𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥
21.8K subscribers
119K photos
2.22K videos
5 files
8.07K links
𝐒𝐩𝐫𝐢𝐧𝐠 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
Download Telegram
Forwarded from Enemy Air Route Channel
⚠️မန္တလေး

မန္တလေးဖြတ်၍ Jet Fighter 1စင်း အရှေ့မြောက်သို့ ပျံသန်း။

09:56, Apr 17
#EAR
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥
Photo
စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဟု NUG ယာယီသမ္မတက တော်လှန်ရေးအင်အားစုအားလုံးကို တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၁၇

အကြမ်းဖက် စစ်ကောင်စီက  ထိန်းချုပ်ထားသော နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံ ပင်မရှိတော့ဘဲ ၂၀၂၅ ခုနှစ်တွင် တော်လှန်ရေးအပြီးသတ် အောင်ပွဲ ရယူရေး ကြိုးစားရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။

ယနေ့ ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့ အဖြစ် တိုင်းပြည်သို့ ပြောကြားသော မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံသမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ဆုံးရှုံးမှုများကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ စစ်တပ်၏ ထိန်းချုပ်နယ်မြေမှာ နိုင်ငံ၏ ၄ ပုံ ၁ ပုံပင်မရှိတော့ကြောင်း ၎င်းက ပြောဆိုသည်။

"ဒီကနေ့အချိန်မှာ စစ်ကောင်စီအနေနဲ့ မြန်မာစစ်သမိုင်းတစ်လျှောက် အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ရင်ဆိုင် ကြုံ တွေ့နေရပြီဆိုတာ အားလုံး မျက်မြင်ပဲဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေက ၄ ပုံ ၁ ပုံတောင်မရှိတော့ဘူးဆိုတာကို မြေပြင်အချက်အလက်တွေက ဖော်ပြနေပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးက ၄ နှစ် ကျော်လွန်လာပြီဖြစ်ပါတယ်။  တော်လှန်ရေးအချိန်ကာလ ကြာမြင့်တာနဲ့အမျှ ပြည်သူလူထု ထိခိုက်ခံစားရတာတွေလည်း ကြီးမားသလို တိုင်းပြည်လည်း နစ်နာခဲ့ရပါတယ်။ တစ်ဖက်မှာလည်း တိုင်းပြည်နဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဂုတ်သွေးစုပ်ပြီး ပြည်သူကို စစ်မက်ပြုနေတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရတဲ့ တော်လှန်ရေးဖြစ်သလို
စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို စစ်အာဏာရှင်အမူအကျင့်အတွေးအခေါ် မှန်သမျှကို အဆုံးသတ်ရေး အတွက် ဆင်နွှဲနေရတဲ့ တော်လှန်ရေးဖြစ်တာကြောင့် ခက်ခဲကြမ်းတမ်းမှုတွေ အများကြီးရှိတယ်ဆိုတာကိုလည်း အရှိတရား ကျကျ ကြည့်မြင်ရမှာဖြစ်ပါတယ်။ တတ်နိုင်သမျှ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် လုပ်ဆောင်ပြီး ပြည်သူလူထုထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုး ပပျောက်သွားအောင် ကြိုးစားရမှာဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ထို့ပြင် ယခု ၂၀၂၅ ခုနှစ်တွင် ကြီးမားသော တော်လှန်ရေး အလှည့်အပြောင်းဖြစ်စေရန် ပြည်သူလူထုအတွက် အပြီးသတ် အောင်ပွဲ အလင်းရောင် ယူဆောင်သွားနိုင်ရေး တော်လှန်ရေးအင်အားစုများအားလုံးက ကြိုးပမ်းရ မည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းသည်။ 

"အထူးဖြင့် ၂၀၂၅ ခုနှစ်မှာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်းဖြစ်လာမယ့်နှစ် ပြည်သူလူထုအတွက် တော်လှန်ရေးအပြီးသတ်အောင်ပွဲ အလင်းရောင် ကို ယူဆောင်သွားနိုင်မယ့် နှစ်ဖြစ်ဖို့ ကျနော်တို့ တော်လှန်ရေးအင်အားစု တွေအားလုံး ဆထက် တစ်ပို ကြိုးစားသွားရမှာဖြစ်ပါတယ်" ဟု ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။

လက်ရှိတွင် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြို့ပေါင်း ၁၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
#KhitThit
Forwarded from MDY Revolution
ပြင်ဦးလွင်သတင်း🚨🚨
April 17
9:40AM

ယနေ့မနက် (06:00AM) ခန့်မှ စတင်ပြီး ပြင်ဦးလွင်နယ် အနီးစခန်းနှင့်အနီးတဝိုက်တွင် စခ ရခ လုံခြုံရေးအင်အား ရာချီချထားပြီး ယခု(09:30AM) အချိန်တွင် လမ်းပေါ်ရှိကားများကို အချိန်ကြာမြင့်စွာ ရပ်နားခြင်းမပြုရန် လိုက်လံပြောဆိုနေကြောင်း သတင်းရရှိပါသည်။

Source -MR Informer
#MDYRevo
Forwarded from Magway Scout Network (YU ATARASHI)
မင်းတပ်🔴

▪5:55 PM , Apr 16
▪ယခုညနေ 5:20 PM အချိန်တွင်
နေပြည်တော် အေလာလေတပ်တက်
ဂျက်ဖိုက်တာတစ်စီးမှ မင်းတပ်မြို့ပေါ်
တစ်နေရာကို ပေါင် ၂၅၀ ဗုံးဟုယူဆရသော
ဗုံး ၂ လုံးကြဲချပြီး လေကြောင်းတိုက်ခိုက်
သွားပါတယ်။
▪ထိခိုက်ပျက်ဆီးမှုများ ရှိနိုင်တယ်လို့
ခန့်မှန်းရပါတယ်။
▪ယခုရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများ
ခတ်စိပ်စိပ် ပြုလုပ်နေသောကြောင့်
အထူးဂရုစိုက်ကြပါ အမျိုးများ

ミ
▪9:52 AM , Apr 17
▪ယမန်နေ့ ညနေ 5:20 PM အချိန် တွင်
နေပြည်တော်အေလာလေတပ် တက်
ဂျက်ဖိုက်တာ တစ်စီးမှ မင်းတပ်မြို့ပေါ်
တစ်နေရာကို ပေါင် ၂၅၀ ဗုံးဟုယူဆရသော
ဗုံး ၂ လုံးကြဲချပြီး အကြောင်းမဲ့ လေကြောင်း
တိုက်ခိုက်ခဲ့သောကြောင့်အရပ်သားပြည်သူ့နေအိမ်
၇ လုံးဝန်းကျင်ခန့် ထိခိုက်ပျက်ဆီးသွားတယ်လို့
ကြားသိရပါတယ်။
▪ယခုရက်ပိုင်း အကြမ်းဖက် စကစ အုပ်စု များမှ
မင်းတပ်မြို့ နှင့် ကန်ပက်လက်မြို့တို့အား
အကြောင်းမဲ့ လေကြောင်းဖြင့် ခတ်စိပ်စိပ် ဗုံးကြဲ
တိုက်ခိုက်နေသောကြောင့် အမျိုးများအနေဖြင့်
ခါတိုင်းထက် ပိုဂရုစိုက်ကြပါ၊
လေကြောင်းသတင်းနားစွန့်ကြပါဗျ။
ဘေးကင်းကြပါစေ အမျိုးများ 🙏🙏🙏

#Hkl
#MRSN
Apr 17 ,  10:46 AM
📫သတင်းပေးပို့ရန်
@MagwayScoutBot
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥
Photo
ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချမှု ပြည်သူ ၂ ဦးသေဆုံးပြီး အပျက်အစီးများပြား၊ မင်းတပ်မြို့ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်

ရန်ကုန်၊ ဧပြီ ၁၇

မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး အပျက်အစီးများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ငါန်းဇွန်းမြို့နယ်၊ ဆင်တပ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များသို့ ထိမှန်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးကာ အပျက်အစီးများပြားကြောင်း သိရှိရသည်။

"မနေ့ည၇ခွဲဝန်းကျင်လောက်မှာ ဘာတိုက်ပွဲမှလည်း မရှိဘဲနဲ့ကို လေယာဉ်နဲ့ ရွာထဲကို ဗုံးလာကျဲချတာ။ ပြည်သူ ၂ ဦးသေဆုံးပါတယ်။ ပွဲချင်းပြီးပါပဲ။  အပျက်အစီးတွေလည်းများတယ်။ နွားတွေလည်း သေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ညနေပိုင်း စစ်ကောင်စီက မင်းတပ်မြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့သဖြင့် နေအိမ် ၇ လုံးထက်မနည်း ပျက်စီးသွားကြောင်း မင်းတပ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ် Hkl-မင်းတပ်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့  ညနေ  ၅ နာရီ ၂၀ မိနစ်အချိန် နေပြည်တော်အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာလေယာဉ်ဖြင့် မင်းတပ်မြို့ပေါ် တစ်နေရာကို ဗုံး ၂ လုံးကျဲချပြီး လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့်အရပ်သားပြည်သူ့နေအိမ်  ၇ လုံးဝန်းကျင်ခန့် ထိခိုက်ပျက်ဆီးသွားကြောင်း၊ စစ်ကောင်စီက မင်းတပ်မြို့ နှင့် ကန်ပက်လက်မြို့တို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ် ဆောင်နေသဖြင့် ပြည်သူများ သတိပြုကြရန် မင်းတပ် တော်လှန်ရေးသတင်းရင်းမြစ်က သတိပေးထားသည်။
#KhitThit
Forwarded from Enemy Air Route Channel
⚠️မြိတ်

မြိတ်လေတပ်မှ Jet Fighter 1စင်း တောင်ဘက်သို့ ပျံတက်။

update - မြောက်သို့ ပျံသန်း။

11:00, Apr 17
#EAR
Forwarded from Enemy Air Route Channel
⚠️ပုသိမ်

ပုသိမ်လေတပ်မှ Mi-35 Attack Helicopter 1 စင်း မြောက်သို့ ပျံတက်။

11:01, Apr 17
#EAR
Forwarded from Enemy Air Route Channel
⚠️နေပြည်တော်

နေပြည်တော်လေတပ်မှ Jet Fighter 1 စင်း အရှေ့တောင်သို့ ပျံတက်။

11:01, Apr 17
#EAR
Forwarded from Enemy Air Route Channel
⚠️နေပြည်တော်

နေပြည်တော်လေတပ်မှ ဒုတိယ Yak-130 Jet Fighter 1 စင်း အရှေ့တောင်သို့ ပျံတက်။

11:04, Apr 17
#EAR
Forwarded from Enemy Air Route Channel
မှော်ဘီ

မှော်ဘီလေတပ်မှ Y-12 Light Military Transport Aircraft 1စင်း အရှေ့ သို့ ပျံတက်။

11:05, Apr 17
#EAR
Forwarded from Enemy Air Route Channel
⚠️ပုသိမ်

ပုသိမ်လေတပ်မှ K8-W Jet Fighter 1စင်း အနောက်မြောက်သို့ ပျံတက်။

11:07, Apr 17
#EAR
Forwarded from Enemy Air Route Channel
ပြင်ဦးလွင်

အနီးစခန်းလေဆိပ်သို့ Fokker-70 Military Transport Aircraft 1စင်း ဆင်းသက်။

11:10, Apr 17
#EAR
ဘုတ်ပြင်းမြို့နယ် တောင်ငယ်ရွာပျူစောထီးစခန်းကို ဝင်တိုက်၍ လက်နက်များသိမ်းဆည်း

* * * * *

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် တောင်ငယ်ရွာအခြေစိုက် ရွှေဂဲညိုရွာစစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်များ သိမ်းဆည်းရရှိကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်များက ဧပြီလ (၁၆)ရက်နေ့ နံနက် (၃)နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး‌ခေါင်းဆောင် ဌေးဝင်း သေဆုံးပြီး လက်နက် (၁၀)လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

သိမ်းဆည်းရရှိသည့် လက်နက်များမှာ AK (၅)လက်၊ကာဘိုင် (၁)လက်၊ M-16 (၃)လက်၊ 79 (၁)တစ်လက်နှင် ၄၀ မမ ဗုံးသီး (၅)လုံး၊ ၁၆ ကျည် (၂၀)ထောင့်၊ကာဘိုင်ကျည် (၇)ထောင့်၊ အီကွေးမင်း (၁)စုံ၊ ကျည်ဘောက်(၂)ခု၊ စကားပြောစက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#TachileikNewsAgency
နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများ ဘေးဘယာကင်းဝေးပါစေဟု စစ်ခေါင်းဆောင်ပြောပြီး နာရီပိုင်းအတွင်း မိုးကုတ်မြို့ကို ဗုံးကြဲတိုက်ခိုက်

ဧပြီ ၁၇၊၂၀၂၅

ယနေ့ (ဧပြီ ၁၇ရက်) မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက မိုးကုတ်မြို့တစ်နေရာကို  လေလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

" ကြဲသွားပြီဗျာ။ ဒီလိုနေ့ကြီး။ လူတွေ ဘုရားသွား ကျောင်းတက်နေတာကို ကြဲတာဗျာ"ဟု မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့အရှေ့ပိုင်း မစိုးရိမ်တိုက်ကျောင်းအနီးနေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းဟု ဒေသခံများက ပြောသော်လည်း အသေးစိတ်မသိရသေးပေ။

ယခုသတင်းရေးသားနေချိန် နံနက် ၁၁နာရီတွင် နောက်ထပ် ဂျက်ဖိုက်တာတစ်စီး မိုးကုတ်မြို့ပေါ်၌ ပျံသန်းနေ၍ မြို့ခံများက စိုးရိမ်နေကြသည်။

စစ်ကောင်စီခေါင်းဆောင်က ဝါဒဖြန့်မီဒီယာများမှတဆင့် ယနေ့နံနက်ပိုင်းက ဆုတောင်းစကားပြောဆိုပြီးနောက် ဗုံးကြဲခြင်းဖြစ်သည်။

#PeopleSpring
အထက် မင်းလှမြို့နယ်တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံး

ဧပြီ ၁၇၊ ၂၀၂၅

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် သင်္ကြန်ကာလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှု ကြောင့် ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၂ ရက်နေ့က အထက်မင်းလှမြို့နယ်အတွင်းရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်စက်ရုံ - ကပစ များမှ စစ်သားအင်အား ၈၀ ခန့်စုဖွဲ့ကာ သင်္ကြန်ကာလအတွင်း စစ်ကား ၄ စီးဖြင့် ပဒါန်း - ကန်တုတ် - ရှမ်းတပ်နယ် ပုသိမ် -မုံရွာလမ်းမကြီးပေါ်စစ်ကြောင်းထိုးလာမှုကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များက ဧပြီလ ၁၄ ရက်နေ့ညနေ ၃ နာရီခန့်တွင် ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၃၀ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် 👇👇
ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ပျူစောထီးခေါင်း ဆောင် ဌေးဝင်းသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ဧပြီ ၁၇၊ ၂၀၂၅

တနင်္သာရီတိုင်း ၊ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာအခြေစိုက် ပျူစောထီးစခန်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဌေးဝင်းသေဆုံးပြီး လက်နက် ၁၀ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း တနင်္သာရီမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဧပြီလ ၁၆ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာ အခြေ စိုက် ရွှေဂဲညိုရွာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ရာ ပျူစောထီးခေါင်းဆောင် ဌေးဝင်းသေဆုံးပြီး ကျန်ပျူစောထီးများ ထွက်ပြေးသွားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် 👇👇