Kyimyindaing Scout Channel
199 subscribers
421 photos
48 videos
277 links
Download Telegram
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့ရှိ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များပေါ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဆဲဗင်းဇူလိုင်အတွက်လူထုဟောပြောမှုပြုလုပ်

၁၉၆၂ ခုနှစ်မတ်လ တွင် အာဏာသိမ်းယူခဲ့သော စစ်ခေါင်းဆောင် ဦးနေဝင်းသည် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ရက်နေ့တွင် ကျောင်းအဆောင်များ စည်းကမ်းတင်းကြပ်ခြင်းအပေါ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ကျောင်းသားထု အား စစ်မြေပြင်တွင်အသုံးမပြုရသေးသော G3 သေနတ်များဖြင့် ရက်စက်စွာဖြိုခွင်းခဲ့ကြသည်။ ထိုဖြိုခွင်းမှုတွင် ကျောင်းသားပေါင်း ရာကျော်သွေးမြေခခဲ့ရသည်။ ထို့အပြင် သမိုင်းရာဇဝင်ကြီးမားခဲ့သော ကျောင်းသားသမဂ္ဂ အဆောက်အအုံအား မိုင်းခွဲဖြိုလှဲခဲ့ကြသည်။

ယခု ၂၀၂၁ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဦးနေဝင်းလမ်းစဉ်လိုက် ကျင့်သုံးကာ ကျောင်းသားများ ၊ လူငယ်များ ၊ ပြည်သူလူထု တို့အား လူ့အခွင့်အရေးချိုးဖောက်နေမှု ၊ ရက်စက်ညှင်းပမ်းမှု များ ဖြစ်ပေါ်နေကြောင်း ဟောပြောခဲ့သည်။

ရန်ကုန် ဇူလိုင် ၆၊ ၂၀၂၂ ခုနှစ်

#ဆဲဗင်းဇူလိုင် #7July
#OCTOPUS #ရေဘဝဲ