Kyimyindaing Scout Channel
201 subscribers
416 photos
47 videos
277 links
Download Telegram
Forwarded from Z Fighter News [︎]
ကြည့်မြင်တိုင်၊ သရက်တော ၅ လမ်း အုပ်ကြီး မြင့်ထွေး နေအိမ်နှင့် ကားကို YUG ပြောက်ကျားအဖွဲ့က ဖောက်ခွဲသတိပေး

📌Z Fighter March 16📌

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော ၅ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူး မြင့်ထွေး၏ နေအိမ်နှင့် ကားကို YUG မြို့ပြပြောက်ကျားအဖွဲ့က ယနေ့နံနက်တွင် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူး မြင့်ထွေး၏ နေအိမ်အတွင်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပြီး၊ ၎င်း၏ ကားကိုပါ ချိန်ကိုက်မိုင်းတပ်ဆင် ဖောက်ခွဲခဲ့ကြောင်း၊ လူထိခိုက်မှု မရှိကြောင်း YUG အဖွဲ့က ဆိုသည်။

မြင့်ထွေးသည် သပိတ်လူငယ်များအား ဖမ်းဆီးရာတွင်ပါဝင်ခြင်း၊ စစ်ကောင်စီကို သတင်းပေးခြင်းများ ပြုလုပ်နေခြင်းကြောင့် ၎င်း၏နေအိမ်နှင့် ကားကို သတိပေးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။[KhitThitMedia][Z-F]

ဓါတ်ပုံ - အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ မြင့်ထွေး

#Adm_2
#z_fighter