နေ့မှာမရယ် ညမှာငို
1.85K subscribers
251 photos
50 videos
41 links
Download Telegram
အမှားရှိမှ အမှန်ရှိမှာပါတဲ့။
အခါပေါင်းများစွာ
မှန်နေခဲ့လည်း တစ်ချက်မှားရင်
အပြစ်တင်ခံရမှာက
ငါ့နားနဲ့ အပြည့်ပါပဲ။

-အံ့လွန်းပျို
5❤‍🔥2
လုပ်လို့ရမှန်းသိလို့ လုပ်နေသူနဲ့
တစ်ခါ ကောင်းပေးဖူးတာကို
စမြုံ့ပြန်ပြီး အကြိမ်ကြိမ်
ခွင့်လွှတ်နေတဲ့သူ...။ငါဟာနွားပဲ။

-အံ့လွန်းပျို
2
ငါတို့အာသာမပြေတဲ့
လိုနေတာအများကြီးနဲ့
သစ်လွင်ပြီး မရှိတဲ့အရာ
အခုငါ ရေးနေတဲ့ကဗျာက ရှာနေပေါ့။
ရေးပြီး၊ ပုံနှိပ်ပြီးတဲ့အခါ မတွေ့ရင်
နောက်ထပ်ငါ့ကဗျာတစ်ပုဒ်ကို
သင်ထပ်ဖတ်ချင် လိမ့်မယ်ထင်တယ်။

-အောင်ချိမ့်
1
ကံကြမ္မာကြောင့်ပဲဖြစ်ဖြစ်
သံသရာကြောင့်ပဲဖြစ်ဖြစ်
ငါတို့မနီးစပ်ခဲ့ရင် ကောင်းမယ်။

-အံ့လွန်းပျို
💔21
ကြောက်တယ်

ကျွန်တော်လူတွေကို
သိပ်ကြောက်တယ် မမ။ကောင်းတာ
ပြောတော့လည်း ဒီလူတွေ၊
ဆိုးတာပြောတော့လည်း ဒီလူတွေ...။
အို...သိပ်ကြောက်ဖို့ကောင်းတာပဲ။

ကံကံ၏အကျိုးကို စိတ်ထဲမှာ
ကမ္ဗည်းထိုးလို့ အကောင်းမြင်စိတ်ကို
ပါးစပ်က တဖွဖွရွတ်တယ်။

သတ္တဝါတွေ
နာရ ကျင်ရ သေရတာလည်းဒုက္ခ၊
သတ္တဝါတွေ အိမ်မဲ့ အိုးမဲ့ စားရမဲ့
သောက်ရမဲ့ဖြစ်ရတာလည်း ဒုက္ခ၊
လူတချို့ စိတ်မချမ်းမသာဖြစ်ပြီး
ဝမ်းနည်းနေရချိန် သဒ္ဒါတရားမရှိတဲ့
ပစ္စည်းတွေနဲ့ ပျော်နေရတော့
သုခဖြစ်သွားပြန်ရောလား...မမရေ။

ကိုယ့်အရေး ကိုယ်ထင်
ကိုယ့်အတွေး ကိုယ်ကြင်ပြီး
တစ်ကိုယ်တည်း ကျင်လည်နေရင်
ကိုယ့်သွေး ကိုယ်မြင်ရချိန်
ကိုယ်ငေးရမှာ ငရဲကိုပဲ။

ကြောက်တယ်...မမ
ကံငါးပါးလုံး ချိုးဖောက်တာကို
ထမင်းစား ရေသောက်လိုလုပ်နေတဲ့
လူတွေ...လူရောဟုတ်ကြရဲ့လား။
ကျွန်တော်မသိဘူး။

ကြောက်တယ်...မမ
သွေးမြင်ရင် ကြောက်တတ်တဲ့
လူတွေလည်း ဒီခေတ်ကြီးမှာ သူတို့
ကြောက်တဲ့အရာ ရှိပါသေးရဲ့လားမမ။
လူတချို့ကရော သွေးသံရဲရဲနဲ့
အလောင်းတွေကို
ကြည့်ကောင်းတယ်လို့များ
ထင်ကြတာလား။ကျွန်တော်မသိ‌ဘူး။

ကြောက်တယ်...မမ
၂၁ရာစုရဲ့ ရက်စက်မှုတွေအထဲ
ကိုယ့်လောက်မတော်ရင် နှိမ်လိုက်ရမှ
ကျေနပ်တဲ့လူတချို့ဟာ ဘယ်လိုများ
နိုင်ငံကို မြှင့်တင်ကြမလဲ။
ကိုယ်ကောင်းစားဖို့အတွက်ကျ
စကားကို နားဝင်ချိုအောင်
ပြောတတ်နေတာ ဘာလို့လဲ။
ကျွန်တော်မသိတော့ပါ။

အောက်ခြေလူတန်းစား
အလယ်အလတ်တန်းစား
အထက်တန်းစား
မာယာများလွန်းတဲ့ လူတွေအားလုံးကို
ကျွန်တော် ကြောက်တတ်လာပါပြီ မမ။
ဒီမှာပဲရပ်လိုက်ပါတော့မယ် မမရယ်။
ကျွန်တော့်ကဗျာတွေဆို အပြစ်တင်
ပုတ်ခတ်နေကျ မမစကားတွေကိုလည်း
ကျွန်တော်ကြောက်ပါတယ်...။

-အံ့လွန်းပျို
2
ကဗျာဗဟိုပြု စာပေကလပ်စည်း


စာဖတ်သူများနဲ့ စာပေဝါသနာရှင်များအားလုံးကို မင်္ဂလာပါ။ကျွန်တော်ကတော့ ဒီ Channel ရဲ့ တည်ထောင်သူ ရှေးညှို့ခက် ဖြစ်ပါတယ်။စာဖတ်သူများကို ကျွန်တော့်ရဲ့ စာပေကလပ်စည်းလေးအကြောင်း ပြောပြပါရစေ ခင်ဗျာ။

ဖွင့်လှစ်ရခြင်း၏အကြောင်းအရင်း

နည်းပညာများ တိုးတက်ဖွံ့ဖြိုးလျက်ရှိသော ယနေ့ခေတ်တွင် ကဗျာရည်ဆိုင်ရာ အကြောင်းအရာများသည်လည်း လူ့ပတ်ဝန်းကျင်၌ တစ်စတစ်စ ဝင်ရောက်ပျံ့နှံ့လျက်ရှိသည်။စာဖတ်သူတို့၏ နည်းပညာရပ်ဝန်းအသီးသီး၌လည်း ကဗျာရည်ဆိုင်ရာအသင်းအဖွဲ့များ၊ နေရာပရဝုဏ်များ၊ စာအုပ်များ စသည်ဖြင့် တစ်ခုမဟုတ်တစ်ခုမျှ ရှိမည်ဖြစ်သည်။ထိုကဲ့သို့ ကဗျာသည်လည်း ယနေ့ခေတ် လူငယ်များအကြား အကျွမ်းတဝင်ဖြစ်လာနေစဉ် အခြေအနေတွင် ဤချန်နယ်သည် စာပေချစ်မြတ်နိုးသူများအဖို့ ရည်ရွယ်၍ ကဗျာ၏ အခန်းကဏ္ဍသည်လည်း ‌မမှေးမှိန်လျက် ကဗျာဝါသနာရှင် တက်သစ်စကလောင်ဓားများ ပေါ်ထွန်းလာရန် တည်ထောင်လိုက်ပါသည်။

အစီအစဉ်များ

ဤချန်နယ်တွင် စာပေဆိုင်ရာ ဆောင်းပါးများ၊ ဝတ္ထုတိုများ၊ ကဗျာများ၊ ကျမ်းစာများ၊ ဗဟုသုတများ၊ သမိုင်းစာတမ်းများ၊ သိပ္ပံစာစောင်များ စသည်ဖြင့် ကျွန်ုပ်တို့ လက်လှမ်းမီနိုင်ရာ နယ်ပယ်အသီးသီးမှ စာပေအသိပညာ လက်ရာပေါင်းများစွာကို ပုံမှန်တင်ဆက်ပြသသွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။ပထမဦးစွာ ‌ကဗျာနှင့်ဆောင်းပါးကဏ္ဍကို အဓိကထားနိုင်ရန် စဉ်းစားထားပါသည်။ထပ်မံ၍ မျိုးစေ့အသစ်ဖြစ်ကြသော ကလောင်သက်မကြာသေးသည့် တက်သစ်စ ကဗျာရေးသူများအတွက် ကဗျာများကို ဤချန်နယ်အပါအဝင် အခြားသော ကဗျာချန်နယ်များတွင်လည်း ကလောင်သွေးထက်လျှင် ထက်သလို တင်ပြပေးသွားမည်ဖြစ်ပါသည်။ဆက်လက်ကြိုးစားသွားပါဦးမည်။

မြန်မာစာပေ အဓွန့်ရှည်ပါစေ...။

-ရှေးညှို့ခက်
-မြန်မာစံတော်ချိန် မနက် ၉နာရီ
#owner
#literary_club
2❤‍🔥2
စာရေးခြင်း အတတ်ပညာ (ဆောင်းပါး)
ရေးသူ - မြသန်းတင့်

“နာရီတလုံးကို
လုပ်တဲ့နေရာမှာ အတတ်ပညာရှိသလို
စာအုပ်တအုပ်ကို လုပ်တဲ့နေရာမှာလည်း အတတ်ပညာရှိတယ် လို့
လာဘရုယေးက ပြောခဲ့ဖူးတယ်။”

ဖတ်ရှုရန်

#literature
#a_poetryhub
#literary_club
7
တစ်ခါဝေးရင် ဘယ်လောက်တောင်
ကြာတတ်သလဲ...

မင်းထားရစ်ခဲ့တဲ့ နေရာလေးမှာပဲ
ငါဟာ ကျောက်ရုပ်တစ်ရုပ်လို
အရိုးစွဲအောင် ရပ်စောင့်နေခဲ့တယ်။

အတိတ်လား... ပစ္စုပ္ပန်လား...
အနာဂတ်လား...

ငါ့အတွက်တော့ အချိန်နာရီတွေဟာ
မင်းခွဲခွာသွားတဲ့ မိနစ်မှာတင်
ရပ်တန့်ခဲ့တာပါ။

အချစ်ရယ်... ဘယ်လောက်တောင်
ကြာရှည်တဲ့ ကမ္ဘာတွေအထိ
မင်း ငါ့ကို ထားရစ်ခဲ့မှာလဲ။

ဘုရားတစ်ဆူပွင့်တဲ့
'သာရကမ္ဘာ' လား...

နှစ်ဆူပွင့်တဲ့ 'မဏ္ဍကမ္ဘာ' လား...

သုံးဆူ၊ လေးဆူ... ပွင့်တော်မူတဲ့
ကမ္ဘာတွေအထိလား။

တရားအလင်းရောင်တောင် ကင်းမဲ့ပြီး
လမ်းစပျောက်နေတဲ့ 'သုညကမ္ဘာ'
ထိတောင် မင်း ငါ့ကို
စွန့်ပစ်ထားရက်ဦးမှာလား။

မျှော်လင့်ချက် အလင်းရောင်လေး
တစ်ခုဖြစ်ဖြစ် ပေးသနားပြီး...
မင်း ငါ့ကို ပြန်လာခေါ်လှည့်ပါ။

-အလင်္ကာ
💔2
(၁)‎ မိုနိုအိမ်ကလေး

‎ဟိုး အစမှာတုန်းက
‎အသစ်ဆောက်ထားတဲ့
‎ကြောက်စိတ်များပြီး
‎တိတ်တိတ်ဆိတ်ဆိတ်
‎အိမ်အိုလေးတစ်လုံးပေါ့

‎သူ့မှာ ပြတင်းတံခါးတစ်ခု
‎အဝင်တံခါးတစ်ခုနဲ့
‎တစ်ဖက်လှပ် ပြတင်းလေးနဲ့အတူ
‎အဖေ အမေ သမီးလေး
‎စတဲ့ မိသားစုလေးနေထိုင်ကြတယ်။

‎လမ်းဘေး ဘယ်ညာ
‎လူသူမရှိ အသွားအလာမရှိ
‎အပေါင်းအဖော်အိမ်များမရှိ
‎သိပ်ကို ဝေးခေါင်တဲ့နေရာကနေ

‎သစ်စိမ်းစိုစိုနဲ့
‎ဖော်ရွေတဲ့ ပတ်ဝန်းကျင်ကြားက
‎အိမ်လေးတွေကို မနာလိုတတ်တဲ့
‎အိမ်အိုလေးတစ်လုံး

‎ပြောမိတဲ့ စကားတိုင်းဟာ
‎လေပြင်းတိုက်ခံရတတ်တဲ့
‎အိမ်အိုလေးတစ်လုံးပေါ့။

‎ခြင်းတောင်းအိုလေးလို
‎ပြက္ခဒိန်အဟောင်းများလို
‎လေမုန်တိုင်းအလယ်မှာ
‎ကြံ့ကြံ့ခံ ရှေ့ဆက်ရတဲ့
‎လှေအိုလေးတစင်းလို
‎နာရီစင်ပေါ်မှာ နေရာမရခဲ့တဲ့
‎နာရီကွဲလေးတစ်လုံးလို
‎ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားတဲ့
‎Radioဟောင်းလေးတစ်လုံးလိုပေါ့။

‎သူ့ဘေးမှာ
‎လှလှလေး ဝတ်စားတတ်တဲ့
‎အိမ်လှလှလေးတစ်လုံး ရှိမှာပေါ့
‎သူချစ်ရတဲ့ နောက်ထပ်
‎အိမ်အိုလေးရှိမှာပေါ့
‎သိပ်ကို နာကျင်ရရှာတဲ့
‎တဲစုတ်လေးလည်းရှိမှာပေါ့
‎သိပ်ကို ခမ်းနားထည်ဝါတဲ့
‎တိုက်အိမ်လေးလည်း ရှိနေမှာပေါ့ကွယ်။

‎ဒါပေမယ့် အိမ်အိုလေးဟာ
‎အသေအချာမမြင်ရတဲ့
‎သိပ်ကို ဝေးလံခေါင်ဖျားတဲ့အရပ်ကနေ
‎အထီးကျန်ကျန်
‎ငေးမျှော်ကြည့်နေတတ်တဲ့
‎အိမ်ကလေးတစ်လုံးထက်မပိုခဲ့

‎သူ့နေရာလေးနဲ့သူ
‎သူ့အတွေးနဲ့သူ
‎သူ့ကမ္ဘာနဲ့သူ
‎ခြောက်ခြားနေရင်လည်း
ခြောက်ခြားနေခဲ့မှာပေါ့
‎အတွေးလွန်တာမျိုးတွေ
ရှိတတ်ခဲ့မှာပေါ့
‎ကိုယ်ချင်းမစာနိုင်ကြတဲ့
အခြေအနေကို ‎နာကျင်ရကောင်း
ခံစားနေရရှာမှာပေါ့။

‎ခုတင်ခြေရင်းလေးမှာ
‎ခွေခွေလေးလှဲနေတတ်တဲ့
‎ယိုင်နဲ့နဲ့ လူမမာ
‎အိမ်အိုလေးတစ်လုံး

‎ကြောက်စိတ်သိပ်များတတ်တဲ့
‎အိမ်အိုလေးတစ်လုံး

‎ဝမ်းနည်းနေရှာတဲ့
‎အိမ်အိုလေးတစ်လုံး

‎ပြိုလဲသွားတော့မယ့်
‎အိမ်အိုလေးတစ်လုံး

‎ပြတင်းပေါက်လေးတစ်ချပ်စာ
‎ပျော်ရွှင်မှုကိုတောင်းတခဲ့တဲ့
‎အိမ်အိုလေးတစ်လုံး

‎စာနာသနားမှုကို
တောင်းခံဖို့ရာမှာတောင်
‎သိပ်ကို နိမ့်ကျလွန်းခဲ့တဲ့
‎အိမ်အိုလေးတစ်လုံးပေါ့ကွယ်။

-အယ်လ်ဒီညို
🍓2
ဟယ်လို!

အားလုံးပဲ မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ စာဖတ်သူများအတွက်
ကဗျာတွေယူလာပေးချင်ပါတယ်

လေးစားရပါသော
ကဗျာချစ်သူကလောင်ရှင်များအနေနဲ့
မိမိတို့ရဲ့ ရင်တွင်း၌ဖြစ်သော
ကဗျာရှည်များကို ကျွန်တော်တို့ချန်နယ်လေးဆီ သယ်လာပေးနိုင်ပါပြီဆိုတဲ့အကြောင်း

ညီကိုမောင်နှမများသို့
ကျွန်တော်တို့ချန်နယ်လေးမှ
သတင်းကောင်းပါးအပ်ပါတယ် ။

"https://t.me/poemspoemspoken"

ဆက်သွယ်ရန် - @SartoNgaphyu

# ပထမဆုံးစာမူဖိတ်ခေါ်ခြင်း
# Adminteam
ကဗျာဖြစ်ချင်ရုံ

သင့်နှယ်လူသား၊ကဗျာစားသည်
ဓားသွားထက်မျှ၊ဉာဏ်ကဝိဇ္ဇာ
ကြေကမ္ဘာတိုင်၊သစ်ညှာပွင့်လည်း
ဘုံဆင့်ဆင့်နှင့်၊အပါယ်သင့်လျှင်
သင်၏မင်တံ၊သင့်ရင်၌သာ
ဗလာအတိ၊နတ္ထိဖြစ်၏။

ငါ့နှယ်လူသား၊စာသမားသည်
ဖား‌မြည်သံသို့၊အံရွတ်ကာရန်
ဉာဏ်ထုံထိုင်းနှင့်၊ညှို့မှိုင်းလျက်မှုန်
ဝသုန်မဟီ၊ဆင်ချီဆော်လို့
တို့လည်းသေလျှင်၊ကဗျာတွင်သာ
ပတ္ထနာပြု၊ဆုတောင်းချင်၏။

ရှင်သန်ကာလ၊ကဗျာရေးသော်
ဆွေးမြည့်ချိန်မျှ၊ကဗျာဖြစ်ချင်အံ့။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
“ဆောင်းခါပေလည်း” ချီ ပိုဒ်စုံရတု
-------------------

ဆောင်းခါပေလည်း
ဝန်းဘဝယ်ခြောက်၊ သွေ့ဆန်းထောက်နှင့်
ထွင်းဆောက်ဖော်ကျူး၊ ခါ နွေဦးပမာ
နေဝါခင်းကျင်း၊ ရောင်ဖြာဆင်းလို့
အေးဖို့နေသာ၊ အပူဟာလွှမ်း
ထပ်ကာသွမ်း၍၊ တိမ်တို့ညိုရစ်
မိုးဆွေ့ဆွေ့ဝယ်၊ စိတ်မွေ့မသိမ်
သောကလျှင်းသည်၊
ချစ်စိတ်သာတည်၊ ဘီရဏီတို့
တေးစီကဗျာ၊ သီကာစဉ်ကုံး
ပန်းချီမှုန်း၍၊ မယ်ပြုံးလှယဉ်
ဖူးမြင်ရလျှင်၊ နှလုံးရွှင်
မယ်၏အကြင်နာ၊ အချင်းကိုယ့်မှာ
မျှော်မှန်းလျက်သာ။

အာရုံထွေပြား
လွဲပွေဆက်ယူ၊ နှုတ်ခွန်းညူ၍
ငြူစူထွေးလျ၊ ဆွေးသသနှင့်
ခံစားချင့်မူ၊ နည်းလူပါပေ့
နာမ်တွေ့မေတ္တာ၊ ချစ်တဏှာတွင်
တွေးချည့်သွေ့ကာ၊ ငါ့ဖို့သာဟု
ဘရံလောဘ တက်မိသည်၊
ကိလေသာနှောင်၊ အမိုက်မှောင်ကို
ခံဆောင်ပြု၍၊ သိ၍မိုက်မူ
ဆောင်းမြူထွေးကျင်း၊ အေးဓါတ်လျှင်းလျက်
သိမ်ဖျင်းအာရုံ၊ တွေးတို့ထုံ
သည်မောင့်ရင်မှာ၊ မြင်ကွင်းမဲ့ကာ
မိုက်ကန်းလျက်သာ။

နှင်းမှုန်ဖြန့်ကျင်း
ရာသီစိမ်းရောက်၊ လေပြင်းမှောက်၍
ပြတ်တောက်ရွက်ဝါ၊ ဆင်းဖြာမြေခ
ဆောင်းအလှနှင့်၊ ပန်းကညာမေ
ဝါတေတေတည့်၊ ပြေလျင်းနံ့သင်း
ဂုဏ်တင့်မဒီ၊ ပန်းချီစက်ရည်
ပေါရာဏီတည်၊ စင်ကြည်လွန်းဘိ
သက်တမျှမူ၊ ယစ်မူးလူ၌
လွှာတူနူးညံ့၊ ပါးမို့မို့ထက်
အနမ်းသက်ခြွေ၊ ချစ်သက်သေဖြေ
မယ်ရှက်ပြုံးချိန်၊ နီနီပန်းသွင်
ဆင်းလှကာပင်၊ ရွှေဝန်းမျက်ကြည်
ရွှန်းစီစီနှင့်၊
မေတ္တာစိုက်သီ၊ မောင့်တေးညီ
ဆောင်းဂုဏ်အေးဒဏ်၊ ရတုဟန်
ထပ်စွာ ဂုဏ်မြောက်လျက်သာ။ ။

မင်းဇေယျ#
၁၁.၁၂.၂၀၂၅
❤‍🔥2
Eco ကျက်ပြီးသိလိုက်ရတာက....
ကုန်စည်တစ်ခုစျေးနှုန်းတက်လာခြင်းကြောင့်စားသုံးသူသည်စျေးတက်သောကုန်စည်နေရာအခြားကုန်စည်တစ်ခုကိုအစားထိုးအသုံးပြုကြမည်..

မင်းသူမအပေါ်ထားတဲ့အချစ်တွေပိုများများလေလေသူမအတွက်မင်းအချစ်တွေကစျေးပေါသွားမည်ဖြစ်၍မင်းနေရာတွေအခြားတစ်ယောက်ကိုအစားထိုးမည်က မလွဲပေ။🤣

#kokhant
🤣31💔1
အပြစ်တင်စကားတွေကြားမှာ
နေသားတကျရှိနေပါပြီ။အပေါ်ယံ
ချီးကျူးစကားတွေလည်း
ကျွန်တော်မလိုချင်ပါဘူး။
ဘယ်လောက်ပဲ အပြစ်တင်ပါစေ
ကျွန်တော့်မှာ ကျွန်တော်ရှိပါတယ်...။

-အံ့လွန်းပျို
6
ဘယ်လိုအခြေအနေမျိုးမှာမဆို
မင်းမျက်နှာကို ခိုးငေးတတ်နေပြီ။
စစချင်းတော့ မင်းကြောင့်ငါက
ယစ်မူးသွား‌တယ် ထင်တာ။
တကယ်တမ်းကျ ငါ့သဘောနဲ့ငါပဲ
မင်းကို စွဲလမ်းခဲ့တာ...။

-အံ့လွန်းပျို
3
ငါဆိုတဲ့အစွဲတောင်
မထားနိုင်ပါဘူးကွယ်။

လောကဒဏ်ရဲ့ထိုးနှက်မှုတွေကြား
ငါရဲ့ဘဝနဲ့မာနဟာ မြေစာပင်ပါပဲ။

-ဒေါင်းနက်
4
အသားချင်းထိမှ နှလုံးသားချင်း
နီးတာမဟုတ်ပါဘူး။သူပို့လိုက်တဲ့
စာတစ်ကြောင်းကြောင့်
ကိုယ်ပြုံးရတဲ့အခါမှာလည်း
နှလုံးသားချင်း မနီးနိုင်ရင်တောင်
နွေးရပါတယ်...။

-အံ့လွန်းပျို
7
သူငယ်ချင်းမကျ ချစ်သူမကျ
ငါတို့ဆက်‌ဆံရေးကို ဘဝလို့
ခေါ်မယ်ဆိုရင် သူစိမ်းအဖြစ်နဲ့
ငါလောင်းမယ်။ဘဝက ငါ့ကို
ဘယ်တုန်းကမှ မညှာခဲ့ဘူး။

-အံ့လွန်းပျို
2
ငါ့မှာမင်းတစ်​ယောက်ထဲပဲရှိပါတယ်လို့ တစ်ဖွဖွပြောခဲ့တဲ့ကြားက


ငါ့မှာမင်းတစ်ယောက်ထဲကိုပဲ ထပ်ခါထပ်ခါဆုံးရှုံးရပြန်တယ်.




#yamone
😭2💔1
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့
ဖြတ်သန်းချင်တယ်။ဒါပေမဲ့
ကိုယ်တွဲ‌ခေါ်မယ့် လက်တစ်စုံက
အသစ်ဟုတ်မနေတာလေးကိုပဲ
ကြံဖန်ဝမ်းသာမိပါရဲ့...အသက်ရေ။

-အံ့လွန်းပျို
2