#Money is a game. ငွေဆိုတာ ကစားပွဲတစ်ခုလိုပါပဲ။ စည်းမျဉ်းကို မသိရင် ရှုံးဖို့ပဲ များနိုင်ပါတယ်။
လူများစွာက ငွေကြေးချမ်းသာမှုကို ကံတရားလို့ ထင်ကြပေမယ့် တကယ်တော့ ငွေကြေးလွတ်လပ်ခွင့် (Financial Freedom) ဆိုတာ စနစ်တကျ ကစားရတဲ့ Game တစ်ခုပါ။
အနိုင်ရဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ "ငွေကြေးစည်းမျဉ်း (၆) ခု" ကို ရှိပါတယ်။
1️⃣ ဝင်ငွေထက် လျှော့သုံးပါ (Spend Less Than You Earn)
ဘယ်လောက်ပဲ ရှာရှာ၊ ပြန်ထွက်သွားတဲ့ ပမာဏက ပိုများနေရင် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဝင်ငွေနဲ့ ထွက်ငွေကို မျှတအောင် ထိန်းကျောင်းခြင်းက ပထမဆုံးခြေလှမ်းပါ။
2️⃣ ပုံမှန် စုဆောင်းပါ (Save Consistently)
အများကြီး တစ်ခါတည်း စုနိုင်ဖို့ထက် နည်းနည်းချင်းစီဖြစ်ဖြစ် ပုံမှန်၊ စည်းကမ်းရှိရှိ စုဆောင်းတဲ့ အလေ့အထက ပိုအရေးကြီးပါတယ်။
3️⃣ အမြော်အမြင်ရှိရှိ ရင်းနှီးမြှုပ်နှံပါ (Invest Wisely)
ငွေကို ဒီတိုင်းအိပ်ပျော်နေခွင့်မပေးပါနဲ့။ စွန့်စားရမှု Risk ကို တွက်ချက်ပြီး အသိဉာဏ်ရှိရှိနဲ့ တိုးပွားအောင် လုပ်ဆောင်ရပါမယ်။
4️⃣ အကြွေးဆိုးတွေကို ရှောင်ပါ (Avoid Bad Debt)
ကိုယ့်ဆီကို ဝင်ငွေနဲ့ တိုးပွားမှု ပြန်မပေးနိုင်တဲ့၊ တန်ဖိုးကျဆင်းသွားမယ့် အရာတွေအတွက် အကြွေးတင်ခံတာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
5️⃣ ဝင်ငွေရစေမယ့် ပိုင်ဆိုင်မှုတွေကို တည်ဆောက်ပါ (Build Assets)
ကိုယ့်အတွက် ငွေပြန်ရှာပေးနိုင်မယ့် အိမ်ခြံမြေ၊ စတော့ရှယ်ယာ၊ ဒါမှမဟုတ် တခြားသော စီးပွားရေးလုပ်ငန်း/ပိုင်ဆိုင်မှု (Assets) တွေကို အာရုံစိုက် တည်ဆောက်ပါ။
6️⃣ ငွေကြေးအကြောင်း အမြဲလေ့လာပါ (Keep Learning)
လောကမှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဟာ မိမိကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံခြင်းပါ။ ငွေကြေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာနေဖို့ လိုပါတယ်။
▪️Money Game မှာ ငွေကြေးလွတ်လပ်ခွင့်ဆီသို့ သွားတဲ့လမ်း နဲ့ ဆန့်ကျင်ဖက်သို့ သွားတဲ့လမ်း ဆိုပြီးလမ်းနှစ်ကြောင်းပဲ ရှိပါတယ်။
ပထမလမ်းက စည်းမျဉ်းတွေကို လေ့လာတယ်၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချတယ်၊ ပြီးတော့ ရေရှည်အတွက် ဓနဥစ္စာကို တည်ဆောက်တယ်။
ဒုတိယလမ်းက စည်းမျဉ်းတွေကို လျစ်လျူရှုတယ်၊ ဆင်ခြေတွေပေးတယ်၊ "စိတ်အလိုလိုက် ဝယ်ယူသုံးဖြုန်းမှုတွေ (Impulse Buys)" ၊ "အကြွေးနွံ (Debt)" နဲ့ "အချိန်ဖြုန်းတီးမှုတွေ (Time Wasted)" ကြောင့် ငွေကြေးနွံထဲကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတတ်တယ်။
▪️ငွေကြေးကစားပွဲက "ဗဟုသုတ၊ စည်းကမ်း နဲ့ စိတ်ရှည်မှု" ရှိတဲ့သူတွေကိုပဲ ဆုလာဘ် ပေးလေ့ရှိပါတယ်။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice.
#optionswiththandar #goodlifeinvesting #OIT
#FinancialFreedom #MoneyRules #Mindset #PersonalFinance #WealthBuilding

❤12
#Options_Seller တွေဟာ တခြား Day Trader တွေလို Screen ရှေ့မှာ မျက်စိမခွာတမ်း ထိုင်ကြည့်စရာမလိုဘဲ Financial, Time နဲ့ Location #Freedom (၃) ခုလုံးကို အေးအေးဆေးဆေး ရယူနိုင်ကြတဲ့ သူတွေပါ။
လူအများစုက Trading လို့ ပြောရင် Chart တွေကို စက္ကန့်မလပ် ကြည့်ပြီး စိတ်လှုပ်ရှား၊ ရင်တုန်နေရတဲ့အလုပ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ "Options Selling" ရဲ့ အချိန်ကငွေဖြစ်တဲ့ ကမ္ဘာထဲမှာတော့ လုပ်ငန်းပုံစံက လုံးဝကွဲပြားခြားနားပါတယ်။
Options Seller တွေ ဒီ Financial, Time နဲ့ Location Freedom (၃) ခုလုံးကို ဘယ်လို ပိုင်ဆိုင်ထားသလဲဆိုတော့
1️⃣ Financial Freedom (ငွေကြေး လွတ်လပ်မှု)
"အမြဲတမ်း ထီထိုးတဲ့သူ ဖြစ်မလား၊ ဒါမှမဟုတ် ထီဆိုင်ဖွင့်တဲ့သူ ဖြစ်မလား" လို့မေးရင် Options Seller တွေက ထီဆိုင်ဖွင့်တဲ့ ဖက်မှာရှိသူတွေပါ။ Gambler နဲ့ Casino ကို ဥပမာယူရင် Options Seller တွေက Casino ဖက်ကပါ။
Options Seller တွေက မြတ်နိုင်ခြေ Probability များခြင်းကို အသာစီးရယူပြီး ဝင်ငွေလမ်းကြောင်း cashflow တည်ဆောက်ကြပါတယ်။ စနစ်တကျ ရွေးချယ်ထားတဲ့ Strategy တွေ (ဥပမာ - Cash Secured Puts, Covered Calls, Credit Spreads) ကနေ လစဉ်၊ အပတ်စဉ် ပုံမှန် "Premium" ဆိုတဲ့ ဝင်ငွေကို စုဆောင်းပြီး Financial Freedom ကို တည်ဆောက်ကြပါတယ်။
2️⃣ Time Freedom (အချိန် လွတ်လပ်မှု)
"နည်းလမ်းတစ်ခုက အချိန်ကုန်ဆုံးသွားခြင်းကနေ ကိုယ့်အတွက် ပိုက်ဆံဖြစ်လာတဲ့အခါ Time is Money ဖြစ်နေပါတယ်။
Options Seller တွေရဲ့ အကောင်းဆုံးမိတ်ဆွေက "အချိန်" ဖြစ်ပါတယ်။ ရက်တွေ ကုန်ဆုံးသွားတာနဲ့အမျှ ကိုယ်ရောင်းထားတဲ့ Option ရဲ့ တန်ဖိုးက တဖြည်းဖြည်း လျော့ကျသွားပြီး အဲဒီလျော့ကျသွားတဲ့ တန်ဖိုးက ကိုယ့်အိတ်ကပ်ထဲကို အမြတ်အဖြစ် ရောက်လာတာပါ။ ကိုယ်ဘာမှ သိပ်လုပ်စရာမလိုဘဲ အချိန်ကုန်တိုင်း အမြတ်ဖြစ်နေတဲ့ သဘောပါ။
အလုပ်လုပ်ရတဲ့အချိန်မှာ တစ်နေကုန် Chart ကြည့်စရာမလိုဘဲ Trade Setup လုပ်၊ Alert တွေ သတ်မှတ်ပြီးတာနဲ့ ကိုယ့်ရဲ့ မိသားစုကို အချိန်ပေးတာ၊ ဝါသနာပါတဲ့အလုပ်တွေ လုပ်တာ စတဲ့ မိမိကိုယ်ပိုင်အချိန်တွေကို စိတ်ကြိုက် အသုံးချနိုင်ပါတယ်။
3️⃣ Location Freedom (နေရာ လွတ်လပ်မှု)
"Wi-Fi ရှိရင် ကမ္ဘာ့ဘယ်နေရာမဆို ကိုယ့်ရဲ့ Trading Desk ပဲ။"
physical presence (ကိုယ်တိုင်ရှိနေဖို့) လုံးဝမလိုတဲ့အတွက် တကယ့်ကို စိတ်အေးလက်အေးရှိတဲ့ Luxury Lifestyle ကို ဖြတ်သန်းနိုင်ပါတယ်။ Laptop တစ်လုံး၊ တည်ငြိမ်တဲ့ Internet တစ်လိုင်းနဲ့ ကောင်းမွန်တဲ့ Broker Platform တစ်ခု ရှိရုံနဲ့ ကမ်းခြေမှာ အပန်းဖြေရင်းဖြစ်ဖြစ်၊ ကော်ဖီဆိုင်မှာ ထိုင်ရင်းဖြစ်ဖြစ် မိနစ်ပိုင်းအတွင်း Trade Management ပြုလုပ်ပြီး ကျန်တဲ့အချိန်တွေကို လွတ်လပ်စွာ ဖြတ်သန်းနိုင်ပါတယ်။
⚠️ Reality Check ဆိုတဲ့ မမေ့သင့်တဲ့ အမှန်တရားကိုလည်း သတိပြုရမှာပါ။
ဒီ Freedom အားလုံးဟာ Risk Management ဆိုတဲ့ ဆုံးရှုံးမှုအန္တရာယ် ထိန်းချုပ်မှုကို စနစ်တကျ နားလည်ပြီး စည်းကမ်းရှိရှိ အလုပ်လုပ်နိုင်မှသာ ရရှိနိုင်မယ့် အခွင့်အရေးတွေ ဖြစ်ပါတယ်။ လောဘနောက်မလိုက်ဘဲ ကိန်းဂဏန်း အချက်အလက် (Probability) ပေါ်မှာပဲ အခြေခံပြီး လုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#optionswiththandar #goodlifeinvesting #OIT
#OptionsSelling #CashFlow #FinancialFreedom #PassiveIncome #Mindset #SmartTrading

❤6
ဒီနေ့တင်တဲ့ YouTube video လေးပါ။ 😊
https://youtu.be/5CXmG7dwLBU?si=ubOg6eLO0SKUbAun

YouTube
လခစားဘဝမှာ ပိတ်မိနေလား။ ဒီလိုနည်းနဲ့ ကြိုစားပြီး လွတ်မြောက်နိုင်ပါတယ်။
#စတော့ #စတော့ဈေးကွက် #moomootrading #stockinvesting #stockmarket #goodlifeinvesting
..................................
စတော့ ဝယ်ရန်၊ Investing လုပ်ဖို့ အကောင့်ဖွင့်ရန် referral code နဲ့ link များ။
Moomoo က ကိုယ်တိုင်သုံးနေပြီး အကြိုက်ဆုံး trading app ပါ။…

လစာဆိုတာ "ပန်းတိုင်" မဟုတ်ဘူး၊ ပန်းတိုင်ကိုသွားဖို့ အသုံးချရမယ့် "လက်နက်ကိရိယာ" တစ်ခု။
လကုန်လို့ လစာထုတ်ရတဲ့အခါ ဘယ်သူမဆို ပျော်ကြပါတယ်။ ဒါပေမဲ့ အဲဒီလစာကို ဘယ်လို စီမံခန့်ခွဲသလဲဆိုတာကသာ ကိုယ့်ရဲ့ ငွေကြေးအနာဂတ်ကို အဆုံးအဖြတ်ပေးသွားမှာပါ။
လစာဝင်လာရင် "ဘယ်တော့မှ မလုပ်သင့်တဲ့ အချက် (၄) ချက်" ရှိပါတယ်။
1️⃣ အကုန်လုံး သုံးမပစ်ပါနဲ့ (Don't Spend It All)
"မလိုချင်တာတွေ မဝယ်ခင် မိမိကိုယ်ကိုယ် အရင်ပေးပါ (Pay Yourself First)"။ အသုံးစရိတ်တွေ မသုံးခင် စုဆောင်းငွေ (Save)၊ ရင်းနှီးမြှုပ်နှံမှု (Invest) နဲ့ အရေးပေါ်ရန်ပုံငွေ (Emergency Fund) တွေအတွက် အရင်ဖယ်ထားပါ။
2️⃣ သူများအထင်ကြီးဖို့အတွက် မသုံးပါနဲ့ (Don't Use It To Impress People)
သူများတွေရဲ့ အသိအမှတ်ပြုမှုကို လိုချင်လို့၊ ကြွားချင်လို့ ဝယ်လိုက်တဲ့ ဇိမ်ခံပစ္စည်းတွေဟာ နောက်ဆုံးမှာ ကိုယ့်ကို ငွေကြေးအကျပ်အတည်း (Financial Stress) ပဲ ပေးပါလိမ့်မယ်။
3️⃣ လစာတစ်ခုတည်းအပေါ်ပဲ လုံးဝ မမှီခိုပါနဲ့ (Don't Depend On It Alone)
ဝင်ငွေလမ်းကြောင်းတစ်ခုတည်း ရှိနေတာဟာ အန္တရာယ်များပါတယ်။ ရလာတဲ့ လစာရဲ့ တစ်စိတ်တစ်ပိုင်းကို အပိုစီးပွားရေး (Side Business) လုပ်ဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု (Investments) တွေကနေတစ်ဆင့် အပိုဝင်ငွေလမ်းကြောင်း (Multiple Income Streams) တွေရအောင် လမ်းကြောင်းဖန်တီးပါ။
4️⃣ သေချာတဲ့ အစီအစဉ်မရှိဘဲ လစာကိုမသုံးပါနဲ့ (Don't Spend Without A Plan)
Budget Plan (အသုံးစရိတ် လျာထားချက်) ရှိခြင်းက ကိုယ့်ငွေတွေကို အလဟဿမဖြစ်စေဘဲ နေရာမှန်၊ လမ်းကြောင်းမှန် ရောက်သွားစေပါတယ်။ မရှိမဖြစ်လိုအပ်ချက် (Needs)၊ စုဆောင်းငွေ (Savings)၊ လှူဒါန်းမှု (Giving) နဲ့ အပျော်အပါး (Wants) တွေကို သေသေချာချာ ခွဲခြားသတ်မှတ်ပါ။
▪️ဒီနေ့မှာ ကိုယ့်ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့ အလေ့အကျင့်က ကိုယ့်ရဲ့ နောင်အနာဂတ် ငွေကြေးလွတ်လပ်ခွင့်ကို သတ်မှတ်ပေးသွားမှာပါ။
thandar~🌿
Founder & Admin of OIT
Options with Thandar
#optionswiththandar #goodlifeinvesting #OIT #FinancialFreedom #MoneyManagement #PersonalFinance #WealthBuilding #Mindset

❤6👍2
လစာကို အသုံးချပြီး ဘယ်လိုပန်းတိုင်ကို သွားရမှာလဲ။
"လစာ" ဆိုတာ လစဉ် ပုံမှန်ရနေတဲ့ ဘေးကင်းဇုန် (Comfort Zone) တစ်ခု ဖြစ်နိုင်သလို၊ ကိုယ့်ကို ထာဝရငွေကြေးလွတ်လပ်ခွင့်ဆီ ပို့ဆောင်ပေးမယ့် "စွမ်းအားကြီးတဲ့ တွန်းအား (Super Power)" တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
ရလာတဲ့ လစာငွေကို အရင်းအနှီးပြုပြီး သွားရမယ့် ပန်းတိုင် (၃) ဆင့်ရှိပါတယ်။
အဆင့် 1️⃣ - "လုံခြုံစိတ်ချရမှု" ပန်းတိုင် (Financial Security)
ရှာသမျှလစာကို အကုန်မသုံးဘဲ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စိတ်အေးလက်အေး နေနိုင်မယ့် ငွေကြေးဝန်းကျင်တစ်ခု တည်ဆောက်ရပါမယ်။
အရေးပေါ်ရန်ပုံငွေ (Emergency Fund)ကို တည်ဆောက်ပါ။ အလုပ်အကိုင် သို့မဟုတ် စီးပွားရေး အခြေအနေ အပြောင်းအလဲဖြစ်ရင်တောင် အနည်းဆုံး ၆ လစာကနေ ၁ နှစ်စာအထိ စိတ်အေးလက်အေး ဖြတ်သန်းနိုင်မယ့် ပမာဏမျိုး ရှိထားရပါမယ်။
အကာအကွယ် (Protection) ကို တည်ဆောက်ပါ။ မမျှော်လင့်တဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်တွေအတွက် ကိုယ့်ရဲ့ စုဆောင်းငွေတွေ မပြုတ်သွားအောင် သင့်တော်တဲ့ အာမခံ (Insurance) မျိုးနဲ့ ကာကွယ်ထားရပါမယ်။
အဆင့် 2️⃣ - "ပိုင်ဆိုင်မှု စုဆောင်းခြင်း" ပန်းတိုင် (Asset Building)
ဒုတိယအဆင့်ကတော့ လူပင်ပန်းခံ ရှာစရာမလိုဘဲ ငွေကနေ ငွေပွားလာမယ့် ပိုင်ဆိုင်မှု (Assets) တွေကို လစာငွေထဲက ဖဲ့ပြီး တည်ဆောက်ရမယ့် အဆင့်ပါ။
ရင်းနှီးမြှုပ်နှံမှုများ (Investments) တည်ဆောက်ပါ။အချိန်ကြာလာတာနဲ့အမျှ တန်ဖိုးတက်လာမယ့် ရှယ်ယာ (Stocks)၊ ရွှေ၊ ခြံမြေ သို့မဟုတ် အမြတ်နှုန်းကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ပုံစံတွေထဲကို လစဉ် ပုံမှန် ထည့်ဝင်သွားပါ။
အပိုဝင်ငွေ လမ်းကြောင်းများ (Multiple Income Streams) များ တည်ဆောက်ပါ။ မိမိလစာကို အရင်းပြုပြီး အပိုစီးပွားရေး (Side Business) တစ်ခု စတင်တာမျိုး ဒါမှမဟုတ် ကိုယ့်ကို လစဉ် ပုံမှန် ငွေပြန်ရှာပေးမယ့် (Passive Income) လမ်းကြောင်းတွေ ဖန်တီးပါ။ Admin တို့အတွက်က Options Selling ကို လုပ်တဲ့ပုံစံ ဖြစ်ပါတယ်။
အဆင့် 3️⃣ - "ငွေကြေးလွတ်လပ်ခွင့်" ပန်းတိုင် (Financial Freedom)
ဒါကတော့ အားလုံးရဲ့ နောက်ဆုံး ပန်းတိုင်ပါပဲ။ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အပိုဝင်ငွေလမ်းကြောင်းတွေကနေ ထွက်လာတဲ့ "အမြတ်အစွန်း" ဟာ ကိုယ့်ရဲ့ လစဉ် အသုံးစရိတ်ထက် များပြားသွားတဲ့ အချိန် ဖြစ်ပါတယ်။
ဒီအဆင့်က အငြိမ်းစားယူတဲ့အချိန် ဖြစ်နိုင်သလို ငွေကြေးလွတ်မြောက်မှုရပြီး Work Optional ဖြစ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီအဆင့်ကို ရောက်ရင် ကိုယ်ဟာ ပိုက်ဆံအတွက်ကြောင့်ပဲ ဖြစ်ဖြစ်၊ အလုပ်ပြုတ်မှာ ကြောက်လို့ပဲ ဖြစ်ဖြစ် အလုပ်လုပ်စရာ မလိုတော့ပါဘူး။
ကိုယ့်အချိန်ကို ကိုယ့်စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပြီး ကိုယ်တကယ် ဝါသနာပါတဲ့အရာ၊ ကိုယ့်မိသားစုနဲ့ ကိုယ့်ဘဝအတွက်ပဲ အချိန်ပေးနိုင်မယ့် "ရွေးချယ်ပိုင်ခွင့် လွတ်လပ်မှု" ကို ရရှိသွားမှာပါ။
▪️လစာငွေဆိုတာ ဝင်လာသမျှသုံးပစ်ဖို့ သက်သက်ပဲဆိုရင် ကိုယ်ဟာ သူများရဲ့ကြီးပွားရေး အိမ်မက်အတွက် ထာဝရ အလုပ်လုပ်ပေးနေရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလစာကို အရင်းအနှီးအဖြစ် ပြောင်းလဲလိုက်ရင်တော့ ကိုယ့်ရဲ့ "ကိုယ်ပိုင် အိမ်မက်အင်ပါယာ" ကို တည်ဆောက်နိုင်မှာပါ။

❤7
#Portfolio_Secured_Put ဆိုတာဘာလဲ၊ အားနည်းချက် အားသာချက်က ဘာတွေလဲ။ ဘယ်လို Risk တွေ ရှိနိုင်လဲ။
Options Selling နဲ့ Long Term Investing ကို လုပ်ကြသူတွေက တခါတရံ Portfolio Secured Put ဆိုတဲ့ နည်းကို Cash Secured Put အစား သုံးတတ်ကြပါတယ်။
Options ရောင်းပြီး လစဉ်ဝင်ငွေရှာတဲ့ Options Seller တော်တော်များများဟာ Cash-Secured Put (CSP) နည်းကို ကောင်းကောင်းသိကြမှာပါ။
ဒါပေမဲ့ Portfolio Size ကြီးသူတွေ၊ ကိုယ့်အကောင့်ထဲမှာ Cash တွေကို အသေပိတ်မထားချင်တဲ့သူတွေ၊ ငွေအရင်းအနှီးကို ပိုပြီး ထိထိရောက်ရောက်ဖြစ်အောင် အသုံးချချင်သူတွေက Portfolio Secured Put (PSP) ကိုလည်း သုံးလာကြပါတယ်။
ဒီနှစ်ခုမှာ ကွာခြားချက်နဲ့ အားသာချက်/အားနည်းချက်တွေ ရှိကြပါတယ်။
▪️ Cash-Secured Put (CSP) ဆိုတာ
Put Option တစ်ခုကို ရောင်းဖို့အတွက် အကယ်၍ ရှယ်ယာဈေးကျလာရင် မဖြစ်မနေ ဝယ်ယူရမယ့် share ၁၀၀ တန်ဖိုး ရာခိုင်နှုန်းပြည့် ငွေသား (Cash) ကို အကောင့်ထဲမှာ ထားပေးရတဲ့ နည်းပါ။
ဥပမာ - $100 strike နဲ့ CSP တစ်ခုရောင်းချင်ရင် ငွေ $10,000 အဆင်သင့် ရှိနေရပါမယ်။
အားသာချက်က Risk နည်းတယ်၊ စိတ်ချရတယ်၊ ဈေးကွက်ဘယ်လောက်ကျကျ အကြွေးတင်စရာ မရှိဘူး။ Margin Call ရစရာမရှိဘူး။
▪️Portfolio Secured Put (PSP) ဆိုတာကျတော့
ငွေသားဒီတိုင်းထားမယ့်အစား ကိုယ့်အကောင့်ထဲမှာ ရှိပြီးသား "အခြားရှယ်ယာတွေရဲ့ စုစုပေါင်းတန်ဖိုး (Portfolio Equity)" ကို အပေါင် (Margin) အဖြစ်ပြပြီး Put Option ကို ထပ်ဆင့်ရောင်းချတာ ဖြစ်ပါတယ်။
ဥပမာ - အကောင့်ထဲမှာ Apple ရှယ်ယာ $20,000 ဖိုး ရှိနေရင် အဲဒါကို Margin အဖြစ်သုံးပြီး ငွေသားအပို ထပ်မထည့်ဘဲ တခြား Put Option ကို ရောင်းပြီး Premium Income ရှာတာမျိုးပါ။
အားသာချက်က ငွေသားအပိုမလိုဘူး၊ လက်ရှိရှယ်ယာကနေလည်း ဈေးတက်ရင် အမြတ်ရတယ်၊ Option ရောင်းလို့လည်း အမြတ်ထပ်ရတော့ စုစုပေါင်းအရင်းပေါ်မှာ ရတဲ့အမြတ် (ROI) က အများကြီး ပိုမြင့်ပါတယ်။
⚠️ ဒါပေမယ့် သေချာသိပြီး သတိထားရမယ့် အချက်တွေရှိပါတယ်။
PSP က အရင်းအနှီးကို အစွမ်းကုန် ထိရောက်အောင် အသုံးချနိုင်တာ မှန်ပေမယ့် "Margin Call" ဆိုတဲ့ အန္တရာယ် ရှိပါတယ်။ ဈေးကွက်တစ်ခုလုံး ပြိုလဲတဲ့အခါ သို့မဟုတ် ကိုယ်ပိုင်တဲ့စတော့တွေက ရုတ်တရက် ဈေးထိုးကျတဲ့အခါ ကိုယ့်အကောင့်ထဲက ရှယ်ယာတန်ဖိုးတွေလည်း ကျ၊ တစ်ဖက်က ရောင်းထားတဲ့ Put ကလည်း အရှုံးပြနဲ့ နှစ်ထပ်ကွမ်း ခံရနိုင်ပါတယ်။
အဆိုးဆုံးကတော့ လိုငွေ မဖြည့်နိုင်ရင် Broker က Margin လိုအပ်ချက် ပြည့်မီအောင် ကိုယ့်ရှယ်ယာတွေကို အရှုံးနဲ့ အတင်းအဓမ္မ ရောင်းချပစ်တာမျိုးအထိ ကြုံပြီး အဆုံးအရှုံးကြီးနိုင်တာမို့ Risk Management ကို သေချာလုပ်နိုင်ဖို့ လိုအပ်ပါတယ်။
အကျဉ်းချုပ်ရရင်
▪️CSP ကတော့ Risk နည်းချင်တဲ့သူတွေ၊ Conservative ဖြစ်တဲ့သူတွေ၊ ရှယ်ယာကို တကယ်ဝယ်သိမ်းချင်သူတွေအတွက် အသင့်တော်ဆုံးပါ။
▪️PSP ကတော့ ဈေးကွက်အခြေအနေကို ကောင်းကောင်းဖတ်တတ်ပြီး Buying Power ကို ကစားတတ်တဲ့ အတွေ့အကြုံရှိ Trader တွေအတွက် အမြတ်ဆပွားနိုင်မယ့် နည်းတစ်ခု ဖြစ်နိုင်ပါတယ်။
▪️Admin ကတော့ PSP ကို မသုံးဖြစ်သလောက်ပါ။ CSP ကိုပဲ အဓိက trade တဲ့သူဖြစ်ပါတယ်။ Cash တွေကို Share ဝယ်စရာမလိုတဲ့အချိန်မှာ Money Maket Fund ထဲထည့်ထားပြီး နေ့စဉ်အတိုးလေးတွေ ယူဖြစ်ပါတယ်။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#optionswiththndar #goodlifeinvesting #portfooliosecuredput #cashsecuredput #optionsselling #riskmanagement

❤9
ဖုန်းလေးတစ်လုံးရှိရုံနဲ့ broker account ဖွင့် စတော့ဈေးကွက်ထဲမှာ ငွေတွေရှာလိုက်မယ်ဆိုပြီး တွေးနေပြီလား။
ဒီနေ့ခေတ်မှာ Broker Account တစ်ခု ဖွင့်ရတာ မိနစ်ပိုင်းပဲ ကြာပါတယ်။ ဖုန်း Screen ပေါ်က "Buy" သို့မဟုတ် "Sell" ခလုတ်လေးကို နှိပ်လိုက်ရုံနဲ့ ကိုယ်ဟာ စတော့ဈေးကွက်ထဲက ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ခွင့် ရသွားသလိုပါပဲ။
နည်းပညာရဲ့ အားသာချက်ကြောင့် လူတိုင်း ရင်းနှီးမြှုပ်နှံခွင့် ရလာတာ ကောင်းမွန်တဲ့ ကိစ္စဖြစ်ပေမယ့် "အရမ်းလွယ်ကူလွန်းနေခြင်း" ကပဲ Beginner တွေအတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်လာပါတယ်။
ဈေးကွက်အကြောင်း ဘာမှရေရေရာရာ မသိသေးဘဲ၊ တစ်ဆင့်စကားနဲ့ အလွယ်တကူ ငွေတွေပုံအော ထည့်လိုက်တဲ့အခါ "ရင်းနှီးမြှုပ်နှံမှု" မဟုတ်တော့ဘဲ "လောင်းကစား" ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် စတင်လေ့လာသူတွေ သတိမထားမိဘဲ အဆုံးအရှုံးကြီးစေတဲ့ အချက် (၃) ချက် ရှိပါတယ်။
⚠️ ၁။ Risk (အန္တရာယ်) ကို ပေါ့ဆစွာ တွက်ချက်ခြင်း
ဈေးကွက်က ကိုယ်ထင်သလို အမြဲ အစိမ်းရောင် (တက်ဈေး) ပြမနေပါဘူး။ အမြတ်ရနိုင်ခြေ (Upside) ကိုပဲ ကြည့်ပြီး ဆုံးရှုံးနိုင်ခြေ (Downside) ကို ထည့်မတွက်တဲ့အခါ၊ ဈေးကွက်ရဲ့ အနည်းငယ် လှုပ်ခတ်မှုမှာတင် စိတ်လှုပ်ရှားပြီး အမှားမှားအယွင်းယွင်း ဆုံးဖြတ်ချက်တွေ ချမိတတ်ကြပါတယ်။
⚠️ ၂။ Position Sizing (ပမာဏ သတ်မှတ်မှု) မရှိခြင်း
ကိုယ့်မှာ ရှိတဲ့ Capital (ရင်းနှီးငွေ) အားလုံးကို Stock တစ်ခုတည်း၊ သို့မဟုတ် Trade တစ်ခုတည်း၊ Strategy တစ်ခုထဲမှာ ပုံအော (All-in) လိုက်တာမျိုးဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်တာနဲ့ အတူတူပါပဲ။ Position Sizing ဆိုတာ ပွဲတစ်ပွဲမှာ ကိုယ်ဘယ်လောက်အထိ အဆုံးရှုံးခံနိုင်လဲဆိုတဲ့ Risk limits ကို သတ်မှတ်တာ ဖြစ်ပါတယ်။ ဒါကို နားမလည်ရင် အကောင့်ပြုတ် (Blow up) ဖို့ ရာခိုင်နှုန်း တော်တော်လေး များပါတယ်။
⚠️ ၃။ ရောင်းလိုက်/ဝယ်လိုက် နှိပ်ရတာ လွယ်ကူလွန်းခြင်း (Overtrading)
ဖုန်းထဲက App က အလွယ်တကူ ရှိနေတော့ စိတ်မရှည်တော့ဘဲ ခဏခဏ ဝင်ကြည့်၊ ခဏခဏ ရောင်းလိုက် ဝယ်လိုက် လုပ်မိတတ်ပါတယ်။ ဒါဟာ စိတ်ခံစားချက် (Emotion) ကို ရှေ့တန်းတင်မိပြီး FOMO (Fear of Missing Out) ကြောင့် မလိုအပ်ဘဲ ဆုံးရှုံးမှုတွေ ပိုများစေပါတယ်။
⚡ ဒီအချက်တွေကို သတိမထားမိရင် ဘာဖြစ်မလဲဆိုတော့
"ကိုယ့်ကို ချမ်းသာအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပြီး ဖွင့်လိုက်တဲ့ အဲ့ဒီ Broker Account ဟာ ရေရှည်မှာ ကိုယ့်ကို မွဲပြာကျသွားစေမယ့် လက်နက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။"
အသိပညာနဲ့ စနစ်ကျတဲ့ စည်းကမ်းမရှိဘဲ ခလုတ်နှိပ်နေသရွေ့ အဲ့ဒီ App ဟာ ကိုယ်ထည့်လိုက်သမျှ ငွေတွေကို အငွေ့ပျံအောင် လုပ်မယ့် စက်ယန္တရားတစ်ခုပါပဲ။
Trading သို့မဟုတ် Investing ဆိုတာ ဖုန်းနဲ့ဂိမ်းဆော့နေတာ မဟုတ်ပါဘူး။ ကိုယ်ပင်ပန်းခံ ရှာထားတဲ့ ငွေကြေးတွေ ဖြစ်တဲ့အတွက် မစဉ်းစားမဆင်ခြင်ဘဲ ဘယ်တော့မှ မလုပ်သင့်ပါ။
စနစ်တကျ လေ့လာပါ။ စမ်းသပ်တဲ့အနေနဲ့ ပမာဏအနည်းငယ်နဲ့ပဲ အရင်စပါ။ အမြတ်ရဖို့ထက် ကိုယ့်ရဲ့ ရင်းနှီးငွေ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်မယ့် Risk Management ကို အရင်ဆုံး အသည်းစွဲအောင် သတိထားပါ။
ခလုတ်တစ်ချက် မနှိပ်ခင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက - "ငါ တကယ်ပဲ နားလည်လို့ ဝယ်တာ ရောင်းတာလား၊ ဒါမှမဟုတ် ပျင်းလို့/ လွယ်လို့ / FOMO ဖြစ်လို့/ လောဘတက်လို့/ အမြတ်တစ်ခုပဲကြည့်လို့ ဝယ်လိုက် ရောင်းလိုက်တာလား။" ဆိုတာကိုပါ။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#optionswiththndar #goodlifeinvesting #optionsselling #Investing101 #RiskManagement #TradingMindset #FinancialLiteracy #BeginnerTrader

#Insurance (အာမခံ) နဲ့ ပတ်သက်ရင် "အာမခံဆိုတာ ကာကွယ်ဖို့ သက်သက်ပဲ ဖြစ်ရမယ်၊ ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ဘူး" ဆိုတဲ့ အခြေခံသဘောတရားလေးကို နားလည်ထားရပါမယ်။
အာမခံဆိုတာ မသုံးရလေ ကောင်းလေဖြစ်ပြီး၊ ပိုက်ဆံပြန်မရလည်း ကိုယ့်ရဲ့ မိသားစုနဲ့ ပိုင်ဆိုင်မှုကို ငွေကြေးအန္တရာယ်ကနေ ကာကွယ်ပေးထားနိုင်ရင်၊ စိတ်အေးချမ်းမှုတစ်ခု ရနိုင်ရင်ကို သူ့တာဝန် ကျေပွန်ပါပြီ။ အဲ့ဒီအတွက် အာမခံကြေးကို ပေးရတာပါ။
လူအများစု အာမခံဝယ်တဲ့အခါ သေချာမသိဘဲနဲ့ အာမခံရောင်းသူ Agent တွေရဲ့ ထောင်ချောက်ထဲ ရောက်ရလေ့ရှိတဲ့ အမှားတစ်ခုရှိပါတယ်။
အဲ့ဒါကတော့ "အာမခံလည်း ရမယ်၊ ရင်းနှီးမြှုပ်နှံပြီးသားလည်း ဖြစ်မယ်" ဆိုတဲ့ Investment-Linked Plan (ILP) တွေကို ဝယ်မိတာပါ။
ILP တွေကို ဘာလို့ ရှောင်သင့်တာလဲဆိုတော့ (၃) ချက်ရှိပါတယ်။
၁။ Premium (ကြေး) ဈေးသိပ်ကြီးတယ်
ရိုးရိုး အာမခံသက်သက် ဝယ်တာထက် စျေးအများကြီး ပိုပေးရပါတယ်။ ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံထဲက အတော်များများကို Insurance Company က Agency Fees၊ Management Fees ဆိုပြီး စီမံခန့်ခွဲခတွေအနေနဲ့ နှုတ်ယူသွားတာပါ။
၂။ ကာကွယ်မှု (Protection) လည်း အပြည့်အဝ မရဘူး
ပေးရတဲ့ ကြေးနဲ့ ယှဉ်ရင် ရတဲ့ Protection Coverage ရတာကလည်း သိပ်မများပါဘူး။
၃။ ရင်းနှီးမြှုပ်နှံမှု (Investment) မှာလည်း ထိရောက်မှု မရှိဘူး
အာမခံကနေတစ်ဆင့် ပြန်ရင်းနှီးပေးတဲ့ Fund တွေရဲ့ Return က ကိုယ်တိုင် သီးသန့် ရင်းနှီးမြှုပ်နှံတာ (ဥပမာ - Index Funds, Stocks, Gold, Real Estate) တွေနဲ့ယှဉ်ရင် ပိုနည်းတတ်ပါတယ်။
ဒါဆို အာမခံကို ဘယ်လို နည်းလမ်းမှန်နဲ့ ဝယ်မလဲဆိုရင် ပထမအချက်က အာမခံနဲ့ ရင်းနှီးမြှုပ်နှံမှုကို လုံးဝ သီးသန့်စီထားပါ။
Protection ရဖို့အတွက် ဈေးအနည်းဆုံးနဲ့ ကာကွယ်မှု အမြင့်ဆုံးရတဲ့ Pure Term Insurance (သက်တမ်းအလိုက် အာမခံ) ကိုပဲ ဝယ်ပါ။
Investment အတွက် ILP ဝယ်ရင် ကုန်မယ့် ပိုထွက်လာတဲ့ ပိုက်ဆံကို ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု ပိုင်ဆိုင်မှုတွေဆီ သီးသန့် ခွဲထုတ်ပြီး ရင်းနှီးပါ။
သဘောပေါက်ရမှာက ဝယ်ထားတဲ့အာမခံဆိုတာ လျှော်ကြေးမတောင်းရလေ ကောင်းလေပါပဲ။ လျှော်ကြေး ပြန်တောင်းရတယ်ဆိုတာ ကိုယ့်မှာ တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်ပြီး ထိခိုက်နစ်နာသွားပြီဆိုတဲ့ သဘောပါ။
ဒါကြောင့် "အာမခံဝယ်ထားတာကနေ ပိုက်ဆံ ပြန်ရမှ/မြတ်မှ" ဆိုတဲ့ စိတ်ဓာတ်ကို စွန့်လွှတ်ပါ။ Agent တွေ ဆွဲဆောင်လေ့ရှိတဲ့ Coverage ရမယ်ဆိုတဲ့ ငွေပမာဏက ကိုယ်သေချာပေါက်ရမယ့် ငွေမဟုတ်ပါ။ ကိုယ့်ဖက်က လျော်ကြေးမတောင်းဖြစ်ဖို့ကသာ ပိုများပါတယ်။
အာမခံဆိုတာ မြတ်ဖို့ဝယ်တာမဟုတ်ဘဲ ဘဝရဲ့ အဆိုးဆုံး အခြေအနေတွေ ဖြစ်လာခဲ့သည်ရှိသော် ငွေကြေးအရ မပြိုလဲသွားအောင် Shield (ဒိုင်း) တစ်ခုအနေနဲ့ ကာကွယ်ဖို့ သက်သက်ပဲ ဝယ်ရတာပါ။ စိတ်အေးချမ်းမှုအဖြစ် ဝယ်ရတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အာမခံဝယ်မယ်ဆိုရင် ဈေးအသက်သာဆုံးနဲ့ မိသားစုအတွက် ထိုက်သင့်တဲ့ Protection အပြည့်ရအောင်ပဲ ဝယ်ပါ။ ပိုတဲ့ ပိုက်ဆံကိုတော့ စနစ်ကျတဲ့ တကယ့် Asset တွေမှာပဲ တိုးပွားအောင် ရင်းနှီးမြှုပ်နှံသင့်ပါတယ်။
thandar~🌿
Options with Thandar
Not Financial Advice.
#FinancialFreedom #InsuranceTips #InvestmentMindset #SmartMoney

❤16
ဒီနေ့တင်တဲ့ ယူကျု video လေးပါ။ 😊
https://youtu.be/yQc3UFaru8U?si=CKgQAx3ZyrW3qeSZ
https://youtu.be/yQc3UFaru8U?si=CKgQAx3ZyrW3qeSZ
YouTube
စောစောစီးစီး Financial Freedom ရချင်သူတွေ သုံးတဲ့ Geography Arbitrage နည်း။
#စတော့ #စတော့ဈေးကွက် #moomootrading #stockinvesting #stockmarket #goodlifeinvesting
..................................
စတော့ ဝယ်ရန်၊ Investing လုပ်ဖို့ အကောင့်ဖွင့်ရန် referral code နဲ့ link များ။
Moomoo က ကိုယ်တိုင်သုံးနေပြီး အကြိုက်ဆုံး trading app ပါ။…
..................................
စတော့ ဝယ်ရန်၊ Investing လုပ်ဖို့ အကောင့်ဖွင့်ရန် referral code နဲ့ link များ။
Moomoo က ကိုယ်တိုင်သုံးနေပြီး အကြိုက်ဆုံး trading app ပါ။…
❤6
Technical Analysis ကို ကျွမ်းကျင်နားလည်မှ Options Selling ကို လုပ်လို့ရမယ်ဆိုရင် Admin အနေနဲ့ Options Seller ဖြစ်လာမှာ မဟုတ်ပါ။
ဒါက Technical Analysis ကို မတတ်သင့်ဘူး၊ အသုံးမချသင့်ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါ။ တတ်ထားရင် နားလည်ထားရင် ပိုကောင်းပါတယ်။
Options Selling ကို Admin စလုပ်တော့ Technical Analysis ကို အဓိကမသုံးခဲ့ပါ။ ဘာကြောင့်လဲဆိုတော့ Options မှာ Delta ဆိုတဲ့ Greek ကို အသုံးပြုနိုင်လို့ ဖြစ်ပါတယ်။
Delta က အမြတ်ရနိုင်ခြေ (Probability of Profit) ကို ယေဘုယျအားဖြင့် မှန်းဆပေးပါတယ်။ Delta 15 ဆိုရင် အမြတ်ရနိုင်ခြေ 85% ကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ကိုယ်ရွေးတဲ့ Strike Price ကို စတော့ဈေး လာထိဖို့က 15% သာ ဖြစ်နိုင်ခြေရှိပါတယ်။
နောက်ပြီး Options မှာ Expected Move ဆိုတာရှိတယ်။ Market Maker တွေရဲ့ Options အရောင်းအဝယ်တွေအရ တွက်ယူထားတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ Option Expiration တစ်ခုအတွက် Expected Move +/-10 ရှိတယ်ဆိုရင် စတော့အနေနဲ့ $10 အတက်အကျ ဖြစ်နိုင်တယ် ဆိုတဲ့သဘောပါ။
Tastytrade ရဲ့ လေ့လာချက်အရ Expected Move တွေဟာ Real Move ထက် များသောအားဖြင့် ပိုများတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် Options ရောင်းတဲ့အခါ ကိုယ့် Strike ကို Expected Move ရဲ့ အပြင်ဖက်မှာ ထားခြင်းက အမြတ်ရနိုင်ခြေကို များစေပါတယ်။
Admin အနေနဲ့ Technical Analysis အတွက် Moving Averages, Bollinger Band နဲ RSI လောက်ကိုသာ အကြမ်းဖျင်း အသုံးပြုခဲ့ပါတယ်။
Options မှာ IV, IVR လို Options Analysis အပိုင်း ကိုလည်း ကြည့်ရပါတယ်။ အခုနောက်ပိုင်းဆိုရင် Gamma Exposure အရရှိတဲ့ Put Wall, Call Wall တွေပါ တွဲဖက်ကြည့်နိုင်လာပါပြီ။
Admin အနေနဲ့ Delta တစ်ခုကိုသာ အဓိကသုံးပြီး Options Selling နဲ့ Premium ဒေါ်လာသိန်းချီ ရှာနိုင်ခဲ့ပါတယ်။ Technical Analysis ကို Moving Averages, Bollinger Band နဲ RSI တွေနဲ့ အကြမ်းဖျင်းသာ သုံးခဲ့ပါတယ်။
Trading background က လာတာမဟုတ်သူဆိုရင် TA က အလွန်စိတ်ရှုပ်စရာပါ။ အထူးသဖြင့် အစပိုင်းမှာပါ။ Support/ Resistance လည်း ချက်ချင်း မမြင်နိုင်သလို Technical Pattern တွေ မှတ်မိရင်တောင်မှ လက်တွေ့ chart ပေါ်မှာ ချက်ချင်းမြင်တတ်ဖို့က မလွယ်ကူပါဘူး။ Chart တွေကို ကြည့်ရင်း လေ့လာရင်း အမြဲထိတွေ့နေမှ Technical Analysis ကို ပိုနားလည်လာနိုင်တာမျိုးပါ။
Technical Analysis ဆိုတာကလည်း ဈေးတက်မလားကျမလား အတိအကျ ဟောကိန်းမထုတ်နိုင်ပါဘူး။ ပြီးခဲ့တဲ့ ဈေးအပြောင်းအလဲတွေအရ ဖြစ်နိုင်ခြေရှိတာကိုပဲ မှန်းဆကြတာဖြစ်ပါတယ်။ သေချာပေါက် အတတ်သိနိုင်တဲ့နည်းလည်း မရှိပါ။ ရှိရင်လည်း ဈေးကွက်ကြီးက အရောင်းအဝယ် လုပ်လို့မရတော့အောင် ပျက်ပြီးနေလောက်ပါပြီ။
Technical Analysis အဓိက တတ်စရာမလိုဘဲ Options Selling ကို စပြီးလုပ်နိုင်တာက Trading background မရှိကြတဲ့ များစွာသောလူတွေအတွက် Options Selling နယ်ပယ်ထဲကိုဝင်ဖို့ အလွန်လွယ်ကူစေတဲ့ အားသာချက်ပါ။
Options Seller တွေအနေနဲ့ Options Selling လုပ်နေရင်းနဲ့မှ Fundamental Analysis, Technical Analysis, Options Analysis, Macro Analysis တွေကို ပိုနားလည်လာအောင်၊ ပိုဆက်စပ်ပြီး အသုံးချတတ်အောင်တော့ လေ့လာသွားကြရမှာပါ။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#optionswiththandar #goolifeinvesting #OIT #optionsselling

Photo
#Options_Selling ကို Admin ယုံကြည်နှစ်သက်စွာ အသုံးပြုနေရတဲ့ အကြောင်း 🔟 ချက်ရှိပါတယ်။
1️⃣ စတင်ဖို့ လွယ်ကူတယ်။
စတော့ဈေးကွက်အကြောင်း၊ Analysis တွေအကြောင်း သေချာကျွမ်းကျင်တတ်သိမှ လုပ်နိုင်တာမျိုးမဟုတ်ပါ။ Trading နည်းတွေလို Risk လည်းမများ၊ Technical Analysis သိမှ လုပ်လို့ရတာလည်း မဟုတ်ပါ။ စတော့ဈေးကွက် အခြေခံသိတယ်၊ Options Basics တွေ လေ့လာပြီး နားလည်လာပြီဆိုရင် လုပ်လို့ရပါပြီ။
Cash Secured Put လို စတင်သုံးနိုင်တဲ့ ရိုးရှင်းတဲ့ Strategy တွေလည်း ရှိတာကြောင့် ပိုအဆင်ပြေစေတယ်။ စတော့ဈေး အတက်အကျကို အတိအကျမှန်းနိုင်မှ မြတ်တာမျိုးမဟုတ်လို့ Forgiving Strategy တွေဖြစ်ပြီး တော်ရုံတန်ရုံ beginner mistake ရှိရင်တောင် မြတ်နိုင်ပါတယ်။
2️⃣ မြတ်နိုင်ခြေ (Probability of Profit) များတယ်။
Options Selling ရဲ့ သဘောသဘာဝအရကိုက မြတ်နိုင်ခြေက များပြီးသားဖြစ်ပါတယ်။ Options buyer ဆိုရင် ဝယ်ထားတဲ့ Options တွေက အချိန်ကုန်လေ Time Decay ကြောင့်ရှုံးလေ ဖြစ်ပေမယ့် Options Seller အတွက်ကတော့ အချိန်ကုန်လေ ပိုမြတ်လေ ဖြစ်ပါတယ်။
အချိန်ကုန်ခြင်းဆိုတာ ရာနှုန်းပြည့် သေချာပေါက်ဖြစ်လာတဲ့ အချက်ပါ။ ဒီတစ်ချက်နဲ့တင် Options Seller က အားသာချက် ရှိသွားပါတယ်။ ဈေးအတက်အကျ အတိအကျမှန်းစရာမလိုခြင်း၊ စတော့က အတိအကျ တက်မှကျမှ မြတ်တာမျိုးမဟုတ်ခြင်းကြောင့်လည်း ပိုမြတ်ဖို့လွယ်ကူစေပါတယ်။
3️⃣ ရှေရှည်အတွက် ပုံမှန်အမြတ်ရအောင် လုပ်နိုင်တယ်။
Options Selling ရဲ့ ရည်ရွယ်ချက်က ဖြေးဖြေးမှန်မှန် စနစ်တကျနဲ့ ပုံမှန်လည်ပတ်ပြီး ပုံမှန်အမြတ်နဲ့ ဝင်ငွေတွေရဖို့ဖြစ်ပါတယ်။ မြန်မြန်နဲ့ များများမြတ်ဖို့ Go Home or Go Big သဘောဆန်ဆန် risk များများယူပြီး မြတ်ရင်မြတ် ရှုံးရင်ရှုံး လုပ်စရာလိုတာမျိုး မဟုတ်ပါ။
လောင်းကစားလောကရဲ့ စကားနဲ့ပြောရရင် Casino ထဲမှာ လောင်းကစားသမားတွေ မြတ်ကြရှုံးကြ အမျိုးမျိုးရှိပေမယ့် Casino ပိုင်ရှင်ကတော့ အခကြေးငွေကောက်ခံပြီး ပုံမှန်မြတ်နေတာမျိုးပါ။ Options Seller တွေက Casino ပိုင်ရှင်နေရာမှာ ရှိပါတယ်။
4️⃣ ရေရှည်အတွက် ပုံမှန်အမြတ်နှုန်း ကောင်းတယ်။
Options Selling ကနေ ပုံမှန်လစဉ် 2% ခန့် မြတ်နိုင်ပါတယ်။ ဒါက အလွန်ကောင်းတဲ့ အမြတ်နှုန်းပါ။ တစ်နှစ်ဆိုရင် 24% အမြတ်ရတာဖြစ်ပါတယ်။ ဒီအမြတ်က S&P 500 ထက် ၂ ဆမက ပိုများပါတယ်။
ဒီအမြတ်နှုန်းက ပုံမှန်နည်းတဲ့ဖက်ကို ယူတွက်ထားတာပါ။ ဒီထက်များတဲ့နှုန်းနဲ့လည်း မြတ်နိုင်ပါတယ်။ ရေရှည်မှာ မျှခြေချပြီး ယူဆတွက်ထားတဲ့ သဘောပါ။
5️⃣ လစဉ် Passive Income နီးပါးပုံစံ ရနိုင်တယ်။
ရတဲ့အမြတ်တွေကို အချိန်သိပ်ကုန်စရာမလိုဘဲ မြတ်နိုင်ပါတယ်။ တချို့သော ဝင်ငွေနည်းတွေဟာ second job လို အချိန်ပေးဖို့လိုတာမျိုးဖြစ်ပြီး စိတ်လည်းဖိစီးရတာမျိုးပါ။
Options Selling ကတော့ စနစ်တစ်ခုနဲ့ ပုံမှန်လည်ပတ်ပြီး တစ်ရက် တစ်နာရီလောက် အချိန်ပေးနိုင်ရင်ကို လုပ်လို့ရနေပါပြီ။ ဒါကြောင့် 100% Passive Income မဟုတ်ရင်တောင်မှ 90% Passive Income ပုံစံကို ရတာဖြစ်ပါတယ်။
6️⃣ ငွေအရင်းများများနဲ့ risk နည်းအောင် လုပ်လို့ရတယ်။
ငွေကြေးဈေးကွက်ထဲ၊ Trading လောကထဲ ဝင်လာကြတဲ့အခါ အရင်းနည်းနည်းနဲ့ အမြတ်များများ ရချင်ကြတာက များပါတယ်။ တကယ်တမ်း ပိုအရေးကြီးတာက အရင်းများလာတဲ့အခါ risk နည်းအောင်လုပ်ပြီး ပုံမှန်အမြတ်ရှာနိုင်ဖို့ပါ။
Day Trading လို အလုပ်ကို ငွေအရင်းများများနဲ့ ပုံအောပြီး လုပ်ဖို့က မလွယ်ကူပါ။ လူအများစုအတွက်က risk များပြီး ဆုံးရှုံးသွားနိုင်ခြေ ရှိလို့ဖြစ်ပါတယ်။ Options Selling မှာကတော့ အရင်းဘယ်လောက်များများ ဒေါ်လာ သိန်းသန်းချီအထိ ထည့်ရင်းပြီး ဖြေးဖြေးမှန်မှန် လုပ်နိုင်ပါတယ်။ အရင်းများလေ ပုံမှန်အမြတ်ကလည်း ပိုများလေပါ။
7️⃣ အချိန်သက်သာ လူသက်သာတယ်။
Passive Income အပိုင်းမှာ ပြောခဲ့သလိုပါပဲ။ အချိန်သက်သာခြင်းက အားသာချက်ဖြစ်ပါတယ်။ Admin ဆိုရင် နေ့တိုင်း Market ဖွင့်ရင် ဖုန်းကနေ broker app ကို ခဏဖွင့်ကြည့်တယ်၊ ဖွင့်ထားတဲ့ Position တွေကို monitor လုပ်တယ်၊ လိုအပ်ရင် manage လုပ်တယ်။ ဒါတွေလုပ်ဖို့က တစ်နာရီခန့်ပဲ ကြာပါတယ်။ ပြီးတာနဲ့ broker app ပိတ်ပြီးမေ့ထားလို့ရတယ်။ ခဏခဏ ဈေးအပြောင်းအလဲ ဘယ်လိုဖြစ်သလဲ ကြည့်နေဖို့မလိုပါ။
ကမ်းခြေမှာထိုင်ပြီး trade လို့ရသလို ကော်ဖီဆိုင်မှာ ကော်ဖီသောက်ရင်းလည်း manage လို့ရတယ်။ ခရီးသွားရင်း လေယာဉ်ပေါ်၊ ရထားပေါ်၊ ကားပေါ်ကနေ trade လို့ရတယ်။ အင်တာနက်နဲ့ ဖုန်းရှိရင် ရနေပါပြီ။ အလုပ်လုပ်သလို ကွန်ပျူတာ screen တွေနဲ့ chart တွေ သေချာကြည့်နေမှ လုပ်လို့ရတာမဟုတ်ပါ။
8️⃣ Risk နည်းတဲ့ ကိုယ်ပိုင်စီးပွားရေးလို လုပ်လို့ရတယ်။
ငွေကြေးတိုးတက်ဖို့၊ ငွေကနေငွေပြန်ရှာဖို့၊ စုဆောင်းငွေတွေ အလကားအိပ်မနေဘဲ တိုးပွားနေဖို့ဆိုပြီး အပြင်မှာ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်ဖို့ စိတ်ကူးကြည့်ဖူးလား။ တချို့လည်း စမ်းလုပ်ဖူးကြမှာပါ။
ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုရင် ငွေရင်းလိုတယ်၊ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှုလိုတယ်၊ ထုတ်ကုန်လိုတယ်၊ ဝန်ထမ်းလိုတယ်၊ အားပေးဝယ်ယူမယ့် customer လိုပါတယ်။ အဲ့ဒီ စီးပွားရေးကနေ ဒီလောက်ထိပေးဆပ်ပြီး ကြိုးစားရင်လည်း အရင်းကြေဖို့ကို နှစ်ချီစောင့်ရပါတယ်။ ဒီကြားထဲအလုပ်မဖြစ်ရင် အဆုံးအရှုံးကြီးနိုင်ပါတယ်။
Options Selling ကလည်း Risk လုံးဝမရှိတာမဟုတ်ပေမယ့် အပြင်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ လိုတာတွေအားလုံးကို မလိုအပ်ပါ။ ကိုယ့်ရဲ့ကိုယ်ပိုင် brokerage account, ကိုယ်ပိုင်ငွေရင်း၊ ကိုယ်ပိုင်ကျွမ်းကျင်မှုနဲ့ ဈေးကွက်ရှိနေရင် လုပ်လို့ရနေပါပြီ။
9️⃣ ငွေရင်းကို အဆင့်ဆင့်တိုးပွားစေပြီး Wealth Building လုပ်လို့တယ်။
Options Selling ကို လုပ်ငန်းတစ်ခုလိုလုပ်ပြီး ပုံမှန်မြတ်အောင် လည်ပတ်နိုင်တာကြောင့် အမြတ်ကနေ အမြတ်တွေဆင့်ပြီး လုပ်ငန်းနဲ့ ငွေအရင်းအနှီးတွေ ကြီးထွားလာနိုင်ပါတယ်။ အချိန်နဲ့အမျှ compounding effect ရအောင် စည်းကမ်းတကျ လည်ပတ်သွားမယ်ဆိုရင် အချိန်ကြာလေ ကြီးပွားလာလေ ဖြစ်စေပါတယ်။
🔟 Financial Freedom, Time Freedom, Location Freedom ကို ပေးတယ်
အပေါ်က အချက်တချို့မှာ ပြောခဲ့သလိုပါပဲ။ Options Selling လုပ်ဖို့ ကိုယ့်ငွေရင်းကနေ ပုံမှန် အမြတ်တွေရှာနိုင်တယ်။ ရှာနိုင်တဲ့အမြတ်က ကိုယ့်အသုံးစားရိတ်ကို ကာမိတဲ့အခါ Financial Freedom ကို ရစေပါတယ်။ အချိန်များများမလိုတာကြောင့်Time Freedom ကို ရစေပါတယ်။ အင်တာနက်ရှိရုံနဲ့ ဖုန်းတစ်လုံးနဲ့ လုပ်လို့ရတဲ့ အလုပ်မို့ Location Freedom လည်း ရစေပါတယ်။ Admin အတွက်တော့ ဒီအချက်က Options Selling က ကိုယ့်ရဲ့ Dream Job နဲ့ Main Job ဖြစ်ရတဲ့အချက်ပါ။
ဒီ 🔟 ချက်အပြင် Full Time အလုပ်တစ်ဖက် ရှိတယ်ဆိုရင် ဘေးပေါက်အလုပ် Side Hustle လို လုပ်နိုင်ခြင်း၊ သိသာတဲ့ Side Income ရှာနိုင်ခြင်း၊ Main Income Stream တစ်ခု ဖြစ်လာနိုင်ခြင်း ဆိုတဲ့ အလွန်ကောင်းတဲ့ အချက်တွေလည်း ရှိပါတယ်။
Options Selling က လူတိုင်းအတွက် မဟုတ်နိုင်ပေမယ့် သေချာလုပ်တတ်သွားသူတွေ အတွက်ကတော့ အလွန်အားသာချက်များတဲ့ အလုပ်တစ်ခုပါ။ 😊

❤9👏2🙏1
#Nvidia_CEO Jensen Huang ရဲ့ မနေ့ကတင်တဲ့ ပထမဆုံး X post က #AI နည်းပညာလောကကို ဂယက် ထသွားစေပါတယ်။
ဇူလိုင်လ ၂၄ ရက်က AI လောကရဲ့ ထိပ်သီး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Nvidia CEO Jensen Huang ဟာ X (Twitter) ပေါ်ကို တရားဝင် စတင်ရောက်ရှိလာခဲ့ပါတယ်။ အရင်က သူ့မှာ X account မရှိခဲ့ပါ။
အံ့ဩစရာကောင်းတာက သူဟာ ရိုးရိုးနှုတ်ခွန်းဆက်တာမျိုး မလုပ်ဘဲ Meta, Microsoft, IBM, Hugging Face အပါအဝင် Tech ထိပ်သီး ကုမ္ပဏီ ၂၅ ခုနဲ့ ပူးပေါင်းရေးသားထားတဲ့ "Open Weights and American AI Leadership" ဆိုတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို စတင်မျှဝေလိုက်တာပါ။
သူက AI နည်းပညာပွင့်လင်းမှုဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ခုကို စတင်လိုက်တာပါ။
ဒီလှုပ်ရှားမှုမှာ Jensen Huang ရဲ့ ဘက်တော်သားတွေအဖြစ် ရပ်တည်ခဲ့ကြသူတွေကတော့ Big Tech & Cloud ထိပ်သီးများ ဖြစ်တဲ့ Microsoft, Meta, IBM, Dell နဲ့ AI, Cybersecurity & Capital ပိုင်းက Hugging Face, CrowdStrike, Palantir, Y Combinator တို့ပါဝင်ပါတယ်။
ထူးခြားချက်အနေနဲ့ Closed-source မော်ဒယ်ကြီးတွေကို ပိုင်ဆိုင်ထားကြတဲ့ OpenAI, Anthropic နဲ့ Google တို့ကတော့ ဒီအိတ်ဖွင့်ပေးစာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိကြပါဘူး။
Jensen Huang တို့ အစုအဖွဲ့ ဘာကြောင့် ဒီလို စုပေါင်းလှုပ်ရှားရတာလဲကြည့်မယ်ဆိုရင် ဒီလှုပ်ရှားမှုရဲ့ နောက်ကွယ်မှာ အဓိက မဟာဗျူဟာမြောက် အကြောင်းအရင်း (၃) ချက် ရှိနေပါတယ်။
1️⃣ ဝါရှင်တန် (U.S. Government) ရဲ့ AI ကန့်သတ်ချက်များကို တားဆီးရန်
အမေရိကန်အစိုးရအတွင်း Open-weight AI မော်ဒယ်တွေကို အမျိုးသားလုံခြုံရေးအကြောင်းပြချက်နဲ့ ကန့်သတ်ရေး/ပိတ်ပင်ရေး ဆွေးနွေးမှုများ ရှိလာတဲ့အတွက်၊ Open AI စနစ်ကို ပိတ်ပင်လိုက်ပါက အမေရိကန်ရဲ့ နည်းပညာစွမ်းအား ပိုမိုကျဆင်းသွားနိုင်ကြောင်း အစိုးရကို သတိပေးတားဆီးချင်တာဖြစ်ပါတယ်။
2️⃣ Nvidia ရဲ့ စီးပွားရေး မဟာဗျူဟာ (Hardware Demand)
Open-weight မော်ဒယ်တွေ များပြားလာလေလေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နိုင်ငံတိုင်းက မိမိတို့ ကိုယ်ပိုင် Servers တွေပေါ်မှာ မော်ဒယ်တွေကို ဒေါင်းလုဒ်ဆွဲပြီး မောင်းနှင်ချင်ကြလေပါပဲ။ ဒီအတွက် Nvidia ရဲ့ AI Chips တွေကို ပိုမိုဝယ်ယူကြရမှာဖြစ်လို့ ဒါဟာ Nvidia ရဲ့ စီးပွားရေးအတွက် ထိရောက်တဲ့ စီးပွားရေးဗျူဟာလည်း ဖြစ်ပါတယ်။
3️⃣ နည်းပညာစာချုပ်ပိုင်ခွင့်ကို တားဆီးရန် (Anti-Monopoly)
AI နည်းပညာကို OpenAI သို့မဟုတ် Anthropic ကဲ့သို့ Closed-source ကုမ္ပဏီကြီး အနည်းငယ်ကပဲ ပိတ်ပင်ထိန်းချုပ်ထားမယ်ဆိုရင် Startups တွေနဲ့ သုတေသီတွေအတွက် အခွင့်အလမ်း နည်းပါးသွားပါလိမ့်မယ်။ Open-source ဂေဟစနစ် ခိုင်မာနေမှသာ စက်မှုလုပ်ငန်းတိုင်း သက်သာသော ကုန်ကျစရိတ်ဖြင့် တီထွင်ဖန်တီးနိုင်ကြမှာဖြစ်ပါတယ်။
▪️ခြုံရရင် Jensen Huang ရဲ့ ပထမဆုံး X post ဟာ ရိုးရိုး Social Media သုံးဖို့ဆိုတာထက် ဝါရှင်တန်ရဲ့ AI မူဝါဒတွေကို လမ်းကြောင်းမှန်ရောက်အောင် စီမံလိုက်တဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။
ကမ္ဘာကြီးအနေနဲ့ စီးပွားဖြစ် Closed Models တွေရော၊ လွတ်လပ်စွာသုံးနိုင်တဲ့ Open Models တွေပါ ပူးတွဲလိုအပ်တယ်ဆိုတာကို Jensen Huang က ထိထိရောက်ရောက် မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
▪️သူ့ရဲ့ Post ကြောင့် AI Infrastructure နဲ့ Neo clouds စတော့များ ဈေးကျခဲ့ပါတယ်။
thandar~🌿
Options with thandar
#OptionswithThandar #GoodLifeInvesting #OIT #Nvidia #JensenHuang #TechNews #OpenAI #AILeadership #AIPolicy #TechUpdates #SocialMediaTrends

🙏3❤2
"Wheel Strategy (CSP & CC) က တကယ်ပဲ Risk အနည်းဆုံး လား"
Admin အနေနဲ့ Risk နည်းပြီး ပို Safe ဖြစ်တယ်လို့ ညွှန်းလေ့ရှိတဲ့ Options Selling နည်းမှာလည်း Risk Management သေချာမလုပ်ရင် Risk များသွားပြီး ဆုံးရှုံးမှု ကြီးနိုင်ပါတယ်။
Options Selling မှာ Cash Secured Put (CSP) နဲ့ Covered Call (CC) နဲ့ ဒီနှစ်ခုကို တွဲသုံးတဲ့ Wheel Strategy ကို "Risk အနည်းဆုံး စနစ်" လို့ လူသိများပါတယ်။
ဒါပေမဲ့ အယူအဆ မှားပြီး Risk Management မပါဘဲ သုံးမိရင်တော့ ဒီနည်းလမ်းကပဲ ကိုယ့် Account ကို အကြီးအကျယ် ထိခိုက်စေနိုင်တဲ့ "Risk အလွန်များသော နည်းလမ်း" ဖြစ်သွားနိုင်ပါတယ်။
⚠️ Risk နည်းရာကနေ Risk များသွားစေတဲ့ သတိထားစရာ (၅) ချက် ရှိပါတယ်။
1️⃣ High Premium ကိုပဲ ကြည့်ပြီး Junk Stock တွေကို ရွေးချယ်မိခြင်း။
Premium (ဝင်ငွေ) များများရရင် ပြီးရောဆိုပြီး အခြေခံ (Fundamentals) မကောင်းတဲ့ စတော့တွေကို CSP ရောင်းမိတာဟာ အန္တရာယ်အရှိဆုံး ပါပဲ။ စတော့ဈေး ကောင်းကင်ယံကနေ မြေပြင်ကို ထက်ဝက်မက ထိုးဆင်းသွားတဲ့အခါ ကြီးမားတဲ့ အရှုံး (Unrealized Loss) ကို ရေရှည် ထမ်းထားရတတ်ပါတယ်။
2️⃣ Collateral မရှိဘဲ Options ရောင်းခြင်း။
CSP တစ်ခု ရောင်းတဲ့အခါ Shares ၁၀၀ ခုဝယ်နိုင်တဲ့ ငွေအဆင်သင့်ရှိရပါမယ်။ CC တစ်ခု ရောင်းတဲ့အခါ Shares ၁၀၀ ခု ရောင်းပေးနိုင်ဖို့ အဆင်သင့်ရှိရပါမယ်။ Collateral မရှိဘဲ Options ရောင်းရင် အလွန်များတဲ့ Risk ကို ရနိုင်စေပါတယ်။
3️⃣ Cost Basis ထက် နိမ့်တဲ့ Strike Price မှာ Covered Call ပြန်ရောင်းမိခြင်း။
စတော့ဈေး ကျသွားလို့ စိတ်လှုပ်ရှားပြီး ရစရာ Premium အဆင်ပြေအောင် မိမိဝယ်ထားတဲ့ ဈေး (Average Cost) အောက်မှာ CC ပြန်ရောင်းမိရင် ဈေးပြန်တက်လာတဲ့အခါ စတော့တွေ ရှုံးဈေးနဲ့ ပါသွားနိုင်ပါတယ်။
4️⃣ Position Sizing မှားယွင်းခြင်း (Capital အားလုံး ပုံအောမိခြင်း)။
စတော့ တစ်ခုတည်းမှာ Capital အများစုကို ပုံအောပြီး CSP ရောင်းထားရင် Market Crash ဖြစ်တဲ့အခါ Portfolio တစ်ခုလုံး အကျပ်အတည်းဖြစ်သွားနိုင်ပါတယ်။
5️⃣ Market Context ကို လျစ်လျူရှုခြင်း။
Earnings Report ထွက်ခါနီး သို့မဟုတ် Market Volatility အလွန်မြင့်မားနေချိန်မှာ Plan မရှိဘဲ CSP/CC ဝင်ရောင်းတာဟာ မိမိကိုယ်ကို ဓားထက်ပေါ် တင်လိုက်တာနဲ့ တူပါတယ်။
🔹Wheel Strategy ကို စနစ်တကျ Risk နည်းအောင် အသုံးပြုဖို့ဆိုရင်
▪️ပထမဆုံးအဆင့် အရည်အသွေးကောင်းတဲ့ စတော့တွေကိုရွေးသုံးပါ။ "ဒီစတော့ကို ဈေးကျသွားလည်း နှစ်နဲ့ချီပြီး ရေရှည် လက်ဝယ်ကိုင်ထားချင်ရဲ့လား" ဆိုတဲ့ မေးခွန်းကို အရင်မေးပါ။ ရေရှည် ခိုင်မာတဲ့ အဓိက စတော့ကြီးများကိုပဲ ရွေးပါ။
▪️Position Sizing မှန်အောင်ထားပါ။ Portfolio တစ်ခုလုံးရဲ့ ၅%-၁၀% ထက် ပိုပြီး စတော့ တစ်ခုတည်းမှာ ဘယ်တော့မှ ပုံမအောပါနဲ့။
▪️ကိုယ့်ရဲ့ ပျမ်းမျှဝယ်ဈေး Cost Basis ကိုသိပါ။ Covered Call ရောင်းတော့မယ်ဆိုရင် မိမိရဲ့ Break-even (သို့) Cost Basis အထက်မှာပဲ Strike Price ကို အမြဲ ရွေးချယ်ပါ။
▪️Roll နဲ့ Adjustment Strategy ကို နားလည်ထားပါ။ Trades တွေ ကိုယ့်ဘက် မပါလာရင် Panic မဖြစ်ဘဲ Roll Down နဲ့ Out လုပ်မလား၊ Cut Loss ဖြတ်မလားဆိုတဲ့ Exit Plan ကို အစကတည်းက ကြိုတင်ပြင်ဆင်ထားပါ။
▪️Strategy Allocation နဲ့ Cash Allocation မှန်အောင်ထားပါ။ Strategy တိုင်းက ရာခိုင်နှုန်းများများ ထည့်သုံးဖို့ အဆင်မပြေပါဘူး။ ဘယ် Strategy တွေကို ဘယ်လောက်ရာခိုင်နှုန်းပဲ ထားသင့်လဲဆိုတာသိပြီး မှန်အောင်ထားပေးဖို့ လိုပါတယ်။ ဈေးကွက်အနေအထားအလိုက် အပိုငွေသားအနေနဲ့ ဘယ်လောက်ထားမလဲ ဆိုတာကိုလည်း သိနားလည်ပြီး ကျင့်သုံးရမှာပါ။
🔹Wheel Strategy ဆိုတာ Risk-free မဟုတ်ပါဘူး။ Strategy ကိုယ်တိုင်က Risk များတာ မဟုတ်ပေမယ့်၊ Risk Management သေချာမလုပ်ဘဲ စည်းကမ်းမဲ့ အသုံးပြုရင်တော့ Risk ကို မြင့်တက်စေနိုင်ပါတယ်။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#OptionswithThandar #GoodLifeInvesting #OIT
#OptionsTrading #OptionSelling #RiskManagement #TradingMindset #FinancialFreedom

❤10
Tom Sosnoff ပြောတဲ့ Top 1%, Retail Options Traders တွေ အသုံးပြုတဲ့ Strategy (9️⃣) ခု။
1️⃣ Short Puts
2️⃣ Jade Lizard
3️⃣ Covered Calls
4️⃣ Short Put Spreads
5️⃣ Put Ratio Spreads
6️⃣ Short Call Spreads
7️⃣ Broken Wing Butterfly
8️⃣ Short skewed/ unbalanced Iron Condor
9️⃣ Short Iron Condor
Bonus Strategy 1️⃣ Short Strangles
Bonus Strategy 2️⃣ Pairs Trading
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#OptionswithThandar #GoodLifeInvesting #OIT #OptionsSelling #OptionsStrategy

#Trading ကနေ ငွေရှာရလွယ်တယ်ထင်နေရင် မှားပါလိမ့်မယ်။
ကြားဖူးတဲ့ အာရှဖက်က လူတစ်ယောက်ဆိုရင် ညဖက် Market ဖွင့်ချိန် မြတ်လိုမြတ်ငြား Trading လုပ်တယ်၊ အိပ်ရေးပျက်ပြီး နောက်ရက် ရုံးသွားရင် စိတ်မကြည်တော့ဘူး။ Trading ကနေ ရှုံးတယ်။ ရှုံးတာကို ပြန်ကာမိချင်ဇောနဲ့ ပို trade တယ်၊ အဆင်မပြေတော့ ပိုရှုံးတယ်။
အလုပ်သွား ရုံးတက်တော့လည်း ငူငူငေါင်ငေါင်နဲ့ ဖြစ်နေတယ်။ မိသားစုက Trading ကို မလုပ်တော့ဖို့တားလည်း မရဘူး။ ကလေးငယ်က ရှိသေးတယ်။ ဒီလိုဖြစ်နေတာ ၂ နှစ် ၃ နှစ်မကတော့ဘူး။ ရှုံးတာက ဒေါ်လာသိန်းချီတယ်။ နှစ်များစွာ စုဆောင်းထားတဲ့ငွေတွေ။ တကယ်ကို နှမျောစရာပါ။
ငွေတွေလည်းရှုံး အလုပ်မှာလည်း အာရုံမရ၊ မိသားစုကိုလည်း စိတ်မရောက်နဲ့ အခြေအနေက Trading ကို မူးယစ်ဆေးစွဲသလို ဖြစ်နေတယ်။ သူကလည်း ဖြစ်မြောက်လာလေမလား၊ ပြန်မြတ်မလား မျှော်လင့်ချက်နဲ့ လုပ်တာပါပဲ။ ကလေးအတွက် ငွေရှာချင်တယ်။ ငွေကြေးလွတ်မြောက်မှု မြန်မြန်ရချင်တယ်။ ၃ နှစ်လောက် ဟိုစမ်းဒီစမ်း ကောင်းမယ်ထင်တဲ့နည်းတွေနဲ့ လျှောက် Trade တယ်။
ငွေကြေးပိုင်းမှာ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ်ဖက်က ကောင်းကောင်းသိပြီး ကောင်းကောင်းစီမံနိုင်တယ်ဆိုတဲ့ ခံစားချက်နဲ့ အနေအထားရှိဖို့က အလွန်အရေးကြီးပါတယ်။ စလေ့လာခါစမှာ ဘယ်လောက်ပဲ သေချာပေါက် မြတ်နိုင်တဲ့နည်းပဲဖြစ်ဖြစ် ငွေနည်းနည်းသာ ရင်းသင့်ပါတယ်။
လောဘကြီးသူတွေ၊ risk မနိုင်သူတွေ၊ စိတ်မထိန်းနိုင်ဘဲ တချိန်လုံး Trade နေချင်သူ၊ အရှုံးပြန်ကာချင်ဇောနဲ့ ဆတိုးရင်းပြီး ဆတိုး trade သူတွေဆီကနေ အရှုံးရခြင်းပုံစံတွေနဲ့ Market ကြီးက ကျူရှင်ခ များများယူလေ့ရှိပါတယ်။
Day Trading နဲ့က ဘယ်လောက်မြတ်မြတ် ငွေအရင်းအနှီး များများထည့်ပြီး risk များများနဲ့ trade ဖို့က ဘယ်လိုမှ မဖြစ်နိုင်သလောက်ပါ။ Trading ရဲ့ သဘာဝအရကိုက မြတ်ဖူးပြီးသူတွေတောင်မှ Risk Management အမှားတစ်ခုနဲ့ အများအပြား ပြန်ရှုံးတတ်ကြတာပါ။
ဘာပဲလုပ်လုပ် ကိုယ့်ဖက်က in control ဖြစ်နေဖို့ အရေးကြီးပါတယ်။ Market ကြီးက အမြဲရှိပါတယ်။ နေ့တိုင်း trade ဖို့မလိုသလို Strategy မျိုးစုံ သုံးနိုင်မှ ပိုမြတ်တာလည်း မဟုတ်ပါ။ သူများ trade တိုင်းလိုက် trade ဖို့လည်း မလိုပါ။
ကိုယ့်ရဲ့ ငွေအရင်း၊ risk ခံနိုင်ရည်တွေနဲ့ ကိုက်ညီအောင် ချိန်ညှိတတ်ဖို့ လိုပါတယ်။ အလုပ်ဖြစ်နိုင်တဲ့နည်း၊ ကိုယ်နဲ့ကိုက်တဲ့နည်းကို ဖြေးဖြေးမှန်မှန် လေ့လာပြီး စနစ်တကျလုပ်သွားနိုင်ဖို့ အရေးကြီးပါတယ်။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#optionswiththandar #goodlifeinvesting #OIT #optionsselling #longterminvesting

#Option_Selling မှာ #Advanced_Strategy တွေ အများကြီး သုံးနိုင်မှမြတ်တာလား။
Option Selling လောကထဲ ရောက်ခါစဆိုရင် လေ့လာစရာ အဆင်မြင့် Strategy တွေ၊ နာမည်ဆန်းဆန်း ပုံစံရှုပ်ရှုပ် ဖွဲ့စည်းထားတဲ့ Advanced & Intermediate Strategy တွေ အများကြီးကို တွေ့ရပါလိမ့်မယ်။
အတတ်နိုင်ဆုံး ရှုပ်ထွေးအောင် ဆင်ထားတဲ့ Strategy ကြီးတွေကို သုံးနိုင်မှ၊ နည်းလမ်းမျိုးစုံ သိထားမှ ပိုပြီး အမြတ်ရမယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တကယ့် အပြင်က အတွေ့အကြုံမှာတော့ "ပိုရှုပ်လေ၊ Risk ပိုများလေ" ဖြစ်သွားတတ်တာများပါတယ်။
Advanced Strategy တွေရဲ့ အဓိက အန္တရာယ်တွေအနေနဲ့ Risk ကို အပြည့်အဝ နားမလည်ခြင်းက ပထမအချက်ဖြစ်ပါတယ်။ Advanced Strategy ဖြစ်လို့ဆိုပြီး ပိုလွယ် ပို safe ဖြစ်ပြီး ပိုမြတ်သွားနိုင်စေတာမျိုးလည်း မဟုတ်ပါဘူး။
Advanced Strategy တွေဟာ Option Leg တစ်ခုမကပါပြီး နားလည်ရခက်တဲ့ အစိတ်အပိုင်းများ ပါဝင်တဲ့အတွက် သက်ဆိုင်ရာ Greeks (Delta, Gamma, Vega) နဲ့ Market Direction ရုတ်တရက်ပြောင်းသွားတဲ့အခါ ခုတ်ရာတခြား၊ ရှာရာတခြားနဲ့ Risk တွေ ပိုကြီးသွားတတ်ပါတယ်။
ဈေးကွက်က ကိုယ်မှန်းထားတဲ့အတိုင်း မသွားဘဲ ပြောင်းပြန်ဖြစ်သွားတဲ့အခါ ရှုပ်ထွေးတဲ့ Strategy တွေကို ပြန်ပြင်ရတာ (Adjustment)၊ Manage လုပ်ရတာက ခေါင်းစားရသလို အလွန်လက်ဝင်ပြီး ဆုံးရှုံးမှုကို ပိုကြီးသွားစေနိုင်ပါတယ်။ Fee များများ ပေးရတာကလည်း အားနည်းချက်ဖြစ်ပြီး ရေရှည်မှာ ကိုယ့်အမြတ်ထဲက ပဲ့ပါစေပါတယ်။
Options Selling နဲ့ ရေရှည်မှာ အောင်မြင်ဖို့ တကယ် အရေးကြီးတဲ့ (၄) ချက်ရှိပါတယ်။
1️⃣ Simplicity is Key: ရိုးရှင်းတဲ့ Strategy တွေ (ဥပမာ- Cash Secured Put, Covered Call စတဲ့ Basic နည်းလမ်းများ) ကိုပဲ ဈေးကွက်အခြေအနေနဲ့ ကိုက်ညီအောင် စနစ်တကျ သုံးစွဲတာက long-term မှာ Risk နည်းပြီး အမြတ်ကို ပုံမှန်ရစေပါတယ်။ ထပ်တိုးပြီး Strategy အသစ်တွေ သုံးမယ်ဆိုရင်လည်း နည်းနည်းပါးပါးပဲ ထည့်သုံးသင့်ပါတယ်။
2️⃣ Risk Management: ဘယ်လောက် အဆင့်မြင့်တဲ့ Strategy ကိုသုံးသုံး စည်းကမ်းရှိတဲ့ Risk Management (Position Sizing, Stop Loss, Profit Target) မရှိရင် ရေရှည်မှာ ရပ်တည်ဖို့ မလွယ်ပါဘူး။
3️⃣ Mastering the Basics: Options အခြေခံ အလုပ်လုပ်ပုံတွေကို အထူးကျွမ်းကျင်နားလည်နေဖို့ လိုပါတယ်။ CALL နဲ့ PUT ကို BUY ရင် ဘာတွေဖြစ်နိုင်သလဲ၊ SELL ရင် ဘယ်လို အဓိပ္ပါယ်ရှိသလဲ ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးကို သိနေရမှာပါ။ အခြေခံကို နှောကြေအောင် သိထားပြီးရင် advanced strategy ဆိုတာတွေကို ပိုနားလည်လာနိုင်ပြီး risk ပိုနည်းအောင် သုံးတတ်လာပါမယ်။
4️⃣ Focus on a few Strategies: Strategy မျိုးစုံ ၁၀ ခုကို ပါးပါးလေးသိတာထက် ရိုးရှင်းတဲ့ Strategy ၁ ခု၊ ၂ ခု၊ ၃ ခုကို ထဲထဲဝင်ဝင် ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် လုပ်တာက Options Seller တစ်ယောက်အတွက် အကျိုးအမြတ် ပိုများစေပါတယ်။
နဂိုကတည်းက Risk များတတ်တဲ့ ဈေးကွက်ထဲမှာ မိမိကိုယ်တိုင် ရှုပ်ထွေးအောင် ထပ်လုပ်ရာက Risk ပိုများလာမျိုး မဖြစ်သင့်ပါ။
ကိုယ်သေချာမသိတဲ့ Advanced Strategy တွေကို လိုက်သုံးပြီး စွန့်စားတာထက်၊ ကိုယ် သေချာနားလည်သဘောပေါက်တဲ့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကို စည်းကမ်းရှိရှိ၊ စနစ်တကျ အသုံးချခြင်းကပဲ တည်ငြိမ်တဲ့ ရေရှည် ပုံမှန်ဝင်ငွေ (Consistent Cashflow) ကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။
"ကန်ချက် သိုင်းကွက်ပေါင်း ၁၀,၀၀၀ ကို တစ်ကြိမ်စီ လေ့ကျင့်ထားတဲ့သူကို ငါ မကြောက်ဘူး။ ကန်ချက် ၁ ကွက်တည်းကို အကြိမ် ၁၀,၀၀၀ လေ့ကျင့်ထားတဲ့သူကိုပဲ ငါ ကြောက်တယ်။" လို့ ဘရူးစလီ က ဆိုထားပါတယ်။
"I fear not the man who has practiced 10,000 kicks once, but I fear the man who has practiced one kick 10,000 times." – Bruce Lee

OITians များအတွက်
Options Seller Toolkit
Trading View Pine Script (Latest Version) တင်ထားပါပြီ။
OIT ရဲ့ မူပိုင် ဖြစ်ပါတယ်။
OIT Private Group ရဲ့ Education Topic အောက်မှာ ရယူနိုင်ပါတယ်။
ကျေးဇူးပါ။ ❤️😊
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#OptionswithThandar #GoodLifeInvesting #OIT #OptionsSelling #OptionsStrategy
Options Seller Toolkit
Trading View Pine Script (Latest Version) တင်ထားပါပြီ။
OIT ရဲ့ မူပိုင် ဖြစ်ပါတယ်။
OIT Private Group ရဲ့ Education Topic အောက်မှာ ရယူနိုင်ပါတယ်။
ကျေးဇူးပါ။ ❤️😊
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice. ⚠️
#OptionswithThandar #GoodLifeInvesting #OIT #OptionsSelling #OptionsStrategy
❤4
Market #Sector_Rotation
လက်ရှိ စတော့စျေးကွက်အတွင်းမှာ Sector Rotation သဘော ဖြစ်ပေါ်နေပါတယ်။
Rotation Out (ငွေကြေးစီးထွက်မှု) အနေနဲ့ 🔻
▪️ Semiconductors / AI Hardware အပိုင်းမှာ SOX Index ဈေးထိုးကျပြီး Correction ဝင်ခဲ့ပါတယ်။
▪️ အဓိက အကြောင်းရင်းများကတော့ Profit-taking (အမြတ်ယူပြီး ရောင်းချခြင်း) များလုပ်ကြခြင်း၊ China Competition ပိုမိုပြိုင်ဆိုင်လာရခြင်းနှင့် AI အတွက် အသုံးစားရိတ်များခြင်းကနေ အမြတ်ရောရနိုင်မလားဆိုတဲ့ Capex ROI အပေါ် မေးခွန်းများ ရှိလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။
Rotation In (Jul 27 Session) အနေနဲ့ 🔺
▪️Retail, Media, Autos ဘက်သို့ ငွေကြေး စီးဝင်လာပါတယ်။ ရေနံစျေး (Oil) ကျဆင်းသွားမှုကြောင့် Consumer Relief ရရှိလာပြီး သုံးစွဲသူများ သက်သာရာရစေခဲ့ပါတယ်။
▪️ဒါကြောင့် Dow Index သည် +250pts ကျော် တက်ခဲ့ပြီး Nasdaq ကျဆင်း ခဲ့ပါတယ်။
▪️ ဒါဟာ Growth ကနေ Value/Cyclicals သို့ Rotation ပြောင်းလဲသွားတဲ့ လက္ခဏာရပ်တစ်ခုပါ။
Energy Sector ကိုကြည့်ရင် 🔺
▪️Oil -6% ကျဆင်းသွားတာကြောင့် Energy Stocks များလည်း -2% အထိ လျှော့ကျသွားပြီး July Leader အဖြစ်မှ ခေတ္တ အားပျော့သွားခဲ့ပါတယ်။ စစ်ရေးကြောင့် ဈေးတက်ခြင်း (War Premium) ဖြစ်ခြင်းကြောင့် စစ်ရေးဖြေလျှော့မှုရှိလာရင် Energy Sector ဈေးကျသွားမှာကို သတိပြုရမှာပါ။
▪️အဓိက ကောက်ချက်အနေနဲ့ ဇူလိုင် (၂၉ - ၃၀) ရက်နေ့များမှာ ထွက်ရှိလာမည့် Mega-cap Tech Earnings ရလဒ်များသည် ယခု Rotation ဆက်သွားမလား သို့မဟုတ် Tech Sector မှ ပြန်လည် ဦးဆောင်နေမလား ဆိုတာကို ဆုံးဖြတ်ပေးမည့် အဓိက အချက် ဖြစ်လာနိုင်ပါတယ်။
Earnings အပြီး ဈေးတက်မယ်ဆိုရင် Tech နဲ့ AI Sector ပြန်တက်ဖွယ်ရှိပါမယ်။ မဟုတ်ရင်တော့ Rotation အဖြစ် ဆက်ရှိဖို့ များမှာပါ။
▪️လက်ရှိ Index တွေကိုကြည့်ရင် All time high ကနေ Nasdaq 100 က 8.9% ခန့်၊ S&P 500 က 2.7% ခန့်၊ Dow Jones က 2% ခန့် နဲ့ Russell 2000 က 3.2% ခန့် ဈေးကျထားပါတယ်။
thandar~🌿
Founder & Admin of OIT
Options with Thandar
Not Financial Advice.
#28Jul2026

တရားဝင်ဥပဒေ ပြဌာန်းစရာမလိုဘဲ လူတိုင်းဆီက အခွန်ကောက်နေတဲ့ အရာတစ်ခု ရှိပါတယ်။ အဲ့ဒါက Inflation ဆိုတဲ့ ငွေကြေးဖောင်းပွမှုပါ။
ဘောဂဗေဒပညာရှင်ကြီး Milton Friedman ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။
"Inflation is taxation without legislation."
(ငွေကြေးဖောင်းပွမှုဆိုတာ လွှတ်တော်ရဲ့ ပြဋ္ဌာန်းဥပဒေမလိုဘဲ တရားဝင် ကောက်ခံနေတဲ့ အခွန်တစ်မျိုးပဲ) ဆိုတဲ့ စကားပါ။
ဒါဟာ ဘာကြောင့် Hidden Tax (ပုန်းကွယ်နေတဲ့ မတရားအခွန်) ဖြစ်ရတာလဲဆိုရင် အစိုးရတစ်ရပ်က အခွန်တိုးကောက်ချင်ရင် လွှတ်တော်မှာ ဥပဒေပြဋ္ဌာန်းရတယ်၊ ပြည်သူကို ရှင်းပြရတယ်။ ဒါပေမဲ့ Inflation (ငွေကြေးဖောင်းပွမှု) ကတော့ ဘာဥပဒေမှ တောင်းစရာမလိုဘဲ နိုင်ငံသားတွေရဲ့ လက်ထဲက ပိုက်ဆံတန်ဖိုးကို မသိမသာ နှိုက်ယူသွားတာ ဖြစ်လို့ပဲ။
နားလည်လွယ်အောင် နမူနာ ၃ ခုနဲ့ ကြည့်မယ်ဆိုရင်
1️⃣ ဝယ်ယူနိုင်စွမ်း (Purchasing Power) ကို ခိုးယူခံရခြင်း
ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲမှာ ၁၀ သိန်း ရှိနေတုန်းပဲ။ ဘာမှ လျော့မသွားဘူး။ ဒါပေမဲ့ မနှစ်က ၁၀ သိန်းနဲ့ ဝယ်လို့ရတဲ့ ပစ္စည်းအကုန်လုံးကို ဒီနေ့မှာ ရချင်မှ ရတော့မယ်။ ပိုက်ဆံဂဏန်း မလျော့ပေမဲ့ တကယ့် "တန်ဖိုး" ကိုတော့ မသိမသာ အခွန်ဆောင်လိုက်ရသလို လျှော့ယူသွားပြီ။
2️⃣ စုဆောင်းသူတွေ ရှုံးပြီး အကြွေးယူထားသူတွေ နိုင်တဲ့စနစ်
တန်ဖိုးကျနေတဲ့ ငွေစက္ကူတွေကို ရိုးရိုးစုထားတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက နေ့စဉ် လျှော့ပါးသွားတယ်။ ဒါပေမဲ့အစိုးရ သို့မဟုတ် ကြွေးမြီကြီးမားစွာ ယူထားသူများအတွက်တော့ သူတို့ ဆပ်ရမယ့် ကြွေးတန်ဖိုးက ပိုပေါ့သွားပါတယ်။ ဆိုလိုတာက ပြည်သူတွေရဲ့ စုဆောင်းငွေ တန်ဖိုးကျသွားတဲ့အထိ အစိုးရရဲ့ ကြွေးမြီတွေကို မသိမသာ ကျခံပေးဆပ်လိုက်ရတာပါ။
3️⃣ ဝင်ငွေနည်းသူတွေကို အထိုးနှက်ခံရဆုံး မတရားမှု
ပုံမှန် အခွန်စနစ်က ချမ်းသာသူဆီက ပိုကောက်တယ်။ ဒါပေမဲ့ Inflation ကတော့ ဆင်းရဲသူ၊ ဝင်ငွေနည်းသူတွေကို ပိုဒုက္ခပေးပါတယ်။ အခြေခံစားသောက်ကုန် ဈေးတက်လာတဲ့အခါ ဝင်ငွေနည်းသူတွေရဲ့ ဝင်ငွေအများစုဟာ အသက်ဆက်ဖို့တင် ကုန်သွားကြလို့ပါပဲ။
ဒါဆို ဘာလုပ်သင့်လဲ၊ ဘာလုပ်ရမလဲ။
ပထမတစ်ချက်ကတော့ အစိုးရ/ ဗဟိုဘဏ်အနေနဲ့ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနည်းအောင် ထိန်းချုပ်ပေးဖို့ တာဝန်ရှိပါတယ်။ အမေရိကန်ရဲ့ Federal Reserve ဆိုတာ ဒီတာဝန်ကို အဓိက ယူထားရတာပါ။
သာမန်လူတွေအနေနဲ့ကတော့ ဒီ hidden tax ကို မဆောင်ချင်ရင် ငွေစက္ကူ (Cash) အဖြစ်နဲ့တင် သီးသန့် ရေရှည် စုထားလို့ မရတော့ပါဘူး။
ငွေကြေးဖောင်းပွမှုကို အနိုင်ယူနိုင်တဲ့ " Assets (တန်ဖိုးတက်မယ့်ပိုင်ဆိုင်မှုများ)" ဖြစ်တဲ့ ရွှေ၊ အိမ်ခြံမြေ၊ ရှယ်ယာ သို့မဟုတ် ဝင်ငွေပြန်ရှာပေးနိုင်တဲ့ နည်းလမ်းတွေဆီ တန်ဖိုးပြောင်းထားဖို့ လိုအပ်ပါတယ်။
"ငွေစက္ကူ/ ငွေသားကို ဘဏ်အကောင့်ထဲမှာ စုထားတာက ရင်းနှီးမြှုပ်နှံမှု မဟုတ်ပါဘူး၊ ပိုင်ဆိုင်မှုတန်ဖိုးကို ထိန်းသိမ်းနိုင်တဲ့ အရာတွေကို စုဆောင်းပိုင်ဆိုင်တာကမှ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။"
thandar~🌿
Options with Thandar
Not Financial Advice.
#OptionswithThandar #GoodLifeInvesting #OIT #EconomicThought #Inflation #PersonalFinance #WealthBuilding #FinanceTips

❤8