ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့် တန်ခိုးကြီးဘုရားများတွင် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရတနသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းများ ဆောင်ရွက်
+++++
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့် တန်ခိုးကြီးဘုရားများတွင် မဟာသင်္ကြန်ပွဲတော်ကာလ၌ ရတနသုတ် ရွတ်ဖတ်ပူဇော်ကြခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်ကာလတွင် ကျိုက်ထိုမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ တန်ခိုးကြီးဘုရားများတွင် ရတနသုတ်ရွတ်ဖတ်ပူဇော်ကြခြင်းအပြင် ရိုးရာအစားအစာများဖြစ်သည့် မုန့်လုံးရေပေါ်၊ သင်္ကြန်ထမင်း ၊ရွှေရင်အေး စသည်တို့ကို အစုအဖွဲ့အလိုက် ပြုလုပ်ကျွေးမွေးလှူဒါန်းကြပြီး ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများ၌ ဥပုသ်သီလဆောက်တည်ခြင်း တရားဘာဝနာများပွားများခြင်းတို့ဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြကြောင်း သိရသည်။

တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်ကစပြီး ဒီနေ့ဒီအချိန်အထိ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မမောနိုင် မပန်းနိုင် အပြုံးမပျက် တက်တက်ကြွကြွဖြင့် ဆက်လက်ပါဝင်ကူညီဆောင်ရွက်ပေးနေကြတဲ့ မြင်ကွင်းပုံရိပ်များ...
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၁၉/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန်ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျား လာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ ၂၀-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
မိုး/ဇလ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိင်၏
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား