Kyimyindaing Scout Channel
196 subscribers
422 photos
51 videos
277 links
Download Telegram
Kyimyindaing Scout Channel
Photo
❝Accept NUG and Our Ambassador, Reject Dictator❞

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”
════════════════════

အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။

တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့‌သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သ‌ဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။

ဒါ့အပြင်၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ ဖက်ဆစ် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။

ပြည်သူ‌အပေါင်းတို့ခင်ဗျား-

ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်ခင်ဗျား။ အားလုံးအတူတကွ ဝိုင်းကြ၊ ဝန်းကြ တိုက်ပွဲဝင်ကြပါစို့။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။

#AcceptNUG

#AcceptOurAmbassador

#RejectDictator

#CredentialCampaign

#SaveMyanmar

#AcceptNUGRejectMilitary

#UN_ProveYourExistence4Justice

#UKyawMoeTunisOurAmbassador

#YSD
ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “ UN Prove Your Existence for Justice” စာသား ချိတ်ဆွဲ
=======================================


ကမ္ဘာ့ကုလသမဂ္ဂစင့်မြင့်ထက်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ရေးအတွက် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့တွင် “ UN Prove Your Exsitence for Justice “ စာသားကို ယနေ့မနက်တွင် ချိတ်ဆွဲ ခဲ့ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည်ဟုဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကိုလေးစားရန်နှင့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြရန် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု မှ အလေးအနက်တိုက်တွန်းသည်။

#UKyawMoeTunisOurAmbassador
#UN_ProveYourExistence4Justice
#AcceptNUGRejectMilitary
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#AJAY
မန်ယူနဲ့ အာဆင်နယ်ကိုအားကျလို့ စစ်သား 3သောင်း - ရဲ 1သောင်း ခွဲပေးနေတဲ့ စစ်ကောင်စီ

အို…ပြည်သူ့ရဲတို့

ခေါင်းစဉ်မှာပါတဲ့အတိုင်း သရီး၀မ်းဗျူဟာကို သိပြီးကြပြီးဖြစ်ရောပေါ့။ မြေပြင်မှာတကယ်လှုပ်ရှားနေရတဲ့ ရဲတပ်သားတွေကို သက်စွန့်ကြေး 1သောင်းပဲပေး အဲ့အချိန် စစ်သားဆို 3သောင်းပေးပြီး အသက်အပိုမပါတာချင်းအတူတူ ဈေးနှိမ်ပေးတာတော့များတာပေါ့။
ဒါတင်ပဲလားဆိုမဟုတ်သေး၊ ခုရက်ပိုင်းဖြစ်သွားတဲ့ ရဲစခန်းတွေအတိုက်ခံရတာဆိုလည်း စစ်တပ်က ဘာပစ်ကူ၊စစ်ကူမှမလာလို့ တစ်စခန်းလုံးကျတာတွေလည်းမနည်းမနောတော့ပါဘူး။ ဒါဟာ ရဲတပ်သားတို့ကို တမင်တကာထိုးကြွေးနေတာနဲ့အတူတူ။

သေချာစဉ်းစားကြည့်ကြပါ။
ရဲတပ်သားတို့ကို သေနတ်အစုတ်တွေပေး ကင်းစောင့်ခိုင်း စစ်ကြောင်းချီခိုင်းပြီး သူတို့စစ်တပ်ကျတော့ နောက်ကြောင်းချီလိုက်လာတာတာမျိုး၊ ဒါ့အပြင် ရဲတပ်သားတွေကိုထိုးကြိတ်၊ ရဲသုံးပွင့်အဆင့်က ဟိုးအောက်ခြေစစ်သားကို တရိုတသေပြောနေရတယ်ဆိုကတည်းက ကိုရွှေဘတို့ကို ဘယ်လောက်တောင် တပ်ကဆွမ်းကြီးလောင်းချင်နေလဲဆိုတာ ပေါ်လွင်နေပါပြီ။

တကယ်တမ်းပစ်ကြခတ်ကြ တိုက်ပွဲတွင်းဟေ့ဆိုရင်လည်း ရဲတပ်စခန်းတွေကိုတောင် ဖရဲသီးဒလန်ပါဆို စစ်တပ်ကကောင်တွေက စွပ်စွဲ ဖမ်းစီးတာတွေလုပ်တာလည်းဒုနဲ့ဒေး။ ရဲတပ်သားဖြစ်ဖို့စာမေးပွဲ တွေ ဖြေရတယ်၊ ပညာတတ်ရတယ်၊ စစ်သားကျဟုတ်ကဲ့အဘလုပ်တတ်ရုံနဲ့တင်ရတယ်။ ဒါတောင်စစ်သားက ရဲတပ်သားကိုစော်ကားတာခံရတယ်။ဒီအချက်အားလုံးကိုကြည့်ရင် စစ်တပ်ဟာ သင်တို့ရဲတပ်ဖွဲ့တွေကို မလောက်လေးမလောက်စား အောက်ဆွဲသာသာ သဘောထားအသုံးချနေတယ်ဆိုတာသိသာစေပါတယ်။

အိုရဲတပ်သားတို့ အတွေးမမှားကြနှင့်။
သင်တို့ရဲတပ်သားတွေဟာ လူထုနဲ့တစ်ချိန်က အတူယှဉ်တွဲနေထိုင်ခဲ့ကြတာမဟုတ်လား။
ခုတော့သူတို့ကိုလူထုကလက်မခံတော့လို့ စခန်းအပြင်တောင်မနည်းထွက်ရတဲ့ဘ၀ရောက်နေခဲ့ပါပြီ။

ဒီဟာတွေအားလုံးကိုအဖက်ဆယ်နိုင်ဖို့အတွက် အခွင့်အရေးလာပါပြီ။
အဲ့တာကတော့ စခန်းလုံးဖြစ်စေ၊ တပ်စိတ်နဲ့ဖြစ်စေ စစ်ကောင်စီတပ်သား‌တွေကိုတွန်းလှန်တိုက်ခိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေး၀န်ကြီးနဲ့ပူးပေါင်းတာပါပဲ။ သင်တို့အနေနဲ့အခုချိန်မှာ သိက္ခာပြန်လည်ရရှိဖို့ လုပ်နိုင်တာကတော့ ကိုင်ထားတဲ့ သေနတ်ပြောင်းကို စစ်ကောင်စီတပ်သားတွေစီလှည့်ချိန်ပြီး ၀မ်း တူး သရီးဆို မောင်းတံလေးကွေးလိုက်ရုံပါပဲ။

ကွေးပြီးတာနဲ့ တစ်ပြိုင်နက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံဆက်သွယ်ခိုလှုံ့နိုင်ပါတယ်။
သင်တို့တင်မက သင်တို့မိသားစု၀င်များပါ သာယာလုံခြုံတဲ့အနာဂတ်ရရှိစေဖို့ PDFတပ်သားများက ကာကွယ်ယူစောင့်ရှောက်ပို့ဆောင်ပေးသွားမှာပါ။

#umcd
Forwarded from HTY Scout Channel
🛑 လှိုင်သာယာ တစ်ထိပ် အပြန်အလှန် ပစ်ခတ်မှုနောက်ဆက်တွဲဖြစ်စဉ် 🛑

အောင်ဇေယျတံတားအဆင်း ၁ထိပ် တံတားအဆင်း ဘန်ကာတွင် မနေ့ ညနေ ၅နာရီခွဲခန့်တွင် စခ၊ရခများ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ နောက်ဆက်တွဲ့ သတင်းအနေဖြင့် ယနေ့မနက် ၈နာရီခွဲအချိန် ခန့်တွင် ၁ထိပ် ဘန်ကာသို့ လှိုင်သာယာ မြို့နယ် အား ကိုင်တွယ်နေသည့် ဗျုဟာမှူးကိုယ်တိုင် လာရောက်ခဲ့သည်ဟုသိရှိရ။ ဗျူဟာမှူးအပြင် ရဲဖက်မှ အရာအရှိအချို့ပါ လာရောက်ခဲ့သည်ဟုသိရ။

မနေ့က စခ၊ရဲ များ တာဝန်လဲလှယ် ချိန်မတိုင်ခင် တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး။ ရဲ နှင့် စခ အကြား ပစ်ခတ်မှုဖြစ်နိုင်ကြောင်း ခန့်မှန်းရ။

လက်ရှိမြို့နယ်အတွင်း စခ များမှ ရဲများပေါ် ဗိုလ်ကျမှုများရှိနေကြောင်းသိရပြီး။ ရပ်ကွက်အတွင်း ဖမ်းစီးမှုအချို့တွင် နယ်ထိန်းများကိုပင် စခ များမှ အသိမပေးပဲ ဖမ်းစီးနေသလို၊ ရပ်ကျေးများ မှလဲ ရဲများအား သတင်းပေးပို့ခြင်းမရှိတော့ဘဲ၊ သတင်းများအား ရဲများအား ကျော်လွန်၍ စခများကိုသာ သတင်းပေးပို့နေကြောင်းသိရ။

မှတ်ချက် ။ အဆိုပါ ဘန်ကာတွင် ရဲ ၃ ခန့် နှင့် စခ ၁ကောင် အမြဲလိုလို နေရာယူထားသည်ကို မြေပြင်သတင်းများအရ သိရ။

@HTYinfo12
Forwarded from Y.S.D Scout Channel
ရန်ကုန်တိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးနှင့်သွေးသောက်အဖွဲ့အစည်းများမှ ပစ်ခတ်ဖောက်ခွဲမှုများကို UG များအသွင်ယူ၍ အများပြည်သူထိခိုက်နစ်နာမှုများရှိလာစေရန် လုပ်ဆောင်လာကြကြောင်းသတင်းရရှိ
================================


ဩဂုတ်လတတိယအပတ်ခန့်မှစတင်၍ လက်ရှိအချိန်အထိဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းအတွင်းရှိပစ်ခတ်မှု၊ ပေါက်ကွဲမှုဖြစ်စဉ်များတွင် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုအောက်တွင်ရှိသောရဲဘော်များအပါအဝင် ကွပ်ကဲရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ထားသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များမှ အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးအတွက် အရေးပါသည့် စစ်ရေးပစ်မှတ်များအား ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းများရှိသကဲ့သို့ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းမရှိသည့်နေရာများ၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်မဟုတ်သည့် လူပုဂ္ဂိုလ်များအား ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်ရပ်များလည်းဖြစ်ပွားခဲ့ပြီး ပြည်သူများ ထိခိုက်၊ သေဆုံးဒဏ်ရာရရှိမှုဖြစ်စဥ်များလည်းရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။


ဆက်စပ်သတင်းများအရ အကြမ်းဖက်စစ်ကောင်စီမှ ရန်ကုန်တိုင်းအတွင်းရှိ ၎င်း၏လက်ပါးစေများဖြစ်သော ပျူစောထီးနှင့် သွေးသောက်အဖွဲ့ဝင်များကို ဖောက်ခွဲရေးအခြေခံ မိုင်းသင်တန်း၊ လက်နက်ငယ်၊ လက်နက်ကြီးပစ်ခတ်မှု အခြေခံသင်တန်းများ သင်ကြားပို့ချမှုများရှိခဲ့ကြောင်းလည်း သိရှိရသည်။ ယခုကဲ့သို့ သင်တန်းပို့ချခဲ့မှုသတင်းများ ကျယ်ပြန့်စွာထွက်ပေါ်လာခြင်းများနှင့်အတူ ရန်ကုန်တိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာအများအပြားတွင် ပစ်ခတ်၊ ဖောက်ခွဲပြီး အများပြည်သူထိခိုက်အောင် လုပ်ဆောင်မှုများ တစ်စထက်တစ်စ ပိုမိုများပြားလာသည်ကိုလည်း တိုက်ဆိုင်စွာ မြင်တွေ့လာရသည်။


" ရန်ကုန်တိုင်းအတွင်း အခုလတ်တလော ဖြစ်ပေါ်နေတဲ့ ပစ်ခတ်မှု၊ ဖောက်ခွဲမှုဖြစ်စဥ်တွေဟာဆိုရင် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းမရှိဘဲ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အရေအတွက်တွေက ပိုမိုများပြားတာကို တွေ့ရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်တော့ စကစရဲ့လက်ပါးစေအဖွဲ့အစည်းများမှ မြို့ပြပြောက်ကျားတပ်ဖွဲ့များအဖြစ် အသွင်ယူကာ ပစ်ခတ်၊ ဖောက်ခွဲမှုများပြုလုပ်လာကြတာဖြစ်ပြီး ပြည်သူများအထိတ်တလန့်ဖြစ်စေရန်နှင့် တော်လှန်ရေးရဲဘော်များအပေါ်ပြည်သူများအထင်အမြင်လွဲမှားစရာများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာခြင်းများဖြစ်ကြောင်းယူဆရပါတယ်။ မိမိတို့မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များအနေနဲ့ ပြည်သူကို ထိခိုက်နစ်နာအောင် လုပ်ဆောင်မှာမဟုတ်ဘူးဆိုတာကိုတော့ ပြည်သူတွေအနေနဲ့ ယုံကြည်ထားစေချင်ပါတယ် " ဟူ၍ ရန်ကုန်တိုင်းစစ်ဆင်ရေးရုံး သတင်းမှတ်တမ်းနှင့်ထောက်လှမ်းရေးဌာန တာဝန်ခံအား ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။


အထက်ပါကိစ္စရပ်များ ပိုမိုဖြစ်ပွားလာနိုင်ပါသဖြင့် ပြည်သူအများအနေဖြင့် မိမိတို့သွားလာနေထိုင်ရာပတ်ဝန်းကျင်များတွင် ယခင်ကထက် ပိုမိုကာသတိထားသွားလာကြပါရန်နှင့် တော်လှန်ရေးရဲဘော်များအယောင်ဆောင်ကာ ပြည်သူများအား ဦးတည်တိုက်ခိုက်မှုများရှိလာနိုင်သည်ကို အစဉ်အမြဲသတိချပ်၍နေထိုင်သင့်ကြောင်း အကြံပြုတိုက်တွန်းရင်း အသိပေးအပ်ပါသည်။


#YSD

@YSDinformer

https://www.facebook.com/102001099036768/posts/pfbid02UYyMj3kLdXXpcMhhC5tshzyjwsiaCwm2VBxULkxJtdtCmZtmyQjgp1iqd38Um1XXl/
Forwarded from 🦅Eagles News🦅
🎓 ကြည့်မြင်တိုင် 🎓

🎏🎏  ကြည့်မြင်တိုင် ကမ်းနားလမ်းအတိုင်း ငါးဈေးဘက်မှ ညဈေးဘက်သို့ စခ DC ၁ စီး ဦးတည်သွားကြောင်း သတင်းပေးပို့ ရရှိ ။

EN®️Scouter

🦅EN🦅 🕒  9:25 AM 🦋🦋

သတင်းပို့ရန် 👉 https://t.me/EN21scouter

ပိုမိုလေ့လာရန် 👉 https://t.me/UOEnews
Forwarded from Sanchaung Scout Channel
Drone
*
ကြည့်မြင်တိုင်နဲ့ အလုံ ထိစပ် အပေါ်
တစ်စင်း ရှိ
*
8:09 PM
@SanchaungScout
စက်တင်ဘာ ၁၃၊ ၂၀၂၂ ပန်းပင်နီလမ်းဖြစ်စဥ် 🔴

အကြမ်းဖက်သူပုန်စစ်တပ်မှ အိမ်စီးကားများ၊အရပ်ဝတ်များဖြင့် သေနတ်ပစ်ခတ်ဖမ်းဆီး၊ ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့အစည်းများမှရဲဘော် (၁၅) ယောက်ကျော် အဆက်အသွယ်ပြတ်တောက်နေ

ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)တွင် လူထုတေးသံသီချင်းသံပြိုင်သီဆို၍ "UN Prove Your Existence For Justice" စာသားကိုကိုင်ဆွဲကာ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ပြည်သူ့အစိုးရကိုယ်စားပြုဖြစ်ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြစဥ်
အကြမ်းဖက်သူပုန်စစ်တပ်မှ အိမ်စီးကားများကိုအသုံးပြုကာ အရပ်ဝတ်များဖြင့် သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့ကြသည်။

အဆိုပါအကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်တွင်

- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)

- Myanmar Labour Alliance

- ဗမာ့လူငယ်ကွန်ရက်

- ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ

- Owl Community 

- သတင်းထောက်များ အစရှိသောအဖွဲ့အစည်းအသီးသီးမှ အမျိုးသမီး၊အမျိုးသား၊LGBTQ နှင့်
အသက်မပြည့်သေးသောလူငယ်များ စုစုပေါင်း (၁၅) ယောက်ကျော် အဆက်အသွယ်ပြတ်တောက်လျက်ရှိပြီး ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကိုမသိရ၍ အဖွဲ့အစည်းအသီးသီးနှင့် မိသားစုဝင်များမှအကြမ်းဖက်သူပုန်စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်ဆက်မှုများအပေါ် အသက်အန္တရယ်ထိခိုက်မှုရှိမည်ကို အထူးစိုးရိမ်နေလျက်ရှိပါသည်။

#ကြည့်မြင်တိုင် #ပန်းပင်နီလမ်း
#OCTOPUS #ရေဘဝဲ
ကြည့်မြင်တိုင်
*
ရခ အချုပ်ကား တစ်စီး အရှေ့ခန်း ရခ (၂) ပါ အနောက်အချုပ်ခန်းလူပါ
ဆင်မင်းဈေး မှ သစ်တောသို့ဦးတည်
*
12:12 PM
📬@Inform_RSN
ကြည့်မြင်တိုင်
*
စခ DC တစ်စီး အနောက် (၄)၊ အရှေ့ (၂) ဆင်မင်းဈေး မှ ဈေးဟောင်းသို့ (ဝီစီ တစ်ချက်မှုတ်ပြီး ပုံမှန်အရှိန်ဖြင့်မောင်း)
*
12:13 PM
📬@Inform_RSN
‼️‼️ Moon Halo is coming soon🌙🌙🌙

မြို့ပြပျောက်ကြားများကို ဘာ့ကြောင့် စဥ်ဆက်မပြတ် ထောက်ပံ့ဖို့ လိုအပ်တာလဲ...

စကစ ၏ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများကြောင့် မြို့ပြဒေသများတွင်လျှို့ဝှက်လှုပ်ရှားနေကြရသော မြေအောက်ပျောက်ကြားတပ်ဖွဲ့များ၏ ရပ်တည်ရှင်သန်ရေးမှာအများအပြား ထိခိုက်မှုများရှိလာခဲ့သည် ။
အရေးအကြီးဆုံးမှာ စစ်ကောင်စီ၏ မိသားစုများ ၊ ပိုင်ဆိုင်မှုများနှင့် ၊ အုပ်ချုပ်ရေး ယန္တရားတည်ဆောက်ရေးတို့ကို အနီးကပ်ခြိမ်းခြောက် ဟန့်တားနေသော  မြို့ပြပျောက်ကြားလှုပ်ရှားမှုများ ဆက်လက်အရှိန်ကောင်းနေမှသာ စကစအနေဖြင့် ခိုင်မာစွာ အာဏာတည်ဆောက်ရေးကို မပြုလုပ်နိုင်မည်ဖြစ်သည်။
ထိုသို့  အရေးပါလှသော တာဝန်ကို ထမ်းဆောင်နေသည့် မြို့ပြ ပျောက်ကြားတပ်ဖွဲ့များမှာ  ခက်ခဲစွာရုန်းကန်ရှင်သန်နေရသလို၊ အင်အားများ ဖြည့်တင်းပေးရန် အလိုအပ်ဆုံးအချိန်ကိုလည်း ရောက်ရှိနေပြီဖြစ်သည်။

ထို့‌ကြောင့် "ပြည်သူနှင့်ပျောက်ကြား၊ရေနှင့်ငါး" ဟုဆိုရိုးရှိသကဲ့သို့ ၊  တကမ္ဘာလုံးရှိ နိုင်ငံသားများ၏ အင်အားဖြင့်  စဥ်ဆက်မပြတ် ထောက်ပံ့သွားရန် လိုအပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်သူအားလုံး ပူးပေါင်း တခဲနက်ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုက်ရပါတယ်။

#MoonHaloProject
@HTYinfo12
Kyimyindaing Scout Channel
Photo
အဆုံးထိ လျှောက်ခဲ့ကြသူများ...
=======================

၂၀၂၁ ခုနှစ် စက်တင်ဘာလလယ်မှာ ကျနော်တို့လုံခြုံရေးအခြေအနေ မကောင်းတော့ဘူးဆိုတာသိရပြီ။ ဒါပေမဲ့ ချက်ချင်းနေရာရွှေ့ဖို့က ထုတ်လုပ်ရေးပစ္စည်းတွေနဲ့ရုတ်တရက် ရွှေ့လို့မဖြစ်၊ တော်လှန်ရေးအလုပ်တွေကလည်း ဆက်တိုက်လုပ်နေရ။ မြေပြင်သပိတ်ဆိုင်ရာအလုပ်တွေကလည်း ရှိနေပြန်...

စစ်အာဏာရှင်တွေကို နာကျည်းပြီးရင်း နာကျည်းမှုတွေထဲ မြေပြင်သပိတ်တိုက်ပွဲမှာ တွေ့ကြုံခဲ့ရတဲ့ ရက်စက်မှု တွေက ဘယ်တော့မှ မပျောက်ပျက်တော့မယ့် သေရာပါ နာကျည်းမှုတွေ ဖြစ်ခဲ့ပြီ။ ရှေ့မှာကျဆုံးသွားတဲ့ သူရဲကောင်းအာဇာနည်တွေအတွက်၊ အဲဒီ့နာကျည်းချက်တွေနဲ့ပဲ တော်လှန်ရေးတာဝန်တွေကို ကျနော်တို့ တနင့် တပိုး ယူခဲ့မိတာ ဖြစ်ပါလိ့မ်မယ်။

တော်လှန်ရေးတာဝန်တွေ တနင့်တပိုး ထမ်းဆောင်နေကြတဲ့ လူကြီး၊ လူငယ်မရွေး မျိုးဆက်အသီးသီးထဲမှာ ကျနော်တို့ လေးယောက်လည်း ပါခဲ့ကြတယ်။ ကျနော်…ကျော်ကြီး၊ ကျနော်…ပစ်ကြီး၊ ကျမ…ခင်ခင်ကြွယ်၊ ကျနော်…စတီဗင် ခေါ် ဇင်လင်း။

စမ်းချောင်း၊ မြေနီကုန်းဘက်က တိုက်ခန်းလေးတစ်ခန်းထဲမှာ စုနေကြရင်း အဲဒီ့နေ့က၊ အဲဒီ့နေ့ဆိုတာ ၂၀၂၁၊ စက်တင်ဘာ ၂၅ ရက်နေ့က ကျနော်တို့လေးယောက် ဒီလိုတိုင်ပင်ဖြစ်ခဲ့ကြတယ်။ ရန်သူက ငါတို့ဆီ ရောက်လာခဲ့ ရင် ဘာလုပ်ကြမလဲ။ အားလုံးတညီတညွတ်တည်း ရန်သူ့လက်တော့ အကျမခံ၊ ခုခံရင်း အဆုံးထိ လျှောက်ကြ မယ်။

ည ၁ နာရီနဲ့ မိနစ် ၂၀ အထိ ကျနော်တို့ ရဲဘော်တွေနဲ့ Telegram, Signal တွေကနေ အဆက်အသွယ်ရနေတယ်။ ရဲဘော်တွေကို ကျနော်တို့လေးယောက် ဆုံးဖြတ်ထားတာ ပြောပြလိုက်ပြီ … ဒါပေမဲ့ ဘယ်သူ့ကိုမှ နုတ်ဆက် တယ်လို့မပြောဘူး၊ ကျနော်တို့ဟာ ရဲဘော်တွေအားလုံးနဲ့အတူ တော်လှန်ရေးအောင်ပွဲရတဲ့အထိ အဆုံးထိ ဆက်ရှိ နေမယ်ဆိုတာ ယုံကြည်လို့။

ဟော … ရန်သူတွေလာနေပြီ၊ ဝိုင်းနေပြီ …..၊ အားလုံးအသင့်။ ငါတို့ ငုံမခံ၊ ရန်သူ့လက်ထဲ အကျမခံ၊ အမိမခံ၊ ဖောက်ထွက်ကြမယ်။

ရန်သူ့ကျည်တွေက စပစ်နေပြီ၊ ကျနော်တို့လည်း ပြန်ပစ်ရင်း ပစ်ရင်း ပစ်ရင်း ဖောက်ထွက်ခဲ့ကြတယ် …
ရဲဘော်တို့ရေ … ကျနော်တို့ အဆုံးထိ လျှောက်ခဲ့ကြပါပြီ။

(ရဲဘော်တို့ …
ဒီနေ့ဟာ ရဲဘော်တို့ရဲ့ ပိုင်းဖြတ်စွန့်လွှတ် စွန့်စားခဲ့မှုဟာ ၁ နှစ်တာကာလ ပြည့်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
ရဲဘော်တို့ရဲ့ သူရဲကောင်းပီသစွာ စွန့်လွှတ်စွန့်စားမှုကို ငါတို့ ကျန်ရစ်သူ ရဲဘော်များအားလုံး ရင်ထဲ အသည်းထဲ နှလုံးသားထဲမှ ကမ္ဗည်းထိုး ဂုဏ်ပြု မှတ်တမ်းတင်လျက်ရှိပါတယ်။
ရဲဘော်တို့ရဲ့ ပိုင်းဖြတ်မှု နဲ့ စွန့်လွှတ်စွန့်စားမှုကို စံနမူနာယူပြီး နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမှာဖြစ်ပါကြောင်း သစ္စာဓိဌာန်ပြုလိုက်ပါတယ်။
ရဲဘော်တို့ မြင့်မြတ်ရာ ဘုံဌာနမှာ ငြိမ်းချမ်းကြပါစေ။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင်တို့ကို ဒူးမထောက်၊ လက်မမြှောက်ဘဲ၊ ပြန်လည် ခုံခံရင်း သူရဲကောင်းများပီသစွာ အဆုံးထိလျှောက်ခဲ့ကြသည့် ကိုစတီဗင် ခေါ် ဒေါက်တာဇင်လင်း၊ သူနာပြုဆရာမ မခင်ခင်ကြွယ်၊ ကိုပစ်ကြီး၊ ကိုကျော်ကြီးတို့ကို ဦးညွှတ်အလေးပြုလျက် ….. )

#RF

#YSD