𝐍𝐨𝐭𝐞𝐬
354 subscribers
2 photos
1 link
https://www.facebook.com/profile.php?id=100090049607584&mibextid=2JQ9oc

Fbလေးjoinပေးကြအုန်းနော်💗
Download Telegram
Channel name was changed to «𝐍𝐨𝐭𝐞𝐬»
ဟိုးခပ်ဝေးဝေး
ကြီးကောင်စဝင်စ အသံလေးမှာ
ပြန်စရာအိမ် မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားက မြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘဝဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်။

အမေရယ်
လေတွေ ထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေ သိပ်ရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုပ်နေခဲ့ပါပြီ အမေ။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့ ။

တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ်။

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို သားရခဲ့ပါတယ်။

အမေ မသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါးမုန်းတယ် အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

သားရဲ့ 'ဘီး'ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့ ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကျပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထထတောက်တာ မြင်ရ
အမေရယ်
အတွင်းလူမမာ တစ်ယောက်ပါ

ဒါပေမဲ့
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီး ဆိုတဲ့လူလည်း ပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မာဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘဝကို ဖျစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အို. . .
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်ဝ၀ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ်အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ။

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့။

ကျွန်တော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက် ( ကဗျာ - မှ)

#မောင်ချောနွယ်
👍4
မေ့မေ့ပျောက်ပျောက်ညနေများ အမှတ် ၁

နွေးနွေးထွေးထွေးနေချင်လာတော့
ကိုယ် မေတ္တာ ရှိကြောင်း ပြောမိလိမ့်မယ်အသက်

ကိုယ့်ဘက်ကိုမရပ်ပေမဲ့
ကိုယ်ကလွဲ ဘယ်ကောင့်ဘက်မှမပါစေချင်ခဲ့

မီးအိမ်လေးတစ်လုံး အသက်လုနေတဲ့အချိန်လိုပါပဲ
စွမ်းသလားမေးတော့ လင်းစေချင်တယ်ဆိုရုံပေါ့

ကျဆိမ့်ကို ဂိတ်ဆုံးသောက်တဲ့ကောင်
အစွဲအလမ်းတွေသိပ်ကြီးတဲ့အကြောင်းထိုင်နေကြဆိုင်က စားပွဲထိုးလေးကိုမေးပါ

ငှက်တစ်ချို့ထပျံသွားတယ် ဆွေးတဲ့ဒဏ် မခံနိုင်ရှာကြဘူး ထင်ရဲ့..ကိုယ်ရှိတဲ့အရပ်ဘယ်သူမှကြာကြာမနေတက်ကြဘူးလေ..... ဒီအထဲသိပ်ချစ်ရတဲ့ အသက်လဲ ပါတာပေါ့ကွယ်

ချစ်လူမိုက်ကြီးချစ်လို့မိုက်တဲ့အထဲအသက်ဟာ လှလှပပအမှားလေး အဖြစ်ကျန်ရစ်လို့ သိပ်လွမ်းတယ် "သိပ်လွမ်းနေပါတယ် "

(၃၆)လမ်းကစိတ်တွေ ဘယ်ဆီလွှင့်ရပါ့မလဲ အသက်ရယ်

ကြိုမဲ့သူ အသက်မဟုတ်ရင်ကိုယ်ဟာမျောနေအုံးမယ် "ရေအဆုံးမြေအဆုံးကမ္ဘာအဆုံး အချစ်တွေဆုံးလို့နေပါ့မယ် "

တစ်နေဝင်တစ်နေထွက်ပင်ပန်းမှုဟာ အသက်တဲ့...
ဪ....ချစ်ရတဲ့ကိုယ့်မှာဟာတာတာ ဘယ်လိုလုပ်ပျော်ရပါ့မလဲနော်

"ချစ်ကြောင်းကြိုက်ကြောင်းပြောပြီးမှဝေးရတာကိုလို့ယူဆရင်အသက်နဲ့လွဲခဲ့တာအတိတ်က "ဝဋ်" လို့ဖြေမိမယ်"

ဒီလောက်ပါပဲကွယ် "ဒီလောက်ပါပဲ "

ဆံပင်စုအနက်လေးတွေ့တဲ့အခါ
နှုတ်ခမ်းနီတာရဲလေးတွေ့တဲ့အခါ
အသက်နဲ့ ကိုယ့်ရဲ့ကြားမှာ ကိုငှက်သီချင်းလိုဝေးသွားတဲ့အခါ

"ရယူမိတဲ့မေတ္တာလေးတွေ မထိုက်ခဲ့ကြောင်းတွေးလို့ ကိုယ်ပျော်ပါ့မယ်

#စောကြည်ဖြူ
👍3
မင်း အပျိုမဟုတ်ရင် မချစ်နိုင်ဘူး
မင်း အရင်ရည်းစားနဲ့ အတူနေခဲ့ဖူးလို့
မင်းက မဖြူစင်တော့လို့
ငါ မချစ်နိုင်ဘူး . .

အဲ့လိုပြောတဲ့သူတွေနဲ့ကြုံရင်
ဒီစာအုပ်နဲ့ ပါးဆယ်ချက်ရိုက်ပြီး ထားခဲ့လိုက်တော့

"အချစ်ဆိုတာမျိုးက ခန္ဓာကို ပူလောင်စေတဲ့
ရာဂမီးတွေနဲ့ လုံးလုံးမပတ်သတ်ကြောင်း
အချစ်ကိုတလေးတစား တန်ဖိုးထားသူ
တချို့တလေကပဲသိနိုင်တတ်ကြတာလေ"

အကြင်သူသည်"
#သိုးဆောင်း
👍2
ကမ္ဘာကြီးကျဥ်းလာတာနဲ့အမျှ
မင်းသတင်းတွေလည်းငါတစ်ခုမှမရတော့ဘူး

ဆံပင်တွေဘယ်လောက်ရှည်နေပြီး
မင်းတို့ခရီး ဘယ်ထိရောက်နေပြီး ငါမသိဘူး

မေးစရာလူမရှိတဲ့အခါတိုင်း
သိချင်လာတဲ့မင်းအကြောင်းတွေကို
အင်တာနက်ပေါ်မာ မွှေနှောက်ရှာတယ်

နောက်ပြီး မြောက်အရပ်ကိုမျက်နှာမူလို့မျက်ရည်ဝဲတယ်

တိမ်တွေကပြောတယ်
ခွဲရတာတကယ်တဲ့။ ။

#နွေသစ်ငြိမ်း
👍3
ချစ်လှစွာသော
လောကဓံတရားရေ
ဖြစ်ချင်တိုင်း မဖြစ်ရတာကိုပဲ
ချစ်နေရပါတယ် ။

#မောင်ချောနွယ်
👍3
ရှုံးမယ်ဆိုတာသိရက်နဲ့
နှလုံးသားရော ဘဝရော
လောင်းကြေးထပ်ပြီး ချစ်ခဲ့တဲ့ကောင်ပါ
မင်းဖြစ်နေလို့ကိုအရှုံးပေးခဲ့တာ
ဒီပွဲမှာ သရေဆိုတာမရှိဘူး
မင်းနိင်ပါတယ်
မပြိုင်ခင်ကတည်းက
မင်းကိုအရှုံးပေးခဲ့ပြီးသားမို့ပါ

#အပယ်ခံ-ပုတီးကုန်း
👍2
ငါဟာ ငါပဲပေါ့ အချစ်ရယ်
ငါ့စံနှုန်းနဲ့ ငါ့ဥပဒေနဲ့ ငါ့စည်းကမ်းနဲ့
ငါ့သမိုင်းကို ငါကိုယ်တိုင်ရေးနေစဥ်မှာပဲ
ငါယုံကြည်ကိုးကွယ်မိတဲ့
ဘုရားသခင်ဟာမင်းဖြစ်နေတော့
ဟုတ်ကဲ့ဆိုပြီး ခေါင်းငြိမ့်ခဲ့ရတယ်။

ပြိုင်မငြင်းရက်ပါဘူးအချစ်ရယ်
ကမ္ဘာ့အလှဘုရင်မဟာ ပုဇွန်ဦးနှောက်နဲ့
ဟစ်တလာကို ချီးမွမ်းခန်းထုတ်နေလည်း
အချစ်ကသာ အနိုင်ရပါစေ
ငါက ရှုံးပြီးသားပါ။

#ဘယ်လာခင်
❤4👍1
နောက်ဆုံးတော့လည်း
ကြိုးပြတ်သွားတဲ့ စွန်လိုပါပဲ။
သူလည်း ကျွန်တော့ဆီပြန်မလာတော့သလို
ကျွန်တော်လည်း သူ့ကို လိုက်မရှာဖြစ်တော့ပါဘူး။

#ဖော်မီယာ
😢2
ဘယ်အစိုးရတက်တက်
ချစ်သူမျက်ရည်တစ်စက်ကျရင်
တော်လှန်ဖို့ အဆင်သင့်ပဲ ။

- ကြည်ဇော်အေး
❤5
Forwarded from A PIECES OF POEMS
မေ

ဒီ ဧပြီလထဲ
ပိတောက်ပန်းတေ ပြန်ပွင့်တော့မယ်နော်

မေ နားသယ်လေးမှာ
ပန်ပေးသူ မောင်မဟုတော့ဘူးပေါ့

# နွေဦး
❤3