Kyimyindaing Scout Channel
196 subscribers
423 photos
51 videos
279 links
Download Telegram
သွေး တစ်စက်

ကျနော်တို့ဟာ အတ္တသမားတွေပါ။ ဘာလို့ဆို ကျနော့်တို့ ခန္ဓာမှာ ခြစ်ရာလေးတစ်ခု သွေးစက်လေးတစ်စက် ဖြစ်ခဲ့ရင်တောင် အတော် သည်းမခံနိုင်တဲ့ လူသား မျိုးနွယ်မို့ပါ။

ခြစ်ရာ ပွန်းရာ တွေ ကြုံခဲ့ရင်တောင် စုတ်တချက်ချက်မလား။

ဒါဆို ဒီသွေးတစ်စက်က အတော် အရေးပါတယ် ယူဆလို့ရတဲ့ အရာပေါ့။

ကျနော်တို့ရဲ့ အတ္တ လူ့သဘောမှာ သွေးတစ်စက်တောင် အရေးပါနေပြီဆို ‌သွေးငွေတွေက ပိုတောင် အရေးပါဦးမယ် မဟုတ်လား။ဒါက ၂၁ရာစုရဲ့ နွေဦးတော်လှန်ရေးကိုး။ နွေ‌ဦးတော်လှန်ရေးလို့ဆိုတာနဲ့ အသက်တွေ ချွေးတွေ သွေးတွေ ကျား မ မရွေး ကိုယ်စားပြု တော်လှန်မှု့တွေဟာ တစ်စိမ့်စိမ့် စီးဆင်းနေတဲ့ အရေးတော်ပုံကြီးမလား။

ကျွန်တော်တို့ ခန္ဓာက သွေးစက်လေးတစ်စက်တောင် အဆုံးရှုံး မခံနိုင်တဲ့ လူ့အာဂတွေဟာ သွေးငွေတွေကို မဖြတ်တောက်တာမျိုးကျ မဖြစ်သင့်တဲ့ လုပ်ရပ် မဟုတ်ဘူးလား။ ဒါဆို သွေးစွန်းနေတဲ့ သွေးငွေတွေက တကယ်ဖြတ်ဖို့ လိုနေပါပြီ။ တကယ်လဲ ဖြတ်နေပြီလား။

သွေးငွေဆိုတာ ဘာလဲ။

သွေးငွေဆိုတာ စစ်အာဏာရှင်တစ်ခုလုံး အသက်ရှင်ဖို့ ထောက်ပံ့နေတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ ဒေါ်လာငွေတွေပဲ ဖြစ်ပါတယ်။ ဒီဒေါ်လာငွေအားလုံးကို MOGE ( Myanmar Oils and Gas Enterprises)ဦးဆောင်ပြီး PTT ( Petroleum Authority of Thailand )က တာ၀န်ယူ ပေးဆောင်နေတဲ့ ဒေါ်လာငွေ ( ရေနံငွေ )တွေပါ။

ဖေဖော်ဝါရီလထုတ် Nikkie Asia ရဲ့ ထုတ်ပြန်ချက်အရ စစ်အကြမ်းဖက်ဟာ 2022 ခုနှစ်အတွင်း ဒေါ်လာ သန်း 3900 ရရှိခဲ့ပါတယ်။ ဒေါ်လာသန်း 3900 ပါ။ 3900နော်။

ကျနော်‌တို့ တော်လှန်ရေးဟာ ကျနော်တို့ရဲ့ လုပ်ရပ်အပေါ် အများကြီး မူတည်နေပါတယ်။ အရေးတော်ပုံကြီး ပြီးမယ့်အချိန်ကို စောင့်နေတာထက် သွေးငွေတွေ ဖြတ်ပြီး စောင့်နေတာက အရေးတော်ပုံ အောင်မြင်ဖို့ ပိုနီးစပ်ပါတယ်။

အခုဆိုရင် သွေးစွန်းငွေ ဖြတ်တောက်ရေး ကမ်ပိန်းက တတိယအကြိမ်မြောက် သွေးငွေ ဖြတ်တောက်ရေး လူပ်ရှားမူကြီး စတင်ပါတော့မယ်။ ဒီလှူပ်ရှားမှုမှာ ဘာတွေပါ၀င်မလဲ။

တော်လှန်မိတ်ဆွေတို့ရေ အခုလာမယ့် မတ်လ ၁၁ ရက်နေ့ ကစပြီး ၁၉ ရက်နေ့အထိ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာ သွေးစွန်ငွေဖြတ်တောက်ရေးလှုပ်ရှားမှု လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မြေပြင် သပိတ်လှုပ်ရှားမှုတွေ နဲ့အတူ တော်လှန်လူထု တစ်ဦးချင်းစီတိုင်း အွန်လိုင်း လှုပ်ရှားမှုတွေမှာ ပါဝင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

- ဓာတ်ပုံ ကမ်ပိန်းများ ( မတ်လ ၁၁ မှ ၁၃ရက်ထိ)
- Twitter Mass Trending လှုပ်ရှားမှုများ ( မတ်လ ၁၁ မှ ၁၂ထိ)
- Google Map ကမ်ပိန်းများ ( မတ်လ ၁၅ မှ ၁၆ ထိ)
- အီးမေး ကမ်ပိန်းများ ( မတ်လ ၁၈ မှ ၁၉ထိ )

စတဲ့ အစီစဉ်တွေမှာ ပါဝင်ပေးခြင်းအားဖြင့် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်ကြပါစို့။

ကျွန်တော်တို့ရဲ့ သွေးတစ်စက်ဟာ အာဏာရှင် အသက်ဆက်ရှင်ဖို့ သွေးငွေ( ရေနံမှ ရသော ဒေါ်လာငွေ ) မဖြစ်စေရပါဘူးဟု သန္နိဌာန်ပြုရင်း....

#US_SanctionMOGE
#TakeAction_NoMoreWord
#PTT_StopSponsoringJunta
#PTT_MustStopPaymentToJunta