Myanmar Update News
42.6K subscribers
31.2K photos
2.83K videos
446 files
2.31K links
အမှောင်ထဲမှ အလင်းတစ်စ
Download Telegram
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လွှတ်တော်အဆောက်အဦများအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များလမ်းညွှန်မှာကြား
Forwarded from Yangon Media Group
❗️❗️❗️❗️

NDAA(မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံရေးအဖွဲ့ အစည်းကိုမျှ လက်ခံထားခြင်းမရှိဟု မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစန်ပေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကတိပေးပြောကြား

၂၅ မေ ၂၀၂၅

မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှလက်ခံ ထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA(မိုင်းလား)ဒုတိယဥက္ကဋ္ဌက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကတိပေးပြောကြားပါတယ်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံဆွေးနွေးစဉ် ဦးစန်ပေ့က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်း ရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်တယ်လို့လည်း ဦးစန်ပေ့က ပြောပါတယ်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေ စီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်တဲ့ အတွက် နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအကို မောင်နှမများအားလုံးအနေဖြင့်စည်းစည်း လုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အဲဒီ့အပြင် မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့်ရုံးသုံး ဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန်လိုအပ်လိမ့်မယ်လို့ ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စုစနစ် ပညာရေးကို သင်ကြားကြရလိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောခဲ့ပါတယ်။
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/ndaa-3
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
ယနေ့ စက်သုံးဆီ ဈေးနှုန်းများ
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲဖိုရမ်နှင့် ပတ်သက်သည့် အကြိုစကားဝိုင်း ရိုက်ကူး
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ အကြိုစကားဝိုင်း (အပိုင်း-၁)
Forwarded from MWD NEWS
This media is not supported in your browser
VIEW IN TELEGRAM
KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဘီလင်းမြို့နယ်၊ ဘီးလင်း -နတ်ကြီး သွား ကားလမ်းမကြီးပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစားတံတား အမှတ် (၃/၁၇) အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး။ ရန်ကုန်၊မေလ-၂၆ ရက်။
ယနေ့ စက်သုံးဆီ ဈေးနှုန်းများ
Forwarded from Popular Journal
ကမ္ဘောဇ အာမခံလုပ်ငန်းက ငလျင်‌သင့်ဒေသပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ကျော် လျော်ကြေးပေးအပ်ပြီဖြစ်ဟု ဆို

ကမ္ဘောဇ အာမခံလုပ်ငန်းက ငလျင်‌သင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ယခု မေ(၂၂)ရက်နေ့အထိ ကျပ်သိန်းပေါင်း ၁,၂၃၈,၀၈၄,၀၀၀ အား အာမခံ လျော်ကြေး‌ငွေ ဝန်ဆောင်မှုအဖြစ် ပေးအပ်ပြီဖြစ်ကြောင်း သိရသည်။

KBZMS အနေဖြင့် မြေငလျင်သက် ရောက်မှုရှိခဲ့သည့် ဧရိယာများမှ Customer များအား ပြန်လည်ထူထောင်ရေးများ အမြန်ဆုံးပြုလုပ်ဆောင်ရွက်နိုင်ရန် လျော်ကြေးဝန်ဆောင်မှုများ အလျင် အမြန်ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ထို့အပြင် အာမခံအကျိုးခံစားခွင့်များ အပြည့်အဝ ရရှိစေရေးအတွက် အလို အလျောက်သက်တမ်းတိုးခြင်းများကိုလည်း စာနာမှုအပြည့်အဝဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

အဆိုပါ ကမ္ဘောဇ အထွေထွေအာမခံ လုပ်ငန်းသည် ကမ္ဘောဇ စီးပွားရေးလုပ် ငန်းစုများအတွင်းရှိ လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကျပ် (၁၅)ဘီလီယံ မတည် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။