links
ကျန်းမာရေးဆိုင်ရာ Network
Download Telegram
OSK clinic မှ Covid_19 အတွက် အခမဲ့ဆွေးနွေးပေးခဲ့သော Covid 19 လူနာစာရင်း

14.7.21 👉👉 69 ယောက်
15.7.21 👉👉 61 ယောက်
16.7.21 👉👉 77 ယောက်
17.7.21 👉👉 54 ယောက်
18.7.21 👉👉 82 ယောက်

‌and still counting

OSK ရဲ့ အခမဲ့ Viber consult‌ation ကို support လုပ်တဲ့အနေနဲ့ အလှူငွေထည့်‌ဝင်ပေးကြတဲ့ လူတစ်ဦးချင်းစီကို ဒီကနေ ကျေးဇူးတင်ကြောင်းပြောပါရစေ။

ရရှိသမျှ အလှူငွေရဲ့ 60% ကို လိုအပ်နေသောနေရာများကို လှူဒါန်းပေးမှာဖြစ်ပါတယ်။

လူနာ အရမ်းများလို့စောင့်ဆိုင်းရတာမျိုး‌ကိုတော့ သည်းခံပေးပါခင်ဗျ။ ကျွန်တော်တို့လည်း အလျင်မှီအောင်ဖြေပေးနေပါတယ်။ စေတနာအပြည့်နဲ့စိတိရောကိုယ်ပါနှစ်ပြီးဖြေပေးပါတယ်။

မစောင့်ဆိုင်းချငိသူများ
ဆရာဝန်နှင့် chat to chat ဆွေးနွေးလိုသူများ
အနေဖြငိ့ Booking ယူကာပုံမှန်အတိုင်းဆွေးနွေးနိုင်ပါပြီ။

ကလေးအထူးကုနှင်ပြသချင်ပါကလည်း Booking ယူကာViber ဖြင့်ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အားလုံး ကျန်းမာစွာဖြတ်ကျော်နိုင်ကြပါစေ

OSK - online clinic

www.oskclinic.xyz

https://t.me/oskclinic
ဒီကာလမှာ အိမ်မှာဆောင်ထားသင့်သော အရေးပေါ်အိမ်သုံးဆေးဝါးများ

(အထူးသတိပြုရန် အခုဖော်ပြသောဆေးဝါးများကို Panic Buying လုပ်ရန်မရည်ရွယ်ပဲ Online မှ လူနာကြည့်ပေးရင် ကြုံတတ်သောဆေးမရှိ ဝယ်ရမလွယ်သည့်အခက်အခဲများအတွက်သာရည်ရွယ်ပါသည်။ ထို့အပြင် မည်သည်‌ဆေးဝါးသောက်သောက် ဆရာဝန်ညွန်ကြားမှုကိုရယူပါ။)

အန်တာ ဗိုက်အောင့်တာအတွက်

☑️ Domperidome နှစ်ကဒ်
အအန်ပျောက်ဆေး အစာမစားခင် မိနစ် ၃၀ ကြိုသောက်နိုင်ပါသည်။ တစ်နေ့သုံးကြိမ်သောက်နိုင်ပါသည်။

☑️ Meftaspaz နှစ်ကဒ်
ဗိုက်နာခဲ့လျင် ညဘက် ဆရာဝန်နှင့်ပြသရန်မလွယ်ကူပါက သက်သာရန်။

☑️ Xanitidine နှစ်ကဒ်
အစာအိမ်ဆေး
ဆရာဝန်နှင့်တိုင်ပင်ပြီးသောက်သုံးပါ။

☑️ Air X နှစ်ကဒ်
လေဆေး တစ်နေ့သုံးကြိမ် ဝါးစားနိုင်ပါသည်။

ရုတ်တရက် အဖျားကြီး၊ ကိုက်ခဲတာအတွက်

☑️ Paracap နှစ်ကဒ်
(အဖျားကျ ကိုက်ခဲရာတွက်သုံးပါသည်။ ၆ နာရီခြားအထိသောက်နိုင်ပါသည်။ ပိုသောက်ချင်ပါက အသည်းရောဂါရှိနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။)

☑️ Ibuprofen 400 mg နှစ်ကဒ်
(ကိုက်ခဲသက်သာရန်သုံးနိုင်ပါသည်။ ဆရာဝန်နှင့်တိုင်ပင်ပါ။)

☑️ Diclo gel တစ်တောင့်
ခြေထောက် ရောင်ယမ်းနာကျင်ခြင်းများတွင်သုံးသည်။ နာကျင်သောနေရာတွင်လိမ်းရန်။ အစာအိမ်ရှိသူများ ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။

ချောင်းဆိုးနှာစေးတာအတွက်

☑️ Romivon (or) Detussin နှစ်ကဒ်
ချောင်းဆိုးပျောက်ဆေး ၊ တစ်နေ့သုံးကြိမ် သောက်နိုင်ပါသည်။

☑️ Cetrine တစ်ကဒ် (သို) Levocetrine
နှာစေးသက်သာဆေး ၊ ညအိပ်ရာဝင် တစ်ကြိမ်သောက်ရန်

ယားယံတာအတွက်

☑️ Clalmine lotion တစ်ဘူး (ယားယံခြင်းများတွင် လိမ်းပေးနိုင်ပါသည်။)

☑️ Chlorophenaramine (burmeton) တစ်ကဒ် (ယားပါက တစ်ကြိမ်သောက်)

ထိခိုက်ဒဏ်ရာအတွက်

☑️ အရက်ပျံဘူးသေး တစ်ဘူး

☑️ Betadine ဘူးသေးတစ်ဘူး

☑️ ဂွမ်းတစ်ထုတ်

☑️ ပါတ်တီးလိတ် ၃ လက်မ နှစ်လိပ်
☑️ လေးလက်မ နှစ်လိပ်

☑️ စက္ကူတိပ် သုံးခု

ဝမ်းလျှောတာအတွက်

☑️ BPI ဓာတ်ဆားရေ ဆယ်ထုတ်

☑️ Probiotics (normagut or Bioflor) တစ်ကဒ် သို့ လေးထုတ်

အထက်ပါဆေးဝါးများသည် အိမ်သား 5 ယောက်စာအတွက် ခန့်မှန်းတွက်ချက်ထားခြင်းသာဖြစ်ပါသည်။

အရေးပေါ်သောက်ရန်သာဖြစ်ပြီး မိမိဘယသာ မသုံးသင့်ပါ။ ဆရာဝန်နှင့် အတတ်နိုင်ဆုံးတိုင်ပင်ပါ။

အထက်ပါဆေးများသည် လူကြီးများအတွက်သာဖြစ်ပိး ကလေးများအတွက်ဆေးကိုမူ page ‌တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။။

အားလုံးကျန်းမာကြပါစေ။

OSK - Online Clinic

မှတ်ချက် - ဆေးကြော်ငြာပိုစ့်မဟုတိပါ။

ဆေးပညာဆိုင်ရာဆောင်းပါးများဖတ်ရန် page ကို like and follow လုပ်ထားပေးပါ။

OSK clinic ရဲ့ website ☑️ www.oskclinic.xyz

Telegram channel https://t.me/oskclinic
သတိထားကြနိုင်ဖို့ပါ။
DCovid ရယ် Dexa ရယ် Doctor ရယ်
(OSK - Online Clinic မှတင်ဆက်ပါသည်)

ရုပ်ရှင်ရိုက်တော့မယ်ထင်သွားတာလားဗျ။

မဟုတ်ပါဘူးဗျာ..... အာဒံ ရယ် ဧဝရယ် ဒဿရယ် ဒုတိယပိုင်းထင်ရင်တော့ ဆက်မဖတ်ပါနဲ့နော်ခင်ဗျာ.....

အခုရက်ပိုင်းအတွင်း တိုင်ပါတ်နေတဲ့ကိစ္စလေးတွေပြောပြချင်လို့ပါ။

ဖြစ်စဥ် ၁။ ။ လူနာက 23 နှစ် ကိုဗစ်လကွဏာနဲ့လာပြတယ်။ ဘာသောက်နေလဲဆိုတော့ Dexa မနက် 2 လုံး ည 2 လုံး စဖျားတဲ့နေ့ကစသောက်တာ............

ဖြစ်စဥ် ၂။ လူနာက 68 နှစ်။ ဆီးချိုနဲ့ ကိုဗစ်ဖြစ်တယ်။ ဘာသောက်နေလဲဆိုတော့ Dexa 0.5 mg 12 လုံးနေ့တိုင်း စဖျားကတည်းက။ ဆယ်ရက်ရှိနေပြီ။ ဆီးချိုတိုင်းကြည့်တော့ 500 ကျော်။

ဖြစ်စဥ် ၃။ နေမေကာင်းဘူး ဆေးခန်းသွားပြတယ် ဆေးခန်းက ပေးလိုက်တယ် (တင်ပါးကို Dexa ထိုးတယ်။ သောက်ဆေးက မနက် 2 လုံး နေ့လည် 2 လုံး ည 2 လုံး)

ဒါလေးတွေက ကျွန်တော့် အိပ်မက်ထဲက ကိစ္စတွေမဟုတ်ပါဘူး။ အပြင်မှာ တကယ်ဖြစ်နေတဲ့ OSK မှာလာပြနေကြတဲ့ ( အခမဲ့ကော ၊ paid consultation) မှာပါ ဒီလိုဟာတွေများကြီဖြစ်နေတာတွေ့လို့ပါ။

တရားခံကဘယ်သူလဲ..... ကိုဗစ်တစ်ခါဖြစ်ဖူးတာနဲ့ ကိုဗစ်အထူးကုဖြစ်နေတဲ့ ဆယ်လီတွေက တော့ ထိပ်ဆုံးကပါပဲ.......

ပထမဆုံး Dexa ရဲ့ဆိုးကျိုးတွေကစပြောပြပါမယ်...

👉👉 ဖောခြင်း (ခြေ၊ လက်၊ မျက်နှာ)

👉👉 စိတ်အပြောင်းအလဲမြန်ခြင်း၊ အိပ်မရဖြစ်နိုင်ခြင်း

👉👉 အရေပြားအနီကွက်ထခြင်း အဖူးအ‌ရောင်လွယ်ခြင်း

👉👉 ဝက်ခြံထွက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း နှင့် အမွှေးအမျှင်ပေါက်ခြင်း

👉👉 ခေါင်းကိုက်ခြင်း၊ ‌ခေါင်းမူးခြင်း

👉👉 ပျို့ခြင်း၊ အန်ခြင်း။ အစာအိမ်နာခြင်း

👉👉 ရာသီမမှန်ခြင်း

👉👉 လူဝလာခြင်း၊ ခြေလက်သေးလာခြင်း၊ ကြွက်သားတွေသိမ်လာခြင်း.

👉👉 ဆီးချိုတက်ခြင်း

👉👉 သွေးတိုးတက်ခြင်း

👉👉 စိတ်ကျရောဂါဖြစ်တတ်ခြင်း

👉👉 တက်ခြင်း

👉👉 ကိုယ်ခံအားကျခြင်း

👉👉 အရိုးပွခြင်း၊ အရိုးကျိုခြင်း

ဒါ့အပြင်တခြားမရေတွက်နိုင်တဲံ့ ဆိုးကျိုးတွေအများကြီးရှိပါသေးတယ်။

ကဲ အဲလောက်ဆိုရင်တော့ Dexa ကိုပဲကြီးလှော်လို စားချင်သေးလားဆိုတာတော့ ပြန်မေးလိုက်ပါပြီ။

ဒါမှစားချင်သပဆိုရင်တော့ လည်း မတားတော့ပါဘူး

Dexa ကိုဘယ်မှာအများဆုံးတွေ့ရသလဲဆိုတော့

ရမ်းကုတွေ (တင်ပါးကို Dexa ထိုးတယ် သောက်ဆေးကို Dexa ပေးတယ် ချက်ချင်းဆိုရင်တော့ လူနာကပေါ့သွားတယ်)

ကိုယ့်ဘာသာကိုဝယ်စားကြတယ် (တစ်ရာဖိုးဆိုပေါမှပေါ)

တစ်ချို့ Dexa သောက်နေတဲံ စွဲသောက်နေတဲ့သူတွေကြည့်ရင် လူက ဝဝ ခြေလက်က သေးသေးတွေ ဗိုက်မှာအရေးအကြောင်းတွေနဲ့ ဆိုပြိး သိသိသာသာ ကိုတွေ့ရမှာပါ


ဆက်ဖတ်ရန် >>> https://m.facebook.com/story.php?story_fbid=131795932437777&id=103655081918529
😤 အောက်ဆီဂျင် ကြာရှည်ရှူတာစွဲတတ်တယ်

😤 အောက်ဆီဂျင်ပေးတာများတာကွဲတတ်တယ်

😤 အောက်ဆီဂျင်အများကြီးမရှူရဲဘူး

ဘယ်သူတွေက ဘယ်ကစပြောတဲ့ သတင်းမှာပေးမယ့် Facebook ပေါ် ကဆယ်လီရူးတွေတင်တာက လူသတ်နေကြတယ်ဆိုတာ သိကြရဲ့လားတောင်မသိပါဘူး......

လူနာက အောက်ဆီဂျင် 88 ဒီကဆရာဝန်က ခေါင်းစားနေပြီ ဆေးတွေထည့်ရဖို့
လူနာကပြောရှာတယ် ရတယ်ဆရာမရှူသေးဘူးတဲ့ အောက်ဆီဂျင်ကအဆုတ်ကွဲတတ်တယ် ပြီးစွဲတတ်တာမို့ မရှူချင်ဘူးတဲ့

သေဟဲ့ နန္ဒိယ

Facebook ပေါ်က လူသတ်သမားတွေရေးနေတာဖတ်ပြီး အယူမှားနေတဲ့သူတွေကို ပြောပြချင်လို့ပါ

ကျွန်တ်ောတို့ဟာ လူသားတွေပါ အောက်ဆီဂျင်ရှူပြီအသက်ရှင်နေတာပါ......

စွဲနေသလားဆိုရင်တော့ မစွဲပဲနေမလား မွေးကတည်းကနေ သေတဲ့အထိအောက်ဆီဂျင်ရှူနေတာပဲကို

ကိုဗစ်ဖြစ်လာတဲ့အချိန်မှာ အောက်ဆီဂျင်က လိုသလောက်အဆုတ်ကမယူနိုင်လို့ အပြင်ကနေ oxygen support ပေးရပါတယ်။

👉👉 လိုတဲ့အချိန်မှာ မရှူရင်ဘာဖြစ်မလဲ

ဆက်လက်ဖတ်ရှူရန် >>>> https://m.facebook.com/story.php?story_fbid=133620762255294&id=103655081918529
Website လေး update လုပ်ထားပါတယ်
ဝင်ရောက်ဖတ်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ဗျ
SINOPHARM အကြောင်းတစေ့တစောင်း

ဒီရက်ပိုင်းအတွင်းအမေးအများဆုံးကတော့ အခုထိုးပေးနေတဲ့ကာကွယ်ဆေးကိုထိုးရမလားဆိုတာပါပဲ။ အမှန်ပြောရင်ထိုးရမလား မထိုးရဘူးလားဆိုတာ ဒီကာလမှာတော်တ်ောဖြေရခက်တဲ့မေးခွန်းတစ်ခုပါ။ ဒီတော့ ကာကွယ်ဆေးနဲ့ပါတ်သက်တဲ့အချက်အလက်လေးတွေကိ‌ုတော့ သိသင့်တယ်ထင်တာလေးတွေစုပြီးရေးပေးလိုက်ပါတယ်။ အနည်းဆုံးတော့ဆောင်ရန်ရှောင်ရန်လေးတွေကိုသိသွားတဲ့အခါ အကျိုးမယုတ်ဘူးလို့ယူဆပါတယ်။

SINOPHARM ဆိုတာ Sinopharm/China National Pharmaceutical Group ကနေ ထုတ်လုပ်ထားတဲ့ Covid_19 ကာကွယ်ဆေး (inactivated vaccine အမျိုးအစား) ဖြစ်ပါတယ်။

ဒီနေရာမှာ Inactivated vaccine ဆိုတာကိုတစ်ချက်ရှင်းပြပါမယ်။ ကာကွယ်ဆေးပုံစံအမျိုးမျိုးရှိတဲ့အနက် inactivate vaccine လုပ်ဖို့အတွက် ပထမဆုံး ဗိုင်းရပ်စ်ကိုအရင်မွေးမြူပါတယ်။ အကောင်ပေါက်အောင်လုပ်တာလို့ပြောလို့ရပါတယ်။ ပြီးရင်တော့ inactivation လုပ်ပါတယ်။ ဆိုလိုချင်တာကအကောင်ကို လူကိုဒုက္ခမပေးနိုင်အောင်လုပ်လိုက်တာပါ။ အပူနဲ့လုပ်တာများပါတယ်။ တစ်ခါတစ်လေ ဖော်မလင်ဆိုတာမျိုးနဲ့စိမ်ပြီးလုပ်ပါတယ်။ ပြီးတာနဲ့ သန့်စင်ပါတယ်။ အဓိကကတော့ လူကိုအန္ဓရာယ်မဖြစ်စေနိုင်အောင် လုပ်ပြီးတော့ ထိုးသွင်းတာပါ။

>> > ဘယ်သူတွေ အရင်ထိုးသင့်သလဲ

ထိတွေ့မှုများတဲ့ ကျန်းမာရေးဝန်ထမ်းတေွ အသက်ကြီးရင့်သူတွေ အရင်ဆုံးထိုးသင့်ပါတယ်။

အသက် ၁၈ နှစ်အောက်တွေမထိုးရပါဘူး

>>> ကိုယ်ဝန်ဆောင်မိခင်တွေထိုးလို့ရပါသလား

အသေးစိတ်အပြည့်အစုံဖတ်ရှုနိုင်ရန် >> >>> https://www.oskclinic.com/?p=885
Covid 19 နဲ့ဆင်တူတဲ့ ရာသီတုတ်ကွေး (သို့)
ရာသီတုတ်ကွေးအကြောင်း သိကောင်းစရာ

မင်္ဂလာပါ။ OSK - online clinic မှကြိုဆိုပါတယ်။
ဒီနေ့တော့ မိုးရာသီလည်း ရောက်ပြီဖြစ်သလို တုတ်ကွေးရာသီကိုလည်း ချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။

တုတ်ကွေးရာသီလည်းဖြစ်တဲ့အပြင် Covid_19 တတိယလှိုင်းကလည်း ခေါင်းထောင်လို့သာနေပါတယ်။
တကယ်လို့ဖျားခဲ့ရင် Covid_19 လားလို့အရမ်း စိုးရိမ်ကြောင့်လန့်တကြားဖြစ်ကြမှာစိုးလို့ ဒီခေါင်းစဉ်လေးကိုရေးပေးရတာဖြစ်ပါတယ်။ အားလုံးပဲ တူတူဖတ်လိုက်ကြရအောင်။

☑️ ☑️ ရာသီတုတ်ကွေးဆိုတာဘာလဲ။

👉 ရာသီတုတ်ကွေး (common cold, acute viral infection) ဟာ virus ပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိူဖြစ်ပြီး ကျွန်တော်တို့ အသက်ရှူလမ်းကြောင်းစနစ်အပေါ်ပိုင်း (နှာခေါင်း လည်ချောင်း) စတာကို တိုက်ခိုက်ပါတယ်။ ရာသီတုတ်ကွေးကိုဖြစ်စေတဲ့ virus ပေါင်း ရာနဲ့ချီရှိပါတယ်။
ကျန်းမာနေတဲ့ အရွယ်ရောက်ပြီးသားလူတစ်ယောက်တောင် တစ်နှစ်ကို သုံးခါအထိအအေးမိနိုင်ပါတယ်။
တစ်ပါတ်ကနေ ဆယ်ရက်အထိကြာမြင့်တတ်ပြီး ဆေးလိပ်သောက်တဲ့သူတွေမှာတော့ လက္ခဏာတွေကျန်ခဲ့နိုင်ပါတယ်။

☑️ ☑️ ဘယ်လို လက္ခဏာတွေပြနိုင်ပါသလဲ။

👉 နှာရည်ယို နှာစေးခြင်း

👉 လည်ချောင်းနာခြင်း

👉 ချောင်းဆိုးခြင်း

👉 နှာခေါင်းပိတ်ခြင်း

👉 ကိုယ်လက်ကိုက်ခဲခြင်း

👉 ခေါင်းကိုက်ခြင်း

👉 နှာချေခြင်း

👉 နေထိုင်ရမကောင်းခြင်း

👉 အားနည်းခြင်း

👉 နှုန်းခြင်း

👉 အစားအသောက်ပျက်ခြင်း

စသည်တို့ပြတတ်ပါတယ်။

ကိုယ်ခံအားနည်းတဲ့သူတွေမှာ လက္ခဏာပိုပြင်းထန်ပြီး ရံဖန်ရံခါ secondary bacterial infection လို့ခေါ်တဲ့ ပိုးဝင်တတ်တာ နမိုးနီးယား (အဆုတ်ရောင်) ဖြစ်တတ်ပါတယ်။ ဒီလိုလူတွေကတော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

☑️ ☑️ ဘာကြောင့် ရာသီတုတ်ကွေးဖြစ်လဲ။

https://oskclinic.com/?p=8
OSK ရဲ့ android application ရပါပြီ။ အရင်ကလို website ထဲအထိ တကူးတက သွားဖတ်စရာမလိုပဲ ဖုန်းထဲမှာ install လုပ်ထားရုံနဲ့ ကျန်းမာရေးဆောင်းပါးများဖတ်ရှုနိုင်ပါပြီ။

အလုပ်က ဆရာဝန် မို့ android app ကို ကိုယ်တိုင်ဖန်တီးထားတာ အမှားအယွင်းရှိနေရင်လည်း ခွင့်လွှတ်ပေးကြပါဗျ။

နောက် version တွေမှာ ဆေးခန်းပြလို့ရအောင်ပါ ထည့်ပေးပါ့မယ်။

iOS အတွက်ကတော့မရနိုင်သေးပါဘူးခင်ဗျာ။

လတ်တလောတော့ ဒေါင်းထားပြီးဖတ်ရှုပေးဖို့ request ပါရစေခင်ဗျာ။

Application ဒေါင်းရန်လင့်ခ် >>> https://u.pcloud.link/publink/show?code=XZJodqXZiyJtsuqHW64ATRTAXOXFCV9VnkFy
One pay အသုံးပြုသူများ

One bills ထဲမှ OSK online clinic ကြိရွေးချယ်‌ေပး‌ေချပြီး အလွယ်တကူ ပြသနိုင်ပါပြီ။

AGD ဘဏ်နဲ့ တရားဝင်ချိတ်ဆက်ထားသော OSK online clinic