Forwarded from Y.S.D Scout Channel
" စစ်တပ်ထောက်တိုင် စီးပွားရေးလုပ်ငန်းဖြစ်သော မြန်မာပလာဇာကိုဆက်လက်သပိတ်မှောက်ကြ " ✊️✊️✊️
၂၅ ရက် / နိုဝင်ဘာလ ၂၀၂၂
ပြီးခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် Myanmar Plaza အတွင်း၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သော လူငယ်တစ်ချို့အား Myanmar Plaza ၏ဝန်ထမ်းများက ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက်ကျုးလွန်ကာ ရိုက်နှက်ကန်ကျောက်၍ ဖမ်းဆီးပြီး အကြမ်းဖက်စစ်တပ်ထံသို့ လူငယ်များအားအပ်နှံခဲ့ပါသည်။ ထိုနေ့မှစ၍ Myanmar Plaza အားအကြမ်းဖက်စစ်တပ်ထောက်တိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ ပြည်သူတစ်ရပ်လုံးက စည်းစည်းလုံးလုံးနှင့် Boycott ခဲ့သည်မှာ ယနေ့တွင်တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
လက်ရှိအချိန်ထိလည်း boycott လှုပ်ရှားမှုအတွင်းတက်ကြွစွာပါဝင်နေသော ပြည်သူအများလည်းရှိနေဆဲဖြစ်သလို၊ ကိုယ့်အသားမထိသရွေ့တကယ်မနာတတ်သော သူတွေသည်လည်းသွားရောက်လည်ပတ်ပျော်ပါးလျှက်ရှိနေသည်ကိုတွေ့မြင်ရပါသည်။
မိဘပြည်သူများခင်ဗျာ... စစ်အာဏာရှင်အလိုကျ ရမ်းကားပြီး ပြည်သူအားဖိနှိပ်ခြင်းပြုသော အရာမှန်သမျှကိုဆက်လက်တော်လှန်ပုန်ကန်၍ အမှန်တရားဘက်တော်သားများအဖြစ်ခံယူကာ လိပ်ပြာသန့်သန့်ရှင်သန်နေထိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
#MyanmarPlazaboycott
#YSD