Kyimyindaing Scout Channel
196 subscribers
422 photos
51 videos
277 links
Download Telegram
Forwarded from Y.S.D Scout Channel
⚠️ စမ်းချောင်း ⚠️

ဩဂုတ်လ ၁၃ ရက် မနေ့ည ၁၀ကျော်ခန့်က မြေနီကုန်း ဓမ္မာရုံလမ်းနှင့်ဗိုလ်မိုးလမ်းထဲသို့ စစ်ကားကြီးသေး ရဲကားကြီးသေး စုစုပေါင်းအင်အား၅၀ ခန့် ကားအစီးရေ ၁၂ စီးခန့်ဖြင့် ဧည့်စာရင်းစစ်ဆေးများပြုလုပ်ခဲ့ကာ အပြစ်မဲ့ပြည်သူ ၂၀ ခန့်ဖမ်းဆီးခံလိုက်ရကြောင်းသိရပါသည်။ ထိုသို့ဖမ်းဆီးရာတွင် ပြည်သူတချို့အား ရိုက်နှက် ကန်ကျောက်ကာ FAWကားပေါ်သို့တင်ဆောင်သွားသိရှိရပြီး ယခုအချိန်အထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းလည်း သိရှိရပါသည်။

ယခုည၌လည်း အဆိုပါ နေရာအတွင်းသို့ ဧည့်စာရင်းထပ်မံဝင်ရောက်နိုင်ပါသဖြင့် ဂရုစိုက်နေထိုင်ကြပါရန် အသိပေးနှိုးဆော်ပါသည်။

8:17PM
@YSDinformer
⚠️⚠️⚠️

ကမ်းနားလမ်း​ပေါ် မြို့ထဲမှအလာ စံပြငါးဈေးအကျော်တွင် စခ ၊ ရခ အများအပြားမှ ကားများနှင့် လမ်း​​ဘေးမှလမ်းလျှောက်သူများ အဓိက ယော်င်္ကျားလေး များကို စစ်နေပါတယ်။ ဖုန်းများနှင့် ကားနောက်ဖုံးများကိုပါဖွင့်ရှာ​နေပြီး အင်အားအတော်များ​ကြောင်းသတင်းရရှိပါတယ်။

လမ်းသွားလမ်းများ၏ဖုန်းတွေလည်း ယူစစ်ပါတယ်။

9:00 AM

@YSDinformer
Delayed

ကမ်းနားလမ်း ဆီကန်ရှေ့ စခ DC 2 စီး၊ ရခ FAW ကား ၁ စီးရပ်ထားပြီး ဆီကန်ဝန်းထဲမှ လူအချို့နှင့် စကားပြောနေ။

11:10 PM

@YSDinformer

သတင်းပေးရန်
ရေ ဘ ဝဲ အောင် သံ 🚩
(ရုပ်/သံ ကြည့်ရှုရန်အောက်ပါလင့်ကိုနှိပ်ပါ)

https://www.facebook.com/101804595415892/posts/pfbid0381uttv2DAnnfXcVKbjpxotuVfQ5dvgNyCUrEbjqCaBMH7rVrsaVcvp1LZ8haxMB5l/

📸 - လူငယ့်ခေတ်
Forwarded from Y.S.D Scout Channel
⚠️⚠️ စမ်းချောင်း

မြေနီကုန်း Sprit ဆိုင်အကျော် ကုက္ကိုပင်အောက် ဖုန်းတွေပါ ယူစစ်နေ
လူငယ် 4 ယောက်ကို ဝိုင်းပီး စစ်ခံနေရ

4:42 PM
@YSDinformer
၅/ ၊ ၈/ ၊ ၉/ ပါ တီရှပ်များ ဝတ်ဆင်လျှက်  ဖိနှိပ်ခံနေရသော ၅/ ၊ ၈/ ၊ ၉/ ကိုင်ဆောင်ထားသူ လုပ်သားတို့နှင့် ရပ်တည်လျက်ရှိကြောင်း ဆန္ဒထုတ်ဖော် သပိတ်မှောက်

ရန်ကုန် ၊ ဩဂုတ် ၂၅
       အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် ယင်းလက်အောက်ခံ လက်ပါးစေ လုပ်ငန်းရှင်တို့သည် ကျွန်ုပ်တို့ ပြည်ထောင်စုဖွားတိုင်းရင်းသား များဖြစ်ကြသည့် စစ်ကိုင်းတိုင်းဒေသကြီး (၅/ ) ၊ မကွေးတိုင်းဒေသကြီး (၈/)  ၊ မန္တလေးတိုင်းဒေသကြီး(၉/) တို့မှ ရွှေ့ပြောင်း လုပ်သားတို့အား ဖိနှိပ် မှုများ ဖြစ်ပွားလျက်ရှိသည်။

      ယနေ့ တွင် ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် (၅/) (၈/) (၉/) ပါ တီရှပ်များဝတ်ဆင်လျှက် သပိတ်မှောက်ကာ ထိုဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်း ထုတ်ဖော် ပြသခဲ့ကြသည်။

     ထိုလှုပ်ရှားမှုအား လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

#ဘယ်(/) မျဉ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ
#Youthsunioncentre
Kyimyindaing Scout Channel
Photo
သာတူညီမျှတဲ့အနာဂတ်ဘဝ ရွှေ့ပြောင်းလုပ်သားတို့အားနဲ့ထောက်ကူကြ" 🔥🔥🔥

Yangon Drone page မှပြုလုပ်သော "သာတူညီမျှတဲ့အနာဂတ်ဘဝ ရွှေ့ပြောင်းလုပ်သားတို့အားနဲ့ထောက်ကူကြ" ကမ်ပိန်း ဆင်နွှဲခဲ့ကြသော၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်ကော်မတီနှင့် ပြည်တွင်းပြည်ပလုပ်သားပြည်သူများ

ဩဂုတ် ၂၆
ရန်ကုန်

ကျနော်တို့ရဲ့နွေဦးတော်လှန်ရေးဟာ အရှိန်အမြင့်ဆုံးကိုရောက်ရှိလာတာနဲ့အမျှ ရှေ့တန်းစစ်မျက်နှာအတွက် လက်နက်ခဲယမ်းလိုအပ်မှု၊ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆေးဝါးလိုအပ်မှု၊ မြေပြင်သပိတ်များအတွက် အထွေထွေအသုံးစရိတ်လိုအပ်များဟာလည်း ပိုမိုလိုအပ်လာတဲ့အခြေအနေတရပ်ကိုရောက်ရှိလာခဲ့ပါပြီ။

ပြည်တွင်းနေပြည်သူများအနေနဲ့လည်း စီးပွားရေးပျက်စီးခြင်းကပ်ဆိုက်နေသလို စစ်ကောင်စီ၏ ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံမှကြံ့ကြံ့ခံလျက် တောင့်ခံရင်ဆိုင်လျက်ရှိနေတာ ရဲဘော်များအသိဆုံးပင်ဖြစ်ပါတယ်။

ဒါကြောင့်ပြည်ပမှရောက်ရှိနေသောပြည်သူများ၊ရွှေ့ပြောင်းအလုပ်သမားများကကျနော်တို့ရဲ့တော်လှန်ရေးမှာအားဖြည်းဖို့လည်းအရေးကြီးပါတယ်။အမိမြေအတွက်တတ်နိုင်ရာကနေလှူကြ၊ကူကြပါလို့လည်းပြောကြားချင်ပါတယ်။

ပြည်သူမှဦးဆောင်တဲ့ပြည်သူ့အရေးတော်ပုံမုချအောင်ရမည်။

#သာတူညီမျှတဲ့အနာဂတ်ဘဝ_ရွှေ့ပြောင်းလုပ်သားတို့အားနဲ့ထောက်ကူကြ
#YangonDrone #ကူပါ #လှုပါ #အချိန်ရသလောက်ကလစ်ကြပါ
ဒေါက်..ဒေါက်...ဒေါက် အိမ်ရှင်တို့ရှင် 🙏
ပြည်သူ့အသဲ ရေဘဝဲတွေအတွက်
အလှူခံလာပါပြီရှင် 🐙

ရန်ကုန်မြို့ရဲ့ အကြမ်းမဖက် အာဏာဖီဆန် စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုတွေကို ပြည်သူလူထုနဲ့အတူ ရပ်တည်တော်လှန်နေတဲ့ ညီမတို့ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)အတွက် လကုန် ၅၀၀၀ ကျပ် အလှူခံအစီအစဉ်လေးရောက်ရှိလာခဲ့ပါပြီရှင် 💸

ညီမတို့ရဲ့မိဘပြည်သူတွေအနေနဲ့ အခုလိုလစာထုတ်ရက်လေးမှာ ကိုယ့်ရဲ့ဝင်ငွေအချို့ကို တော်လှန်ရေး မှာပါဝင်နေတဲ့ မြေပြင်အဖွဲ့အစည်းတွေအတွက် တိုက်ရိုက်လှူဒါန်းမယ်စိတ်ကူးထားရင် ညီမတို့ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကိုလည်းသတိရပေးပါလို့မေတ္တာရပ်ခံချင်ပါတယ်ရှင် 🙏

ဆက်သွယ်ရန် 💌

OCTOPUS Facebook Page Chat Box
https://www.facebook.com/octopusyangon/

#OCTOPUS #ရေဘဝဲ