Kyimyindaing Scout Channel
191 subscribers
423 photos
52 videos
280 links
Download Telegram
Kyimyindaing Scout Channel
Photo
❝Accept NUG and Our Ambassador, Reject Dictator❞

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”
════════════════════

အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။

တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့‌သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သ‌ဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။

ဒါ့အပြင်၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ ဖက်ဆစ် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။

ပြည်သူ‌အပေါင်းတို့ခင်ဗျား-

ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်ခင်ဗျား။ အားလုံးအတူတကွ ဝိုင်းကြ၊ ဝန်းကြ တိုက်ပွဲဝင်ကြပါစို့။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။

#AcceptNUG

#AcceptOurAmbassador

#RejectDictator

#CredentialCampaign

#SaveMyanmar

#AcceptNUGRejectMilitary

#UN_ProveYourExistence4Justice

#UKyawMoeTunisOurAmbassador

#YSD
ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “ UN Prove Your Existence for Justice” စာသား ချိတ်ဆွဲ
=======================================


ကမ္ဘာ့ကုလသမဂ္ဂစင့်မြင့်ထက်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ရေးအတွက် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့တွင် “ UN Prove Your Exsitence for Justice “ စာသားကို ယနေ့မနက်တွင် ချိတ်ဆွဲ ခဲ့ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည်ဟုဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကိုလေးစားရန်နှင့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြရန် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု မှ အလေးအနက်တိုက်တွန်းသည်။

#UKyawMoeTunisOurAmbassador
#UN_ProveYourExistence4Justice
#AcceptNUGRejectMilitary
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#AJAY