မန်ယူနည်းပြဟောင်း အာမိုရင်မ် စီးရီးအေတွင် ရှုံးပွဲမရှိ စွမ်းဆောင်ထားနိုင်ဆဲဖြစ်
မန်ယူအသင်း၏နည်းပြဟောင်း အာမိုရင်မ်သည် စီးရီးအေတွင် ရှုံးပွဲမရှိအောင် စွမ်းဆေင်ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။
အာမိုရင်မ်သည် လက်ရှိအချိန်၌ စီးရီးအေကလပ် အေစီမီလန်အသင်းကို ကိုင်တွယ်နေခြင်းဖြစ်ပြီး စီးရီးအေပွဲစဉ်(၇)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်၌ (၄)ပွဲနိုုင်၊ (၃)ပွဲသရေဖြင့် အမှတ်ပေးဇယားအဆင့်(၄)နေရာတွင် ရပ်တည်နေသည်။
ယခုရာသီ စီးရီးအေပြိုင်ပွဲ၌ ရှုံးပွဲမရှိသေးသည့်အသင်း (၄)သင်းရှိနေပြီး အမှတ်ပေးဇယားထိပ်ဆုံး(၄)နေရာတွင် ရပ်တည်နေသည့် အင်တာမီလန်၊ လာဇီယို၊ ရိုးမားနှင့် အေစီမီလန်တို့ဖြစ်သည်။
ပေါ်တူဂီလူမျိုး နည်းပြ အာမိုရင်မ်သည် ၂၀၂၅-၂၆ ရာသီတွင် မန်ယူအသင်းကို ကိုင်တွယ်ခဲ့ရာ၌ ပရီးမီးယားလိဂ်အဖွင့်(၇)ပွဲတွင် ရှုံးပွဲ(၃)ပွဲအထိ ကြုံတွေ့ခဲ့သော်လည်း စီးရီးအေတွင်မူ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခြင်းဖြစ်သည်။
ထို့ကြောင့် စီးရီးအေ၌ ပထမဆုံးကိုင်တွယ်သည့် (၇)ပွဲဆက် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်သည့် တတိယမြောက် အေစီမီလန်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။
အာမိုရင်မ်(၄၁ နှစ်)သည် ယခုနှစ် ဇန်နဝါရီလတွင် မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ဇွန်လတွင် အေစီမီလန်အသင်း၏နည်းပြအဖြစ် (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
အေစီမီလန်အသင်းသည် ယခုရာသီတွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဘင်ဖီကာအသင်းကို ရှုံးနိမ့်ခဲ့သော်လည်း စီးရီးအေ၌ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားခြင်းဖြစ်သည်။
အာမိုရင်မ်က အေစီမီလန်အသင်းအနေဖြင့် နေရာစုံ၌ တိုးတက်မှုရှိနေကြောင်း အတ္တလန်နှင့်ပွဲအပြီးတွင် သုံးသပ်ပြောကြားခဲ့သည်။
Photos:X

❤2
ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
စပါး - ကိုဗင်ထရီ (အောက်တိုဘာ ၂၀ ရက် နံနက် ၁း၃၀ နာရီ)
မထင်မှတ်လောက်တဲ့ ခြေချော်မှုနဲ့ ရင်ဆိုင်နေရတဲ့ စပါးအသင်းအနေနဲ့ နိုင်ပွဲ ရရှိသင့်နေပါပြီ။ တန်းတက် ကိုဗင်ထရီနဲ့ ရင်ဆိုင်ရတဲ့ အခုလို အိမ်ကွင်းပွဲမျိုးက စပါးအသင်းအတွက် အခွင့်အရေးကောင်းပါပဲ။ ဒါပေမဲ့ ကိုဗင်ထရီက စပါးနဲ့ ဆုံတွေ့ခါနီးမှာမှ နှစ်ပွဲဆက်အနိုင်ရထားတာကိုတော့ သတိပြုရမှာပါ။ အစဉ်အလာမှာ ကိုဗင်ထရီနဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး(၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ စပါးအသင်းကိုပဲ ဒီပွဲမှာ ယုံကြည်လိုက်ချင်ပါတယ်။
ပါးမား - တိုရီနို (အောက်တိုဘာ ၂၀ ရက် နံနက် ၁း၁၅ နာရီ)
နှစ်သင်းစလုံး ရာသီသစ်မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်းမရှိသေးပါဘူး။ နောက်ဆုံး(၅)ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တဲ့ ပါးမားရဲ့ခြေစွမ်းကတော့ ပိုပြီးဆိုးရွားနေပါတယ်။ အိမ်ကွင်းမှာတော့ ပါးမားအသင်း မရှုံးအောင် ကစားနိုင်လိမ့်မယ်ထင်ပါတယ်။
အခြားပွဲများ
မွန်ဇာ - ကာဂလီယာရီ *
ဂီတာဖေး - ဗယ်လက်ကာနို *

❤3
#Photo_News
ယခုတစ်ပတ် ယှဥ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ်ပွဲစဥ်များ
Photos: UEFA

■ ပရီးမီးယားလိဂ်ရလဒ်
စပါး ၃-၁ ကိုဗင်ထရီ
စီးရီးအေရလဒ်
မွန်ဇာ ၄-၀ ကာဂလီယာရီ
ပါးမား ၀-၃ တိုရီနို
လာလီဂါရလဒ်
ဂီတာဖေး ၁-၁ ဗယ်လက်ကာနို
Photos: X
စပါး ၃-၁ ကိုဗင်ထရီ
စီးရီးအေရလဒ်
မွန်ဇာ ၄-၀ ကာဂလီယာရီ
ပါးမား ၀-၃ တိုရီနို
လာလီဂါရလဒ်
ဂီတာဖေး ၁-၁ ဗယ်လက်ကာနို
Photos: X
■ ဘာစီလိုနာအသင်းကို ဘောလုံးကိုင်ကစားခွင့် မပေးခြင်းဖြင့် ယမားလ်ကို ရပ်တန့်မည်ဟု အန်နရီကေး ကြုံးဝါး
PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးက ဘာစီလိုနာအသင်းကို ဘောလုံးကိုင်ကစားခွင့် မပေးခြင်းဖြင့် ယမားလ်ကို ရပ်တန့်မည်ဟု ကြုံးဝါးခဲ့သည်။
PSG အသင်းနှင့် ဘာစီလိုနာအသင်းသည် ယနေ့တွင် ချန်ပီယံလိဂ် League Phase ပွဲစဉ်-၃ အဖြစ် ပြင်သစ်မြေတွင် ရင်ဆိုင်ရမည်ဖြစ်သည်။
ပြီးခဲ့သည့်ရာသီ League Phase အဆင့်တွင် ယင်းနှစ်သင်း တွေ့ဆုံခဲ့ဖူးပြီး PSG အသင်းက ဘာစီလိုနာကွင်းတွင် ၂-၁ ဂိုးနှင့် အနိုင်ရခဲ့သည်။
ယင်းပွဲတွင် ယမားလ်ကို PSG နောက်ခံလူ နူနိုမန်ဒက်စ်က ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ကာ ခြေစွမ်းမပြနိုင် ဖြစ်ခဲ့သည်။
ယခုပွဲတွင်မူ နူနိုမန်ဒက်စ်သည် ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်ပြီး ၎င်း၏နေရာတွင် ဒစ်ဂ်နေးက အစားထိုးကစားဖွယ် ရှိနေသည်။
အန်နရီကေးက ဘာစီလိုနာတောင်ပံကစားသမားများ၏ အင်အားကို တားဆီးရာတွင် အသင်းလိုက် စုပေါင်းအားဖြင့်သာ လုပ်ဆောင်ရမည်ဟု သုံးသပ်ခဲ့သည်။
Photos: PSG