Forwarded from OCTOPUS (ရေဘဝဲ) 🐙
လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်စို့ 🔥
ယနေ့ ရန်ကုန်မြို့တနေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ "လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်စို့" စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြသည်။
"အကြမ်းဖက်စစ်ကောင်စီကို မီတာမဆောင်ဘူး ဆိုတဲ့ "ဘူး" သပိတ်တိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာမိဘပြည်သူများအားလုံးသိရှိပြီးသားဖြစ်ပါတယ်။ဒါကို အကြမ်းဖက်စစ်ကောင်စီဟာ ယုတ်မာတဲ့နည်းအသွယ်သွယ်နဲ့ အမျိူးမျိူးခြိမ်းခြောက်စော်ကားခဲ့အတွက် ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့မှုမျိုးစုံနဲ့ မီတာခဆောင်ခဲ့ရတာရှိသလို၊အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်တွေဟာလည်း မီတာခပေးဆောင်ခဲ့ကြပါတယ်။အခုဆို အကြမ်းဖက်စစ်ကောင်စီဘက်မှာ ရပ်တည်တဲ့သူဖြစ်စေ၊ပြည်သူ့ဘက်မှာရပ်တည်တဲ့သူဖြစ်စေ၊ တိုင်းပြည်တစ်ခုရဲ့အခြေခံလိုအပ်ချက်တွေထဲကတစ်ခုဖြစ်တဲ့ လျှစ်စစ်မီးဆုံးရှုံးမှုဒဏ်ကို အတူတကွခံစားနေကြရပါတယ်။ဆိုလိုချင်တာက အကြမ်းဖက်စစ်ကောင်စီရဲ့ဘယ်လုပ်ရပ် ဆိုးကျိုးတွေကိုမဆို အနီ၊အစိမ်း၊ပါတီမကွဲပြားပဲ ပြည်သူလူထုအားလုံးအတူတူခံစားနေကြရတာပါပဲ။အကြမ်းဖက်စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ပျက်သုဥ်းမှသာ ကျွန်တော်တို့အားလုံးအတွက် လျှပ်စစ်မီးမှန်မှန်ရရှိဖို့ အဖြေဟာထင်ရှားလာမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုတရပ်လုံးအတွက် လျှပ်စစ်မီးမှန်မှန်ရဖို့ တော်လှန်ရေးမှာပါဝင်ကြပါစို့လို့ ရေဘဝဲအနေနဲ့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်"
ဧပြီလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
#မီး
#OCTOPUS #ရေဘဝဲ

Please open Telegram to view this post
VIEW IN TELEGRAM