Kyimyindaing Scout Channel
188 subscribers
423 photos
52 videos
280 links
Download Telegram
Boycott ကြမယ်ဟေ့ 🚫
မဝယ်ဘူး၊ မရောင်းဘူး၊ ရောင်းသူဝယ်သူမရှိ

အခု ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမယ့် “ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ” ရဲ့ ဗွေဆော်ဦးခြေလှမ်း လာပါပြီ။

၁။ မြန်မာ ဘီယာ (Myanmar Beer)

၂။ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)

၃။ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)

၄။ မန္တလေး ဘီယာ၊ ရမ် (Mandalay)

၅။ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)

၆။ အာမီရမ် (Army Rum)

၇။ Red Ruby စီးကရက်

၈။ Premium Gold စီးကရက်

စုစုပေါင်း (၈) မျိုး

ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ “စစ်တပ်ပိုင် အရက်ဘီယာနဲ့ စီးကရက်” အုပ်စုပဲ ဖြစ်ပါတယ်။ ဒီအရက်ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ တပ်ပိုင်ကုန်စည်အမျိုးအစားအနေနဲ့ဆို ဒီကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ။

စစ်အုပ်စုအတွက် လက်နက်ဖိုး ဖြည့်ပေးနေတဲ့ ဒီကုန်စည်တံဆိပ် (၈) မျိုးနဲ့ပတ်သတ်ပြီး ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြမယ့် တိုက်ပွဲဦးတည်ချက်က ဒီလိုပါ  -

➤ ဦးတည်ချက်-ဒီတပ်ပိုင်ကုန်စည်တွေရဲ့ လက်ရှိစုစုပေါင်း ရောင်းအားရဲ့ (၇၀%) အထိ ထိုးကျသွားဖို့ ဦးတည်ပြီး ချကြ။

➤ အချိန်-အခုကနေစပြီး အချိန် (၂) လအတွင်း

ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့
လှဲဖြို၊ ဖြတ်တောက်ကြပါစို့။

ဘဏ္ဍာရေးတိုက်ပွဲ၊ ပြည်သူတရပ်လုံး ဆင်နွှဲကြလော့ !

#financial_warfare
#GSCB #OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
Media is too big
VIEW IN TELEGRAM
အရူးတိတ်စေမဲ့ ဘူးသပိတ် (Boycott🚫)

အကြမ်းဖက်စစ်တပ်ထုတ်ကုန် မရောင်းမဝယ်မသုံးစွဲ
“ဘဏ္ဍာရေးနဲ့ စီးပွါးရေးတိုက်ပွဲ”

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#financial_warfare #Boycott
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM