ဝန်ကြီးဌာန CDM ဆင်လေးများ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများ မျှဝေခြင်း
===============
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ CDM ဆင်များနှင့် ဆင်ဦးစီးဝန်ထမ်းများ ထောက်ပံ့နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း လက်ခံရရှိခဲ့သည့် ပြင်ပအလှူရှင်၏ လှူဒါန်းမှုငွေများကို ဆင်ဦးစီးဝန်ထမ်းများ၏ စားဝတ်နေရေး အထောက်အပံ့နှင့် ဆင်များအတွက် ဖြည့်စွက်စာ၊ ဆေးဝါးများဝယ်ယူရန် ခွဲဝေထောက်ပံ့ပေးခဲ့ပါသည်။
ယင်းလှူဒါန်းငွေဖြင့် ဆင်များအတွက် ကာကွယ်ဆေးထိုးနှံပြီးစီးခြင်း မှတ်တမ်းဓာတ်ပုံများအား မျှဝေခြင်းဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#MONREC
#NUG

“၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးထုတ်ပြန်ချက်”
====================
နှစ်စဥ် ဇွန်လ (၅) ရက်နေ့သည် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုကို နှိမ်နင်းကြအာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြ” (Beat Plastic Pollution) ဖြစ်သည်။
ကမ္ဘာပေါ်တွင် နှစ်စဥ် ပလတ်စတစ် တန်သန်းပေါင်း ၄၀၀ ကျော် ထုတ်လုပ်လျက်ရှိပြီး တစ်ဝက်ခန့်မှာ တစ်ခါသုံးပလတ်စတစ်များအဖြစ် ထုတ်လုပ်ခြင်းဖြစ်သည်။ ၁၀% အောက် လျော့နည်းသော ပမာဏကိုသာ ပြန်လည်ပြုပြင် ထုတ်လုပ်ကြခြင်းဖြစ်သည်။
ပလတ်စတစ်ကို တွင်ကျယ်စွာအသုံးပြုခြင်းဖြင့် အကျိုးများစွာရရှိစေသော်လည်း ပလတ်စတစ် ညစ်ညမ်းမှုကြောင့် သက်ရှိတို့၏ အသက်ရှင်နေထိုင်မှုကို ထိခိုက်စေရုံသာမက ပတ်ဝန်းကျင် ဂေဟစနစ်များကိုပါ ဆိုးကျိုးသက်ရောက်စေသည်။
3R စနစ် (Reduce Reuse, Recycle-လျှော့ချမှု၊ ပြန်လည်အသုံးပြုမှု၊ ပြန်လည်ပြုပြင်ထုတ်လုပ်မှု) ကို ကျင့်သုံးခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရန် မိမိကစ တစ်ပိုင်တစ်နိုင် ပါဝင်ဆောင်ရွက်ကြပါစို့။
ပလတ်စတစ်ညစ်ညမ်းမှုကဲ့သို့ပင် မြန်မာနိုင်ငံသူ/သားတို့၏ လူမှုဘဝများကို ဖျက်ဆီးနေသည့် အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်တွန်းလှန်သွားရန် တိုက်တွန်းသောအားဖြင့် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “ပလတ်စတစ်ညစ်ညမ်းမှုကို နှိမ်နင်းကြ၊ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြ” ပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

#BeatPlasticPollution
#WorldEnvironmentDay
#MONREC
#nugmoh

၂၀၂၃ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” ၏ ဆောင်ပုဒ်မှာ “ပလတ်စတစ်ညစ်ညမ်းမှုကို နှိမ်နင်းကြ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ကြ” (Beat Plastic Pollution) ဖြစ်သည်။
၂၁ ရာစု လူနေမှုဘဝပုံစံများနှင့်အတူ ပလတ်စတစ်ကို တွင်ကျယ်စွာ အသုံးပြုလာကြသည့်အလျောက် အကျိုးဆက်အနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါသည်။
ပလတ်စတစ်ညစ်ညမ်းမှုကြောင့် သက်ရှိများနှင့် ပတ်ဝန်းကျင်ဂေဟစနစ်များအပေါ် ဆိုးကျိုးများ သက်ရောက်စေသည့်အတွက် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရန် မိမိတို့တစ်နိုင်တစ်ပိုင် ပါဝင်ဆောင်ရွက်နိုင်သည့် နည်းလမ်းအချို့ကို မျှဝေအပ်ပါသည်။
ပလတ်စတစ်အသုံးပြုမှုနှင့် ပလတ်စတစ်အမှိုက်ထွက်ရှိမှုများကို လျှော့ချခြင်းအားဖြင့် ပလတ်စတစ်ကြောင့် မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာမြေပျက်စီးမှုကို ကာကွယ်ကာ ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။
MONREC Telegram Channel:
https://t.me/monrecnug2021
MONREC Official Website:
https://monrec.nugmyanmar.org/
MONREC Official Twitter Account:
https://twitter.com/monrec_nug?s=21&t=DaLPnGn8yz4PFDT8rS8qlA

Telegram
MONREC_NUG
This is the official channel of Ministry of Natural Resources and Environmental Conservation under the administration of National Unity Government of Myanmar
Media is too big
VIEW IN TELEGRAM
၂၀၂၃ ခုနှစ် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အခမ်းအနားသို့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှပေးပို့သည့် သဝဏ်လွှာ
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်)
#BeatPlasticPollution
#WorldEnvironmentDay
#MONREC
#NUG
(၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်)
#BeatPlasticPollution
#WorldEnvironmentDay
#MONREC
#NUG
This media is not supported in your browser
VIEW IN TELEGRAM
၂၀၂၃ ခုနှစ် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းစောဖူးမှ ဖတ်ကြားခြင်း
(၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်)
#OzoneDay
#MontrealProtocol
#KigaliAmendment
#ClimateAction
#MONREC
#NUG
(၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်)
#OzoneDay
#MontrealProtocol
#KigaliAmendment
#ClimateAction
#MONREC
#NUG
အမည်ပျက်စာရင်းကြေညာခြင်း
ထုတ်ပြန်ကြေညာချက် (၃/၂၀၂၃)
==========
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၁၇.၉.၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ( ၂ / ၂၀၂၃ ) ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နှင့်တကွ လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။
၂။ ဤအမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါအသင်းနှင့် လက်အောက်ခံအသင်းခွဲများတွင် ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေခြင်း၊ အသင်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာပြီး လည်း ဖြစ်သည်။
၃။ ဤအမိန့်ကို လိုက်နာခြင်းမရှိဘဲ အဆိုပါအသင်းအဖွဲ့များတွင် ဆက်လက်ပါဝင်လုပ်ကိုင်နေ သော ပူးတွဲစာရင်းပါ လုပ်ငန်းရှင်များကို အမည်ပျက်လုပ်ငန်းရှင်စာရင်း ထည့်သွင်းလိုက်သည်။ ဆက်လက် ပါဝင်လုပ်ကိုင်နေပါက လိုအပ်သလို အဆင့်ဆင့် ဆက်လက်အရေးယူသွားမည်လည်း ဖြစ်သည်။
၄။ ပူးတွဲပါစာရင်းတွင် မပါဝင်သေးသော အဆိုပါအဖွဲ့အစည်းအသီးသီး၏ ဗဟိုအလုပ်အမှုဆောင် များ၊ အလုပ်အမှုဆောင်များသည်လည်း ဆက်လက်လုပ်ဆောင်နေပါက အမည်ပျက်လုပ်ငန်းရှင်စာရင်းတွင် ထည့်သွင်းအရေးယူသွားမည်ဖြစ်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#MONREC
#nugmoh
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#MONREC
#nugmoh
" အမည်ပျက်စာရင်းကြေညာခြင်း "
...............................................................
ထုတ်ပြန်ကြေညာချက် (၁/၂၀၂၄)
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၃-၈-၂၀၂၂ ရက်စွဲပါ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်သည့် ကြေညာချက်အမှတ် ၇/၂၀၂၂ ကို ထုတ်ပြန်၍ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီကို အထောက်အပံ့ ဖြစ်စေမည့် မည်သည့်ပူးပေါင်းမှုကိုမှ အသင်းအနေဖြင့် ဆောင်ရွက်ခြင်း လုံးဝမပြုလုပ်ရန်နှင့် အသင်း၏ တရားဝင်မှု မရှိသော ၂၀၂၂-၂၀၂၅ ဆဋ္ဌမသက်တမ်းအတွက် အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များ ပြန်လည်ရွေးချယ်ပွဲအား အသိအမှတ် မပြုပါကြောင်း အသိပေးထုတ်ပြန်ပြီးဖြစ်သည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၁၇-၉-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ ထုတ်ပြန်၍ အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်မှုနှင့် အခွန် သို့မဟုတ် အကျိုးအမြတ် စသည်တို့အပေါ် တနည်းတလမ်းအားဖြင့် အကျိုးပြုနေသည့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (Myanmar Gems and Jewellery Entrepreneurs Association) နှင့်တကွ လက်အောက်ခံ အသင်းခွဲများအား ဖွဲ့စည်းပုံနှင့်တကွ ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။
၃။ ဤအမိန့် ထုတ်ပြန်ပြီးနောက် အဆိုပါအသင်းနှင့် လက်အောက်ခံအသင်းခွဲများတွင် ဆက်လက် ပါဝင်လုပ်ကိုင်နေခြင်း၊ ပူးပေါင်းလုပ်ကိုင်နေခြင်း၊ ပိုင်ဆိုင်မှုနှင့် ဘဏ္ဍာငွေများကို ဆက်လက်သုံးစွဲနေ ခြင်း၊ အသင်း၏ အမည်ဖြင့် ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နေသော လုပ်ငန်းရှင်များ၊ ဝန်ထမ်းများ စသူတို့အား အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ကူညီနေသူများအဖြစ် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။
၄။ ဤကြေညာချက်နှင့် အမိန့်များကို လိုက်နာခြင်းမရှိဘဲ အဆိုပါအသင်းအဖွဲ့များတွင် ပါဝင် ဆောင်ရွက်ခဲ့သော၊ ဆက်လက်ပါဝင်လုပ်ကိုင်နေသော ပူးတွဲစာရင်းပါ လုပ်ငန်းရှင်များ၊ ပုဂ္ဂိုလ်များကို အမည်ပျက်လုပ်ငန်းရှင်များအဖြစ် သတ်မှတ်ကြေညာလိုက်သည်။ ဆက်လက် ပါဝင်လုပ်ကိုင်နေသူများရှိပါက သက်ဆိုင်ရာဥပဒေများအရ ဆက်လက်အရေးယူသွားမည် ဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
#MONREC
#NUG
#announcement

"ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း"
===================================
ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည် ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါကြောင်း။
တော်လှန်ရေး အရှိန်အဟုန်ဖြင့် သွားနေတဲ့ကာလမှာ မိမိတို့ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေဟာလည်း ကျယ်ပြန့်တွင်ကျယ်လာတာ တွေ့ရပါကြောင်း၊ အရေးကြီးဆုံးအချက်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက သယံဇာတတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ တော်လှန်ရေးကာလနဲ့ လျော်ညီမယ့် ကျစ်လစ်စနစ်ကျတဲ့ ညွှန်ကြားမှုများနှင့် ဆောင် ရွက်ဖို့ ဖြစ်ပါကြောင်း။
သယံဇာတကဏ္ဍ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များနဲ့အတူ စာရင်းဇယား မှန်ကန်တိကျဖို့၊ ပွင့်လင်းမြင်သာရှိဖို့ လိုအပ်ပါကြောင်း၊ သယံဇာတနဲ့ဆိုင်တဲ့ကိစ္စရပ်များအားလုံးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကဏ္ဍအလိုက် တာဝန်ယူဖြေရှင်းကြရမှာဖြစ်တာကြောင့် ယခုဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အချက်အလက် စာရင်းဇယားများနှင့်အတူ စနစ်တကျပြုစု ထိန်းသိမ်းထားရှိကြဖို့ လိုအပ်ပါကြောင်း။
မြို့နယ်တခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာမြို့နယ်များအလိုက် စာရင်းပြုစုထားရှိရန်လိုအပ်ပြီး မြို့နယ်သယံဇာတနှင့်ဆိုင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ချမှတ်ပေးထားတဲ့ မူဝါဒနဲ့အညီ အကောင်အထည်ဖော် တိုက်တွန်းလမ်းပြပေးရမှာ ဖြစ်ပါကြောင်း၊
တော်လှန်ရေးကာလအလွန် တာဝန်ယူမှု/ တာဝန်ခံမှုရှိစွာနဲ့ ဖြေရှင်းရန်တို့ကို မြို့နယ်များကလည်း လုပ်ဆောင်ထားဖို့ လိုအပ်ပါကြောင်း၊ လက်ရှိမှာ ပြည်သူတွေဟာ သယံဇာတအပေါ် မှီခိုအားထားရမှု များလာသည့်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဖြစ်ပေါ်ကြုံတွေ့လာရတဲ့ အခြားအငြင်းပွားမှုတွေ၊ ပြဿနာရပ်တွေကို တာဝန်ရှိသူများအနေဖြင့် အတတ်နိုင်ဆုံး ညင်သာစွာ ကိုင်တွယ်ဖြေရှင်းကြဖို့ကိုလည်း အထူးမှာကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် တော်လှန်ရေးအောင်မြင်ဖို့ မဝေးတော့ပြီမို့ သက်ဆိုင်ရာဌာနအသီးသီးမှာ တာဝန်ယူ ဆောင်ရွက်နေသူများအားလုံးကို ဇွဲလုံ့လဝီရိယအပြည့်နဲ့ ကြိုးစားအားထုတ် ရှေ့ဆက်ကြပါစို့လို့ တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက် အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၂/၂၀၂၄)
=============
၁။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များအတွက် အလုပ်နေရာများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည်
(က) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ ) ဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် သင့်လျော်သော ပညာအရည်အချင်းရှိရမည်။
( ဂ ) ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။
(ဃ) အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ။
( င ) အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
( စ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတကိစ္စရပ်များတွင် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
၃။ ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးအဖွဲ့က အတည်ပြုရွေးချယ်ခြင်းခံရသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဖြစ်ပါသည်။
၄။ လျှောက်ထားလိုသူများအနေဖြင့် (၁၀.၄.၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့
https://monrec.nugmyanmar.org/vacancy-announcement/
မှတဆင့် လျှောက်ထားနိုင်ပါသည်။
အောက်ပါနံပါတ်များမှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ
Telegram Account- +66650958980
Telegram Username @HaruAlex
Telegram Account - +66950402751,
Telegram Username @fdmonrec
သတ္တုကဏ္ဍ
Telegram Account- +959768383582
Telegram Username @Mining_Gems

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း
============
ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၄) အစည်းအဝေးပထမပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် "ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊ နှစ်သစ်အခါသမယမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ကြပြီး မိမိတို့ ဘုံရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်ကို အမြစ်ဖြတ်ဖို့အတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ အကောင်အထည်ဖော်ကြဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ အားလုံးရည်သန်နေကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ယခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကို လေ့ကျင့်ပျိုးထောင်နိုင်ရန် တာဝန်ရှိသူများအားလုံးက ကြိုးစားအားထုတ်နေကြတာဖြစ်ပြီး သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များ ပေါ်ပေါက်လာတာနဲ့အမျှ သယံဇာတအခန်းကဏ္ဍသည်လည်း အင်မတန်အရေးကြီးလာမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့သည် ဖက်ဒရယ်စနစ်ကို ဦတည်သွားနေတာဖြစ်တဲ့အတွက် ဖက်ဒရယ်ယူနစ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရန် ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြသူတွေက ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ဖက်ဒရယ် သယံဇာတမူဝါဒတစ်ရပ် ထွက်ရှိလာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ကူညီပံ့ပိုးပေးဖို့ကိုလည်း အထူးတိုက်တွန်းမှာကြားလိုပါကြောင်း၊ ဒါမှသာ မိမိတို့လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အုတ်မြစ်ခိုင်မာပြီး ပြည်သူပြည်သားအားလုံးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ညီမျှ မျှတမှာဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနှင့် ပြည်သူလူထု လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ မိမိတို့ရည်မှန်းချက်တွေအားလုံး အောင်မြင်ဖို့ ဘက်ပေါင်းစုံက ကြံ့ကြံ့ခိုင်ကြိုးစားဆောင်ရွက်ခဲ့ကြလို့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးသည်လည်း ကောင်းမွန်တဲ့ အရွေ့တစ်ခုသို့ ရောက်ရှိလာပြီဖြစ်တာကြောင့် NAB-NR အဖွဲ့ဝင်များအနေဖြင့် ရှေ့ဆက်ကြိုးစားသွားကြပါစို့လို့" အားပေးတိုက်တွန်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံ ရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၃/၂၀၂၄)
=======
၁။ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရေး အတွက် အလုပ်နေရာများ လျှောက်ထားနိုင်ပါသည်။
၂။ လျှောက်ထားသူသည် -
(က)ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ ) ဝန်ကြီးဌာန၏ လုပ်ငန်းသဘောသဘာဝများကို သိကျွမ်းနားလည်ထားသူဖြစ်ရမည်။
(ဂ ) ကျန်းမာရေး ကောင်းမွန်သူဖြစ်ရမည်။
(ဃ)အကြမ်းဖက်စစ်အုပ်စု လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူမဖြစ်ရ။
(င ) စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရ မည်။
(စ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတကိစ္စရပ်များတွင် အတွေ့အကြုံရှိသူ ဖြစ်ရမည်။
၃။ ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးအဖွဲ့က အတည်ပြုရွေးချယ်ခြင်းခံရသူများသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအသီးသီးသို့ တာဝန်ချထားမည် ဖြစ်ပါသည်။
၄။ ယခုကဲ့သို အလုပ်ခေါ်ယူခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလအတွင်း လုပ်ငန်းများအား အကောင်အထည်ဖော်ရာတွင် အထူးကိစ္စရပ်အနေဖြင့် ဝာာဝန်ထမ်းဆောင်ရွက်ရန်အတွက်သာ ဖြစ်ပါသည်။ CDM ဝန်ထမ်းများ၏ မူလရာထူး၊ နေရာများနှင့် သက်ဆိုင်ခြင်း မရှိပါ။
၅။ လျှောက်ထားလိုသူများအနေဖြင့် (၁၄-၉-၂၀၂၄)ရက်နေ့ နောက်ဆုံးထား၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ဖော်ပြပါလင့်ခ်မှတဆင့် လျှောက်ထားနိုင်ပါသည်။
https://go.nugmyanmar.org/MONREC_Vacancy
အောက်ပါနံပါတ်များမှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
သစ်တောနှင့် ပတ်ဝန်းကျင်ကဏ္ဍ
Telegram Account - +66806270249 Telegram Username @AlexBright74
Telegram Account - +66950402751, Telegram Username @fdmonrec
သတ္တုကဏ္ဍ
Telegram Account - +959768383582 Telegram Username @Mining_Gems

go.nugmyanmar.org
An official shorten link generator of National Unity Government