𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥
21.7K subscribers
120K photos
2.19K videos
5 files
7.84K links
𝐒𝐩𝐫𝐢𝐧𝐠 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
Download Telegram
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ဧပြီ ၂၅၊ ၂၀၂၅

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဧပြီလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။

KTM
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 🕊
ငြိမ်းချမ်းရေးအတွက် ယူကရိန်းက ပိုင်နက်နယ်မြေအချို့ စွန့်လွှတ်ရမည်ဟု ကိယက်ဗ်မြို့တော်ဝန်ပြောကြား

ဧပြီ ၂၅၊ ၂၀၂၅

ယူကရိန်းနှင့် ရုရှား ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းအနေဖြင့် နယ်မြေအချို့ကို စွန့်လွှတ်ရန် ဖိအားပေးနေခြင်းကို လက်ခံရန် ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ချ်ကိုက BBC သို့ ပြောကြားသည်။

"ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတွေထဲက တစ်ခုကတော့ ကျွန်တော်တို့ နယ်မြေကို စွန့်လွှတ်ဖို့ပါ။ ဒါဟာ မတရားပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက်၊ ယာယီငြိမ်းချမ်းရေးအတွက်၊ ဒါဟာ ယာယီဖြေရှင်းနည်းတစ်ခု ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းပြည်သူများသည် ရုရှား၏ "သိမ်းပိုက်မှုကို ဘယ်တော့မှ လက်ခံမည်မဟုတ်" ဟု အလေးအနက် ပြောကြားခဲ့သည်။

ကိယက်ဗ်မြို့အပေါ် ရုရှားဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဘီဘီစီထံ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုသည် လပေါင်းများစွာအတွင်း ယူကရိန်းမြို့တော်အပေါ် ရုရှား၏ အသေအပျောက်အများဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် 👇👇
ဘုတ်ပြင်းမြို့နယ်တွင် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

ဧပြီ ၂၅၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Kawthaung District Battalion 1 - P23201 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ ပူးပေါင်းစစ်ကြောင်း စစ်ဆေးရေးဂိတ်နှင့် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ပူးပေါင်းစစ်ကြောင်းထံသို့ အလင်း ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်များမှာ စကခ ၁၃ မှ အသက် ၃၁ နှစ်အရွယ် ရဲဝင်းအောင် နှင့် အသက် ၂၄ နှစ်အရွယ် သူရစိုး တို့ဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၉ စစ်မှုထမ်း သင်တန်းဆင်းပြီး ရန်ကုန်းတိုင်း ဂျိုးဖြူလေး သင်တန်းကျောင်းတွင် စစ်သင်တန်း ၃ လ တက်ရောက်ကာ တာဝန် ဆက်လက် မထမ်းဆောင်ချင်သောကြောင့် ဧပြီလ ၁၇ ရက်နေ့တွင် လက်နက်မပါဘဲ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် 👇👇
ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်တဲ့ ကန်စစ်သင်္ဘောကို တရုတ်စစ်တပ်က စောင့်ကြည့်ပြီး သတိပေး

ဧပြီ ၂၅၊ ၂၀၂၅

ထိရှလွယ်တဲ့ ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် မောင်းနှင်ခဲ့တဲ့ အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်းကို စောင့်ကြည့်ပြီး သတိပေးဖို့ ရေတပ်နဲ့လေတပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ တ ရုတ်စစ်တပ်က ဧပြီလ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

မဟာမိတ်တိုင်းပြည်တွေမှ စစ်သင်္ဘောတွေ ဝန်းရံလိုက်ပါတဲ့ အမေရိကန်ရေတပ်ဟာ တစ်လမှာ တစ်ကြိမ်ခန့် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်လေ့ရှိပါတယ်။

တရုတ်နိုင်ငံဟာ ဒီလအစောပိုင်းက ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ ရာ အမေရိကန်နဲ့ မဟာမိတ်တွေက ရှုတ်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဧပြီလ ၂၃ ရက်က ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားတဲ့ အမေရိကန် ပဲ့ထိန်းဒုံး ကျည်တပ် ဖျက်သင်္ဘောဟာ USS William P. Lawrence ဖြစ်တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

ဆက်လက်ဖတ်ရှုရန် 👇👇
စစ်ကောင်စီဗဟိုဘဏ်က ကန်ဒေါ်လာ သန်း ၁၁၀ ရောင်းပေးမည်ဟုဆိုသော်လည်း စက်သုံးဆီဈေး ချက်ချင်းပြန်တက်

ဧပြီ ၂၅၊ ၂၀၂၅

စစ်ကောင်စီဗဟိုဘဏ်က ယခုဧပြီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များထံ သုံးကြိမ်ခွဲ၍ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရောင်းချပေးမည်ဟုထုတ်ပြန်ထားသော်လည်း စက်သုံးဆီဈေးမှာ ခေတ္တသာကျပြီး ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များထံ နိုင်ငံခြားငွေကြေးဈေးကွက်(FX Trading Platform)မှတစ်ဆင့် ဧပြီ လေးရက်နေ့တွင် အမေရိကန်ဒေါ်လာ သန်း ၃၀၊ ဧပြီလ ၁၆ ရက်နေ့တွင် ကန်ဒေါ်လာ ၅၅ သန်းနှင့် ဧပြီလ ၂၂ ရက်နေ့တွင် ကန်ဒေါ်လာ ၂၅ သန်း ထုတ်ရောင်းပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် မြန်မာ့စက်သုံးဆီဈေးကွက်နှင့်တိုက်ရိုက်ဆက်စပ်မှုရှိသည့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာလည်း ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကထက် တစ်စည်လျှင် အမေရိကန် ၂ ဒေါ်လာခန့် ထပ်မံကျဆင်းလာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် 👇👇
Forwarded from Enemy Air Route Channel
စစ်ကိုင်း

စစ်ကိုင်းဖြတ်၍ Jet Fighter 1စင်း တောင်ဘက်သို့ ပျံသန်း။

20:29, Apr 25
#EAR
အပစ်ရပ် ကြေငြာထားတဲ့ စစ်အုပ်စုက ကလေး၊ မင်းကင်း၊ ကလေးဝ ကျေးရွာတွေကို ဗုံးကြဲ

ရွှေမျောလုပ်သားလေးဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

ဧပြီ ၂၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မြို့နယ်သုံးခုက ကျေးရွာတွေကို စစ်အုပ်စုက နှစ်ရက်တာ ဗုံးကြဲတိုက်ခိုက်လို့ ရွှေမျောလုပ်သားလေး ဦး‌သေဆုံးကာ လေးဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း ကလေးမြို့ ၊ မင်းကင်းမြို့နဲ့ ကလေးဝ မြို့နယ်တွေက ကျေးရွာတွေကို အကြောင်းမဲ့ဗုံး ကြဲတိုက် ခိုက်ခဲ့တာလို့ဆိုပါတယ်။

စစ်အုပ်စုတပ်ဟာ ဧပြီလ ၂၄ ရက်က မင်းကင်းမြို့ ကမ်းပြည့် ( ဒေသအခေါ်ကဗျက်) ကျေးရွာအနီး ချင်းတွင်းမြစ် အတွင်းရှိ ရွှေမျောလုပ်ကွက် ကို Y-12 လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွှေမျောလုပ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

အလားတူ အဲ့ဒီနေ့ တစ်ရက်တည်းမှာပဲ ကလေးဝမြို့နယ် မစိန်ကျေးရွာအနီး ချင်းတွင်းမြစ် အတွင်းကရွှေမျော လုပ် ကွက်ကိုလည်း Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ရွှေမျောလုပ်သား လေးဦးသေဆုံးခဲ့တယ်လို့ ဒေသခံသ တင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဆက်လက်ဖတ်ရှုရန် 👇👇
ဧပြီလ ၂၅ ရက်နေ့ နိုင်ငံတဝန်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)


-ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်တဲ့ ကန်စစ်သင်္ဘောကို တရုတ်စစ်တပ်က စောင့်ကြည့်ပြီး သတိပေး

-တမူးမြို့သိမ်းသတင်းကြောင့် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်၍ လေကြောင်းမှ ဗုံးကြဲ

-ရုရှားထက် ယူကရိန်းနဲ့ ထိတွေ့ဆက်ဆံရတာ ပိုခက်ခဲဟု ဒေါ်နယ်ထရမ့် ပြော

-စစ်ကိုင်းမြို့တွင် မလေးရှားနိုင်ငံ၏ ယာယီဆေးရုံဖွင့်လှစ်၊ သောကြာနေ့တိုင်းပိတ်မည်

-ဖြူးတွင် စစ်ကောင်စီက စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နေအိမ်များကို မီးရှို့နေ

-နွေလယ်ကာလ၌ အချို့မြို့များတွင်မြစ်ရေတိုးနိုင်ပြီး အချို့မြို့ကြီးများတွင် အပူချိန်မြင့်တက်နေ

-တောင်ကိုရီးယားသမ္မတဟောင်း မွန်ဂျေအင်ကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်

-ထိုင်းနိုင်ငံသားများ၏ ဝေဖန်မှုများစွာခံခဲ့ရပြီး လုပ်ငန်း အရှုံးပေါ်ခဲ့သည့် အစားအသောက် ဝန်ဆောင်မှု လုပ်ငန်း Food Panda အပြီး တိုင်ရပ်နား

-စစ်ကောင်စီကို သက်ဆိုးရှည်‌စေသော ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများ၏ အနာဂတ်သည် AA အပေါ်တွင် မူတည်နေ
ကြို့ပင်ကောက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး

ဧပြီ ၂၅၊ ၂၀၂၅

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း GBK BTZM GBK PDF - ပဲခူးရိုးမအခြေပြုတပ်ခွဲ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့ဘက်သို့ ဦးတည် ထွက်လာစဉ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် 👇👇
ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

ဧပြီ ၂၅၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးခဲ့ကြောင်း မွန်တော်လှန်ရေးတပ် - MSRF က ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၆ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နံနက် ၈ နာရီ ၃၀ မိနစ် အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန် 👇👇
Forwarded from Voice Of Mandalay(Vomdy) (Voice Of Mandalay (အုပ်ကြီး))
❗မတ္တရာ❗

မတ္တရာမြို့နယ်မတ္တရာ အရှေ့ခြမ်း ယမန် နေ့ည ပိုင်း၁၁နာရီ ၁၀မိနစ်အချိန်ခန့်တွင် မတ္တရာမြို့ထဲမှ ဟောင်ဝစ်ဇာဖြင့် ရမ်းသမ်းပစ်ခတ်မှူကြောင့်ရှမ်းကျေးရွာ သို့ကျရောက်ပေါက်ကွဲ ခဲ့ ပြီး ဦးဇင်း၃ပါးထိခိုက်ကာ ၂ပါးမှာ စိုးရိမ်ရအခြေအနေရှိပြီး ၁ပါးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

#Vomdy
Fri Apr25
ဗန်းမော်မြို့သိမ်းတိုက်ပွဲ တကျော့ပြန်ပြင်းထန်၊ စစ်ကောင်စီတပ် အကြိမ်များစွာလေကြောင်းတိုက်ခိုက်

ဧပြီ ၂၅၊ ၂၀၂၅

ကချင်ပြည်နယ် ဗန်းမော်မြို့မှ ယနေ့ (ဧပြီ ၂၅ရက်) နံနက်ပိုင်းမှာ တိုက်ပွဲများတကျော့ပြန် ပြန်လည်ပြင်းထန်နေကြောင်းနဲ့ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုပြုလုပ်ကာ ခုခံနေကြောင်း KIA ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်နှင့်အတူ ဗန်းမော်ဒေသခံများထံမှ သိရသည်။

ဗန်းမော်မြို့၌ ကျန်ရှိနေသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၂၁) အနီး၌ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ကာ ယနေ့ (ဧပြီ ၂၅ ရက်) နံနက်ပိုင်း၌ပင် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၃ ကြိမ်ထက်မနည်းပြုလုပ်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

"ဗန်းမော်ဘက်မှာလည်း တိုက်ပွဲနည်းနည်းပြန်ပြီးတော့မှ ပြင်းထန်တဲ့ပုံစံမျိုးဖြစ်နေတာ။ သူတို့ဘက်ကနေအရင်စပြီးမှ ကျွန်တော်တို့ဘက်က ထိုးစစ်ဆင်တာဖြစ်ပါတယ်။ ခုခံတိုက်ပွဲတွေဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ၁၃ ကြိမ်လောက်တော့ လာထားတယ်လို့ပြောတယ်။ လေကြောင်းပေါ့" ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မဇ္ဈိမကိုပြောသည်။

ဆက်လက်ဖတ်ရှုရန် 👇👇
ညောင်ကျိုးတွင် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေပြီး ညောင်ခြေထောက်ဘက်မှာပါ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ

ဧပြီ ၂၅၊ ၂၀၂၅

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း သိရသည်။

ညောင်ကျိုးစခန်းအနီးသိုံ ပြီးခဲ့သည့်ရက်ပိုင်း ဧပြီ ၂၃ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် AA တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ဆင်လန်ရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမတိုင်ခင်နေ့ကတည်းက စစ်တပ်ဘက်ကနေ အင်အားစုဖွဲ့ပြီး ညောင်ကျိုးကို ချီတက်လာတာ။ ကျွံထွက်လာတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲဖြစ်တာ"ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က ညောင်ကျိုးစခန်းကို AA ကသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက စခန်းပြန်လည်ရရှိစေရေးအတွက် အင်အားစုဖွဲ့ပြီး မကြာ ခဏ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လာခြင်းဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် 👇👇
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲရောက်ရှိလာသည့် အတွက် စစ်ရေးသတင်းပေးကြရန် ပြည်သူများကို စစ်ကောင်စီစည်းရုံး

ဧပြီ ၂၅၊ ၂၀၂၅

ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်အဖွဲ့များ၏ ထိုးစစ်ကြောင့် စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီအနေဖြင့် ကျေးရွာအုပ်စုများအထိဆင်းကာ စည်းရုံးရေးဆင်းနေ ရကြောင်း သိရသည်။

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင် ရာအဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့မှစ၍ ကျေးရွာများအထိ စည်းရုံးရေးဆင်းရန် အစည်းအဝေးကျင်းပခဲ့ကြောင်း အုပ်ချုပ်ရေး အဖွဲ့နှင့်နီးစပ်သူ သတင်းရင်းမြစ်ထံမှ သိရသည်။

"တိုင်းအတွင်း တိုက်ပွဲရောက်လာပြီဆိုပြီး အသက် ၃၅ နှစ်ကနေ ၅၅ နှစ်အတွင်းလူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ဆိုပြီး ခေါ်နေတယ်။ စစ်ရေးသတင်းတစ်ခုခုကြားတာနဲ့ ချက်ချင်းသတင်း ပေးရမယ်ဆိုပြီး ညွှန်ကြားထားတယ်"ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆက်လက်ဖတ်ရှုရန် 👇👇
မြိုင်မှာ ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး

ဧပြီ ၂၅၊ ၂၀၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းရှိ တောတိုက်ထဲကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဧပြီ ၂၄ ရက်ည ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ ဗုံး ၃ လုံးကြဲချခဲ့ရာ တောတိုက်အတွင်းစစ်ရှောင်နေတဲ့ မိသားစုကိုထိမှန်ခဲ့တာပါ။

“ ဒီတိုင်းပဲ ဘာအကြောင်းမှမရှိဘဲ လာပြီး ၃ ကြိမ်ပစ်သွားတာ ပေါင် ၅၀၀ တွေ၊ မီးလောင်ဗုံးတွေနဲ့။ အမျိုးသားက နေရာမှာတင်ဆုံးသွားတာ။ အမျိုးသမီးနဲ့ကလေးငယ်လေးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ ဆေးကုသမှုခံနေရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

တောတိုက်အတွင်းစစ်ရှောင်ရင်း လျှော်ဖြူခြံစောင့်နေတဲ့ မိသားစု ၄ ဦးနေထိုင်ရာ တဲပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၅၀ အရွယ်အမျိုးသား သေဆုံးပြီး ဇနီးဖြစ်သူ၊ ၁၃ နှစ်နဲ့ ၁၀ နှစ်အရွယ် သမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေရာတဝိုက်ကို လေကြောင်းတိုက်ခိုက်ခံရတာဟာ ဒီတကြိမ်က ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်လက်ဖတ်ရှုရန် 👇👇